"ကိုကို"
"အင္ေမာင္"
"ေမာင္ အန္ခ်င္တယ္ ပီးေတာ့ ေခါင္းလဲ
အရမ္းမူးေနတယ္"
ဖုန္းကိုကိုင္လိုက္သည္ဆိုတာနဲ႕ဘဲ
တစ္ဖက္က ေမာင့္ရဲ႕ႏြမ္းလ်ေနတဲ့
အသံကိုၾကားတာေၾကာင့္ စိတ္ပူစြာေမးလိုက္သည္။ ေမာင္က ရာသီဥတု အေျပာင္းအလဲဆိုေနမေကာင္းျဖစ္တတ္သည္။
ေမာင္က ညေနခင္းဘက္ ေခါင္းေလ်ာ္တာတို႔ အေအးစာစားတာတို႔ဆို
ႏွာေစးေခ်ာင္းဆိုးျဖစ္ေတာ့သည္။
အခုလဲ က်ေနာ္ကမအားတာေၾကာင့္
အလုပ္ကိစၥနဲ႕တစ္ေယာက္တည္းခရီးထြက္သြားသည္။
"ဟင္ ေမာင္ဖ်ားခ်င္ေနတာလား"
"မသိဘူး"
"ကိုယ္ေျပာသားဘဲေမာင္ရယ္ ညဘက္ဆို ေခါင္းမေလွ်ာ္ပါနဲ႕လို ကိုယ္မပါဘဲ
တစ္ေယာက္တည္း ဂ႐ုစိုက္နိုင္တာလဲ
မဟုတ္ဘဲနဲ႕"
"တေန႕လုံး လႈပ္ရွားေနရေတာ့ ညီစိစိ
ျဖစ္တာနဲ႕ ေလွ်ာ္လိုက္တာပါ"
"ေမာင္ကလဲကြာ ဂ႐ုစိုက္မွေပါ့ အခု
ဘယ္လိုလုပ္မွာလဲ ညစာေကာ
ဘာစားထားလဲ "
"မစားရေသးဘူး ဒီမွာကဘယ္သူမွမရွိဘူးဆိုေတာ့ အျပင္လဲထြက္မဝယ္ခ်င္ေတာ့ဘူး ပီးေတာ့ ေမာင္က ကိုကိုျပဳတ္ေပးတဲ့
ငါးဆန္ျပဳတ္စားခ်င္တာကို"
"ေမာင္ကကြာ"
"ေမာင့္ကိုမဆူပါနဲ႕ ေမာင္က ကိုကို႔
လက္ရာ စားခ်င္လို႔ကို"
"အင္း မနက္ျဖန္ကိုယ္လာခဲ့မယ္"
"တကယ္လားဟင္"
"အင္းေပါ့ ေမာင့္ကိုအခုလိုတစ္ေယာက္
တည္းလႊတ္လိုက္မိတဲ့ ကိုယ္ကမွားတာ"
"ကိုကို႔ အမွားမဟုတ္ပါဘူး"
"အင္း ဒီညေတာ့ တစ္ခုခုစားလိုက္ေနာ္
မနက္ ကိုယ္လာမွ ဆန္ျပဳတ္ယူမယ္"
"ဟူတ္"
"ေဆးေကာ ရွိလား"
"ကိုကိုထည့္ေပးလိုက္တဲ့
ေဆးေတြေတာ့ ရွိတယ္"
"အင္ ေသခ်ာေသာက္ေနာ္ အခုအစာစားပီးတာနဲ႕ ေဆးေသာက္လိုက္ေနာ္ ေမာင္"
"ဟုတ္ ေမာင္နားေထာင္မယ္ေနာ္"
"အင္ ကိုယ္စိတ္ခ်မယ္ေနာ္"
"ကိုကို"
"ဟင္"
"ကိုကို႔မ်က္ႏွာျမင္ခ်င္တယ္ video call
ေခၚလိုက္မယ္ေနာ္ "
"ဟုတ္ပီ ေမာင္ဒါဆိုကိုယ္ဖုန္းခ်လိဳက္မယ္ေနာ္ "
"ဟုတ္ကိုကို အရမ္းခ်စ္တယ္"
"အင္ ကိုယ္လဲခ်စ္တယ္ေနာ္ ညစာတစ္ခုခုကိုအရင္စားလိုက္ ပီးရင္ကိုယ့္ကို ေခၚလိုက္ေနာ္ကိုယ္ေမာင္ေဆးေသာက္လား
