Second life
(55)
{ ကွေဟွားမုန့်များ}
ဝမ်ကွမ်းတုံ မီးဖိုချောင်ထဲ ဟိုပြေးဒီပြေးနဲ့ ချက်ပြုတ်နေစဥ် ရှင်ကျန့်မင်က ထမင်းစား စားပွဲမှာထိုင်၍ ကြည့်နေ၏။ သူတို့နှစ်ယောက်သည် ဝေးလံခေါင်ဖျား ဒေသမှာ ရောက်နေသလိုပဲ ပတ်ဝန်းကျင်က အလွန်အမင်း တိတ်ဆိတ်လျက်ရှိသည်။
အိမ်ကလေးက သန့်ရှင်းသပ်ရပ်ကာ အိမ်နဲ့ မနီးမဝေးမှာတော့ ပေ၂၀ခန့်ရှည်ပြီး ကျောက်တုံးကျောက်ခဲတွေ အလွန်ပေါများသော ချောင်းတစ်ခု ရှိလေသည်။
ဝမ်ကွမ်းတုံ ထိုချောင်းထဲကနေ ငါးသွားဖမ်းထားပုံရသည်။ သူက ငါးစွပ်ပြုတ်လုပ်ကာ အသီးအရွက်တွေလည်း ကြော်နေသေးသည်။ သူလုပ်သွားပုံတွေက အင်မတန် ကျွမ်းကျင်မှုရှိကာ မီးဖိုနဲ့ မစိမ်းသူ တစ်ယောက်လိုပင်။
ငါးစွပ်ပြုတ်အတွက် ရေနွေး တည်ထားတုန်း ဝမ်ကွမ်းတုံသည် အရွက်တွေ တင်ထားတဲ့ စားပွဲပေါ်ကို ပြန်လာ၏။ အသန့် အလွန်ကြိုက်တဲ့ အလှလေးရဲ့ မျက်နှာမှာ အခုတော့ အိုးမဲတချို့ ပေကျန်လျက်။
အနားရောက်တော့ ဝမ်ကွမ်းတုံ ရှင်ကျန့်မင်ကို ပြုံးပြလိုက်၏။
"ဒီနေ့ညစာက ငါ့လက်ရာနော်... မင်းအခုကစပြီး ငါ့လက်ရာကိုပဲ စားရတော့မှာ"
ရှင်ကျန့်မင်လည်း ပြုံးလိုက်သည်။ သူက ခေါင်းညိတ်၍ ဝမ်ကွမ်းတုံပါးက အိုးမဲတွေကို လှမ်းသုတ်ပေးရင်း။
"မင်း မီးဖိုချောင်နဲ့ ဒီလောက်ထိ ရင်းနှီးနေမယ်လို့ မထင်ထားဘူး"
ဝမ်ကွမ်းတုံ ပြုံး၍ -"မေမေက သူ့သားတွေကို မီးဖိုချောင် ကိစ္စတွေကအစ အကုန်သင်ပေးတယ်လေ... ဒါပေမဲ့ ငါက ငယ်ငယ်ကတည်းက မီးဖိုချောင်ကို သဘောမကျဘူး ညစ်ပတ်လို့လေ... အဲဒါကြောင့် ကိုကိုကပဲ ငါ့အတွက် အနစ်နာခံပေးရတာ.... "
ဝမ်ကွမ်းတုံက ဖုန့်ဝူယိအကြောင်း ပြောလိုက်တိုင်း မျက်ဝန်းတွေ တောက်ပလာလေ၏။
"ကိုကိုက အရမ်းဟင်းချက်ကောင်းတယ်... ငယ်ငယ်ကဆို ကိုကို ခိုးချက်ကျွေးတာတွေက အရမ်းစားလို့ကောင်းတာ"
"ဘာလို့ ခိုးချက်တာလဲ?"
"ဘာလို့လဲဆိုတော့ ဖုန့်မိသားစုမှာ ငါတို့ကို သဘောမကျတဲ့လူတွေ အများကြီးပဲ.. သူတို့က ငါတို့ဘာလုပ်လုပ် လိုက်နှောင့်ယှက်နေကြတာ ဖေဖေက ပြင်ပကဝင်လာတဲ့ တပည့်လေ ဖုန့်မျိုးနွယ် အစစ်အမှန် မဟုတ်ဘူး... ဖေဖေ့နေရာ တည်မြဲဖို့ ငါတို့ဖုန့်မိသားစုကို သည်းခံနေရတယ်..."
ဝမ်ကွမ်းတုံ အတိတ်အကြောင်းကို ပြောရင်း ပြုံးတစ်လှည့် မဲ့တစ်လှည့်ဖြင့်။
"တစ်ခါတလေဆို ငါတို့ညီအစ်ကိုတွေ မုန့်မစားရဘူး အဲဒီအခါကျရင် ငါနဲ့ကွေဟွားလေးက အရမ်းငိုတာ.... ငါတို့ငိုပြီဆိုရင် ကိုကိုက ထွက်သွားရော ပြီးရင်တော့ ဒဏ်ရာတွေနဲ့ ပြန်ရောက်လာတတ်တယ်"
"သူ အရိုက်ခံလိုက်ရတာလား?"
"အင်း... ကိုကိုက ငယ်ငယ်ကတည်းက အရမ်းရင့်ကျက်တာ။ မေမေနဲ့ဖေဖေ ပြီးရင် ကိုကိုက ငါတို့ရဲ့ ဒုတိယမိဘပဲ"
အဲဒါကြောင့် ဝမ်ကွမ်းတုံက ဖုန့်ဝူယိနဲ့ ပတ်သက်ပြီး ဆက်ဆက်ထိမခံ ဖြစ်နေတာကို ရှင်ကျန့်မင် နားလည်သွားသည်။ ဝမ်ကွမ်းတုံ နှလုံးသားထဲမှာ သူက ဖုန့်ဝူယိနဲ့တောင် ယှဥ်လို့ မရလောက်ချေ။
သို့သော်လည်း ဝမ်ကွမ်းတုံက သူ့ကိုဘယ်တော့မှ စွန့်ပစ်သွားမှာ မဟုတ်ကြောင်းကိုလည်း သဘောပေါက်ထားသည်။
ဝမ်ကွမ်းတုံ ဟင်းရွက်သင်နေတာကို ကြည့်ရင်း အရှေ့တိုးကာ ထိုအလှလေးရဲ့ပါးကို နမ်းရှိုက်လိုက်၏။
"ကိုယ်အခုကစပြီး မင်းပြောစကားကို နားထောင်ပါ့မယ်"
ရှင်ကျန့်မင် အသံက အလွန်တိုးရှစွာ ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်က အားနည်းနေတာကြောင့် ဖြစ်မယ် ရှင်ကျန့်မင်ရဲ့ အရင်က အရှိန်အဝါတွေက သိသိသာသာ ပျောက်ကွယ်နေလျက်။
ဝမ်ကွမ်းတုံလည်း တစ်ဖက်လူကို သွတ်လတ်စွာ ပြန်နမ်းလိုက်သည်။
"ကတိနော်?"
