နှလုံးသားအရင်းအနှီး [Complete]

Від MyaMo_95

477K 23.2K 203

အလောင်းအစားတစ်ခုကြောင့် စခဲ့တဲ့ကစားပွဲတစ်ခုမှာ နှလုံးသားတစ်ခု အရင်းပြုလိုက်ရသည့်အခါ...။ (Drama မပါပဲ Romance... Більше

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁ဝ
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂ဝ
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
ဇာတ်သိမ်းပိုင်း(End)
✨Character Art✨
✨Cover Art✨

အပိုင်း ၂၇

9.3K 488 1
Від MyaMo_95

(Zawgyi)

ေဇယ်ာတိုး အေမ့ရင္ခြင္ထဲမွာ ၿငိမ္ေနရင္း ဆက္ေျပာမည့္ စကားသံမ်ားကို နားေထာင္ေနမိသည္။

"အေမသေဘာမတူရင္လဲ လက္ခံတဲ့အထိႀကိဳးစားမယ့္အေၾကာင္းေတြ၊ သူ႕ကို ေစာင့္ၾကည့္နိုင္ပါတယ္ဆိုတဲ့အေၾကာင္းေတြ။ သားေလးကို သူ႕လက္ထဲ စိတ္ခ်စြာ ထည့္နိုင္တဲ့အထိ ယုံၾကည္ေအာင္ သူႀကိဳးစားပါ့မယ္ေတြေရာ ကတိေတြစုံေနေအာင္ ေပးသြားတာပဲကြယ္"

"......."

"အေမလဲ အစပထမေတာ့ ထူးဆန္းၿပီး လက္မခံနိုင္ျဖစ္ခဲ့ရတာေပါ့။ အေမ့သားေလး တစ္ေယာက္ထဲ ရွိတာေလ။ ဒါကိုလက္ခံဖို႔ ဘယ္လြယ္ခဲ့ပါ့မလဲ"

"ဟင့္ ေမ သားေတာင္းပန္ပါတယ္"

"ရပါတယ္ကြယ္။ ေနာက္ပိုင္းက် သားေလးေပ်ာ္႐ႊင္ေနတာ ျမင္ရေတာ့ အေမလဲ ေပ်ာ္လာတယ္။ ေစပိုင္ေလးကလဲ လူေကာင္းေလး ၊ အေျခအေနတစ္ခုမွာ ရွိေနၿပီး သားေလးကို သိပ္ခ်စ္ၿပီး ဂ႐ုစိုက္တာ ေတြ႕ရေတာ့ အေမလဲ ဘယ္တင္းခံနိုင္ေတာ့မွာကြယ္။ သားေလးကိုကာကြယ္ ေစာင့္ေရွာက္ေပးနိုင္မဲ့သူ ဆိုတာ ပိုပိုသိလာရေတာ့ အေမစိတ္ခ်သြားခဲ့တာပါပဲ"

"ေက်းဇူးတင္ပါတယ္ ေမ။ သားတို႔ကို ခြင့္ျပဳေပးၿပီး သေဘာတူေပးလို႔"

"သားေၾကာင့္ သေဘာတူတယ္ဆိုတာထက္ ေစပိုင္ေလး ေၾကာင့္ပါေနာ္။ အေမ့သားအေၾကာင္းကို အေမအသိဆုံးမို႔ ေစပိုင္ေလးနဲ႕မွ ျဖစ္မွာမို႔ ခြင့္ျပဳေပးတာ ဟင္း..."

"ဟင့္ ေမကလဲ။ သားကိုဆို"

"ေမကလဲ လုပ္မေနနဲ႕။ သားေစပိုင္ ေျပာစကားကို ေသခ်ာနားေထာင္ေနာ္။ ဆိုးမေနနဲ႕။ အသက္ပဲႏွစ္ဆယ္ေက်ာ္ ျဖစ္ေနၿပီ ကေလးလို လုပ္မေနနဲ႕ေတာ့ ၾကားလား"

"ဟုတ္ကဲ့ ေမ။ သား ေမ့ကို အရမ္းခ်စ္တယ္ေနာ္ အာဘြား အာဘြား"

အေမ့ပါးႏွစ္ဖက္ကို ဘယ္ျပန္ညာျပန္နမ္းလိုက္ေတာ့ အေမက သေဘာက်စြာၿပဳံးသည္။

"အမေလး အခုမွ ေဒၚသူသူစိုးတို႔ ဘဝလဲ ေအးေအးေဆးေဆး နားရေတာ့မယ္။ ဒီလူဆိုးေလးကို ထိန္းလာရတာ ေမာၿပီ။ အခုေတာ့ ဒီငရႈပ္ေလးကို သားေစပိုင္လက္ထဲ ထည့္ၿပီး တေယာက္ထဲ ေပ်ာ္ေပ်ာ္ႀကီးကို ေနပစ္အုံးမယ္ "

