တစ်လကြာပြီးနောက်
အက်စ်ဆမ်း မြန်မာပြည်ကို ပြန်ရောက်လာရလေပြီ
အကြောင်းက မဟာ့ မင်္ဂလာပွဲကြောင့်ပေါ့
သူ့ကိုလာကြိုမဲ့သူက
တစ်စုံတစ်ယောက်ဖြစ်လိမ့်မယ်လို့ ထင်ထားခဲ့ပေမဲ့
မဟာနဲ့ နေသော်ကသာဖြစ်လို့နေသည်။
အိမိပြန်ရောက်တော့လဲ ဘာရယ်မဟုတ်
ထိုကောင်လေးကို ရှာနေမိသည်။
သို့သော် မတွေ့...
အက်စ်ဆမ်း / အိမ်က တိတ်ဆိတ်နေသလားလို့
မဟာ / အဟက် လူမစုံသေးလို့ပါ
အက်စ်ဆမ်း လိုချင်တဲ့အဖြေမဟုတ်တာမို့ နည်းနည်းတော့ ဘဝင်မကျ
အက်စ်ဆမ်း / မင်္ဂလာပွဲအတွက် အလုပ်ရှုပ်နေကြတာလား
မဟာ / အင်း ဆိုပါတော့ ရိုဟန်နဲ့ လင်းရောင်စဉ်က ကုမ္မဏီတဖက်နဲ့မို့ ညမှအေးဆေးတွေ့ရမှာ
အက်စ်ဆမ်း / အင်း အဆင်ပြေပါတယ်
ဒါနဲ့.....
မဟာက အက်စ်ဆမ်းဆက်ပြောမဲ့စကားကို
စိတ်ဝင်တစားနားထောင်နေပေမဲ့
အက်စ်ဆမ်း / ထားလိုက်ပါတော့...
မဟာလဲ သက်ပြင်းချကာ မသိသလိုနေပေးလိုက်တော့သည်။
အက်စ်ဆမ်း ဘာမေးချင်နေလဲ သိပေမဲ့
သူ့မှာလဲ ဖြေစရာမရှိတာကြောင့်
ဆက်ပြောဖို့မတိုက်တွန်းမိခြင်း
သူတို့စကားဝိုင်းလေးက တိတ်ဆိတ်သွားပြန်သည်။
ခဏအကြာ
နေသော်က / နေ့လည်စာ စားလို့ရပြီနော်...
မောင် ရော အကိုအက်စ်ဆမ်းရော
မဟာ / အင်း အက်စ် ရေချိုးဦးမလား
အက်စ်ဆမ်း / ရတယ် ခရီးလဲ သိပ်မပန်းဘူးဆိုတော့
ကိုယ်လက်သန့်ဇင်ပြီး ဆင်းခဲ့မယ်
မဟာ / အင်း
ထို့နောက် အက်စ်ဆမ်းက အပေါ်ထပ်တက်သွားသည်။
မဟာက နေသော်ကနဲ့အတူ ထမင်းပွဲပြင်ပေးရန်
ထမင်းစားခန်းထဲသို့လိုက်သွား၏။
နေသော်က / မောင် အကိုအက်စ်က မျက်နှာမကောင်းသလိုပဲနော်
မဟုတ်မှ မောင်နဲ့ငါ့ကြောင့်များ.....
မဟာ/ မဟုတ်ပါဘူး လျောက်တွေးမနေနဲ့ မောင်တို့ကြောင့်မဟုတ်ဘူး
နေသော်က / အင်းပါ မဟုတ်ဘူးဆိုတော့လဲ
မဟုတ်ဘူးပေါ့
မင်းမဟာ / အဟမ်း မောင်ထင်တာတော့ ဝဏ္ဏကြောင့်ပဲဖစ်မယ်
နေသော်က / ဘယ်လို!!!
မဟာ / ရှူး တိုးတိုးပြော
ထို့နောက် မဟာက အရိပ်အကဲကြည့်သလိုဖြင့်
ဘေးဘီကိုဝေ့ဝဲကြည့်ကာ နေသော်က နား
တိုးတိုးလေးကပ်ပြောလိုက်သည်။
မဟာ / "ဝဏ္ဏနဲ့ တောင်ကြီးမှာတုန်းက ဇာတ်လမ်းနည်းနည်းဖြစ်သွားတယ် "
နေသော်ကမှာတော့ အံ့သြလို့ သူမှ ဘာမှမသိခဲ့ပဲလေ...