"အင်း"
ဝမ်ကွမ်းတုံ ပျော်ရွှင်သွားကာ ညစာအတွက် လျင်မြန်စွာ လုပ်ဆောင်တော့သည်။
.......
တစ်ဖက်တွင်ရှိ ရှင်ပြည်ထောင်ထဲက ထောင်ကျိုအိမ်တော်ထဲတွင်။
ပေကျစ်ကျိုးသည် သူ့အတိတ်အကြောင်းကို အနည်းငယ် သိလိုစိတ်ကြောင့် သခင်မဟွားနဲ့ စကားပြောဖို့ စောင့်ဆိုင်းနေ၏။ သခင်မဟွားသည် ချင်းမင်သခင်မကို ဒဏ်ရာအပြင်းအထန် ရစေပြီးနောက် ပျောက်သွားသည်။
ဆရာကြီးရဲ့ သေဆုံးခြင်း နှစ်ပတ်လည်နေ့ကို ရောက်တော့မှာ ဖြစ်တာကြောင့် လုံရှန်းတောင်ကို ပြန်သွားတာမို့ သူ့ဆီ စာတစ်စောင် ပို့လာ၏။
အဖြူရောင် စာပို့ခိုလေးသည် တောင်ပံတဖျတ်ဖျတ် ခတ်ကာ ပေကျစ်ကျိုးဆီ ပျံသန်းလာသည်။ ပေကျစ်ကျိုး စာပို့ခိုခြေထောက်အောက်က စာလွှာကို ယူပြီးနောက် ခိုကိုပြန်လွှတ်ပေးလိုက်သည်။
စာကို ဖွင့်ကြည့်လိုက်တော့။
["လုံအာ.... ဒေါ်လေး တောင်းပန်ပါတယ် မင်းရဲ့ဘဝအမှန်ကို ဖုံးကွယ်ပေးထားတာက မင်းကောင်းဖို့ပါ... မင်းအမေက မင်းဘဝကို ထီးနန်းကိစ္စတွေကြောင့် မရှုပ်ထွေးစေချင်ဘဲ အေးအေးချမ်းချမ်း ဖြတ်သန်းသွားစေချင်တာ... အဲဒါကြောင့် မင်းကို ဧကရာဇ်လက်ထဲ အပ်ခဲ့တာ။ မင်း ဒေါ်လေးကို မုန်းနေမလားတော့ မသိဘူး... မင်း မုဖန်းမြို့ဖက်မှာ အခြေချတော့မယ်လို့ ကြားတယ်။ အဲဒါက အရမ်းကောင်းတဲ့ အစီအစဥ်ပဲ လုံရှန်းတောင်မှာ ကိစ္စတွေပြီးရင် အဒေါ်မင်းကို လာတွေ့မယ်"]
ပေကျစ်ကျိုး စာရွက်ကို လက်ဖဝါးထဲမှာပဲ အမှုန့်ဖြစ်သည်အထိ ဖိချေလိုက်သည်။ ထိုအရာကို လမ်းလျှောက်ထွက်လာတဲ့ ဟွမ်ရှုမြင်သော် နန်းဆောင်ငယ်ပေါ်သို့ ပြေးတက်လာ၏။
"ဆရာ.... ဆရာ စောစောက သုံးသွားတဲ့ အတွင်းအားက အရမ်းကောင်းတာပဲ တပည့်ကို သင်ပေးပါလားဟင်?"
ပေကျစ်ကျိုး လှည့်ကြည့်လိုက်တော့ ဟွမ်ရှုက ခေါင်းလေးစောင်း၍ ကြည့်နေ၏။ သူမက လက်တစ်ဖက်တွင် ကွေဟွားကိတ်လေးကို ကိုင်ထားကာ တစ်ဖက်မှာတော့ မုန့်တွေတင်ထားတဲ့ ပန်းကန်ပြားကိုလည်း ကိုင်ထားသေးသည်။
သူမရဲ့ မျက်လုံးတွေက တောက်ပနေ၏။
ပေကျစ်ကျိုး -"နေ့တိုင်း စားဖို့ပဲသိတယ်!"
"အဟဲ.... ဆရာကလည်း ဒါဆရာကတော် ကိုယ်တိုင် လုပ်ထားတဲ့ မုန့်လေ!"
"ဘာ!!! ယိယိ လုပ်တာ!!"
"အင်း"
"ငါ့အတွက်ကရော"
"မသိဘူးလေ"
သူမ ဖြေပြီးနောက် ပေကျစ်ကျိုး မျက်နှာတစ်ခုလုံး မည်းပုတ်သွားတော့သည်။ သူက ဟွမ်ရှုရဲ့ မေးခွန်းကို ပြန်မဖြေတော့ဘဲ ဖုန့်ဝူယိရှိတဲ့ နေရာကို ပျံသန်းသွားလေ၏။
ဟွမ်ရှု မုန့်တစ်ခြမ်းကို စားနေရက်မှ အံ့ဩသွားသည်။ အချိန်ခဏကြာတော့ ဟွမ်ရှုမျက်နှာထက်တွင် ပျော်ရွှင်နေသော အပြုံးတစ်ပွင့် ပေါ်လာ၏။ ပြီးတော့မှ ပေကျစ်ကျိုး သူမကိုဘာမှ မဖြေသွားကြောင်း သတိရသွားကာ။
"အဲ!!! ဆရာ!!! တပည့်ကို သင်ပေးပါလားလို့!!"
ပေကျစ်ကျိုးကတော့ အရိပ်တောင် မမြင်ရအောင် ပျောက်ကွယ်သွားလေပြီ။ သူက ဖုန့်ဝူယိရှိတဲ့ ရေကန်ဘေးက နန်းဆောင်ငယ်လေးဆီ ပျံသန်းသွား၏။
လီခိုင်းက အအေးကြိုက်တာကြောင့် ရေကန်ဘေးက အေးတဲ့နေရာမှာ သားအဖနှစ်ယောက် အနားယူနေကြခြင်း ဖြစ်လေသည်။ ပေကျစ်ကျိုး ရောက်လာတော့ ဖုန့်ဝူယိသည် လီခိုင်းလေးအား မုန့်တစ်ဖဲ့ ခွံ့ကျွေးနေတာ တွေ့လိုက်ရသည်။
သစ်ရွက်လှုပ်ရှားသံကြောင့် ဖုန့်ဝူယိ ခေါင်းမော့ကြည့်လိုက်သည်။ ပေကျစ်ကျိုး သစ်ရွက်တွေကို အသာဖိကန်ရင်း သူတို့အနားမှာ ဆင်းလိုက်သည်။
သူက သူ့မျက်နှာကို ရည်ရွယ်ချက်ရှိရှိနဲ့ ဆူပုတ်ထားပြီး။
"ယိယိ မုန့်လုပ်ထားတယ်ဆို!"
