ချိုမြိန်မှုကိုနှစ်သက်တဲ့ ဗီလ...

By Berry_Xin

76.9K 13K 673

This is not my own story. It is my translation work. All Credits to original author. Associated name- 反派天生嗜甜... More

Description
Chapter-(1)
Chapter-(2)
Chapter-(3)
Chapter-(4)
Chapter-(5)
Chapter-(6)
Chapter-(7)
Chapter-(8)
Chapter-(9)
Chapter-(10)
Chapter-(11)
Chapter-(12)
Chapter-(13)
Attention❗️
Chapter-(14)
Chapter-(15)
Chapter-(16)
Chapter-(17)
Chapter-(18)
Chapter-(19)
Chapter-(20)
Chapter-(21)
Chapter-(22)
Chapter - (24)
Chapter - (25)
Chapter - (26)
Chapter - (27)

Chapter - (23)

1.2K 272 3
By Berry_Xin

Unicode

ဖူရှန်းကတော့ လူမိသွားတာကိုမသိသေးဘဲ ခေါက်ဆွဲပြုတ်ဖို့ပြင်နေရင်း ခုနကထန်ကျိုးရဲ့အသွင်အပြင်က သူ့ခေါင်းထဲပြန်ပေါ်လာသည်။
သူက လိင်မှုရေးရာတက်ကြွသူမဟုတ်တဲ့အပြင် ဒီအရွယ်ထိ တစ်ဦးတစ်ယောက်​ကို တစ်ခါမှမတပ်မက်ဖူးပေ။
လိင်မှုရေးရာမဆိုထားနဲ့၊သူ့အနေနဲ့ အချစ်ဆိုတာတောင် ဘာမှန်းမသိပေ။

အခုတော့ သူကိုယ်တိုင်တောင်မသိလိုက်ခင်မှာပဲ 'ထန်ကျိုး' လို့ခေါ်တဲ့၀ဲဂယက်ထဲ သက်ဆင်းမိပြီးနေပြီဖြစ်သည်။
ထန်ကျိုးဆိုတာ အခွံခွာရခက်တဲ့ ချိုမြိန်လှတဲ့သကြားလုံးလေးလိုပင်။
သူ့ကိုအရသာမခံရသေးရင်တောင် ချိုမြမြအနံ့လေးနဲ့အရင်စွဲလမ်းမိမှာဖြစ်သည်။

ရေပွက်ပွက်ဆူနေတဲ့အသံကြောင့် ဖူရှန်းအသိပြန်၀င်လာပြီး ခေါက်ဆွဲခြောက်တွေကိုသင့်တင့်တဲ့ပမာဏအတိုင်းထည့်ချလိုက်သည်။
သူမီးဖိုချောင်ထဲမှထွက်လာတော့ ထန်ကျိုးက ထမင်းစား စားပွဲတွင်ထိုင်နေနှင့်ပြီဖြစ်သည်။

"ကျေးဇူးပဲ"

ဖူရှန်း-"ဒါ ကျွန်တော့်အနေနဲ့ လုပ်သင့်တဲ့အရာပါ"

ထန်ကျိုးအနဲငယ်တွေဝေသွားသည်။
သူမှတ်မိသလောက်ဆိုရင် အိပ်မက်ထဲမှဖူရှန်းက သူ့လက်ထောက်အနေနဲ့ရှိနေတုန်းကတောင် အေးတိအေးစက်နေသူတစ်ယောက်ဖြစ်တဲ့အပြင် သူတို့၂ယောက်ကြား စကားလည်းသိပ်မပြောဖြစ်ခဲ့ကြပေ။
အခုချိန်မှာတော့ တစ်ခုခုကွာခြားနေတယ်လို့ခံစားနေရသည်။

"ငါ ဒီရက်ပိုင်းအတွင်း အိမ်ပြောင်းတော့မယ်"

ဖူရှန်းက အလျင်စလိုနဲ့
"စီနီယာ ဘွဲ့မရသေးဘူးလေ"

ထန်ကျိုးက လေသံခပ်နိမ့်နိမ့်ဖြင့်
"ဘွဲ့ကရတော့မှာလေ...တက္ကသိုလ်ကိုသွား...စာတမ်းဖတ်..ပြီးတာနဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားတက်ပြီးရင်ရပြီကို"

ထန်ကျိုးနဲ့မျက်နှာချင်းဆိုင်ထိုင်နေတဲ့ဖူရှန်းက တည်ငြိမ်ချင်ယောင်ဆောင်ကာ လက်ချောင်းတွေပွတ်သပ်နေရင်း
"ဘယ်နေရာကိုပြောင်းသွားမလို့လဲ"

"ဒါတော့ မစဥ်းစားရသေးဘူး"
ထန်ကျိုးက ခေါက်ဆွဲစားနေရင်း
"မင်းမှာကိစ္စရှိရင် ငါ့ကိုခေါ်လိုက်လေ"

ဖူရှန်းအကြည့်တွေဖျော့တော့သွားပြီး
"အင်းပါ"

ဖူရှန်းက ခေါင်းချရင်အိပ်ပျော်တဲ့သူဆိုပေမဲ့ ယနေ့ညမှာတော့ ကုတင်မှာလူးလိမ့်နေပြီးအိပ်မပျော်ချေ။
မနက်အာရုဏ်တက်ချိန်လောက်မှ မှေးကနဲအိပ်ပျော်သွားပေမဲ့ အိပ်မက်ထဲမှအလှလေးကြောင့် ပြန်နိုးလာသည်။
ဖူရှန်း သူ့လက်ကိုသူထိကာ အိပ်ရာပေါ်ပျော့ခွေစွာပြန်လှဲချလိုက်ရင်း သက်ပြင်းချလိုက်မိသည်။

အတန်းတက်ချိန်ရောက်တော့ ဖူရှန်းတစ်ယောက်ငေးငိုင်စွာနဲ့ထိုင်နေသည်။
လျန်ချင်းကတော့ ဖူရှန်းအခြေအနေတစ်ခုခုမှားယွင်းနေတာကိုသတိထားမိသွားပြီး
"မနေ့က အိပ်ရောအိပ်ဖြစ်ရဲ့လား"

ဖူရှန်းခေါင်းသာငြိမ့်ပြီး ဘာမှထပ်ပြောမလာပေ။
ဖီချူးက ရယ်မောပြီး
"မနေ့ညက နတ်ဘုရားထန်နဲ့ဘာမှတော့မဖြစ်ခဲ့ကြဘူးမလား"

ဒါက သေချာပေါက်ကို ဟာသပြောလိုက်တာဖြစ်သည်။
ဖူရှန်းကရယ်မောပြီး ဖီချူးကိုဆူနေရင်း အိပ်မက်ထဲမှသေးသွယ်ဖြူဖွေးတဲ့ ခြေတံသွယ်သွယ်တွေကိုပြန်မြင်ယောင်ကာ အပြစ်ရှိတဲ့အမူအရာနဲ့ချောင်းဟန့်လိုက်သည်။

"ဆရာ လာပြီ"
ဖီချူးက ခပ်မတ်မတ်ထိုင်လိုက်ပြီးအရှေ့ကိုကြည့်နေတာကြောင့် ဖူရှန်းထူးဆန်းနေတာကိုသတိမထားမိပေ။
ဒါပေမဲ့ လျန်ချင်းကတော့မျက်မှောင်အနဲငယ်ကျုံ့ကာ ဖူရှန်းကိုကြည့်နေသည်။

ဖူရှန်း အတန်းချိန်အတွင်းတချိန်လုံးငူငူငိုင်ငိုင်ဖြစ်နေပြီး ဆရာကသူ့ကိုမေးခွန်းမေးကာ ထဖြေခိုင်းတာတောင် ယောင်၀ါး၀ါးအမူအရာနဲ့ထဖြေနေသည်။
လီဖုန်းယွီသာ သူ့ကိုသတိမပေးရင် အတန်းထဲလှောင်ရယ်ခံရမှာကျိန်းသေသည်။

