အိုမီဂါအဖြစ် ကူးပြောင်းပြီးနေ...

By Azure5549

1.1M 131K 2.6K

Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသ... More

မိတ်ဆက် + ရှင်းလင်းချက်
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
hello သတင်းကောင်းလေးပါရှင့်
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175 ( End )
IQ team က အသစ်ပြန်တဲ့ အပုဒ်လေးနဲ့ မိတ်ဆက်ပေးချင်လို့ပါရှင့်

19

6.4K 866 7
By Azure5549

Chapter 19

"ဆရာကျိုး ဘယ်ကိုတအား ကြည့်​နေတာတုန်း"

​ဘေးမှဆရာတစ်​ယောက်က​နောက်​ပြောင်လာသည်။

"ခင်များ​ကျောင်းသား​တွေက မက်ခါ​ဘယ်လို​မောင်းရမလဲ​တောင်မသိဘူးမလား၊သူတို့အတန်းAကိုမယှဥ်နိုင်တဲ့ဟာ ​နောက်နှစ်မှပြိုင်လည်း​​နောက်မကျ​သေးပါဘူး"

"ဒီသုံး​ယောက်ကမတူဘူး၊ သူတို့ကအတန်းထဲမှာအ​တော်​လေးအရည်အချင်းရှိတဲ့သူ​တွေပါ"

ကျိုး​ဖေးရွယ်၏အတန်းမှတပည့်များမှာ သုံးစားမရသည်က လူတိုင်းလက်ခံထား​သောအချက်ပင်။သို့​သော် ဤတစ်​ခေါက်တွင်​​တော့ သု့တွင် ​ပြောမပြနိုင်​သော ယုံကြည်မှုမျိုးရှိ​နေခဲ့သည်။ 

ပြိုင်ပွဲ၏ပထမ၂မိနစ်တွင် ယွမ်ရှင်းကျဲတို့အဖွဲ့မှာ ပထမဆုံးအတားအဆီးဖြစ်​သော အလတ်စား ကြယ်သားရဲနှင့်ရင်ဆိုင်ရ​တော့သည်။ ကျိုး​ဖေးရွယ်လည်း ထိုသုံး​ယောက်သည် စု​ပေါင်းအင်အားဖြင့် ကြယ်သားရဲ၏​ခေါင်းအားခုတ်ပိုင်းလိုက်မည်ကို ​မျှော်လင့်စွာ ကြည့်​နေလိုက်သည်။

ထို့​နောက်တွင်သူက ထိုသုံး​ယောက်လျင်မြန်စွာလှုပ်ရှားလျက် ထို​နေရာမှ တကွဲတပြားဆီခွဲထွက်သွားသည်ကို​​တွေ့လိုက်ရ​တော့သည်၊ အပြာ​ရောင်အလင်းစက်​​လေးသုံးခုမှာ သရဲ​ခြောက်ခံလိုက်ရသလို မတူညီ​သောဦးတည်ရာကို လျင်မြန်စွာ​ပြေးထွက်သွားကြလသည်။ ကျိုး​ဖေးရွယ်အမူအယာမှာ​အေးခဲသွားခဲ့သည်၊

"ဟားဟားဟား ဒီ​လောက်​တောင်လူမညီတဲ့အသင်းမျိုး ပထမဆုံးမြင်ဖူးတာပဲ"

​ဘေးရှိဆရာမှာ ဗိုက်ကိုနှိပ်လျက် ရယ်လိုက်သည်၊

"မစ်စတာကျိုး​ရေ ဒါကခင်များရဲ့အတန်းကအ​တော်ဆုံး​ကျောင်းသား​တွေလားဗျာ"

ကျိုး​ဖေးရွယ်မှာရှုပ်​​ထွေး​နေပြီး သူ၏အမူအယာကိုပင်မထိန်းချုပ်နိုင်​ချေ။ သို့သော်သူက ​ချောင်းအသာဟန့်လျက် ​ပြောလိုက်သည်။

"အန္တရာယ်ကိုအတတ်နိုင်ဆုံး​ရှောင်ရှားတာ​ကောင်းတဲ့​ရွေးချယ်မှုပဲ"

​တောအုပ်မှာ အတားအဆီးများစွာဖြင့်၀င်္ကပါကဲ့သို့ရှုပ်​ထွေးလှသည်။ ၎င်းမှာမှန်ကန်​သော​ရွေးချယ်မှုပင်။သို့​သော်..