ဖုန့်ဝူယိလည်း အပြုံးတစ်ပွင့် ပေးလိုက်ကာ စားပွဲပေါ်က သေတ္တာချိုင့် အဝိုင်းလေးကို ဖွင့်လိုက်သည်။
"ဟုတ်တယ်.... ဝမ်ရယ် သခင်မဟွားနဲ့ ဆက်သွယ်နေတာသိလို့ ဝမ်ရယ်ကို စောင့်နေတာ"
"ဒါပေမဲ့ ဟွမ်ရှုကအရင် စားသွားပြီလေ"
"မဟုတ်တာ.... ကျွန်တော် ဝမ်ရယ်အတွက် ပထမဆုံး လုပ်ထားတာတွေကို ဒီထဲ အရင်ဖယ်ထားပြီးသား... ကြည့်လိုက်!"
သေတ္တာထဲ၌ ကွေဟွားပွင့်ဖတ်များ ပုံစံဖြင့် ကျွမ်းကျင်စွာ ပြုလုပ်ထားသော မုန့်တွေကို သေသေချာချာ စီထည့်ထားတာ တွေ့လိုက်ရသည်။
လီခိုင်းကတော့ စားပွဲပေါ် တက်ထိုင်၍ မုန့်တစ်ခုကို လက်နှစ်ဖက်လုံးဖြင့် အားရပါးရ စားသောက်နေတာ ပေပွနေ၏။ ပေကျစ်ကျိုးလည်း စားပွဲဘေးမှာထိုင်ကာ မုန့်တစ်ခုကို စိတ်လှုပ်ရှားစွာ ယူစားလိုက်သည်။
လီခိုင်းလေးရဲ့ အားရပါးရ စားနေပုံက အင်မတန် အရသာရှိပုံပေါ်ပြီး သူလာနေတာကိုတောင် ထိုကလေးက မော့ကြည့်မလာဘူးလေ။ ကြည့်ရတာ မုန့်က တော်တော်ကောင်းပုံပဲ။
ပေကျစ်ကျိုး တစ်ခုမြည်းကြည့်ပြီးတော့ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ ဖုန့်ဝူယိကတော့ ဘေးတွင် အသံတိတ်ပြုံးနေ၏။
"ကောင်းလိုက်တာ.... သရေစာ မကြိုက်တဲ့ ကိုယ်တောင် မင်းလက်ရာကို ကြိုက်သွားပြီ..."
"ဒါဆို ဝမ်ရယ် ပိုစားရမယ်နော်"
"ဒါပေါ့"
ထိုစဥ် လက်သေးသေးလေးက မုန့်တွေဆီ ထပ်လှမ်းလာ၏။ ဖုန့်ဝူယိလည်း တစ်ခုယူကာ ထိုကလေးလက်ထဲ ထည့်ပေးလိုက်သည်။ သူပေးပြီးနောက် မုန့်သေတ္တာ ပျောက်သွားတာ တွေ့လိုက်ရ၏။
ဖုန့်ဝူယိ ဟိုဖက်ဒီဘက် ရှာကြည့်လိုက်တော့ မုန့်သေတ္တာကို ပိုက်ထားတဲ့ ပေကျစ်ကျိုးသည် နန်းဆောင်လက်ရမ်းပေါ် ရောက်သွားတာ တွေ့ရလေသည်။
"ဝမ်ရယ်.....?"
"သူစားတာ များနေပြီ.... ဒါတွေအကုန်လုံး ကိုယ်ပဲ စားလိုက်မယ်"
"......ဒါပေမဲ့ သူနှစ်ခုပဲ စားရသေး...."
"မရဘူး သူများနေပြီ!!"
"....."
ဖုန့်ဝူယိမှာ ဘာစကားမှ ဆက်မပြောနိုင်ဘဲ ဆွံ့အသွားရတော့သည်။ လီခိုင်းလေးကတော့ မွေးစားဖေဖေ နှစ်ယောက်ရဲ့ အမူအရာတွေကို နားမလည်ဘဲ မုန့်ကိုသာ အာရုံစိုက်စားနေ၏။
သူ့ပါးစပ်နဲ့ လက်နှစ်ဖက်စလုံး ပေပွနေပေမယ့် အင်မတန် ချစ်စရာကောင်းနေသည်။
တခြားတစ်ဖက်ရှိ ဟွမ်ရှုသည် ဖုန့်ဝူယိပေးသော သုံးဆင့်သစ်သားချိုင့်ကို ယူဆောင်လျက် ယဲ့ထောင်ရှိရာသို့ ချီတက်လာခဲ့၏။ ယဲ့ထောင်ရဲ့ နာမည်ပြောင်က ကွေ့ဟွားလေး ဆိုပေမယ့် ထိုနာမည်က သူ့မိသားစုဝင်တွေကပဲ ခေါ်တာကြောင့် ဟွမ်ရှု ခေါ်ချင်ပေမယ့် မခေါ်ခဲ့ချေ။
ဖုန့်မိသားစု အကြောင်းကြားပြီး သူတို့ကို အတိတ်က ဒဏ်ရာတွေကို ပြန်မဆွပေးစေလို၍ ဖြစ်သည်။
ခြံဝန်းတစ်ခုထဲမှာတော့ ယဲ့ထောင်က သိုင်းကျင့်နေခဲ့၏။ သူက ဟွမ်ရှု မုန့်စားရင်း ဝင်လာတာတွေ့မှ ရပ်လိုက်သည်။ အကြောင်းမှာ သူသေတဲ့အထိ မေ့မှာမဟုတ်တဲ့ မုန့်အနံ့ကို ရလိုက်တာကြောင့်လေ။
ယဲ့ထောင် လှည့်ကြည့်လိုက်တော့ ဟွမ်ရှုက သစ်သားချိုင့်လေးကို မြှောက်ပြလာ၏။
"ဆရာကတော် ပေးလိုက်တာ....."
ယဲ့ထောင် ဓားသိမ်းကာ သစ်ပင်ရိပ်ဆီ ချက်ချင်း ပြေးလာသည်။
"ကိုကိုကိုယ်တိုင် လုပ်တာလား?"
