နှလုံးသားအရင်းအနှီး [Complete]

By MyaMo_95

478K 23.2K 203

အလောင်းအစားတစ်ခုကြောင့် စခဲ့တဲ့ကစားပွဲတစ်ခုမှာ နှလုံးသားတစ်ခု အရင်းပြုလိုက်ရသည့်အခါ...။ (Drama မပါပဲ Romance... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁ဝ
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂ဝ
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
✨Character Art✨
✨Cover Art✨

ဇာတ်သိမ်းပိုင်း(End)

20.4K 612 28
By MyaMo_95

(Zawgyi)

ၾသစေၾတးလ်နိဳင္ငံ ဆစ္ဒနီၿမိဳ႕။

ဆစ္ဒနီၿမိဳ႕ဟာ ၾသစေၾတးလ်နိဳင္ငံ၏ အႀကီးဆုံးၿမိဳ႕ ျဖစ္သျဖင့္ လူဦးေရ ထူထပ္မ်ားျပားလွသည္။ ညေနေစာင္းသည့္အခ်ိန္တြင္ မ်ားျပားလွေသာ လူအုပ္ၾကားထဲ ေဇယ်ာတိုးတစ္ေယာက္လဲ ေက်ာင္းဆင္းလာၿပီး အခ်ိန္ပိုင္းအလုပ္လုပ္မည့္ စားေသာက္ဆိုင္သို႔ အလ်င္အျမန္ေျပးရေတာ့သည္။

ေအာင္ေစပိုင္ ေပးပို႔ထားသည့္ ပိုက္ဆံမ်ားမွာ လုံေလာက္သည္ထက္ ပိုမိုမ်ားျပားလွေသာ္လဲ ေဇယ်ာတိုးအဖို႔ေတာ့ နိုင္ငံရပ္ျခားမွာ စိတ္ေအးသက္သာစြာႏွင့္ ေပ်ာ္ပါးမေနခ်င္။ ကိုေစ့ပိုက္ဆံမ်ားကို ေက်ာင္းလခႏွင့္ အိမ္စာရိတ္အတြက္သာ အသုံးျပဳၿပီး သူ႕တကိုယ္ရည္စာ စားစရိတ္ႏွင့္ သုံးစြဲစရိတ္မ်ားကို အခ်ိန္ပိုင္းအလုပ္လုပ္ကာ ရွာေဖြမိသည္။ ဒါကို ေအာင္ေစပိုင္ သိလွ်င္ေတာ့ စိတ္ဆိုးမည္မွန္း သူသိပါသည္။ ထို႔ေၾကာင့္လည္း ကိုေစမသိေအာင္ အခ်ိန္ပိုင္းအလုပ္မ်ား ခိုးလုပ္ေနျခင္းသာ။

လက္ကနာရီကို တခ်က္ၾကည့္လိုက္ရင္း ခပ္သြက္သြက္ေလွ်ာက္လွမ္းမိသည္။ စားေသာက္ဆိုင္သို႔ အလုပ္ဝင္ရန္အခ်ိန္နီးကပ္ေနၿပီ ျဖစ္သျဖင့္။ ေဇယ်ာတိုးမွာေတာ့ ဆစ္ဒနီၿမိဳ႕ရွိ International College of Management ေက်ာင္းမွာ Master တန္း ဆက္တက္ခဲ့တာ တစ္ႏွစ္ပင္ ကုန္ဆုံးသြားခဲ့ေလၿပီ။

အခု ဒုတိယႏွစ္မွာလဲ လအနည္းငယ္သာ က်န္ေတာ့ၿပီး မၾကာမွီ အခ်ိန္အတြင္းမွာပင္ ဘြဲ႕ရေတာ့မည္သာ။ ဘြဲ႕ရၿပီးလွ်င္ ကိုေစဆီျပန္နိုင္ၿပီး အၿမဲတမ္းအတူေနရေတာ့မည္ ယခုလို ခြဲခြာေနစရာမလိုေတာ့ဟု ဆိုသည့္အသိက သူ႕ကိုေပ်ာ္႐ႊင္ေစသည္။ ဘြဲ႕ရေတာ့မည့္ အခ်ိန္နီးကပ္လာေသာေၾကာင့္ စာတမ္းမ်ားကို ေသခ်ာျပဳစုရသျဖင့္ ဒီေန႕အနည္းငယ္ေနာက္က်သြားရျခင္းေပ။

ဇူလိုင္လျဖစ္သျဖင့္ ၾသဇီမွာေတာ့ ေဆာင္းရာသီျဖစ္ေသာေၾကာင့္ အနည္းငယ္ေတာ့ ေအးလွသည္။ သို႔ေသာ္လဲ ရာသီဥတုသမမွ်တေသာ နိုင္ငံျဖစ္သျဖင့္ အရမ္းႀကီးအေအးမျပင္းထန္လွ။ အခုဆိုလွ်င္ေတာ့ ျမန္မာနိုင္ငံမွာ မိုးေတြသည္းထန္စြာ ႐ြာသြန္းမည့္အခ်ိန္ကာလျဖစ္မည္ဟု ေအာင္ေစပိုင္ရွိေနမည့္ အေျခအေနကိုေတြးရင္း ေမွ်ာ္မွန္း ၿပဳံးမိသည္။

စားေသာက္ဆိုင္သို႔ အခ်ိန္မွီေရာက္ရန္အတြက္ ခပ္သုတ္သုတ္သြားေနစဥ္ အေတြးအာ႐ုံပ်ံလြင့္သြားသည္မို႔ လူတစ္ေယာက္ႏွင့္ ဝင္တိုက္မိေတာ့သည္။

"Oh! Sorry. My Bad. Are you Okay?"

"Oh! Nevermind.. It's Ok"

"Sorry"

ကိုယ့္အမွားေၾကာင့္ ျပာျပာသလဲလဲ ေတာင္းပန္မိေသာ္လဲ တဖက္လူက အျပစ္မယူပဲ ေဖာ္ေ႐ြေသာအၿပဳံးကို ၿပဳံးျပသျဖင့္ ေဇယ်ာတိုးလဲ သက္ျပင္းခ်လိဳက္မိသည္။

"ဒါနဲ႕ မင္းက သိပ္ခ်စ္ဖို႔ေကာင္းတယ္လို႔ ငါထင္တယ္။ ငါမင္းရဲ႕ ဖုန္းနံပါတ္ေလးမ်ား ရနိုင္မလား"

"အို႔..ေက်းဇူးပါ။ ဒါေပမယ့္ ေတာင္းပန္ပါတယ္။ ငါက လက္ထပ္ၿပီးသြားပါၿပီ"

အေရွ႕ကလူကို ၿပဳံးကာေျပာလိုက္ရင္း လက္စြပ္ဝတ္ထားတဲ့ လက္သူႂကြယ္ေလးကို ျပလိုက္မိသည္။ ထိုအခါ မ်က္စိေရွ႕က လူကလဲ အၿပဳံးတို႔ကိုျပန္ေပးလာရင္း

"အို႔စ္...ရပါတယ္။ မင္းအတြက္ ဂုဏ္ျပဳေပးပါတယ္။ မင္းပါတနာကေတာ့ ေတာ္ေတာ္ကံေကာင္းတာပဲ"

"ေက်းဇူးပါ"

အေရွ႕ကလူ သူ႕လမ္းသူဆက္သြားကာမွ ေဇယ်ာတိုး လက္စြပ္ေလးကို ၾကည့္ကာၿပဳံးရင္း တီးတိုးေရ႐ြတ္လိုက္မိတယ္။

"သူက ကံေကာင္းတာမဟုတ္ပါဘူး။ ကြၽန္ေတာ္က သူ႕ကိုပိုင္ဆိုင္ရလို႔ ကံေကာင္းတာပါ"

