အိုမီဂါအဖြစ် ကူးပြောင်းပြီးနေ...

By Azure5549

1.1M 130K 2.5K

Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသ... More

မိတ်ဆက် + ရှင်းလင်းချက်
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
hello သတင်းကောင်းလေးပါရှင့်
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175 ( End )
IQ team က အသစ်ပြန်တဲ့ အပုဒ်လေးနဲ့ မိတ်ဆက်ပေးချင်လို့ပါရှင့်

21

6.7K 871 24
By Azure5549

Chapter 21

မက်ခါ​မောင်းနှင်သူ​နေရာပွင့်လာသည်နှင့် ကင်မရာစက်ရုပ်မှာ​မောင်နှင်သူပါတ်ပါတ်လည်အားရိုက်ကူးလျက် ထုတ်လွှင့်လာခဲ့သည်။ လူငယ်​လေးသည် နာနိုဓါတ်​ရောင်ခြည်ကာကွယ်​ရေး၀တ်စုံကိုချွတ်လျက် ​ခေါင်းထက်မှ စိတ်စွမ်းအင်ဆက်သွယ်​သောဦးထုတ်ကိုပါဖယ်ရှားလိုက်သည်။

သူ၏နဖူးတွင်​ချွေးစ​လေးများသီးလျက်။သူသည်​ခေါင်းကိုညင်သာစွာခါလိုက်​သောအခါ ​ချွေးစ​လေးများသူ၏ဆံစအဖျား​လေးများထိတွဲခို​နေခဲ့သည်။ အသားအရည်မှာ နူးညံ့ကာ​ချော​မွေ့လျက် သူ၏ပါးမို့တို့မှာ ယခုမှ​လေ့ကျင့်ခန်းလုပ်ပြီးစသကဲ့သို့နီရဲ​နေကာ သူ၏ကိုယ်မှာလည်းလွန်စွာဆွဲ​ဆောင်မှုရှိလှသည်။

ရိုးရှင်း​သော ​လေ့ကျင့်​ရေး၀တ်စုံကို၀တ်ဆင်ထားကာ သူ၏ကိုယ်မှာအရပ်မြင့်မြင့်အယ်လ်ဖာတစ်ဦးနှင့်ပိန်ပါး​သောအိုမီဂါတစ်ဦးကြားတွင်ရှိသည်၊

​မောင်းနှင်သူ​နေရာမှထွက်လာလျှင် သူကအလွန်​သေသပ်စွာ​ချော​မော​နေခဲ့သည်။ လူငယ်​လေး၏ကြည်လင်ပြီးရှင်းသန့်​သောမျက်လုံး​လေးများက ကင်မရာကိုကြည့်လာ​သောအခါ ဒုတိယနှစ်များအနားယူ​​နေ​သော​နေရာကတိတ်ဆိတ်သွားခဲ့သည်၊ ယွမ်ရှင်းကျဲမက်ခါကိုသိမ်းလိုက်သည်အထိ မည်သူမှသတိ၀င်ပုံမ​ပေါ်​သေး​ချေ။

"ငါ.ငါစိတ်ထင်​နေတာမဟုတ်ပါဘူး​နော်"

"ဒီရုပ်ရည်၊ ဒီအသားအရည် ၊ ဒီအချိုးအစားကအယ်လ်ဖာမဖြစ်နိုင်ဘူးမလား"

"ဘုရား​ရေ.. သူက ...သူကအိုမီဂါလား"

ထိတ်လန့်မှု အံ့အားသင့်မှုနှင့်မယုံကြည်နိုင်မှုတို့ဖြင့်
ဒုတိယနှစ်များမှာ ဤ​ကျောင်းသား​လေး၏လိင်အမျိုးအစားကိုခန့်မှန်းရန်ကြိုးစား​နေကြသည်။
သို့​သော်အ​ဖြေမှာသိသာ​နေခဲ့ပြီးသားပင်။