သူတို့ဘာ​တွေလုပ်​နေတာလဲ၊ ကျိုး​ဖေးရွယ် မျက်​မှောင်မကျုံ့ပဲမ​နေနိုင်​ချေ။

"​အော်ရီရယ်နဲ့ လုရန်ရှု မင်းတို့​နောက်ကလိုက်ဖို့အဆင်​ပြေတဲ့ အသင်း​တွေ့ပြီလား"

ယွမ်ရှင်းကျဲမှာ မက်ခါတချို့​နောက်မှလိုက်ရင်း ကြိုးမဲ့ ဆက်သွယ်​ရေးကိရိယာကိုသုံးလျက် ​မေးလိုက်သည်။

"​အော်ရီရယ် ​တောအုပ်ရဲ့အ​နောက်ပိုင်းအခြမ်းကိုတာ၀န်ယူ​ပေးပါ၊ ရန်ရှုကအ​ရှေ့ဘက်ကိုသွား၊ ငါကအလယ်မှာရှိမယ်"

"အင်း"

"နားလည်ပြီ"

နှစ်ဦးသားတချိန်တည်းတွင်တုန့်ပြန်လိုက်သည်။
ယွမ်ရှင်းကျဲ၏ဗျူဟာမှာ အသင်းလိုက်ခွဲထွက်ခြင်းဗျူဟာပင်။ တစ်​ယောက်ချင်းစီက ​တောအုပ်၏မတူ​သောအပိုင်းကိုတာ၀န်ယူလျက် တခြားအသင်းမက်ခါများ​နောက်မှကပ်လိုက်ကြသည်။ အန္တရာယ်များကာ ​ကျော်လွှားရခက်​သော အတားအဆီးများကို​တွေ့လျှင် ​မြေပုံတွင်မှတ်သားကြမည်ဖြစ်ကာ အသင်း​ဖော်များကို သတိ​ပေးပြီးဦးတည်ရာအမြန်​​ပြောင်းကြမည်ဖြစ်သည်၊

ထိုနည်းတူစွာ တစ်စုံတစ်​ယောက်က ​ချော​မွေ့​ကာအန္တရာယ်ကင်း​သောလမ်းကို​တွေ့ပါကာ အသင်း​ဖော်များကို​ပြောကာ ထိုလမ်းအတိုင်းသွားကြမည်ဖြစ်သည်၊ မိမိတာ၀န်ယူ​ထား​​သောဧရိယာကိုသာမက အနီးပါတ်၀န်းကျင်​၏အ​ခြေအ​နေကိုလည်းသတိပြုနိုင်သည်။

မိမိသွားရာလမ်းတွင် အန္တရာယ်ရှိ​နေပါက မိမိအသင်း​ဖော်​ပေးသာ နီးစပ်ရာဧရိယာသို့အလျင်အမြန်​ရှောင်တိမ်းနိုင်လသည်။

"​အော်ရီရယ် မင်းဘက်မှာဆင်​​ခြေ​လျှောတစ်ခုရှိ​နေတယ်၊ " ယွမ်ရှင်းကျဲမှာ မိမိလမ်းကိုကြည့်​နေစဥ်မှာပင် အသင်း​ဖော်အားလည်း လှမ်းသတိ​ပေးလိုက်သည်။

"လုရန်ရှု အရှိန်ကိုနည်းနည်းတင်လိုက်၊ ပြီး​တော့​နေရာ​တွေပိုမှတ်​ပေးပါ"

ယွမ်ရှင်းကျဲ၏ဗျူဟာ​ကြောင့် သုံး​ယောက်သားမှာ တစ်ကိုယ်တည်းလှုပ်ရှား​နေသည့်တိုင် အနီးရှိ ကြယ်သားရဲများ စက်ရုပ်သားရဲများနှင့် လက်နက်ထူထပ်​သော ​နေရာများကို အသာအယာ​ရှောင်ကွင်းသွားနိုင်​လေသည်၊

ယွမ်ယှင်းကျဲ၏တုန့်ပြန်နိုင်စွမ်းမှာလျင်မြန်ကာ အမြင်စူးရှသဖြင့် ​မြေပုံ​ပေါ်တွင် သူ၏အမှတ်အသားမှာ အများဆုံးဖြစ်သည်။

​အော်ရီရယ်မှာဒုတိယဖြစ်ကာ သူမှတ်ထား​​သောဧရိယာလည်းအ​တော်များသည်ပင်။ လုရန်ရှု၏အမှတ်အသားမှာသိပ်မများလှ​သော်လည်း ယွမ်ရှင်းကျဲထင်ထားသည်ထက် ပို​ကောင်း​ကောင်း လုပ်နိုင်ဆဲပင်။

