[Unicode]
မျက်လုံးပေါ်ထိုးကျနေတဲ့အလင်းရောင်စူးစူးတို့ကိုအံတုပြီး Taehyungမျက်လုံးကိုဖွင့်လိုက်သည်။ ခန္ဓာကိုယ်ကလဲ ထိုင်ခုံပေါ်မှာထိုင်နေရင်း လက်ကိုနောက်ပြန်ကြိုးတုပ်ခံထားရတာကြောင့် မျက်လုံးတို့ကိုပွတ်လို့မရချေ။ အရာအားလုံးက မှုန်ဝါးဝါး...။
ခနနေတော့ မျက်လုံးက ထင်ထင်ရှားရှားမြင်ရလာသည်။ အခုသူရောက်နေတဲ့နေရာက အခန်းတစ်ခု။ အမှောင်ချထားတဲ့အခန်း။ အခန်းထဲမှာသူကလွဲလို့ဘယ်သူမှမရှိ။ ကစားကွင်းမှာ ခပ်ထွားထွားလူကြီးနှစ်ယောက်က သူ့ကိုမေ့ဆေးအပ်နဲ့ထိုးပြီးဒီကိုခေါ်လာခဲ့တာ...
Jungkookကတော့ သူ့ကိုစိတ်ပူနေတော့မှာ...
~ကျွီ~
တံခါးဖွင့်သံကြားရလို့ Taehyungကြည့်လိုက်မိသည်။
ဟက်...ဘာလို့မစဉ်းစားမိလိုက်တာပါလိမ့်။ သူ့ကိုဒီလိုမျိုးလုပ်မဲ့သူက အမ HaeYoon အပြင်ဘယ်သူရှိအုံးမှာလဲ...
"မင်းတောင်နိုးနေပြီပဲ..."
HaeYoonရဲ့အပြောကို Taehyung အဖတ်မလုပ်ပါ။
"အဲ့လောက်လဲ တို့ကိုမနာကျည်းပါနဲ့...မင်းကြောင့် တို့ ဘာတွေကိုစွန့်လွှတ်လိုက်ရပြီးဆုံးရှုံးလိုက်ရလဲ သိလား...မင်းမသိပါဘူး"
"ဟ့ အဲ့တာ အမကိစ္စလေ...ကျနော့်ကိုပြန်လွှတ်ပေး"
"မလောပါနဲ့ ပြန်လွှတ်ပေးမှာပါ။ ဒီလက်ထပ်စာချုပ်လေးမှာ မင်းလက်မှတ်လေးထိုးပြီးရင်..."
Lee HaeYoonက သူ့လက်ထဲက လက်ထပ်စာချုပ်ကို Taehyungအားပြလိုက်သည်။
"အမ...ရူးနေလား!!! ကျနော်က မကြာခင်လက်ထပ်တော့မှာ"
"သိတယ်လေ!! အဲ့တာကြောင့်မို့ မင်းသူများဆီမပါသွားခင် ဒီလက်ထပ်စာချုပ်မှာ လက်မှတ်ထိုးခိုင်းနေတာပါ"
Taehyungမှာ ဘာပြောရမှန်းတောင်မသိတော့။ အမ HaeYoonသူ့ကိုသဘောကျနေတာ လွန်ခဲ့တဲ့၅နှစ်လောက်တည်းကပါ။ ဒါပေမဲ့ သူအမ HaeYoonကိုငြင်းခဲ့တာ...အမ HaeYoonလို လူချမ်းသာ အသိုင်းအဝိုင်းထဲကလူနဲ့သူနဲ့ဆိုတာက ရေနဲ့ဆီလိုကွာခြားလွန်းခဲ့တယ်လေ။ အခုကျတော့ သူ့မှာက ချစ်ရတဲ့လူလဲရှိနေပြီ။ ပြီးတော့ ရက်အနည်းငယ်နေရင်ပဲလက်ထပ်တော့မှာ...
"တို့ကလေ...မင်းကို တကယ်ချစ်ခဲ့တာ...တစ်နေ့မှာ မင်းနဲ့ပဲလက်ထပ်မှာဆိုတဲ့စိတ်နဲ့လဲရူးခဲ့ဖူးတယ်။ စေ့စပ်ပွဲနေတုံးကလဲ တို့ဘယ်လောက်တောင်ဝမ်းနည်းခဲ့ရလဲသိလား...ကိုယ်ချစ်တဲ့လူတစ်ယောက်က ကိုယ်မဟုတ်တဲ့တခြားသူကိုအသက်ထက်မက ချစ်ပြနေတာ။ ရူးမတက်ခံစားရတယ် အဲ့တာကြောင့်မို့လဲ မင်းကိုပိုင်ဆိုင်ချင်လို့အမျိုးမျိုးလုပ်ခဲ့တာ။ တို့ရဲ့အချစ်ကိုမင်းဘာလို့မမြင်နိုင်ရတာလဲ!"
"ကျနော်ချစ်တဲ့သူက အမ မဟုတ်လို့ပေါ့"
"မပြောနဲ့!"
Taehyung ဆက်ပြောချင်ပေမဲ့ ဆက်မပြောတော့ပါ။ အမ HaeYoonရဲ့ခံစားချက်ကိုနားလည်ပေမဲ့ ဒီနည်းလမ်းကမှားနေတယ်။
"မင်း...ဒီလက်ထပ်စာချုပ်မှာလက်မှတ်ထိုးရမယ်...အခုတော့မဟုတ်သေးပါဘူး။ မင်းရဲ့ ချစ်လှပါတယ်ဆိုတဲ့ညီလေးရောက်လာမှ သူ့ရှေ့မှာထိုးပြ"
"အမက တကယ်အရူးပဲ... ကျနော့်ကိုလွှတ်ပေးပါဗျာ...ကျနော်တောင်းပန်ပါတယ်..."
