I got a wife as the system

By MyuKhoe979594

10.9K 1K 28

သူမသေသွားခဲ့တယ် ဟုတ်တယ် ဒါပေမယ့် သူမ သေပီးချင်းချင်းမှာဘဲ မိခင်တစ်ဉီးရဲ့ ဗိုက်ထဲက သ‌န္ဓေသား အဖြစ်နဲ့ သူမနေခဲ့... More

Intro
ကျင့်ကြံခြင်း အဆင့်များ
About story
အပိုင်း(၁) ပြန်၀င်စားခြင်း
အပိုင်း(၂)အရွယ်ရောက်လာခြင်း
Not update(must read)
အပိုင်း(၃)ယုံကြည်မှုရယူခြင်း (၁)
New Character info
အပိုင်း(၄) ယုံကြည်မှု ရယူခြင်း(၂)
အပိုင်း(၅)အဂ္ဂိရတ်ပညာအား သင်ယူခြင်း
အဂ္ဂိရတ်ပညာ
အပိုင်း(၆)စတင်လေ့လာခြင်း
အပိုင်း(၇)အသက်ကယ်တင်ခြင်း(၁)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)နှုတ်ဆက်ခြင်း၊ခွဲခွာခြင်း
အပိုင်း(၁၁)1st mission
အပိုင်း(၁၂) 1st mission (အဆက်)
အပိုင်း(၁၄)
အပိုင်း(၁၅)
not update (must read)
အပိုင်း(၁၆) ထူးဆန်းသော လူနှစ်ယောက်
အပိုင်း(၁၇) ခိုးနမ်းခြင်း
အပိုင်း(၁၈)
episode 16(characters)
အပိုင်း (၁၉) လျှို့ဝှက်လှိုဏ်ဂူသို့ ၀င်ရောက်ခြင်း (၁)
အပိုင်း-၂၀(လျှို့ဝှက် ဂူသို့ ၀င်ရောက်ခြင်း ၂)
Note
အပိုင်း၂၁ နာကျင်စရာ အတိတ်မှ ရုန်းထွက်ခြင်း
အပိုင်း၂၂ ၀မ့်ဟွားဂေဟာ
အပိုင်း၂၃
သတိပေးချက်
အပိုင်း၂၄(မြွေဂူ)
အပိုင်း၂၅ (ချင်းချိုး၊ဟေးဖုန်းတို့၏ပဋိပက္ခ)
အပိုင်း(၂၆)
အပိုင်း -၂၇(သူမကငါ့အပိုင်)
အပိုင်း-၂၈ 🔥🔥(သူမကိုထိတာ ငါ့ကိုထိတာနဲ့ အတူ"ဘဲ)
အပိုင်း-၂၉(warning ⚠️🚨)
အပိုင်း ၃၀ (ခွေးစာကျွေးမယ်)
အပိုင်း ၃၁(စူးစူးက မိန်းကလေးမဟုတ်ဘူးလား)
အပိုင်း ၃၂ (နှစ်ရက်နှစ်ညတိုင်အောင်💣💣
အပိုင်း၃၃ သမိုင်း နှင့် သူ့အကြောင်း
အပိုင်း ၃၄ (မဂ်လာပွဲ)
အပိုင်း ၃၅(မဂ်လာပွဲ ၂)
အပိုင်း ၃၆ (ဘ၀အစစ်မှန်)
အပိုင်း ၃၇ (စစ်ပွဲ)
အပိုင်း ၃၈
အပိုင်း ၃၉

အပိုင်း(၁၃) ၀မ်ချန်မြို့

183 23 0
By MyuKhoe979594

လမ်းသွားလမ်းလာ လူပေါင်းများစွာနှင့် စည်ကားလှသော ၀မ်ချန်မြို့

ကျန်းဟူလောကရဲ့ နာမည်ကြီးမြို့တွေ ထဲမှ တစ်ခု အပါအ၀င်ဖြစ်သော ၀မ်ချန်မြို့ဟာ နေရာပေါင်းစုံမှ လာရောက်ကျသော သိုင်းလောကရှိ လူပေါင်းစုံကို တွေ့မြင်နိုင်သောနေရာတစ်ခု

၀မ်ချန်မြို့ရဲ့ နာမည်အကြီးဆုံး တည်းခိုဆောင်ကြီး သုံးခု ၀မ်မင်းချန်၊ ၀မ်ဟုန်ချန်၊၀မ်လင်းချန် ဟူ၍ ၀မ်ချန်မြို့ ကိုယ်စားပြု တည်းခိုဆောင်ကြီး သုံးခုမှာ လူစည်ကား နေလေသည်။

၀မ်လင်းချန် တည်းခိုဆောင်၌

ကျန်းဟူသားများရဲ့ ထုံးတမ်းအရ ကျန်းဟူရဲ့  အတင်းအဖျင်းများစွာကို ပြောပြနေကြလေသည်။

"ဒီက ညီနောင်တို့ သတင်းတစ်ခု ကြားပြီးပြီလား"