မည်သည့်အယ်လ်ဖာ​သော်မျှအခြားအယ်လ်ဖာတစ်​ယောက်ထံ ဤမျှဆွဲ​ဆောင်မှုမျိုးခံစားရစရာအ​ကြောင်းမရှိ​ချေ။ ဘီတာပင်လျှင်မဖြစ်နိုင်​ချေ။လူအုပ်ကြီးမှာ ​​ကျောင်းသမိုင်းကို​ပြောင်းလဲ​စေမည့်ကိစ္စကြီးကိုကြုံ​တွေ့ရသည့်နှယ်ပွဲဆူလျက်။

တစ်စုံတစ်​ယောက်က ဆက်သွယ်​ရေးကိရိယာမှတဆင့်သူငယ်ချင်းများကိုသတင်းပို့နေခဲ့သည်။

"​သေစမ်း ပထမနှစ်ရဲ့ ပထမ​နေရာကိုရသွားတာဘယ်သူလဲသိလား အိုမီဂါကွ ၊ အိုမီဂါတစ်​ယောက်၊ အခုပြန်လာပြီး လာကြည့်"

တစ်​ယောက်ကမူဗီဒီရိုရိုက်ကူး​နေရင်းပါးစပ်ကလည်းအဆက်မပြတ်

"ဟယ်လို အားလုံးပဲ ကျွန်​တော်က ပထမနှစ်​တွေရဲ့ပြိုင်ပွဲရလဒ်ကိုအားလုံးအတွက် ထုတ်လွှင့်​ပေး​နေတာပါ၊ ဒီနှစ်ပထမ​နေရာက အိုမီဂါတစ်ယောက်ပါ၊ ကျွန်​တော့်အ​မေ​တောင်လန့်သွားတယ်ဗျ"

တချို့ကမူမယုံနိုင်စွာ

"ငါကပထမနှစ်​ကျောင်းသား အိုမီဂါ​လေး​လောက်​တောင်အသုံးမကျဘူးလား"

​သေချာ​ပေါက်ပင် အံ့အားအသင့်ဆုံးသူများမှာ ချီယုနှင့်စုကျီနန်တို့ဖြစ်သည်။ ချီယုသည် ကြီးမား​သောမျက်နှာပြင်ကြီးကို​ကြောင်အစွာကြည့်လျက် သူ၏ခံစားချက်မှာလွန်စွာထူးဆန်း​နေခဲ့သည်။

​ဘေးပါတ်၀န်းကျင်မှအသံများမှာဝေးကွာသွားပြီး မည်သည့်​ဆွေး​နွေးသံကမျှသူ့နားထဲကိုမ၀င်​တော့၊ သူ၏ဦး​နှောက်မှာဗလာဖြစ်လျက်။

ချီယုက သူ့ စေ့စပ်ထားသူအား မည်သည့်​နေရာကမျှ​ကျေနပ်မှုမရှိခဲ့​ချေ။ ထို့​နောက်​ကျောင်း၏အသန်မာဆုံးအိုမီဂါစုကျီနန်ကို​တွေ့​သောအခါတွင် ယွမ်ရှင်းကျဲမှာ အဘယ်​ကြောင့် စုကျီနန်ကဲ့သို့သူနှင့် ပုခုံးချင်းယှဥ်မရပ်နိုင်ရသနည်းဟု​တွေးမိ​လေသည်။
အဘယ်​ကြောင့်တံမြက်စည်းလှည်းရခြင်း၏ ချက်ပြုတ်ရခြင်းကိုသာနှစ်သက်​နေပါသနည်း။

သူ၏ဘ၀ကိုဤကဲ့သို့အိုမီဂါမျိုးနှင့်အမှန်တကယ်ကုန်ဆုံးနိုင်ပါမည်လား။

လူငယ်လေးမှာ အလင်းဓါးမက်ခါမှထွက်လာ​သောအခါ သူ၏နူးညံ့​သောမျက်နှာ​လေးမှာ အလင်းမျက်နှာပြင်ကြီး​ပေါ်တွင်​ပေါ်လာခဲ့လျှင် ချီယုနှလုံးခုန်တို့မြန်လာခဲ့​လေသည်။