မေသာက္လားဆိုတာသိခ်င္လို႔"
"ဟုတ္ကိုကို ေမာင္အရင္သြားစားလိုက္အုံးမယ္ေနာ္"
"ဟုတ္ကဲ့ပါဗ်ာ ကိုယ္ေစာင့္ေနမယ္ေနာ္"
"ဟုတ္"
XXXXXXXXXXXXXXXXXXXXXXXXXXX
ညက ေဆးေသာက္ပီး ကိုကို႔ကို ဖုန္းေခၚမယ္လုပ္ေသာ္လဲ မ်က္လုံးကဖြင့္မရေတာ့တာေၾကာင့္ခဏေလးမွိန္းလိုက္တာ
မနက္ခင္းေတာင္ေရာက္သြားသည္။
ရင္းႏွီေနတဲ့အနံ႕နဲ႕အတူ အသီးအ႐ြက္ေတြကိုကြၽမ္းက်င္စြာ လွီးျဖတ္ေနတဲ့အသံက
က်ေနာ္နဲ႕ရင္းႏွီးေနသလို
မီးဖိုေခ်ာင္ကို အားယူပီ ျဖည္းညင္းစြာ
ေလွ်ာက္သြားလိုက္သည္။
"ကိုကို"
ျဖဴလႊလႊ အက်ႌေလးကိုpant အနက္ေရာင္ေလးနဲ႕လိုက္ဖက္စြာဝတ္ဆင္ထားတဲ့လူသားကို ေနာက္ေက်ာကေန တင္းက်ပ္စြာ သိုင္းဖက္ထားလိုက္သည္။
"အာ ေမာင္နိုးလာပီလား"
"အင္း ဘာလို႔ေမာင့္ကို မနိုးတာလဲ
ပီးေတာ့ ဒီကိုဘယ္တုန္းကေရာက္ေနတာလဲ ကိုကိုကိုယ္တိုင္းေမာင္းလာတာလား"
"ေမာင္ကကြာ အဆိုးေလး"
"ေျဖပါ ေမာင္ေမးတာကို"
"ဟုတ္ပါပီဗ်ာ ကိုယ္ဒီကို မနက္၅နာရီတုန္းကေရာက္တာပါ ေမာင့္ကိုနိုးမလို႔ဆို ေမာင္ကအိပ္ေမာက်ေနလို႔ မနိုးေတာ့တာ
ပီးေတာ့ ကိုယ့္ကို ဦးနိုင္လိုက္ပို႔တာပါ"
"ကိုကိုကဗ်ာ ေမာင့္ကိုဖုန္းဆက္တာ
မဟုတ္ဘူး"
"ေမာင္စိတ္ပူမွာစိုးလို႔ေလ ပီးေတာ့
ကိုယ္လာမယ္လို႔ေျပာရင္ ေမာင္က
လက္ခံမွာမွမဟုတ္တာ "
"အဲ့တာေတြက ေမာင္ ကိုကို႔ကိုခ်စ္လို႔ေလဒီေလာက္ထိေဝးတဲ့ခရီးကို ေမာင္က ကိုကိုတစ္ေယာက္တည္းစိတ္ခ်ပါ့မလား
ကိုကိုသာ တစ္ခုခုျဖစ္သြားရင္ ေမာင္ဘယ္လိုလုပ္ရမလဲ"
"ကိုယ္အခု အႏၲရာယ္ကင္းကင္းနဲ႕ေရာက္လာတယ္ေလာကြာ"
"ေမာင္ကစိတ္ပူလို႔ဟာကို"
"ကိုယ္သိပါတယ္ ေနာက္ဆိုအခုလိုမလုပ္ေတာ့ဘူးေလေနာ္ အခုကိုယ္လိုက္လာတယ္ဆိုတာက ေမာင့္ကို စိတ္မခ်လိဳ႕ေလ ေမာင္ကေနမေကာင္းဘူးမလား"
"ေမာင္ကရတယ္"
"အင္းပါ ဒါဆိုပီးရင္ ကိုယ္ျပန္လိုက္မယ္"
ကိုကို!!
