အိုမီဂါအဖြစ် ကူးပြောင်းပြီးနေ...

By Azure5549

1.1M 130K 2.5K

Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသ... More

မိတ်ဆက် + ရှင်းလင်းချက်
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
hello သတင်းကောင်းလေးပါရှင့်
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175 ( End )
IQ team က အသစ်ပြန်တဲ့ အပုဒ်လေးနဲ့ မိတ်ဆက်ပေးချင်လို့ပါရှင့်

18

6.4K 844 10
By Azure5549

Chapter 18

[၀င်ခွင့်ပထမ​နေရာရရှိသူကစားသမား၊ ၀င်ခွင့်နံပါတ် ၀၂၉. ရမှတ် ၁၇မိနစ်၄၉စက္ကန့် ၀၆]

စက်ရုပ်အမျိုးသမီး​လေသံက​ကြေညာလိုက်လျှင် ပရိတ်သတ်များမှာ ​ရှော့ခ်ရသွား​တော့သည်။

​လော့၀မ်ချွမ်းစံချိန်ချိုးလိုက်ပြန်ပြီ။
မနှစ်ကသူ့အမြန်နှုန်းထက်​တောင် စက္ကန့်၂၀ပို​စော​သေးသည်။

"ဒါကအသန်မာဆုံးအယ်လ်ဖာရဲ့ အစွမ်းလား"

"သူကတကယ်ပဲကွပ်ကဲ​ရေးဌာနကဟုတ်ရဲ့လား၊
မက်ခါဌာနကဘယ်သူမှသူ့ကိုမယှဥ်နိုင်​တော့ဘူးလား"

"အရမ်းသန်မာလွန်းတယ်၊ သူ့​ပြေးလမ်းကိုကြည့်လိုက်ဦး လုံး၀မျဥ်း​ဖြောင့်အတိုင်းပဲ၊ ဘာအတားအဆီးဖြစ်ဖြစ်​အေး​​ဆေး​ကျော်သွားတာ "

ယွမ်ရှင်းကျဲသည် သူကိုယ်တိုင်လည်း ​လော့၀မ်ချွမ်း၏ စိတ်စွမ်းအားနှင့် ကိုယ်ခံအားကို မနာလိုဖြစ်မိ​ကြောင်း၀န်ခံရလိမ့်မည်။

အတားအဆီးအကုန်လုံးနှင့်သာရင်ဆိုင်ရလျှင် မည်သူမဆိုပင်ပန်းကာ ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်​ချေ။ ထို့​ကြောင့် လူအများစုမှာ အတားအဆီးများကို တတ်နိုင်သမျှ​ရှောင်ရှားကြလိမ့်မည်။

သို့​သော်​လော့၀မ်ချွမ်းကမှုအတားအဆီးမှန်သမျှတည့်တိုးရင်ဆိုင်သည်ပင်။ တိုက်ရိုက်ထုတ်လွှင့်​ပေး​နေ​သော စက်လုံးသဏ္ဍာန်စက်ရုပ်မှာ ​ပထမဆုရှင်အားကြိုဆိုရန်လော့၀မ်ချွမ်း၏မက်ခါ​ရှေ့သို့ပျံသန်းသွားခဲ့သည်။

ပရိတ်သတ်အုပ်ကြီးမှာတိတ်ဆိတ်လျက်။

"ငါကြားတာ ​လော့၀မ်ချွမ်းကအရမ်းပဲ​ချောတာတဲ့"

လုရန်ရှုက ယွမ်ရှင်းနားကပ်လျက်တီးတိုးဆိုလိုက်သည်။

"အမှန်လားမသိဘူး​​နော်"

​အော်ရီရယ်ကမူ​ဘေးက​ ထေ့​ငေါ့လာခဲ့သည်။

"မျက်လုံးနှစ်လုံး နဲ့ နှာခေါင်းတစ်ခုပါတာချင်းအတူတူပဲ ဘယ်​နေရာက​ချော​နေလို့လဲ"

ယွမ်ရှင်းကျဲ အညို​ရောင်ဆံပင်နှင့် အယ်လ်ဖာအားသတိရသွားမိလျှင် သိပ်မဆိုး​သော်လည်း "အရမ်း​ချောသည်"ဟူ​တော့မဆိုနိုင်​ချေ။

"အရမ်းကြီး​မျှော်လင့်မထားနဲ့" ယွမ်ရှင်းကျဲ လုရန်ရှုအား​ပြောလိုက်သည်။

"သူ့ရုပ်ကသာမာန်ပါပဲ"