လက္သူႂကြယ္က လက္စြပ္ေလးအား တခ်က္နမ္းရွိုက္လိုက္ရင္း သူလဲ စားေသာက္ဆိုင္ဆီသို႔။

~~~~~~~~~~~~~

အိမ္ျပန္ေရာက္ေတာ့ ခနအနားယူရင္း ဖုန္းကို ၾကည့္လိုက္ေတာ့ ၿဖိဳးပိုင္ေအာင္က Facebook ကေန ဖုန္းတစ္ေကာ ေခၚထားေလသည္။ စားေသာက္ဆိုင္မွာ အလုပ္လုပ္ေနသျဖင့္ မသိလိုက္။ ထို႔ေၾကာင့္ အခုမွ ၿဖိဳးပိုင္ေအာင္ Miss Call ကို ေတြ႕ရၿပီး ျပန္ေခၚရန္ Video Call ခလုပ္ကို ႏွိပ္လိုက္ေတာ့သည္။

ဖုန္းစခရင္ မွာ ေပၚလာသည္က ၿဖိဳးပိုင္ေအာင္၏ မႈန္ကုပ္ကုပ္မ်က္ႏွာ။ တခ်က္သာ ရယ္လိုက္မိရင္း

"ဘာျဖစ္ျပန္ၿပီလဲ ခ်က္ႀကီးရာ။မင္းမ်က္ႏွာကလဲ အီးမွန္ထားတဲ့႐ုပ္နဲ႕"

ရန္စသလိုအေျပာကို ၿဖိဳးပိုင္ေအာင္က ဘာမွမတုံ႕ျပန္ပါ။

" Louis နဲ႕ ရန္ျဖစ္ျပန္ၿပီလား"

"အင္း"

"ဒီတခါက ဘာျဖစ္ျပန္ၿပီလဲ"

"ဟူး...မေျပာခ်င္ပါဘူး ေဇယ်တဳရာ။ Louis ေလ Party ေတြ ေလွ်ာက္သြားျပန္ၿပီ"

"ေအာ္...ဘာမ်ားလဲလို႔ မင္းကလဲ။ Louis အေၾကာင္းလဲ သိသားနဲ႕။ သူက Party ေတြသြားရတာ အရမ္းႀကိဳက္တာေလ။ ၿပီးေတာ့ေပါက္ကရ လုပ္ေနတာမွ မဟုတ္တာ။ သူ႕ဘာသူ အရက္ေသာက္ၿပီး ေပ်ာ္တာေလ"

"မင္းမသိပါဘူးကြာ။ Louis....က အရမ္းေခ်ာတာ။ Party မွာ တစ္ေယာက္ေယာက္ကမ်ား သူ႕ကို မဟုတ္တာႀကံလိုက္ရင္ ဘယ္လိုလုပ္မလဲ။ ငါေတာ့ ေတြးရင္းနဲ႕ေတာင္ ရင္ေမာတယ္"

ဖုန္းစခရင္တဖက္က စိတ္ပ်က္လက္ပ်က္ႏွင့္ မ်က္ႏွာပ်က္ယြင္းေနေသာ ၿဖိဳးပိုင္ေအာင္ကို ၾကည့္ရင္းသာ ေဇယ်ာတိုး ေခါင္းခါလိုက္မိတယ္။

"မင္းကိုက ျဖစ္ပ်က္ေနတာ။ ဟိုသူငယ္ခ်င္းနဲ႕ ေပါင္းလဲ ေပါင္းျပန္ၿပီ မိန္းကေလးဆိုလဲမိန္းကေလးမို႔ ေယာက်္ားေလးဆိုလဲ ေယာက်္ားေလးမို႔ သဝန္ေတြတိုေနတာ။ ဟိုမွာ Louis ဆို Facebook မွာ မင္းေၾကာင့္ ပုံေတာင္ မတင္ရဲေတာ့ဘူး။ သဝန္ေၾကာင္တာေလးေတြေလ်ာ့ သားႀကီး ဟိုကမင္းကိုထားသြားအုံးမယ္"

"ဟင္း... ငါလဲ ေလွ်ာ့ပါတယ္ကြာ။ ဒါေပမယ့္ Louis က သိပ္လွလြန္းလို႔ ငါစိတ္မခ်ျဖစ္ၿပီး တခါတေလ လြန္လြန္သြားတာ။ ဖူး....LDRS ကလဲ မလြယ္ပါလား။ ေဇယ်တဳ မင္းဘယ္လိုမ်ား သည္းခံလဲ"

"ဒီလိုပဲေပါ့ကြာ။ ငါ့ဘဲႀကီးက မင္းလို သဝန္ေၾကာင္တဲ့လူမွမဟုတ္ပဲ။ ငါ့အခ်စ္ကေရာ သူအခ်စ္ကေရာ ယုံၾကည္စိတ္ခ်ရတယ္ေလ အဟင္း"

"ေအးပါကြာ။ အခ်င္းခ်င္းေတြကပ္ႂကြားေနျပန္ၿပီ"

"အဲ့ေလာက္စိတ္မခ်ျဖစ္ေနလဲ လိုက္သာသြား ခ်က္ႀကီးေရ။ ၾကာရင္ Louis က မင္းကို စိတ္ကုန္သြားလိမ့္မယ္"

"လိုက္သြားမွာ လိုက္သြားမွာ။ ငါဒီတေခါက္ ႐ုံးကို စကၤါပူ ႐ုံးခ်ဳပ္ဆီ ေျပာင္းေ႐ြ႕ခြင့္စာတင္ထားတယ္။ ေျပာင္းေ႐ြ႕ခြင့္က်ရင္ Louis ဆီ လိုက္သြားေတာ့မွာ"

"သြား သြား ျမန္ျမန္ႂကြ။ မဟုတ္ရင္ ငါလဲ မင္းတို႔ႏွစ္ယာက္ၾကား ျဖန္ေျဖေပးရင္း အသက္ထြက္ေတာ့မယ္"

တႏွစ္ေက်ာ္ေလာက္ ၾကာျမင့္ၿပီးခ်ိန္မွာေတာ့ ၿဖိဳးပိုင္ေအာင္ႏွင့္ Louis တို႔မွာ ခ်စ္သူရည္းစားျဖစ္ခဲ့ၾကသည္။ သို႔ေသာ္ Louis ေနထိုင္သည္မွာက စကၤါပူတြင္ ျဖစ္သျဖင့္ ျမန္မာနိုင္ငံသို႔ေက်ာင္းပိတ္ခ်ိန္မွသာ လာေရာက္ရသည္ျဖစ္၍ ၿဖိဳးပိုင္ေအာင္ႏွင့္ Louis မွာေတာ့ LDRS အျဖစ္နဲ႕သာ ေနရတာမ်ားသည္။

ေက်ာင္းၿပီးခ်ိန္မွာေတာ့ မင္းေဇာ္က ေအာင္ေစပိုင့္ကုမၸဏီမွာ အလုပ္ဝင္ခဲ့ၿပီး ၿဖိဳးပိုင္ေအာင္ကေတာ့ ျမန္မာနိုင္ငံရွိ စကၤါပူအေျခစိုက္ ႐ုံးတစ္ခုတြင္ အလုပ္ဝင္ခဲ့သည္။ အေၾကာင္းမွာေတာ့ စကၤါပူနိုင္ငံသို႔ ေျပာင္းေ႐ြ႕ကာ Louis နဲ႕အတူေနထိုင္ရန္အတြက္။

~~~~~~~~~~~~~~~~~~~

ဒီေန႕ေတာ့ ေက်ာင္းပိတ္ရက္ျဖစ္သျဖင့္ ေက်ာင္းသြားရန္မလိုအပ္ေပ။ ညေန စားေသာက္ဆိုင္ အခ်ိန္ပိုင္းအလုပ္သာ ရွိသျဖင့္ ေဇယ်ာတိုး ေအးေဆးေဆးေဆးအနားယူေနမိသည္။