"ဟာ ေမေနာ္။ မရဘူး။ သားကိုအဲ့လို ထည့္ေပးလို႔မရဘူးေလ။ သားကေမနဲ႕ပဲ ေနမွာ ရဘူးရဘူး"

ခါးကိုဖက္ကာ လႈပ္ရင္း ေျပာလိုက္ေတာ့ အေမက တဟားဟားႏွင့္သာ ေအာ္ရယ္ေနေတာ့သည္။

~~~~~~~~~~~~~~~~~~~

"ကိုေစ...ကိုေစ"

အခန္းတံခါးကို ဖြင့္ဝင္သြားလိုက္ေတာ့ ျပတင္းေပါက္ကို ၾကည့္ရင္း ေကာ္ဖီေသာက္ေနသည့္ ေအာင္ေစပိုင္က လွည့္ၾကည့္လာသည္။

ရင္ေတြ တလွပ္လွပ္ တုန္ခါေနမႈႏွင့္အတူ အေသြးအသားထဲပင္ ေပၚထြက္လာသည့္ ခ်စ္စိတ္ေၾကာင့္ ေအာင္ေစပိုင္ကို ေျပးဖက္လိုက္မိေတာ့တယ္။ေအာင္ေစပိုင္က ေကာ္ဖီခြက္ကို စားပြဲေပၚတင္လိုက္ရင္း သူ႕ကို ျပန္လည္ေထြးေပြ႕လာသည္။

"ကိုေစ ကိုေစ"

"အင္း"

"ကြၽန္ေတာ့္ကို ေမ့ဆီမွာ ေတာင္းၿပီးသားဆို။ ဘာလို႔မေျပာျပတာလဲ"

သူ႕အေမးကို ေအာင္ေစပိုင္က ၿပဳံးျပၿပီး ေျပးလာသည္ေၾကာင့္ ေခြၽးထြက္ေနသည့္ နဖူးေလးကို လက္နဲ႕ ခပ္ဖြဖြသုတ္ေပးလာသည္။

"အခုသိၿပီမလား"

"ဘာပဲ ျဖစ္ျဖစ္ေလ။ နဲနဲေတာ့ ႀကိဳေျပာသင့္တာေပါ့။ ဒီမွာေတာ့ ေမ သေဘာမတူမွာ ဆိုးလို႔ ဘယ္ေလာက္ေတာင္ ေၾကာက္ခဲ့ရလဲ"

"အရမ္း စိတ္မပူပါနဲ႕လို႔ ကိုယ္ေျပာခဲ့သားပဲ"

"ဘာပဲ ျဖစ္ျဖစ္ နဲနဲပါးပါး အက်ိဳးအေၾကာင္းေလးေတာ့ ႀကိဳေျပာ....အု"

ႏႈတ္ခမ္းဆူကာ ေျပာေနသည့္ ေဇယ်ာတိုး ႏႈတ္ခမ္းေတြကို ေအာင္ေစပိုင္က ဆြဲယူနမ္းရွိုက္လာသည္။အႀကိမ္ေပါင္းမ်ားစြာ ဘယ္ေလာက္ပင္ နမ္းရွိုက္ခဲ့ပါေစ ကိုေစႏႈတ္ခမ္းမ်ားက သူ႕အတြက္ေတာ့ ရိုးအီမသြား၊ မၿငီးေငြ႕သြားမဲ့ လွပတဲ့ ပန္းခ်ီကားတစ္ခ်ပ္လို။

ေအာင္ေစပိုင့္ ႏႈတ္ခမ္းေတြႏွင့္ ထိေတြ႕ရင္း ေဆးစက္က်ရာ အ႐ုပ္ျခယ္မိသည္။ ထိုေဆးစက္ေတြက တခါတေလ လွပေသာ ေတာင္တန္းေတြ ျဖစ္သြားလိုက္ တခါတေလ သက္တံေရာင္စဥ္ေတြ ျဖာထြက္သြားလိုက္ႏွင့္။ တခါတေလက် အဆုံးအစမရွိေသာ မိုးကုတ္စက္ဝိုင္းႀကီးကို ၾကည့္ေနရသလို။ ကိုေစ့ႏႈတ္ခမ္းဖ်ားေတြက ထိုကဲ့သို႔ေသာ ေမွာ္စြမ္းအင္ ရွိသည္။

ယခုအခါတြင္ေတာ့ တိမ္စိုင္ေတြေပၚ ေျပးလႊားရင္း ပ်ံသန္းေနသည့္ လိပ္ျပာေလးမ်ားကို လိုက္ဖမ္းေနမိသည္။ ေရာင္စုံလိပ္ျပာေလးေတြက နီးသြားလိုက္၊ ေဝးသြားလိုက္ႏွင့္ ဖမ္းမိမလိုျဖစ္ၿပီးကာမွ လြတ္ထြက္သြားလိုက္ႏွင့္ ေျပးရင္းလႊားရင္း ၾကာေတာ့ ေမာဟိုက္လာေတာ့သည္။

ဒါကို ကိုေစက ရိပ္မိသည္ထင္သည္။ ႏႈတ္ခမ္းတို႔ကို ဖယ္ခြာေပးလိုက္ခ်ိန္မွာေတာ့ အသက္လုရႈရင္း ကိုေစ ရင္ခြင္ထဲမွာမွီကာ အေမာေျဖလိုက္မိသည္။ႀကိဳးစားပမ္းစား လိုက္ဖမ္းခဲ့ေပမယ့္ မမိခဲ့သည့္ လိပ္ျပာေလးေတြကေတာ့ သူ႕ကိုေလွာင္ရယ္ေနၾကေလမလား။

"ကိုေစ"

"အင္း"

"ဒါဆို ကြၽန္ေတာ္တြဲဖို႔ မေျပာခင္ထဲက ကိုေစက ကြၽန္ေတာ့္ကို ႀကိဳက္ၿပီး ေတာင္းခဲ့တာေပါ့။ ဟုတ္လား"

ေအာင္ေစပိုင္က ဘာမွမေျဖ။
အၿပဳံးတခ်ိဳ႕သာ ေပးသည္။
ဒါဟာ ဝန္ခံသည့္ သေဘာပဲ မဟုတ္လား။

"ဟြန့္....ဒါနဲ႕မ်ား ကြၽန္ေတာ္တြဲဖို႔ ေျပာတုန္းက ဘာလို႔ျငင္းတာလဲ"

"ကိုယ္ မျငင္းခဲ့ပါဘူး"

"ငယ္ေသးတယ္ စာႀကိဳးစားဆို"

"အဲ့တာ ျငင္းတာမွ မဟုတ္တာပဲ"

"ဟာ...ဒါ ကိုေစ ညစ္ပတ္တာ"

"ေဇေလးက ငယ္ေသးလို႔ ခံစားခ်က္ေတြ မေသခ်ာပဲ စိတ္ကစားမွာ ကိုယ္စိုးရိမ္ခဲ့တာပါ"

"ဟြန့္"

"မဟုတ္လို႔လား။ ကိုယ့္ကို တကယ္မႀကိဳက္ပဲ သူငယ္ခ်င္းေတြနဲ႕ အေလာင္းအစားလုပ္ၿပီး တြဲဖို႔ေျပာတာ ဘယ္က ေကာင္ေလးလဲ"

"ဒီက ေကာင္ေလးေလ...ဟီး။ အခုေတာ့ စိတ္ကစားတာ မဟုတ္ေတာ့ပါဘူး ယုံေနာ္။ ကြၽန္ေတာ့္ ကိုေစကို သိပ္ခ်စ္တာ သိလား"

"အင္း"

ကိုေစ ရင္ခြင္ထဲ ျပန္လည္တိုးဝင္ရင္း စည္းခ်က္က်က် လႈပ္ခါေနသည့္ ႏွလုံးခုန္သံေတြကို နားေထာင္ေနမိတယ္။ ေအာင္ေစပိုင္၏ ရင္ခြင္ႏြေးႏြေးနဲ႕ စည္းခ်က္က်က်ရင္ခုန္သံေတြဟာ သူ႕အတြက္ေတာ့ ဘယ္ေတာ့မွ မရိုးနိုင္တဲ့ သံစဥ္ေတြပါပဲ။