ကျိုးဖေးရွယ်လည်း မျက်နှာပြင်​ပေါ်မှ အလင်းစက်​လေး၃ခုကိုကြည့်ကာမျက်လုံးများပြူးကျယ်သွားခဲ့သည်။ ဤသုံးဦးမှာ သပ်သပ်စီခွဲထွက်သွားခဲ့​​သော်လည်း ထူးဆန်း​သော ဗျူဟာမျိုးရှိ​နေခဲ့သည်။အတားအဆီးတစ်ခုကိုမျှမကြုံရ​ချေ။

မည်သို့ဖြစ်နိုင်မည်နည်း။တခြားကစားသမားများမှာ အတားအဆီးမျိုးစုံနှင့်ကြုံ​တွေ့နေရချိန်တွင် ထိုသုံး​ယောက်မှ ပထမဧရိယာကို​တောင်​ကျော်လာခဲ့ပြီဖြစ်သည်။ထို့​နောက် လမ်းတစ်​လျှောက်တွင် အတားများစွာကိုပိုကြုံ​တွေ့လာ​ရ​တော့သည်။

အ​ဝေးတ​စ်နေရာမှ ယွမ်ရှင်းကျဲက မိမိ​နောက်မှလိုက်​နေ​သော မက်ခါအစုက စက်ရုပ်သားရဲများတိုက်ခိုက်ခံ​နေရခြင်းကိုမြင်လျှင် ​အော်ရီရယ်မှတ်သားထားသည့်အနီးရှိ လုံခြုံ​သော ဇုန်ကိုအမြန်ကူးလိုက်သည်။ထို့​နောက်ထို​နေရာမှပင်ဖြတ်လျက် မိမိတာ၀န်ယူထား​​သော​နေရာကိုပြန်လာလိုက်သည်။ 

ဤတစ်ကြိမ်တွင် မိမိ​ရှေ့မှ မည်သည့်အသင်းမှမရှိ​တော့သည်ကို ယွမ်ရှင်းကျဲ မ​မျှော်လင့်ထား​ချေ။ သို့နှင့်သူသည် မိမိအသင်း​ဖော်၂ဦးအားသတင်းပို့လျက် ပြန်လည်ဖွဲ့စည်းကာရှေ့ကီလိုမီတာအနည်းငယ်ကို ဖြတ်သန်းရန်ပြင်လိုက်သည်။

"​ရှေ့အတားအဆီးနည်းနည်းကို အတူဖြတ်ရ​အောင်"

​အော်ရီ၏​လေသံမှာအံ့အားသင့်မှုနှင့်​လေးစားခြင်းများရှိ​နေသည်။

"ငါ​တို့​ရှေ့မှာဘယ်သူမှမရှိ​တော့ဘူး​ပေါ့၊ ယွမ်ရှင်းကျဲ မင်းကမိုက်လှချည်လားဟ"

"ငါထင်ထားတာထက်ပိုလွယ်​နေ​သေးတယ်"

လုရန်ရှုလည်းမ​​နေနိုင်ပဲချီးကျူးလိုက်သည်။

"ရှင်းကျဲမင်းအရမ်း​တော်တာပဲ"

သူတို့သုံးဦး​ပျော်ရွှင်​နေစဥ်မှာပင် သူတိူ့၏​နောက်မှ အင်ဂျင်သံခပ်တိုးတိုးအားကြားလိုက်ရ​တော့သည်၊

၄င်းမှာအတန်းAမှ​ကျောင်းသားများဖြစ်သည်။ ယွမ်ရှင်းကျဲသူတို့​နောက်မှလိုက်ခဲ့ဖူးသည်။ ထိုစဥ်က ဤသုံးဦး၏အလျင်မှာအ​တော်အသင့်မြန်ပြီး စ​ကေးလည်းရှိသည်ဟုသာထင်ခဲ့သည်၊

မိမိတို့အားဤမျှမြန်မြန်လိုက်မီလာမည်ဟု​တော့မထင်ထား​ချေ။

ကျိုး​ဖေးရွယ်လည်း အပြာ​ရောင်နှင်းလိ​မ္မော်​ရောင်အလင်းစက်များ ​မြေပုံ​ပေါ်တွင် ဆုံ​တွေ့သည်ကိုကြည့်​နေမိသည်။အတန်းAမှ​ကျောင်းသားများမှာ အ​တော်သန်မာကြသည်မို့ ကျိုး​ဖေးရွယ်ခံစားချက်မ​ကောင်းလှ​ပေ။

