Unicode
"မောင့်နဂါး"
"မင်း ! ဖယ်စမ်းပါ...လူမြင်ကွင်းကြီးမှာ"
"ကိုယ့်ချစ်သူမို့ ကိုယ်ဖက်တာ၊ဘယ်သူ့ဂရုစိုက်ရမှာလဲ။ဖက်အုံးမှာ ..အခုလိုအကဲဆတ်နေလို့ကို
ဖက်ထားချင်တာ"
ဝရံတာကြီးမှာမို့ လူတွေမြင်သွားမှာကြောက်တဲ့ ဂုဏ်နဂါးကရုန်းနေပေမဲ့ မင်းသန့်ကတော့ အနောက်ကနေတင်းကြပ်နေအောင်ဖက်ထားသည်။
"ဖယ်စမ်းပါမင်းသန့်ပြုံးမောင်ရာ"
"မဖယ်ပါဘူးဆို"
ယောကျာ်းချင်းခွန်အားဆိုပေမဲ့ လူကောင်ပိုထွားတဲ့ မင်းသန့်ကိုမတွန်းလှန်နိုင်ပါ။ဖက်ထားတဲ့ မင်းသန့်ရဲ့ လက်တွေကိုသာ အုပ်ကိုင်ထားရင်း ငြိမ်နေရသည်။
"မောင်တို့ ဘယ်တော့လက်ထပ်ကျမလဲ။မီးငယ်လည်းရောက်လာပြီလေ မီးငယ်ကိုအသိပေးပြီး
မီးငယ်သဘောတူရင် လက်ထပ်မယ်ဆို"
"အင်းပါ ငါမှတ်မိပါတယ်"
"မီးငယ်ကိုပြောလိုက်ရအောင်လေ"
"နေပါအုံး မီးငယ်ကိုအနှောင့်အယှက်မပေးဘူးလို့ ပြောထားတယ်လေ...ကလေးက သူ့ဟာသူတောင်မှ စိတ်ကနေလို့ကောင်းမှာမဟုတ်ဘူးလေကွာ။သနားစရာကောင်းတဲ့ ကလေးလေးကို
အခုချိန်မှာ ဘာမှထပ်မပြောကျရအောင်"
"မီးငယ်လေးက တကယ်ဆိုးတာ"
"ကလေးကိုမပြောပါနဲ့ ၊ ဘယ်မှာဆိုးလို့လဲ"
"အခုဆိုးနေတာပဲလေ"
"မကြိုက်ဘူး မပြောနဲ့။ကလေးကို ဒေါသထွက်တဲ့ လေသံနဲ့ကိုမပြောနဲ့"
"ဟာ ! "
"အေး အဲ့တာကိုက ဒေါသထွက်တဲ့လေသံပဲ"
"မဟုတ်သေးဘူးလေ"
"မီးငယ်ဘာလုပ်လုပ် ဒေါသထွက်ဖို့မလိုဘူး၊ကလေးကို လေသံမာမာနဲ့တောင်မပြောနဲ့"
"အရှုံးပေးပါပြီကွာ မောင်မှားပါတယ်ဟုတ်ပြီလား"
"ပြီးတာပဲ ။ ကလေးကို ဆိုးတယ်လို့အခုလည်း
မပြောနဲ့၊ နောင်လည်းမပြောနဲ့"
"မင်းနဲ့လင်းသိုက် အလိုလိုက်လွန်းလို့ ကလေးက... အာ့ အာ့ မဟုတ်ပါဘူးကွာ လိမ္မာပါတယ်ပြောမလို့ပါ"
လက်ကိုဆွဲဆိတ်လိုက်မှ စကားပြောင်းသွားတဲ့ မင်းသန့်ကို မျက်စောင်းသာထိုးမိတော့၏။ကလေးကိုဆိုးတယ်လို့ ပြောချင်တာကို မသိရအောင် ဂုဏ်နဂါးဆိုတဲ့သူက ငအကြီးမှမဟုတ်တာပဲ။
တီ !
" ဟာ အဖျက်တွေလာပြန်ပြီ"
ဝင်လာတဲ့ဖုန်းကြောင့် စိတ်ပျက်လက်ပျက်ဖြစ်သွားတဲ့ မင်းသန့်ကို မှတ်ပြီလားဆိုတဲ့အမူအယာဖြင့် ခပ်ထေ့ထေ့ကြည့်ကာ ဖက်ထားတဲ့လက်တွေဆီကနေရုန်းထွက်လိုက်သည်။ထိုတော့မှ မင်းသန့်က ဖုန်းကိုင်၏။
"ဟိုကျားပေါက် ပြန်ရောက်ပြီဆို"
"ပြန်ရောက်ပြီလေ"
"ဘယ်လိုလဲ အခြေအနေက"
"အရင်လိုပါပဲ ။သမီးပြန်လာတာက လင်းသိုက်စီက ရပိုင်ခွင့်တွေကို တောင်းဖို့တဲ့။ပြီးရင်ပြန်မယ်ပြောတယ်"
"အေး ပေးလိုက်ကျလေ။မွေးတောင် မွေးထားသေးတာပဲ။ဒါတောင် မပေးနိုင်ကျဘူးလား ခင်ဗျားတို့က"
"ပေးနိုင်ပါတယ် မင်းကလည်း။ကလေးကဆိုးနေသလားလို့ပါ...အထင်နော် အထင်"
"ဘယ်သူကထင်တာလဲ။ရေချယ်လင်းသိုက်ကို ဆိုးတယ်ပြောတဲ့လူက ကျုပ်ပစ္စတိုနဲ့တွေ့ချင်လို့လား"
"ငါဆိုရင်ရော"
"ခင်ဗျားဆိုရင်ကတော့ သက်ညှာသောအားဖြင့် ကျားစာကျွေးယုံလောက်ပါပဲ။စိတ်မပူပါနဲ့ဗျာ
ပိုပိုးလည်းဗိုက်ပြည့် ခင်ဗျားလည်းေ-သတာတောင် ကုသိုလ်ရပါတယ်"
Kingရဲ့စကားကြောင့် အောင့်သက်သက်ဖြစ်သွားရ၏။ကိစ္စတွေအားလုံးသိထားတဲ့ kingနဲ့ကျေးက မီးငယ်လုပ်တာမမှားဘူးဆိုတဲ့လူတွေဖြစ်သွားသည်။သူတို့ကိုတော့ အဖြစ်မှန်တွေမပြောလို့ဆိုပြီး အားမလိုအားမရဖြစ်ကာ တစ်ခါတလေများဆို တကူးတကဖုန်းခေါ်ပြီးဆဲသေးတာ...
