အသက်တမျှ အပိုင်း ၉

461 15 0
                                    

ငွေလရောင် ( စားတော်ဆက် )
.
.
.
နေ့လည်စာကို မြန်မာ ထမင်းဟင်းပဲ
စားချင်တယ်လို့ပြောလာသော ချစ်ရသူကြောင့်
မင်းမဟာတို့ မြန်မာထမင်းဆိုင်ကောင်းကောင်းကို
ရွေးရပေတော့သည်။

မင်းမဟာ / သော်က ဒီဆိုင်လေးကြိုက်လား
မောင်ကသစ်ရိပ်ဝါးရိပ်ပုံစံလေးဖန်တီးထားတဲ့
ဆိုင်အပြင်အဆင်လေးကို
သော်ကကြိုက်မယ်ထင်လို့ ဒီဆိုင်လေးပဲရွေးလိုက်တာ

နေသော်က / အင်း အရမ်းသဘောကျတယ်

ဆိုင်အပြင်အဆင်က တကယ့်ကိုရိုးရိုးရှင်းရှင်းလေးပင်
တစ်ဆိုင်လုံးကို ဝါးရုံပင်လေးတွေသဖွယ် ဖန်တီးထားပြီး
အယ်ကွန်းလဲ အလုံအလောက်ပေးထားတာမို့ ဆိုင်တဲ့ဝင်တာနဲ့
ချမ်းစိမ့်စိမ့်လေးဖြစ်သွားကာ တကယ့် ဝါးရုံတောတန်းလေးထဲရောက်နေသလိုပင်
အစားအသောက်တွေလာပို့တော့လဲ ပန်းကန်လေးတွေထဲမှာ ငှက်ပြောရွက်လေးခင်းပြီး အစားအသောက်ထည့်လာပုံက ရှေးရိုးကျနေသလိုလို ဖြစ်နေတာမို့
နေသော်က တကယ် သဘောကျမိသည်။

နေသော်ကလဲ မျက်လုံးဝိုင်းဝိုင်းလေးဖြင့် တဆိုင်လုံးကိုလှည့်ပတ်ကြည့်နေလိုက်ပြီးမှ မင်းမဟာဘက်လှည့်ကြည့်လိုက်တော့ ဝိတ်တာလေးက အစားအသောက်တွေလာချပေးနေပြီမို့

နေသော်က / အကိုတို့ ဘာမှလဲမမှာရသေးပဲနဲ့ အစားသောက်တွေဘာလို့လာချပေးနေတာလဲ

ထိုအခါ မင်းမဟာက

မင်းမဟာ / အော် မောင် ကြိုမှာထားတာ ဆိုင်ရောက်မှ မှာမယ်ဆို
စောင့်နေရတာနဲ့ ​သော်​က အဆာလွန်သွားမှာဆိုးလို့လေ
ပြီးတော့ သော်ကဘာတွေကြိုက်တက်လဲဆိုတာ မောင်လဲသိနေတော့...

နေသော်က / အော်...

မင်းမဟာလဲ သူဘယ်လောက်ဂရုစိုက်ကြောင်းပြနေပေမဲ့
နေသော်ကဆီက အော်တစ်လုံးပဲထွက်လာတာကြောင့် သိပ်တော့ မကျေနပ်....

နေသော်က /  ဒါနဲ့
မောင် ဒီဆိုင်လေးကို ဘယ်ကဘယ်လိုသိတာလဲဟင်

မင်းမဟာလဲ လာပို့သောအစားအသောက်တွေကို
ကူချပေးနေရင်းမှ

မင်းမဟာ / ဒီဆိုင်ကိုလား youtubeကနေလေ
သော်ကလေးက မြန်မာထမင်းဟင်းစားချင််တယ်ဆိုတော့ မောင်လဲ ဆိုင်ကောင်းကောင်းမသိတာနဲ့ ရှာကြည့်လိုက်တာ

အသက်တမျှ အသက္တမွ် Where stories live. Discover now