Lee HaeYoonကတော့ Taehyungပြောတဲ့စကားသံကိုနားထဲတောင်မဝင်ပုံ...အခန်းထဲကနေ ပြန်ထွက်သွားလေသည်။
∆∆∆∆
"အားးးး!!!"
~ခွမ်း~
Jungkookမှာ အရူးမီးဝိုင်းဖြစ်နေရသည်။ ဒေါသဖြစ်တဲ့စိတ်နဲ့စိတ်ပူတဲ့စိတ် နှစ်ခုပေါင်းပြီး ဝုန်းဒိုင်းကြဲနေမိတယ်။
Lee HaeYoonက အဆိပ်ပြင်းတဲ့မြွေဟောက်မပဲ...
"သား..."
ကိုယ့်အတွေးနဲ့ကိုယ်မို့ ဒယ်ဒီဝင်လာတာတောင်သတိမထားမိလိုက်
"ဒယ်ဒီ... သား ကိုကို့ ကို ဆုံးရှုံးလိုက်ရရင်ဘယ်လိုလုပ်မလဲဟင်...သားသေမှာ..."
Jeonသခင်ကြီးလဲ သူ့သားကိုဘယ်လိုရှင်းပြရမလဲမသိတော့။ ဒီအချိန်မှာ သူတို့တစ်မိသားစုလုံး Taehyungလေးကိုစိတ်ပူနေတာအမှန်ပါ။
"သားရယ်...စိတ်ထိန်းစမ်းပါ... ဦးနှောက်ကို ခနအနားပေးပြီး သေသေချာချာ ဆုံးဖြတ် အခုချိန်မှာဘာလုပ်ရမလဲဆိုတာ"
"သား...Lee HaeYoonဆီသွားရမယ်။ ပြီးတော့ ကိုကို့ ကိုပြန်ခေါ်လာရမယ်"
"သား အဲ့တာက အန္တရာယ်များတယ်"
"ဟင့်အင်း...ကိုကို့ ကိုတော့ မဆုံးရှုံးချင်ဘူး... သား Lee HaeYoonဆီသွားမယ် ရဲတွေကိုတော့ ဒယ်ဒီစီစဉ်ပေး... သူတို့သားအဖရဲ့ပျော့ကွက်ကို ဒယ်ဒီသိနေတာပဲမလား"
Lee HaeYoonတို့သားအဖက company CEOရဲ့နောက်ကွယ်မှာ မကောင်းတာတွေခိုးလုပ်နေတယ်ဆိုတာ Jeonသခင်ကြီးက သိပြီးသား။ ကိုယ့်ကိုလာမထိခိုက်သေးတာမို့ငြိမ်နေတာ။ အခုတော့ အဲ့တာတွေကို အသုံးချမြှဖစ်တော့မယ်နဲ့တူတယ်။
"အင်း...သားသဘောပဲ။ ဒယ်ဒီလုပ်ပေးမယ်။ သူတို့သားအဖကို ဒီစီးပွားရေးလောကမှာခေါင်းမဖော်ရဲတော့အောင်လုပ်ပေးမယ်။ "
∆∆∆∆
Lee HaeYoon ချိန်းထားတဲ့ နေရာဆီ Jungkookရောက်လာခဲ့သည်။ လူပြတ်ပြီး ဂိုထောင်လိုတစ်နေရာ။ ဂိုထောင်တံခါးဝနားမှာတော့ အစောင့်တွေကမတ်တပ်ရပ်စောင့်နေကြသည်။ Jungkookလဲ ထိုလူတွေနားသွားကာ...
"Lee HaeYoonကော..."
ထိုလူတွေက ဂိုထောင်တံခါးသာဖွင့်ပေးသည်။
အထဲရောက်တော့လဲ အစောင့်တွေကလဲမနည်းလှ။ အလယ်မှာတော့ Lee HaeYoonက ခပ်ကျော့ကျော့ထိုင်နေသေးသည်။
"ရောက်လာပြီလား... တို့က မင်းမရောက်လာတော့ဘူးတောင်ထင်နေတာ ကြောက်ပြီး..."
Jungkookတစ်ချက်ရီလိုက်သည်။
"အဲ့တာက မင်းလိုမိန်းမကပြောရမဲ့စကားမဟုတ်ဘူးထင်တာပဲ။ ကျုပ်တစ်ယောက်ထဲလာမှာကို ဒီလောက်အစာင့်တွေအများကြီးချထားစရာလိုလို့လား"
"ဒါကတော့ တို့ကိစ္စပါ လိုရင်းပဲပြောကြတာပေါ့"
"ကျုပ်ကတော့ မင်းဆီကနေ Kim Taehyungကိုခေါ်ပြီးပြန်မယ်"
"မင်းကအပြောကြီးတာပဲ"
"ကျုပ်အပြောကြီးတာဟုတ်မဟုတ် လက်တွေ့သက်သေပြရမလား?"
အတော်အတန်ကြာ တစ်ယောက်နဲ့တစ်ယောက် ခနဲ့တဲ့စကားတွေပြောနေမိကြပြီး...
"အခုတော့ မင်းအရင် လွတ်အောင်လုပ်သင့်တယ်"
Lee HaeYoonရဲ့စကားအဆုံးမှာတော့ Jungkookအား Lee HaeYoonရဲ့ bodyguardတွေလို့ထင်ရတဲ့လူတွေက ဖမ်းချုပ်လာကြသည်။
Jungkookကလဲ ခေသူမဟုတ်။ အများနဲ့တစ်ယောက်ဆိုတော့ ခံရတာမသက်သာလှ။ နှဖူးနဲ့ နှုတ်ခမ်းမှာတော့တော်တော်ပေါက်ပြဲနေပြီဖြစ်သည်။
Jungkookမသိလိုက်သည်က သူ့နောက်ကို တုတ်တစ်ချောင်းကိုင်ပြီးတည့်တည့်လာနေသည့် လူတစ်ယောက်ကို...