"ဒါနဲ့ မင်းကရော ဘယ်ကဘယ်လိုသိတာလဲ"
"ကျားပေါက်က ကျုပ်မိန်းမနဲ့အဆက်အသွယ်လုပ်တယ်"
"ကျုပ်မိန်းမ ကျုပ်မိန်းမနဲ့ နားထဲအောင့်သက်သက်ကြီးရှိတာကွာ"
"ကျုပ်မိန်းမလို့မပြောပဲ သူများမိန်းမလို့ပြောရင် အိမ်ကမိန်းမက ကျုပ်ကိုပါးချမှာပေါ့ဗျ"
"ဒါဆို မင်းက မီးငယ်ပြန်လာတာကိုသိပြီးပြီသားနဲ့ ဘာကိစ္စဖုန်းဆက်တာလဲ"
"အဆင်ပြေလားသိချင်လို့ ။ အားလို့ဆက်တယ်များ ထင်နေလား"
"မပြေပါဘူးဆို"
"အေး အဲ့တာကို ခင်ဗျားတို့ကစောက်ပေါက်ပိတ်မနေပဲ ပြောပြလိုက်လေဗျာ ... တော် တော် ! ပြောရတာ အကုသိုလ်များတယ်။ တစ်ခုပဲပြော ကျားပေါက် ကောင်းကောင်းမွန်မွန်ပြန်ရောက်လာသလား"
"အထိအခိုက်မရှိပြန်ရောက်ပါတယ်ဗျာ"
"ပြီးရော အဲ့တာသိချင်လို့"
"ဟ ! "
ဘာမှတောင် ပြောချိန်မရပဲ ချက်ချင်းဖုန်းပြန်ချသွား၏။
"စိတ်ကလည်း မြန်လိုက်တာကွာ "
ဖုန်းကိုကြည့်ရင်း မကျေမချမ်းရေရွတ်မိပေမဲ့ Daniel Kingဆိုတဲ့လူက မင်းသန့်မကျေနပ်လည်း ဂရုစိုက်မဲ့သူမဟုတ်ပါ။
"ဘာတဲ့လဲ"
"မီးငယ်အဆင်ပြေပြေ ရောက်ရဲ့လားတဲ့"
"ဒါပဲလား"
"အင်းလေ အဲ့တာပဲပြောသွားတာ"
ခေါင်းတညိတ်ညိတ်နဲ့ရှိနေတဲ့ ဂုဏ်နဂါးရဲ့ပုံဟာ မင်းသန့်မျက်လုံးထဲမှာ အသည်းယားစရာကောင်းနေသည်။
ငယ်သူငယ်ချင်းမို့ ချစ်နေတာကိုမသိဖြစ်ခဲ့တဲ့သူက ဒီလောက်ချစ်ဖို့ကောင်းတဲ့ လူသားလေးကို
ဘေးမှာထားပြီး ရည်းစားတွေထည်လဲတွဲပြခဲ့တဲ့
အချိန်တွေကိုသာ ဖယ်ထုတ်လို့ရခဲ့ရင် ဘယ်လောက်ကောင်းမလဲ ။ ဂုဏ်နဂါးဆီက
ချစ်ပါတယ်ဆိုတဲ့အဖြေကို ခေါင်းညိတ်ခဲ့တုန်းက သူ့အတွက်
အိပ်မက်တစ်ခုလိုဖြစ်ခဲ့သည်လေ...
"မီးငယ်အတွက် မုန့်တစ်ခုခုသွားလုပ်ပေးရအုံးမယ် မင်းနေခဲ့မှာလား"
"ဟင် ! "
"မင်းနေခဲ့မှာလားလို့"
"လိုက်မှာပေါ့ကွ"
အတွေးလွန်နေတာမို့ ပြုံးစိစိဖြင့်သာ ဂုဏ်နဂါးရဲ့ ခါးကိုဖက်ပြီး အောက်ကိုဆင်းလိုက်သွား၏။
::::::::::::::
ရေချယ်ပြန်ရောက်လာခဲ့တဲ့ နေ့တုန်းကလိုမဟုတ်တော့ပဲ သန့်ပြန့်ကာ ဟိုးအရင်ကဦးထင်လင်းသိုက်အဖြစ် ပြန်ပြီးပြောင်းလဲသွားတဲ့အန်ကယ်။
အခုလည်း မီးဖိုခန်းထဲမှာ ကိတ်ဖုတ်နေပြန်တာမို့ အဝင်ဝနားကနေ သူမ ချောင်းကြည့်နေမိသည်။
ဟင်းချက်နေတဲ့ယောကျာ်းတစ်ယောက်က
အခုလောက်ကြည့်ကောင်းဖို့လိုသလား
...သို့သော် ရှပ်အင်္ကျီအနက်ကိုဝတ်ဆင်ထားတဲ့
အမျိုးသားကတော့ အကြည့်မလွဲချင်အောင်အထိ ကြည့်လို့ကောင်းသည်။
"မီးငယ်လေး"
"အဟမ်း"
ချောင်းကြည့်ကာမှ လူမိသွားပြီမို့ ရှက်ရမ်းရမ်းကာ ဘေးကအရုပ်ကြီးဆီ လက်ကရောက်သွား၏။
"မီးငယ်လေးက ဗိုက်ဆာလို့လား ။ကိတ်မုန့်ဖုတ်ထားတယ်ကလေးရဲ့ ခဏလေးပဲစောင့်နော်။ခဏနေဆိုရင် စားလို့ရပြီ"
"မစားချင်ပါဘူး"
"ဒါဆို မီးငယ်ဘာစားချင်လို့လဲပြောလေ..ကိုယ်ချက်ပေးမှာပေါ့"
"ဦးထင်လင်းသိုက် ... "
အွန့် !
ရုတ်တရက်ကြီး သူမနှုတ်ခမ်းဆီနမ်းလာ တဲ့ အန်ကယ်ကြောင့် မျက်လုံးအပြူးသားဖြင့်...
"ဘာ ! ဘာလုပ်တာလဲ"
"ဦးထင်လင်းသိုက်လို့ တစ်ခါခေါ်ရင် တစ်ခါနမ်းမယ်"
"ရှင် "
အွန့် !
ထပ်မံ့နမ်းလာတဲ့အနမ်းတစ်ခုကြောင့် သူမပါးစပ်ကို လက်ဖြင့်အုပ်လိုက်၏။
"ရှင် လို့ပြောရင်လည်း ကိုယ်ကနမ်းမှာ"
ပြုံးစစဖြင့်ပြောလာတဲ့အန်ကယ်ကြောင့်
ရေချယ်မျက်နှာတွေပူလာသည်။ဒါ..ဒါ
အန်ကယ်လို့ ခေါ်စေချင်လို့ တမင်လုပ်နေတာပဲ။
"မီးငယ်"
"ဘာလဲလို့"
အွန့် !
"ရှင် ! ဦးထင်လင်းသိုက်... အဲ့တာဘာ ! "
ရန်လုပ်ဖို့ပြင်လိုက်ပေမဲ့ လက်မြန်တဲ့အန်ကယ်က ရေချယ့်ခေါင်းကိုထိမ်းကိုင်ကာ နှုတ်ခမ်းပါးတွေဆီ မက်မက်မောမောနမ်းရှိုက်လာ၏။
"အွန့် ဖယ် ... ဖယ်ပေး"
"ကလေးက ဟိုက်လို့ပြောရမှာလေ။ဘာလို့
စိမ်းစိမ်းကားကားကြီးတွေပြောနေရတာလဲ။
ကိုယ့်ကို မသနားဘူးလား... မီးငယ်ဆီက
ဦးထင်လင်းသိုက်လို့ အခေါ်ခံရတာ ကိုယ်ဘယ်လောက်ထိစိတ်မကောင်းဖြစ်ရလဲ သိရဲ့လား"
"မသိဘူး"
အွန့် !
