Mr.Rong's ချစ်မှုရေးရာ ဒိုင်ယ...

By eithethmue

58K 8K 121

မင်္ဂလာ ညချမ်းပါရှင် အသစ်လေးတွေ လာကြေညာတာပါ ရှင့် ???? BL အတိုလေးနှစ်ပုဒ် PICK ထားပါတယ် အပိုင်းသိပ်မများတာလေး... More

Chapter 1.1
Chapter 1.2
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9.1
Chapter 9.2
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21.1
Chapter 21.2
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56.1
Chapter 56.2
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69.1
Chapter 69.2
Chapter 70
Chapter 71
Chapter 72
Chapter 73
Extra 1
Extra 2
Extra 3
Extra 4
Extra 5
Extra 6
Extra 7
Extra 8
Extra 9
Extra 10
Extra 11
End of Extra

Chapter 10

673 108 3
By eithethmue


Chapter 10

- ငါ့အိမ်မှာ တစ်ညလောက် အိပ်သွားချင်လား





ရုန်ယီသည် အချိန်အတော်ကြာအောင် စကားစမြည်ပြောဆိုပြီးနောက် ပူကျစ်နေသော ဖုန်းကို ကိုင်ထားရင်း နောက်ဆုံးတွင် လွန်ခဲ့သည့် တစ်နာရီခန့်က ခေါက်ဆွဲ စတင် ပြုတ်ထားခဲ့သည်ကို သတိရသွားသော်လည်း ယခုမူ အလွန် နောက်ကျသွားပြီ ဖြစ်သည်။

သူ မီးခိုးငွေ့များကြားထဲမှ မီးဖိုချောင်သို့ ပြေးဝင်လာသောအခါ မီးတောက်နေသည်ကို မြင်လိုက်ရသည်။ ခေါက်ဆွဲပြုတ်အိုးမှာ လုံးဝ မမှတ်မိနိုင်လောက်အောင် ပျက်ဆီးသွားပြီ ဖြစ်၍ မီးဖိုချောင်သုံးစက္ကူက ထမင်းပေါင်းအိုးဘေးတွင် လောင်ကျွမ်းနေပြီး အိုးတစ်ဖက်ခြမ်းမှ ရော်ဘာဓာတ်ငွေ့ပိုက်မှာ အရည်ပျော်လုနီးနီး ဖြစ်နေသည်။

ရုန်ယီ အသိစိတ်များ မှောင်အတိ ဖြစ်သွားသည်။

ထို့နောက် အညှော်ထုတ်ခေါင်းတိုင်ရှိ ဆီအိုးမှာ သူ ကြည့်နေစဉ်၌ မီးတောက်ထဲသို့ ပြုတ်ကျသွားလေသည်။

ရုန်ယီ ရုတ်တရက် တုန်လှုပ်နေရာမှ သတိပြန်ဝင်လာပြီး သတ္တိရှိရှိဖြင့် ဓာတ်ငွေ့ပင်မအဆို့ရှင်ကို အပြေးတပိုင်း သွားပိတ်ပြီးနောက် လက်ကိုင်ဖုန်းကို ချက်ချင်း ယူကာ အိမ်ထဲမှ ပြေးထွက်လာခဲ့သည်။ ကျိုးလီကို ရှင်းပြရန် အချိန် မရတော့သည့်အတွက် ဖုန်းခေါ်ဆိုမှုကို ဖြတ်တောက်လိုက်ပြီး 119 ကို ချက်ချင်း ဖုန်းဆက်လိုက်သည်။

သူ အဆောက်အဦထဲမှ ပြေးထွက်လာပြီးနောက် မော့ကြည့်လိုက်သောအခါ သူ၏မီးဖိုချောင်ပြတင်းပေါက်မှ မီးခိုးလုံးကြီးများ ထွက်နေလေသည်။

သူ၏တိုက်ခန်းရှိ လေထုက ပူလောင်လာသောအခါ သူ၏စိတ်နှလုံးမှာ အေးခဲနေသည့်အပူချိန်သို့ နစ်မြုပ်သွားလေသည်။

ရပ်ကွက်ထဲမှ လူတော်တော်များများက ဝိုင်းလာပြီး လက်ညှိုးထိုးကာ စကားပြောနေကြသည်။ ရုန်ယီသည် သူ၏အပေါ်ထပ်အခန်းတွင် နေထိုင်သော သက်ကြီးစုံတွဲကို လူအုပ်ထဲတွင် မြင်လိုက်ရပြီး သူတို့သည် အတော်လေး စိုးရိမ်ပူပန်နေပုံရ၏။

