My Bad Person (complete)

By A_Thoon_29

5.3K 215 4

Mafia နဲ့ Police man တို့ရဲ့အချစ်ဇာတ်လမ်းလေးပါ💚❤️💛 Yizhan fan fiction 🐢 More

Part 1 (unicode)
Part 2 (unicode)
Part 4 (unicode)
Part 5 (unicode)
Part 6 (The End)
1 (Zawgyi)
2 (Zawgyi)
3 (Zawgyi)
4 (Zawgyi)
5 (Zawgyi)
The End 6 (Zawgyi)

part 3( unicode)

531 22 2
By A_Thoon_29

အချိန်တွေကြာလာခဲ့ပေမယ့်လည်း ရိပေါ်တို့နှစ်ယောက်သား အချစ်တွေကပျက်ပြယ်မသွားဘဲ သံယောဇဉ်တွေကပိုတိုးလာကာ ချစ်နေကြသည်။ ရှောင်းကျန့်ကလည်း ရုံးသွားလိုက်ရုံးပြန်လိုက်နဲ့ ပြန်လာရင် ရိပေါ်နဲ့အတူထမင်းလက်စုံစားပြီး တစ်နေ့တာဖြစ်ပျက်သမျှတွေကို မမောနိုင်မပန်းနိုင်ပြောပြသလို ရိပေါ်ကလည်း ရှောင်းကျန့်ပြောသမျှတွေကို စိတ်ရှည်ရှည်နဲ့နားထောင်ရင်း သူ့ပေါင်ပေါ်မှာ ခေါင်းလေးမှီကာအိပ်ပျော်သွားတဲ့အထိ ဆံနွယ်လေးတွေကို ညတိုင်းပွတ်သပ်ပေးနေမိသည်။

Ring...... Ring.......

ဖုန်းသံမြည်လာတာကြောင့် ရိပေါ် သူ့ရဲ့ပေါင်ပေါ်မှာအိပ်နေတဲ့ ရှောင်းကျန့်ကို ပွေ့ချီလိုက်ပြီး အိပ်ယာပေါ်သို့အသာအယာပြောင်းရွေ့ကာ သိပ်လိုက်သည်။ ထို့နောက် ခြေသံဖွဖွဖြင့်သွားကာ ဖုန်းကိုလှမ်းယူလိုက်ပြီး ၀ရံတာအပြင်ဘက်သို့ထွက်လာလိုက်သည်။

"အင်း ယွီပင်း‌"

"ဘော့စ် ရှောင်ရန်ရဲ့အဖွဲ့က ကျွန်တော်တို့ပစ္စည်းပို့မယ့်လမ်းမှာ ဖြတ်ပြီးပစ္စည်းတွေ လုယူသွားပါတယ်"

"ဘာကွ ငါတို့လူတွေဘာဖြစ်သွားသေးလဲ"

"အဖွဲ့သားတစ်ချို့ ထိခိုက်ဒဏ်ရာရထားပါတယ်ဘော့စ်"

"ငါအခုချက်ချင်းလာခဲ့မယ်"

"မောင့် !"

ဖုန်းပြောနေစဉ် နောက်ကနေခါးကိုလာဖက်တဲ့ချစ်ရတဲ့သူကြောင့် ရိပေါ်ဖုန်းကိုအမြန်ဖွက်ထားလိုက်သည်။

"မောင် ဘာလုပ်နေတာလဲ ငါ့ကိုတစ်ယောက်တည်းပစ်ထားတယ်"

"မပစ်ထားပါဘူး အချစ်ရဲ့ မောင်အိပ်မပျော်လို့ လေညှင်းလာခံနေတာ"

ရှောင်းကျန့်က အိပ်ချင်မူးတူးနဲ့မျက်လုံးတွေကို လက်နဲ့အတင်းပွတ်နေတာကြောင့် ရိပေါ်အမြန်တားလိုက်ရသည်။

"မျက်လုံးတွေကို လက်နဲ့မပွတ်ရဘူးလေ မျက်လုံးစပ်လိမ့်မယ် မောင့်အချစ်ရဲ့"