ထပ်မံနမ်းလာတဲ့အနမ်းတစ်ခု။
"ဘာလို့မသိတာလဲကလေးရဲ့ ကိုယ်ပြောနေတယ်လေ ။ အခုသိသွားပြီလား"
"အင်း"
ပြွတ်
"ဟိုက်လို့ပြော"
"အဟင့် ... ဟင့် အနိုင်ကျင့်တာ။လူကို
အနိုင်ကျင့်တာ။ သူ့အိမ်မှာလာနေတယ်ဆိုပြီး
မာမီ့ရည်းစားဟောင်းက လူကိုအနိုင်ကျင့်နေတာ ဟင့်"
ငိုနေတာလေးက သနားစရာကောင်းပေမဲ့ မာမီ့ရည်းစားဟောင်းဆိုတဲ့စကားကြောင့် ထင်လင်းသိုက် ပြုံးစိစိဖြစ်သွားရသည် ။ မီးငယ်ကအခုထိ အဲ့တာကို ခေါင်းထဲမှတ်ထားတုန်းပဲကို။
"တိတ်ပါမီးငယ်ရဲ့ ဘယ်သူကအနိုင်ကျင့်လို့လဲ ။ မီးငယ်ကို အန်ကယ်လို့ခေါ်ဖို့ သင်ပေးတာပါဗျာ"
"လူလိမ် ... ဖယ် မဖက်နဲ့လို့"
"ဟုတ်ပါပြီ။တိတ်ပါ ၊ မငိုပါနဲ့တော့ကလေးရဲ့ ကိတ်မုန့်ကျွေးမယ်လေ တိတ် .. တိတ်"
"မုန့်နဲ့ ... ဟင့် မုန့်နဲ့ချော့ရအောင် ကလေး ဟင့် ကလေးမဟုတ်ဘူး"
"အင်းပါ ကလေးက ကလေးမဟုတ်ဘူး တိတ်တော့နော်"
ဝမ်းနည်းတကြီးနဲ့ငိုနေတာကိုမြင်ရတော့လည်း ထင်လင်းသိုက်ဆက်ပြီးမစနိုင်တော့။ ကိုယ်လုံးသေးသေးလေးကို ဖက်ထားလိုက်ပြီး နဖူးလေးကိုနမ်းကာ မီးငယ်မျက်ရည်တွေကို
သုတ်ပေးမိသည်။
"အမွေတွေယူပြီး ပြန်တော့မှာ...အမွေပေး"
"အင်း အင်း ဒီယောကျာ်းက မိန်းမလေးအတွက် အမွေပေးရမှာပေါ့"
"အခုပေး"
"အေးပါ ပေးမှာပါ။ငိုနေတာမမောဘူးလား ကလေးရဲ့"
"ကလေးမဟုတ်တော့ပါဘူးဆို ။ ကြီးလာပြီ"
"ဟုတ်လား မင်္ဂလာမဦးလိုက်ရတော့ ကိုယ်မသိလိုက်ရဘူး"
"ဟင့် ... "
သူ့ရင်ဘတ်ကြီးကိုထုရိုက်လာတဲ့ကလေးက ထင်လင်းသိုက်မျက်လုံးထဲမှာတော့ ချစ်စရာအရုပ်ကလေးလို။ မီးငယ်ကိုရင်ခွင်ထဲ ထည့်ဖက်ထားပြီး အခုလို စနောက်နေရတာကို ပျော်နေသည်။ပါးလေး၊နဖူးလေးတွေကို မထိတထိနမ်းရင်း မီးငယ်မျက်နှာလေးကို ကြည့်နေရတာ သဘောကျဖို့အကောင်းဆုံး အချိန်တွေပဲ။
"ကလေးမဟုတ်တော့ဘူး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်နေပြီ အဟင့်..ပိုက်ဆံတွေလည်း အများကြီးရှာနိုင်နေပြီလို့"
"ဟုတ်လား"
"ဟုတ်ပါတယ်ဆို"
"အဲ့တာဆို မီးငယ်က သူဌေးမလေးပေါ့"
ထိုစကားကြောင့် မီးငယ်ကငိုနေတာကိုရပ်ပြီး သူ့ထံ မော့ကြည့်လာသည်။
"ဟုတ်သလား မီးငယ်ကသူဌေးမလေးလား"
"ဟိုက်"
"ကိုယ်ကကျ ငမွဲကြီးဖြစ်နေပြီမီးငယ်ရဲ့။မီးငယ်က ကိုယ့်ဆီက အမွေတွေယူသွားမှာဆို ကိုယ့်ကဘာအလုပ်လုပ်ပြီး ပိုက်ဆံရှာရမှာလဲ"
"ရေချယ့်မှာပိုက်ဆံတွေ အများကြီးရှိတယ်"
လက်ကပါအများကြီးဆိုတဲ့ပုံစံကိုလုပ်ပြလာတာမို့ ထင်လင်းသိုက်ပြုံးမိ၏။မီးငယ်က သူ့ကို ပစ်ပစ်ခါခါကြီးမုန်းနေတာမှမဟုတ်တာ...အလိုလိုက်ထားတဲ့ ကလေးမို့ ကလေးဆန်ဆန်ဆိုးနေခြင်းသာ။
"မီးငယ်"
"ဟိုက်"
"ကိုယ်နဲ့စကားပြောမလားကလေး"
"ကလေးမဟုတ်ပါဘူးဆို"
ဆို၍ မီးငယ်ကသူ့ရင်ဘတ်နားကပ်ကာ အရပ်ကိုတိုင်းပြလာသည်။
"မြင်လား အရပ်ရှည်လာခဲ့ပြီ"
"ဟုတ်ပါပြီ လူကြီးလေးရာ။ကိုယ်နဲ့စကားပြောမလား"
"မပြောချင်ဘူး"
"ဘာဖြစ်လို့လဲဗျာ"
"စိတ်ဆိုးနေတာပါဆို"
"သြော် စိတ်ဆိုးနေတုန်းလား။ဒါဆို ကိုယ်ကချော့ရမှာပေါ့ဗျာ ... ဟုတ်လား"
ဟုတ်လားဆိုတော့ မတုန်မလှုပ်နဲ့ ငြိမ်ငြိမ်လေးဖြစ်သွားတဲ့သူ့ရဲ့အကောင်ပေါက်စကလေး။
ဒါလေးက မချော့လို့ဖြစ်နေတဲ့ မျက်နှာအမူအယာလေးပေါ့လေ။
ဒီမျက်နှာလေးကို သူဘယ်လောက်ထိအသည်းယားရသလဲ။မီးငယ်ကိုပွေ့ချီပြီး ဆိုဖာပေါ်ထိုင်လိုက်သည်အထိ မီးငယ်က
သူ့ကိုငြိမ်ငြိမ်လေးကြည့်နေတုန်းဖြစ်သည်။
"ကိုယ်ဘာတွေပြောင်းလဲပေးရမလဲ"
"ဟင် ! "
"မီးငယ် ပြန်ချစ်လာအောင်လို့လေ"
"ကျောင်းကိုပြန်သွား"
"ကောင်းပြီ ကိုယ်LGUကိုပြန်ဦးစီးမယ်"
"..."
"ဒါပဲလားမီးငယ်"
"ခုနကဟာလျှောက်ပြောတာ။ရေချယ်က သူနဲ့မှ မပတ်သက်တော့တာ ဘာလို့လာမေးနေတာလဲ"
"သူ .. သူက ဘယ်သူလဲကလေးလေး"
"ဒီက သူ "
ရင်ဘတ်ကိုလက်ညိုးထိုးပြလာတဲ့ မီးငယ်က ခေါင်းကိုငုံ့ထားလိုက်တာများ...
"သူကဘယ်သူလဲဟင် ကလေးလေး"
"ဒီကသူပါဆို"
"အင်း အဲ့သူ နာမည်ကဘာတဲ့လဲ"
"ဟင့်အင်း"
နမ်းမှာဆိုးသည့်အတွက် နာမည်ကိုထုတ်ပြောမလာတဲ့ မီးငယ်ကိုအသည်းယားလွန်းလို့ သူေ-သတော့မှာပဲ။ ပါးလေးနှစ်ဖက်စလုံးရဲနေပြီး ရှက်နေတဲ့မီးငယ်ရဲ့ မျက်နှာလေးကို သူကရအောင်ကြည့်သည်။သူကြည့်လေ မီးငယ်ခေါင်းလေးကပိုပြီး ငုံ့သွားလေ...