ယွမ်ရှင်းကျဲတွင်ဤမျှခန့်ညား​​သောအခြမ်းရှိမည်ဟု သူမ​မျှော်လင့်ထားမိ​ချေ။ ၀င်ခွင့်ပင်​အောင်လိမ့်မည်ဟုသူမထင်ထား​သောယွမ်ရှင်းကျဲမှာ ပထမ​နေရာကိုပင်ယူသွားခဲ့သည်။

သူ၏​ဘေးတွငွ စုကျီနန်၏ပါးစပ်မှာ ကြက်ဥတစ်လုံးလုံးထိုးထည့်နိုင်သည့်အထိ ဟ​နေခဲ့သည်။ သူသည် ထုတ်လွှင့်မှုအားအ​တော်ကြာစိုက်ကြည့်​နေပြီးသည့်​နောက် သူ၏မျက်နှာမှာအစိမ်း​​​ရောင်သန်းလာခဲ့ပြီး
ရုတ်ချည်းဆဲ​ရေးလိုက်မိ​​လေငည်။

"​သေစမ်း"

စုကျီနန်သည် ချီယု​ရှေ့တွင်တစ်ခါမျှမဆဲဖူး​ချေ။ ထို့​ကြောင့်သူကအမြန်စကားလုံးကို​ပြောင်းလိုက်ပြီး

"​သေ​လောက်​အောင် စွမ်းလှချည်လား၊ တကယ်ပဲယွမ်ရှင်းကျဲ​ရောဟုတ်ရဲ့လား"

ချီယုသူ့ကိုလျစ်လျူရှုထားလိုက်သည်။ သူ၏အာရုံအားလုံးမှာ ယွမ်ရှင်းကျဲထံသာရှိသည်။ ​ဘေးပါတ်၀န်းကျင်ရှိအယ်လ်ဖာများက ယွမ်ရှင်းကျဲ၏စွမ်းရည်နှင့် မျက်နှာ​လေးအ​ကြောင်းကို​ဆွေး​နွေး​နေသည်က်ုကြားလျှင် ချီယုသည်အတိုင်းထိုငိမ​နေနိုင်​တော့​ချေ။သူကထရပ်လိုက်ပြီး အနားယူသည့်ဧရိယာမှထွက်သွားလိုက်သည်။

"ဘယ်သွားမလို့လဲ" စုကျီနန်အံအားသင့်စွာ​မေးလိုက်သည်။ ချီယုပြန်မ​ဖြေ​ချေ။ စုကျီနန်လက်​ချောင်းတို့တင်းကြပ်သွားကာ အံကြိတ်လိုက်ပြီး​နောက်မှလိုက်သွားရန်ပြင်လိုက်သည်။

"အဲဒါကသူပဲ" ခယ့်လိုင်မျက်လုံးတို့ပြူးကျယ်သွားခဲ့သည်။ ​သူ့​ဘေးမှလော့၀မ်ချွမ်းမှာလည်းစက္ကန့်အနည်းငယ်ခန့်​အေးခဲသွားခဲ့သည်။  ​လော့၀မ်ချွမ်းသည်မက်ခါ၀ယ်သွား​သော​ကောင်​လေးကို မ​နေ့က​မှောင်ခို​စျေးအပြင်ဘက်တွင်​တွေ့ခဲ့သည်ပင်။သူထင်ခဲ့သည်မှာ ၄င်းက ဘီတာသို့မဟုတ် မတိုက်ခိုက်နိုင်​သော အယ်လ်ဖာတစ်ဦးဖြစ်လိမ့်မည်ဟုထင်ကာ မက်ခါ၀ယ်သွားသူကိုအနည်းငယ်စိတ်တိုင်းမကျဖြစ်သွား​သေးသည်။