ဖူရှန်းကအရွယ်ရောက်ခါစဖြစ်တာကြောင့် သူ့ခံစားချက်တွေ၊အတွေးတွေဘယ်လိုနက်နဲနေပါစေ ရိုးသားတဲ့ဖိုးသခွားသာသာပင်။
အတန်းပြီးတော့ သူတို့၄ယောက် စာသင်ဆောင်မှထွက်လာချိန် လူတစ်ယောက်လာတားတာကြောင့် ရပ်တန့်သွားသည်။

သူတို့ကိုလာတားတဲ့သူက သာမန်အင်္ကျီအဖြူ၊ဘောင်းဘီအနက်၀တ်ထားတဲ့သက်လတ်ပိုင်း လူကြီးတစ်ယောက်ဖြစ်သည်။
ထိုသူ့ပုံစံက သာမန်ကျောင်းဆရာလိုပုံစံနဲ့ အလွန်သာမန်ဆန်လွန်းလှသည်။

"မင်းက မစ္စတာဖူရှန်းလား"
ထိုလူက ယဥ်ကျေးစွာမေးလာသည်။

ကျန်၃ယောက်က ထိုလူကြီးကိုကြောင်အ,စွာ ကြည့်နေစဥ် ဖူရှန်းကတည်ငြိမ်စွာနဲ့
"မဟုတ်ဘူး"

"....."
သူတို့အုပ်စုထွက်သွားဖို့ပြန်နေချိန် ထိုလူကြီးကအလျင်အမြန်ပဲ
"ကျေးဇူးပြုပြီး ကျုပ်အနောက်ကလိုက်ခဲ့ပေးပါ"

ဖူရှန်းဘာမှမပြောသေးခင် ဖီချူးကအရင်
"ဦးလေးက ရဲလား"

လီဖုန်းယွီကလည်း
"ဦးလေးက ဘယ်သူလဲဗျ"

ဖူရှန်းကတော့ ၀င်ပြောရမှာတောင်ပျင်းနေသည်။
သူ အရင်ကထန်ကျိုးနဲ့ပတ်သက်တဲ့ဆွေမျိုးတွေအကြောင်းအကုန်စုံစမ်းပြီးသားမို့ ထန်ကျိုးနဲ့ပတ်သက်တဲ့သူတွေကို တခါမှမမြင်ဖူးရင်တောင်မှတ်မိနေသည်။

သူထိုလူရဲ့ပုံသဏ္ဍာန်ကိုတချက်ကြည့်လိုက်ပြီးတာနဲ့ သူ့ကိုရှာနေတဲ့သူက ဘယ်သူဆိုတာကိုတန်းသိလိုက်သည်။
သက်လတ်ပိုင်းလူကြီးကတော့ ဘေးမှလူ၃ယောက်ကိုလျစ်လျူရှုလိုက်ကာ
"သခင်လေးထန်ကျိုးရဲ့အမေက မစ္စတာဖူရှန်းကိုတွေ့ချင်လို့ပါ"

ထန်ကျိုးနာမည်က ကျန်းတမှာ မရင်းနှီးသူမရှိပေ။
ဘေးကဖြတ်သွားဖြတ်လာ ကျောင်းသားအချို့တောင် ထန်ကျိုးဆိုတဲ့နာမည်ကြောင့် သူတို့ဘက်ကိုလှည့်ကြည့်လာကြသည်။
ဖူရှန်းကတော့ လူတွေ၀ိုင်းကြည့်တာမခံချင်တာကြောင့် မျက်၀န်းတွေမှေးကျဥ်းလိုက်ပြီး
"လျန်ချင်း မင်းတို့အရင်သွားနှင့်"

လျန်ချင်းက ခဏလောက်ကြောင်နေပြီးမှ ခေါင်းငြိမ့်လိုက်သည်။
ဖူရှန်းထွက်သွားတော့မှ ဖီချူးကမျက်မှောင်ကျုံ့ပြီး
"နတ်ဘုရားထန်ရဲ့အမေက ဘာလို့ရှန်းကောကိုရှာတာလဲ"

"ငါလည်းမသိဘူးလေ...အရင်သွားစားရအောင်"
လျန်ချင်းစိတ်ထဲမှာတော့ တစ်ခုခုကိုသိသလိုလိုခံစားမိနေပေမဲ့ အမှန်မဟုတ်လောက်ဘူးလို့လည်းခံစားနေရသည်။
လီဖုန်းယွီကတော့ ဘရောင်ချိန်း(ဘရိန်းချောင်)စွာနဲ့
"နတ်ဘုရားထန် ငါတို့ပရောဂျက်မှာရင်းနှီးမြှုပ်နှံထားတာကို ပြန်ရုတ်သိမ်းခိုင်းမလို့လားပဲ"

ဖီချူးက
"မင်းက ငတုံးပဲ...နတ်ဘုရားထန်ရဲ့ရင်းနှီးမြှုပ်နှံတာကိုပြန်ရုတ်သိမ်းခိုင်းချင်ရင် နတ်ဘုရားထန်ကိုပဲရှာမှာပေါ့ဟ...ရှန်းကောကို ဘာလို့ရှာမှာလဲ"

"နတ်ဘုရားထန်က ရှောင်နေတာကြောင့် ရှန်းကောကိုခေါ်ပြီး ခြိမ်းခြောက်မလို့များလား"
လီဖုန်းယွီက အတွန့်တက်တဲ့လေသံနဲ့
"အခုလာတဲ့တီဗီဇာတ်လမ်းတွဲတွေမှာ အဲ့လိုမျိုးပဲပြနေတာလေ"

ဖီချူးက မျက်လုံးလှိမ့်လိုက်ပြီး
"ဒါက ခေတ်သစ်စင်ဒရဲလားဇာတ်လမ်းတွေလေ...ငါတို့ပရောဂျက်အတွက် ရင်းနှီးမြှုပ်နှံတာနဲ့ ဘာဆိုင်လို့လဲ...မင်း ဒရမ်မာကားတွေလျှော့ကြည့်စမ်းပါကွာ"

လျန်ချင်းကတော့ ဇာတ်လမ်းတွဲဆိုတာ အပြင်မှာဖြစ်နေတဲ့အဖြစ်အပျက်တွေအပေါ်အခြေခံရိုက်ထားတာကြောင့် ဖြစ်ရပ်မှန်သာဆိုရင် ဒီထက်ပိုကျယ်ပြန့်လောက်တယ်လို့တွေးနေမိသည်။

ထိုအချိန် အဆင့်မြင့်ကော်ဖီဆိုင်တစ်ဆိုင်တွင်တော့ သိမ်မွေ့ပုံပေါ်တဲ့အမျိုးသမီးတစ်ဦးက ဆိုင်ပြတင်းပေါက်နားတွင်ထိုင်ကာ ၀ိတ်တာလေးအား စားစရာမှာပြီးနောက် သူမနဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ကောင်လေးအပေါ်အကြည့်ရောက်သွားသည်။

ဆိုင်ထဲတွင် ဘယ်သူမှမရှိဘဲ သူတို့ထိုင်နေတဲ့နေရာကလည်း တသီးတသန့်ဖြစ်နေသည်။
ထိုအမျိုးသမီးရဲ့အကြည့်က မစူးရှပေမဲ့ ခပ်တုံးတုံးဓားတစ်ချောင်းလို ဖူရှန်းရဲ့တည်ငြိမ်တဲ့မျက်နှာကို ထပ်ခါထပ်ခါလှီးဖြတ်နေသလိုပင်။
သူမက ဇွန်းနဲ့ကော်ဖီကိုမွှေနေရင်း လေသံတိုးတိုးနဲ့
"ရုပ်ရည်က မဆိုးဘူးပဲ"

ဖူရှန်းဘာမှမပြောပေ။

"သည်းခံမှုအတိုင်းအတာလည်း မဆိုးဘူး"

ဖူရှန်း စတင်ပြီးစိတ်မရှည်ဖြစ်လာသည်။

"မင်းအနာဂတ်က ဖြောင့်ဖြူးသားပဲ...အဲ့တာကို ဘာလို့ ဒီလိုလုပ်ရပ်မျိုးလုပ်ရတာလဲ"
ကျင့်ချိုးရီက ဖူရှန်းအားဖိအားပေးတဲ့လေသံနဲ့
"ပိုက်ဆံကြောင့်လား"