~~~~~~~~~~~~~~~~~

ဒီေန႕ ေအာင္ေစပိုင္႐ုံးခန္းသို႔ ေရာက္လာၿပီး ေန႕လည္စာ အတူစားရန္ Louis နဲ႕အတူ ေဇယ်ာတိုး ထိုင္ေစာင့္ေနမိသည္။ အလုပ္လုပ္ေနေသာ ကိုေစကို မႏွောက္ယွက္ခ်င္ေသာေၾကာင့္ Louis နဲ႕အတူတူ Game ေဆာ့ရင္းသာ ေစာင့္ေနလိုက္တယ္။

Louis က အစအေနာက္သန္ေပမယ့္ ႐ြယ္တူျခင္းမို႔ သိပ္ၿပီး ရွိန္မေနပဲ ေပါင္းရတာ အဆင္ေျပျခင္းေၾကာင့္ ရက္ပိုင္းအတြင္း သူတို႔မွာ ေတာ္ေတာ္ပင္ ခင္မင္ရင္းႏွီးခဲ့ၾကတယ္။ သက္တူ႐ြယ္တူ ဝါသနာျခင္းလဲ တူၾကသည္မို႔ စကားေျပာရတာ ေလေပးေျဖာင့္သည္။ တခါတရံ ဘဲႀကီးေအာင္ေစပိုင္အေၾကာင္း အတင္းတုတ္ရာတြင္လဲ တက္ညီလက္ညီ ရွိၾကေသးသည္။