သူသာမတိုက်ခိုက်နိုင်လျှင် မက်ခါကိုပြန်​ရောင်းရုံအပြင်ဘာလုပ်နိုင်ဦးမည်နည်း။ ပြိုင်ပွဲအတွင်းတွင် ​လော့၀မ်ချွမ်းမှာထိုမက်ခါကိုသာတချိန်လုံးစိုက်ကြည့်​နေမိသည်။ ထို့​နောက် ရလဒ်ကရုတ်ချည်း​ဗြောင်းပြန်လန်သွားသည်ကိုမြင်လျှင် သူအနည်းငယ် စိတ်ရှုပ်​ထွေးသွားခဲ့သည်။

အဆုံးတွင်​တော့ ပုန်းလျိုးကွယ်လျိုး​နေ​သော စွမ်းအားကြီးသူအများအပြားကိုသူမြင်ဖူးသည်သာ။
သို့​သော် မက််ခါထဲမှထွက်လာ​သောလူငယ်​လေးကိုမြင်လျှင် ​လော့၀မ်ချွမ်းအနည်းငယ်နှ​မြောတသဖြစ်သွားသည်ကို​တော့၀န်ခံရလိမ့်မည်။ ဤသည်မှာသူသည်မက်ခါ၏ပိုင်ရှင်​ဟောင်းဖြစ်၍လား​ သို့တည်းမဟုတ် ​ကောင်​လေးကအလွန်လှလွန်း၍သူမ​နေနိုင်ပဲ​နောက်တစ်ကြိမ်ထပ်ကြည့်မိ၍လား ​ကောင်​လေး၏အိုမီဂါလိင်မျိုးအစား​ကြောင့်လားတော့မ​ပြောတတ်​ချေ။

သို့​သော်ထိုခံစားချက်မှာလည်းခဏမျှသာဖြစ်သည်။
ခယ့်လိုင်​ခေါင်းကိုလှည့်၍​သူ၏အမူအယာကိုထိန်းချုပ်ကာအကြည့်ကိုရုတ်လိုက်ပြီးဖြစ်​သောလော့၀မ်ချွမ်းအားကြည့်လိုက်သည်။သူက​လော့၀မ်ချွမ်းအားစိတ်လှုပ်ရှားစွာကြည့်လိုက်သည်။

"အဲဒါသူပဲ " ​လော့၀မ်ချွမ်းမျက်ခုံး ပင့်လိုက်သည်။

"သူ့ကိုသိလို့လား"

"အင်း​လေ" ခယ့်လိုင်​ခေါင်းကိုတဆတ်ဆတ်ငြိမ့်လိုက်ကာ "မင်းလည်းသိတယ်​လေ"

​လော့၀မ်ချွမ်းကသူ့အား မျက်​မှောင်ကျုံ့လျက်ကြည့်လာခဲ့သည်၊ ထို​နေ့ကအဖြစ်အပျက်ကိုသူပြန်မ​ပြောမိသလိုပင်။

"မင်းမက်ခါကိုပြင်​ပေးခဲ့တဲတစ်​ယောက်​လေ"

ခယ့်လိုင်သူ၏မှတ်ဥာဏ်တုကိုဖွင့်လျက် ၀က်ဘ်ဆိုက်ကိုဖွင့်လိုက်သည်။

"ဟုတ်တယ် သူက [ပြု​ပြင်​ရေးအတွက် ဆက်သွယ်ပါ]ဆိုတဲ့တစ်​ယောက်ပဲ ၊ သူမျိုးရိုးနာမည်က ယွမ်၊ ယွမ်ရှင်းကျဲ "

​လော့၀မ်ချွမ်း​ခေါင်းကို​မော့လျက် ထုတ်လွှင့်မှုအားကြည့်လိုက်​သော်လည်း ကင်မရာမှာ ​နောက်တစ်​ယောက်ကိုပြသ​နေပြီဖြစ်​လေသည်။ သူ၏အကြည့်ကိုအသာလွှဲလိုက်ကာ ​အေးစွာတုန့်ပြန်လိုက်သည်။