ထို႔အျပင္ ညကျပတင္းေပါက္ပိတ္ဖို႔ ေမ့သြားသျဖင့္ ေလစိမ္းမ်ားတိုက္ခံရကာ အေအးမိခ်င္သလို ျဖစ္ေနသည္။ ကိုယ္ေတြလက္ေတြကိုက္ခဲကာ ခ်မ္းစိမ့္စိမ့္ျဖစ္ေနသျဖင့္ ေဆးတစ္လုံးေသာက္ထားကာ နားေနမိသည္။

အခ်ိန္ကို ၾကည့္ေတာ့ ေန႕ခင္း ၃ နာရီ။
ျမန္မာနိုင္ငံႏွင့္ ၾသစေၾတးလ်နိဳင္ငံအခ်ိန္ ကြာျခားမႈမွာ ၃နာရီခြဲေလာက္ရွိသျဖင့္ ဒီအခ်ိန္ဆို ျမန္မာနိုင္ငံတြင္ ၁၂နာရီခန့္ ရွိေလာက္ၿပီး ေအာင္ေစပိုင္ ထမင္းစားနားသည့္အခ်ိန္ေပ။

ထို႔ေၾကာင့္သာ Laptop ကို ဖြင့္လိုက္ရင္း Video Call ေခၚလိုက္မိေတာ့ တစ္ခ်က္သာျမည္သြားၿပီး တဖက္က ခ်က္ခ်င္းတန္းကိုင္လိုက္သည္။ Laptop ေပၚမွာ ခပ္ေခ်ာေခ်ာ မ်က္ႏွာကို ျမင္လိုက္ရေတာ့ ေဇယ်ာတိုး စိတ္တို႔ေအးခ်မ္းသြားရသလိုပင္။

"ေဇေလး ဘာလုပ္ေနလဲ"

"ဒီေန႕ ေက်ာင္းပိတ္လို႔ အိမ္မွာနားေနတာ ကိုေစ။ ကိုေစေရာ ထမင္းစားၿပီးၿပီလား"

"အင္း ခုနကပဲ။ ေဇေလးေရာ ဘာစားၿပီးၿပီလဲ"

"ဒီမွာက ၃နာရီဆိုေတာ့ စားၿပီးတာၾကာၿပီ ကိုေစ"

"အင္း ညေနစာလဲ ေသခ်ာစားအုံးေနာ္

"ဟုတ္ကဲ့ ကိုေစ"

"ေဇေလး မ်က္ႏွာလဲ သိပ္မေကာင္းဘူး။ ဘာျဖစ္လို႔လဲ ေနမေကာင္းဘူးလား"

"ေနမေကာင္းတာေတာ့ မဟုတ္ပါဘူး။ ညက တံခါးဖြင့္အိပ္မိလို႔ နဲနဲအေအးမိသြားတာပါ"

"သတိထားမွေပါ့ ေဇေလးရာ။ ကိုယ္အတန္တန္ေျပာထားရဲသားနဲ႕ ေဇေလးက ဂ႐ုမစိုက္..."

စိတ္ပူစြာ ေျပာဆိုေနေသာ ေအာင္ေစပိုင္ကို ေဇယ်ာတိုးၾကည့္ရင္း သေဘာက်ေနမိတယ္။

"ဆရာ...ဒီ Project ေလး လာတင္ျပတာပါ။ အတည္ျပဳစစ္ေဆးေပးပါအုံး"

သူႏွင့္ စကားေျပာေနရင္း အလုပ္ကိစၥေပၚလာေသာေၾကာင့္

"ကိုေစ အလုပ္လုပ္စရာရွိရင္လုပ္အုံး။ ကြၽန္ေတာ္ ေစာင့္ေနမယ္။ ဒီေန႕ကြၽန္ေတာ္အားတယ္"

"အဲ့ဒါဆို ေဇေလးခနေနာ္။ ကိုယ္တစ္ခ်က္စစ္ၿပီး လက္မွတ္ထိုးေပးလိုက္အုံးမယ္"

"အင္း လုပ္။ ကြၽန္ေတာ္ ကိုေစ အလုပ္လုပ္တာထိုင္ၾကည့္ေနမယ္"

စခရင္တဖက္က စာ႐ြက္စာတမ္းေတြႏွင့္ အလုပ္ရႈပ္ေနေသာ ခ်စ္ရသူကိုၾကည့္ရင္း သေဘာက်ရျပန္သည္။

လြမ္းတယ္။
ဒါေပမယ့္ သူထုတ္မေျပာမိ။
သူလြမ္းတယ္လို႔ ေျပာမိပါက ေအာင္ေစပိုင္က ခ်က္ခ်င္း သူ႕ဆီလိုက္လာမွာ သူသိေသာေၾကာင့္ပင္။

လက္သူႂကြယ္က လက္စြပ္ေလးကို တင္းတင္းဆုပ္ကိုင္လိုက္ကာ ေအာင္ေစပိုင္ကိုၾကည့္ရင္း ေတြးလိုက္မိသည္။

သည္းခံရေအာင္ ေဇယ်ာတိုး။
သည္းခံရေအာင္။ႏွစ္လပဲက်န္ေတာ့တာ။
ႏွစ္လေလးပဲ။ ေျခာက္လေတာင္သည္းခံခဲ့ၿပီးၿပီ ႏွစ္လေလးပဲ ထပ္သည္းခံရေအာင္။

တဖက္က လႈပ္ရွားေနေသာ ခ်စ္ရသူကိုၾကည့္ရင္း ေဆးအရွိန္ေၾကာင့္ ဇေၾယာတ်ိဳး စားပြဲခုံေပၚတြင္ အိပ္ေပ်ာ္သြားေတာ့သည္။

ေအာင္ေစပိုင္ အလုပ္ေတြၿပီးေတာ့ Laptop ကိုၾကည့္လိုက္စဥ္ စားပြဲခုံေပၚ ေခါင္းတင္ၿပီး အိပ္ေပ်ာ္ေနေသာ ေကာင္ေလး။ ကင္မရာေရွ႕က ဆံပင္ေတြကို သပ္တင္ကာ ေခါင္းေလးကို ပြတ္သပ္ေပးခ်င္ေပမယ့္ မျဖစ္နိုင္ေသာေၾကာင့္ Laptop ကိုသာ အသာတို႔ထိမိသည္။ ထိုစဥ္ အိပ္ေမာက် ေနသည့္ ေကာင္ေလးထံမွ ေယာင္ယမ္း ထြက္လာသည့္ တီးတိုးစကားသံေလး တစ္ခု။

"လြမ္းတယ္"