ဖူရှန်းက ထိုင်ခုံတွင်မှီကာ ထိုင်နေပြီးဘာတစ်ခွန်းမှပြန်မပြောပေ။

ကျင့်ချိုးရီက မျက်မှောင်ကျုံ့သွားပြီး
"ဘာလို့ဘာမှပြန်မပြောတာလဲ"

"မစ္စကျင့်က ဒါပဲပြောနေမယ်ဆိုရင်တော့ ကျွန်တော့်အနေနဲ့ သေချာနားထောင်နေစရာမလိုဘူးလို့ထင်တာပဲ"

ဖူရှန်းက သူမအပေါ်အကောင်းမမြင်ပေ။
ထန်ကျိုးနဲ့သာပတ်သက်မနေဘူးဆိုရင် သူဒီနေရာကိုတောင် လိုက်လာမှာမဟုတ်ပေ။
ထိုအခါ ကျင့်ချိုးရီက
"မင်းသူ့ကိုတကယ်ကြိုက်တယ်ဆိုရင် သူနဲ့ဝေးဝေးနေပါ"

သူမအနေနဲ့ သူမသားရဲ့လိင်တူကြိုက်တဲ့သတင်းတွေကြားပြီး ဒါကထန်မိသားစုဆက်ခံသူနေရာကိုထိခိုက်နိုင်တာသိတော့ သူမစိတ်ဓာတ်ကျသွားသည်။
သူမ စုံစမ်းပြီးနောက် ထန်ကျိုးနဲ့အတူနေတဲ့ကောင်လေးက ဖူရှန်းဆိုတာသိရတာနဲ့ချက်ချင်းတွေ့ဖို့ စီစဥ်လိုက်ခြင်းပင်ဖြစ်သည်။

ဖူရှန်းက နှာခေါင်းရှုံ့လိုက်ပြီး
"ဒါဆို မစ္စကျင့်ကရော"

"ဘာ!!!"

"မစ္စကျင့်ကရော ကျွန်တော့်ကိုအဲ့လိုပြောပိုင်ခွင့်ရှိလို့လား"

ဖူရှန်းကတော့ ထိုအမျိုးသမီးဘာတွေတွေးနေလဲဆိုတာ နားမလည်တော့ပေ။
ထန်ကျိုးငယ်စဥ်ကလေးဘ၀ကတည်းက ထန်ကျိုးကိုအဖက်မလုပ်ခဲ့တဲ့ အမေဆိုတဲ့သူက အခုမှလာပြီး ဘာတွေစွက်ဖက်ချင်နေရတာလဲ....

ကျင့်ချိုးရီက အေးတိအေးစက်လေသံနဲ့
"ငါက သူ့အမေပဲ"

ဖူရှန်းနှာခေါင်းရှုံ့လိုက်ပြီး
"သူ ဘာစားရတာကိုကြိုက်လဲ"

"....."

"သူဘာ၀တ်ရတာကို ကြိုက်လဲ"

"......"

"သူ ဘာ၀ါသနာပါလဲ"

"....."

"သူဘာကိုလိုချင်တာလဲ...ဘာကိုမကြိုက်တာလဲ"
"
"....."
ဖူရှန်းမတ်တပ်ထရပ်လိုက်ပြီး စားပွဲပေါ်လက်၂ဖက်ထောက်ကာ
"မစ္စကျင့်က ဘာမှမသိတော့ ဘယ်အချက်ကိုကြည့်ပြီး သူ့အမေပါလို့ပြောဦးမှာလဲ"

ကျင့်ချိုးရီက ခပ်စူးစူးလေသံနဲ့
"သူ့ကို ငါ့၀မ်းနဲ့လွယ်ပြီးမွေးခဲ့တာ"

ဖူရှန်းကတော့ ဒီလိုမျိုးသွေးနားထင်ရောက်နေတဲ့အမျိုးသမီးနဲ့ ဆက်၍စကားမပြောချင်တော့ပေ။

ကျင့်ချိုးရီလည်း မတ်တပ်ထရပ်လိုက်ပြီး အက်ရှတဲ့အသံနဲ့
"မင်းကြောင့်...မင်းကြောင့် သူ့ရဲ့ဆက်ခံသူနေရာက အာမခံချက်မရှိတော့ဘူး"

"မစ္စကျင့်"
ဖူရှန်းက သူမကိုမျက်နှာသေနဲ့ကြည့်လိုက်ပြီး
"အဲ့ဒါ အန်တီနဲ့ဘာဆိုင်လို့လဲ"

ကျင့်ချိုးရီက ဖူရှန်းကိုခက်ထန်စွာစိုက်ကြည့်နေသည်။
ဘာဆိုင်လို့လဲတဲ့လား...ဘာဆိုင်လို့လဲတဲ့လား...
သူမကလေးသာ ထန်မိသားစုရဲ့ဆက်ခံသူဖြစ်မလာရင် သူမဒီလောက်နှစ်တွေအကြာကြီးသည်းခံလာခဲ့တာ ဘာထူးတော့မှာလဲ...
သူမစတေးခဲ့ရတဲ့အရာတွေအကုန်လုံး အဓိပ္ပာယ်မဲ့ဖြစ်သွားတော့မှာပေါ့...

ဖူရှန်းကတော့ သူမရဲ့အမူအရာတွေကိုကြည့်ပြီး မချိပြုံးပြုံးလိုက်သည်။

"အန်တီ့စိတ်ထဲမှာ အန်တီရဲ့တန်ဖိုးက ထန်မိသားစုအတွက်ဆက်ခံသူတစ်ယောက်မွေးပေးနိုင်ဖို့လောက်ပဲ ရှိတာထင်တယ်"
ဖူရှန်းအသံက တိုးရှပေမယ့် ဖိအားပြင်းထန်လှသည်။
"မစ္စကျင့်က အတော်လေးကို စိတ်ကြီး၀င်နေတာပဲ"

ကျင့်ချိုးရီတစ်ယောက် သွေးဆောင့်တက်ကာ ချက်ကောင်းတည့်တည့်ထိသွားပုံရသည်။
ဖူရှန်းပြန်သွားတဲ့အချိန်ထိ သူမခမျာစကားတောင်ပြန်မပြောနိုင်ပေ။

သူမက မွေးလာကတည်းက အလိုလိုက်ခံ၊အဖိုးတန်လေးပါ။
သူမအနေနဲ့ လက်ထပ်ပြီး ဆက်ခံသူမွေးပေးရမဲ့တာ၀န်ကလွဲရင် ဘာမှလုပ်စရာမလိုပေ။
သူမက ထန်ကျင်းလိုပျော်ပါးလို့မရပေ။
ကမ္ဘာကြီးက ယောကျာ်းတွေထက် မိန်းမတွေအပေါ်ပိုရက်စက်တတ်သည်လေ။
သူမအနေနဲ့ ထန်ကျိုးက ထန်မိသားစုဆက်ခံသူဖြစ်မှသာ သူမတန်ဖိုးမြင့်လာမည်ဖြစ်သည်။

တန်ဖိုးသာမရှိရင် သူမအသက်ဆက်ရှင်စရာအကြောင်း ရှိပါဦးမလား...
သူမက ထန်ကျိုးကိုမချစ်တာမဟုတ်ပေ။
ဒီအနှီးနဲ့ပတ်ထားတဲ့ကလေးလေးကို သူမ မချစ်ဘဲနေပါ့မလား...
ဒါပေမဲ့ ထန်မိသားစုအကြီးအကဲက ကလေးကို မိန်းမတစ်ယောက်လက်ပေါ်ကြီးပြင်းလာမှာစိုးတာကြောင့် သူမကိုကလေးချီခွင့်တောင်မပေးဘူးလေ...
သူမ ထန်ကျိုးကိုတွေ့တိုင်း သားဆီသွားချင်ပေမဲ့ တည်ငြိမ်ပြီးအေးစက်တဲ့အမူအရာကိုတွေ့လိုက်ချိန် သူမပြန်လှည့်ခဲ့ရသည်ချည်းပင်။

ထန်မိသားစုက ကလေးကိုအရမ်းစည်းကမ်းတင်းကျပ်တယ်လို့ သူမအမြဲခံစားနေရသည်။
ဒီကလေးက သူမဘေးမှာနေဖို့ကံမပါလာဘူးဆိုမှတော့ သူမအနေနဲ့ အတိတ်ကိုဆွဲထားစရာလိုပါဦးမလား...