"အင်း.....မင်းကငါ့ကိုပစ်ထားတာကို ဘယ်လိုလုပ်အိပ်ပျော်တော့မှာလဲလို့"

"စိတ်မကောက်ပါနဲ့အချစ်ရယ် မောင်၀င်လာမယ်နော် အပြင်က လေစိမ်း‌တွေအရမ်းတိုက်တယ်အချစ်ရဲ့ အထဲ၀င်တော့"

"မြန်မြန်လိုက်လာနော်"

"ဟုတ်ကဲ့ပါဗျ"

ရှောင်းကျန့်၀င်သွားတော့မှ ရိပေါ်ဖုန်းကိုပြန်ကိုင်လိုက်သည်။

"ယွီပင်း"

"ဗျာ အချစ်"

"ဘာ ! "

"အာ ...တောင်းပန်ပါတယ်ဘောစ့် ကျွန်တော်ယောင်သွားလို့ပါ"

"အဟမ်း မဆိုင်တာတွေခေါင်းထဲမထည့်နဲ့ မနက်ဖြန် ငါတို့ပစ္စည်းတွေကိုလုသွားတဲ့ ကောင်တွေကိုအရှင်လတ်လတ်လိုချင်တယ်"

"ဟုတ်ကဲ့ပါဘောစ့်"

ဖုန်းချပြီးတဲ့အထိ ရိပေါ်အိမ်ထဲမ၀င်သေးဘဲ ရပ်နေမိသည်။ သူ့လိုလူမျိုးကိုမှ လာစမ်းတဲ့သူက သေမင်းကိုစိန်ခေါ်လိုက်သလိုပါပဲ။ သေဖို့ကိုတောင့်တနေသလို...........

--------------

At 7:00Am

နွေရာသီကာလဖြစ်တာကြောင့် မနက်၇နာရီဆို နေပူချိန်‌က တော်တော်လေးမြင့်မားသည်ဟုပြောရမည်။ အခန်းပြတင်းပေါက်ကနေတစ်ဆင့် အိပ်ခန်းဆီသို့ နေအလင်းရောင်က ဖြန့်ကျက်လာပြီး အိပ်ယာပေါ်ဆီသို့ကျလာတာကြောင့် ရိပေါ်ရဲ့လက်မောင်းပေါ်မှာအိပ်နေတဲ့ ရှောင်းကျန့်နိုးလာခဲ့သည်။

"အင်း...ဘယ်နှစ်နာရီရှိပြီလဲမသိဘူး"

အိပ်ချင်မူးတူးနဲ့နံရံပေါ်က နာရီကို လှမ်းကြည့်လိုက်တော့ နာရီလက်တံက ၇ နာရီကို ညွှန်ပြနေတာကြောင့် ရှောင်းကျန့်အိပ်ယာပေါ်ကနေထလာလိုက်သည်။

"အစောကြီးရှိသေးတယ်ကွာ မောင်နဲ့အိပ်ပါအုန်း"

ခါးသေးသေးလေးကို ရိပေါ် လက်တစ်ဖက်တည်းဖြင့် ပွေ့ကာ ပြန်ဆွဲချလိုက်ပြီး သူ့ရင်ခွင်ထဲ၌ထည့်၍ ပြန်အိပ်စက်စေသည်။

"မောင် ငါအလုပ်သွားရမှာ ထတော့မယ်"

"အင်း......"

"မောင် "

"အင်း"

"မောင် လို့! "

"အချစ်ကလည်းကွာ"

"ထတော့ နေဖင်ထိုးနေပြီ"

"နေဖင်မထိုးပါဘူး မောင်ဖင်ကျုံ့ထားတယ်"

"............."