"မဟုတ္လို႔လား ေမာင္က ကိုယ္လာတာ
မႀကိဳက္လို႔လား"
"ေမာင္ မႀကိဳက္ဘူးလို႔ေျပာမိလား"
"မသိဘူးေလ ေမာင္က ကိုယ္လာတာ
မႀကိဳက္လို႔ ေျပာေနတာမ်ားလားလို႔"
"...."
အသံမထြက္လာေတာ့ဘဲအေနာက္ကေနၿငိမ္သြားတာေၾကာင့္ ဒီေကာင္ေလး တစ္ခုခုျဖစ္ေနပီဆိုတာသိလိုက္သည္။
မီးအပူရွိန္ကို ေလ်ာ့လိုက္ရင္း က်ေနာ့ကိုသိုင္းဖက္ထားတဲ့လက္ကို ျဖဳတ္လိုက္ကာ
ေသခ်ာဆုပ္ကိုင္ပီး အဆိုးေလးနဲ႕မ်က္ႏွာခ်င္းဆိုင္လိုက္သည္။
"ေမာင္ ကိုယ့္ကိုၾကည့္ ကိုယ္က စလိုက္တာေလ "
"ကိုကိုျပန္မယ္လို႔ေျပာတာ"
"ကိုယ္ တကယ္မျပန္ပါဘူး ေနမေကာင္း
တဲ့လူကိုတစ္ေယာက္တည္းမထားခဲ့နိုင္ပါဘူး ပီးေတာ့ ဒီလူက ကိုယ့္အပိုင္ေလ"
"အင္း ေမာင့္ကိုမထားခဲ့နဲ႕ေနာ္ "
"အင္းပါ လာ အေရွ႕ကိုသြားရေအာင္
ကိုယ္ေမာင့္အတြက္ဆန္ျပဳတ္
ထည့္ေပးမယ္"
"ဟုတ္"
XXXXXXXXXXXXXXXXXXXXXXXXX
"ကိုကိုကကြာ ေမာင့္ကိုၾကည့္ေလ"
"ခဏေလးပါေမာင္ရယ္ ကိုယ္အခု
အလုပ္နဲနဲ႐ူပ္ေနတယ္ ခဏေလးေနာ္"
"ကိုကို မရဘူးကြာ ေမာင့္ကိုၾကည့္လို႔"
ညစာစားပီး ေမာင္ကလသာေဆာင္မွာထိုင္ခ်င္သည္ဆိုတာေၾကာင့္ ထိုင္ရင္း
ဆိုင္က ပို႔လာတဲ့လခ်ဳပ္စာရင္းေတြကို
စစ္ေနတုန္း
ေမာင္က က်ေနာ့ေပါင္ေပၚ သူ႕ေျခေထာက္တင္ထားရင္း ပုခုံးသားမ်ားကို
နမ္းရိူက္ေနသည္။
"ေမာင္ ၿငိမ္ၿငိမ္ေနကြာ"
"ကိုကို ေမာင့္ကိုၾကည့္ေလ ဒါဆို"
Laptop ကိုပိတ္လိုက္ပီး သူေျပာတာကို
နားေထာင္ေပးဖို႔ျပင္လိုက္သည္။
"အင္အင္ ေျပာ ေမာင္ဘာကိုေျပာမွာတုန္း"
ေမာင္က က်ေနာ့ကိုနမ္းေနရာမွ
ရပ္လိုက္ပီး က်ေနာ့ပုခုံးေပၚေမးတင္ကာ ေနာက္ကေနသိုင္းဖက္ထားသည္။
"ခ်မ္းေနပီလား အထဲကိုသြားမယ္ေလ"
"အာရပါတယ္"
"အင္ ေမာင္ေလ အခုလို ေမာင္ခ်စ္ရတဲ့သူကို ဖက္ပီးၾကယ္ေတြျပည့္ေနတဲ့ေကာင္းကင္ႀကီးကိုၾကည့္ခ်င္ေနခဲ့တာ"
"အခု ကိုယ္ရွိေနပီေလ"
"အင္းကိုကို ေမာင့္ကိုခ်စ္တယ္လို႔
ေျပာတဲ့ေနကတည္းက ေမာင္က
ကံအေကာင္းဆုံးလူသားလို႔ထင္မိတယ္"
"ေမာင္ "
"ကိုကို႔ကိုအခုလို ဖက္တြယ္ေနရတာကို
သေဘာက်တယ္ ကိုကိုအနားမွာရွိေနရင္
သေဘာက်တယ္ကိုကိုဂ႐ုစိုက္ေပးရင္
သေဘာက်တယ္"
"....."