ယွမ်ရှင်းကျဲ သူ၏အသင်း​ဖော်များအားလျင်မြန်စွာ သတိ​ပေးလိုက်သည်။

"သတိထားကြ"

​သေချာ​ပေါက်ပင် တဖက်မှ ကြယ်ပျံမက်ခါမှာ ယွမ်ရှင်းကျဲတို့အသင်းထံ မီးခိုးဗုံးများ တခြားလက်နက်များနှင့်ပါပစ်ခတ်လာခဲ့သည်။၄င်းမှာအန္တရာယ်သိပ်မများသည့်တိုင် သူတို့အားရပ်တန့်​စေရန်​တော့လုံ​လောက်သည်ပင်။

အတန်းAက​သုံး​ယောက်မှသူတို့ကကြည့်လျက်
ထိုအထဤမှတစ်​ယောက်က အသံလွှင့်စက်ကိုဖွင့်ကာ

"အတန်းAက နံပါတ်၁ကွ၊ မင်းတို့​ကောင်​တွေအကုန်အရှုံးသမား​တွေပဲ၊ ​နောက်မှပဲ အီးရှူပြီးကျန်ခဲ့ ဟားဟား"

ထို့​နောက်တွင် လိ​မ္မော်​ရောင်အလင်းသုံးစက်က​ရှေ့သို့တရှိန်ထိုး​ပြေးသွား​တော့သည်။ ယွမ်ရှင်းကျဲမှာ တဖက်မှတိုက်ခိုက်မှုအားအသာအယာပင်​ရှောင်ရှားခဲ့သည်။ သို့​သော်မိမိတို့မှာ ကြယ်သားရဲအတားအဆီးကိုဖြတ်​ကျော်ရန်အခက်အခဲရှိ​သေးသည်ပင်။
ပါတ်၀န်းကျင်မှာမီူခိုးဗုံး​​ကြောင့်မြင်ကွင်းမရှင်းလင်းသဖြင့် ​မြေပုံကိုသာအားထားပြီး​ရှေ့သို့ဆက်သွားရန်ပြင်လိုက်ရသည်။

"သူတို့ရူး​နေလား"​အော်ရီရယ်ကျိန်ဆဲလိုက်သည်။

"မီးခိုးဗုံး​တွေပစ်ပြီးပစ်​ပြီး​ပြေးသွားတယ်​ပေါ့
​​ယောက်ျားတစ်​ယောက်လိုဘယ်လိုတိုက်ခိုက်ရမလဲမသိကြဘူးလား" လုရန်ရှုလည်း​ပေါက်ကွဲလိုက်သည်။

"တစ်​ယောက်ကိုတစ်​​ယောက်တိုက်ခိုက်စရာမလိုပဲ ၀င်ခွင့်​အောင်တာအသိသာကြီးကို သူတို့ဘာလို့ဒီလိုလုပ်ရတာလဲ"

ကျိုး​ဖေးရွယ်လည်း​မြေပုံ​ပေါ်မှာ အပြာ​ရောင်အလင်းစက်သုံးစက်ကိုစိတ်ပူစွာကြည့်​နေမိသည်။ မကြာမီ​နောက်မှလူများ သူတို့ကိုလိုက်မီလာ​တော့မည်။

ယွမ်ရှင်းကျဲဘာမှမဆို​ချေ။ မီးခိုးထဲမှအလျင်အမြန်သာထွက်လိုက်သည်။ သူ့ကိုလာမစလျှင် သူဘာမှပြန်လုပ်မည်မဟုတ်။ သူ့ကိုရန်လာစလျှင်​တော့

"ငါအရင်သွားနှင့်မယ်၊ မင်းတို့နှစ်​ယောက်ကငါ့​နောက်ကမြန်နိုင်သမျှ မြန်မြန်လိုက်ခဲ့"

ယွမ်ရှင်းကျဲထိုတစ်ခွန်းသာ​ပြောပြီး ​​ပြေးထွက်သွားခဲ့သည်။

"ဘယ်ကိုသွားမလို့လဲ"

သူ့အသင်း​ဖော်များက အံ့အားသင့်လျက်​မေးလိုက်သည်။

"အဲဒီသုံး​ယောက်ကို တကယ့်အရှုံးသမားအစစ်ကဘာလဲဆိုတာပြမလို့​လေ။ "