ရုန်ယီ ထိုသူတို့အပေါ် အလွန် အားနာမိပြီး မီးသတ်ကားများ ရောက်လာချိန်တွင် တောင်းပန်ရန် လျှောက်လာခဲ့သည်။

မီးသတ်သမား၏ ဖိအားမြင့်ရေပိုက်က မီးတောက်များကို ထွင်းဖောက်ကာ မီးကို လျင်မြန်စွာ ငြှိမ်းသတ်နိုင်ခဲ့ပြီး ပြတင်းပေါက်ရှိခဲ့ဖူးသည့် နံရံပေါ်တွင် အနက်ရောင်အပေါက်တစ်ခုသာ ကျန်ရစ်ခဲ့သည်။

ရုန်ယီ မော့ကြည့်နေရင်းက ထိတ်လန့်တုန်လှုပ်လျက်ရှိပြီး အနီးနားတွင် နေထိုင်သည့် တိုက်ခန်းပိုင်ရှင် အမျိုးသမီးက အော်ဟစ်ကာ သူရှိရာဆီ အူယားဖားယား ပြေးလာသည်ကိုတွေ့လိုက်ရသည်။

မီးဖိုချောင်ပိုင်း အများစုမှာ မီးလောင်သွားပြီး စင်္ကြံ နံရံများက မည်းတူးကာ တိုက်ခန်းကြမ်းပြင် တစ်ခုလုံး ရေများ ရွှဲနစ်နေသည်။

အများအားဖြင့် သဘောကောင်းဖော်ရွေသော အိမ်ရှင်အမျိုးသမီးသည် ဒေါသတကြီး တုန်ယင်နေပြီး ရုန်ယီကို ရှင်းပြခိုင်းသည်။

ရုန်ယီက ဆင်ခြေမပေးချေ။ ဤအရာမှာ သူ့အတွက် အဆုံးသတ်ဖြစ်မည် ထင်ပါသည်။

လျော်ကြေးငွေ အမြောက်အမြားကို ရှောင်လွှဲ၍မရသော်လည်း ထိုထက်ပို၍ သူ အိုးမဲ့အိမ်မဲ့ ဖြစ်ရပေတော့မည်။ ၎င်းက ငှားထားသည့် တိုက်ခန်း ဖြစ်သော်လည်း နှစ်အတော်ကြာ နေထိုင်ပြီးနောက်တွင် သူ သံယောဇဉ် ရှိနေဆဲဖြစ်သည်။ အိမ်ရှင်အမျိုးသမီးမှာ အမှန်တကယ် စိတ်သဘောထားကောင်းမွန်သူဖြစ်ပြီး ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း အိမ်ငှားခကိုလည်း သူမ တတ်နိုင်သလောက် ပို၍မတောင်းခဲ့ဘဲ အခန်းကို သန့်ရှင်းသပ်ရပ်စွာ ထားရှိပေးခဲ့သည်။

သို့သော်လည်း ယခုအချိန်မှာတော့ အိမ်ရှင်အမျိုးသမီးက သူ့ကို နှင်ထုတ်ရန် ဆုံးဖြတ်လိုက်လေသည်။

ပစ္စည်းအနည်းငယ်ကို ထုပ်ပိုးပြီးနောက် ဝမ်းနည်းပူဆွေးစွာဖြင့် ထွက်လာကာ အလွန် ချောင်ကျသည့်ရပ်ကွက်တွင် ID ကတ် ပြရန် မလိုအပ်သော စုတ်စုတ်ပြတ်ပြတ် တည်းခိုခန်းတစ်ခုကို ရှာတွေ့ခဲ့သည်။ အိမ်အပျက်အစီးကို ခန့်မှန်း၍ ဈေးဖြတ်ရန် လွှဲအပ်စာ ရထားပြီး တစ်ပတ်အကြာတွင် လျော်ကြေးအတိအကျ ပေးရန် သူနှင့် ညှိနှိုင်းသွားမည် ဟူသော အငှားအေဂျင်စီမှ မက်ဆေ့ချ် ဝင်လာသောအခါ သူသည် ထိုင်မိရုံလေးသာ ရှိသေး၏။