"ကလေးလေး"
"ဟင့်အင်း"
"ကိုယ်ကဘာလုပ်ရသေးလို့ ဟင့်အင်းနေတာလဲကွ"
"အဲ့ .. အဲ့လိုကြီးမလုပ်နဲ့"
"အင်း"
"မ မကြိုက်ဘူး"
"ဘယ်သူက ဘာလုပ်တာကိုမကြိုက်တာလဲ။ ကိုယ်သိအောင် ရှင်းရှင်းလင်းလင်းပြောပြလေမီးငယ်ရဲ့"
"သူက "
"သူ ဆိုတာကို ကိုယ်တကယ်မသိဘူး နာမည်တပ်ပြီးပြောပါလား"
"တပ်ပြောရင် နမ်းအုံးမှာလား"
"နမ်းအုံးမှာပေါ့ တစ်ခါခေါ်ရင် တစ်ခါနမ်းမယ်လို့ ပြောထားတယ်လေ"
ထပ်ပြီးငိုမဲ့မဲ့ဖြစ်သွားတဲ့ ရုပ်လေးကို ဆွဲဆတ်ပြီးသာ နမ်းပစ်ချင်သည်။တကယ်ပါပဲ...မီးငယ်က သူ့ကို ဘယ်နည်းနဲ့ရူးအောင်လုပ်ရမလဲ တကယ်သိတာပဲ။
"ဟင် မီးငယ်။ပြောပါအုံးကလေးရယ် ဘယ်သူက ဘာလုပ်တာကိုမကြိုက်တာလဲဆိုတာ"
"စိတ်ဆိုးနေတာပါဆို"
"အင်း ဘယ်သူကလဲ"
"မီးငယ်က"
"ဟား ဟုတ်တာပေါ့ မီးငယ်ကစိတ်ဆိုးနေတာ"
မျက်နှာကြီးမော့၍ သဘောကျစွာ ရယ်မိတယ်ဆိုရင်ပဲ မီးငယ်က သူ့ကိုမျက်စောင်းထိုးလာ၏။ရပါပြီ ဒီကလေးလေးဆီက ဒီလောက်တုံ့ပြန်တာကိုပဲ ထင်လင်းသိုက်အပျော်လွန်နေတာမို့...
မီးငယ်ဆီက အချစ်ကိုပြန်ရဖို့ဆိုရင် ဘယ်လောက်ပဲ မျက်နှာပြောင်တိုက်ရ
တိုက်ရ သူကြိုးစားမှာလေ။
:::::::::::::
သာယာတဲ့သီချင်းဆိုသံလေးက ဧည့်ခန်းမှာရှိတဲ့ TVကြီးထဲကနေ ကျယ်လောင်စွာထွက်နေ၏။
ထိုအသံရဲ့ အဓိကတရားခံက TVဖွင့်ပြီး ကခုန်အော်ဟစ်နေတဲ့ အန်ကယ်သန့်ဖြစ်ပေမဲ့ TVထဲက သီဆိုနေသူကတော့ မီးငယ်ဖြစ်သည်။
"မီးငယ်လေး ဒီလာပါအုံး ။ ဒါ အရင့်အရင်လက မီးငယ်ရဲ့အသစ်ထွက်ထားတဲ့သီချင်းလေ"
ရေချယ့်လက်ကိုဆွဲကာ ဧည့်ခန်းထဲခေါ်လာတဲ့ အန်ကယ်သန့်ကြောင့် ယောင်လည်လည်နဲ့ပါလာရ၏။
"ကြည့်နေနော် သမီးရဲ့သီချင်းတွေအကုန်လုံးကို အန်ကယ်အလွတ်ရတယ်"
"တကယ်လား"
"တကယ်ပေါ့ ကကွက်တွေတောင် သမီး
အန်ကယ်သန့်ကမှတ်မိတယ်"
အန်ကယ်နဂါးကပါဝင်ပြီးထောက်ခံပေးသလို အန်ကယ်သန့်ကိုယ်တိုင်ကလည်း လိုက်ပြီးဆိုပြနေတာမို့ မလိမ်မှန်းသိရပြီ။
"ဒါနဲ့ အန်ကယ်သန့်နဲ့ အန်ကယ်နဂါး"
"အင်း ပြောလေမီးငယ်"
"အခု အန်ကယ်တို့ အခြေအနေကဘာတွေလဲ"
"ဟင် ! "
"တစ်ခုခုပဲမလား"
"မီးငယ်က အန်ကယ်တို့ပြောပြတာနားထောင်ချင်လား။ အန်ကယ်တို့က မီးငယ်စိတ်အနှောင့်အယှက်ဖြစ်မှာဆိုးလို့"
"တွဲနေကျပြီမလား"
"ကြာ .. ကြာပြီ"
"လက်ထပ်ဖို့ကရော... ဒီနိုင်ငံမှာမဟုတ်ပဲနဲ့ လန်ဒန်မှာတရားဝင်လက်ထပ်မယ်ဆို
ရမယ်ထင်တယ်"
သူမစကားကြောင့် အန်ကယ်နဂါးငြိမ်ကျသွားသလို အန်ကယ်သန့်ကပါ သီချင်းကိုပိတ်ကာ အနားကိုတိုးကပ်လာ၏။
"ဦးထင်လင်းသိုက်ပြောပြတယ်...ရေချယ့်ကိုစောင့်နေတာလို့"
"ဟုတ်တယ် အန်ကယ်တို့ကမီးငယ်သဘောတူမှ..."
"ဟိုက် သဘောတူပါတယ်။သဘောတူတာမို့ မြန်မြန်လက်ထပ်ကျတော့... အတူတူမြင်ချင်နေပြီ"
"မီးငယ် တကယ်ကြီးပြောနေတာလား"
ခေါင်းညိတ်ပြမိ၏။
"တကယ် ... တကယ်နော် မီးငယ်တကယ်သဘောတူတာပါနော်"
"ဟိုက်လို့"
"အဲ့ဒီအစား ရေချယ့်ကိုတစ်ခုကူညီပေး"
"အင်း ပြော ပြော မီးငယ်ဘာအကူအညီလိုတာလဲ"
ချက်ချင်းအဖြေမပေးနိုင်ပဲ သူမခေါင်းကိုငုံ့ချမိသည်အထိ ပြောပြဖို့စိုးရိမ်နေတဲ့စကားဖြစ်သည်။
အဲ့ဒီစကားကိုပြောရင် အန်ကယ်တို့ ဘယ်လိုတုံ့ပြန်ကျမလဲ ။ ဆိုးဝါးတဲ့တုံ့ပြန်မှုမျိုးသာရရင်တော့သူမ ရှက်လို့ တကယ်ထွက်သွားမိမှာပဲ။
To Be Continue .... Part - 80