"ဘာများလဲ ကြားရတဲ့ သတင်းတွေက နားမဆန့်အောင် ကြားရလွန်းလို့ ဘာတွေမှန်းတောင်မသိတော့ဘူး။ ပြောပါအုံး ဘာအကြောင်းများလဲ"

"လွန်ခဲ့တဲ့ ၅နှစ်လောက်ကလေ ‌နတ်မြေခွေးမျိုးနွယ်စုရဲ့ သခင် လုပ်ကြံခံရတယ်ဆိုဘဲ။သူတို့မျိုးနွယ်က မျိုးနွယ်၀င်တွေဆိုတာ သူတို့ သခင်လုပ်ကြံခံရပြီး ပျောက်သွားတဲ့ နောက် လိုက်ရှာကျတာ ရှာမတွေ့ဘူးတဲ့။ အဲ့တာနဲ့ သူတို့ မျိုးနွယ်စုသခင်ကို လုပ်ကြံပါတယ်ဆိုပြီး နတ်ဝံပုလွေတွေနဲ့ အချင်းများကျတာ အခုအထိဘဲတဲ့ဗျို့"

"ဟယ်.. အဲ့တော့ အနိုင်အရှုံးမထွက်သေးဘူးလားအခုထိ ကြားသိရသလောက်တော့ နတ်မြေခွေးမျိုးနွယ်စု နဲ့ နတ်ဝံပုလွေတွေက မတည့်ကျလို့ အမြဲရန်ဖြစ်တယ်ဆို နတ်မြေခွေးသခင် ပျောက်နေတဲ့ အချိန် နတ်ဝံပုလွေတွေက အခွင့်အရေး အများကြီးရကျမှာ မဟုတ်ဘူးလား။ ဘာလို့ သူတို့ စစ်ပွဲက အခုထိမပြီးသေးတာလဲ။"

"ကြားရသလောက်ကတော့ နတ်မြေခွေးမျိုးနွယ်စုက အမုန်းမီးတွေတောက်လောင်ပြီး သူသေကိုယ်သေ အပြီဆွဲတာတဲ့ နတ်ဝံပုလွေတွေလည်း အခြေအနေမဟန်ဘူးကြားတယ်။"

*စွင်အာ နတ်မြေခွေးမျိုးနွယ် အကြောင်း ငါ့ကိုပြောပြပါလား ငါသိချင်လို့*

'နတ်မြေခွေးလို့ သူတို့ကို ခေါ်ကြပေမယ့် သူတို့ရဲ့ မျိုးနွယ်က အမှန်တော့ ချင်းချိုး လို့ခေါ်တယ်။ ချင်းချိုးမြေခွေးတွေက တော်၀င်မြေခွေးမျိုးနွယ်တွေဖြစ်ပြီး သူတို့က တခြားမြေခွေးတွေနဲ့ မတူဘဲ အမြီး ၇ ချောင်းရှိကျတယ်။ နောက်ပြီး သူတို့က စတင်မွေးဖွားလာကတည်းက အမတ မသေမျိုး အနေနဲ့ မွေးဖွားလာကျတာမို့ သူတို့က သာမန်သားရဲဝိဉာည်တွေထက် သန့်စင်ပြီး စွမ်းအားကြီးကျတယ်။'

*လက်စသတ်တော့အဲ့လိုကိုးး ဒါဆို နတ်ဝံပုလွေတွေကကော အတူတူဘဲလား*

'သူတို့က တူတော့တူပေမယ့် သိပ်မတူဘူး'

*နင့်စကားကြီးက ဘာကြီးတုန်း တူရင်တူတယ်၊ မတုရင်မတူဘူးပေါ့ တူတော့တူပေမယ့် သိပ်မတူတာက ဘာကြီးလဲ*

'တူတယ်ဆိုတာ သူတို့ကလည်း မသေမျိုးအနေနဲ့ဘဲ မွေးဖွားလာကျတာ ဒါပေမယ့် သူတို့မှာ အမြီးခုနစ်ချောင်း မရှိဘူး သူတို့ကိုကျ ဟေးရန် လို့ခေါ်တယ်'

*ဪ....*

သူမ ဇာတ်လိုက်ကို ကယ်လို့ရတဲ့ ရမှတ် ၂၀၀၀နဲ့ spaceထဲမှာ ဝိဉာည်ကျောက်တုံးတွေ လဲလှယ်ပြီးတဲ့နောက် ဒီ၀မ်ချန်မြို့ကို ရောက်လာတော့တာဘဲ။ အဲ့တာနဲ့ သူမလည်း ဒီတိုင်းကြုံ‌တဲ့ တည်းခိုခန်း၊ စားသောက်ဆိုင်မှာ ခနလာထိုင်နေရင်း ထိုသတင်းတွေ ကြားလိုက်ရတာပါဘဲ။