ေအာင္ေစပိုင္ မ်က္ခုံးေတြ ပင့္တက္သြားရၿပီး သက္ျပင္းတစ္ခ်က္ ခ်လိဳက္ကာ ဖုန္းကိုထုတ္ရင္း တစ္ေနရာသို႔ေခၚဆိုလိုက္ေတာ့သည္။

~~~~~~~~~~~~~~~~~~~

အခ်ိန္၁၂ နာရီေက်ာ္ ေလယာဥ္ စီးနင္းလာၿပီးေနာက္ ၾသစေၾတးလ်နိဳင္ငံသို႔ ေအာင္ေစပိုင္ ေျခခ်ေရာက္ရွိခဲ့ေတာ့သည္။

ငွားေပးထားသည့္ အိမ္ခန္းေလးသို႔ သြားသည့္အခ်ိန္တြင္ ေကာင္ေလးမွာ အိမ္တြင္မရွိ။ အခ်ိန္ကိုတခ်က္ၾကည့္မိေတာ့ ေက်ာင္းဆင္းခ်ိန္ ေတာ္ေတာ္ေက်ာ္ေနၿပီ ျဖစ္ၿပီး အိမ္မွာရွိေနရမည့္ ေကာင္ေလးဟာ ဒီအခ်ိန္ႀကီးဘယ္ေတြ ေလွ်ာက္သြားေနပါလိမ့္။

တံခါး Passwordကို ရိုက္ႏွိပ္ကာ ဖြင့္လိုက္ေတာ့ အေမွာင္ခ်ထားေသာ အိမ္ခန္းေလးထဲမွာ ဘယ္သူမွမရွိေပ။ ခရီးေဆာင္အိပ္ေတြကို ေနရာတက်ခ်ထားရင္း ေကာင္ေလးျပန္အလာကိုသာ ထိုင္ေစာင့္မိသည္။

အခ်ိန္ေတာ္ေတာ္ေနာက္က်မွ တံခါးPassword ႏွိပ္သံၾကားလိုက္ရ၏။ တံခါးဖြင့္ဝင္လာသည့္ ေကာင္ေလးဟာ အခန္းထဲမွာ သူ႕ကို႐ုတ္တရက္ျမင္လိုက္သျဖင့္ အံၾသေၾကာင္အသြားသည္။

လက္ႏွစ္ဖက္ကို ဆန့္တန္းေပးလိုက္ေတာ့ သူ႕ရင္ခြင္ထဲကို တစ္ရွိန္ထိုး ေျပးဝင္လာသည့္ ေကာင္ေလး။ၾကာရွည္စြာ လြမ္းခဲ့ရသည့္ အလြမ္းေတြကို ေျဖသိမ့္ရန္ ေကာင္ေလးကို တင္းၾကပ္စြာေထြးေပြ႕ထားလိုက္မိသည္။

အေတာ္ၾကာေပြ႕ဖက္ထားလို႔အၿပီး စိတ္လဲအနည္းငယ္ၿငိမ္သြားကာမွ သတိထားမိေတာ့ ေကာင္ေလး၏ ကိုယ္လုံးေလးမွာ အနည္းငယ္ပူေနသည္။ ထို႔အျပင္ ေကာင္ေလးဆီမွ မရင္းႏွီးလွသည့္ အစားအေသာက္အနံ႕တမ်ိဳးကိုလဲ ရလိုက္သည္။ ကမန္းကတန္း ရင္ခြင္ထဲမွ ဆြဲထုတ္ကာ ေကာင္ေလးနဖူးကိုစမ္းၾကည့္လိုက္ေတာ့ ကိုယ္ေလးမွာ အနည္းငယ္ႏြေးေနေတာ့သည္။

"ကိုယ္ေတြပူေနတယ္ ေဇေလး။ ေနမေကာင္းျဖစ္ေနတာလား"

"နဲနဲပါ"

"ေနမေကာင္းတာကို အခုခ်ိန္ထိ ဘယ္ေတြေလွ်ာက္သြားေနတာလဲ"

ေကာင္ေလးက မေျဖပဲ မ်က္ႏွာေလးကို ေအာက္ခ်ကာ ငုံ႕သြားသည္။ ခႏၶာကိုယ္က ရလိုက္သည့္ အစားအေသာက္အနံ႕ႏွင့္ ရင္ဘတ္က နာမည္ကပ္ျပားေလးကို ျမင္ေတာ့မွ ေအာင္ေစပိုင္နဲနဲ သေဘာေပါက္လိုက္ေတာ့သည္။

"အခ်ိန္ပိုင္း အလုပ္ေတြလုပ္ေနတာလား ေဇေလး"

"ဟို....ဟို မပင္ပန္းပါဘူး ကိုေစရဲ႕။ လူသိပ္မက်တဲ့ စားေသာက္ဆိုင္မို႔ အလုပ္အရမ္းလုပ္စရာမလိုပါဘူး"

"ကိုယ္ ပို႔ေပးတဲ့ပိုက္ဆံက မေလာက္လို႔လားဟင္။ ဒါဆိုေျပာမွေပါ့ ေဇေလးရာ ကိုယ္ထပ္ပို႔ေပးမွာေပါ့"

"မဟုတ္..မဟုတ္ပါဘူး။ ကိုေစပို႔ေပးတဲ့ ပိုက္ဆံေတြက အမ်ားႀကီးပိုပါတယ္"

"ဒါဆို ဘာလို႔အခုလို ပင္ပင္ပန္းပန္း အလုပ္ေတြ လုပ္ေနရတာလဲဟင္"

"ကို...ကိုေစပိုက္ဆံေတြ အမ်ားႀကီး မကုန္ေစခ်င္လို႔"

"က်စ္...ေဇေလးရာ။ ကိုယ္က မင္းရဲ႕အိမ္ေထာင္ဘက္ အမ်ိဳးသားေလ။ ကိုယ့္ပိုက္ဆံကလဲ ေဇေလးပိုက္ဆံပဲ။ ေဇေလးႀကိဳက္သေလာက္ သုံးလို႔ရတယ္။ ကုန္သြားရင္ ကိုယ္ျပန္ရွာမယ္။ ဘာလို႔ဒီလိုပင္ပန္းတဲ့အလုပ္ေတြလုပ္ေနရတာလဲ။ အခုေတာ့ ေနမေကာင္းျဖစ္ရၿပီ။ ေနမေကာင္းတာေတာင္ မနားရပဲ အလုပ္လုပ္ေနရေတာ့ ေဇေလးအတြက္ ကိုယ္က ေတာ္ေတာ္အသုံးမက်တဲ့ ေယာက်္ားျဖစ္သြားၿပီပဲ"

"ဟင့္... အဲ့လိုမဟုတ္ပါဘူး။ ကြၽန္ေတာ္က ကြၽန္ေတာ္ စားတဲ့ သုံးတဲ့စရိတ္ကို ကိုယ့္ဘာသာရွာခ်င္လို႔ပါ။ ကိုေစကိုအသုံးမက်တဲ့ ေယာက်္ား ျဖစ္ေစခ်င္လို႔ မဟုတ္ပါဘူး။ နိုင္ငံရပ္ျခားမွာ ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္နိုင္ေအာင္ ႀကိဳးစားၾကည့္ခ်င္လို႔ပါ။ ကိုေစေၾကာင့္မဟုတ္တာမို႔ စိတ္မေကာင္းမျဖစ္ပါနဲ႕ေနာ္ ကိုေစ"

ကိုယ္ေတြပူကာ ေနမေကာင္းသည့္ၾကားထဲမွ တသိမ့္သိမ့္ရွိုက္ငိုေနေသာ ေကာင္ေလးကိုၾကည့္ရင္း ေအာင္ေစပိုင္ စိတ္ကို ေလ်ာ့လိုက္ရင္း သက္ျပင္းခ်လိဳက္မိေတာ့သည္။

"အင္းပါ။ ကိုယ္နားလည္ပါၿပီ။ မငိုနဲ႕ေတာ့ တိတ္တိတ္။ ေနလဲမေကာင္းတာကို။အခုကိုယ္ေရာက္လာၿပီေနာ္။ မငိုနဲ႕ေတာ့။ က်န္တဲ့ႏွစ္လကို ကိုယ္မင္းနဲ႕ အတူဒီမွာပဲ ေနေတာ့မယ္"

"ဟင္...တ..တကယ္လားကိုေစ"

"အင္း"

"ရန္ကုန္ကအလုပ္ေတြကေရာ"

"ကိုယ့္သူငယ္ခ်င္းတစ္ေယာက္နဲ႕ လႊဲထားခဲ့တယ္။ အေရးႀကီးတာေတြ ကိုယ္Videoနဲ႕ လုပ္လို႔ရတယ္။ဘာမွစိတ္မပူနဲ႕ေနာ္ ကိုယ္အကုန္စီစဥ္ခဲ့တယ္။ ေဇေလးသာအခု ေနမေကာင္းျဖစ္ေနတာကို ဂ႐ုစိုက္"

"ဟုတ္ကဲ့"

"လာ ကိုယ့္ရင္ခြင္ထဲမွာ လာအိပ္"