ယောကျာ်းဖြစ်သူရဲ့ဖောက်ပြန်မှု၊ယောက္ခထီးဖြစ်သူရဲ့ခွဲခြားဆက်ဆံခံရမှု၊သားဖြစ်သူရဲ့လျစ်လျူရှုမှုတွေက အားနည်းတဲ့အမျိုးသမီးတစ်ယောက်ကို ပြိုလဲစေဖို့လုံလောက်သည်။

နှစ်တွေကြာလာတော့ သူမနဲ့ထန်မိသားစုက သူစိမ်းတွေဖြစ်လာကြသည်။
သူမအထီးကျန်မှုတွေများလာတော့ ကျင့်ရွှယ်လို့ခေါ်တဲ့မိန်းကလေးတစ်ယောက်ကိုမွေးစားခဲ့ပြီးသူမဘ၀မှာ အဖိုးတန်တဲ့အရာတွေအများကြီးတွေ့လာခဲ့သည်။
သူမပိုက်ဆံတွေကို မိဘမဲ့ဂေဟာဆီလှူဒါန်းကာ ဂေဟာမှကလေးတွေအတွက်ပျော်နေမိသည်။

ဒါပေမဲ့လည်း ညဘက်တွေဆိုရင် သူမရင်ထဲလစ်ဟာအထီးကျန်ပြီး ကြောက်ရွံ့နေမိသည်။
ထန်ကျီဟွာက ထန်ထျန်းရန်ကိုအိမ်တော်ခေါ်လာခိုင်းတဲ့အကြောင်း သူမကြားလိုက်ချိန် အရမ်းတုန်လှုပ်သွားသည်။
နှစ်တွေအကြာကြီးလွန်သွားတာတောင် သူမအခုထိ အရေးအရာမ၀င်သေးပေ။

ထန်ကျိုးသာ ထန်မိသားစုဆက်ခံသူမဖြစ်လာရင် သူမအနေနဲ့ ဒီစက်ဆုပ်စရာအိမ်ထောင်ရေးကိုသည်းခံလာရတဲ့အကြောင်းအရင်းက ဘယ်လိုဖြစ်သွားမလဲ...
သူမလုပ်ခဲ့သမျှအရာတွေအားလုံး အဓိပ္ပာယ်မဲ့သွားမှာ...

အခုတော့ ဖူရှန်းက သူမရဲ့တည်ငြိမ်တဲ့မျက်နှာဖုံးကို ဆွဲခွာခဲ့ရုံမကဘဲ သူမကိုသွေးစက်စက်ကျအောင် အနာကိုပြန်ဆွခဲ့သည်။

မစ္စကျင့်က အတော်လေးစိတ်ကြီး၀င်နေတာပဲ...
ထိုစကားလုံးများက သူမရဲ့ကျက်သရေရှိလှတဲ့ပုံရိပ်ကိုခွာချကာ နှစ်၂၀လောက်သည်းခံလာတဲ့စိတ်ကိုပြိုကျစေပြီး အမှန်ကိုမြင်လာစေသည်။

သူမက အင်အားနည်းပြီး မပြည့်စုံတဲ့သူပါလား...
ဆယ်စုနှစ်၂ခုစာလောက် ရုပ်သေးရုပ်လိုနေလာခဲ့ရပြီး နောက်ထပ်ဆယ်စုနှစ်ခုစာက ရွှံ့နွံတောထဲနစ်နေခဲ့သည်။
သူများတွေအသာထား...သူမက ကိုယ့်ကိုယ်ကိုယ်တောင် အထင်သေးခဲ့မိသူပဲ...

သူမ အားလုံးကိုမျိုသိပ်ထားပြီး ထန်ကျင်းနဲ့အခြားမိန်းမရဲ့အကြံတွေ မအောင်မြင်ဖို့ မစ္စထန်နေရာမှာ နှစ်၂၀လောက်သည်းခံနေခဲ့ရတာတွေက အဆုံးမှာ ဒီလိုဖြစ်လာတာကိုမြင်ရဖို့မဟုတ်ဘူးလေ...

ဒါကြောင့် သူမ ဖူရှန်းဆီလာခဲ့တာ...
ဘာလို့ဆို ဖူရှန်းက ပြောရဆိုရလွယ်မဲ့ပုံပေါ်နေလို့လေ...
ဒါပေမဲ့ အခုသူမလုပ်ရပ်က သူမနဲ့ သူမကိုခြယ်လှယ်ဖိနှိပ်ခဲ့ကြသူတွေနဲ့ မကွာတော့ဘူးလေ...
ကျင့်ချိုးရီတစ်ယောက် အမှန်ကိုပြန်သိမြင်လာပြီး မျက်ရည်တွေကိုသုတ်ကာ အမူအရာပြန်တည်ငြိမ်သွားသည်။

ထန်ကျိုး ဖူရှန်းတို့နဲ့အစည်းအဝေးပြီးသွားချိန် ကျင့်ချိုးရီထံမှ ဖုန်း၀င်လာတာကြောင့် အေးစက်စက်လေသံနဲ့
"ဘာကိစ္စရှိလို့လဲ"

သူက ကျင့်ချိုးရီနဲ့စကားမပြောတာကြာပြီမို့ စိမ်းသက်သက်ဖြစ်နေသည်။

"ငါဒီနေ့ ဖူရှန်းကိုခေါ်တွေ့ခဲ့တယ်"

ထန်ကျိုး​မှင်သက်သွားပြီးမှ မျက်မှောင်ကြုတ်လိုက်ကာ လေသံကပိုအေးစက်သွားပြီး
"ဘာကိစ္စကြောင့် ခေါ်တွေ့တာလဲ"

ကျင့်ချိုးရီကတော့ တည့်တိုးပင်
"ဘယ်လိုတွေဖြစ်သွားလဲဆိုတာသိချင်လို့ခေါ်တွေ့တာ"

ထန်ကျိုးပြန်တောင်မပြောရသေးခင် တစ်ဖက်ကဖုန်းချလိုက်သည်။
လျန်ချင်းနဲ့ ပရောဂျက်ကိစ္စဆွေးနွေးနေတဲ့ဖူရှန်းကိုကြည့်ပြီး သူ့စိတ်တွေယောက်ယက်ခတ်နေသည်။
သူမက သူနဲ့ဖူရှန်းတို့သတင်းကြားပြီး ဖူရှန်းကို သူနဲ့လမ်းခွဲဖို့ခေါ်သတိပေးတာများလား...
ဒါကြီးက ခွေးသွေးဆန်လိုက်တာ...