ေအာင္ေစပိုင္ အလုပ္ကိစၥေတြ ၿပီးေတာ့ စားေသာက္ဆိုင္တစ္ခုသို႔ သြားကာ ေန႕လည္စာအတူစားၾကသည္။ ဘဲႀကီးကေတာ့ ဒီရက္ပိုင္း အလုပ္နဲနဲမ်ားေနသျဖင့္ သူလဲ Louis နဲ႕သာ အခ်ိန္ျဖဳန္းေနလိုက္တယ္။ ေန႕လည္စာ စားေနရင္းေတာင္ အလုပ္ကိစၥတစ္ခုေပၚလာ၍ သူႏွင့္ Louisနဲ႕ကို ခနထားခဲ့ကာ ေအာင္ေစပိုင္ကာ အလုပ္ကိစၥသြားေလသည္။

ေအာင္ေစပိုင္ မရွိခိုက္ Louis ကို အေၾကာင္းအရာ တခ်ိဳ႕ေမးရန္ ဆုံးျဖတ္လိုက္မိတယ္။

ဒါဟာ ဒီရက္ပိုင္း ေဇယ်ာတိုး စိတ္ထဲမွာ မေက်လည္သည့္ ကိစၥတစ္ခု ျဖစ္သည္။ ဒီအေတာအတြင္း သတိထားမိလာတာက ေအာင္ေစပိုင္က သူ႕ကို ခ်စ္တယ္လို႔ တခါမွ မေျပာခဲ့ဖူးျခင္း။ အစကေတာ့ သတိမထားခဲ့မိေပမယ့္ ေနာက္ပိုင္းေတြ ပိုသတိထားမိလာသည္။

ေအာင္ေစပိုင္က သူနဲ႕မတြဲခင္တုန္းကေရာ၊ တြဲၿပီးတဲ့အခ်ိန္ေရာ၊ အခုခ်ိန္ထိ တခါမွ ခ်စ္တယ္လို႔ မေျပာဖူးခဲ့ေပ။ သူကသာ ခ်စ္တယ္ ခ်စ္တယ္ အရမ္းခ်စ္တယ္လို႔ သာ တဖြဖြေျပာခဲ့ေပမယ့္ ေအာင္ေစပိုင္ဘက္က ခ်စ္တယ္လို႔ေျပာတာမ်ိဳး တခါမွ မရွိခဲ့ပါ။

ဒါဆို ေအာင္ေစပိုင္က သူ႕ကိုမခ်စ္ဘူးလား ဆိုေတာ့လဲ မဟုတ္ပါ။ ေအာင္ေစပိုင္၏ အျပဳအမူေတြ၊ အေျပာအဆိုေတြ၊ အထိအေတြ႕ေတြက သူ႕ကို ဘယ္ေလာက္ခ်စ္မွန္း သိနိုင္ပါသည္။ ဒါေပမယ့္လဲ သူတို႔ကခ်စ္သူရည္းစားေတြေလ ခ်စ္တယ္ဆိုတာေလာက္ေတာ့ ၾကားခ်င္တာေပါ့။ မေျပာပဲ သိေနရေအာင္ ကိုယ္ကအၾကားအျမင္ရေနတာလဲ မဟုတ္ဘူး။ ထိုသို႔အေတြးမ်ားစြာေတြးရင္း ပန္းကန္ကို ခက္ရင္းနဲ႕ ျခစ္ေနလိုက္မိသည္။

"အီး....ေဇယ်ာရယ္ သြားႀကိမ္းလိုက္တာ ဘာလို႔ ပန္းကန္ကို ျခစ္ေနရတာတုန္း"

"အာ...Sorry။ ဒါနဲ႕ Louis ငါမင္းကို ေမးစရာ ရွိလို႔"

"ေမးေလ"

"ကိုေစက စကၤါပူမွာ ေက်ာင္းတက္တုန္းက ရည္းစား ထားခဲ့လား"

Louis က သူ႕ကို မ်က္ခုံးတဖက္ပင့္ၾကည့္ၿပီး အဓိပ္ပါယ်ခပ်ပါပါ တခ်က္ၿပဳံးသည္။

"ထားတာေပါ့ကြ။ မင္းကလဲ ဘရားသားပိုင္ ႐ုပ္ရည္ကိုလဲ ၾကည့္အုံး ဒီေလာက္ေခ်ာတာ ေစာ္ေတြေရာ ဘဲေတြေရာ ဝိုင္းေနတာ။ ရည္းစားေတြလဲ အမ်ားႀကီးပဲ"

"ေအာ္...ဟုတ္လား။ အင္းေပါ့။ ႐ုပ္ေခ်ာေတာ့လဲရွိမွာေပါ့ေလ"

"ဘာျဖစ္လို႔လဲ။ ဘရားသားပိုင္ အေၾကာင္း သိခ်င္တာရွိရင္ေမးေနာ္။ ငါအကုန္ေျပာျပမယ္။ ငါကမင္းကို ခင္လို႔"

"အာ...ငါသိခ်င္တာကေလ။ ကိုေစက အဲ့ဒီတုန္းက သူ႕ရည္းစားေတြကို ခ်စ္တယ္လို႔ ေျပာလား"