"အ့!"
Jungkookခေါင်းတစ်ခုလုံး မူးဝေသွားသည်။ အရာဝတ္ထုတွေအားလုံးက နှစ်ခုစီဖြစ်နေပြီး ဦးခေါင်းထက်ကနေ သွေးများစီးကျလာသည်ကိုခံစားလိုက်ရသည်။ ထို့နောက် လူပါလဲကျသွားသည်။
ထိုအဖြစ်အပျက်ကို အရသာခံပြီးကြည့်နေသူကတော့ Lee HaeYoonဆိုတဲ့မိန်းမပင်။
Jungkookက လဲသာကျသွားပေမဲ့ အသိစိတ်ကမပျောက်သေးပေ။ သူ့ကိုအခန်းတစ်ခုဆီခေါ်သွားပြီး မြင်လိုက်ရသည်က...
"ကိုကို..."
Jungkookကိုလည်း Taehyungနည်းတူ ထိုင်ခုံမှာထိုင်စေလိုက်သည်။
Jungkookရဲ့အခြေအနေကိုမြင်လိုက်ရသည့် Taehyungကတော့...
"Jung... Jungkook!"
"မင်းရဲ့ လူက မသေသေးပါဘူး"
"Lee HaeYoon! ခင်ဗျားအဲ့လောက်ထိယုတ်မာလိမ့်မယ်လို့မထင်ထားဘူး... Jungkookတစ်ခုခုဖြစ်လို့ကတော့ ခင်ဗျားကိုအရှင်မထားဘူး!!"
"ဟားဟား ကြောက်စရာကြီးပါလား... ထောက်ချောက်ထဲမှာမိနေတဲ့ ကြွက်လေးက အဲ့လိုကြီးပြောတော့ ဒီကကြောက်တာပေါ့လို့..."
"........."
"ကဲ...ထားပါ လူတွေစုံနေပြီဆိုတော့ လက်ထပ်စာချုပ်မှာလက်မှတ်ထိုးကြမယ်... ဟောဒီက Jungkookလေးကတော့ သက်သေခံပေါ့နော်"
Lee HaeYoonက ဘောပင်နဲ့စာချုပ်ကိုစားပွဲမှာချလိုက်ပြီး သူအရင်လက်မှတ်ထိုးလိုက်သည်။ ထို့နောက် Jungkookဘက်လှည့်ကာ...
"ဘယ်လိုနေလဲ...ကိုယ်ချစ်တဲ့သူက တခြားသူလက်ထဲပါတော့မယ့်ခံစားချက်က...ဟမ်"
"မင်း!...အ့"
"ဟားဟား"
Jungkook ထဖို့ ပြင်လိုက်ပေမဲ့ ပခုံးကနေ ဆွဲချပြီးချုပ်လိုက်တဲ့အစောင့်တွေကြောင့်လှုပ်လို့မရေတော့ပေ။ တစ်ကိုယ်လုံးလဲကိုက်ခဲနေပြီဖြစ်ကာ ဦးခေါင်းကလဲ သစ်သားတုတ်အရှိန်ကြောင့် ပို၍ကိုက်ခဲနေသည်။
"ရော့...အခု မင်းအလှည့်"
Taehyungရှေ့အား စာချုပ်ကိုထိုးပေးလိုက်သော HaeYoon...
"အမက ကျနော့်လက်ကိုကြိုးမဖြည်ပေးပဲ လက်မှတ်ထိုးခိုင်းမလို့လား"
"ကြိုးတြွေဖည်ပေးလိုက်..."
Lee HaeYoonကအမိန့်ပေးလိုက်တော့ ကြိုးတွေလာဖြည်ပေးကြတဲ့ လူတွေ...
ထို့နောက် Taehyung စာချုပ်ကိုကြည့်ပြီး ဘောပင်ကိုကိုင်လိုက်ပေမဲ့ ပြန်ချလိုက်တာ ထိုစာချုပ်တွေကိုဖြဲပစ်လိုက်သည်။
"Kim Taehyung! မင်း..."
"ကျနော် စာချုပ်မှာလက်မှတ်ထိုးပေးလိမ့်မယ်လို့ အမဘယ်လိုများတွေးရက်တာလဲ"
ရုတ်တရက် အခန်းထဲထပ်ဝင်လာတဲ့ အစောင့်တွေက Lee HaeYoonနားကပ်ကာ တိုးတိုးလေးကပ်ပြောကြသည်။
"ဘာ!!! သူတို့ကဘယ်လိုလုပ်ရောက်လာတာလဲ! Jeon Jungkook! "
ကိုယ့်နာမည်ကို အော်ပြောနေတဲ့ထိုမိန်းမရဲ့ပုံကိုကြည့်ပြီး Jungkookကရီလိုက်သည်။
Lee HaeYoonတစ်ယောက် သူ့အစောင့်တွေထဲက တစ်ယောက်ရဲ့ သေနတ်ကိုယူပြီး Jungkookရဲ့နှဖူးကိုချိန်လိုက်ကာ...
"မင်းကို ဖြောင့်မတ်တယ်လို့ထင်ထားတာ...တစ်ယောက်ထဲလာပါလို့ပြောထားတယ်လေ!!"
"အစကလာတာ ကျုပ်တစ်ယောက်ထဲပဲလေ ခင်ဗျားမြင်တာပဲ...နောက်ကနေ ရဲတွေက သူ့ဟာသူရောက်လာတာတော့ကျုပ်လဲမတတ်နိုင်ဘူး..."
"မင်း...!"