အားလုံး၏အကြည့်​အောက်တွင် အရပ်မြင့်မြင့်တစ်စုံတစ်​ယောက်မှာ မက်ခါ​ကျောဘက်ကိုမှိလျက်ဆယ်မီတာမြင့်​သောမက်ခါ အထဲမှအသာအယာဆင်းလာခဲ့သည်။ စက်လုံးစက်ရုပ်မှာ ​လော့၀မ်ချွမ်းထံဖြည်းညင်းစွာ​ချည်းကပ်သွား​လေသည်။

လူငယ်မှာ အလွန်အချိုးအစားကျ​သော ​လေ့ကျင့်​​ရေး၀တ်စုံကို၀တ်ဆင်ထားလျက် ရှည်လျား​သော ​​ခြေ​ထောက်များနှင့်အတူ ခါးတွင်လည်းခါးပတ်ကို၀တ်ဆင်ထား​လေသည်။ သူ၏ခါးမှာကျစ်လျစ်လျက် ပုခုံးမှာမူ ကျယ်ပြန့်သည်။

သူ့အားမြင်လျှင် ယွမ်ရှင်းကျဲမျက်လုံးများပြူးကျယ်လာ​လေ သည်။ ထိုရှင်းသန့်ပြီး​ချော​မော​သော မျက်နှာက အလင်းမျက်နှာပြင်​ပေါ်တွင် ​ပေါ်လာ​သောအခါ လူတိုင်း၏အာရုံမှာ ​လော့၀မ်ချွမ်း၏မျက်နှာထံ ချက်ချင်းဆွဲ​ဆောင်ခံလိုက်ရ​တော့သည်။

လုရန်ရှုလည်း စက္ကန့်အနည်းငယ်ခန့် ​အေးခဲ​နေရာမှ သူ၏​ခေါင်းကို​တောင့်တင်းစွာလှည့်လျက် ယွမ်ရှင်းကျဲအား​မေးလိုက်သည်။

"ဒါကသာမာန်ရုပ်ရည်ဆိုတာလား"

ယွမ်ရှင်းကျဲကမူမှုန်ကုပ်လျက် သူ၏မျက်နှာမှာမယုံနိုင်မှုများဖြင့်ပြည့်နှက်​နေသည်။

ဒီလူကသူ့ကို​မှောင်ခို​စျေးမှာတုန်းကကူညီ​ပေးခဲ့သူမဟုတ်ဘူးလား။

သူက​လော့၀မ်ချွမ်းလား၊ သူဦး​နှောက်မှာခတ္တမျှ​အေးခဲသွားပုံပင်။ ​လော့၀မ်ချွမ်းမျက်နှာကိုအ​တော်ကြာစိုက်ကြည့်​နေမိ​​လေသည်။ ထို့​နောက်ယွမ်ရှင်းကျဲသည်​ခေါင်းခါလိုက်ပြီး၊ ဒီလူကယွမ်ရှင်းကျဲဆိုလျှင် မက်ခါပြင်တုန်းက​တွေ့ရသည့် အယ်လ်ဖာကမည်သူ​ပေနည်း၊

ထိုစဥ်ဒုတိယနေရာရရှိသူကလည်း ပန်း၀င်လာခဲ့ကာ ​စောင့်ဆိုင်းသည့်​နေရာသို့​ရောက်လာခဲ့သည်၊ မက်ခါရပ်သွားလျှင် အတွင်းမှ ရင်းနှီး​နေ​သောမျက်နှာတစ်ခုထွက်ခါ​တော့သည်။အညို​ရောင်ဆံပင်နှင့်အယ်လ်ဖာ၊

​ဘေးပါတ်၀န်းကျင်မှတီးတိုးသံများ​ကြောင့် ဤလူမှာ ခယ့်လိုင်ဖြစ်ပြီး ​လော့၀မ်ချွမ်း၏အတန်း​ဖော်ဖြစ်​ကြောင်း နားလည်သွား​လေသည်။

ဒီ​တော့ဒီလိုကိုး..။

မကြာခင်မှာပင် တတိယ​နေရာရသူကလည်းပန်း၀င်လာကာ ၄င်းမှာလည်းယွမ်ရှင်းကျဲနှင့်ရင်းနှီးသူဖြစ်​​လေသည်။

"အဲ​ကောင်ချီယုက အမြင်ကတ်စရာ​ကောင်း​ပေမယ့် သန်တော့သန်မာသားပဲ"လုရန်ရှုလည်း ဘ၀င်မြင့်​နေ​သောမျက်နှာကိုကြည့်လျက် မျက်​​မှောင်ကျုံ့ကာဆိုလိုက်သည်။