Louis ၏ မ်က္လုံးတို႔က ပို၍ အေရာင္ေတာက္သြားသည္။ ေမးကို လက္ျဖင့္ ပြတ္ကိုင္ကာ ေတြးေတြးဆဆျဖင့္

"ရည္းစားေတြ အေၾကာင္းေတာ့ ဘရားသားပိုင္ရဲ႕ အတြင္းေရးမို႔ ငါလဲ သိပ္မသိဘူး။ အဲ့.. ဒါေပမယ့္ ညက် သူဖုန္းေျပာတိုင္း Love you bae. Love you so much လို႔ ေျပာသံေတာ့ ခနခနၾကားဖူးတယ္"

ထိုအေျဖေအာက္မွာ ေဇယ်ာတိုး၏ ႏႈတ္ခမ္းတို႔ ပိုမိုဆူထြက္လာကာ မ်က္ေမွာင္တို႔ႀကဳံ႕သြားေတာ့သည္။တစ္ေယာက္ထဲ အေတြးလြန္ေနသျဖင့္ ခိုးရယ္ေနေသာ Louis ကိုေတာ့ ေဇယ်ာတိုးမျမင္လိုက္ပါ။

▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶

(Unicode)

ဇေယျာတိုး အမေ့ရင်ခွင်ထဲမှာ ငြိမ်နေရင်း ဆက်ပြောမည့် စကားသံများကို နားထောင်နေမိသည်။

"အမေသဘောမတူရင်လဲ လက်ခံတဲ့အထိကြိုးစားမယ့်အကြောင်းတွေ၊ သူ့ကို စောင့်ကြည့်နိုင်ပါတယ်ဆိုတဲ့အကြောင်းတွေ။ သားလေးကို သူ့လက်ထဲ စိတ်ချစွာ ထည့်နိုင်တဲ့အထိ ယုံကြည်အောင် သူကြိုးစားပါ့မယ်တွေရော ကတိတွေစုံနေအောင် ပေးသွားတာပဲကွယ်"

"......."

"အမေလဲ အစပထမတော့ ထူးဆန်းပြီး လက်မခံနိုင်ဖြစ်ခဲ့ရတာပေါ့။ အမေ့သားလေး တစ်ယောက်ထဲ ရှိတာလေ။ ဒါကိုလက်ခံဖို့ ဘယ်လွယ်ခဲ့ပါ့မလဲ"

"ဟင့် မေ သားတောင်းပန်ပါတယ်"

"ရပါတယ်ကွယ်။ နောက်ပိုင်းကျ သားလေးပျော်ရွှင်နေတာ မြင်ရတော့ အမေလဲ ပျော်လာတယ်။ စေပိုင်လေးကလဲ လူကောင်းလေး ၊ အခြေအနေတစ်ခုမှာ ရှိနေပြီး သားလေးကို သိပ်ချစ်ပြီး ဂရုစိုက်တာ တွေ့ရတော့ အမေလဲ ဘယ်တင်းခံနိုင်တော့မှာကွယ်။ သားလေးကိုကာကွယ် စောင့်ရှောက်ပေးနိုင်မဲ့သူ ဆိုတာ ပိုပိုသိလာရတော့ အမေစိတ်ချသွားခဲ့တာပါပဲ"

"ကျေးဇူးတင်ပါတယ် မေ။ သားတို့ကို ခွင့်ပြုပေးပြီး သဘောတူပေးလို့"

"သားကြောင့် သဘောတူတယ်ဆိုတာထက် စေပိုင်လေး ကြောင့်ပါနော်။ အမေ့သားအကြောင်းကို အမေအသိဆုံးမို့ စေပိုင်လေးနဲ့မှ ဖြစ်မှာမို့ ခွင့်ပြုပေးတာ ဟင်း..."

"ဟင့် မေကလဲ။ သားကိုဆို"

"မေကလဲ လုပ်မနေနဲ့။ သားစေပိုင် ပြောစကားကို သေချာနားထောင်နော်။ ဆိုးမနေနဲ့။ အသက်ပဲနှစ်ဆယ်ကျော် ဖြစ်နေပြီ ကလေးလို လုပ်မနေနဲ့တော့ ကြားလား"

"ဟုတ်ကဲ့ မေ။ သား မေ့ကို အရမ်းချစ်တယ်နော် အာဘွား အာဘွား"

အမေ့ပါးနှစ်ဖက်ကို ဘယ်ပြန်ညာပြန်နမ်းလိုက်တော့ အမေက သဘောကျစွာပြုံးသည်။

"အမလေး အခုမှ ဒေါ်သူသူစိုးတို့ ဘဝလဲ အေးအေးဆေးဆေး နားရတော့မယ်။ ဒီလူဆိုးလေးကို ထိန်းလာရတာ မောပြီ။ အခုတော့ ဒီငရှုပ်လေးကို သားစေပိုင်လက်ထဲ ထည့်ပြီး တယောက်ထဲ ပျော်ပျော်ကြီးကို နေပစ်အုံးမယ် "