"အင်း အရမ်း အရမ်း အရသာရှိတာပဲ!! ကျွန်မဆို စားနေတာ ၁၀ခုပြည့်တော့မယ် ဒီညတော့ ညစာ မစားနိုင်လောက်တော့ဘူး"
ယဲ့ထောင်ကတော့ ခေါင်းသာ အသာညိတ်ပြီး ချိုင့်ထဲက မုန့်တွေကို ယူစားနေလိုက်သည်။ သူစားနေပုံကို ကြည့်ကာ ဟွမ်ရှု သူ့ကိုယ်သူ ရှုံးသွားတယ်လို့ ခံစားလိုက်ရတော့သည်။
အကြောင်းမှာ ယဲ့ထောင်က မုန့်တစ်ခုနဲ့ တစ်ခုကြားမှာ မျက်တောင်နှစ်ချက် ခတ်စာမျှသာ ကြာမြှင့်လေ၏။ သူ့ရဲ့ တစ်ခုပြီးတစ်ခု ယူစားနေပုံက ခဏအတွင်း ချိုင့်နှစ်ဆင့်လုံး ကုန်သွားသည်။
ယဲ့ထောင် သူအရမ်း စားနေမိပြီးမှ ဟွမ်ရှုက ချိုင့်ကိုကိုင်ထားရင်း သူ့ကို မျက်လုံးပြူးကြည့်နေကြောင်း တွေ့လိုက်မှ ရပ်တန့်သွားတော့သည်။ သူက ဟွမ်ရှုရှေ့ မုန့်တစ်ခု ထိုးပေးလိုက်ကာ။
"စားမလား?"
"ကျွန်မ ရှင်စားနေပုံကို ကြည့်ပြီး တော်တော်လေး ဗိုက်ပြည့်သွားပြီ!"
ယဲ့ထောင် ပြုံးလိုက်သည်။ သူပြုံးလိုက်တဲ့အခိုက် ဟွမ်ရှု မျက်တောင်ကလေးတွေပင် ပုတ်ခတ်မိသွား၏။ ယဲ့ထောင်က ခန့်ညားတဲ့ ယောက်ျားတစ်ယောက် ဖြစ်ကာ သူ့အပြုံးကလည်း အလွန် ကြည့်ကောင်းလေသည်။
အရပ်ရှည်ပြီး ကြွက်သားတွေလည်း တောင့်တင်းနေသလို ရင်အုပ်ကြီးကလည်း မှီထားချင်လာအောင် ဆွဲဆောင်နိုင်၏။
"အရှေ့တိုင်းပြည် ဟွမ်မိသားစုက သခင်မလေးက ဒီလိုနေရာမျိုးမှာ လာပြီး ပျော်မွေ့နေမယ်လို့ မထင်ထားဘူး"
အသံတစ်သံက သူတို့နှစ်ယောက်လုံးကို ရပ်တန့်သွားစေ၏။ ခြံထဲကို လူတစ်ယောက် ဆင်းလာသည်။ ၎င်းက လက်တစ်ဖက်မှာ ဓားအိမ်ကို ကျစ်နေအောင် ကိုင်ထားတဲ့ လူငယ်တစ်ဦးပင် ဖြစ်သည်။
ယဲ့ထောင်လည်း ဟွမ်ရှုကို ကြည့်လိုက်ကာ။
"မင်းအသိလား?"
"အင်း သူက ယွမ်မိသားစုက ယွမ်စန်း.... "
ယွမ်စန်း -"ဟွမ်ရှု မင်းသူနဲ့ တော်တော် ရင်းနှီးနေပုံပဲနော်.... ငါကြားတာတော့ မင်းက မင်းအဖေအတွက် သမက်တစ်ယောက် ရှာတွေ့ထားတယ်ဆို... ငါ့အထင်တော့ မင်းပြောနေတဲ့လူက အခုမုန့်စားနေတဲ့ ကောင်လား?"
ယွမ်စန်းက လက်ပိုက်ထားလျက် ယဲ့ထောင်ကို အထင်သေးမှု အပြည့်ဖြင့် ကြည့်နေသည်။ ယဲ့ထောင်က သူ့ကို ဂရုတောင်မစိုက်ဘဲ မုန့်ကိုပဲ ဆက်စားနေတာတွေ့တောင် ယွမ်စန်း ဒေါသထွက်လာသည်။
"ဟေ့ကောင်!! မင်းနားကြားလား? နားကြားရင် သေချာနားထောင်!!! ဟွမ်ရှုက ငါ့ဇနီးလောင်းပဲ မင်းနဲ့ ဘာမှမဆိုင်ဘူး မင်းကို နောက်ဆုတ်ထားဖို့ သတိပေးလိုက်မယ်!"
ယဲ့ထောင်လည်း စားနေတာကို ရပ်ကာ ဟွမ်ရှုအား မျက်ခုံးပင့်ကြည့်လိုက်သည်။
ဟွမ်ရှု -"ဘာကြည့်တာလဲ? ကျွန်မမျက်နှာက သူ့ကို ကြိုက်ပါတယ်လို့ ရေးထားလို့လား?"
ဟွမ်ရှု ယွမ်စန်းကို မျက်စောင်းလှမ်း ထိုးကြည့်ကာ။
"နေ့တိုင်း အရက်သောက် အလေလိုက်... အားရင် ဆောင်ကြာမြိုင်မှာ သွားပျော်ပါးနေတဲ့ ကောင်ကို ကျွန်မက ကြိုက်စရာလား? မိန်းမတကာနဲ့ ထိတွေ့ထားတဲ့ လက်တွေကို ကျွန်မ အရွံဆုံးပဲ"
ထိုသို့ ပြောလိုက်တော့ ယွမ်စန်းမျက်နှာသည် ပိုလို့ ကြည့်ရဆိုးသွားကာ သူတို့နှစ်ယောက်ကို ဝါးစားမတတ် စိုက်ကြည့်နေတော့သည်။
ယဲ့ထောင်ကတော့ မပြောင်းလဲသော မျက်နှာထားဖြင့် မုန့်တွေကိုသာ ကုန်အောင်စားပြီး သစ်သားချိုင့်ကို သစ်ပင်အောက်တွင် ထားလိုက်သည်။ ဟွမ်ရှုသည် ယွမ်စန်းကို ကန်ထုတ်ဖို့အတွက် အသင့်အနေအထား ဖြစ်နေပြီ ဖြစ်သည်။
Second life
(55)
{ ေကြဟြားမုန့္မ်ား}