---------------------------

Take care& Love you all (⁠~⁠ ̄⁠³⁠ ̄⁠)⁠~♥

Zawgyi

ဖူရွန္းကေတာ့ လူမိသြားတာကိုမသိေသးဘဲ ေခါက္ဆြဲျပဳတ္ဖို႔ျပင္ေနရင္း ခုနကထန္က်ိဳးရဲ့အသြင္အျပင္က သူ႔ေခါင္းထဲျပန္ေပၚလာသည္။
သူက လိင္မႈေရးရာတက္ႂကြသူမဟုတ္တဲ့အျပင္ ဒီအရြယ္ထိ တစ္ၪီးတစ္ေယာက္​ကို တစ္ခါမွမတပ္မက္ဖူးေပ။
လိင္မႈေရးရာမဆိုထားနဲ႔၊သူ႔အေနနဲ႔ အခ်စ္ဆိုတာေတာင္ ဘာမွန္းမသိေပ။

အခုေတာ့ သူကိုယ္တိုင္ေတာင္မသိလိုက္ခင္မွာပဲ 'ထန္က်ိဳး' လို႔ေခၚတဲ့ဝဲဂယက္ထဲ သက္ဆင္းမိၿပီးေနၿပီျဖစ္သည္။
ထန္က်ိဳးဆိုတာ အခြံခြာရခက္တဲ့ ခ်ိဳၿမိန္လွတဲ့သၾကားလံုးေလးလိုပင္။
သူ႔ကိုအရသာမခံရေသးရင္ေတာင္ ခ်ိဳျမျမအနံ႔ေလးနဲ႔အရင္စြဲလမ္းမိမွာျဖစ္သည္။

ေရပြက္ပြက္ဆူေနတဲ့အသံေၾကာင့္ ဖူရွန္းအသိျပန္၀င္လာၿပီး ေခါက္ဆြဲေျခာက္ေတြကိုသင့္တင့္တဲ့ပမာဏအတိုင္းထည့္ခ်လိုက္သည္။
သူမီးဖိုေခ်ာင္ထဲမွထြက္လာေတာ့ ထန္က်ိဳးက ထမင္းစား စားပြဲတြင္ထိုင္ေနႏွင့္ၿပီျဖစ္သည္။

"ေက်းဇူးပဲ"

ဖူရွန္း-"ဒါ ကြၽန္ေတာ့္အေနနဲ႔ လုပ္သင့္တဲ့အရာပါ"

ထန္က်ိဳးအနဲငယ္ေတြေဝသြားသည္။
သူမွတ္မိသေလာက္ဆိုရင္ အိပ္မက္ထဲမွဖူရွန္းက သူ႔လက္ေထာက္အေနနဲ႔ရိွေနတုန္းကေတာင္ ေအးတိေအးစက္ေနသူတစ္ေယာက္ျဖစ္တဲ့အျပင္ သူတို႔၂ေယာက္ၾကား စကားလည္းသိပ္မေျပာျဖစ္ခဲ့ၾကေပ။
အခုခ်ိန္မွာေတာ့ တစ္ခုခုကြာျခားေနတယ္လို႔ခံစားေနရသည္။

"ငါ ဒီရက္ပိုင္းအတြင္း အိမ္ေျပာင္းေတာ့မယ္"

ဖူရွန္းက အလ်င္စလိုနဲ႔
"စီနီယာ ဘြဲ႔မရေသးဘူးေလ"

ထန္က်ိဳးက ေလသံခပ္နိမ့္နိမ့္ျဖင့္
"ဘြဲ႔ကရေတာ့မွာေလ...တကၠသိုလ္ကိုသြား...စာတမ္းဖတ္..ၿပီးတာနဲ႔ ဘြဲ႔ႏွင္းသဘင္အခမ္းအနားတက္ၿပီးရင္ရၿပီကို"

ထန္က်ိဳးနဲ႔မ်က္ႏွာခ်င္းဆိုင္ထိုင္ေနတဲ့ဖူရွန္းက တည္ၿငိမ္ခ်င္ေယာင္ေဆာင္ကာ လက္ေခ်ာင္းေတြပြတ္သပ္ေနရင္း
"ဘယ္ေနရာကိုေျပာင္းသြားမလို႔လဲ"

"ဒါေတာ့ မစဥ္းစားရေသးဘူး"
ထန္က်ိဳးက ေခါက္ဆြဲစားေနရင္း
"မင္းမွာကိစၥရိွရင္ ငါ့ကိုေခၚလိုက္ေလ"

ဖူရွန္းအၾကည့္ေတြေဖ်ာ့ေတာ့သြားၿပီး
"အင္းပါ"

ဖူရွန္းက ေခါင္းခ်ရင္အိပ္ေပ်ာ္တဲ့သူဆိုေပမဲ့ ယေန့ညမွာေတာ့ ကုတင္မွာလူးလိမ့္ေနၿပီးအိပ္မေပ်ာ္ေခ်။
မနက္အာရုဏ္တက္ခ်ိန္ေလာက္မွ ေမွးကနဲအိပ္ေပ်ာ္သြားေပမဲ့ အိပ္မက္ထဲမွအလွေလးေၾကာင့္ ျပန္ႏိုးလာသည္။
ဖူရွန္း သူ႔လက္ကိုသူထိကာ အိပ္ရာေပၚေပ်ာ့ေခြစြာျပန္လွဲခ်လိုက္ရင္း သက္ျပင္းခ်လိုက္မိသည္။

အတန္းတက္ခ်ိန္ေရာက္ေတာ့ ဖူရွန္းတစ္ေယာက္ေငးငိုင္စြာနဲ႔ထိုင္ေနသည္။
လ်န္ခ်င္းကေတာ့ ဖူရွန္းအေျခအေနတစ္ခုခုမွားယြင္းေနတာကိုသတိထားမိသြားၿပီး
"မေန့က အိပ္ေရာအိပ္ျဖစ္ရဲ့လား"

ဖူရွန္းေခါင္းသာၿငိမ့္ၿပီး ဘာမွထပ္ေျပာမလာေပ။
ဖီခ်ူးက ရယ္ေမာၿပီး
"မေန့ညက နတ္ဘုရားထန္နဲ႔ဘာမွေတာ့မျဖစ္ခဲ့ၾကဘူးမလား"

ဒါက ေသခ်ာေပါက္ကို ဟာသေျပာလိုက္တာျဖစ္သည္။
ဖူရွန္းကရယ္ေမာၿပီး ဖီခ်ူးကိုဆူေနရင္း အိပ္မက္ထဲမွေသးသြယ္ျဖဴေဖြးတဲ့ ေျခတံသြယ္သြယ္ေတြကိုျပန္ျမင္ေယာင္ကာ အျပစ္ရိွတဲ့အမူအရာနဲ႔ေခ်ာင္းဟန္႔လိုက္သည္။

"ဆရာ လာၿပီ"
ဖီခ်ူးက ခပ္မတ္မတ္ထိုင္လိုက္ၿပီးအေရ႔ွကိုၾကည့္ေနတာေၾကာင့္ ဖူရွန္းထူးဆန္းေနတာကိုသတိမထားမိေပ။
ဒါေပမဲ့ လ်န္ခ်င္းကေတာ့မ်က္ေမွာင္အနဲငယ္က်ံဳ႔ကာ ဖူရွန္းကိုၾကည့္ေနသည္။

ဖူရွန္း အတန္းခ်ိန္အတြင္းတခ်ိန္လံုးငူငူငိုင္ငိုင္ျဖစ္ေနၿပီး ဆရာကသူ႔ကိုေမးခြန္းေမးကာ ထေျဖခိုင္းတာေတာင္ ေယာင္ဝါးဝါးအမူအရာနဲ႔ထေျဖေနသည္။
လီဖုန္းယြီသာ သူ႔ကိုသတိမေပးရင္ အတန္းထဲေလွာင္ရယ္ခံရမွာက်ိန္းေသသည္။

ဖူရွန္းကအရြယ္ေရာက္ခါစျဖစ္တာေၾကာင့္ သူ႔ခံစားခ်က္ေတြ၊အေတြးေတြဘယ္လိုနက္နဲေနပါေစ ရိုးသားတဲ့ဖိုးသခြားသာသာပင္။
အတန္းၿပီးေတာ့ သူတို႔၄ေယာက္ စာသင္ေဆာင္မွထြက္လာခ်ိန္ လူတစ္ေယာက္လာတားတာေၾကာင့္ ရပ္တန္႔သြားသည္။

သူတို႔ကိုလာတားတဲ့သူက သာမန္အက်ႌအျဖဴ၊ေဘာင္းဘီအနက္၀တ္ထားတဲ့သက္လတ္ပိုင္း လူႀကီးတစ္ေယာက္ျဖစ္သည္။
ထိုသူ႔ပံုစံက သာမန္ေက်ာင္းဆရာလိုပံုစံနဲ႔ အလြန္သာမန္ဆန္လြန္းလွသည္။

"မင္းက မစၥတာဖူရွန္းလား"
ထိုလူက ယဥ္ေက်းစြာေမးလာသည္။

က်န္၃ေယာက္က ထိုလူႀကီးကိုေၾကာင္အ,စြာ ၾကည့္ေနစဥ္ ဖူရွန္းကတည္ၿငိမ္စြာနဲ႔
"မဟုတ္ဘူး"