"တကယ်လား"

"အင်း ငါလုံး၀မမှားနိုင်ဘူး၊ ​ကျောင်းထဲမှာကြည့်​ကောင်းတဲ့အိုမီဂါအများကြီးမှမရှိတာ"

ခယ့်လိုင်​ပြောလိုက်လျှင် ​လော့၀မ်ချွမ်းကသူ့ကိုလှည့်ကြည့်လာခဲ့သည်။

"ငါသူ့ကိုတခြားအ​တွေး​တွေ​သေချာ​ပေါက်မရှိပါဘူး​နာ်"ခယ့်လိုင်ကနီရဲ​နေ​သောမျက်နှာဖြင့်အမြန်​ပြောလိုက်သည်။

"ငါကဒီတိုင်းချီးမွှမ်းတာပါ" ​ပြောပြီး​နောက် သူက​လော့၀မ်ချွမ်းအားကပ်လျက် တီးတိုး​ပြောလိုက်သည်။

"တာ့ချွမ်း ငါ့မှာအကြံရှိတယ်၊ "

​လော့၀မ်ချွမ်းသာမန်ကာလျှံကာ ဆိုလိုက်သည်။

"​ပြောစရာရှိတာကို​ပြော"

"ယွမ်ရှင်းကျဲကအိုမီဂါဆို​ပေမယ့် သူက မက်ခါဘယ်လိုပြင်ရမလဲ​ကောင်း​ကောင်းသိတဲ့အပြင်၊ မက်ခါလည်း​မောင်းနိုင်​သေးတယ်"

ခယ့်လိုင်အတည်အတံ့ဆိုလိုက်သည်။

"ပိုအ​ရေးကြီးတာက သူက​ငွေလို​နေတာ၊ မင်းပဲသီးသန့် မက်ခါပြင်​ပေးမယ့်သူတစ်​ယောက်လို​နေတာမဟုတ်ဘူးလား၊ ငါထင်တာ​တော့သူကအ​တော်​လေး​ကောင်းတာပဲ"

သီးသန့်မက်ခါမာစတာများမှာ မက်ခါများကိုအဆင့်မြှင့်​ပေးသူ ၊ စစ်​ဆေး​ပေးကာ ဒီဇိုင်းဆွဲ​ပေးသူများဖြစ်သည်။ စာချုပ်ကာလအတွင်းတွင် သူတို့သည် မက်ခါတိုက်ခိုကိ​​ရေးသမားတစ်ဦးအတွက်သာအလုပ်လုပ်​ပေးသည်။ ၄င်းမှာတိုက်ပွဲအတွင်းတွင်လည်းအလွန်​အသုံးများ​သောနည်းပင်။

စစ်သားများစုတွင် ကိုယ်ပိုင်မက်ခါမာစတာတစ်​​ယောက်ရှိသည်။ အန္တရာယ်နှင့်ကြုံလာလျှင် အတူ​သေဖို့ပင်၀န်မ​လေးကြ​ချေ။ မက်ခါတိုက်ခိုက်​ရေးသမား​သေဆုံးလျှင် မက်ခါမာစတာတချို့ကလည်း ရန်သူ့ထံအချက်အလက်​ပေါက်ကြားခြင်းကိုကာကွယ်ရန်မိမိကိုယ်ကိုယ်သတ်​သေရန်​ရွေးချယ်တတ်ကြသည်။

သို့​သော် ၄င်းမှာအလွန်ပြင်းထန်​သောအ​ခြေအ​နေမျိုးမှသာဖြစ်ပြီး ​တွေ့ရသည်မှာရှားသည်။ ​လော့၀မ်ချွမ်းသည်မျက်လုံးများကို​အေးစက်စွာ ​မှေးကျဥ်းလျက် ခယ့်လိုင်အားကြည့်လိုက်သည်။

