အသက်တမျှ အပိုင်း ၄၇

515 17 0
                                    


နေသော်ကနဲ့ လင်းရောင်စဥ် တို့နှစ်ယောက် တစ်ညလုံး အရေးပေါ်အခန်းရှေ့မှာစောင့်နေကြရသည်။
မဟာရော ရိုဟန်ရော သေနတ် ဒဏ်ရာ ရကြပြီး ဆေးရုံကိုရောက်နေသည်ဟု မနေ့ညက သက်ဆိုင်ရာမှ ဆက်သွယ်လာသောကြောင့်
နှစ်ဦးသား စိတ်ပူပြီး လိုက်လာခဲ့ကြခြင်း
အခုထိ နှစ်​ေယာက်လုံး ရဲ့ အခြေအနေကိုလဲ မသိရပဲ
ရဲတွေ လာစစ်ဆေးမေးမြန်းနေတာကိုသာ ပြန်ဖြေကြားနေရသည်။
အကိုမြင့်မိုရ် ကတော့ ဒူးနဲ့ လက်မောင်းကို သေနတ်မှန်ထားပြီး
မနေ့ည ဆေးရုံရောက်ထဲက သွေးထွက်လွန်နေကာ အခြေအနေမကောင်းဟု ရဲအရာရှိများ၏ ပြောကြားချက်အရ သိရသည်။

မောင့်အခြေအနေက ဘာမှန်းမသိရသေးတာမို့
မောင်သာ တစ်ခုခုဖြစ်သွားရင်ဆိုတဲ့ အတွေးက
ရင်ကို လပ်ဟာသွားစေသည်။
လင်းရောင်စဥ်လဲ ထိုသို့ ခံစားနေရမည်မှာ
သေချာလိမ့်မည်။
ထို့ကြောင့် သူအပြစ်တင် ရန်ရှာကာ
မောင်းထုတ်လဲ စိတ်မဆိုးရက်နိုင်ပေ...

ခဏကြာတော့ အရေးပေါ် အခန်းထဲက
ရဲဆရာဝန်တစ်ယောက် ထွက်လာခဲ့သည်။
ထို ရဲဆရာဝန်ရဲ့ ပြောကြားချက်အရ
အကိုရိုဟန်က လက်ထိသွားတာဖြစ်လို့ စိတ်မပူရပေမဲ့
မောင်ကတော့ ဗိုက်ကို ထိသွားတာမို့ နည်းနည်းစိတ်ပူရသည်တဲ့

ခဏကြာတော့ အကိုရိုဟန့်ကို သွားကြည့်ကြသည်
လူက စိတ်နဲ့ မကပ်ချင်တော့ မောင့်ကိုရော တွေ့ချင်သည်
မောင့်အနားမှာနေချင်သည်
သို့သော် ခုထိ အရေးပေါ်အခန်းထဲမှာ ရှိနေတဲ့ မောင့်ကြောင့်
စိတ်ဆိုးချင်မိသည်။

နေသော်က / * မောင်ပြောတော့ အကိုရိုဟန့်ကိုခေါ်ပြီး
ပြန်လာခဲ့မှာဆို
အခုကျတော့ မောင်က အေးအေးဆေးဆေးအိပ်နေတယ်
ငါ့ကိုကျ ငိုအောင်လုပ်တယ် ... *

................................................................................

တစ်ပတ်ခန့်ကြာပြီးနောက်

TVမှာရော လူမှု့ကွန်ရက်တွေပေါ်မှာပါ
ထိုသတင်းက ဟိုလေးတကျော်ကျော်ဖြစ်နေတုန်းပင်
မြင့်မိုရ် လုပ်ငန်းစုက ဒေဝါလီခံလိုက်ရပြီး
မြင့်မိုရ်ကတော့ စိတ်ကျန်းမာရေးဆေးရုံမှာ
စောင့်ကြည့်ကြပ်မတ်ခံနေရသည်တဲ့
လက်ထပ်ပြီး ရက်ပိုင်းအတွင်း ချစ်သူကဆုံး
စီးပွားက ရှုံးဆိုတော့ စိတ်မထိန်းနိုင်တော့တာဖြစ်မည်
ကြားရတာ စိတ်မကောင်းပေမဲ့ သူ့ကံနဲ့သူပဲလေ...

အသက်တမျှ အသက္တမွ် Where stories live. Discover now