"ဒီမှာ Lee HaeYoon! ခင်ဗျားတစ်ယောက်ထဲ ကလိမ်ကကျစ်ကျတတ်တယ်လို့ထင်နေတာလား"
"သခင်မ! ရဲတွေ ဂိုထောင်ထဲရောက်လာကြပြီ ကျနော်တို့ပြေးမှရတော့မယ်"
အပြေးတစ်ပိုင်းနဲ့ နောက်ထပ်ဝင်လာတဲ့အစောင့်တစ်ယောက်ရဲ့စကားက Lee HaeYoonကိုတော်တော်တုန်လှုပ်သွားစေသည်။
Taehyungကတော့ အစောင့်တွေရော Lee HaeYoonရော ဝရုန်းသုန်းကား ဖြစ်နေတဲ့အခြေအနေကိုအခွင့်ကောင်းယူပြီး ခြေထောက်ကကြိုးတွေကိုဖြည်နေမိသည်။
"ဒီအခြေအနေထိရောက်နေပြီ။ အဆုံးထိဆက်သွားမယ်။ "
Lee HaeYoonက Jungkookကိုရော ကြိုးတွေအသဲအသန်ဖြည်နေတဲ့ Taehyungကိုပါ ဂိုထောင်နောက်ပေါက်ကနေ နောက်ဖေးတစ်နေရာဆီ သို့ သွားသည်။ Taehyungမှာတော့ လူသန်ကြီးနှစ်ယောက်ကချုပ်ခေါ်လာတာကြောင့်ရုန်း၍ မရပေ။ Jungkookကတော့ ဒဏ်ရာအရှိန်ကြောင့် မရုန်းပဲပါလာသည်။ သို့သော်လဲ Lee HaeYoonတို့မမှီလိုက်ပေ။
ရဲတွေက သူတို့ တွေရှိတဲ့နေရာဆီ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်ချလာတာ။ Lee HaeYoon၏ လက်ထဲမှာတော့ သေနတ်ကရှိနေသေးသည်။
"ဘယ်လိုလဲ Lee HaeYoon shiii... အကြံကုန်သွားပြီလား"
Jungkookရဲ့ ခနဲ့တဲ့စကားက Lee HaeYoonကို ပွက်ပွက်ဆူသွားစေကာ... သူ့ဘေးနားမှာရှိနေတဲ့ Taehyungကိုဆွဲခေါ်၍ သေနတ်နဲ့ချိန်လိုက်ပြီး...
"ဟား ဒီလိုမျိုးဆို ပိုအဆင်ပြေမယ်ထင်တယ်..."
"Lee HaeYoon!!!!"
Jungkookမှာ ရုန်းရင်းဆန်ခတ်ဖြစ်သွားရသည်။ Taehyungဘာမြှဖစ်လို့မရဘူး။ Kim Taehyungတစ်ခုခုဖြစ်ရင် သူရင်ကျိုးရမှာ...
Taeမှာတော့ ရုတ်တရက်ဆန်တဲ့အဖြစ်အပျက်ကြောင့် သွေးတွေပြောင်းပြန်စီးသွားသလို။ ကိုယ်ကလဲ တောင့်တောင့်ကြီးဖြစ်နေပြီးလှုပ်လို့မရ။ Lee HaeYoonက သူ့ခေါင်းကိုသေနတ်နဲ့တည့်တည့်ကြီးချိန်ထားတာ။
"Lee HaeYoon shii!...သေနတ်ကိုချလိုက်ပြီး အဖမ်းခံလိုက်ပါ"
ရဲတွေက ပြောနေပေမဲ့လဲ Lee HaeYoonကလက်မလျှော့သေး။
"နင်တို့တွေ အရှေ့တိုးရဲရင်တိုးလာကြည့် Kim Taehyungကို ငါပစ်သတ်လိုက်မှာ...နော်"
Lee HaeYoonတစ်ယောက် ရဲတွေဆီ အာရုံရောက်နေတဲ့အချိန်Jungkookတစ်ယောက်ရှိသည့်အားနဲ့ သူ့ကိုချုပ်ထားတဲ့လူတွေကို ပြန်ခုခံလိုက်ပြီး Lee HaeYoonဆီသွားကာ သူမဆီကနေ သေနတ်ကိုဝင်လုသည်။ ဒါပေမဲ့ Lee HaeYoonကခေါင်းကြောတင်းတဲ့ မိန်းမဖြစ်တာကြောင့် လွယ်လွယ်နဲ့တော့ လွှတ်မပေးပေ။
"လွှတ်!... Jeon Jungkook! ငါ့ကိုလွှတ်! "
ထိုမိန်းမက သေနတ် မောင်းကိုဆွဲလိုက်ပြီး...
~ဒိုင်းး~!!!
______________________________________
John's
Taekook 💜
John Carol🌷
စာလုံးပေါင်းသတ်ပုံအမှားများရှိလျှင်ခွင့်လွှတ်ပါ။
[Zawgyi]
မ်က္လံုးေပၚထိုးက်ေနတဲ့အလင္းေရာင္စူးစူးတို႔ကိုအံတုၿပီး Taehyungမ်က္လံုးကိုဖြင့္လိုက္သည္။ ခႏၶာကိုယ္ကလဲ ထိုင္ခံုေပၚမွာထိုင္ေနရင္း လက္ကိုေနာက္ျပန္ႀကိဳးတုပ္ခံထားရတာေၾကာင့္ မ်က္လံုးတို႔ကိုပြတ္လို႔မရေခ်။ အရာအားလံုးက မႈန္ဝါးဝါး...။
ခနေနေတာ့ မ်က္လံုးက ထင္ထင္ရွားရွားျမင္ရလာသည္။ အခုသူေရာက္ေနတဲ့ေနရာက အခန္းတစ္ခု။ အေမွာင္ခ်ထားတဲ့အခန္း။ အခန္းထဲမွာသူကလြဲလို႔ဘယ္သူမွမရိွ။ ကစားကြင္းမွာ ခပ္ထြားထြားလူႀကီးႏွစ္ေယာက္က သူ႔ကိုေမ့ေဆးအပ္နဲ႔ထိုးၿပီးဒီကိုေခၚလာခဲ့တာ...