ဝမ္ကြမ္းတုံ မီးဖိုေခ်ာင္ထဲ ဟိုေျပးဒီေျပးနဲ႕ ခ်က္ျပဳတ္ေနစဥ္ ရွင္က်န့္မင္က ထမင္းစား စားပြဲမွာထိုင္၍ ၾကည့္ေန၏။ သူတို႔ႏွစ္ေယာက္သည္ ေဝးလံေခါင္ဖ်ား ေဒသမွာ ေရာက္ေနသလိုပဲ ပတ္ဝန္းက်င္က အလြန္အမင္း တိတ္ဆိတ္လ်က္ရွိသည္။
အိမ္ကေလးက သန့္ရွင္းသပ္ရပ္ကာ အိမ္နဲ႕ မနီးမေဝးမွာေတာ့ ေပ၂၀ခန့္ရွည္ၿပီး ေက်ာက္တုံးေက်ာက္ခဲေတြ အလြန္ေပါမ်ားေသာ ေခ်ာင္းတစ္ခု ရွိေလသည္။
ဝမ္ကြမ္းတုံ ထိုေခ်ာင္းထဲကေန ငါးသြားဖမ္းထားပုံရသည္။ သူက ငါးစြပ္ျပဳတ္လုပ္ကာ အသီးအ႐ြက္ေတြလည္း ေၾကာ္ေနေသးသည္။ သူလုပ္သြားပုံေတြက အင္မတန္ ကြၽမ္းက်င္မႈရွိကာ မီးဖိုနဲ႕ မစိမ္းသူ တစ္ေယာက္လိုပင္။
ငါးစြပ္ျပဳတ္အတြက္ ေရႏြေး တည္ထားတုန္း ဝမ္ကြမ္းတုံသည္ အ႐ြက္ေတြ တင္ထားတဲ့ စားပြဲေပၚကို ျပန္လာ၏။ အသန့္ အလြန္ႀကိဳက္တဲ့ အလွေလးရဲ႕ မ်က္ႏွာမွာ အခုေတာ့ အိုးမဲတခ်ိဳ႕ ေပက်န္လ်က္။
အနားေရာက္ေတာ့ ဝမ္ကြမ္းတုံ ရွင္က်န့္မင္ကို ၿပဳံးျပလိုက္၏။
"ဒီေန႕ညစာက ငါ့လက္ရာေနာ္... မင္းအခုကစၿပီး ငါ့လက္ရာကိုပဲ စားရေတာ့မွာ"
ရွင္က်န့္မင္လည္း ၿပဳံးလိုက္သည္။ သူက ေခါင္းညိတ္၍ ဝမ္ကြမ္းတုံပါးက အိုးမဲေတြကို လွမ္းသုတ္ေပးရင္း။
"မင္း မီးဖိုေခ်ာင္နဲ႕ ဒီေလာက္ထိ ရင္းႏွီးေနမယ္လို႔ မထင္ထားဘူး"
ဝမ္ကြမ္းတုံ ၿပဳံး၍ -"ေမေမက သူ႕သားေတြကို မီးဖိုေခ်ာင္ ကိစၥေတြကအစ အကုန္သင္ေပးတယ္ေလ... ဒါေပမဲ့ ငါက ငယ္ငယ္ကတည္းက မီးဖိုေခ်ာင္ကို သေဘာမက်ဘဴး ညစ္ပတ္လို႔ေလ... အဲဒါေၾကာင့္ ကိုကိုကပဲ ငါ့အတြက္ အနစ္နာခံေပးရတာ.... "
ဝမ္ကြမ္းတုံက ဖုန့္ဝူယိအေၾကာင္း ေျပာလိုက္တိုင္း မ်က္ဝန္းေတြ ေတာက္ပလာေလ၏။
"ကိုကိုက အရမ္းဟင္းခ်က္ေကာင္းတယ္... ငယ္ငယ္ကဆို ကိုကို ခိုးခ်က္ေကြၽးတာေတြက အရမ္းစားလို႔ေကာင္းတာ"
"ဘာလို႔ ခိုးခ်က္တာလဲ?"
"ဘာလို႔လဲဆိုေတာ့ ဖုန့္မိသားစုမွာ ငါတို႔ကို သေဘာမက်တဲ့လူေတြ အမ်ားႀကီးပဲ.. သူတို႔က ငါတို႔ဘာလုပ္လုပ္ လိုက္ႏွောင့္ယွက္ေနၾကတာ ေဖေဖက ျပင္ပကဝင္လာတဲ့ တပည့္ေလ ဖုန့္မ်ိဳးႏြယ္ အစစ္အမွန္ မဟုတ္ဘူး... ေဖေဖ့ေနရာ တည္ၿမဲဖို႔ ငါတို႔ဖုန့္မိသားစုကို သည္းခံေနရတယ္..."
ဝမ္ကြမ္းတုံ အတိတ္အေၾကာင္းကို ေျပာရင္း ၿပဳံးတစ္လွည့္ မဲ့တစ္လွည့္ျဖင့္။
"တစ္ခါတေလဆို ငါတို႔ညီအစ္ကိုေတြ မုန့္မစားရဘူး အဲဒီအခါက်ရင္ ငါနဲ႕ေကြဟြားေလးက အရမ္းငိုတာ.... ငါတို႔ငိုၿပီဆိုရင္ ကိုကိုက ထြက္သြားေရာ ၿပီးရင္ေတာ့ ဒဏ္ရာေတြနဲ႕ ျပန္ေရာက္လာတတ္တယ္"
"သူ အရိုက္ခံလိုက္ရတာလား?"
"အင္း... ကိုကိုက ငယ္ငယ္ကတည္းက အရမ္းရင့္က်က္တာ။ ေမေမနဲ႕ေဖေဖ ၿပီးရင္ ကိုကိုက ငါတို႔ရဲ႕ ဒုတိယမိဘပဲ"
အဲဒါေၾကာင့္ ဝမ္ကြမ္းတုံက ဖုန့္ဝူယိနဲ႕ ပတ္သက္ၿပီး ဆက္ဆက္ထိမခံ ျဖစ္ေနတာကို ရွင္က်န့္မင္ နားလည္သြားသည္။ ဝမ္ကြမ္းတုံ ႏွလုံးသားထဲမွာ သူက ဖုန့္ဝူယိနဲ႕ေတာင္ ယွဥ္လို႔ မရေလာက္ေခ်။
သို႔ေသာ္လည္း ဝမ္ကြမ္းတုံက သူ႕ကိုဘယ္ေတာ့မွ စြန့္ပစ္သြားမွာ မဟုတ္ေၾကာင္းကိုလည္း သေဘာေပါက္ထားသည္။
ဝမ္ကြမ္းတုံ ဟင္း႐ြက္သင္ေနတာကို ၾကည့္ရင္း အေရွ႕တိုးကာ ထိုအလွေလးရဲ႕ပါးကို နမ္းရွိုက္လိုက္၏။
"ကိုယ္အခုကစၿပီး မင္းေျပာစကားကို နားေထာင္ပါ့မယ္"
ရွင္က်န့္မင္ အသံက အလြန္တိုးရွစြာ ထြက္ေပၚလာသည္။ သူ႕ခႏၶာကိုယ္က အားနည္းေနတာေၾကာင့္ ျဖစ္မယ္ ရွင္က်န့္မင္ရဲ႕ အရင္က အရွိန္အဝါေတြက သိသိသာသာ ေပ်ာက္ကြယ္ေနလ်က္။
ဝမ္ကြမ္းတုံလည္း တစ္ဖက္လူကို သြတ္လတ္စြာ ျပန္နမ္းလိုက္သည္။
"ကတိေနာ္?"
"အင္း"
ဝမ္ကြမ္းတုံ ေပ်ာ္႐ႊင္သြားကာ ညစာအတြက္ လ်င္ျမန္စြာ လုပ္ေဆာင္ေတာ့သည္။
.......