Time skip

မနက်စာကို ရိပေါ်တို့နှစ်ယောက် ကိတ်မုန့်နဲ့ကော်ဖီပူပူလေးသောက်ဖြစ်ကြသည်။ ကော်ဖီကို ဇွန်းနဲ့မွှေနေရင်း သူ့ကိုခိုးခိုးကြည့်နေတဲ့သူကြောင့် ရိပေါ်လှမ်းမေးလိုက်သည်။

"ကျန့်လေး မောင့်ကိုပြောစရာရှိနေလို့လား"

သူခိုးလူမိသလိုဖြစ်သွားတာကြောင့် ရှောင်းကျန့် တံတွေးမြိုချမိလိုက်သည်။

"ဟိုလေ....မောင်"

"အင်း မောင်နားထောင်နေတယ်"

"ငါ မောင့်ကိုမေးစရာရှိလို့ တစ်မျိုးတော့မထင်ပါနဲ့နော်"

"ဟုတ်ပါပြီဗျ မောင့်ရဲ့ကျန့်လေးပြောပါ"

"ဟိုလေ ငါတို့ချစ်သူဖြစ်တာလည်း တစ်နှစ်တောင်ပြည့်တော့မယ်လေ ဒါပေမယ့် မောင့်ရဲ့မိဘဆွေမျိုးတွေ အလုပ်အကိုင်တွေ ခုထိငါ့ကိုမပြောပြရသေးဘူးနော်....တစ်မျိုးမထင်ပါနဲ့နော် မောင် ငါကဒီအတိုင်းသိချင်လို့မေးလိုက်တာပါ"

ရှောင်းကျန့်မေးလည်းမေးချင်စရာပါ။ ခုထိ ဘယ်ကလာမှန်းမသိတဲ့ ကောင်လေးတစ်ယောက်ကို ချစ်မိသွားပြီး အတူတူနေတဲ့အထိဖြစ်လာကြပြီးမှ သူ့နောက်ခံအကြောင်းကိုမသိသေးတာက သူ့အတွက်တော့ အဆင်မပြေလှပါ။ အမှန်အတိုင်းပြောရရတော့ ရှောင်းကျန့် သူ့ချစ်သူအကြောင်းအကုန်သိချင်သည်။ ဘာအလုပ်လုပ်မှန်းမသိပေမယ့် ရိပေါ်က တော်တော်‌ချမ်းသာသည်ဟုပြောရမည်။

"မောင်ကတမင်မပြောဘဲနေတာမဟုတ်ပါဘူးကွာ ကျန့်လေးအတွက်ဒါတွေက အရေးမပါလို့မပြောဖြစ်တာပါ။ မောင်က ကုန်အရောင်းအ၀ယ်လုပ်တယ် မိဘဆွေမျိုးတွေတော့မရှိကြတော့ဘူး ပြီးတော့မောင့်မှာတန်ဖိုးထားချစ်ရတဲ့ ကျန်လေးတစ်ယောက်လည်းရှိတယ်"

"ဟုတ်ပါပြီမောင်ရယ် ဒါနဲ့မောင် ရန်မဖြစ်ရဘူးနော် ရန်ဖြစ်တာတွေဆိုငါမကြိုက်ဘူး"

"ဟုတ်ကဲ့ ကျန့်လေးမကြိုက်တဲ့အလုပ်ဆို မောင်မလုပ်ဘူးနော်"

"ဟိဟိ မောင်ကလိမ်မာလိုက်တာ"

"လိမ်မာရင်ဆုမချချင်ဘူးလား"

"ငါရုံးနောက်ကျနေပြီ သွားတော့မယ်"

လို့ပြောပြီး လက်ကိုင်အိတ်ဆွဲကာထွက်ပြေးသွားတဲ့သူကြောင့် ရိပေါ်အသာအယာရယ်မိတော့သည်။

"မောင်လိုက်ပို့ပေးမယ်လေကွာ.. "

-------------------

ဒီနေ့ရဲမှူးက ရုတ်တရက်အစည်းအဝေးခေါ်လိုက်တာကြောင့် ရှောင်းကျန့်တို့အကုန်လုံး အစည်းအဝေးအခန်းထဲမှာ ရောက်ရှိနေကြသည်။
ရဲမှူးရောက်လာတော့ အားလုံးသတိအနေအထားဖြင့်ရပ်ကာ အလေးပြုကြပြီး ရဲမှူးပြောလာမည့်မိန့်ခွန်းကို မျှော်လင့်စောင့်စားနေကြသည်။