"ကိုကို ေမာင့္အနားမွာ အၿမဲတမ္းရွိေပးေနာ္"
"ေမာင္"
ေမာင္က အက်ႌအိတ္ကပ္ထဲကေန
လက္စြပ္ဗူးေလးထုပ္ပီး က်ေနာ့ေရွ႕မွာ
ဒူးေထာက္ကာခြ င့္ေတာင္းေနခဲ့သည္။
"ကိုကိုေမာင့္ကို လက္ထပ္နိုင္မလားဟင္"
"ကိုယ္"
"ေမာင္ ကိုကို႔ကို အၿမဲတမ္းခ်စ္သြားမွာပါ
ေမာင့္ကို လက္ထပ္နိုင္မလားဟင္"
"အင္ ကိုလက္ခံတယ္ ေမာင္ ကိုယ္လက္ခံတယ္"
"ကိုကို"
ေမာင္က ဒူးေထာက္ေနရာမွထလာပီး က်ေနာ့ကို တင္းက်ပ္စြာေထြးေပြ႕ထားသည္။
"ကိုကို ေမာင္အရမ္းေပ်ာ္တယ္ ေမာင့္ကိုလက္ခံေပးလို႔ ေက်းဇူးပါ"
"အင္း မငိုရဘူးေလ ေမာင္ တိတ္ေတာ့"
"ဒါက ေပ်ာ္လို႔ပါ ေနာက္ဆုံးေတာ့ ကိုကို႔ကိုေမာင္ပိုင္ဆိုင္ရေတာ့မယ္"
"ဟုတ္ပါပီဗ်ာ ကိုယ့္ကိုလက္စြပ္ စြပ္ေပးအုံးေလ"
"ဟုတ္"
ကိုကိုနဲ႕က်ေနာ္လက္စြပ္ကို အျပန္အလွန္ဝတ္ေပးလိုက္ပီး ကိုကို႔ရဲ႕ပုခုံးကိုမွီကာ ေကာင္းကင္ကိုၾကည့္ေနလိုက္သည္။
ဒီညမွ ၾကယ္ေတြ လေတြမရွိတဲ့ေကာင္းကင္ႀကီးကပို၍လွပေနသေယာင္။
#ေပါက္စ
(ေနာက္က်သြားလို႔ ေတာင္းပန္ပါတယ္ဗ်ာ)
"ကိုကို"
"အင်မောင်"
"မောင် အန်ချင်တယ် ပီးတော့ ခေါင်းလဲ
အရမ်းမူးနေတယ်"
ဖုန်းကိုကိုင်လိုက်သည်ဆိုတာနဲ့ဘဲ
တစ်ဖက်က မောင့်ရဲ့နွမ်းလျနေတဲ့
အသံကိုကြားတာကြောင့် စိတ်ပူစွာမေးလိုက်သည်။ မောင်က ရာသီဥတု အပြောင်းအလဲဆိုနေမကောင်းဖြစ်တတ်သည်။
မောင်က ညနေခင်းဘက် ခေါင်းလျော်တာတို့ အအေးစာစားတာတို့ဆို
နှာစေးချောင်းဆိုးဖြစ်တော့သည်။
အခုလဲ ကျနော်ကမအားတာကြောင့်
အလုပ်ကိစ္စနဲ့တစ်ယောက်တည်းခရီးထွက်သွားသည်။
"ဟင် မောင်ဖျားချင်နေတာလား"
"မသိဘူး"
"ကိုယ်ပြောသားဘဲမောင်ရယ် ညဘက်ဆို ခေါင်းမလျှော်ပါနဲ့လို ကိုယ်မပါဘဲ
တစ်ယောက်တည်း ဂရုစိုက်နိုင်တာလဲ
မဟုတ်ဘဲနဲ့"
"တနေ့လုံး လှုပ်ရှားနေရတော့ ညီစိစိ
ဖြစ်တာနဲ့ လျှော်လိုက်တာပါ"
"မောင်ကလဲကွာ ဂရုစိုက်မှပေါ့ အခု
ဘယ်လိုလုပ်မှာလဲ ညစာကော
ဘာစားထားလဲ "
"မစားရသေးဘူး ဒီမှာကဘယ်သူမှမရှိဘူးဆိုတော့ အပြင်လဲထွက်မဝယ်ချင်တော့ဘူး ပီးတော့ မောင်က ကိုကိုပြုတ်ပေးတဲ့