"မင်းအိုမီဂါတစ်​​ယောက်ကို မက်ခါမာစတာအဖြစ်မလိုချင်မှန်းသိပါတယ်၊"ခယ့်လိုင်ဆက်​ပြောလိုက်သညွ။

"ဒါ​ပေမယ့်သူကထိန်းချုပ်​ဆေးကိုအချိန်မှီသုံးနိုင်သ၍ ဘီတာနဲ့မှမခြားတာ၊ ပြီး​တော့သူ့အစွမ်းနဲ့ဆို ​ကျောင်းအသင်းကို၀င်နိုင်​ချေလည်းများတယ်၊ မင်းနဲ့​​နေ့​ရောည​​ရောအတူရှိနိုင်မှာ"

ခယ့်လိုင်လည်းသူ့စကားကအနည်းငယ်ထူးဆန်း​နေသည်ဟုခံစားမိကာ အနည်းငယ်​ပြောင်းလိုက်သည်။

"မင်းတို့မကြာခဏ​တွေ့ပြီး ပူး​ပေါင်းလို့ရတယ်ကွာ အရမ်းအဆင်မသင့်ဘူးလား" ​လော့၀မ်ချွမ်းကခဏမျှတိတ်ဆိတ်သွား​သော်လည်း ထရပ်ကာထွက်သွား​တော့သည်။

"မလိုဘူး"

"​ဟေး မင်းမလိုချင်လည်း၊ ငါသူ့ကို​ခေါ်မယ်"

ခယ့်လိုင်က​ပြောလိုက်သည်။

"ဒီနှစ်ငါလည်းမက်ခါမာစတာတစ်​ယောက်ရှာ​နေတာ "​လော့၀မ်ချွမ်းကလှည့်လျက် ​အေး​ဆေးသာ​မေးလိုက်သည်။

"မင်းတတ်နိုင်တယ်​ပေါ့" ၄င်းမှာ​ရန်စခြင်းဖြစ်​သော်လည်းမှန်ကန်​နေပြန်သည်။ ကိုယ်ပိုင်မက်ခါမာစတာတစ်​ယောက်ကိုဖိတ်​ခေါ်ရန်မှာ လတိုင်းကြီးမား​​သောလစာ​ပေးရန်လိုအပ်သည်။ မက်ခါတစ်စီးကိုပြုပြင်ရန်နှင့် အဆင့်မြှင်ရန်လည်း ပစ္စည်းများစွာလိုအပ်သည်ပင်။

ခယ့်လိုင်၏အမူအယာ​ပြောင်းလဲသွားကာ ​လော့၀မ်ချွမ်း​နောက်သို့ရှက်ရွံ့စွာလိုက်သွားခဲ့သည်။

"ငါစဥ်းစား​နေတုန်းပါ၊ အ​ဖေကငါ့ကိုသနားပြီး မုန့်ဖိုးများများ​ပေးမယ်ဆို ငါသူ့ကိုခေါ်ဖို့လုံး၀စဥ်းစားထားတာကွာ၊ တစ်လဆို​တောင်​ခေါ်မှာ"

​လော့၀မ်ချွမ်းသူ၏ဆုံးဖြတ်ချက်ကိုမ​ပြောင်း​ချေ။
သူသည်အိုမီဂါတစ်ဦးအား သူ၏မက်ခါမာစတာအဖြစ်​​ရွေးရသည်အထိမရူး​သေး​ချေ။ တဖက်လူမှာအမှန်တကယ်အံ့အားသင့်စရာ​ကောင်းလှပါ​သော်လည်း။ ထို့အပြင်​နောက်ဆုံးတစ်​ခေါက်ကပြုပြင်ခြင်းမှာ တံ​တောင်​ကွေးပြုပြင်မှု​လေးသာဖြစ်သည်။ တိုက်ဆိုင်ရုံသာဖြစ်​ကောင်းဖြစ်လိမ့်မည်။ သူမည်သိူ့မျှဆုံးဖြတ်ချက်ကိုမ​ပြောင်းနိုင်​ချေ။ သို့​သော်ခယ့်လိုင်၏စကားကို​တော့သ​ဘောတူလိုက်သည်။

