(Zawgyi)
ဇေယျာတိုး အိမ်ထဲဝင်လာတော့ ဧည့်ခန်းဆိုဖာမှာ ထိုင်နေသည့် အောင်စေပိုင်နှင့် Louis ကို တွေ့လိုက်ရသည်။ သို့သော် အောင်စေပိုင်ကတော့ ဆိုဖာပေါ်တွင်ထိုင်ကာ Tablet ကို ကြည့်နေပြီး Louis မှာတော့ ကြမ်းပြင်မှာ ထိုင်ကာ အောင်စေပိုင့်ခြေသလုံးတို့ကို ဖက်ထားကာ အော်ဟစ်နေလေသည်။ အောင်စေပိုင်ကတော့ ဂရုမစိုက်ပဲ Louis ကို မရှိသလိုသာ လျစ်လျူရှုထား၏။
"လုပ်ပါ ဘရားသားပိုင်ရယ်။ ဒီနေ့တစ်ရက်ထဲပဲ သားကတ်လေး ပြန်ပေးပါ။ ညနေပွဲသွားစရာရှိလို့ပါ လုပ်ပါနော်။ ဘဏ်ကတ်လေး ဒီနေ့တစ်ရက်ပဲ ပြန်ပေးပါ လို့......."
သံရှည်ဆွဲကာ အော်ဟစ်ရင်း ခြေသလုံးကိုဖက်ကိုင်ပြီး လှုပ်ယမ်းနေသော်လဲ အောင်စေပိုင်က တချက်ပင်မကြည့်။ ထိုအချိန် တံခါးပေါက်က ဝင်လာသော ဇေယျာတိုးကို မြင်လိုက်သောအခါ Louis တစ်ယောက် မျက်လုံးများ တဖျတ်ဖျတ်တောက်ကာ မျှော်လင့်ချက်ရောင်ခြည် အပြည့်ဖြင့် ဇေယျာတိုးဆီသို့ ပြေးလေတော့သည်။ မတ်တပ်ရပ်နေသော ဇေယျာတိုး ခြေထောက်ကို ခွထားလိုက်ပြီး ငိုယိုကာဖြင့်
"တိုးတိုးလေးရယ် ငါ့ကို ကယ်ပါအုံး။ မင်းဘဲကြီးက ငါ့ဘဏ်ATMကတ် ကို သိမ်းလိုက်တယ်"
ဇေယျာတိုး အောင်စေပိုင်ကို လှမ်းကြည့်တော့ ကိုစေက အေးအေးလူလူပင် ကော်ဖီကို သောက်ကာ သူ့ကိုကြည့်ရင်း ပြုံးပြလာသည်။
"အေးပါ Louis ရယ် ခနဖယ်ပါအုံးဟ။ ငါလမ်းလျှောက်လို့မရတော့ဘူး"
"မဖယ်ဘူး မဖယ်ဘူး ။ ငါ့ကို မင်းဘဲကြီးဆီက ဘဏ်ကတ်ပြန်တောင်းပေးမှ ဖယ်မယ်။ မဟုတ်ရင် ငါကမင်းတို့ကြားထဲ ဒီလိုပဲ နေမှာ။ မင်းတို့နှစ်ယောက်နမ်းလဲ ဒီလိုပဲနမ်းရမယ်"
ပြောမရသဖြင့် Louis ဖက်ထားသော ခြေထောက်ကို တရွတ်တိုက်ဆွဲကာ အောင်စေပိုင်ရှိရာ ဆိုဖာပေါ်သို့ သွားထိုင်လိုက်ရတော့တယ်။
"စက်ဘီးနဲ့ လာတာလား။ မောနေမှာပေါ့။ ရေသောက်အုံးမလား"
"အော့"
အောင်စေပိုင်၏ ချစ်ခြင်းမေတ္တာတို့ ယိုဖိမ့်နေသည့် အကြင်နာစကားသံများကို ကြားသောအခါ ခြေသလုံးကို ဖက်ထားသော Louis က အော့အန်ပြသည်။ အောင်စေပိုင်ကတော့ သူ့ကို ရှိတယ်လို့ပင် သဘောမထားပဲ ဇေယျာတိုး၏ နဖူးကချွေးတို့ကို တယုတယသုတ်ပေးနေသည်။
YOU ARE READING
နှလုံးသားအရင်းအနှီး [Complete]
Romanceအလောင်းအစားတစ်ခုကြောင့် စခဲ့တဲ့ကစားပွဲတစ်ခုမှာ နှလုံးသားတစ်ခု အရင်းပြုလိုက်ရသည့်အခါ...။ (Drama မပါပဲ Romance သီးသန့်ပါ) Cover Art- Thwat Art Library အလောင်းအစားတစ်ခုကြောင့် စခဲ့တဲ့ကစားပွဲတစ်ခုမှာ နှလုံးသားတစ်ခု အရင်းပြုလိုက်ရသည့်အခါ...။ (Drama မပါပဲ...