ငါးဆန်ပြုတ်စားချင်တာကို"
"မောင်ကကွာ"
"မောင့်ကိုမဆူပါနဲ့ မောင်က ကိုကို့
လက်ရာ စားချင်လို့ကို"
"အင်း မနက်ဖြန်ကိုယ်လာခဲ့မယ်"
"တကယ်လားဟင်"
"အင်းပေါ့ မောင့်ကိုအခုလိုတစ်ယောက်
တည်းလွှတ်လိုက်မိတဲ့ ကိုယ်ကမှားတာ"
"ကိုကို့ အမှားမဟုတ်ပါဘူး"
"အင်း ဒီညတော့ တစ်ခုခုစားလိုက်နော်
မနက် ကိုယ်လာမှ ဆန်ပြုတ်ယူမယ်"
"ဟူတ်"
"ဆေးကော ရှိလား"
"ကိုကိုထည့်ပေးလိုက်တဲ့
ဆေးတွေတော့ ရှိတယ်"
"အင် သေချာသောက်နော် အခုအစာစားပီးတာနဲ့ ဆေးသောက်လိုက်နော် မောင်"
"ဟုတ် မောင်နားထောင်မယ်နော်"
"အင် ကိုယ်စိတ်ချမယ်နော်"
"ကိုကို"
"ဟင်"
"ကိုကို့မျက်နှာမြင်ချင်တယ် video call
ခေါ်လိုက်မယ်နော် "
"ဟုတ်ပီ မောင်ဒါဆိုကိုယ်ဖုန်းချလိုက်မယ်နော် "
"ဟုတ်ကိုကို အရမ်းချစ်တယ်"
"အင် ကိုယ်လဲချစ်တယ်နော် ညစာတစ်ခုခုကိုအရင်စားလိုက် ပီးရင်ကိုယ့်ကို ခေါ်လိုက်နော်ကိုယ်မောင်ဆေးသောက်လား
မသောက်လားဆိုတာသိချင်လို့"
"ဟုတ်ကိုကို မောင်အရင်သွားစားလိုက်အုံးမယ်နော်"
"ဟုတ်ကဲ့ပါဗျာ ကိုယ်စောင့်နေမယ်နော်"
"ဟုတ်"
XXXXXXXXXXXXXXXXXXXXXXXXXXX
ညက ဆေးသောက်ပီး ကိုကို့ကို ဖုန်းခေါ်မယ်လုပ်သော်လဲ မျက်လုံးကဖွင့်မရတော့တာကြောင့်ခဏလေးမှိန်းလိုက်တာ
မနက်ခင်းတောင်ရောက်သွားသည်။
ရင်းနှီနေတဲ့အနံ့နဲ့အတူ အသီးအရွက်တွေကိုကျွမ်းကျင်စွာ လှီးဖြတ်နေတဲ့အသံက
ကျနော်နဲ့ရင်းနှီးနေသလို
မီးဖိုချောင်ကို အားယူပီ ဖြည်းညင်းစွာ
လျှောက်သွားလိုက်သည်။
"ကိုကို"
ဖြူလွှလွှ အကျႌလေးကိုpant အနက်ရောင်လေးနဲ့လိုက်ဖက်စွာဝတ်ဆင်ထားတဲ့လူသားကို နောက်ကျောကနေ တင်းကျပ်စွာ သိုင်းဖက်ထားလိုက်သည်။
"အာ မောင်နိုးလာပီလား"
"အင်း ဘာလို့မောင့်ကို မနိုးတာလဲ
ပီးတော့ ဒီကိုဘယ်တုန်းကရောက်နေတာလဲ ကိုကိုကိုယ်တိုင်းမောင်းလာတာလား"
"မောင်ကကွာ အဆိုးလေး"
"ဖြေပါ မောင်မေးတာကို"