ရင္ခြင္ထဲ တိုးဝင္လိုက္ေတာ့ ႏြေးေထြးသည့္ ရနံ႕ႏွင့္ ရင္းႏွီးေနသည့္အထိအေတြ႕ေၾကာင့္ ေဇယ်ာတိုးၿပဳံးရင္းသာ ပိုမိုတိုးဝင္လိုက္မိေတာ့သည္။

သူသိပ္လြမ္းေနခဲ့ရတာ။

အရမ္းခ်စ္တယ္ကိုေစ။
ၾသစေၾတးလ်ရဲ႕ ေနဝင္ခ်ိန္ေတြဟာ အခုခ်ိန္ကစၿပီး ပိုမိုေတာက္ပကာ အလွပဆုံး ျဖစ္ေတာ့မွာကို သူေတြးရင္း ၿပဳံးမိကာ ရင္ခြင္က်ယ္ႀကီးထဲ ခိုဝင္အိပ္စက္လိုက္မိေတာ့သည္။

အရမ္းခ်စ္တယ္ ေဇေလး။
ဘယ္ေနရာ ဘယ္ေဒသ ေရာက္ေရာက္ မင္းဟာကိုယ့္အတြက္ေတာ့ အလင္းေရာင္ျခည္ေတြကို ေဆာင္က်ဥ္းေပးလာတဲ့ ႏြေးေထြးမႈေလးတစ္ခုပါပဲ။

.
.
ေက်းဇူးတင္ပါတယ္။
ျမတ္နိုးမႈမ်ားစြာျဖင့္
ျမမိုရ္
[အရင္ Wattpad Acc ပ်က္သြား၍ 11.6.2023 တြင္ အသစ္ျပန္တင္ခဲ့ပါသည္။]

▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶

(Unicode)

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့။

ဆစ်ဒနီမြို့ဟာ သြစတြေးလျနိုင်ငံ၏ အကြီးဆုံးမြို့ ဖြစ်သဖြင့် လူဦးရေ ထူထပ်များပြားလှသည်။ ညနေစောင်းသည့်အချိန်တွင် များပြားလှသော လူအုပ်ကြားထဲ ဇေယျာတိုးတစ်ယောက်လဲ ကျောင်းဆင်းလာပြီး အချိန်ပိုင်းအလုပ်လုပ်မည့် စားသောက်ဆိုင်သို့ အလျင်အမြန်ပြေးရတော့သည်။

အောင်စေပိုင် ပေးပို့ထားသည့် ပိုက်ဆံများမှာ လုံလောက်သည်ထက် ပိုမိုများပြားလှသော်လဲ ဇေယျာတိုးအဖို့တော့ နိုင်ငံရပ်ခြားမှာ စိတ်အေးသက်သာစွာနှင့် ပျော်ပါးမနေချင်။ ကိုစေ့ပိုက်ဆံများကို ကျောင်းလခနှင့် အိမ်စာရိတ်အတွက်သာ အသုံးပြုပြီး သူ့တကိုယ်ရည်စာ စားစရိတ်နှင့် သုံးစွဲစရိတ်များကို အချိန်ပိုင်းအလုပ်လုပ်ကာ ရှာဖွေမိသည်။ ဒါကို အောင်စေပိုင် သိလျှင်တော့ စိတ်ဆိုးမည်မှန်း သူသိပါသည်။ ထို့ကြောင့်လည်း ကိုစေမသိအောင် အချိန်ပိုင်းအလုပ်များ ခိုးလုပ်နေခြင်းသာ။

လက်ကနာရီကို တချက်ကြည့်လိုက်ရင်း ခပ်သွက်သွက်လျှောက်လှမ်းမိသည်။ စားသောက်ဆိုင်သို့ အလုပ်ဝင်ရန်အချိန်နီးကပ်နေပြီ ဖြစ်သဖြင့်။ ဇေယျာတိုးမှာတော့ ဆစ်ဒနီမြို့ရှိ International College of Management ကျောင်းမှာ Master တန်း ဆက်တက်ခဲ့တာ တစ်နှစ်ပင် ကုန်ဆုံးသွားခဲ့လေပြီ။

အခု ဒုတိယနှစ်မှာလဲ လအနည်းငယ်သာ ကျန်တော့ပြီး မကြာမှီ အချိန်အတွင်းမှာပင် ဘွဲ့ရတော့မည်သာ။ ဘွဲ့ရပြီးလျှင် ကိုစေဆီပြန်နိုင်ပြီး အမြဲတမ်းအတူနေရတော့မည် ယခုလို ခွဲခွာနေစရာမလိုတော့ဟု ဆိုသည့်အသိက သူ့ကိုပျော်ရွှင်စေသည်။ ဘွဲ့ရတော့မည့် အချိန်နီးကပ်လာသောကြောင့် စာတမ်းများကို သေချာပြုစုရသဖြင့် ဒီနေ့အနည်းငယ်နောက်ကျသွားရခြင်းပေ။

ဇူလိုင်လဖြစ်သဖြင့် သြဇီမှာတော့ ဆောင်းရာသီဖြစ်သောကြောင့် အနည်းငယ်တော့ အေးလှသည်။ သို့သော်လဲ ရာသီဥတုသမမျှတသော နိုင်ငံဖြစ်သဖြင့် အရမ်းကြီးအအေးမပြင်းထန်လှ။ အခုဆိုလျှင်တော့ မြန်မာနိုင်ငံမှာ မိုးတွေသည်းထန်စွာ ရွာသွန်းမည့်အချိန်ကာလဖြစ်မည်ဟု အောင်စေပိုင်ရှိနေမည့် အခြေအနေကိုတွေးရင်း မျှော်မှန်း ပြုံးမိသည်။

စားသောက်ဆိုင်သို့ အချိန်မှီရောက်ရန်အတွက် ခပ်သုတ်သုတ်သွားနေစဥ် အတွေးအာရုံပျံလွင့်သွားသည်မို့ လူတစ်ယောက်နှင့် ဝင်တိုက်မိတော့သည်။

"Oh! Sorry. My Bad. Are you Okay?"

"Oh! Nevermind.. It's Ok"

"Sorry"

ကိုယ့်အမှားကြောင့် ပြာပြာသလဲလဲ တောင်းပန်မိသော်လဲ တဖက်လူက အပြစ်မယူပဲ ဖော်ရွေသောအပြုံးကို ပြုံးပြသဖြင့် ဇေယျာတိုးလဲ သက်ပြင်းချလိုက်မိသည်။

"ဒါနဲ့ မင်းက သိပ်ချစ်ဖို့ကောင်းတယ်လို့ ငါထင်တယ်။ ငါမင်းရဲ့ ဖုန်းနံပါတ်လေးများ ရနိုင်မလား"

"အို့..ကျေးဇူးပါ။ ဒါပေမယ့် တောင်းပန်ပါတယ်။ ငါက လက်ထပ်ပြီးသွားပါပြီ"

အရှေ့ကလူကို ပြုံးကာပြောလိုက်ရင်း လက်စွပ်ဝတ်ထားတဲ့ လက်သူကြွယ်လေးကို ပြလိုက်မိသည်။ ထိုအခါ မျက်စိရှေ့က လူကလဲ အပြုံးတို့ကိုပြန်ပေးလာရင်း

"အို့စ်...ရပါတယ်။ မင်းအတွက် ဂုဏ်ပြုပေးပါတယ်။ မင်းပါတနာကတော့ တော်တော်ကံကောင်းတာပဲ"

"ကျေးဇူးပါ"

အရှေ့ကလူ သူ့လမ်းသူဆက်သွားကာမှ ဇေယျာတိုး လက်စွပ်လေးကို ကြည့်ကာပြုံးရင်း တီးတိုးရေရွတ်လိုက်မိတယ်။

"သူက ကံကောင်းတာမဟုတ်ပါဘူး။ ကျွန်တော်က သူ့ကိုပိုင်ဆိုင်ရလို့ ကံကောင်းတာပါ"

လက်သူကြွယ်က လက်စွပ်လေးအား တချက်နမ်းရှိုက်လိုက်ရင်း သူလဲ စားသောက်ဆိုင်ဆီသို့။