Zawgyi
အပိုင္း (၇၉)
"ေမာင့္နဂါး"
"မင္း ! ဖယ္စမ္းပါ...လူျမင္ကြင္းႀကီးမွာ"
"ကိုယ့္ခ်စ္သူမို႔ ကိုယ္ဖက္တာ၊ဘယ္သူ႕ဂ႐ုစိုက္ရမွာလည္း။ဖက္အုံးမွာ ..အခုလိုအကဲဆတ္ေနလို႔ကို
ဖက္ထားခ်င္တာ"
ဝရံတာႀကီးမွာမို႔ လူေတြျမင္သြားမွာေၾကာက္တဲ့ ဂုဏ္နဂါးက႐ုန္းေနေပမဲ့ မင္းသန့္ကေတာ့ အေနာက္ကေနတင္းၾကပ္ေနေအာင္ဖက္ထားသည္။
"ဖယ္စမ္းပါမင္းသန့္ၿပဳံးေမာင္ရာ"
"မဖယ္ပါဘူးဆို"
ေယာက်ာ္းခ်င္းခြန္အားဆိုေပမဲ့ လူေကာင္ပိုထြားတဲ့ မင္းသန့္ကိုမတြန္းလွန္နိုင္ပါ။ဖက္ထားတဲ့ မင္းသန့္ရဲ႕ လက္ေတြကိုသာ အုပ္ကိုင္ထားရင္း ၿငိမ္ေနရသည္။
"ေမာင္တို႔ ဘယ္ေတာ့လက္ထပ္က်မလည္း။မီးငယ္လည္းေရာက္လာၿပီေလ မီးငယ္ကိုအသိေပးၿပီး
မီးငယ္သေဘာတူရင္ လက္ထပ္မယ္ဆို"
"အင္းပါ ငါမွတ္မိပါတယ္"
"မီးငယ္ကိုေျပာလိုက္ရေအာင္ေလ"
"ေနပါအုံး မီးငယ္ကိုအေႏွာင့္အယွက္မေပးဘူးလို႔ ေျပာထားတယ္ေလ...ကေလးက သူ႕ဟာသူေတာင္မွ စိတ္ကေနလို႔ေကာင္းမွာမဟုတ္ဘူးေလကြာ။သနားစရာေကာင္းတဲ့ ကေလးေလးကို အခုခ်ိန္မွာ
ဘာမွထပ္မေျပာက်ရေအာင္"
"မီးငယ္ေလးက တကယ္ဆိုးတာ"
"ကေလးကိုမေျပာပါနဲ႕ ၊ ဘယ္မွာဆိုးလို႔လည္း"
"အခုဆိုးေနတာပဲေလ"
"မႀကိဳက္ဘူး မေျပာနဲ႕။ကေလးကို ေဒါသထြက္တဲ့ ေလသံနဲ႕ကိုမေျပာနဲ႕"
"ဟာ ! "
"ေအး အဲ့တာကိုက ေဒါသထြက္တဲ့ေလသံပဲ"
"မဟုတ္ေသးဘူးေလ"
"မီးငယ္ဘာလုပ္လုပ္ ေဒါသထြက္ဖို႔မလိုဘူး၊ကေလးကို ေလသံမာမာနဲ႕ေတာင္မေျပာနဲ႕"
"အရႈံးေပးပါၿပီကြာ ေမာင္မွားပါတယ္ဟုတ္ၿပီလား"
"ၿပီးတာပဲ ။ ကေလးကို ဆိုးတယ္လို႔အခုလည္းမေျပာနဲ႕၊ ေနာင္လည္းမေျပာနဲ႕"
"မင္းနဲ႕လင္းသိုက္ အလိုလိုက္လြန္းလို႔ ကေလးက... အာ့ အာ့ မဟုတ္ပါဘူးကြာ လိမၼာပါတယ္ေျပာမလို႔ပါ"
လက္ကိုဆြဲဆိတ္လိုက္မွ စကားေျပာင္းသြားတဲ့ မင္းသန့္ကို မ်က္ေစာင္းသာထိုးမိေတာ့၏။ကေလးကို
ဆိုးတယ္လို႔ ေျပာခ်င္တာကို မသိရေအာင္
ဂုဏ္နဂါးဆိုတဲ့သူက ငအႀကီးမွမဟုတ္တာပဲ။
တီ !
" ဟာ အဖ်က္ေတြလာျပန္ၿပီ"
ဝင္လာတဲ့ဖုန္းေၾကာင့္ စိတ္ပ်က္လက္ပ်က္ျဖစ္သြားတဲ့ မင္းသန့္ကို မွတ္ၿပီလားဆိုတဲ့အမူအယာျဖင့္ ခပ္ေထ့ေထ့ၾကည့္ကာ ဖက္ထားတဲ့လက္ေတြဆီကေန
႐ုန္းထြက္လိုက္သည္။ထိုေတာ့မွ မင္းသန့္က ဖုန္းကိုင္၏။
"ဟိုက်ားေပါက္ ျပန္ေရာက္ၿပီဆို"
"ျပန္ေရာက္ၿပီေလ"
"ဘယ္လိုလည္း အေျခအေနက"
"အရင္လိုပါပဲ ။သမီးျပန္လာတာက လင္းသိုက္စီက ရပိုင္ခြင့္ေတြကို ေတာင္းဖို႔တဲ့။ၿပီးရင္ျပန္မယ္ေျပာတယ္"
"ေအး ေပးလိုက္က်ေလ။ေမြးေတာင္ ေမြးထားေသးတာပဲ။ဒါေတာင္ မေပးနိုင္က်ဘဴးလား ခင္ဗ်ားတို႔က"
"ေပးနိုင္ပါတယ္ မင္းကလည္း။ကေလးကဆိုးေနသလားလို႔ပါ...အထင္ေနာ္ အထင္"
"ဘယ္သူကထင္တာလည္း။ေရခ်ယ္လင္းသိုက္ကို ဆိုးတယ္ေျပာတဲ့လူက က်ဳပ္ပစၥတိုနဲ႕ေတြ႕ခ်င္လို႔လား"
"ငါဆိုရင္ေရာ"
"ခင္ဗ်ားဆိုရင္ကေတာ့ သက္ညွာေသာအားျဖင့္ က်ားစာေကြၽးယုံေလာက္ပါပဲ။စိတ္မပူပါနဲ႕ဗ်ာ ပိုပိုးလည္းဗိုက္ျပည့္ ခင္ဗ်ားလည္းေ-သတာေတာင္ ကုသိုလ္ရပါတယ္"
Kingရဲ႕စကားေၾကာင့္ ေအာင့္သက္သက္ျဖစ္သြားရ၏။ကိစၥေတြအားလုံးသိထားတဲ့ kingနဲ႕ေက်းက
မီးငယ္လုပ္တာမမွားဘူးဆိုတဲ့လူေတြျဖစ္သြားသည္။
သူတို႔ကိုေတာ့ အျဖစ္မွန္ေတြမေျပာလို႔ဆိုၿပီး
အားမလိုအားမရျဖစ္ကာ တခါတေလမ်ားဆို တကူးတကဖုန္းေခၚၿပီးဆဲေသးတာ...