"အားလုံးကို ခေါ်ရတဲ့အကြောင်းအရင်းကတော့ အဖွဲ့အစည်းတစ်ခုက နယ်စပ်ဂိတ်ကနေ တစ်ဖက်နိုင်ငံကို မူးယစ်မှောင်ခိုတွေပို့နေတယ်လို့သတင်းရထားတယ်။ အဲ့အဖွဲ့ခေါင်းဆောင်နာမည်က Mr. Wang လို့ပဲ သိထားတယ်... သူ့မျက်နှာကိုတော့ အခုထိ မမြင်ဖူးသေးဘူး။ လာမယ့် Sunday မှာ သူတို့တွေ အမဲလိုက်တောထဲမှာ အရောင်းအ၀ယ်လုပ်ကြမယ်လို့သတင်းရထားတယ်။ အဲ့တော့ အားလုံးပြင်ဆင်စရာရှိတာပြင်ဆင်ထားကြပါ အဲ့အဖွဲ့ခေါင်းဆောင်ကို အမြန်ဆုံးဖမ်းမိအောင်ကြိုးစားပေးကြပါ ဒါပါဘဲ"

"ဟုတ်ကဲ့ပါဆရာ.... လေးစားပါတယ်ဆရာ"

"လေးစားပါတယ်"

မူးယစ်ဆေးဝါးအတွက် အချက်အလက်ဖိုင်တွေကို ရှောင်းကျန့်ကြည့်နေရင်း သူ့ဘေးနားကို လင်းရီက ကော်ဖီခွက်ကိုင်ကာ လာထိုင်သည်။

"နင်ဘာတွေကြည့်နေတာလဲ"

"ဒီမှာလေ မူးယစ်ရောင်း၀ယ်တဲ့အဖွဲ့တွေအကြောင်းကြည့်နေတာ အဖွဲ့ကသုံးဖွဲ့လောက်ရှိနေတယ် ပြီးတော့ နယ်စပ်ဂိတ်ကိုပို့တဲ့အဖွဲ့ကလည်း ဒီအဖွဲ့သုံးဖွဲ့ထဲကပဲဖြစ်နိုင်တယ်"

"သူတို့က ဒီမှာ ဘိန်းပင်စိုက်ပြီး ဘိန်းတွေထုတ်လုပ်တယ် ပြီးရင်ပြည်ပကိုတင်ပို့ကြတာ ငါတို့အဲ့အမှုကိုလိုက်တာတော်တော်ကြာနေပြီ ခေါင်းဆောင်ဆိုတဲ့လူကိုခုထိမျက်နှာတောင်မမြင်ဖူးသေးဘူး တော်တော်အပုန်းကောင်းတဲ့လူလို့ပြောရမယ်"

"ဘယ်လောက်ပဲအပုန်းကောင်းတဲ့လူဖြစ်ပါစေ အချိန်တန်ရင် သူလုပ်ခဲ့တဲ့အပြစ်ဒဏ်သူခံရမှာပဲ။ တရားသောနည်းကသာ အမြဲတမ်းအောင်မြင်ပြီးသားပါ "

"အဲ့တာတော့ငါထောက်ခံတယ် ငါတို့အမြန်ဆုံးလူဆိုးကောင်တွေကို ဖော်ထုတ်နိုင်ရမယ်"

"အင်း"

"ကျားယို့"

လင်းရီက ကျားယို့ဆိုပြီး အမူအယာလုပ်ပြတာကြောင့် ရှောင်းကျန့်လည်း သူ့လိုလိုက်လုပ်လိုက်သည်။

"ကျားယို့"

