အသက္တမွ် အပိုင္း ၂၉ zg

156 3 0
                                    

ဝဏ္ဏလဲ မင်းမဟာ စကားကြောင့် နည်းနည်းတော့ အမ်းသွားရ၏။

မင်းမဟာက သူ့စကားကို ရှေ့ဆက်လိုက်သည်။

မင်းမဟာ / ငါလဲ အခု ရက်ပိုင်းအတွင်း အရမ်းခရီးထွက်ချင်နေတာနဲ့ ပြီးတော့ မနေ့ တနေ့ကမှ အလုပ်ကိစ္စနဲ့ ခရီးထွက်ထားတာဆိုတော့ ကိုယ်တိုင် ကားမောင်းဖို့က နည်းနည်း ပင်ပန်းနေလို့လေ ဖြစ်တယ်မလား

ဝဏ္ဏ / ကျွန်တော် ငြင်းလို့ရမလား ပြီးတော့ boss မဟာ မှာလဲ တခြား သူတွေ ရှိနေတာပဲ.....

မင်းမဟာ / မင်းကို ပိုယုံကြည်လို့လေ...
ငြင်းလိူ့မရဘူးနော် တကယ်လို့ မင်း မလိုက်ချင်တာ နောက်ဆံတင်းရမဲ့သူရှိနေလို့ဆို သူ့ကိုပါ တခါတည်းခေါ်ခဲ့လိုက်...

ဝဏ္ဏ / ရပါ...

နေသော်က / ဟုတ်ကဲ့ လိုက်ခဲ့ပါ့မယ်

ဝဏ္ဏ / သော်က!!!

နေသော်က လဲ ရပါတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ခေါင်းငြိမ့်ပြကာ အလှဆုံးပြုံးပြလိုက်ပါသည်။

ဒီလိုနဲ့ မင်းမဟာတစ်ယောက် စကားနိုင်ထိုးတာ အားရတော့
နေ့လည်စာ စားခြင်းကို အဆုံးသတ်လိုက်သည်။

ထို့နောက် တိုက်ခန်းပြန်ရောက်သည်နှင့် ဝဏ္ဏ နားမလည်နိုင်စွာ သော်က ကို မေးခွန်းတွေ မေးပါတော့သည်။

ဝဏ္ဏ / သော်က! !!ဘာလို့ ခုလို့ သဘောတူလိုက်တာလဲ ဒီခရီးက မင်းကို ခနဲ့ဖို့ သပ်သပ် စီစဉ်လိုကိတာနော် ပြီးတော့ မင်းနဲ့ ငါ့ကိုလဲ တမျိုးတမည်ထင်နေတာ ရှင်းပြချိန်လဲ မရှိဘူး
ရှင်းပြလို့လဲမရဘူး ဒါကို မင်းက ဘာတွေ ရှေ့ဆက်လုပ်ဖို့ စဉ်းစားနေတာလဲ ဟမ် ပြောစမ်းပါ နေသော်က...!!!

နေသော်က / အကို ကျွန်​​ေတာ့်ကို မအော်ပါနဲ့ ကျွန်တော် ကောင်းကောင်းသိတာပေါ့ ကျွန်တော့်ကို သပ်သပ် ခနဲ့နေတယ် ဆိုတာကို
ဒီခရီးမှာ ကျွန်တော်ပါစေချင်လို့ တမင် လမ်းကြောင်းပေးနေတယ် ဆိုတာကိုရော ကျွန်တော် ကောင်းကောင်းသိတယ်
ဒါမဲ့ ကျွန်တော်ပေးဆပ်ရမယ်လေ..... ဝဋ်တွေ ကြေအောင်တော့ ဆပ်ရမှာပဲလေ အခုလို အကိုနဲ့ ကျွန်တော့်ကို အထင်လွဲနေတာကိုလဲ ရှင်းပြစရာမလို့ပဲ သိအောင် အဲ့ခရီးကြ သက်သေပြလို့ရပြီလေ
ဘာပဲဖြစ်ဖြစ် မောင့်အနားမှာ နေခွင့်ရတုန်း ကပ်တွယ်နေပါရစေဗျာ....

အသက်တမျှ အသက္တမွ် Where stories live. Discover now