"ဒါနဲ႕ မင္းကေရာ ဘယ္ကဘယ္လိုသိတာလည္း"
"က်ားေပါက္က က်ဳပ္မိန္းမနဲ႕အဆက္အသြယ္လုပ္တယ္"
"က်ဳပ္မိန္းမ က်ဳပ္မိန္းမနဲ႕ နားထဲေအာင့္သက္သက္ႀကီးရွိတာကြာ"
"က်ဳပ္မိန္းမလို႔မေျပာပဲ သူမ်ားမိန္းမလို႔ေျပာရင္ အိမ္ကမိန္းမက က်ဳပ္ကိုပါးခ်မွာေပါ့ဗ်"
"ဒါဆို မင္းက မီးငယ္ျပန္လာတာကိုသိၿပီးၿပီသားနဲ႕ ဘာကိစၥဖုန္းဆက္တာလည္း"
"အဆင္ေျပလားသိခ်င္လို႔ ။ အားလို႔ဆက္တယ္မ်ား ထင္ေနလား"
"မေျပပါဘူးဆို"
"ေအး အဲ့တာကို ခင္ဗ်ားတို႔ကေစာက္ေပါက္ပိတ္မေနပဲ ေျပာျပလိုက္ေလဗ်ာ ... ေတာ္ ေတာ္ ! ေျပာရတာ အကုသိုလ္မ်ားတယ္။ တစ္ခုပဲေျပာ က်ားေပါက္ ေကာင္းေကာင္းမြန္မြန္ျပန္ေရာက္လာသလား"
"အထိအခိုက္မရွိျပန္ေရာက္ပါတယ္ဗ်ာ"
"ၿပီးေရာ အဲ့တာသိခ်င္လို႔"
"ဟ ! "
ဘာမွေတာင္ ေျပာခ်ိန္မရပဲ ခ်က္ခ်င္းဖုန္းျပန္ခ်သြား၏။
"စိတ္ကလည္း ျမန္လိုက္တာကြာ "
ဖုန္းကိုၾကည့္ရင္း မေက်မခ်မ္းေရ႐ြတ္မိေပမဲ့ Daniel Kingဆိုတဲ့လူက မင္းသန့္မေက်နပ္လည္း ဂ႐ုစိုက္မဲ့သူမဟုတ္ပါ။
"ဘာတဲ့လည္း"
"မီးငယ္အဆင္ေျပေျပ ေရာက္ရဲ႕လားတဲ့"
"ဒါပဲလား"
"အင္းေလ အဲ့တာပဲေျပာသြားတာ"
ေခါင္းတညိတ္ညိတ္နဲ႕ရွိေနတဲ့ ဂုဏ္နဂါးရဲ႕ပုံဟာ မင္းသန့္မ်က္လုံးထဲမွာ အသည္းယားစရာေကာင္းေနသည္။
ငယ္သူငယ္ခ်င္းမို႔ ခ်စ္ေနတာကိုမသိျဖစ္ခဲ့တဲ့သူက
ဒီေလာက္ခ်စ္ဖို႔ေကာင္းတဲ့ လူသားေလးကို
ေဘးမွာထားၿပီး ရည္းစားေတြထည္လဲတြဲျပခဲ့တဲ့
အခ်ိန္ေတြကိုသာ ဖယ္ထုတ္လို႔ရခဲ့ရင္ ဘယ္ေလာက္ေကာင္းမလည္း ။ ဂုဏ္နဂါးဆီက ခ်စ္ပါတယ္ဆိုတဲ့အေျဖကို ေခါင္းညိတ္ခဲ့တုန္းက သူ႕အတြက္
အိပ္မက္တစ္ခုလိုျဖစ္ခဲ့သည္ေလ...
"မီးငယ္အတြက္ မုန့္တစ္ခုခုသြားလုပ္ေပးရအုံးမယ္ မင္းေနခဲ့မွာလား"
"ဟင္ ! "
"မင္းေနခဲ့မွာလားလို႔"
"လိုက္မွာေပါ့ကြ"
အေတြးလြန္ေနတာမို႔ ၿပဳံးစိစိျဖင့္သာ ဂုဏ္နဂါးရဲ႕ ခါးကိုဖက္ၿပီး ေအာက္ကိုဆင္းလိုက္သြား၏။
::::::::::::::
ေရခ်ယ္ျပန္ေရာက္လာခဲ့တဲ့ ေန႕တုန္းကလိုမဟုတ္ေတာ့ပဲ သန့္ျပန့္ကာ ဟိုးအရင္ကဦးထင္လင္းသိုက္အျဖစ္ ျပန္ၿပီးေျပာင္းလဲသြားတဲ့အန္ကယ္။
အခုလည္း မီးဖိုခန္းထဲမွာ ကိတ္ဖုတ္ေနျပန္တာမို႔ အဝင္ဝနားကေန သူမ ေခ်ာင္းၾကည့္ေနမိသည္။
ဟင္းခ်က္ေနတဲ့ေယာက်ာ္းတစ္ေယာက္က အခုေလာက္ၾကည့္ေကာင္းဖို႔လိုသလား...သို႔ေသာ္ ရွပ္အကၤ်ီအနက္ကိုဝတ္ဆင္ထားတဲ့
အမ်ိဳးသားကေတာ့ အၾကည့္မလြဲခ်င္ေအာင္အထိ
ၾကည့္လို႔ေကာင္းသည္။
"မီးငယ္ေလး"
"အဟမ္း"
ေခ်ာင္းၾကည့္ကာမွ လူမိသြားၿပီမို႔ ရွက္ရမ္းရမ္းကာ ေဘးကအ႐ုပ္ႀကီးဆီ လက္ကေရာက္သြား၏။
"မီးငယ္ေလးက ဗိုက္ဆာလို႔လား ။ကိတ္မုန့္ဖုတ္ထားတယ္ကေလးရဲ႕ ခဏေလးပဲေစာင့္ေနာ္။ခဏေနဆိုရင္ စားလို႔ရၿပီ"
"မစားခ်င္ပါဘူး"
"ဒါဆို မီးငယ္ဘာစားခ်င္လို႔လည္းေျပာေလ..ကိုယ္ခ်က္ေပးမွာေပါ့"
"ဦးထင္လင္းသိုက္ ... "
အြန့္ !
႐ုတ္တရက္ႀကီး သူမႏႈတ္ခမ္းဆီနမ္းလာ တဲ့ အန္ကယ္ေၾကာင့္ မ်က္လုံးအျပဴးသားျဖင့္...
"ဘာ ! ဘာလုပ္တာလည္း"
"ဦးထင္လင္းသိုက္လို႔ တစ္ခါေခၚရင္ တစ္ခါနမ္းမယ္"
"ရွင္ "
အြန့္ !
ထပ္မံ့နမ္းလာတဲ့အနမ္းတစ္ခုေၾကာင့္ သူမပါးစပ္ကို လက္ျဖင့္အုပ္လိုက္၏။
"ရွင္ လို႔ေျပာရင္လည္း ကိုယ္ကနမ္းမွာ"
ၿပဳံးစစျဖင့္ေျပာလာတဲ့အန္ကယ္ေၾကာင့္ ေရခ်ယ္မ်က္ႏွာေတြပူလာသည္။ဒါ..ဒါ အန္ကယ္လို႔
ေခၚေစခ်င္လို႔ တမင္လုပ္ေနတာပဲ။
"မီးငယ္"
"ဘာလည္းလို႔"
အြန့္ !
"ရွင္ ! ဦးထင္လင္းသိုက္... အဲ့တာဘာ ! "
ရန္လုပ္ဖို႔ျပင္လိုက္ေပမဲ့ လက္ျမန္တဲ့အန္ကယ္က ေရခ်ယ့္ေခါင္းကိုထိမ္းကိုင္ကာ ႏႈတ္ခမ္းပါးေတြဆီ
မက္မက္ေမာေမာနမ္းရွိုက္လာ၏။
"အြန့္ ဖယ္ ... ဖယ္ေပး"
"ကေလးက ဟိုက္လို႔ေျပာရမွာေလ။ဘာလို႔ စိမ္းစိမ္းကားကားႀကီးေတြေျပာေနရတာလည္း။ကိုယ့္ကို မသနားဘူးလား... မီးငယ္ဆီက ဦးထင္လင္းသိုက္လို႔ အေခၚခံရတာ ကိုယ္ဘယ္ေလာက္ထိစိတ္မေကာင္းျဖစ္ရလည္း သိရဲ႕လား"
"မသိဘူး"
အြန့္ !