ယွမ်ရှင်းကျဲ၏​လေသံမှာ တည်ငြိမ်ကာ​အေးစက်လျက်။

ထို့​နောက် ​အော်ရီရယ်နှင့် လုရန်ရှုမှာ ယွမ်ရှင်းကျဲမက်ခါ၏​နောက်​ကျောကိုသာလျှင် မြင်ရ​တော့သည်။
သူတို့​နောက်မှ အမြန်လိုက်​သော်လည်း တ​ဖြည်းဖြည်း​ေ၀း၍သာကျန်ခဲ့​တော့သည်။

ထို​တော့မှသာ ယွမ်ရှင်းကျဲသည်မိမိတို့နှစ်ဦးလိုက်မီ​စေရန် တချိန်လုံးအရှိန်ကို​လျော့လျက်​မောင်း​နှင်​နေခဲ့တာဖြစ်​ကြောင်းနားလည်သွားခဲ့သည်။

"​သေစမ်း"​ အော်ရီရယ်မ​နေနိုင်ပဲကျိန်ဆဲလိုက်မိသည်။

"ဒါကြီးက ဘယ်လိုအိုမီဂါမျိုးလဲ"

ထိုစဥ်မှာမင် ကင်မရာမှာ အသင်းနှစ်သင်းထိပ်တိုက်​တွေ့ပုံကိုအမိအရထုတ်လွှင့်​နေခဲ့သည်။ ဒုတိယနှစ်​ကျောင်းသားများမှာ အလင်းစက်များ၏အ​ရောင်မှတဆင့်ခန့်မှန်းနိုင်သည်။

ဤသည်မှာ မက်ခါ​မောင်းနှင်​ရေးဌာန၏ အန်းEနှင့် Aကြားမှတိုက်ပွဲဖြစ်သည်။

1အံ့သြစရာ​ကောင်းသည်မှာ အတန်းEမှ​ကျောင်းသားများမှာ ပထမအုပ်စုဆီတရှိန်ထိုး​ပြေးသွားသည်ကို​တွေ့လိုက်ရသည်။လူတိုင်းမှာလာ်း နှစ်သင်းကြားက အငြင်းပွားမှုကို​တွေ့ရဦးမည်မ​မျှော်လင့်ထား​ချေ။

အတန်း​Aမှသူများက အတန်းEအား​ကျော်သွားသည်ကိုမြင်လျှင် လူတိုင်း ပွဲဆူသွားကြ​တော့သည်။

"နှ​မြောစရာပဲ ငါက​တော့အတန်းEကသူ​တွေနည်းနည်းပါးပါးပြန်တိုက်နိုင်လိမ့်မယ်ထင်ထားတာ"

"သူတို့ပထမဧရိယာကိုဘယ်လို​​တောင်​ကျော်လာတာလဲ၊ ငါဖြင့်သူတို့ကိုအခုမှသတိထားမိတာ"

"ငါ​ရောပဲ သူတို့ရုတ်တရက်ကြီး ပန်း၀င်မှတ်နဲ့ဘယ်လိုနီးသွားတာလဲ"

"အဲလိုဆိုရင်​တောင် အသုံးမ၀င်ပါဘူး၊ အတန်းAကသူ​တွေကပိုသာ​နေတုန်းပဲ"

"အတန်းEက​တော့ဒီအ​နေအထားဆိုရင်​တောင် အ​တော်​လေးဟုတ်​​နေပါပြီ၊ သူတို့ပထမ​နေရာများရနိုင်ဦးမှာမလို့လား"

​လော့၀မ်ချွမ်းမှာ ထုတ်လွှင့်မှုကိုငြိမ်သက်စွာစိုက်ကြည့်​နေရင်း သူ၏မျက်လုံးမှာ​လေးနက်လျက် တစ်ခုခုကို​တွေး​တော​နေဟန်ပင်။

အတန်းAမှသူများနိုင်ပြီဟုအားလုံးထင်​​နေကြစဥ်မှာပင် အပြာ​ရောင်အလင်းစက်​လေးမှာ အလင်းအလျင်ကဲ့သို့အမြန်နှုန်ူဖြင့် လိ​မ္မော်​ရောင်အလင်းစက်များထံတရှိန်ထိုး​ပြေးသွားသည်ကို​တွေ့လိုက်ရ​တော့သည်။

"အဲဒီအတန်းEကတစ်​ယောက် သူဘာလုပ်ချင်လို့လဲ..."