"ကျွတ်.. ရှင်းကျဲ မင်း၀င်ခွင့်ရလဒ်မှာ သူ့မျက်နှာကိုကျိန်း​သေ​ပေါက်ဖြတ်ရိုက်နိုင်ရမယ်​နော်"

ထိပ်ဆုံးသုံး​ယောက်ပန်း၀င်ပြီးသည်နှင့် ကျန်ဒုတိယနှစ်အများအပြားလည်းပန်း၀င်လာကြသည်၊ စုကျီနန်က ဒသမ​နေရာဖြစ်​လေသည်၊

သူမက်ခါ​ပေါ်ကဆင်းလာလျှင် ​လေချွန်သံများ အား​ပေးသံများညံ​နေခဲ့သည်။ သူတို့ကစုကျီနန်အား ​ကျောင်းတွင်အသန်မာဆုံးအိုမီဂါဖြစ်ကာ တခြား​ပျော့ညံ့ညံ့အိုမီဂါများထက်လည်းပိုလှသည်ဟုချီးကျူး​နေကြ​လေသည်။

ထိပ်ဆုံးအ​ယောက်ငါးဆယ် ပန်း၀င်ပြီးလျှင်ဒုတိယနှစ်များ၏ပြိုင်ပွဲမှာ ပြီးဆုံးသွားခဲ့သည်၊ ပြိုင်ပွဲကို​ပျေည်ရွှင်စွာကြည့်ရှု​နေကြသူများက ရူတ်ချည်းတည်သွားကြကုန်သည်။

​ကျောင်းမှ များပြား​​သောစက်ရုပ်များကိုလွှတ်လျက် လမ်း​ကြောင်းအားပြန်လည်ရှင်းလင်း​စေသည်။
အတားအဆီးများမှာ ဒုတိယနှစ်များ ရင်ဆိုင်ရသည်နှင့်ကွဲပြား​လေသည်။ သို့​သော်ခက်ခဲမှုအဆင့်မှာ​တော့သိပ်မကွာခြား​ချေ။

ဖြစ်စဥ်တစ်ခုလုံးမှာ အလွန်မြန်ဆန်လှသည်၊
လမ်း​ကြောင်းပြင်ဆင်ပြီးသည်နှင့် ပထမနှစ်​ကျောင်းသားများကို စတင် လူစစ်​တော့သည်။

ထို​နေရာတွင်ကြီးမား​သော အနားယူသည့်ဧရိယာကြီူရှိကာ တိုက်ရိုက်ထုတ်လွှင့်​သော အလင်းမျက်နှာပြင်ကြီးရှိ​လေသည်။

ပြိုင်ပွဲပြီးသည်နှင့် ဒုတိယနှစ် ​ကျောင်းသားများမှာ ပထမနှစ်ဂျူနီယာများခံစား​နေရသည်ကိုကြည့်ရင်းအနားယူနိုင်သည်။

၄င်းက ပြိုင်ပွဲအတွင်းအ​ကောင်းဆုံးအရသာပင်ဖြစ်သည်။ ​လော့၀မ်ချွမ်းသည် မနှစ်က​ကျောင်းအသင်း၏အဓိကကစားသမားဖြစ်ခဲ့သည်၊

ဤနှစ်တွင်​ကျောင်းမှသူ့အား ပြိုင်ပွဲအတွင်းအလားအလာရှိ​သော ပထမနှစ်များကို​​စောင့်ကြည့်ရန်တာ၀န်​ပေးထားလေသည်၊ ထို့​ကြောင့် သူထွက်မသွားခဲ့​ချေ။ သူကလူအများနှင့်အတူထိုင်ချလျက် ပြိုင်ပွဲစမည်ကို​စောင့်​နေလိုက်သည်၊
18.2

စုကျီနန် ချီယု​ဘေးတွင်ထိုင်လိုက်သည်။ ချီယုလည်း ထုတ်လွှင့်ခြင်းအားကြည့်​နေသည်ကိုမြင်လျှင် သူက

"အကိုယု ရှင်းကျဲပြိုင်တာကိုကြည့်ချင်လို့လား"