တစ္ဖက္တြင္ရွိ ရွင္ျပည္ေထာင္ထဲက ေထာင္က်ိဳအိမ္ေတာ္ထဲတြင္။
ေပက်စ္က်ိဳးသည္ သူ႕အတိတ္အေၾကာင္းကို အနည္းငယ္ သိလိုစိတ္ေၾကာင့္ သခင္မဟြားနဲ႕ စကားေျပာဖို႔ ေစာင့္ဆိုင္းေန၏။ သခင္မဟြားသည္ ခ်င္းမင္သခင္မကို ဒဏ္ရာအျပင္းအထန္ ရေစၿပီးေနာက္ ေပ်ာက္သြားသည္။
ဆရာႀကီးရဲ႕ ေသဆုံးျခင္း ႏွစ္ပတ္လည္ေန႕ကို ေရာက္ေတာ့မွာ ျဖစ္တာေၾကာင့္ လုံရွန္းေတာင္ကို ျပန္သြားတာမို႔ သူ႕ဆီ စာတစ္ေစာင္ ပို႔လာ၏။
အျဖဴေရာင္ စာပို႔ခိုေလးသည္ ေတာင္ပံတဖ်တ္ဖ်တ္ ခတ္ကာ ေပက်စ္က်ိဳးဆီ ပ်ံသန္းလာသည္။ ေပက်စ္က်ိဳး စာပို႔ခိုေျခေထာက္ေအာက္က စာလႊာကို ယူၿပီးေနာက္ ခိုကိုျပန္လႊတ္ေပးလိုက္သည္။
စာကို ဖြင့္ၾကည့္လိုက္ေတာ့။
["လုံအာ.... ေဒၚေလး ေတာင္းပန္ပါတယ္ မင္းရဲ႕ဘဝအမွန္ကို ဖုံးကြယ္ေပးထားတာက မင္းေကာင္းဖို႔ပါ... မင္းအေမက မင္းဘဝကို ထီးနန္းကိစၥေတြေၾကာင့္ မရႈပ္ေထြးေစခ်င္ဘဲ ေအးေအးခ်မ္းခ်မ္း ျဖတ္သန္းသြားေစခ်င္တာ... အဲဒါေၾကာင့္ မင္းကို ဧကရာဇ္လက္ထဲ အပ္ခဲ့တာ။ မင္း ေဒၚေလးကို မုန္းေနမလားေတာ့ မသိဘူး... မင္း မုဖန္းၿမိဳ႕ဖက္မွာ အေျခခ်ေတာ့မယ္လို႔ ၾကားတယ္။ အဲဒါက အရမ္းေကာင္းတဲ့ အစီအစဥ္ပဲ လုံရွန္းေတာင္မွာ ကိစၥေတြၿပီးရင္ အေဒၚမင္းကို လာေတြ႕မယ္"]
ေပက်စ္က်ိဳး စာ႐ြက္ကို လက္ဖဝါးထဲမွာပဲ အမႈန့္ျဖစ္သည္အထိ ဖိေခ်လိဳက္သည္။ ထိုအရာကို လမ္းေလွ်ာက္ထြက္လာတဲ့ ဟြမ္ရႈျမင္ေသာ္ နန္းေဆာင္ငယ္ေပၚသို႔ ေျပးတက္လာ၏။
"ဆရာ.... ဆရာ ေစာေစာက သုံးသြားတဲ့ အတြင္းအားက အရမ္းေကာင္းတာပဲ တပည့္ကို သင္ေပးပါလားဟင္?"
ေပက်စ္က်ိဳး လွည့္ၾကည့္လိုက္ေတာ့ ဟြမ္ရႈက ေခါင္းေလးေစာင္း၍ ၾကည့္ေန၏။ သူမက လက္တစ္ဖက္တြင္ ေကြဟြားကိတ္ေလးကို ကိုင္ထားကာ တစ္ဖက္မွာေတာ့ မုန့္ေတြတင္ထားတဲ့ ပန္းကန္ျပားကိုလည္း ကိုင္ထားေသးသည္။
သူမရဲ႕ မ်က္လုံးေတြက ေတာက္ပေန၏။
ေပက်စ္က်ိဳး -"ေန႕တိုင္း စားဖို႔ပဲသိတယ္!"
"အဟဲ.... ဆရာကလည္း ဒါဆရာကေတာ္ ကိုယ္တိုင္ လုပ္ထားတဲ့ မုန့္ေလ!"
"ဘာ!!! ယိယိ လုပ္တာ!!"
"အင္း"
"ငါ့အတြက္ကေရာ"
"မသိဘူးေလ"
သူမ ေျဖၿပီးေနာက္ ေပက်စ္က်ိဳး မ်က္ႏွာတစ္ခုလုံး မည္းပုတ္သြားေတာ့သည္။ သူက ဟြမ္ရႈရဲ႕ ေမးခြန္းကို ျပန္မေျဖေတာ့ဘဲ ဖုန့္ဝူယိရွိတဲ့ ေနရာကို ပ်ံသန္းသြားေလ၏။
ဟြမ္ရႈ မုန့္တစ္ျခမ္းကို စားေနရက္မွ အံ့ဩသြားသည္။ အခ်ိန္ခဏၾကာေတာ့ ဟြမ္ရႈမ်က္ႏွာထက္တြင္ ေပ်ာ္႐ႊင္ေနေသာ အၿပဳံးတစ္ပြင့္ ေပၚလာ၏။ ၿပီးေတာ့မွ ေပက်စ္က်ိဳး သူမကိုဘာမွ မေျဖသြားေၾကာင္း သတိရသြားကာ။
"အဲ!!! ဆရာ!!! တပည့္ကို သင္ေပးပါလားလို႔!!"
ေပက်စ္က်ိဳးကေတာ့ အရိပ္ေတာင္ မျမင္ရေအာင္ ေပ်ာက္ကြယ္သြားေလၿပီ။ သူက ဖုန့္ဝူယိရွိတဲ့ ေရကန္ေဘးက နန္းေဆာင္ငယ္ေလးဆီ ပ်ံသန္းသြား၏။
လီခိုင္းက အေအးႀကိဳက္တာေၾကာင့္ ေရကန္ေဘးက ေအးတဲ့ေနရာမွာ သားအဖႏွစ္ေယာက္ အနားယူေနၾကျခင္း ျဖစ္ေလသည္။ ေပက်စ္က်ိဳး ေရာက္လာေတာ့ ဖုန့္ဝူယိသည္ လီခိုင္းေလးအား မုန့္တစ္ဖဲ့ ခြံ႕ေကြၽးေနတာ ေတြ႕လိုက္ရသည္။
သစ္႐ြက္လႈပ္ရွားသံေၾကာင့္ ဖုန့္ဝူယိ ေခါင္းေမာ့ၾကည့္လိုက္သည္။ ေပက်စ္က်ိဳး သစ္႐ြက္ေတြကို အသာဖိကန္ရင္း သူတို႔အနားမွာ ဆင္းလိုက္သည္။
သူက သူ႕မ်က္ႏွာကို ရည္႐ြယ္ခ်က္ရွိရွိနဲ႕ ဆူပုတ္ထားၿပီး။
"ယိယိ မုန့္လုပ္ထားတယ္ဆို!"