"ဟာ မေနော်။ မရဘူး။ သားကိုအဲ့လို ထည့်ပေးလို့မရဘူးလေ။ သားကမေနဲ့ပဲ နေမှာ ရဘူးရဘူး"

ခါးကိုဖက်ကာ လှုပ်ရင်း ပြောလိုက်တော့ အမေက တဟားဟားနှင့်သာ အော်ရယ်နေတော့သည်။

~~~~~~~~~~~~~~~~~~~

"ကိုစေ...ကိုစေ"

အခန်းတံခါးကို ဖွင့်ဝင်သွားလိုက်တော့ ပြတင်းပေါက်ကို ကြည့်ရင်း ကော်ဖီသောက်နေသည့် အောင်စေပိုင်က လှည့်ကြည့်လာသည်။

ရင်တွေ တလှပ်လှပ် တုန်ခါနေမှုနှင့်အတူ အသွေးအသားထဲပင် ပေါ်ထွက်လာသည့် ချစ်စိတ်ကြောင့် အောင်စေပိုင်ကို ပြေးဖက်လိုက်မိတော့တယ်။အောင်စေပိုင်က ကော်ဖီခွက်ကို စားပွဲပေါ်တင်လိုက်ရင်း သူ့ကို ပြန်လည်ထွေးပွေ့လာသည်။

"ကိုစေ ကိုစေ"

"အင်း"

"ကျွန်တော့်ကို မေ့ဆီမှာ တောင်းပြီးသားဆို။ ဘာလို့မပြောပြတာလဲ"

သူ့အမေးကို အောင်စေပိုင်က ပြုံးပြပြီး ပြေးလာသည်ကြောင့် ချွေးထွက်နေသည့် နဖူးလေးကို လက်နဲ့ ခပ်ဖွဖွသုတ်ပေးလာသည်။

"အခုသိပြီမလား"

"ဘာပဲ ဖြစ်ဖြစ်လေ။ နဲနဲတော့ ကြိုပြောသင့်တာပေါ့။ ဒီမှာတော့ မေ သဘောမတူမှာ ဆိုးလို့ ဘယ်လောက်တောင် ကြောက်ခဲ့ရလဲ"

"အရမ်း စိတ်မပူပါနဲ့လို့ ကိုယ်ပြောခဲ့သားပဲ"

"ဘာပဲ ဖြစ်ဖြစ် နဲနဲပါးပါး အကျိုးအကြောင်းလေးတော့ ကြိုပြော....အု"

နှုတ်ခမ်းဆူကာ ပြောနေသည့် ဇေယျာတိုး နှုတ်ခမ်းတွေကို အောင်စေပိုင်က ဆွဲယူနမ်းရှိုက်လာသည်။အကြိမ်ပေါင်းများစွာ ဘယ်လောက်ပင် နမ်းရှိုက်ခဲ့ပါစေ ကိုစေနှုတ်ခမ်းများက သူ့အတွက်တော့ ရိုးအီမသွား၊ မငြီးငွေ့သွားမဲ့ လှပတဲ့ ပန်းချီကားတစ်ချပ်လို။

အောင်စေပိုင့် နှုတ်ခမ်းတွေနှင့် ထိတွေ့ရင်း ဆေးစက်ကျရာ အရုပ်ခြယ်မိသည်။ ထိုဆေးစက်တွေက တခါတလေ လှပသော တောင်တန်းတွေ ဖြစ်သွားလိုက် တခါတလေ သက်တံရောင်စဥ်တွေ ဖြာထွက်သွားလိုက်နှင့်။ တခါတလေကျ အဆုံးအစမရှိသော မိုးကုတ်စက်ဝိုင်းကြီးကို ကြည့်နေရသလို။ ကိုစေ့နှုတ်ခမ်းဖျားတွေက ထိုကဲ့သို့သော မှော်စွမ်းအင် ရှိသည်။

ယခုအခါတွင်တော့ တိမ်စိုင်တွေပေါ် ပြေးလွှားရင်း ပျံသန်းနေသည့် လိပ်ပြာလေးများကို လိုက်ဖမ်းနေမိသည်။ ရောင်စုံလိပ်ပြာလေးတွေက နီးသွားလိုက်၊ ဝေးသွားလိုက်နှင့် ဖမ်းမိမလိုဖြစ်ပြီးကာမှ လွတ်ထွက်သွားလိုက်နှင့် ပြေးရင်းလွှားရင်း ကြာတော့ မောဟိုက်လာတော့သည်။

ဒါကို ကိုစေက ရိပ်မိသည်ထင်သည်။ နှုတ်ခမ်းတို့ကို ဖယ်ခွာပေးလိုက်ချိန်မှာတော့ အသက်လုရှုရင်း ကိုစေ ရင်ခွင်ထဲမှာမှီကာ အမောဖြေလိုက်မိသည်။ကြိုးစားပမ်းစား လိုက်ဖမ်းခဲ့ပေမယ့် မမိခဲ့သည့် လိပ်ပြာလေးတွေကတော့ သူ့ကိုလှောင်ရယ်နေကြလေမလား။

"ကိုစေ"

"အင်း"

"ဒါဆို ကျွန်တော်တွဲဖို့ မပြောခင်ထဲက ကိုစေက ကျွန်တော့်ကို ကြိုက်ပြီး တောင်းခဲ့တာပေါ့။ ဟုတ်လား"

အောင်စေပိုင်က ဘာမှမဖြေ။
အပြုံးတချို့သာ ပေးသည်။
ဒါဟာ ဝန်ခံသည့် သဘောပဲ မဟုတ်လား။

"ဟွန့်....ဒါနဲ့များ ကျွန်တော်တွဲဖို့ ပြောတုန်းက ဘာလို့ငြင်းတာလဲ"

"ကိုယ် မငြင်းခဲ့ပါဘူး"

"ငယ်သေးတယ် စာကြိုးစားဆို"

"အဲ့တာ ငြင်းတာမှ မဟုတ်တာပဲ"

"ဟာ...ဒါ ကိုစေ ညစ်ပတ်တာ"

"ဇေလေးက ငယ်သေးလို့ ခံစားချက်တွေ မသေချာပဲ စိတ်ကစားမှာ ကိုယ်စိုးရိမ်ခဲ့တာပါ"

"ဟွန့်"

"မဟုတ်လို့လား။ ကိုယ့်ကို တကယ်မကြိုက်ပဲ သူငယ်ချင်းတွေနဲ့ အလောင်းအစားလုပ်ပြီး တွဲဖို့ပြောတာ ဘယ်က ကောင်လေးလဲ"

"ဒီက ကောင်လေးလေ...ဟီး။ အခုတော့ စိတ်ကစားတာ မဟုတ်တော့ပါဘူး ယုံနော်။ ကျွန်တော့် ကိုစေကို သိပ်ချစ်တာ သိလား"

"အင်း"

ကိုစေ ရင်ခွင်ထဲ ပြန်လည်တိုးဝင်ရင်း စည်းချက်ကျကျ လှုပ်ခါနေသည့် နှလုံးခုန်သံတွေကို နားထောင်နေမိတယ်။ အောင်စေပိုင်၏ ရင်ခွင်နွေးနွေးနဲ့ စည်းချက်ကျကျရင်ခုန်သံတွေဟာ သူ့အတွက်တော့ ဘယ်တော့မှ မရိုးနိုင်တဲ့ သံစဥ်တွေပါပဲ။