"သူ​ကျောင်းအသင်းထဲကို​တော့၀င်နိုင်ပါတယ်"

ထိုနှစ်ဦးအနားယူသည့် ဧရိယာမှထွက်သွားချိန်တွင် ယွမ်ရှင်းကျဲက ထိုဧရိယာ၏၀င်​ပေါက်ထံ​​ရောက်လာခဲ့သည်။

အိုမီဂါအ​နေနှင့်စံချိန်သစ်တင်သွား​​သောလူငယ်​လေးအားလက်ခုပ်တီးသံများဂုဏ်ပြုသံများညံလျက်။
ထို​တော့မှသာ ဒုတိယနှစ်မှစီနီယာဘယ်​လောက်များများ ပြိုင်ပွဲကိုကြည့်​နေခဲ့မှန်းသတိထားမိ​တော့သည်။

​မ​မျှော်လင့်ထားစွာ ၀င်​ပေါက်တွင် ယွမ်ရှင်းကျဲ၏​ရှေ့၌ အရပ်ရှည်ရှည်ကိုယ်တစ်ခုကပိတ်ရပ်လာသည်။ ချီယုကယွမ်ရှင်းကျဲအား ရှုပ်​ထွေး​နေ​သောမျက်၀န်းများဖြင့်ကြည့်လျက် 

"မင်းတကယ်ကြီးမက်ခါအ​ကြောင်းကို​လေ့လာရုံမက ပထမ​နေရာပါရသွားမယ်မထင်ထားဘူး"

သူ၏​လေသံများ အံ့အားသင့်မှုများနှင့်ပြည့်နှက်လျက်ပင်။ ပထမဆုံးအကြိမ်အဖြစ် ချီယုမှာ ယွမ်ရှင်းကျဲအား မနှစ်မြို့​သောအမူအယာမရှိ​ပေ။ ယွမ်ရှင်းကျဲကမူ​​ခေါင်း​မော့လျက် ချီယုအားကြည့်ကာ ​အေးစက်စွာဖြင့်

"လမ်းဖယ်"

သူကချီယုအားတိုက်ရိုက်ဖြတ်​ကျော်သွားလို​သော်လည်းချီယုကသူ့အား​​နောက်တစ်ကြိမ်ပိတ်ရပ်လိုက်သည်။ ယွမ်ရှင်းကျဲ၏​အေးစက်​သော အမူအယာကိုမြင်လျှင် ချီယုအလွန်မသက်မသာခံစားလိုက်ရသည်။ အရင်ကသူ့ကိုပြုံးရယ်ပြ​လေ့ရှိ​သော ယွမ်ရှင်းကျဲကိုလွမ်းလှသည်။

စုကျီနန်မှာချီယု၏လုပ်ပုံကိုမြင်လျှင်မ​ကျေမနပ်မှုများကမျက်လုံးထဲဖြတ်​ပြေးသွားခဲ့သည်။ သို့သော်သူကအလျင်အမြန်ဖုံးကွယ်လျက် အပြုံးဖြင့်ဆိုလိုက်သည်၊

"ဂုဏ်ယူပါတယ် ယွမ်ရွှယ်တိ၊ ငါ မင်းမက်ခါဘယ်လိုမောင်းရမလဲ သိ​နေမယ်မထင်ထားဘူး။ပထမ​နေရာ​တောင်ရသွား​သေးတယ်၊ ကံ​ကောင်းလိုက်တာ"

"​ကျေးဇူးပါ၊ ပြီး​တော့ ဒသမ​နေရာရသွားတဲ့အတွက်လည်းကျွန်​တော်က ဂုဏ်ပြုပါတယ်​နော်၊ အစ်ကိုလည်းအ​တော်ကံ​ကောင်းတာပဲ"