ဖုန့္ဝူယိလည္း အၿပဳံးတစ္ပြင့္ ေပးလိုက္ကာ စားပြဲေပၚက ေသတၱာခ်ိဳင့္ အဝိုင္းေလးကို ဖြင့္လိုက္သည္။
"ဟုတ္တယ္.... ဝမ္ရယ္ သခင္မဟြားနဲ႕ ဆက္သြယ္ေနတာသိလို႔ ဝမ္ရယ္ကို ေစာင့္ေနတာ"
"ဒါေပမဲ့ ဟြမ္ရႈကအရင္ စားသြားၿပီေလ"
"မဟုတ္တာ.... ကြၽန္ေတာ္ ဝမ္ရယ္အတြက္ ပထမဆုံး လုပ္ထားတာေတြကို ဒီထဲ အရင္ဖယ္ထားၿပီးသား... ၾကည့္လိုက္!"
ေသတၱာထဲ၌ ေကြဟြားပြင့္ဖတ္မ်ား ပုံစံျဖင့္ ကြၽမ္းက်င္စြာ ျပဳလုပ္ထားေသာ မုန့္ေတြကို ေသေသခ်ာခ်ာ စီထည့္ထားတာ ေတြ႕လိုက္ရသည္။
လီခိုင္းကေတာ့ စားပြဲေပၚ တက္ထိုင္၍ မုန့္တစ္ခုကို လက္ႏွစ္ဖက္လုံးျဖင့္ အားရပါးရ စားေသာက္ေနတာ ေပပြေန၏။ ေပက်စ္က်ိဳးလည္း စားပြဲေဘးမွာထိုင္ကာ မုန့္တစ္ခုကို စိတ္လႈပ္ရွားစြာ ယူစားလိုက္သည္။
လီခိုင္းေလးရဲ႕ အားရပါးရ စားေနပုံက အင္မတန္ အရသာရွိပုံေပၚၿပီး သူလာေနတာကိုေတာင္ ထိုကေလးက ေမာ့ၾကည့္မလာဘူးေလ။ ၾကည့္ရတာ မုန့္က ေတာ္ေတာ္ေကာင္းပုံပဲ။
ေပက်စ္က်ိဳး တစ္ခုျမည္းၾကည့္ၿပီးေတာ့ တစ္ကိုယ္လုံး ေတာင့္တင္းသြားသည္။ ဖုန့္ဝူယိကေတာ့ ေဘးတြင္ အသံတိတ္ၿပဳံးေန၏။
"ေကာင္းလိုက္တာ.... သေရစာ မႀကိဳက္တဲ့ ကိုယ္ေတာင္ မင္းလက္ရာကို ႀကိဳက္သြားၿပီ..."
"ဒါဆို ဝမ္ရယ္ ပိုစားရမယ္ေနာ္"
"ဒါေပါ့"
ထိုစဥ္ လက္ေသးေသးေလးက မုန့္ေတြဆီ ထပ္လွမ္းလာ၏။ ဖုန့္ဝူယိလည္း တစ္ခုယူကာ ထိုကေလးလက္ထဲ ထည့္ေပးလိုက္သည္။ သူေပးၿပီးေနာက္ မုန့္ေသတၱာ ေပ်ာက္သြားတာ ေတြ႕လိုက္ရ၏။
ဖုန့္ဝူယိ ဟိုဖက္ဒီဘက္ ရွာၾကည့္လိုက္ေတာ့ မုန့္ေသတၱာကို ပိုက္ထားတဲ့ ေပက်စ္က်ိဳးသည္ နန္းေဆာင္လက္ရမ္းေပၚ ေရာက္သြားတာ ေတြ႕ရေလသည္။
"ဝမ္ရယ္.....?"
"သူစားတာ မ်ားေနၿပီ.... ဒါေတြအကုန္လုံး ကိုယ္ပဲ စားလိုက္မယ္"
"......ဒါေပမဲ့ သူႏွစ္ခုပဲ စားရေသး...."
"မရဘူး သူမ်ားေနၿပီ!!"
"....."
ဖုန့္ဝူယိမွာ ဘာစကားမွ ဆက္မေျပာနိုင္ဘဲ ဆြံ႕အသြားရေတာ့သည္။ လီခိုင္းေလးကေတာ့ ေမြးစားေဖေဖ ႏွစ္ေယာက္ရဲ႕ အမူအရာေတြကို နားမလည္ဘဲ မုန့္ကိုသာ အာ႐ုံစိုက္စားေန၏။
သူ႕ပါးစပ္နဲ႕ လက္ႏွစ္ဖက္စလုံး ေပပြေနေပမယ့္ အင္မတန္ ခ်စ္စရာေကာင္းေနသည္။
တျခားတစ္ဖက္ရွိ ဟြမ္ရႈသည္ ဖုန့္ဝူယိေပးေသာ သုံးဆင့္သစ္သားခ်ိဳင့္ကို ယူေဆာင္လ်က္ ယဲ့ေထာင္ရွိရာသို႔ ခ်ီတက္လာခဲ့၏။ ယဲ့ေထာင္ရဲ႕ နာမည္ေျပာင္က ေကြ႕ဟြားေလး ဆိုေပမယ့္ ထိုနာမည္က သူ႕မိသားစုဝင္ေတြကပဲ ေခၚတာေၾကာင့္ ဟြမ္ရႈ ေခၚခ်င္ေပမယ့္ မေခၚခဲ့ေခ်။
ဖုန့္မိသားစု အေၾကာင္းၾကားၿပီး သူတို႔ကို အတိတ္က ဒဏ္ရာေတြကို ျပန္မဆြေပးေစလို၍ ျဖစ္သည္။
ၿခံဝန္းတစ္ခုထဲမွာေတာ့ ယဲ့ေထာင္က သိုင္းက်င့္ေနခဲ့၏။ သူက ဟြမ္ရႈ မုန့္စားရင္း ဝင္လာတာေတြ႕မွ ရပ္လိုက္သည္။ အေၾကာင္းမွာ သူေသတဲ့အထိ ေမ့မွာမဟုတ္တဲ့ မုန့္အနံ႕ကို ရလိုက္တာေၾကာင့္ေလ။
ယဲ့ေထာင္ လွည့္ၾကည့္လိုက္ေတာ့ ဟြမ္ရႈက သစ္သားခ်ိဳင့္ေလးကို ျမႇောက္ျပလာ၏။
"ဆရာကေတာ္ ေပးလိုက္တာ....."
ယဲ့ေထာင္ ဓားသိမ္းကာ သစ္ပင္ရိပ္ဆီ ခ်က္ခ်င္း ေျပးလာသည္။
"ကိုကိုကိုယ္တိုင္ လုပ္တာလား?"