လူတိုင်း တိုက်ရိုက်ထုတ်လွှင့်မှုအား အံ့အားသင့်​နေ​သော မျက်၀နိးများဖြင့်ကြည့်လိုက်မိကြ​တော့သည်။

​မြေပုံထဲတွင် လိ​မ္မော်​ရောင်အလင်းစက်​လေးသုံးခုမှာ ပန်း၀င်မှတ်နှင့် နီး​နေခဲ့​ချေပြီ။ ဆရာများက အတန်းAမှဆရာအား ဂုဏ်ပြု​နေကြ​သည်။ တချို့ကမူ အတန်းE၏စွမ်းဆောင်ရည်မှာ ယခုပင်အ​တော်​ကောင်း​နေပြီဖြစ်တာ​ကြောင့် စိတ်ဓါတ်မကျရန် ကျိုး​ဖေးရွယ်အားအား​ပေး​နေကြသည်။

ကျိုး​ဖေးရွယ်ကမှုထုတ်လွှင့်မှုကို စူးစိုက်ကြည့်​နေဆဲပင်။သို့နှင့်​ဘေးရှိဆရာများမှာလည်း သူကြည့်ရာကို သိချင်စိတ်ဖြင့်လိုက်ကြည့်လိုက်ကြသည်။ ဤတွင် အလင်းအလျင်ဖြင့်​ပေုးလွှား​နေ​သော အပြာ​ရောင်အလင်းစက်​လေးက ဆရာအုပ်စုကို မင်သက်သွား​စေခဲ့သည်။

အကြည့်ချင်းဖလှယ်ကြီး​နောက် တစ်စုံတစ်​ယောက်ကသတိဖြင့်​မေးလာခဲ့သည်။

"အဲဒီအပြာ​ရောင်က...အတန်းEက​ကျောင်းသားမလား"

"ဟင့်အင်း၊ မဖြစ်နိုင်ဘူး၊ သူတို့ကအခု​လေးတင် အတန်း​Aရဲ့တိုက်ခိုက်တာကိုခံခဲ့ရတာမလား"

"ငါ့မျက်လုံး​တွေပဲ ပြသနာရှိ​နေတာလား၊ သူ့အလျင်က​လော့၀မ်ချွမ်းထက်​တောင်မ​လျော့သလိုပဲ၊ ဘယ်သူပိုမြန်မှန်း​တောင်မ​ပြောနိုင်ဘူး"

"ငါက​တော့​လော့၀မ်ချွမ်းထက်​တောင်မြန်တယ်ထင်တာပဲ၊ ဘာ​တွေဖြစ်​နေတာလဲ"

"ဘယ်လိုဖြစ်နိုင်မှာလဲ၊ အတားအဆီးတစ်ခုကမှ သူ့ကိုမရပ်တန့်နိုင်ဘူးလား"

"လိုက်မှီသွားပြီကွ"

"ဘုရား​ရေ သူတကယ်လိုက်မီသွားပြီ"

ဆရာများသည် ရန်သူကိုပြန်လည်​ချေမှုန်း​သော ပွဲများစွာကိုမြင်ဖူးခဲ့​သော်လည်း ဤမျှအလျင်ဖြင့် တရှိန်ထိုး ​ပြေးလိုက်သည်မှာပထမဆုံးပင်။

ထို့အပြင် ၎င်းမှာ အတန်းE​ကျောင်းသားမှ အတန်းAကိုအမှီလိုက်ခြင်းလည်းဖြစ်သည်။

​တောအုပ်ထဲတွင် ထက်မြ​သော ဓါးအရှိန်အ၀ါတစ်ခုနှင့်အတူ ကြယ်သားရဲနှစ်​​ကောင်၏​ခေါင်းအား တိုက်ရိုက်ပိုင်းဖြတ်လိုက်သည်။ အလင်းဓါးမက််ခါ​လေးသည် ဂျက်အင်ဂျင်ကိုအသုံးပြုလျက် ​တောအုပ်အတွင်း ဖြတ်လတ်စွာ​မောင်းနှင်လျက် အတားအဆီးများစွာကို​နောက်တွင်ချန်ရစ်ခဲ့သည်။

xxxxxx

Continue Reading

You'll Also Like

382K 27K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
915K 68.4K 109
"host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" "host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" Start Date -27.7.2022 End Date...
139K 15.4K 113
How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလေလေ သဘောကျမိလာလေဟူသည့် ခံစားချက်ကို ပေးစ...
647K 71.6K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...