ယွမ်ရှင်းကျဲလည်း စုကျီနန်၏ဂုဏ်ပြုစကားကိုပြန်ပစ်​ပေးလိုက်သည်။ စုကျီနန်၏အမူအယာကပျက်ယွင်းသွားပြီး သူ၏မျက်နှာကိုအ​တော်​လေးထိန်းချုပ်ကာ ပြုံး​နေရန်ကြိုးစားလိုက်သည်။

ချီယုကမူ စုကျီနန်၏စကားကို သ၀န်တိုလို့ဖြစ်သည်ဟု အဓိပ္ပါယ်​ကောက်ကာ အမြန်ရှင်းပြလာခဲ့သည်။

"စုကျီနန်နဲ့ငါနဲ့ကတကယ်သူငယ်ချင်း​​တွေပါပဲ၊ မင်းဒီအ​ကြောင်းကိုတချိန်လုံးစိတ်ပူ​နေစရာမလိုပါဘူး"

စုကျီနန်၏အပြုံးကပို၍ပျက်ယွင်းသွား​သော်လည်း

"ဟုတ်တယ်။ အကိုယုက ငါ့ကိုအိုမီဂါလိုမဆက်ဆံပါဘူး၊ ငါတို့ကသံမဏိညီအစ်ကို​တွေပါ၊ မင်းတို့နှစ်​ယောက်အတူရှိရင်လည်းငါကဂုဏ်ပြု​ပေးဦးမှာပါ"

သို့​သော်သူ၏နှလုံးသားကမူ ခါးသီးလျက်ပင်၊

"မလိုဘူး" ယွမ်ရှင်းကျဲစိတ်မရှည်စွာ​ပြောလိုက်သည်။

"ငါကမင်းတို့နှစ်​ယောက်ကိုမခွဲပါဘူး၊ မင်းတို့ကဒီ​လောက်လိုက်ဖက်​နေတာကို" ချီယုကမူ၄င်းကိုကြားလျှင် ယွမ်ရှင်းကျဲသ၀န်တို​နေသည်ဟုပို၍ပင်​သေချာသွားခဲ့သည်၊

"ရှင်းကျဲ ပြသနာ​တွေရှာမ​နေနဲ့​တော့၊ မင်းပြသနာ​တွေမလုပ်​တော့ပဲ ​ကောင်း​ကောင်းကြိုးစားသ၍ ငါမင်းကို​ကျောင်းကထွက်ရ​အောင်မလုပ်ဘူး"

ချီယုဤသို့​​​ပြောရခြင်းမှာ ယ​နေ့ယွမ်ရှင်းကျဲမှာ အလွန်ကြည့်​ကောင်း​နေ၍ဖြစ်သည်။ သူ၏စိတ်ကူးထဲမှ စုကျီနန်၏သန်မာ​သော အိုမီဂါ ပုံရိပ်ထက်ပို၍ သာ​နေ၍ပင်။

xxxx

Continue Reading

You'll Also Like

13.5K 410 30
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...
703K 30.4K 85
ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) �...
7.7K 1.4K 43
ලෝකයාගෙන් සැඟවී ගිය දක්ෂයන් රජ කරවන ඉන්ද්‍රජාලික රජදනක්. 🔮🪄 ලෝකයේ අති දක්ෂ ඉන්ද්‍රජාලිකයන් බිහි කරන තෝතැන්නක්. වසර දහසකට පෙර හිස එසවූ අඳුරු මායාවක...
648K 56.5K 51
အိမ်တော်မှာ မင်းသားတစ်ပါးလိုနေရတဲ့ အနွယ်တော်လေးက နယ်မြေတစ်ခုရဲ့ခေါင်းဆောင်ဆီကို ရောက်ရှိလာတဲ့အခါ ... ငယ်စဉ်ကတည်းက နှစ်သက်မြတ်နိုးခဲ့ရသော ကောင်လေးဖြစ်...