~~~~~~~~~~~~~

အိမ်ပြန်ရောက်တော့ ခနအနားယူရင်း ဖုန်းကို ကြည့်လိုက်တော့ ဖြိုးပိုင်အောင်က Facebook ကနေ ဖုန်းတစ်ကော ခေါ်ထားလေသည်။ စားသောက်ဆိုင်မှာ အလုပ်လုပ်နေသဖြင့် မသိလိုက်။ ထို့ကြောင့် အခုမှ ဖြိုးပိုင်အောင် Miss Call ကို တွေ့ရပြီး ပြန်ခေါ်ရန် Video Call ခလုပ်ကို နှိပ်လိုက်တော့သည်။

ဖုန်းစခရင် မှာ ပေါ်လာသည်က ဖြိုးပိုင်အောင်၏ မှုန်ကုပ်ကုပ်မျက်နှာ။ တချက်သာ ရယ်လိုက်မိရင်း

"ဘာဖြစ်ပြန်ပြီလဲ ချက်ကြီးရာ။မင်းမျက်နှာကလဲ အီးမှန်ထားတဲ့ရုပ်နဲ့"

ရန်စသလိုအပြောကို ဖြိုးပိုင်အောင်က ဘာမှမတုံ့ပြန်ပါ။

" Louis နဲ့ ရန်ဖြစ်ပြန်ပြီလား"

"အင်း"

"ဒီတခါက ဘာဖြစ်ပြန်ပြီလဲ"

"ဟူး...မပြောချင်ပါဘူး ဇေယျတုရာ။ Louis လေ Party တွေ လျှောက်သွားပြန်ပြီ"

"အော်...ဘာများလဲလို့ မင်းကလဲ။ Louis အကြောင်းလဲ သိသားနဲ့။ သူက Party တွေသွားရတာ အရမ်းကြိုက်တာလေ။ ပြီး​တော့ပေါက်ကရ လုပ်နေတာမှ မဟုတ်တာ။ သူ့ဘာသူ အရက်သောက်ပြီး ပျော်တာလေ"

"မင်းမသိပါဘူးကွာ။ Louis....က အရမ်းချောတာ။ Party မှာ တစ်ယောက်ယောက်ကများ သူ့ကို မဟုတ်တာကြံလိုက်ရင် ဘယ်လိုလုပ်မလဲ။ ငါတော့ တွေးရင်းနဲ့တောင် ရင်မောတယ်"

ဖုန်းစခရင်တဖက်က စိတ်ပျက်လက်ပျက်နှင့် မျက်နှာပျက်ယွင်းနေသော ဖြိုးပိုင်အောင်ကို ကြည့်ရင်းသာ ဇေယျာတိုး ခေါင်းခါလိုက်မိတယ်။

"မင်းကိုက ဖြစ်ပျက်နေတာ။ ဟိုသူငယ်ချင်းနဲ့ ပေါင်းလဲ ပေါင်းပြန်ပြီ မိန်းကလေးဆိုလဲမိန်းကလေးမို့ ယောကျ်ားလေးဆိုလဲ ယောကျ်ားလေးမို့ သဝန်တွေတိုနေတာ။ ဟိုမှာ Louis ဆို Facebook မှာ မင်းကြောင့် ပုံတောင် မတင်ရဲတော့ဘူး။ သဝန်ကြောင်တာလေးတွေလျော့ သားကြီး ဟိုကမင်းကိုထားသွားအုံးမယ်"

"ဟင်း... ငါလဲ လျှော့ပါတယ်ကွာ။ ဒါပေမယ့် Louis က သိပ်လှလွန်းလို့ ငါစိတ်မချဖြစ်ပြီး တခါတလေ လွန်လွန်သွားတာ။ ဖူး....LDRS ကလဲ မလွယ်ပါလား။ ဇေယျတု မင်းဘယ်လိုများ သည်းခံလဲ"

"ဒီလိုပဲပေါ့ကွာ။ ငါ့ဘဲကြီးက မင်းလို သဝန်ကြောင်တဲ့လူမှမဟုတ်ပဲ။ ငါ့အချစ်ကရော သူအချစ်ကရော ယုံကြည်စိတ်ချရတယ်လေ အဟင်း"

"အေးပါကွာ။ အချင်းချင်းတွေကပ်ကြွားနေပြန်ပြီ"

"အဲ့လောက်စိတ်မချဖြစ်နေလဲ လိုက်သာသွား ချက်ကြီးရေ။ ကြာရင် Louis က မင်းကို စိတ်ကုန်သွားလိမ့်မယ်"

"လိုက်သွားမှာ လိုက်သွားမှာ။ ငါဒီတခေါက် ရုံးကို စင်္ကါပူ ရုံးချုပ်ဆီ ပြောင်းရွေ့ခွင့်စာတင်ထားတယ်။ ပြောင်းရွေ့ခွင့်ကျရင် Louis ဆီ လိုက်သွားတော့မှာ"

"သွား သွား မြန်မြန်ကြွ။ မဟုတ်ရင် ငါလဲ မင်းတို့နှစ်ယာက်ကြား ဖြန်ဖြေပေးရင်း အသက်ထွက်တော့မယ်"

တနှစ်ကျော်လောက် ကြာမြင့်ပြီးချိန်မှာတော့ ဖြိုးပိုင်အောင်နှင့် Louis တို့မှာ ချစ်သူရည်းစားဖြစ်ခဲ့ကြသည်။ သို့သော် Louis နေထိုင်သည်မှာက စင်္ကါပူတွင် ဖြစ်သဖြင့် မြန်မာနိုင်ငံသို့ကျောင်းပိတ်ချိန်မှသာ လာရောက်ရသည်ဖြစ်၍ ဖြိုးပိုင်အောင်နှင့် Louis မှာတော့ LDRS အဖြစ်နဲ့သာ နေရတာများသည်။

