အသက်တမျှ အပိုင်း ၅

558 17 0
                                    


နေသော်ကလဲ အောက်ထပ်က ကိုယ့်အခန်းကိုယ်ပြန်မယ်လုပ်နေပြီးမှ မင်းမဟာက အပေါ်ထပ်မှာပဲနေရမယ် ဆိုသောကြောင့်
အပေါ်ထပ် မင်းမဟာအခန်းနဲ့ မျက်နှာချင်းဆိုင်အခန်းမှာနေလိုက်လေတော့သည်။

ထိုနေ့ညမှာတော့ ချစ်ရသူနဲ့ ဝေးကွာသွားလို့ အိပ်မပျော်နိုင်တဲ့ကောင်လေးရယ် ချစ်ရသူရှိနေပြီမို့ အရာရာကို ပြန်တိုက်ခိုက်ဖို့ ကြံရွယ်နေတဲ့ကောင်လေးရယ်ဟာ အတွေးကိုယ်စီဖြင့် အိပ်မပျော်နိုင်ရှိနေကြလေသည်။

::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

နောက်တစ်နေ့ မနက်...

မင်းမဟာ အောက်ထပ်ဆင်းလာတော့ ထမင်းစားခန်းထဲမှာ ကြီးမြတစ်ယောက်တည်းတွေ့တာမို့

မင်းမဟာ / သော်ကရော...

ကြီးမြ / အခုထိ ဆင်းမလာသေးဘူး အကိုလေး

မင်းမဟာ / ဟုတ်လား အဲ့ဆို သွားနိုးလိုက်ဦးမယ် ကြီးမြ
နှစ်ယောက်စာပြင်ထားပေးပါ

ကြီးမြ / ဟုတ်ကဲ့

မင်းမဟာ အိမ်ပေါ်ထပ်ပြန်တက်လာပြီး

မင်းမဟာ / သော်က သော်က... မောင်ဝင်ခဲ့မယ်နော် ရလား

အထဲက ဘာမှတုံ့ပြန်သံမကြားတာမို့ မင်းမဟာ စိုးရိမ်သွားကာ
အခန်းတံခါးကို သူ့မှာရှိတဲ့ သော့အပို တစ်ချောင်းနဲ့ ဖွင့်ဝင်သွားလေသည်။

ထိုအခါရေချိုးခန်းထဲမှ ရေကျသံကြားနေတာမို့
သော်ကရေချိုးနေလို့သူခေါ်တာပြန်မထူးမှန်းသိသွားလေတော့သည်။
မင်းမဟာလဲထိုအခါမှသက်ပြင်းချကာ
နေသော်ကအခန်းထဲမှာ ဘာတွေလိုအပ်နေလဲလို့
လျောက်ကြည့်ရာ အကြည့်တို့က စားပွဲပေါ်တွင် တင်ထားသော
စာအုပ်လေးဆီရောက်သွားလေသည်။

--------------------------------------------------------------

မင်းမဟာ / မောင်ဒီနေ့ အိမ်ပြန်နောက်ကျမယ်နော်

နေသော်က လဲ မနက်စာ စားနေရင်းမှ

နေသော်က / ဘယ်အချိန်လောက် ပြန်လာမှာလဲ

မင်းမဟာ / ဘာလို့လဲ မောင့်ကို စောင့်ဦးမလို့လား
မစောင့်နဲ့နော် မောင်နောက်ကျမှာ
တော်တော်လေးညဥ်းနက်လောက်မယ် ထင်တယ်

အသက်တမျှ အသက္တမွ် Where stories live. Discover now