~~~~~~~~~~~~~~~~~

ဒီနေ့ အောင်စေပိုင်ရုံးခန်းသို့ ရောက်လာပြီး နေ့လည်စာ အတူစားရန် Louis နဲ့အတူ ဇေယျာတိုး ထိုင်စောင့်နေမိသည်။ အလုပ်လုပ်နေသော ကိုစေကို မနှောက်ယှက်ချင်သောကြောင့် Louis နဲ့အတူတူ Game ဆော့ရင်းသာ စောင့်နေလိုက်တယ်။

Louis က အစအနောက်သန်ပေမယ့် ရွယ်တူခြင်းမို့ သိပ်ပြီး ရှိန်မနေပဲ ပေါင်းရတာ အဆင်ပြေခြင်းကြောင့် ရက်ပိုင်းအတွင်း သူတို့မှာ တော်တော်ပင် ခင်မင်ရင်းနှီးခဲ့ကြတယ်။ သက်တူရွယ်တူ ဝါသနာခြင်းလဲ တူကြသည်မို့ စကားပြောရတာ လေပေးဖြောင့်သည်။ တခါတရံ ဘဲကြီးအောင်စေပိုင်အကြောင်း အတင်းတုတ်ရာတွင်လဲ တက်ညီလက်ညီ ရှိကြသေးသည်။

အောင်စေပိုင် အလုပ်ကိစ္စတွေ ပြီးတော့ စားသောက်ဆိုင်တစ်ခုသို့ သွားကာ နေ့လည်စာအတူစားကြသည်။ ဘဲကြီးကတော့ ဒီရက်ပိုင်း အလုပ်နဲနဲများနေသဖြင့် သူလဲ Louis နဲ့သာ အချိန်ဖြုန်းနေလိုက်တယ်။ နေ့လည်စာ စားနေရင်းတောင် အလုပ်ကိစ္စတစ်ခုပေါ်လာ၍ သူနှင့် Louisနဲ့ကို ခနထားခဲ့ကာ အောင်စေပိုင်ကာ အလုပ်ကိစ္စသွားလေသည်။