ကျောင်းပြီးချိန်မှာတော့ မင်းဇော်က အောင်စေပိုင့်ကုမ္ပဏီမှာ အလုပ်ဝင်ခဲ့ပြီး ဖြိုးပိုင်အောင်ကတော့ မြန်မာနိုင်ငံရှိ စင်္ကါပူအခြေစိုက် ရုံးတစ်ခုတွင် အလုပ်ဝင်ခဲ့သည်။ အကြောင်းမှာတော့ စင်္ကါပူနိုင်ငံသို့ ပြောင်းရွေ့ကာ Louis နဲ့အတူနေထိုင်ရန်အတွက်။

~~~~~~~~~~~~~~~~~~~

ဒီနေ့တော့ ကျောင်းပိတ်ရက်ဖြစ်သဖြင့် ကျောင်းသွားရန်မလိုအပ်ပေ။ ညနေ စားသောက်ဆိုင် အချိန်ပိုင်းအလုပ်သာ ရှိသဖြင့် ဇေယျာတိုး အေးဆေးဆေးဆေးအနားယူနေမိသည်။

ထို့အပြင် ညကပြတင်းပေါက်ပိတ်ဖို့ မေ့သွားသဖြင့် လေစိမ်းများတိုက်ခံရကာ အအေးမိချင်သလို ဖြစ်နေသည်။ ကိုယ်တွေလက်တွေကိုက်ခဲကာ ချမ်းစိမ့်စိမ့်ဖြစ်နေသဖြင့် ဆေးတစ်လုံးသောက်ထားကာ နားနေမိသည်။

အချိန်ကို ကြည့်တော့ နေ့ခင်း ၃ နာရီ။
မြန်မာနိုင်ငံနှင့် သြစတြေးလျနိုင်ငံအချိန် ကွာခြားမှုမှာ ၃နာရီခွဲလောက်ရှိသဖြင့် ဒီအချိန်ဆို မြန်မာနိုင်ငံတွင် ၁၂နာရီခန့် ရှိလောက်ပြီး အောင်စေပိုင် ထမင်းစားနားသည့်အချိန်ပေ။

ထို့ကြောင့်သာ Laptop ကို ဖွင့်လိုက်ရင်း Video Call ခေါ်လိုက်မိတော့ တစ်ချက်သာမြည်သွားပြီး တဖက်က ချက်ချင်းတန်းကိုင်လိုက်သည်။ Laptop ပေါ်မှာ ခပ်ချောချော မျက်နှာကို မြင်လိုက်ရတော့ ဇေယျာတိုး စိတ်တို့အေးချမ်းသွားရသလိုပင်။

"ဇေလေး ဘာလုပ်နေလဲ"

"ဒီနေ့ ကျောင်းပိတ်လို့ အိမ်မှာနားနေတာ ကိုစေ။ ကိုစေရော ထမင်းစားပြီးပြီလား"

"အင်း ခုနကပဲ။ ဇေလေးရော ဘာစားပြီးပြီလဲ"

"ဒီမှာက ၃နာရီဆိုတော့ စားပြီးတာကြာပြီ ကိုစေ"

"အင်း ညနေစာလဲ သေချာစားအုံးနော်

"ဟုတ်ကဲ့ ကိုစေ"

"ဇေလေး မျက်နှာလဲ သိပ်မကောင်းဘူး။ ဘာဖြစ်လို့လဲ နေမကောင်းဘူးလား"

"နေမကောင်းတာတော့ မဟုတ်ပါဘူး။ ညက တံခါးဖွင့်အိပ်မိလို့ နဲနဲအအေးမိသွားတာပါ"

"သတိထားမှပေါ့ ဇေလေးရာ။ ကိုယ်အတန်တန်ပြောထားရဲသားနဲ့ ဇေလေးက ဂရုမစိုက်..."

စိတ်ပူစွာ ပြောဆိုနေသော အောင်စေပိုင်ကို ဇေယျာတိုးကြည့်ရင်း သဘောကျနေမိတယ်။

"ဆရာ...ဒီ Project လေး လာတင်ပြတာပါ။ အတည်ပြုစစ်ဆေးပေးပါအုံး"

သူနှင့် စကားပြောနေရင်း အလုပ်ကိစ္စပေါ်လာသောကြောင့်

"ကိုစေ အလုပ်လုပ်စရာရှိရင်လုပ်အုံး။ ကျွန်တော် စောင့်နေမယ်။ ဒီနေ့ကျွန်တော်အားတယ်"

"အဲ့ဒါဆို ဇေလေးခနနော်။ ကိုယ်တစ်ချက်စစ်ပြီး လက်မှတ်ထိုးပေးလိုက်အုံးမယ်"

"အင်း လုပ်။ ကျွန်တော် ကိုစေ အလုပ်လုပ်တာထိုင်ကြည့်နေမယ်"

စခရင်တဖက်က စာရွက်စာတမ်းတွေနှင့် အလုပ်ရှုပ်နေသော ချစ်ရသူကိုကြည့်ရင်း သဘောကျရပြန်သည်။

လွမ်းတယ်။
ဒါပေမယ့် သူထုတ်မပြောမိ။
သူလွမ်းတယ်လို့ ပြောမိပါက အောင်စေပိုင်က ချက်ချင်း သူ့ဆီလိုက်လာမှာ သူသိသောကြောင့်ပင်။

လက်သူကြွယ်က လက်စွပ်လေးကို တင်းတင်းဆုပ်ကိုင်လိုက်ကာ အောင်စေပိုင်ကိုကြည့်ရင်း တွေးလိုက်မိသည်။

သည်းခံရအောင် ဇေယျာတိုး။
သည်းခံရအောင်။နှစ်လပဲကျန်တော့တာ။
နှစ်လလေးပဲ။ ခြောက်လတောင်သည်းခံခဲ့ပြီးပြီ နှစ်လလေးပဲ ထပ်သည်းခံရအောင်။

တဖက်က လှုပ်ရှားနေသော ချစ်ရသူကိုကြည့်ရင်း ဆေးအရှိန်ကြောင့် ဇေယျာတ်ိုး စားပွဲခုံပေါ်တွင် အိပ်ပျော်သွားတော့သည်။

အောင်စေပိုင် အလုပ်တွေပြီးတော့ Laptop ကိုကြည့်လိုက်စဥ် စားပွဲခုံပေါ် ခေါင်းတင်ပြီး အိပ်ပျော်နေသော ကောင်လေး။ ကင်မရာရှေ့က ဆံပင်တွေကို သပ်တင်ကာ ခေါင်းလေးကို ပွတ်သပ်ပေးချင်ပေမယ့် မဖြစ်နိုင်သောကြောင့် Laptop ကိုသာ အသာတို့ထိမိသည်။ ထိုစဥ် အိပ်မောကျ နေသည့် ကောင်လေးထံမှ ယောင်ယမ်း ထွက်လာသည့် တီးတိုးစကားသံလေး တစ်ခု။

"လွမ်းတယ်"

အောင်စေပိုင် မျက်ခုံးတွေ ပင့်တက်သွားရပြီး သက်ပြင်းတစ်ချက် ချလိုက်ကာ ဖုန်းကိုထုတ်ရင်း တစ်နေရာသို့ခေါ်ဆိုလိုက်တော့သည်။

~~~~~~~~~~~~~~~~~~~

အချိန်၁၂ နာရီကျော် လေယာဥ် စီးနင်းလာပြီးနောက် သြစတြေးလျနိုင်ငံသို့ အောင်စေပိုင် ခြေချရောက်ရှိခဲ့တော့သည်။

ငှားပေးထားသည့် အိမ်ခန်းလေးသို့ သွားသည့်အချိန်တွင် ကောင်လေးမှာ အိမ်တွင်မရှိ။ အချိန်ကိုတချက်ကြည့်မိတော့ ကျောင်းဆင်းချိန် တော်တော်ကျော်နေပြီ ဖြစ်ပြီး အိမ်မှာရှိနေရမည့် ကောင်လေးဟာ ဒီအချိန်ကြီးဘယ်တွေ လျှောက်သွားနေပါလိမ့်။

တံခါး Passwordကို ရိုက်နှိပ်ကာ ဖွင့်လိုက်တော့ အမှောင်ချထားသော အိမ်ခန်းလေးထဲမှာ ဘယ်သူမှမရှိပေ။ ခရီးဆောင်အိပ်တွေကို နေရာတကျချထားရင်း ကောင်လေးပြန်အလာကိုသာ ထိုင်စောင့်မိသည်။

အချိန်တော်တော်နောက်ကျမှ တံခါးPassword နှိပ်သံကြားလိုက်ရ၏။ တံခါးဖွင့်ဝင်လာသည့် ကောင်လေးဟာ အခန်းထဲမှာ သူ့ကိုရုတ်တရက်မြင်လိုက်သဖြင့် အံသြကြောင်အသွားသည်။

လက်နှစ်ဖက်ကို ဆန့်တန်းပေးလိုက်တော့ သူ့ရင်ခွင်ထဲကို တစ်ရှိန်ထိုး ပြေးဝင်လာသည့် ကောင်လေး။ကြာရှည်စွာ လွမ်းခဲ့ရသည့် အလွမ်းတွေကို ဖြေသိမ့်ရန် ကောင်လေးကို တင်းကြပ်စွာထွေးပွေ့ထားလိုက်မိသည်။