သုံးယောက်သား ထမင်းဝိုင်းလေးကတိတ်ဆိတ်နေ၏။
ဇွန်းသံ ခရင်းသံတောင် တချက်နချက်မှထွက်ပေါ်လာသည်ကြောင့်
မဟာကပဲ စကားစလိုက်သည်။
မဟာ / အက်စ် ဟိုမှာ လုပ်ငန်းအခြေအနေကောင်းရဲ့လား
နေသော်က ကတော့ ဘာမှမသိသူမို့ငြိမ်ကာနားထောင်နေပေသည်။
အက်စ်ဆမ်း / အဟမ်း အင်းကောင်းပါတယ်
မင်းမရှိတော့ နည်းနည်း အလုပ်ပိပေမဲ့ အဲ့တာက ပိုကောင်းသွားတယ်
မဟာ / ငါမင်းကို အဲ့ငွေမဲအလုပ်တွေ မလုပ်စေချင်တော့ဘူး အက်စ်
ငွေမဲလုပ်ငန်းဆိုသောကြောင့် နေသော်က ပိုပြီး နားထောင်နေမိသည်။
ဘာမှန်းသူမသိပေမဲ့ ငွေမဲဆိုထဲက တရားမဝင်မှန်းတော့သူသိသည်လေ
အက်စ်ဆမ်း / အဟက် ဒါဆို ငါကဘာလုပ်ရမလဲ
ငါမွေးထဲက ဒီလောကမှာပဲ ကျင်လည်ခဲ့တာ ဒီအလုပ်ကလွဲရင်
ကျန်တာဘာမှမလုပ်တက်ဘူးလေကွာ
အက်စ်ဆမ်းစကားကြောင့် မဟာလဲ သက်ပြင်းဖွဖွသာချလိုက်သည်။
မဟာ / မင်းမြန်မာပြည်ကို အပြီးပြန်ခဲ့ပါလား
ငါမင်းအတွက် အလုပ်သစ်တစ်ခု
တည်ထောင်ပေးမယ်လေ
အက်စ်ဆမ်း / နေပါကွာ ငါအဲ့လို ဟိတ်ဟန်တွေနဲ့
လုပ်ရတဲ့အလုပ်ကို စိတ်မဝင်စားပါဘူး
မဟာလဲ နားချလို့ရမည့်သူမဟူတ်ကြောင်းသိတာမို့
ဘာမှဆက်မပြောဖြစ်တော့ပေ...
နေ့လည်စာ စားသောက်ပြီးကြတော့
ကိုယ့်အခန်းကိုပြန်ကြကာ အနားယူလိုက်ကြသည်။
ညနေလောက် ရိုဟန်တို့ရောက်လာမှ
အေးဆေးအပြင်မှာ ညစာ သွားစားကြမည်ဟု
စီစဉ်ထားကြသည်။
...............................................................................
မဟာအခန်းထဲ ဝင်လာတော့ ကုတင်ခြေရင်းမှာ
ထိုင်မှိုင်နေတဲ့ ကလေးငယ်ကြောင့်
အဝတ်အစားလဲဖို့ ဗီရိုကို ဖွင့်နေရင်း
သော်က ဘက်ခေါင်းစောင်းကြည့်ကာမေးလိုက်သည်။
မဟာ / သော်က ဘာဖြစ်နေတာလဲ မောင့်အချစ်
နေသော်က / ဟူးးး ဘာမှမဖြစ်ပါဘူး
မဟာ မျက်မှောင်ကျုံ့ကာ အဝတ်အစားပင်မထုတ်တော့ပဲ
သော်က နဘေး ရောက်ချလာသည်။
မဟာ / ဘာဖြစ်လို့လဲ နေမကောင်းဘူး မှန်းစမ်း
မှန်းစမ်းဆိုပြီး သော်က နဖူးပေါ်ကျရောက်လာတဲ့
လက်ဖဝါးပြင်ကျယ်ကျယ်အား
သော်က အမိအရဖမ်းဆုပ်လိုက်ပြီး
နဖူးမဟုတ်ပဲ ရင်ဘက်မှာ အပ်ထားလိုက်သည်။
မဟာ / သော်က...
နေသော်က / မောင်... မင်းနိုင်ငံခြားမှာရှိနေတဲ့ တစ်လျောက်လုံး
ဘာအလုပ်တွေလုပ်ခဲ့တာလဲ ဟင်...
မဟာ သော်က မျက်နှာပျက်ရသည့်အကြောင်းအရင်းကို
သဘောပေါက်သွားလေပြီ...