"ဟုတ်ပါပီဗျာ ကိုယ်ဒီကို မနက်၅နာရီတုန်းကရောက်တာပါ မောင့်ကိုနိုးမလို့ဆို မောင်ကအိပ်မောကျနေလို့ မနိုးတော့တာ
ပီးတော့ ကိုယ့်ကို ဦးနိုင်လိုက်ပို့တာပါ"
"ကိုကိုကဗျာ မောင့်ကိုဖုန်းဆက်တာ
မဟုတ်ဘူး"
"မောင်စိတ်ပူမှာစိုးလို့လေ ပီးတော့
ကိုယ်လာမယ်လို့ပြောရင် မောင်က
လက်ခံမှာမှမဟုတ်တာ "
"အဲ့တာတွေက မောင် ကိုကို့ကိုချစ်လို့လေဒီလောက်ထိဝေးတဲ့ခရီးကို မောင်က ကိုကိုတစ်ယောက်တည်းစိတ်ချပါ့မလား
ကိုကိုသာ တစ်ခုခုဖြစ်သွားရင် မောင်ဘယ်လိုလုပ်ရမလဲ"
"ကိုယ်အခု အန္တရာယ်ကင်းကင်းနဲ့ရောက်လာတယ်လောကွာ"
"မောင်ကစိတ်ပူလို့ဟာကို"
"ကိုယ်သိပါတယ် နောက်ဆိုအခုလိုမလုပ်တော့ဘူးလေနော် အခုကိုယ်လိုက်လာတယ်ဆိုတာက မောင့်ကို စိတ်မချလို့လေ မောင်ကနေမကောင်းဘူးမလား"
"မောင်ကရတယ်"
"အင်းပါ ဒါဆိုပီးရင် ကိုယ်ပြန်လိုက်မယ်"
ကိုကို!!
"မဟုတ်လို့လား မောင်က ကိုယ်လာတာ
မကြိုက်လို့လား"
"မောင် မကြိုက်ဘူးလို့ပြောမိလား"
"မသိဘူးလေ မောင်က ကိုယ်လာတာ
မကြိုက်လို့ ပြောနေတာများလားလို့"
"...."
အသံမထွက်လာတော့ဘဲအနောက်ကနေငြိမ်သွားတာကြောင့် ဒီကောင်လေး တစ်ခုခုဖြစ်နေပီဆိုတာသိလိုက်သည်။
မီးအပူရှိန်ကို လျော့လိုက်ရင်း ကျနော့ကိုသိုင်းဖက်ထားတဲ့လက်ကို ဖြုတ်လိုက်ကာ
သေချာဆုပ်ကိုင်ပီး အဆိုးလေးနဲ့မျက်နှာချင်းဆိုင်လိုက်သည်။
"မောင် ကိုယ့်ကိုကြည့် ကိုယ်က စလိုက်တာလေ "
"ကိုကိုပြန်မယ်လို့ပြောတာ"
"ကိုယ် တကယ်မပြန်ပါဘူး နေမကောင်း
တဲ့လူကိုတစ်ယောက်တည်းမထားခဲ့နိုင်ပါဘူး ပီးတော့ ဒီလူက ကိုယ့်အပိုင်လေ"
"အင်း မောင့်ကိုမထားခဲ့နဲ့နော် "
"အင်းပါ လာ အရှေ့ကိုသွားရအောင်
ကိုယ်မောင့်အတွက်ဆန်ပြုတ်
ထည့်ပေးမယ်"
"ဟုတ်"
XXXXXXXXXXXXXXXXXXXXXXXXX
"ကိုကိုကကွာ မောင့်ကိုကြည့်လေ"
"ခဏလေးပါမောင်ရယ် ကိုယ်အခု
အလုပ်နဲနဲရူပ်နေတယ် ခဏလေးနော်"
"ကိုကို မရဘူးကွာ မောင့်ကိုကြည့်လို့"
ညစာစားပီး မောင်ကလသာဆောင်မှာထိုင်ချင်သည်ဆိုတာကြောင့် ထိုင်ရင်း
ဆိုင်က ပို့လာတဲ့လချုပ်စာရင်းတွေကို