Jungkookကေတာ့ သူ႔ကိုစိတ္ပူေနေတာ့မွာ...
~ကြၽီ~
တံခါးဖြင့္သံၾကားရလို႔ Taehyungၾကည့္လိုက္မိသည္။
ဟက္...ဘာလို႔မစဥ္းစားမိလိုက္တာပါလိမ့္။ သူ႔ကိုဒီလိုမ်ိဳးလုပ္မဲ့သူက အမ HaeYoon အျပင္ဘယ္သူရိွအံုးမွာလဲ...
"မင္းေတာင္ႏိုးေနၿပီပဲ..."
HaeYoonရဲ့အေျပာကို Taehyung အဖတ္မလုပ္ပါ။
"အဲ့ေလာက္လဲ တို႔ကိုမနာက်ည္းပါနဲ႔...မင္းေၾကာင့္ တို႔ ဘာေတြကိုစြန႔္လႊတ္လိုက္ရၿပီးဆံုးရႈံးလိုက္ရလဲ သိလား...မင္းမသိပါဘူး"
"ဟ့ အဲ့တာ အမကိစၥေလ...က်ေနာ့္ကိုျပန္လႊတ္ေပး"
"မေလာပါနဲ႔ ျပန္လႊတ္ေပးမွာပါ။ ဒီလက္ထပ္စာခ်ဳပ္ေလးမွာ မင္းလက္မွတ္ေလးထိုးၿပီးရင္..."
Lee HaeYoonက သူ႔လက္ထဲက လက္ထပ္စာခ်ဳပ္ကို Taehyungအားျပလိုက္သည္။
"အမ...ရူးေနလား!!! က်ေနာ္က မၾကာခင္လက္ထပ္ေတာ့မွာ"
"သိတယ္ေလ!! အဲ့တာေၾကာင့္မို႔ မင္းသူမ်ားဆီမပါသြားခင္ ဒီလက္ထပ္စာခ်ဳပ္မွာ လက္မွတ္ထိုးခိုင္းေနတာပါ"
Taehyungမွာ ဘာေျပာရမွန္းေတာင္မသိေတာ့။ အမ HaeYoonသူ႔ကိုသေဘာက်ေနတာ လြန္ခဲ့တဲ့၅ႏွစ္ေလာက္တည္းကပါ။ ဒါေပမဲ့ သူအမ HaeYoonကိုျငင္းခဲ့တာ...အမ HaeYoonလို လူခ်မ္းသာ အသိုင္းအဝိုင္းထဲကလူနဲ႔သူနဲ႔ဆိုတာက ေရနဲ႔ဆီလိုကြာျခားလြန္းခဲ့တယ္ေလ။ အခုက်ေတာ့ သူ႔မွာက ခ်စ္ရတဲ့လူလဲရိွေနၿပီ။ ၿပီးေတာ့ ရက္အနည္းငယ္ေနရင္ပဲလက္ထပ္ေတာ့မွာ...
"တို႔ကေလ...မင္းကို တကယ္ခ်စ္ခဲ့တာ...တစ္ေန့မွာ မင္းနဲ႔ပဲလက္ထပ္မွာဆိုတဲ့စိတ္နဲ႔လဲရူးခဲ့ဖူးတယ္။ ေစ့စပ္ပြဲေနတံုးကလဲ တို႔ဘယ္ေလာက္ေတာင္ဝမ္းနည္းခဲ့ရလဲသိလား...ကိုယ္ခ်စ္တဲ့လူတစ္ေယာက္က ကိုယ္မဟုတ္တဲ့တျခားသူကိုအသက္ထက္မက ခ်စ္ျပေနတာ။ ရူးမတက္ခံစားရတယ္ အဲ့တာေၾကာင့္မို႔လဲ မင္းကိုပိုင္ဆိုင္ခ်င္လို႔အမ်ိဳးမ်ိဳးလုပ္ခဲ့တာ။ တို႔ရဲ့အခ်စ္ကိုမင္းဘာလို႔မျမင္ႏိုင္ရတာလဲ!"
"က်ေနာ္ခ်စ္တဲ့သူက အမ မဟုတ္လို႔ေပါ့"
"မေျပာနဲ႔!"
Taehyung ဆက္ေျပာခ်င္ေပမဲ့ ဆက္မေျပာေတာ့ပါ။ အမ HaeYoonရဲ့ခံစားခ်က္ကိုနားလည္ေပမဲ့ ဒီနည္းလမ္းကမွားေနတယ္။
"မင္း...ဒီလက္ထပ္စာခ်ဳပ္မွာလက္မွတ္ထိုးရမယ္...အခုေတာ့မဟုတ္ေသးပါဘူး။ မင္းရဲ့ ခ်စ္လွပါတယ္ဆိုတဲ့ညီေလးေရာက္လာမွ သူ႔ေရ႔ွမွာထိုးျပ"
"အမက တကယ္အရူးပဲ... က်ေနာ့္ကိုလႊတ္ေပးပါဗ်ာ...က်ေနာ္ေတာင္းပန္ပါတယ္..."
Lee HaeYoonကေတာ့ Taehyungေျပာတဲ့စကားသံကိုနားထဲေတာင္မဝင္ပံု...အခန္းထဲကေန ျပန္ထြက္သြားေလသည္။
∆∆∆∆
"အားးးး!!!"