"....."
သူတို႔အုပ္စုထြက္သြားဖို႔ျပန္ေနခ်ိန္ ထိုလူႀကီးကအလ်င္အျမန္ပဲ
"ေက်းဇူးျပဳျပီး က်ဳပ္အေနာက္ကလိုက္ခဲ့ေပးပါ"

ဖူရွန္းဘာမွမေျပာေသးခင္ ဖီခ်ူးကအရင္
"ၪီးေလးက ရဲလား"

လီဖုန္းယြီကလည္း
"ၪီးေလးက ဘယ္သူလဲဗ်"

ဖူရွန္းကေတာ့ ၀င္ေျပာရမွာေတာင္ပ်င္းေနသည္။
သူ အရင္ကထန္က်ိဳးနဲ႔ပတ္သက္တဲ့ေဆြမ်ိဳးေတြအေၾကာင္းအကုန္စံုစမ္းၿပီးသားမို႔ ထန္က်ိဳးနဲ႔ပတ္သက္တဲ့သူေတြကို တခါမွမျမင္ဖူးရင္ေတာင္မွတ္မိေနသည္။

သူထိုလူရဲ့ပံုသ႑ာန္ကိုတခ်က္ၾကည့္လိုက္ၿပီးတာနဲ႔ သူ႔ကိုရွာေနတဲ့သူက ဘယ္သူဆိုတာကိုတန္းသိလိုက္သည္။
သက္လတ္ပိုင္းလူႀကီးကေတာ့ ေဘးမွလူ၃ေယာက္ကိုလ်စ္လ်ူရႈလိုက္ကာ
"သခင္ေလးထန္က်ိဳးရဲ့အေမက မစၥတာဖူရွန္းကိုေတြ့ခ်င္လို႔ပါ"

ထန္က်ိဳးနာမည္က က်န္းတမွာ မရင္းႏွီးသူမရိွေပ။
ေဘးကျဖတ္သြားျဖတ္လာ ေက်ာင္းသားအခ်ိဳ႕ေတာင္ ထန္က်ိဳးဆိုတဲ့နာမည္ေၾကာင့္ သူတို႔ဘက္ကိုလွည့္ၾကည့္လာၾကသည္။
ဖူရွန္းကေတာ့ လူေတြ၀ိုင္းၾကည့္တာမခံခ်င္တာေၾကာင့္ မ်က္၀န္းေတြေမွးက်ဥ္းလိုက္ၿပီး
"လ်န္ခ်င္း မင္းတို႔အရင္သြားႏွင့္"

လ်န္ခ်င္းက ခဏေလာက္ေၾကာင္ေနၿပီးမွ ေခါင္းၿငိမ့္လိုက္သည္။
ဖူရွန္းထြက္သြားေတာ့မွ ဖီခ်ူးကမ်က္ေမွာင္က်ံဳ႔ၿပီး
"နတ္ဘုရားထန္ရဲ့အေမက ဘာလို႔ရွန္းေကာကိုရွာတာလဲ"

"ငါလည္းမသိဘူးေလ...အရင္သြားစားရေအာင္"
လ်န္ခ်င္းစိတ္ထဲမွာေတာ့ တစ္ခုခုကိုသိသလိုလိုခံစားမိေနေပမဲ့ အမွန္မဟုတ္ေလာက္ဘူးလို႔လည္းခံစားေနရသည္။
လီဖုန္းယြီကေတာ့ ဘေရာင္ခ်ိန္း(ဘရိန္းေခ်ာင္)စြာနဲ႔
"နတ္ဘုရားထန္ ငါတို႔ပေရာဂ်က္မွာရင္းႏွီးျမႇဳပ္ႏွံထားတာကို ျပန္ရုတ္သိမ္းခိုင္းမလို႔လားပဲ"

ဖီခ်ူးက
"မင္းက ငတံုးပဲ...နတ္ဘုရားထန္ရဲ့ရင္းႏွီးျမႇဳပ္ႏွံတာကိုျပန္ရုတ္သိမ္းခိုင္းခ်င္ရင္ နတ္ဘုရားထန္ကိုပဲရွာမွာေပါ့ဟ...ရွန္းေကာကို ဘာလို႔ရွာမွာလဲ"

"နတ္ဘုရားထန္က ေရွာင္ေနတာေၾကာင့္ ရွန္းေကာကိုေခၚၿပီး ၿခိမ္းေျခာက္မလို႔မ်ားလား"
လီဖုန္းယြီက အတြန္႔တက္တဲ့ေလသံနဲ႔
"အခုလာတဲ့တီဗီဇာတ္လမ္းတြဲေတြမွာ အဲ့လိုမ်ိဳးပဲျပေနတာေလ"

ဖီခ်ူးက မ်က္လံုးလိွမ့္လိုက္ၿပီး
"ဒါက ေခတ္သစ္စင္ဒရဲလားဇာတ္လမ္းေတြေလ...ငါတို႔ပေရာဂ်က္အတြက္ ရင္းႏွီးျမႇဳပ္ႏွံတာနဲ႔ ဘာဆိုင္လို႔လဲ...မင္း ဒရမ္မာကားေတြေလ်ွာ့ၾကည့္စမ္းပါကြာ"

လ်န္ခ်င္းကေတာ့ ဇာတ္လမ္းတြဲဆိုတာ အျပင္မွာျဖစ္ေနတဲ့အျဖစ္အပ်က္ေတြအေပၚအေျခခံရိုက္ထားတာေၾကာင့္ ျဖစ္ရပ္မွန္သာဆိုရင္ ဒီထက္ပိုက်ယ္ျပန္႔ေလာက္တယ္လို႔ေတြးေနမိသည္။

ထိုအခ်ိန္ အဆင့္ျမင့္ေကာ္ဖီဆိုင္တစ္ဆိုင္တြင္ေတာ့ သိမ္ေမြ့ပံုေပၚတဲ့အမ်ိဳးသမီးတစ္ၪီးက ဆိုင္ျပတင္းေပါက္နားတြင္ထိုင္ကာ ဝိတ္တာေလးအား စားစရာမွာၿပီးေနာက္ သူမနဲ႔မ်က္ႏွာခ်င္းဆိုင္မွာထိုင္ေနတဲ့ေကာင္ေလးအေပၚအၾကည့္ေရာက္သြားသည္။

ဆိုင္ထဲတြင္ ဘယ္သူမွမရိွဘဲ သူတို႔ထိုင္ေနတဲ့ေနရာကလည္း တသီးတသန္႔ျဖစ္ေနသည္။
ထိုအမ်ိဳးသမီးရဲ့အၾကည့္က မစူးရွေပမဲ့ ခပ္တံုးတံုးဓားတစ္ေခ်ာင္းလို ဖူရွန္းရဲ့တည္ၿငိမ္တဲ့မ်က္ႏွာကို ထပ္ခါထပ္ခါလွီးျဖတ္ေနသလိုပင္။
သူမက ဇြန္းနဲ႔ေကာ္ဖီကိုေမႊေနရင္း ေလသံတိုးတိုးနဲ႔
"ရုပ္ရည္က မဆိုးဘူးပဲ"

ဖူရွန္းဘာမွမေျပာေပ။

"သည္းခံမႈအတိုင္းအတာလည္း မဆိုးဘူး"

ဖူရွန္း စတင္ၿပီးစိတ္မရွည္ျဖစ္လာသည္။

"မင္းအနာဂတ္က ေျဖာင့္ျဖဴးသားပဲ...အဲ့တာကို ဘာလို႔ ဒီလိုလုပ္ရပ္မ်ိဳးလုပ္ရတာလဲ"
က်င့္ခ်ိဳးရီက ဖူရွန္းအားဖိအားေပးတဲ့ေလသံနဲ႔
"ပိုက္ဆံေၾကာင့္လား"

ဖူရွန္းက ထိုင္ခံုတြင္မွီကာ ထိုင္ေနၿပီးဘာတစ္ခြန္းမျွပန္မေျပာေပ။

က်င့္ခ်ိဳးရီက မ်က္ေမွာင္က်ံဳ႔သြားၿပီး
"ဘာလို႔ဘာမျွပန္မေျပာတာလဲ"