စစ်နေတုန်း
မောင်က ကျနော့ပေါင်ပေါ် သူ့ခြေထောက်တင်ထားရင်း ပုခုံးသားများကို
နမ်းရိူက်နေသည်။
"မောင် ငြိမ်ငြိမ်နေကွာ"
"ကိုကို မောင့်ကိုကြည့်လေ ဒါဆို"
Laptop ကိုပိတ်လိုက်ပီး သူပြောတာကို
နားထောင်ပေးဖို့ပြင်လိုက်သည်။
"အင်အင် ပြော မောင်ဘာကိုပြောမှာတုန်း"
မောင်က ကျနော့ကိုနမ်းနေရာမှ
ရပ်လိုက်ပီး ကျနော့ပုခုံးပေါ်မေးတင်ကာ နောက်ကနေသိုင်းဖက်ထားသည်။
"ချမ်းနေပီလား အထဲကိုသွားမယ်လေ"
"အာရပါတယ်"
"အင် မောင်လေ အခုလို မောင်ချစ်ရတဲ့သူကို ဖက်ပီးကြယ်တွေပြည့်နေတဲ့ကောင်းကင်ကြီးကိုကြည့်ချင်နေခဲ့တာ"
"အခု ကိုယ်ရှိနေပီလေ"
"အင်းကိုကို မောင့်ကိုချစ်တယ်လို့
ပြောတဲ့နေကတည်းက မောင်က
ကံအကောင်းဆုံးလူသားလို့ထင်မိတယ်"
"မောင် "
"ကိုကို့ကိုအခုလို ဖက်တွယ်နေရတာကို
သဘောကျတယ် ကိုကိုအနားမှာရှိနေရင်
သဘောကျတယ်ကိုကိုဂရုစိုက်ပေးရင်
သဘောကျတယ်"
"....."
"ကိုကို မောင့်အနားမှာ အမြဲတမ်းရှိပေးနော်"
"မောင်"
မောင်က အကျႌအိတ်ကပ်ထဲကနေ
လက်စွပ်ဗူးလေးထုပ်ပီး ကျနော့ရှေ့မှာ
ဒူးထောက်ကာခွ င့်တောင်းနေခဲ့သည်။
"ကိုကိုမောင့်ကို လက်ထပ်နိုင်မလားဟင်"
"ကိုယ်"
"မောင် ကိုကို့ကို အမြဲတမ်းချစ်သွားမှာပါ
မောင့်ကို လက်ထပ်နိုင်မလားဟင်"
"အင် ကိုလက်ခံတယ် မောင် ကိုယ်လက်ခံတယ်"
"ကိုကို"
မောင်က ဒူးထောက်နေရာမှထလာပီး ကျနော့ကို တင်းကျပ်စွာထွေးပွေ့ထားသည်။
"ကိုကို မောင်အရမ်းပျော်တယ် မောင့်ကိုလက်ခံပေးလို့ ကျေးဇူးပါ"
"အင်း မငိုရဘူးလေ မောင် တိတ်တော့"
"ဒါက ပျော်လို့ပါ နောက်ဆုံးတော့ ကိုကို့ကိုမောင်ပိုင်ဆိုင်ရတော့မယ်"
"ဟုတ်ပါပီဗျာ ကိုယ့်ကိုလက်စွပ် စွပ်ပေးအုံးလေ"
"ဟုတ်"
ကိုကိုနဲ့ကျနော်လက်စွပ်ကို အပြန်အလှန်ဝတ်ပေးလိုက်ပီး ကိုကို့ရဲ့ပုခုံးကိုမှီကာ ကောင်းကင်ကိုကြည့်နေလိုက်သည်။
ဒီညမှ ကြယ်တွေ လတွေမရှိတဲ့ကောင်းကင်ကြီးကပို၍လှပနေသယောင်။
#ပေါက်စ
(နောက်ကျသွားလို့ တောင်းပန်ပါတယ်ဗျာ)