~ခြမ္း~
Jungkookမွာ အရူးမီးဝိုင္းျဖစ္ေနရသည္။ ေဒါသျဖစ္တဲ့စိတ္နဲ႔စိတ္ပူတဲ့စိတ္ ႏွစ္ခုေပါင္းၿပီး ဝုန္းဒိုင္းႀကဲေနမိတယ္။
Lee HaeYoonက အဆိပ္ျပင္းတဲ့ေႁမြေဟာက္မပဲ...
"သား..."
ကိုယ့္အေတြးနဲ႔ကိုယ္မို႔ ဒယ္ဒီဝင္လာတာေတာင္သတိမထားမိလိုက္
"ဒယ္ဒီ... သား ကိုကို႔ ကို ဆံုးရႈံးလိုက္ရရင္ဘယ္လိုလုပ္မလဲဟင္...သားေသမွာ..."
Jeonသခင္ႀကီးလဲ သူ႔သားကိုဘယ္လိုရွင္းျပရမလဲမသိေတာ့။ ဒီအခ်ိန္မွာ သူတို႔တစ္မိသားစုလံုး Taehyungေလးကိုစိတ္ပူေနတာအမွန္ပါ။
"သားရယ္...စိတ္ထိန္းစမ္းပါ... ဦးေနွာက္ကို ခနအနားေပးၿပီး ေသေသခ်ာခ်ာ ဆံုးျဖတ္ အခုခ်ိန္မွာဘာလုပ္ရမလဲဆိုတာ"
"သား...Lee HaeYoonဆီသြားရမယ္။ ၿပီးေတာ့ ကိုကို႔ ကိုျပန္ေခၚလာရမယ္"
"သား အဲ့တာက အႏၲရာယ္မ်ားတယ္"
"ဟင့္အင္း...ကိုကို႔ ကိုေတာ့ မဆံုးရႈံးခ်င္ဘူး... သား Lee HaeYoonဆီသြားမယ္ ရဲေတြကိုေတာ့ ဒယ္ဒီစီစဥ္ေပး... သူတို႔သားအဖရဲ့ေပ်ာ့ကြက္ကို ဒယ္ဒီသိေနတာပဲမလား"
Lee HaeYoonတို႔သားအဖက company CEOရဲ့ေနာက္ကြယ္မွာ မေကာင္းတာေတြခိုးလုပ္ေနတယ္ဆိုတာ Jeonသခင္ႀကီးက သိၿပီးသား။ ကိုယ့္ကိုလာမထိခိုက္ေသးတာမို႔ၿငိမ္ေနတာ။ အခုေတာ့ အဲ့တာေတြကို အသံုးခ်မျွဖစ္ေတာ့မယ္နဲ႔တူတယ္။
"အင္း...သားသေဘာပဲ။ ဒယ္ဒီလုပ္ေပးမယ္။ သူတို႔သားအဖကို ဒီစီးပြားေရးေလာကမွာေခါင္းမေဖာ္ရဲေတာ့ေအာင္လုပ္ေပးမယ္။ "
∆∆∆∆
Lee HaeYoon ခ်ိန္းထားတဲ့ ေနရာဆီ Jungkookေရာက္လာခဲ့သည္။ လူျပတ္ၿပီး ဂိုေထာင္လိုတစ္ေနရာ။ ဂိုေထာင္တံခါးဝနားမွာေတာ့ အေစာင့္ေတြကမတ္တပ္ရပ္ေစာင့္ေနၾကသည္။ Jungkookလဲ ထိုလူေတြနားသြားကာ...
"Lee HaeYoonေကာ..."
ထိုလူေတြက ဂိုေထာင္တံခါးသာဖြင့္ေပးသည္။
အထဲေရာက္ေတာ့လဲ အေစာင့္ေတြကလဲမနည္းလွ။ အလယ္မွာေတာ့ Lee HaeYoonက ခပ္ေက်ာ့ေက်ာ့ထိုင္ေနေသးသည္။
"ေရာက္လာၿပီလား... တို႔က မင္းမေရာက္လာေတာ့ဘူးေတာင္ထင္ေနတာ ေၾကာက္ၿပီး..."
Jungkookတစ္ခ်က္ရီလိုက္သည္။
"အဲ့တာက မင္းလိုမိန္းမကေျပာရမဲ့စကားမဟုတ္ဘူးထင္တာပဲ။ က်ဳပ္တစ္ေယာက္ထဲလာမွာကို ဒီေလာက္အစာင့္ေတြအမ်ားႀကီးခ်ထားစရာလိုလို႔လား"
"ဒါကေတာ့ တို႔ကိစၥပါ လိုရင္းပဲေျပာၾကတာေပါ့"
"က်ဳပ္ကေတာ့ မင္းဆီကေန Kim Taehyungကိုေခၚၿပီးျပန္မယ္"
"မင္းကအေျပာႀကီးတာပဲ"
"က်ဳပ္အေျပာႀကီးတာဟုတ္မဟုတ္ လက္ေတြ့သက္ေသျပရမလား?"
အေတာ္အတန္ၾကာ တစ္ေယာက္နဲ႔တစ္ေယာက္ ခနဲ႔တဲ့စကားေတြေျပာေနမိၾကၿပီး...
"အခုေတာ့ မင္းအရင္ လြတ္ေအာင္လုပ္သင့္တယ္"
Lee HaeYoonရဲ့စကားအဆံုးမွာေတာ့ Jungkookအား Lee HaeYoonရဲ့ bodyguardေတြလို႔ထင္ရတဲ့လူေတြက ဖမ္းခ်ဳပ္လာၾကသည္။
Jungkookကလဲ ေခသူမဟုတ္။ အမ်ားနဲ႔တစ္ေယာက္ဆိုေတာ့ ခံရတာမသက္သာလွ။ ႏွဖူးနဲ႔ ႏႈတ္ခမ္းမွာေတာ့ေတာ္ေတာ္ေပါက္ၿပဲေနၿပီျဖစ္သည္။
Jungkookမသိလိုက္သည္က သူ႔ေနာက္ကို တုတ္တစ္ေခ်ာင္းကိုင္ၿပီးတည့္တည့္လာေနသည့္ လူတစ္ေယာက္ကို...