အတော်ကြာပွေ့ဖက်ထားလို့အပြီး စိတ်လဲအနည်းငယ်ငြိမ်သွားကာမှ သတိထားမိတော့ ကောင်လေး၏ ကိုယ်လုံးလေးမှာ အနည်းငယ်ပူနေသည်။ ထို့အပြင် ကောင်လေးဆီမှ မရင်းနှီးလှသည့် အစားအသောက်အနံ့တမျိုးကိုလဲ ရလိုက်သည်။ ကမန်းကတန်း ရင်ခွင်ထဲမှ ဆွဲထုတ်ကာ ကောင်လေးနဖူးကိုစမ်းကြည့်လိုက်တော့ ကိုယ်လေးမှာ အနည်းငယ်နွေးနေတော့သည်။

"ကိုယ်တွေပူနေတယ် ဇေလေး။ နေမကောင်းဖြစ်နေတာလား"

"နဲနဲပါ"

"နေမကောင်းတာကို အခုချိန်ထိ ဘယ်တွေလျှောက်သွားနေတာလဲ"

ကောင်လေးက မဖြေပဲ မျက်နှာလေးကို အောက်ချကာ ငုံ့သွားသည်။ ခန္ဓာကိုယ်က ရလိုက်သည့် အစားအသောက်အနံ့နှင့် ရင်ဘတ်က နာမည်ကပ်ပြားလေးကို မြင်တော့မှ အောင်စေပိုင်နဲနဲ သဘောပေါက်လိုက်တော့သည်။

"အချိန်ပိုင်း အလုပ်တွေလုပ်နေတာလား ဇေလေး"

"ဟို....ဟို မပင်ပန်းပါဘူး ကိုစေရဲ့။ လူသိပ်မကျတဲ့ စားသောက်ဆိုင်မို့ အလုပ်အရမ်းလုပ်စရာမလိုပါဘူး"

"ကိုယ် ပို့ပေးတဲ့ပိုက်ဆံက မလောက်လို့လားဟင်။ ဒါဆိုပြောမှပေါ့ ဇေလေးရာ ကိုယ်ထပ်ပို့ပေးမှာပေါ့"

"မဟုတ်..မဟုတ်ပါဘူး။ ကိုစေပို့ပေးတဲ့ ပိုက်ဆံတွေက အများကြီးပိုပါတယ်"

"ဒါဆို ဘာလို့အခုလို ပင်ပင်ပန်းပန်း အလုပ်တွေ လုပ်နေရတာလဲဟင်"

"ကို...ကိုစေပိုက်ဆံတွေ အများကြီး မကုန်စေချင်လို့"

"ကျစ်...ဇေလေးရာ။ ကိုယ်က မင်းရဲ့အိမ်ထောင်ဘက် အမျိုးသားလေ။ ကိုယ့်ပိုက်ဆံကလဲ ဇေလေးပိုက်ဆံပဲ။ ဇေလေးကြိုက်သလောက် သုံးလို့ရတယ်။ ကုန်သွားရင် ကိုယ်ပြန်ရှာမယ်။ ဘာလို့ဒီလိုပင်ပန်းတဲ့အလုပ်တွေလုပ်နေရတာလဲ။ အခုတော့ နေမကောင်းဖြစ်ရပြီ။ နေမကောင်းတာတောင် မနားရပဲ အလုပ်လုပ်နေရတော့ ဇေလေးအတွက် ကိုယ်က တော်တော်အသုံးမကျတဲ့ ယောကျ်ားဖြစ်သွားပြီပဲ"

"ဟင့်... အဲ့လိုမဟုတ်ပါဘူး။ ကျွန်တော်က ကျွန်တော် စားတဲ့ သုံးတဲ့စရိတ်ကို ကိုယ့်ဘာသာရှာချင်လို့ပါ။ ကိုစေကိုအသုံးမကျတဲ့ ယောကျ်ား ဖြစ်စေချင်လို့ မဟုတ်ပါဘူး။ နိုင်ငံရပ်ခြားမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်အောင် ကြိုးစားကြည့်ချင်လို့ပါ။ ကိုစေကြောင့်မဟုတ်တာမို့ စိတ်မကောင်းမဖြစ်ပါနဲ့နော် ကိုစေ"

ကိုယ်တွေပူကာ နေမကောင်းသည့်ကြားထဲမှ တသိမ့်သိမ့်ရှိုက်ငိုနေသော ကောင်လေးကိုကြည့်ရင်း အောင်စေပိုင် စိတ်ကို လျော့လိုက်ရင်း သက်ပြင်းချလိုက်မိတော့သည်။

"အင်းပါ။ ကိုယ်နားလည်ပါပြီ။ မငိုနဲ့တော့ တိတ်တိတ်။ နေလဲမကောင်းတာကို။အခုကိုယ်ရောက်လာပြီနော်။ မငိုနဲ့တော့။ ကျန်တဲ့နှစ်လကို ကိုယ်မင်းနဲ့ အတူဒီမှာပဲ နေတော့မယ်"

"ဟင်...တ..တကယ်လားကိုစေ"

"အင်း"

"ရန်ကုန်ကအလုပ်တွေကရော"

"ကိုယ့်သူငယ်ချင်းတစ်ယောက်နဲ့ လွှဲထားခဲ့တယ်။ အရေးကြီးတာတွေ ကိုယ်Videoနဲ့ လုပ်လို့ရတယ်။ဘာမှစိတ်မပူနဲ့နော် ကိုယ်အကုန်စီစဥ်ခဲ့တယ်။ ဇေလေးသာအခု နေမကောင်းဖြစ်နေတာကို ဂရုစိုက်"

"ဟုတ်ကဲ့"

"လာ ကိုယ့်ရင်ခွင်ထဲမှာ လာအိပ်"

ရင်ခွင်ထဲ တိုးဝင်လိုက်တော့ နွေးထွေးသည့် ရနံ့နှင့် ရင်းနှီးနေသည့်အထိအတွေ့ကြောင့် ဇေယျာတိုးပြုံးရင်းသာ ပိုမိုတိုးဝင်လိုက်မိတော့သည်။

သူသိပ်လွမ်းနေခဲ့ရတာ။

အရမ်းချစ်တယ်ကိုစေ။
သြစတြေးလျရဲ့ နေဝင်ချိန်တွေဟာ အခုချိန်ကစပြီး ပိုမိုတောက်ပကာ အလှပဆုံး ဖြစ်တော့မှာကို သူတွေးရင်း ပြုံးမိကာ ရင်ခွင်ကျယ်ကြီးထဲ ခိုဝင်အိပ်စက်လိုက်မိတော့သည်။

အရမ်းချစ်တယ် ဇေလေး။
ဘယ်နေရာ ဘယ်ဒေသ ရောက်ရောက် မင်းဟာကိုယ့်အတွက်တော့ အလင်းရောင်ခြည်တွေကို ဆောင်ကျဥ်းပေးလာတဲ့ နွေးထွေးမှုလေးတစ်ခုပါပဲ။

.
.
ကျေးဇူးတင်ပါတယ်။
မြတ်နိုးမှုများစွာဖြင့်
မြမိုရ်
[အရင် Wattpad Acc ပျက်သွား၍ 11.6.2023 တွင် အသစ်ပြန်တင်ခဲ့ပါသည်။]

Continue Reading

You'll Also Like

3.7M 292K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
41.3K 2.9K 53
*Book 3 of the Destined Series* Without her sister, her mate, and her friends, Ryleigh has nowhere to turn to but home. Whether she wants to join her...
8K 311 39
"မောင့်ဆီကို အရောက်ပြန်လာချင်းမှာ ကျုပ်က...ကျုပ်ကလေ မိန်းမတစ်ယောက်မဟုတ်ခဲ့လို့ ကျုပ်ဝမ်းမနည်းဘူးမောင်၊ ဒီခန္ဓာကိုယ်နဲ့ ဒီစိတ် ဒီရှင်သန်မှုတွေနဲ့ မောင...
59K 3.4K 35
"I DONT GIVE A FUCK! YOU RUN SHIT LIKE THIS BY ME FIRST! WHAT DID I SAY ABOUT DISOBEYING MY ORDERS?!" Berkeley barked. "YOU STILL ON THAT BULLSHIT A...