"အင္း အရမ္း အရမ္း အရသာရွိတာပဲ!! ကြၽန္မဆို စားေနတာ ၁၀ခုျပည့္ေတာ့မယ္ ဒီညေတာ့ ညစာ မစားနိုင္ေလာက္ေတာ့ဘူး"
ယဲ့ေထာင္ကေတာ့ ေခါင္းသာ အသာညိတ္ၿပီး ခ်ိဳင့္ထဲက မုန့္ေတြကို ယူစားေနလိုက္သည္။ သူစားေနပုံကို ၾကည့္ကာ ဟြမ္ရႈ သူ႕ကိုယ္သူ ရႈံးသြားတယ္လို႔ ခံစားလိုက္ရေတာ့သည္။
အေၾကာင္းမွာ ယဲ့ေထာင္က မုန့္တစ္ခုနဲ႕ တစ္ခုၾကားမွာ မ်က္ေတာင္ႏွစ္ခ်က္ ခတ္စာမွ်သာ ၾကာျမႇင့္ေလ၏။ သူ႕ရဲ႕ တစ္ခုၿပီးတစ္ခု ယူစားေနပုံက ခဏအတြင္း ခ်ိဳင့္ႏွစ္ဆင့္လုံး ကုန္သြားသည္။
ယဲ့ေထာင္ သူအရမ္း စားေနမိၿပီးမွ ဟြမ္ရႈက ခ်ိဳင့္ကိုကိုင္ထားရင္း သူ႕ကို မ်က္လုံးျပဴးၾကည့္ေနေၾကာင္း ေတြ႕လိုက္မွ ရပ္တန့္သြားေတာ့သည္။ သူက ဟြမ္ရႈေရွ႕ မုန့္တစ္ခု ထိုးေပးလိုက္ကာ။
"စားမလား?"
"ကြၽန္မ ရွင္စားေနပုံကို ၾကည့္ၿပီး ေတာ္ေတာ္ေလး ဗိုက္ျပည့္သြားၿပီ!"
ယဲ့ေထာင္ ၿပဳံးလိုက္သည္။ သူၿပဳံးလိုက္တဲ့အခိုက္ ဟြမ္ရႈ မ်က္ေတာင္ကေလးေတြပင္ ပုတ္ခတ္မိသြား၏။ ယဲ့ေထာင္က ခန့္ညားတဲ့ ေယာက္်ားတစ္ေယာက္ ျဖစ္ကာ သူ႕အၿပဳံးကလည္း အလြန္ ၾကည့္ေကာင္းေလသည္။
အရပ္ရွည္ၿပီး ႂကြက္သားေတြလည္း ေတာင့္တင္းေနသလို ရင္အုပ္ႀကီးကလည္း မွီထားခ်င္လာေအာင္ ဆြဲေဆာင္နိုင္၏။
"အေရွ႕တိုင္းျပည္ ဟြမ္မိသားစုက သခင္မေလးက ဒီလိုေနရာမ်ိဳးမွာ လာၿပီး ေပ်ာ္ေမြ႕ေနမယ္လို႔ မထင္ထားဘူး"
အသံတစ္သံက သူတို႔ႏွစ္ေယာက္လုံးကို ရပ္တန့္သြားေစ၏။ ၿခံထဲကို လူတစ္ေယာက္ ဆင္းလာသည္။ ၎က လက္တစ္ဖက္မွာ ဓားအိမ္ကို က်စ္ေနေအာင္ ကိုင္ထားတဲ့ လူငယ္တစ္ဦးပင္ ျဖစ္သည္။
ယဲ့ေထာင္လည္း ဟြမ္ရႈကို ၾကည့္လိုက္ကာ။
"မင္းအသိလား?"
"အင္း သူက ယြမ္မိသားစုက ယြမ္စန္း.... "
ယြမ္စန္း -"ဟြမ္ရႈ မင္းသူနဲ႕ ေတာ္ေတာ္ ရင္းႏွီးေနပုံပဲေနာ္.... ငါၾကားတာေတာ့ မင္းက မင္းအေဖအတြက္ သမက္တစ္ေယာက္ ရွာေတြ႕ထားတယ္ဆို... ငါ့အထင္ေတာ့ မင္းေျပာေနတဲ့လူက အခုမုန့္စားေနတဲ့ ေကာင္လား?"
ယြမ္စန္းက လက္ပိုက္ထားလ်က္ ယဲ့ေထာင္ကို အထင္ေသးမႈ အျပည့္ျဖင့္ ၾကည့္ေနသည္။ ယဲ့ေထာင္က သူ႕ကို ဂ႐ုေတာင္မစိုက္ဘဲ မုန့္ကိုပဲ ဆက္စားေနတာေတြ႕ေတာင္ ယြမ္စန္း ေဒါသထြက္လာသည္။
"ေဟ့ေကာင္!! မင္းနားၾကားလား? နားၾကားရင္ ေသခ်ာနားေထာင္!!! ဟြမ္ရႈက ငါ့ဇနီးေလာင္းပဲ မင္းနဲ႕ ဘာမွမဆိုင္ဘူး မင္းကို ေနာက္ဆုတ္ထားဖို႔ သတိေပးလိုက္မယ္!"
ယဲ့ေထာင္လည္း စားေနတာကို ရပ္ကာ ဟြမ္ရႈအား မ်က္ခုံးပင့္ၾကည့္လိုက္သည္။
ဟြမ္ရႈ -"ဘာၾကည့္တာလဲ? ကြၽန္မမ်က္ႏွာက သူ႕ကို ႀကိဳက္ပါတယ္လို႔ ေရးထားလို႔လား?"
ဟြမ္ရႈ ယြမ္စန္းကို မ်က္ေစာင္းလွမ္း ထိုးၾကည့္ကာ။
"ေန႕တိုင္း အရက္ေသာက္ အေလလိုက္... အားရင္ ေဆာင္ၾကာၿမိဳင္မွာ သြားေပ်ာ္ပါးေနတဲ့ ေကာင္ကို ကြၽန္မက ႀကိဳက္စရာလား? မိန္းမတကာနဲ႕ ထိေတြ႕ထားတဲ့ လက္ေတြကို ကြၽန္မ အ႐ြံဆုံးပဲ"
ထိုသို႔ ေျပာလိုက္ေတာ့ ယြမ္စန္းမ်က္ႏွာသည္ ပိုလို႔ ၾကည့္ရဆိုးသြားကာ သူတို႔ႏွစ္ေယာက္ကို ဝါးစားမတတ္ စိုက္ၾကည့္ေနေတာ့သည္။
ယဲ့ေထာင္ကေတာ့ မေျပာင္းလဲေသာ မ်က္ႏွာထားျဖင့္ မုန့္ေတြကိုသာ ကုန္ေအာင္စားၿပီး သစ္သားခ်ိဳင့္ကို သစ္ပင္ေအာက္တြင္ ထားလိုက္သည္။ ဟြမ္ရႈသည္ ယြမ္စန္းကို ကန္ထုတ္ဖို႔အတြက္ အသင့္အေနအထား ျဖစ္ေနၿပီ ျဖစ္သည္။