"အ့!"
Jungkookေခါင္းတစ္ခုလံုး မူးေဝသြားသည္။ အရာဝတၴုေတြအားလံုးက ႏွစ္ခုစီျဖစ္ေနၿပီး ဦးေခါင္းထက္ကေန ေသြးမ်ားစီးက်လာသည္ကိုခံစားလိုက္ရသည္။ ထို႔ေနာက္ လူပါလဲက်သြားသည္။
ထိုအျဖစ္အပ်က္ကို အရသာခံၿပီးၾကည့္ေနသူကေတာ့ Lee HaeYoonဆိုတဲ့မိန္းမပင္။
Jungkookက လဲသာက်သြားေပမဲ့ အသိစိတ္ကမေပ်ာက္ေသးေပ။ သူ႔ကိုအခန္းတစ္ခုဆီေခၚသြားၿပီး ျမင္လိုက္ရသည္က...
"ကိုကို..."
Jungkookကိုလည္း Taehyungနည္းတူ ထိုင္ခံုမွာထိုင္ေစလိုက္သည္။
Jungkookရဲ့အေျခအေနကိုျမင္လိုက္ရသည့္ Taehyungကေတာ့...
"Jung... Jungkook!"
"မင္းရဲ့ လူက မေသေသးပါဘူး"
"Lee HaeYoon! ခင္ဗ်ားအဲ့ေလာက္ထိယုတ္မာလိမ့္မယ္လို႔မထင္ထားဘူး... Jungkookတစ္ခုခုျဖစ္လို႔ကေတာ့ ခင္ဗ်ားကိုအရွင္မထားဘူး!!"
"ဟားဟား ေၾကာက္စရာႀကီးပါလား... ေထာက္ေခ်ာက္ထဲမွာမိေနတဲ့ ႂကြက္ေလးက အဲ့လိုႀကီးေျပာေတာ့ ဒီကေၾကာက္တာေပါ့လို႔..."
"........."
"ကဲ...ထားပါ လူေတြစံုေနၿပီဆိုေတာ့ လက္ထပ္စာခ်ဳပ္မွာလက္မွတ္ထိုးၾကမယ္... ေဟာဒီက Jungkookေလးကေတာ့ သက္ေသခံေပါ့ေနာ္"
Lee HaeYoonက ေဘာပင္နဲ႔စာခ်ဳပ္ကိုစားပြဲမွာခ်လိုက္ၿပီး သူအရင္လက္မွတ္ထိုးလိုက္သည္။ ထို႔ေနာက္ Jungkookဘက္လွည့္ကာ...
"ဘယ္လိုေနလဲ...ကိုယ္ခ်စ္တဲ့သူက တျခားသူလက္ထဲပါေတာ့မယ့္ခံစားခ်က္က...ဟမ္"
"မင္း!...အ့"
"ဟားဟား"
Jungkook ထဖို႔ ျပင္လိုက္ေပမဲ့ ပခံုးကေန ဆြဲခ်ၿပီးခ်ဳပ္လိုက္တဲ့အေစာင့္ေတြေၾကာင့္လႈပ္လို႔မေရေတာ့ေပ။ တစ္ကိုယ္လံုးလဲကိုက္ခဲေနၿပီျဖစ္ကာ ဦးေခါင္းကလဲ သစ္သားတုတ္အရိွန္ေၾကာင့္ ပို၍ကိုက္ခဲေနသည္။
"ေရာ့...အခု မင္းအလွည့္"
Taehyungေရ႔ွအား စာခ်ဳပ္ကိုထိုးေပးလိုက္ေသာ HaeYoon...
"အမက က်ေနာ့္လက္ကိုႀကိဳးမျဖည္ေပးပဲ လက္မွတ္ထိုးခိုင္းမလို႔လား"
"ႀကိဳးေတျြဖည္ေပးလိုက္..."
Lee HaeYoonကအမိန္႔ေပးလိုက္ေတာ့ ႀကိဳးေတြလာျဖည္ေပးၾကတဲ့ လူေတြ...
ထို႔ေနာက္ Taehyung စာခ်ဳပ္ကိုၾကည့္ၿပီး ေဘာပင္ကိုကိုင္လိုက္ေပမဲ့ ျပန္ခ်လိုက္တာ ထိုစာခ်ဳပ္ေတြကိုၿဖဲပစ္လိုက္သည္။
"Kim Taehyung! မင္း..."
"က်ေနာ္ စာခ်ဳပ္မွာလက္မွတ္ထိုးေပးလိမ့္မယ္လို႔ အမဘယ္လိုမ်ားေတြးရက္တာလဲ"
ရုတ္တရက္ အခန္းထဲထပ္ဝင္လာတဲ့ အေစာင့္ေတြက Lee HaeYoonနားကပ္ကာ တိုးတိုးေလးကပ္ေျပာၾကသည္။
"ဘာ!!! သူတို႔ကဘယ္လိုလုပ္ေရာက္လာတာလဲ! Jeon Jungkook! "
ကိုယ့္နာမည္ကို ေအာ္ေျပာေနတဲ့ထိုမိန္းမရဲ့ပံုကိုၾကည့္ၿပီး Jungkookကရီလိုက္သည္။
Lee HaeYoonတစ္ေယာက္ သူ႔အေစာင့္ေတြထဲက တစ္ေယာက္ရဲ့ ေသနတ္ကိုယူၿပီး Jungkookရဲ့ႏွဖူးကိုခ်ိန္လိုက္ကာ...
"မင္းကို ေျဖာင့္မတ္တယ္လို႔ထင္ထားတာ...တစ္ေယာက္ထဲလာပါလို႔ေျပာထားတယ္ေလ!!"