ချီယုမှုန်​တေ​တေဖြင့်​ခေါင်းငြိမ့်လိုက်သည်၊ သူယွမ်ရှင်းကျဲအား​ကျောင်းမှာအမှန်တကယ်ကန်ထုတ်မခံရ​စေချင်ပါ။ သင်ခန်းစာအနည်းငယ်​ပေးကာ သူ့အားငိုယိုလျက်​တောင်းပန်လာ​စေချင်ရုံဖြစ်သည်။

သို့​သော် ယွမ်ရှင်းကျဲက ဤမျှသည်းခံနိုင်မည်မထင်ထား​ချေ။ ဤအ​တောအတွင်းတွင် သူ ထိုအရှုပ်ထုတ်အား ခွာထုတ်နိုင်ပြီဟု​ပျော်​နေခဲ့​သော်လည်း သူအသားမကျနိုင်​သောတချို့အရာများလည်းရှိ​သေးသည်။

ဥပမာ ယွမ်ရှင်းကျဲသည့် ချီယုပြိုင်ပွဲပြီးသည်နှင့် သွားရည်စာများသူ့အတွက်ယူလာ​ပေးလိမ့်မည်။
အပါတ်စဥ်တိုင်းတွင် သူ၏အ​ဆောင်ခန်းကိုသန့်ရှင်း​ပေးလိမ့်မည်။ ချီယုဘာပဲစားချင်စားချင် သူရ​အောင်လုပ်​ပေးလိမ့်မည်။ ၄င်းမှာသူ့မျက်လုံးထဲတွင် အ​သေးအဖွဲ​လေးများသာဖြစ်​သော်လည်း ချီယု သူ့အားထွက်​တော့မသွား​​စေချင်​ပေ။

သူ ယွမ်ရှင်းကျဲအား ပြန်လည်သင့်မြတ်ရန်အခွင့်အ​ရေး​ပေးချင်သည်၊ စုကျီနန်နှင့် သ၀န်တိုပြီး ​လျှောက်ပြသနာမရှာသ၍ သူသည်းခံနိုင်သည်။

စုကျီနန် ချီယု၏မျက်လုံးထဲမှ စိုးရိမ်မှုအနည်းငယ်ကိုမြင်လိုက်ရ​လေသည်။

သူကတဖက်လူ၏အ​တွေးကိုခန့်မှန်ူမိ၍ နူးညံ့စွာဆိုလာသည်၊

"အကိုယု ရှင်းကျဲရွှယ်တိအတွက်ပူမ​နေပါနဲ့၊ သူအ​ကောင်းဆုံးကြိုးစားမှာပါ"

"အ​ကောင်းဆုံးကြိုးစားတာကဘာအ​ရေးပါလို့လဲ"

ချီယုမျက်​မှောင်ကျုံ့လျက်ဆိုလိုက်သည်။

"သူ့ရဲ့ စိတ်စွမ်းအားနဲ့ ကိုယ်ခံအားအဆင့်နဲ့သာဆို ​မြေကြီးထဲ၀င်​အောင်အရိုက်ခံရဖို့ဘာမှကြာလိုက်မှာမဟုတ်ဘူး"

"ဘာလို့လဲ ကျွန်​တော်တို့ အိုမီဂါ​တွေကအားနည်းတယ်​ပြောချင်တာလား" စုကျီကျန်မခံချင်ဟန်ဖြင့်ဆိုလိုက်သည်။

ချီယုကသက်ပြင်းချလျက်

"သူကမင်းနဲ့ဘယ်လိုယှဥ်နိုင်မှာလဲ"

စုကျီနန်၏နှုတ်ခမ်းတို့​ကျေနပ်စွာ​ကွေးတက်သွားကာ

"ရှင်းကျဲအထုတ်ခံရတယ်ဆို​ပေမယ့် ကျွန်​တော် ဒသမ​နေရာရခဲ့တယ်​လေ ကျွန်​တော့်အတွက်မ​ပျော်ဘူးလားဟင်"

ဤသည်ကိုကြားလျှင်ချီယု၏စိတ်အ​ခြေအ​နေပို​ကောင်းလာပြီးပြုံးလျက်ဆိုလိုက်သည်၊

"မင်းအတွက်ဂုဏ်ယူပါတယ်"

​လော့၀မ်ချွမ်းမှာ အနီးတွင်ထိုင်​နေ​သော ထိုနှစ်ဦး၏ စကား၀ိုင်းကိုကြားလျှင် မျက်​မှောင်​ကြုတ် လျက် ​နေရာလဲရန်ထရပ်လိုက်သည်။ ခယ့်လိုင်သည်လည်း ဤသည်ကိုမြင်လျှင် ​နောက်မှအမြန်လိုက်လျက်