ထပ္မံနမ္းလာတဲ့အနမ္းတစ္ခု။
"ဘာလို႔မသိတာလည္းကေလးရဲ႕ ကိုယ္ေျပာေနတယ္ေလ ။ အခုသိသြားၿပီလား"
"အင္း"
ႁပြတ္
"ဟိုက္လို႔ေျပာ"
"အဟင့္ ... ဟင့္ အနိုင္က်င့္တာ။လူကို အနိုင္က်င့္တာ။ သူ႕အိမ္မွာလာေနတယ္ဆိုၿပီး မာမီ့ရည္းစားေဟာင္းက လူကိုအနိုင္က်င့္ေနတာ ဟင့္"
ငိုေနတာေလးက သနားစရာေကာင္းေပမဲ့ မာမီ့ရည္းစားေဟာင္းဆိုတဲ့စကားေၾကာင့္ ထင္လင္းသိုက္ ၿပဳံးစိစိျဖစ္သြားရသည္ ။ မီးငယ္ကအခုထိ အဲ့တာကို ေခါင္းထဲမွတ္ထားတုန္းပဲကို။
"တိတ္ပါမီးငယ္ရဲ႕ ဘယ္သူကအနိုင္က်င့္လို႔လည္း ။ မီးငယ္ကို အန္ကယ္လို႔ေခၚဖို႔ သင္ေပးတာပါဗ်ာ"
"လူလိမ္ ... ဖယ္ မဖက္နဲ႕လို႔"
"ဟုတ္ပါၿပီ။တိတ္ပါ ၊ မငိုပါနဲ႕ေတာ့ကေလးရဲ႕ ကိတ္မုန့္ေကြၽးမယ္ေလ တိတ္ .. တိတ္"
"မုန့္နဲ႕ ... ဟင့္ မုန့္နဲ႕ေခ်ာ့ရေအာင္ ကေလး ဟင့္ ကေလးမဟုတ္ဘူး"
"အင္းပါ ကေလးက ကေလးမဟုတ္ဘူး တိတ္ေတာ့ေနာ္"
ဝမ္းနည္းတႀကီးနဲ႕ငိုေနတာကိုျမင္ရေတာ့လည္း ထင္လင္းသိုက္ဆက္ၿပီးမစနိုင္ေတာ့။ ကိုယ္လုံးေသးေသးေလးကို ဖက္ထားလိုက္ၿပီး နဖူးေလးကိုနမ္းကာ
မီးငယ္မ်က္ရည္ေတြကို သုတ္ေပးမိသည္။
"အေမြေတြယူၿပီး ျပန္ေတာ့မွာ...အေမြေပး"
"အင္း အင္း ဒီေယာက်ာ္းက မိန္းမေလးအတြက္ အေမြေပးရမွာေပါ့"
"အခုေပး"
"ေအးပါ ေပးမွာပါ။ငိုေနတာမေမာဘူးလား ကေလးရဲ႕"
"ကေလးမဟုတ္ေတာ့ပါဘူးဆို ။ ႀကီးလာၿပီ"
"ဟုတ္လား မဂၤလာမဦးလိုက္ရေတာ့ ကိုယ္မသိလိုက္ရဘူး"
"ဟင့္ ... "
သူ႕ရင္ဘတ္ႀကီးကိုထုရိုက္လာတဲ့ကေလးက ထင္လင္းသိုက္မ်က္လုံးထဲမွာေတာ့ ခ်စ္စရာအ႐ုပ္ကေလးလို။ မီးငယ္ကိုရင္ခြင္ထဲ ထည့္ဖက္ထားၿပီး အခုလို စေနာက္ေနရတာကို ေပ်ာ္ေနသည္။ပါးေလး၊နဖူးေလးေတြကို မထိတထိနမ္းရင္း မီးငယ္မ်က္ႏွာေလးကို ၾကည့္ေနရတာ သေဘာက်ဖိဳ႕အေကာင္းဆုံး အခ်ိန္ေတြပဲ။
"ကေလးမဟုတ္ေတာ့ဘူး ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္နိုင္ေနၿပီ အဟင့္..ပိုက္ဆံေတြလည္း
အမ်ားႀကီးရွာနိုင္ေနၿပီလို႔"
"ဟုတ္လား"
"ဟုတ္ပါတယ္ဆို"
"အဲ့တာဆို မီးငယ္က သူေဌးမေလးေပါ့"
ထိုစကားေၾကာင့္ မီးငယ္ကငိုေနတာကိုရပ္ၿပီး သူ႕ထံ ေမာ့ၾကည့္လာသည္။
"ဟုတ္သလား မီးငယ္ကသူေဌးမေလးလား"
"ဟိုက္"
"ကိုယ္ကက် ငမြဲႀကီးျဖစ္ေနၿပီမီးငယ္ရဲ႕။မီးငယ္က ကိုယ့္ဆီက အေမြေတြယူသြားမွာဆို ကိုယ့္ကဘာအလုပ္လုပ္ၿပီး ပိုက္ဆံရွာရမွာလည္း"
"ေရခ်ယ့္မွာပိုက္ဆံေတြ အမ်ားႀကီးရွိတယ္"
လက္ကပါအမ်ားႀကီးဆိုတဲ့ပုံစံကိုလုပ္ျပလာတာမို႔ ထင္လင္းသိုက္ၿပဳံးမိ၏။မီးငယ္က သူ႕ကို ပစ္ပစ္ခါခါႀကီးမုန္းေနတာမွမဟုတ္တာ...အလိုလိုက္ထားတဲ့ ကေလးမို႔ ကေလးဆန္ဆန္ဆိုးေနျခင္းသာ။
"မီးငယ္"
"ဟိုက္"
"ကိုယ္နဲ႕စကားေျပာမလားကေလး"
"ကေလးမဟုတ္ပါဘူးဆို"
ဆို၍ မီးငယ္ကသူ႕ရင္ဘတ္နားကပ္ကာ အရပ္ကိုတိုင္းျပလာသည္။
"ျမင္လား အရပ္ရွည္လာခဲ့ၿပီ"
"ဟုတ္ပါၿပီ လူႀကီးေလးရာ။ကိုယ္နဲ႕စကားေျပာမလား"
"မေျပာခ်င္ဘူး"
"ဘာျဖစ္လို႔လည္းဗ်ာ"
"စိတ္ဆိုးေနတာပါဆို"
"ေၾသာ္ စိတ္ဆိုးေနတုန္းလား။ဒါဆို ကိုယ္ကေခ်ာ့ရမွာေပါ့ဗ်ာ ... ဟုတ္လား"
ဟုတ္လားဆိုေတာ့ မတုန္မလႈပ္နဲ႕ ၿငိမ္ၿငိမ္ေလးျဖစ္သြားတဲ့သူ႕ရဲ႕အေကာင္ေပါက္စကေလး။ဒါေလးက မေခ်ာ့လို႔ျဖစ္ေနတဲ့ မ်က္ႏွာအမူအယာေလးေပါ့ေလ။
ဒီမ်က္ႏွာေလးကို သူဘယ္ေလာက္ထိအသည္းယားရသလည္း။မီးငယ္ကိုေပြ႕ခ်ီၿပီး ဆိုဖာေပၚထိုင္လိုက္သည္အထိ မီးငယ္က သူ႕ကိုၿငိမ္ၿငိမ္ေလးရွိေနတုန္းျဖစ္သည္။
"ကိုယ္ဘာေတြေျပာင္းလဲေပးရမလည္း"
"ဟင္ ! "
"မီးငယ္ ျပန္ခ်စ္လာေအာင္လို႔ေလ"
"ေက်ာင္းကိုျပန္သြား"
"ေကာင္းၿပီ ကိုယ္LGUကိုျပန္ဦးစီးမယ္"
"..."
"ဒါပဲလားမီးငယ္"
"ခုနကဟာေလွ်ာက္ေျပာတာ။ေရခ်ယ္က သူနဲ႕မွ မပတ္သက္ေတာ့တာ ဘာလို႔လာေမးေနတာလည္း"
"သူ .. သူက ဘယ္သူလည္းကေလးေလး"
"ဒီက သူ "
ရင္ဘတ္ကိုလက္ညိုးထိုးျပလာတဲ့ မီးငယ္က ေခါင္းကိုငုံ႕ထားလိုက္တာမ်ား...