-----------------------

တိတ်ဆိတ်ငြိမ်သက်လှတဲ့ တောအုပ်ကြီးထဲက အိမ်အိုတစ်လုံးထဲတွင် ကြာပွတ်ဖြင့်ရိုက်ခတ်နေတဲ့အသံများနှင့်အတူ နာကျင်လွန်းလို့အော်ဟစ်နေတဲ့ အသံတွေလည်းကြားနေရသည်။ ထိုင်ခုံပေါ်မှာ လက်နောက်ပစ်ပြီးကြိုးတုတ်ခံထားရတဲ့လူတွေကို ရိပေါ်ကြည့်နေမိသည်။ T-shirt အဖြူရောင်အပေါ်ကိုမှ V shape ပုံသဏ္ဌာန်၀တ်စကုတ်အနက်ရောင် ထပ်၀တ်ထားပြီး အင်္ကျီလက်နှစ်ဖက်ကို‌တံတောင်ဆစ်အထိ ခေါက်တင်ထားသည်။ နတ်ဘုရားတစ်ပါးကဲ့သို့ချောမောတဲ့ရုပ်အသွင်အပြင်ရှိတဲ့ထိုလူငယ်က လူပေါင်းများစွာကြောက်ရသည့် နတ်ဆိုးတစ်ပါးဖြစ်လိမ့်မည်ဟု မည်သူကထင်လိမ့်မည်နည်း။

"မင်းတို့က ငါ့ကိုလာစမ်းနေတာပဲ ငါဘာကောင်လဲဆိုတာမေ့သွားပြီထင်တယ်"

"တောင်းပန်ပါတယ် ကျွန်တော်တို့က ရှောင်ရန်ခိုင်းလို့လုပ်ရတာပါ "

အရိုက်ခံထားရတဲ့သူတွေခမျာ သွေးသံတရဲရဲဖြင့် အသက်တောင်မနည်းလုရှူနေရသည့်ဘ၀ပင်။

"ငါ့ဘ၀မှာ တောင်းပန်တာကို ခွင့်လွှတ်ရိုးထုံးစံမရှိဘူး"

စတိုင်ပန်ဘောင်းဘီနဲ့ တွဲ၀တ်ဆင်ထားတဲ့ခါးပတ်ကိုချွတ်လိုက်ပြီး ခုနကစကားပြောတဲ့ကောင်ရဲ့မျက်နှာကို လက်ဝေ့ရမ်းကာ အားဖြင့်ရိုက်ချလိုက်သည်။

"အားးးးး"

အသံနက်ကြီးဟိန်းထွက်သွားပြီးသည်နှင့်တစ်ပြိုင်နက် ထိုလူ၏ အသက်ဇီဝိန်ပါချုပ်ငြိမ်းသွားရလေတော့သည်။

"ကျန်တဲ့လူတွေကို မင်းတို့ပဲဆက်ရှင်းလိုက်ကြတော့"

" Yes boss"

ဂိုထောင်ထဲကထွက်လာပြီး ရေသန့်ဗူးဖြင့် လက်တွေကိုအရင်ဆေးကြောလိုက်ကာ သူ့ဂိုဏ်းသားတစ်ယောက်လာပေးသည့် Hoodieကိုလှမ်းယူလိုက်ပြီး သွေးတွေပေနေတဲ့အင်္ကျီကိုလှဲလိုက်သည်။ ထို့နောက် ခုနက ခက်ထန်နေတဲ့မျက်နှာအသွင်အပြင်ကနေမှ နူးညံ့ပျော့ပြောင်းသောအကြည့်တွေနဲ့ တည်ကြည်အေးချမ်းလှသောမျက်နှာအသွင်အပြင်အဖြစ်ပြန်ပြောင်းလိုက်ပြီး ကားထဲ၀င်ထိုင်လိုက်သည်။ ဒီနေ့တော့ ပင်ပန်းသွားပြီဖြစ်တာကြောင့် ချစ်ရသူလေးရဲ့ရင်ခွင်ထဲမှာ မှေးစက်ဖို့ အမြန်ဆုံးပြန်မှရတော့မည်။ကားကို အရှိန်တင်ကာမောင်းနှင်လိုက်ပြီး လွမ်းနေရသည့် ချစ်ရသူဆီသို့ ကောင်လေးတစ်ယောက် အမြန်ဆုံးပြန်လေတော့သည်။

##########

July 23 , 2023

Continue Reading

You'll Also Like

103K 3.2K 77
Alastor X Female Reader You and Alastor have been best friends since you were 5 years old. With Alastor being the famous serial killer of your time...
155K 4.1K 79
Stray Kids is on tour! Ella wins a prize at the concert that ends up turning her entire life upside down. She uncovers the dark secrets to K-Pop and...
403K 6.4K 79
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
584K 21.2K 96
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...