"မစၥက်င့္က ဒါပဲေျပာေနမယ္ဆိုရင္ေတာ့ ကြၽန္ေတာ့္အေနနဲ႔ ေသခ်ာနားေထာင္ေနစရာမလိုဘူးလို႔ထင္တာပဲ"

ဖူရွန္းက သူမအေပၚအေကာင္းမျမင္ေပ။
ထန္က်ိဳးနဲ႔သာပတ္သက္မေနဘူးဆိုရင္ သူဒီေနရာကိုေတာင္ လိုက္လာမွာမဟုတ္ေပ။
ထိုအခါ က်င့္ခ်ိဳးရီက
"မင္းသူ႔ကိုတကယ္ႀကိဳက္တယ္ဆိုရင္ သူနဲ႔ေဝးေဝးေနပါ"

သူမအေနနဲ႔ သူမသားရဲ့လိင္တူႀကိဳက္တဲ့သတင္းေတြၾကားၿပီး ဒါကထန္မိသားစုဆက္ခံသူေနရာကိုထိခိုက္ႏိုင္တာသိေတာ့ သူမစိတ္ဓာတ္က်သြားသည္။
သူမ စံုစမ္းၿပီးေနာက္ ထန္က်ိဳးနဲ႔အတူေနတဲ့ေကာင္ေလးက ဖူရွန္းဆိုတာသိရတာနဲ႔ခ်က္ခ်င္းေတြ့ဖို႔ စီစဥ္လိုက္ျခင္းပင္ျဖစ္သည္။

ဖူရွန္းက ႏွာေခါင္းရႈံ႔လိုက္ၿပီး
"ဒါဆို မစၥက်င့္ကေရာ"

"ဘာ!!!"

"မစၥက်င့္ကေရာ ကြၽန္ေတာ့္ကိုအဲ့လိုေျပာပိုင္ခြင့္ရိွလို႔လား"

ဖူရွန္းကေတာ့ ထိုအမ်ိဳးသမီးဘာေတြေတြးေနလဲဆိုတာ နားမလည္ေတာ့ေပ။
ထန္က်ိဳးငယ္စဥ္ကေလးဘ၀ကတည္းက ထန္က်ိဳးကိုအဖက္မလုပ္ခဲ့တဲ့ အေမဆိုတဲ့သူက အခုမွလာၿပီး ဘာေတြစြက္ဖက္ခ်င္ေနရတာလဲ....

က်င့္ခ်ိဳးရီက ေအးတိေအးစက္ေလသံနဲ႔
"ငါက သူ႔အေမပဲ"

ဖူရွန္းႏွာေခါင္းရႈံ႔လိုက္ၿပီး
"သူ ဘာစားရတာကိုႀကိဳက္လဲ"

"....."

"သူဘာ၀တ္ရတာကို ႀကိဳက္လဲ"

"......"

"သူ ဘာဝါသနာပါလဲ"

"....."

"သူဘာကိုလိုခ်င္တာလဲ...ဘာကိုမႀကိဳက္တာလဲ"
"
"....."
ဖူရွန္းမတ္တပ္ထရပ္လိုက္ၿပီး စားပြဲေပၚလက္၂ဖက္ေထာက္ကာ
"မစၥက်င့္က ဘာမွမသိေတာ့ ဘယ္အခ်က္ကိုၾကည့္ၿပီး သူ႔အေမပါလို႔ေျပာၪီးမွာလဲ"

က်င့္ခ်ိဳးရီက ခပ္စူးစူးေလသံနဲ႔
"သူ႔ကို ငါ့၀မ္းနဲ႔လြယ္ၿပီးေမြးခဲ့တာ"

ဖူရွန္းကေတာ့ ဒီလိုမ်ိဳးေသြးနားထင္ေရာက္ေနတဲ့အမ်ိဳးသမီးနဲ႔ ဆက္၍စကားမေျပာခ်င္ေတာ့ေပ။

က်င့္ခ်ိဳးရီလည္း မတ္တပ္ထရပ္လိုက္ၿပီး အက္ရွတဲ့အသံနဲ႔
"မင္းေၾကာင့္...မင္းေၾကာင့္ သူ႔ရဲ့ဆက္ခံသူေနရာက အာမခံခ်က္မရိွေတာ့ဘူး"

"မစၥက်င့္"
ဖူရွန္းက သူမကိုမ်က္ႏွာေသနဲ႔ၾကည့္လိုက္ၿပီး
"အဲ့ဒါ အန္တီနဲ႔ဘာဆိုင္လို႔လဲ"

က်င့္ခ်ိဳးရီက ဖူရွန္းကိုခက္ထန္စြာစိုက္ၾကည့္ေနသည္။
ဘာဆိုင္လို႔လဲတဲ့လား...ဘာဆိုင္လို႔လဲတဲ့လား...
သူမကေလးသာ ထန္မိသားစုရဲ့ဆက္ခံသူျဖစ္မလာရင္ သူမဒီေလာက္ႏွစ္ေတြအၾကာႀကီးသည္းခံလာခဲ့တာ ဘာထူးေတာ့မွာလဲ...
သူမစေတးခဲ့ရတဲ့အရာေတြအကုန္လံုး အဓိပၸာယ္မဲ့ျဖစ္သြားေတာ့မွာေပါ့...

ဖူရွန္းကေတာ့ သူမရဲ့အမူအရာေတြကိုၾကည့္ၿပီး မခ်ိၿပံဳးၿပံဳးလိုက္သည္။

"အန္တီ့စိတ္ထဲမွာ အန္တီရဲ့တန္ဖိုးက ထန္မိသားစုအတြက္ဆက္ခံသူတစ္ေယာက္ေမြးေပးႏိုင္ဖို႔ေလာက္ပဲ ရိွတာထင္တယ္"
ဖူရွန္းအသံက တိုးရွေပမယ့္ ဖိအားျပင္းထန္လွသည္။
"မစၥက်င့္က အေတာ္ေလးကို စိတ္ႀကီး၀င္ေနတာပဲ"

က်င့္ခ်ိဳးရီတစ္ေယာက္ ေသြးေဆာင့္တက္ကာ ခ်က္ေကာင္းတည့္တည့္ထိသြားပံုရသည္။
ဖူရွန္းျပန္သြားတဲ့အခ်ိန္ထိ သူမခမ်ာစကားေတာင္ျပန္မေျပာႏိုင္ေပ။

သူမက ေမြးလာကတည္းက အလိုလိုက္ခံ၊အဖိုးတန္ေလးပါ။
သူမအေနနဲ႔ လက္ထပ္ၿပီး ဆက္ခံသူေမြးေပးရမဲ့တာ၀န္ကလြဲရင္ ဘာမွလုပ္စရာမလိုေပ။
သူမက ထန္က်င္းလိုေပ်ာ္ပါးလို႔မရေပ။
ကမ႓ာႀကီးက ေယာက်ာ္းေတြထက္ မိန္းမေတြအေပၚပိုရက္စက္တတ္သည္ေလ။
သူမအေနနဲ႔ ထန္က်ိဳးက ထန္မိသားစုဆက္ခံသူျဖစ္မွသာ သူမတန္ဖိုးျမင့္လာမည္ျဖစ္သည္။

တန္ဖိုးသာမရိွရင္ သူမအသက္ဆက္ရွင္စရာအေၾကာင္း ရိွပါၪီးမလား...
သူမက ထန္က်ိဳးကိုမခ်စ္တာမဟုတ္ေပ။
ဒီအႏွီးနဲ႔ပတ္ထားတဲ့ကေလးေလးကို သူမ မခ်စ္ဘဲေနပါ့မလား...
ဒါေပမဲ့ ထန္မိသားစုအႀကီးအကဲက ကေလးကို မိန္းမတစ္ေယာက္လက္ေပၚႀကီးျပင္းလာမွာစိုးတာေၾကာင့္ သူမကိုကေလးခ်ီခြင့္ေတာင္မေပးဘူးေလ...
သူမ ထန္က်ိဳးကိုေတြ့တိုင္း သားဆီသြားခ်င္ေပမဲ့ တည္ၿငိမ္ၿပီးေအးစက္တဲ့အမူအရာကိုေတြ့လိုက္ခ်ိန္ သူမျပန္လွည့္ခဲ့ရသည္ခ်ည္းပင္။

ထန္မိသားစုက ကေလးကိုအရမ္းစည္းကမ္းတင္းက်ပ္တယ္လို႔ သူမအၿမဲခံစားေနရသည္။
ဒီကေလးက သူမေဘးမွာေနဖို႔ကံမပါလာဘူးဆိုမွေတာ့ သူမအေနနဲ႔ အတိတ္ကိုဆြဲထားစရာလိုပါၪီးမလား...