အောင်စေပိုင် မရှိခိုက် Louis ကို အကြောင်းအရာ တချို့မေးရန် ဆုံးဖြတ်လိုက်မိတယ်။

ဒါဟာ ဒီရက်ပိုင်း ဇေယျာတိုး စိတ်ထဲမှာ မကျေလည်သည့် ကိစ္စတစ်ခု ဖြစ်သည်။ ဒီအတောအတွင်း သတိထားမိလာတာက အောင်စေပိုင်က သူ့ကို ချစ်တယ်လို့ တခါမှ မပြောခဲ့ဖူးခြင်း။ အစကတော့ သတိမထားခဲ့မိပေမယ့် နောက်ပိုင်းတွေ ပိုသတိထားမိလာသည်။

အောင်စေပိုင်က သူနဲ့မတွဲခင်တုန်းကရော၊ တွဲပြီးတဲ့အချိန်ရော၊ အခုချိန်ထိ တခါမှ ချစ်တယ်လို့ မပြောဖူးခဲ့ပေ။ သူကသာ ​ချစ်တယ် ချစ်တယ် အရမ်းချစ်တယ်လို့ သာ တဖွဖွပြောခဲ့ပေမယ့် အောင်စေပိုင်ဘက်က ချစ်တယ်လို့ပြောတာမျိုး တခါမှ မရှိခဲ့ပါ။

ဒါဆို အောင်စေပိုင်က သူ့ကိုမချစ်ဘူးလား ဆိုတော့လဲ မဟုတ်ပါ။ အောင်စေပိုင်၏ အပြုအမူတွေ၊ အပြောအဆိုတွေ၊ အထိအတွေ့တွေက သူ့ကို ဘယ်လောက်ချစ်မှန်း သိနိုင်ပါသည်။ ဒါပေမယ့်လဲ သူတို့ကချစ်သူရည်းစားတွေလေ ချစ်တယ်ဆိုတာလောက်တော့ ကြားချင်တာပေါ့။ မပြောပဲ သိနေရအောင် ကိုယ်ကအကြားအမြင်ရနေတာလဲ မဟုတ်ဘူး။ ထိုသို့အတွေးများစွာတွေးရင်း ပန်းကန်ကို ခက်ရင်းနဲ့ ခြစ်နေလိုက်မိသည်။

"အီး....ဇေယျာရယ် သွားကြိမ်းလိုက်တာ ဘာလို့ ပန်းကန်ကို ခြစ်နေရတာတုန်း"

"အာ...Sorry။ ဒါနဲ့ Louis ငါမင်းကို မေးစရာ ရှိလို့"

"မေးလေ"

"ကိုစေက စင်္ကါပူမှာ ကျောင်းတက်တုန်းက ရည်းစား ထားခဲ့လား"

Louis က သူ့ကို မျက်ခုံးတဖက်ပင့်ကြည့်ပြီး အဓိပ္ပါယ်ခပ်ပါပါ တချက်ပြုံးသည်။

"ထားတာပေါ့ကွ။ မင်းကလဲ ဘရားသားပိုင် ရုပ်ရည်ကိုလဲ ကြည့်အုံး ဒီလောက်ချောတာ စော်တွေရော ဘဲတွေရော ဝိုင်းနေတာ။ ရည်းစားတွေလဲ အများကြီးပဲ"

"အော်...ဟုတ်လား။ အင်းပေါ့။ ရုပ်ချောတော့လဲရှိမှာပေါ့လေ"

"ဘာဖြစ်လို့လဲ။ ဘရားသားပိုင် အကြောင်း သိချင်တာရှိရင်မေးနော်။ ငါအကုန်ပြောပြမယ်။ ငါကမင်းကို ခင်လို့"

"အာ...ငါသိချင်တာကလေ။ ကိုစေက အဲ့ဒီတုန်းက သူ့ရည်းစားတွေကို ချစ်တယ်လို့ ပြောလား"

Louis ၏ မျက်လုံးတို့က ပို၍ အရောင်တောက်သွားသည်။ မေးကို လက်ဖြင့် ပွတ်ကိုင်ကာ တွေးတွေးဆဆဖြင့်

"ရည်းစားတွေ အကြောင်းတော့ ဘရားသားပိုင်ရဲ့ အတွင်းရေးမို့ ငါလဲ သိပ်မသိဘူး။ အဲ့.. ဒါပေမယ့် ညကျ သူဖုန်းပြောတိုင်း Love you bae. Love you so much လို့ ပြောသံတော့ ခနခနကြားဖူးတယ်"

ထိုအဖြေအောက်မှာ ဇေယျာတိုး၏ နှုတ်ခမ်းတို့ ပိုမိုဆူထွက်လာကာ မျက်မှောင်တို့ကြုံ့သွားတော့သည်။တစ်ယောက်ထဲ အတွေးလွန်နေသဖြင့် ခိုးရယ်နေသော Louis ကိုတော့ ဇေယျာတိုးမမြင်လိုက်ပါ။

Продовжити читання

Вам також сподобається

3.7M 291K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
1.3M 68.1K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
2.8M 159K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
2M 112K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...