မဟာ / သော်က အဲ့အချိန်တွေက မောင့်အတွက်ခက်ခဲခဲ့တယ်
ပြန်ပြောင်းမပြောပြချင်တော့တဲ့ အထိပဲ
နေသော်က / ငါသိပါတယ် မောင်အတွက် ဘယ်လောက်များ ပင်ပန်းနေခဲ့လိုက်မလဲ ငါ့အမှားတွေကြောင့်ပါ ငါသာ မောင့်အပေါ် သစ္စာရှိခဲ့ရင်...
စကားလုံးတွေပင် ထပ်မထွက်လာတော့သည်အထိ ဝမ်းနည်းကာ ငိုနေတဲ့ ကလေးငယ်ကို မဟာ ရင်ခွင်ထည့်ကာ ပွေ့ဖက်နှစ်သိမ့်လိုက်သည်။
မဟာ / ရှူး...ထပ်မပြောနဲ့တော့ မောင်ခွင့်လွှတ်တယ်လို့ ပြောပြီးပြီလေ
ထိုသို့ပြောတာပင် နေသော်က ကို ပိုပြီးဝမ်းနည်းစေသယောင်
ရင်ခွင်ထဲက ကလေးငယ်က တအိအိနဲ့ ပိုတိုးလို့ ငိုလာခဲ့သည်။
မဟာ / မငိုပါနဲ့ကလေးရယ်
မောင်ဘက်ကလဲ အတ္တဆန်သွားတာတွေ အများကြီးပါ ပါတယ်
သော်ကတစ်ယောက်တည်းအမှားမှမဟုတ်တာ
ဒါကြောင့် ကိုယ့်ကိုယ်ကို အပြစ်ရှိသလို တွေးနေတာတွေ
ရပ်လိုက်တော့နော်
နေသော်က / * ငါအများကြီး မှားခဲ့မိလို့ တောင်းပန်ပါတယ် မောင်
စိတ်ချပါ ဒီနေ့ဒီအချိန်ကစပြီး မောင့်ကို ငါ့အသက်မက ချစ်ပေးပါ့မယ်*
မဟာ / အခုချိန်မှာ မောင်ရော သော်ကရော
ကိုယ့်အမှားကို ပြန်သုံးသပ်မိကြပြီလေ
နောက် ဒီထပ်ပိုဂရုတစိုက်နဲ့ ချစ်သွားရင် ရပြီမလား...
မဟာကတော့ နေသော်က အတွေးတွေကိုမသိ
ဝမ်းနည်း၍ငိုနေသည်အထင်ဖြင့်ချော့သလိုလေးပြောကာ
နေသော်က ကျောပြင်လေးကို ပွတ်သပ်
ပေးလေသည်။
နေသော်က က မဟာ့ရင်ခွင်ထဲကနေ မေးခွန်းထုတ်လာပြန်၏။
နေသော်က / မောင်အဲ့အချိန်တုန်းက ငါ့ကို မုန်းလား ဟင်
မဟာ / မုန်းပြစ်ချင်ခဲ့တာ မောင်ဝန်ခံပါတယ်
ဒါမဲ့ မုန်းမရတာထပ် မေ့မရတာ ပိုခက်ခဲခဲ့တယ်
နေသော်က / ငါကတော့ မောင်မုန်းနေပြီလိုပဲ တွေးဖြစ်ခဲ့တာ
ခုနက ငွေမဲလုပ်ငန်းလို့ကြားလိုက်တော့ ငါစိတ်ထဲ တွေးမိလိုက်တာက
မောင်သာ စိတ်မခိုင်လို့ အဲ့အလုပ်မှာစိတ်ပျော်သွားခဲ့ရင်
ဆိုတဲ့အတွေးတွေ ပြီးတော့
မောင်သာ တစ်ခုခုဖြစ်သွားရင်ဆိုတဲ့အတွေးတွေ
ငါ့ခေါင်းထဲတန်းစီပြီး ဝင်လာတာမောင်ရဲ့...
ငါအရမ်းလန့်သွားခဲ့တာပဲ
မဟာက ခပ်ကြိတ်ကြိတ်ရယ်ရင်း သော်က ကို
ခုနကထပ် ပိုထွေးပွေ့ထားလိုက်သည်။
ပါးစပ်ကနေလဲ ထုတ်ပြောဖြစ်လိုက်သည်က...
မောင့်အချစ်က အတွေးလွန်တက်လိုက်တာ တဲ့
............................................................................