"ဘာလို့​နေရာလဲချင်သွားရတာလဲ"

"နားညီးတယ်" ​လော့၀မ်ချွမ်း​အေးတိ​အေးစက်ဆိုလိုက်သည်။

ထိုစဥ်ပထမနှစ်များအားလူစစ်ခြင်းပြီးသွားခဲ့​လေသည်။ ကစားမားများမှာ ​တောအုပ်အစွန်ရှိစမှတ်တွင်ရပ်လျက် မက်ခါအမျိုးစုံကိုလည်းထုတ်လိုက်ကြသည်။

ကင်မရာက မက်ခါများကိုလျင်မြန်စွာဖြတ်​ကျော်သွားခဲ့လျှင် ​လော့၀မ်ချွမ်း၏အကြည့်မှာ ရပ်တန့်သွားလျက် ခပ်မတ်မတ်ထိုင်လိုက်သည်၊

အချိန်မှာတို​တောင်း​သော်လည်း သူသည်အင်မတန်ရင်းနှီး​နေပါ​သောသူ​ဌေးချူအားသူ​ရောင်းခဲ့သည့်  Cအဆင့်အလင်းဓါးမက်ခါကို​တွေ့လိုက်ရသည်ဟု​သေချာသည်။

​မှောင်ခို​စျေးအပြင်မှ တိုက်ပင်မတိုက်ခိုက်နိုင်​သော လူကအမှန်တကယ်ကြီးပြိုင်ပွဲ၀င်သည်​လော၊ သို့မဟုတ်...

......

ဤကမ္ဘာကိုစ​ရောက်လာစဥ်ကပင် ယွမ်ရှင်းကျဲတစ်ယောက် စိတ်စွမ်းအားနှင့် ကိုယ်ခံအားကို​လေ့ကျင့်ရန်မပျက်ကွက်ခဲ့​ချေ။ သူ၏တိုးတက်မှုမှာလည်းလျှင်မြန်လှကာ ယခင်ကထက်ပို၍သန်မာလာသည်ပင်။ သို့​သော်အချိန်အနည်းသာလျှင်​ရသည့်တိုးတက်မှုမှာ အကန့်အသတ်ရှိသည်။

သူ၀င်ခွင့်ကို​အောင်မြင်ရန် ဗျူဟာကျိန်း​သေ​ပေါက်လိုအပ်သည်။ မက်ခါစတားဂိမ်းအား​ ကစားပြီးသည့်​နောက် သူ ပြိုင်ပွဲစည်းမျဥ်းများအား နှံ့နှံ့စပ်စပ်နားလည်​နေခဲ့ပြီဖြစ်သည်။

သူ့တွင်​မေးခွန်းတစ်ခုသာရှိသည်။ အသင်းဖွဲ့ခြင်းနှင့် တစ်ကိုယ်တည်းလှုပ်ရှားခြင်း၏ ​ကောင်းကျိုးနှင့်ဆိုးကျိုးများကိုပင်။

အသင်းဖြင့်ဆိုလျှင် အတားအဆီးများကိုဖြတ်​ကျော်ရာ၌ တစ်ဦးကိုတစ်ဦးကူညီနိုင်သည်။ သို့​​သော်လမ်း​ကြောင်းမှားသည်နှင့် တသင်းလုံး​နောက်ကျကျန်ရစ်မှာပင်။

လမ်းမှန်ကို​ရွေးရန်ဆိုပြန်​တော့လည်းသူတို့မှာရပ်ပြီး​ဆွေးနွေးရမည်ဖြစ်ကာအချိန်ကုန်သည်။အသင်းမှတစ်စုံတစ်ဦးထိခိုက်လျှင်လည်း အချိန်ပိုကြာမည်ဖြစ်သည်။

တစ်ဦးချင်းလှုပ်ရှားခြင်းကပိုလွတ်လပ်သည်။ လမ်းမှားသည်ဟုသတိထားမိသည်နှင့် မိမိဘာသာချက်ချင်း​နောက်လမ်းကို​ပြောင်းနိုင်သည်။ သို့​သော်လမ်းတွင်အတားအဆီးများနှင့်ကြုံရလျှင်လည်း တစ်​​ယောက်တည်းသမားမှာ အန္တရာယ်များလှသည်။

ထို့​ကြောင့်ယွမ်ရှင်းကျဲသည် အသင်းနှင့် တစ်ဦးတည်းလှုပ်ရှားခြင်း၏​ကောင်းကွက်များကို ​ပေါင်းစပ်ရန်ဆုံးဖြတ်လိုက်သည်။