*ဒါနဲ့ ဒီမြို့က ပုံမှန်လဲ လူစုံတာဘဲလား*

'စုံတာတော့ စုံတယ် ဒီထက်တော့ ပိုမစုံဘူး။
ဒီမှာ လျှို့ဝှက်လှိုင်ဂူတစ်ခု ပွင့်မယ်လို့ သတင်းကြားလို့ ရောက်လာကျတာ ဒီလူတွေက ဒီပွင့်မယ့်ဂူကနေ ထူးခြားတဲ့အမွေအနှစ်တို့ ရတနာတို့ရမလားဆိုတဲ့ အကြောင်းနဲ့ လာကျတာ'

*ဪ ဒါဆို ငါလည်း ဒီမှာ ရက်အနည်းငယ်နေရင်း လေ့လာရတာပေါ့*

ထို့နောက်မှာ သူမလည်း ကောင်တာကို သွားလိုက်ပြီး "အခန်းတစ်ခန်းလိုချင်လို့ "

သူမအသံက မကျယ်သော်လည်း သူမအခုရောက်နေတဲ့နေရာက ကျင့်ကြံသူတွေဘဲရှိနေတဲ့နေရာဆိုတော့ သူမအသံ ထွက်လာတာနဲ့ အစောက စကားများနေကြသော လူများမှာ မီးကိုရေနှင့်ငြိမ်းလိုက်သလို တိကနဲ ငြိမ်သွားကျတော့တယ်။

အစပထမကတည်းက သူမက မျက်နှာတစ်၀က်ကို ပုဝါစနှင့် အုပ်ကာထားသော်လည်း ဒီကို ရောက်တော့ ပုဝါနှင့်ခမောက်တွဲစပ်ထားတဲ့ ခမောက်တစ်ခုကိုလည်း၀တ်ဆင်ထားသောကြောင့် သူမ စ၀င်လာတုန်းက ထိုလူများမှာ တစ်ချက်သာကြည့်၍ အကြည့်လွှဲသွားခဲ့ကျသည်။ အကြောင်းမှာ ထိုလူများအနေနဲ့ ထိုသို့ပုံစံမျိုးကို အသားကျ မြင်ဖူးတွေ့ဖူးနေကျသောကြောင့်ပင်

ယခုတစ်ခါမှာတော့ သူမ အသံကြောင့်ပင်

သူမအသံလေးမှာ နားထောင်သူရဲ့ စိတ်နှလုံးကို အေးမြသွားစေရုံသာမကဘဲ အမည်မသိသော စွဲဆောင်မှုတစ်ခုကိုလည်း ပေးစွမ်းနေပြန်တယ်။ထို့ကြောင့် သူမ စကားသံထွက်လာသည်နှင့် မျက်လုံးအစုံက သူမဆီ ရောက်ရှိနေတော့တယ်။

သူမလည်း ထိုသူတွေရဲ့ အကြည့်ကို လျစ်လျူရှုလိုက်ပြီး ကောင်တာက လူရဲ့ စကားပြန်ကို စောင့်နေလိုက်တယ်။

"ဒီက ဧည့်သည် အတော် ကံကောင်းပါတယ်။ အခန်းက တစ်ခန်းဘဲ ကျန်တော့တာပါ အပြာရောင်သလင်းကျောက် ၅၀ ကျသင့်ပါတယ်။ ဒီက ဧည့်သည် ဘယ်နှစ်ရက် တည်းခိုပါမလဲဗျ"

"၇ရက် "

"ဒါဆို ၃၅၀ကျ ...."

ထို သူ့ စကားမဆုံးခင် ဖြတ်ပြောလာသော မိန်းကလေး တစ်ယောက်အသံ

"လောင်းပန်(သူဌေး) ကျွန်မတို့ အဲ့အခန်းယူမယ် နှစ်ဆပေးမယ် ဘယ်လိုလဲ"

ထိုမိန်းကလေးရဲ့ စကားသံအဆုံး အပြင်ဘက်မှ ၀င်လာသော ကျင့်ကြံသူ ၄ယောက် သူတို့ လေးယောက်မှာ တူညီ၀တ်စုံများကို ၀တ်‌ဆင် ထားကျပြီး မိန်းကလေး နှစ်ယောက် ယောကျာ်းလေးနှစ်ယောက် မှာ တည်းခိုခန်းအတွင်းသို့ ၀င်လာကျတော့တယ်။

ခမောက်ကလေးက ဒီလိုလေးပါ။

Continue Reading

You'll Also Like

20.3K 585 8
Y/N never had a normal childhood. That would probably be because he was taken from a young age and trained as a deadly assassin by Slade Wilson aka D...
13.7K 424 66
This is the novel where The Lost Tomb drama was adapted. Grave Robbers' Chronicles Vol. 6 (Ancient Mansion Down Under) Original work by Xu Lei Englis...
21K 480 22
publishing Mondays and Fridays (hopefully) Endings are not really endings but new beginnings. It all started as nightmares of Lloyds biggest fear bu...
278K 18.9K 160
The Divine woman Draupadi was born as the eternal consort of Panadavas. But we always fail to treasure things which we get easily. Same happened with...