"သူကဘယ္သူလည္းဟင္ ကေလးေလး"
"ဒီကသူပါဆို"
"အင္း အဲ့သူ နာမည္ကဘာတဲ့လည္း"
"ဟင့္အင္း"
နမ္းမွာဆိုးသည့္အတြက္ နာမည္ကိုထုတ္ေျပာမလာတဲ့ မီးငယ္ကိုအသည္းယားလြန္းလို႔ သူေ-သေတာ့မွာပဲ။ ပါးေလးႏွစ္ဖက္စလုံးရဲေနၿပီး ရွက္ေနတဲ့မီးငယ္ရဲ႕ မ်က္ႏွာေလးကို သူကရေအာင္ၾကည့္သည္။သူၾကည့္ေလ မီးငယ္ေခါင္းေလးကပိုၿပီး ငုံ႕သြားေလ...
"ကေလးေလး"
"ဟင့္အင္း"
"ကိုယ္ကဘာလုပ္ရေသးလို႔ ဟင့္အင္းေနတာလည္းကြ"
"အဲ့ .. အဲ့လိုႀကီးမလုပ္နဲ႕"
"အင္း"
"မ မႀကိဳက္ဘူး"
"ဘယ္သူက ဘာလုပ္တာကိုမႀကိဳက္တာလည္း။ ကိုယ္သိေအာင္ ရွင္းရွင္းလင္းလင္းေျပာျပေလမီးငယ္ရဲ႕"
"သူက "
"သူ ဆိုတာကို ကိုယ္တကယ္မသိဘူး နာမည္တပ္ၿပီးေျပာပါလား"
"တပ္ေျပာရင္ နမ္းအုံးမွာလား"
"နမ္းအုံးမွာေပါ့ တစ္ခါေခၚရင္ တစ္ခါနမ္းမယ္လို႔ ေျပာထားတယ္ေလ"
ထပ္ၿပီးငိုမဲ့မဲ့ျဖစ္သြားတဲ့ ႐ုပ္ေလးကို ဆြဲဆတ္ၿပီးသာ နမ္းပစ္ခ်င္သည္။တကယ္ပါပဲ...မီးငယ္က သူ႕ကို ဘယ္နည္းနဲ႕႐ူးေအာင္လုပ္ရမလည္း တကယ္သိတာပဲ။
"ဟင္ မီးငယ္။ေျပာပါအုံးကေလးရယ္ ဘယ္သူက ဘာလုပ္တာကိုမႀကိဳက္တာလည္းဆိုတာ"
"စိတ္ဆိုးေနတာပါဆို"
"အင္း ဘယ္သူကလည္း"
"မီးငယ္က"
"ဟား ဟုတ္တာေပါ့ မီးငယ္ကစိတ္ဆိုးေနတာ"
မ်က္ႏွာႀကီးေမာ့၍ သေဘာက်စြာ ရယ္မိတယ္ဆိုရင္ပဲ မီးငယ္က သူ႕ကိုမ်က္ေစာင္းထိုးလာ၏။ရပါၿပီ
ဒီကေလးေလးဆီက ဒီေလာက္တုံ႕ျပန္တာကိုပဲ
ထင္လင္းသိုက္အေပ်ာ္လြန္ေနတာမို႔...
မီးငယ္ဆီက အခ်စ္ကိုျပန္ရဖို႔ဆိုရင္ ဘယ္ေလာက္ပဲ မ်က္ႏွာေျပာင္တိုက္ရ တိုက္ရ သူႀကိဳးစားမွာေလ။
:::::::::::::
သာယာတဲ့သီခ်င္းဆိုသံေလးက ဧည့္ခန္းမွာရွိတဲ့ TVႀကီးထဲကေန က်ယ္ေလာင္စြာထြက္ေန၏။
ထိုအသံရဲ႕ အဓိကတရားခံက TVဖြင့္ၿပီး ကခုန္ေအာ္ဟစ္ေနတဲ့ အန္ကယ္သန့္ျဖစ္ေပမဲ့ TVထဲက
သီဆိုေနသူကေတာ့ မီးငယ္ျဖစ္သည္။
"မီးငယ္ေလး ဒီလာပါအုံး ။ ဒါ အရင့္အရင္လက မီးငယ္ရဲ႕အသစ္ထြက္ထားတဲ့သီခ်င္းေလ"
ေရခ်ယ့္လက္ကိုဆြဲကာ ဧည့္ခန္းထဲေခၚလာတဲ့ အန္ကယ္သန့္ေၾကာင့္ ေယာင္လည္လည္နဲ႕ပါလာရ၏။
"ၾကည့္ေနေနာ္ သမီးရဲ႕သီခ်င္းေတြအကုန္လုံးကို အန္ကယ္အလြတ္ရတယ္"
"တကယ္လား"
"တကယ္ေပါ့ ကကြက္ေတြေတာင္ သမီးအန္ကယ္သန့္ကမွတ္မိတယ္"
အန္ကယ္နဂါးကပါဝင္ၿပီးေထာက္ခံေပးသလို အန္ကယ္သန့္ကိုယ္တိုင္ကလည္း လိုက္ၿပီးဆိုျပေနတာမို႔ မလိမ္မွန္းသိရၿပီ။
"ဒါနဲ႕ အန္ကယ္သန့္နဲ႕ အန္ကယ္နဂါး"
"အင္း ေျပာေလမီးငယ္"
"အခု အန္ကယ္တို႔ အေျခအေနကဘာေတြလည္း"
"ဟင္ ! "
"တစ္ခုခုပဲမလား"
"မီးငယ္က အန္ကယ္တို႔ေျပာျပတာနားေထာင္ခ်င္လား။ အန္ကယ္တို႔က မီးငယ္စိတ္အေႏွာင့္အယွက္ျဖစ္မွာဆိုးလို႔"
"တြဲေနက်ၿပီမလား"
"ၾကာ .. ၾကာၿပီ"
"လက္ထပ္ဖို႔ကေရာ... ဒီနိုင္ငံမွာမဟုတ္ပဲနဲ႕ လန္ဒန္မွာတရားဝင္လက္ထပ္မယ္ဆို ရမယ္ထင္တယ္"
သူမစကားေၾကာင့္ အန္ကယ္နဂါးၿငိမ္က်သြားသလို အန္ကယ္သန့္ကပါ သီခ်င္းကိုပိတ္ကာ အနားကိုတိုးကပ္လာ၏။
"ဦးထင္လင္းသိုက္ေျပာျပတယ္...ေရခ်ယ့္ကိုေစာင့္ေနတာလို႔"
"ဟုတ္တယ္ အန္ကယ္တို႔ကမီးငယ္သေဘာတူမွ..."
"ဟိုက္ သေဘာတူပါတယ္။သေဘာတူတာမို႔ ျမန္ျမန္လက္ထပ္က်ေတာ့... အတူတူျမင္ခ်င္ေနၿပီး
"မီးငယ္ တကယ္ႀကီးေျပာေနတာလား"
ေခါင္းညိတ္ျပမိ၏။
"တကယ္ ... တကယ္ေနာ္ မီးငယ္တကယ္သေဘာတူတာပါေနာ္"
"ဟိုက္လို႔"
"အဲ့ဒီအစား ေရခ်ယ့္ကိုတစ္ခုကူညီေပး"
"အင္း ေျပာ ေျပာ မီးငယ္ဘာအကူအညီလိုတာလည္း"
ခ်က္ခ်င္းအေျဖမေပးနိုင္ပဲ သူမေခါင္းကိုငုံ႕ခ်မိသည္အထိ ေျပာျပဖို႔စိုးရိမ္ေနတဲ့စကားျဖစ္သည္။
အဲ့ဒီစကားကိုေျပာရင္ အန္ကယ္တို႔ ဘယ္လိုတုံ႕ျပန္က်မလည္း ။ ဆိုးဝါးတဲ့တုံ႕ျပန္မႈမ်ိဳးသာရရင္ေတာ့
သူမ ရွက္လို႔ တကယ္ထြက္သြားမိမွာပဲ။
To Be Continue .... Part - 80