"အစကလာတာ က်ဳပ္တစ္ေယာက္ထဲပဲေလ ခင္ဗ်ားျမင္တာပဲ...ေနာက္ကေန ရဲေတြက သူ႔ဟာသူေရာက္လာတာေတာ့က်ဳပ္လဲမတတ္ႏိုင္ဘူး..."
"မင္း...!"
"ဒီမွာ Lee HaeYoon! ခင္ဗ်ားတစ္ေယာက္ထဲ ကလိမ္ကက်စ္က်တတ္တယ္လို႔ထင္ေနတာလား"
"သခင္မ! ရဲေတြ ဂိုေထာင္ထဲေရာက္လာၾကၿပီ က်ေနာ္တို႔ေျပးမွရေတာ့မယ္"
အေျပးတစ္ပိုင္းနဲ႔ ေနာက္ထပ္ဝင္လာတဲ့အေစာင့္တစ္ေယာက္ရဲ့စကားက Lee HaeYoonကိုေတာ္ေတာ္တုန္လႈပ္သြားေစသည္။
Taehyungကေတာ့ အေစာင့္ေတြေရာ Lee HaeYoonေရာ ဝရုန္းသုန္းကား ျဖစ္ေနတဲ့အေျခအေနကိုအခြင့္ေကာင္းယူၿပီး ေျခေထာက္ကႀကိဳးေတြကိုျဖည္ေနမိသည္။
"ဒီအေျခအေနထိေရာက္ေနၿပီ။ အဆံုးထိဆက္သြားမယ္။ "
Lee HaeYoonက Jungkookကိုေရာ ႀကိဳးေတြအသဲအသန္ျဖည္ေနတဲ့ Taehyungကိုပါ ဂိုေထာင္ေနာက္ေပါက္ကေန ေနာက္ေဖးတစ္ေနရာဆီ သို႔ သြားသည္။ Taehyungမွာေတာ့ လူသန္ႀကီးႏွစ္ေယာက္ကခ်ဳပ္ေခၚလာတာေၾကာင့္ရုန္း၍ မရေပ။ Jungkookကေတာ့ ဒဏ္ရာအရိွန္ေၾကာင့္ မရုန္းပဲပါလာသည္။ သို႔ေသာ္လဲ Lee HaeYoonတို႔မမွီလိုက္ေပ။
ရဲေတြက သူတို႔ ေတြရိွတဲ့ေနရာဆီ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ႀကီးေရာက္ခ်လာတာ။ Lee HaeYoon၏ လက္ထဲမွာေတာ့ ေသနတ္ကရိွေနေသးသည္။
"ဘယ္လိုလဲ Lee HaeYoon shiii... အႀကံကုန္သြားၿပီလား"
Jungkookရဲ့ ခနဲ႔တဲ့စကားက Lee HaeYoonကို ပြက္ပြက္ဆူသြားေစကာ... သူ႔ေဘးနားမွာရိွေနတဲ့ Taehyungကိုဆြဲေခၚ၍ ေသနတ္နဲ႔ခ်ိန္လိုက္ၿပီး...
"ဟား ဒီလိုမ်ိဳးဆို ပိုအဆင္ေျပမယ္ထင္တယ္..."
"Lee HaeYoon!!!!"
Jungkookမွာ ရုန္းရင္းဆန္ခတ္ျဖစ္သြားရသည္။ Taehyungဘာမျွဖစ္လို႔မရဘူး။ Kim Taehyungတစ္ခုခုျဖစ္ရင္ သူရင္က်ိဳးရမွာ...
Taeမွာေတာ့ ရုတ္တရက္ဆန္တဲ့အျဖစ္အပ်က္ေၾကာင့္ ေသြးေတြေျပာင္းျပန္စီးသြားသလို။ ကိုယ္ကလဲ ေတာင့္ေတာင့္ႀကီးျဖစ္ေနၿပီးလႈပ္လို႔မရ။ Lee HaeYoonက သူ႔ေခါင္းကိုေသနတ္နဲ႔တည့္တည့္ႀကီးခ်ိန္ထားတာ။
"Lee HaeYoon shii!...ေသနတ္ကိုခ်လိုက္ၿပီး အဖမ္းခံလိုက္ပါ"
ရဲေတြက ေျပာေနေပမဲ့လဲ Lee HaeYoonကလက္မေလ်ွာ့ေသး။
"နင္တို႔ေတြ အေရ႔ွတိုးရဲရင္တိုးလာၾကည့္ Kim Taehyungကို ငါပစ္သတ္လိုက္မွာ...ေနာ္"
Lee HaeYoonတစ္ေယာက္ ရဲေတြဆီ အာရံုေရာက္ေနတဲ့အခ်ိန္Jungkookတစ္ေယာက္ရိွသည့္အားနဲ႔ သူ႔ကိုခ်ဳပ္ထားတဲ့လူေတြကို ျပန္ခုခံလိုက္ၿပီး Lee HaeYoonဆီသြားကာ သူမဆီကေန ေသနတ္ကိုဝင္လုသည္။ ဒါေပမဲ့ Lee HaeYoonကေခါင္းေၾကာတင္းတဲ့ မိန္းမျဖစ္တာေၾကာင့္ လြယ္လြယ္နဲ႔ေတာ့ လႊတ္မေပးေပ။
"လႊတ္!... Jeon Jungkook! ငါ့ကိုလႊတ္! "
ထိုမိန္းမက ေသနတ္ ေမာင္းကိုဆြဲလိုက္ၿပီး...
~ဒိုင္းး~!!!
______________________________________
John's
Taekook 💜
John Carol🌷
စာလံုးေပါင္းသတ္ပံုအမွားမ်ားရိွလ်ွင္ခြင့္လႊတ္ပါ။