[ရှင်းဟိုင် တက္ကသိုလ်မက်ခါပြိုင်ပွဲ ပထမနှစ်များ ယှဥ်ပြိုင်မှုစတင်ပါပြီ]

အမျိုးသမီးစက်ရုပ်သံ၏​ကြေညာမှုနှင့်အတူ ပထမနှစ်များ၏အချိန်မှတ်မှုစတင်​တော့သည်။ အားလုံးမှာလူသစ်ဖြစ်​သော်လည်း၊ မက်ခါ​ကောင်း​ကောင်းမ​မောင်းတတ်သူတစ်​ယောက်မျှမပါ​ချေ။ အထူးသဖြင့် မက်ခါ​မောင်းနှင်​ရေး၏ အတန်းAမှ​ကျောင်းသားများဖြစ်သည်။

​ကျောင်းသားတိုင်းနီးပါးမှာ​ကျောင်းသို့မ၀င်ခင် မက်ခါ​မောင်းဖူးသူချည်းဖြစ်သည်။ ပြိုင်ပွဲစတင်သည်နှင့်အမျိုးမျိုး​သောမက်ခါများထွက်​ပေါ်လာ​တော့သည်။

ကျိုး​ဖေးရွယ် မိမိအတန်းမှက​လေးများကို လိုက်ရှာပြီးကြည့်လိုက်သည်။

အတန်းမတူ​သော​ကျောင်းသားများအား ​မြေပုံ​ပေါ်တွင် ကွဲပြား​သောအလင်းစက်များနှင့်​ဖော်ပြထားသည်။ အတန်းEမှ​​ကျောင်းသားများမှာအပြာ​ရောင်ဖြစ်သည်။ ပြိုင်ပွဲမစခင်ကပင် ယွမ်ရှင်းကျဲနှင့်သူ့အသင်း၏ တည်​နေရာအားကျိုး​ဖေးရွယ်မှတ်ထားခဲ့​လေသည်။

ယခုတွင်သူ၏မျက်လုံးများမှာ ထိုအလင်းစက်အပြာ​ရောင်သုံးခုတွင်​ကော်ကပ်ထားသလိုကပ်​နေခဲ့သည်။

ယွမ်ရှင်းကျဲ၊​အော်ရီရယ်နှင့် လုရန်ရှုတို့အသင်းဖွဲ့လိုက်ကြပုံပင်။ အသာစီးရမှူသိပ်မရှိသည့်တိုင် သူတိူ့အချင်းချင်း​​ကောင်းစွာပူး​ပေါင်းသ၍ ထိပ်ဆုံး၅၀ထဲ၀င်နိုင်သည်။

ကျိုး​ဖေးရွယ်သည် ထိုသုံးဦးအတူတကွ၀င်ခွင့်ကို​အောင်မြင်​စေရန်​​စောင့်ကြည့်​နေမိသည်။

တာ​ဝေး ပြိုင်ပွဲတွင်လူတိုင်းက အလယ်အလတ်ဆိုဒ်ရှိ​သောမက်ခါကို​ရွေးချယ်ကြသည်။ ယွမ်ရှင်းကျဲက အလယ်အလတ်ဆိုဒ် အလင်းဒါးမက်ခါကို​မောင်းနှင်ပြီး လုရန်ရှုနှင့်​အော်ရီရယ်ကမူ ကြယ်တံခွန်မက်ခါနှင့် မုန်တိုင်းမက်ခါတို့ကိုအသီးသီး​ရွေးချယ်ထားကြသည်။

ခြုံကြည့်ရလျှင် တိုက်ခိုက်နိုင်စွမ်း၊ အ​ဝေး ပစ်လက်နက်များနှင့် အမာခံဒိုင်းတို့ဖြင့် အလွန်ပြည့်စုံ​သော သုံး​​ယောက်အဖွဲ့ဖြစ်သည်။

xxxxx

Continue Reading

You'll Also Like

481K 69.2K 101
Just a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pinterest.credit to artist. Author- 即墨遥 စိတ်ကူး...
97.3K 5.3K 115
🪸Mhaw🪸 Fantasy Adventure Series ... Own Creation (Season -1 to Season -11) Started date - 18.5. 2019 Ended date - Novel Creator- Sue Khat Pann
124K 14.4K 113
How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလေလေ သဘောကျမိလာလေဟူသည့် ခံစားချက်ကို ပေးစ...
376K 26.8K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.