ေယာက်ာ္းျဖစ္သူရဲ့ေဖာက္ျပန္မႈ၊ေယာကၡထီးျဖစ္သူရဲ့ခြဲျခားဆက္ဆံခံရမႈ၊သားျဖစ္သူရဲ့လ်စ္လ်ူရႈမႈေတြက အားနည္းတဲ့အမ်ိဳးသမီးတစ္ေယာက္ကို ၿပိဳလဲေစဖို႔လံုေလာက္သည္။

ႏွစ္ေတြၾကာလာေတာ့ သူမနဲ႔ထန္မိသားစုက သူစိမ္းေတျြဖစ္လာၾကသည္။
သူမအထီးက်န္မႈေတြမ်ားလာေတာ့ က်င့္ရႊယ္လို႔ေခၚတဲ့မိန္းကေလးတစ္ေယာက္ကိုေမြးစားခဲ့ၿပီးသူမဘ၀မွာ အဖိုးတန္တဲ့အရာေတြအမ်ားႀကီးေတြ့လာခဲ့သည္။
သူမပိုက္ဆံေတြကို မိဘမဲ့ေဂဟာဆီလႉဒါန္းကာ ေဂဟာမွကေလးေတြအတြက္ေပ်ာ္ေနမိသည္။

ဒါေပမဲ့လည္း ညဘက္ေတြဆိုရင္ သူမရင္ထဲလစ္ဟာအထီးက်န္ၿပီး ေၾကာက္ရြံ႔ေနမိသည္။
ထန္က်ီဟြာက ထန္ထ်န္းရန္ကိုအိမ္ေတာ္ေခၚလာခိုင္းတဲ့အေၾကာင္း သူမၾကားလိုက္ခ်ိန္ အရမ္းတုန္လႈပ္သြားသည္။
ႏွစ္ေတြအၾကာႀကီးလြန္သြားတာေတာင္ သူမအခုထိ အေရးအရာမ၀င္ေသးေပ။

ထန္က်ိဳးသာ ထန္မိသားစုဆက္ခံသူမျဖစ္လာရင္ သူမအေနနဲ႔ ဒီစက္ဆုပ္စရာအိမ္ေထာင္ေရးကိုသည္းခံလာရတဲ့အေၾကာင္းအရင္းက ဘယ္လိုျဖစ္သြားမလဲ...
သူမလုပ္ခဲ့သမ်ွအရာေတြအားလံုး အဓိပၸာယ္မဲ့သြားမွာ...

အခုေတာ့ ဖူရွန္းက သူမရဲ့တည္ၿငိမ္တဲ့မ်က္ႏွာဖံုးကို ဆြဲခြာခဲ့ရံုမကဘဲ သူမကိုေသြးစက္စက္က်ေအာင္ အနာကိုျပန္ဆြခဲ့သည္။

မစၥက်င့္က အေတာ္ေလးစိတ္ႀကီး၀င္ေနတာပဲ...
ထိုစကားလံုးမ်ားက သူမရဲ့က်က္သေရရိွလွတဲ့ပံုရိပ္ကိုခြာခ်ကာ ႏွစ္၂၀ေလာက္သည္းခံလာတဲ့စိတ္ကိုၿပိဳက်ေစၿပီး အမွန္ကိုျမင္လာေစသည္။

သူမက အင္အားနည္းၿပီး မျပည့္စံုတဲ့သူပါလား...
ဆယ္စုႏွစ္၂ခုစာေလာက္ ရုပ္ေသးရုပ္လိုေနလာခဲ့ရၿပီး ေနာက္ထပ္ဆယ္စုႏွစ္ခုစာက ရႊံ႔ႏြံေတာထဲနစ္ေနခဲ့သည္။
သူမ်ားေတြအသာထား...သူမက ကိုယ့္ကိုယ္ကိုယ္ေတာင္ အထင္ေသးခဲ့မိသူပဲ...

သူမ အားလံုးကိုမ်ိဳသိပ္ထားၿပီး ထန္က်င္းနဲ႔အျခားမိန္းမရဲ့အႀကံေတြ မေအာင္ျမင္ဖို႔ မစၥထန္ေနရာမွာ ႏွစ္၂၀ေလာက္သည္းခံေနခဲ့ရတာေတြက အဆံုးမွာ ဒီလိုျဖစ္လာတာကိုျမင္ရဖို႔မဟုတ္ဘူးေလ...

ဒါေၾကာင့္ သူမ ဖူရွန္းဆီလာခဲ့တာ...
ဘာလို႔ဆို ဖူရွန္းက ေျပာရဆိုရလြယ္မဲ့ပံုေပၚေနလို႔ေလ...
ဒါေပမဲ့ အခုသူမလုပ္ရပ္က သူမနဲ႔ သူမကိုျခယ္လွယ္ဖိႏိွပ္ခဲ့ၾကသူေတြနဲ႔ မကြာေတာ့ဘူးေလ...
က်င့္ခ်ိဳးရီတစ္ေယာက္ အမွန္ကိုျပန္သိျမင္လာၿပီး မ်က္ရည္ေတြကိုသုတ္ကာ အမူအရာျပန္တည္ၿငိမ္သြားသည္။

ထန္က်ိဳး ဖူရွန္းတို႔နဲ႔အစည္းအေဝးၿပီးသြားခ်ိန္ က်င့္ခ်ိဳးရီထံမွ ဖုန္း၀င္လာတာေၾကာင့္ ေအးစက္စက္ေလသံနဲ႔
"ဘာကိစၥရိွလို႔လဲ"

သူက က်င့္ခ်ိဳးရီနဲ႔စကားမေျပာတာၾကာၿပီမို႔ စိမ္းသက္သက္ျဖစ္ေနသည္။

"ငါဒီေန့ ဖူရွန္းကိုေခၚေတြ့ခဲ့တယ္"

ထန္က်ိဳး​မွင္သက္သြားၿပီးမွ မ်က္ေမွာင္ၾကဳတ္လိုက္ကာ ေလသံကပိုေအးစက္သြားၿပီး
"ဘာကိစၥေၾကာင့္ ေခၚေတြ့တာလဲ"

က်င့္ခ်ိဳးရီကေတာ့ တည့္တိုးပင္
"ဘယ္လိုေတျြဖစ္သြားလဲဆိုတာသိခ်င္လို႔ေခၚေတြ့တာ"

ထန္က်ိဳးျပန္ေတာင္မေျပာရေသးခင္ တစ္ဖက္ကဖုန္းခ်လိုက္သည္။
လ်န္ခ်င္းနဲ႔ ပေရာဂ်က္ကိစၥေဆြးေနြးေနတဲ့ဖူရွန္းကိုၾကည့္ၿပီး သူ႔စိတ္ေတြေယာက္ယက္ခတ္ေနသည္။
သူမက သူနဲ႔ဖူရွန္းတို႔သတင္းၾကားၿပီး ဖူရွန္းကို သူနဲ႔လမ္းခြဲဖို႔ေခၚသတိေပးတာမ်ားလား...
ဒါႀကီးက ေခြးေသြးဆန္လိုက္တာ...

---------------------------

Take care& Love you all (⁠~⁠ ̄⁠³⁠ ̄⁠)⁠~♥

Continue Reading

You'll Also Like

158K 8K 34
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...
614K 59.5K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
2.3M 148K 94
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
1.4M 60.8K 72
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...