ရုန်ယီ သူ၏ဘဏ်စာအုပ်များကို စစ်ကြည့်လိုက်သောအခါ စိတ်ဓာတ် လုံးလုံး ကျသွားသည်။

၎င်းက လူများ ပြောကြသည့်အတိုင်းပင် ဖြစ်ရမည်- မမျှော်လင့်ထားခဲ့သလို မည်သည့်အရာမျှ သေချာ မဖြစ်လာပါ။ ဤအဖြစ်ဆိုးများ ဆက်တိုက် ဖြစ်ပွားပြီးနောက်တွင် သူသည် ဘဝ၏ အနိမ့်ဆုံးနေရာသို့ ရောက်ရှိရန်သာ မျှော်လင့်ထားပြီး ယခုအခါ တစ်ခုတည်းသော နည်းလမ်းမှာ ပေါ်ထွန်းလာခဲ့သည်။

ဤတရားမဝင်ဟိုတယ်တွင် တည်းခိုခြင်းသည် ရေရှည်အတွက် ဖြေရှင်းမှု မဖြစ်နိုင်ပေ။ နေစရာအသစ် ရှာရန်က အရေးကြီးသည်။

သူ၏ကံကြမ္မာက အလှည့်အပြောင်း ဖြစ်သွားခြင်း ဖြစ်နိုင်သည်။ နောက်တစ်နေ့တွင် သူ၏ WeChat Moments ၌ အိမ်ငှားရမ်းနိုင်မည့် တစ်နေရာ ရှာနေသည့်အကြောင်း တင်ပြီးနောက် လျိုယွမ်ထံမှ ချက်ချင်း ဖုန်းဝင်လာခဲ့သည်။

“တိုက်ဆိုင်လိုက်တာ။ မနေ့ကလေးတင် အိမ်ငှား ရှာနေတဲ့ ငါ့သူငယ်ချင်းတစ်ယောက် ရှိတယ်”

သူက ပြောသည်။

“သူက အလျင်လိုနေတော့ ဈေးလည်း တော်တော်လေး သက်သာတယ်။ မင်း သွားကြည့်ချင်လား"

သူ ပို့လိုက်သောအိမ်၏လိပ်စာသည် ရုန်ယီ နေထိုင်ခဲ့သည့်နေရာနှင့် အနည်းငယ် ဝေးသော်လည်း သူ၏ကုမ္ပဏီနှင့် မလှမ်းမကမ်းတွင် တည်ရှိပြီး တိုက်ရိုက်ရောက်သော ဘတ်စ်ကားများလည်း ရှိသည်။ ဝေးလံခေါင်သီသောဒေသတွင် မဟုတ်ဘဲ စျေးနှုန်းမှာလည်း အမှန်တကယ်ကို ပြင်းထန်မှု မြင့်မားသည်။ ငွေတန်ဖိုးလည်း ကောင်းမွန်၏။

ဤသည်မှာ လက်ရှိ ဆင်းရဲနွမ်းပါးကာ အိုးမဲ့အိမ်မဲ့ဖြစ်နေသော ရုန်ယီအတွက် ကြီးကျယ်ကောင်းမွန်သည့် ကောင်းချီးတစ်ခု ဖြစ်သည်။

“သူက အများကြီး မတောင်းဆိုပါဘူး၊ တစ်ကိုယ်ရေသန့်ရှင်းမှု အလေ့အကျင့် ကောင်းပြီး သူနဲ့ အချိန်အများစု အတူ အဖော်ပြုနေမယ့်သူကို လိုချင်တာ။ ပြီးတော့ တတ်နိုင်သမျှ မြန်မြန် ပြောင်းလာလေ ကောင်းလေပဲ တဲ့ ”

လျိုယွမ်က သူ့ကို ရှင်းပြသည်။

“သူ့အဖေက အဲဒီကို ခဏခဏ သွားပြီး သူနဲ့အတူ နေပုံရတယ်။ ဒါနဲ့ မင်း ဟင်းချက်တတ်လား"

“အေး... ချက်တတ်တယ်”

ရုန်ယီက ခေါင်းညိတ်သည်။

"သူက အိမ်မှုကိစ္စတွေကို မျှပြီး လုပ်ချင်လား"

“ဒါဆို ပိုတောင် ကောင်းဦးမယ်။ သူက အေးရာအေးကြောင်းနေတတ်တဲ့သူ ဖြစ်ပြီး ပိုက်ဆံလည်း သိပ်မလိုဘူး။ မင်း ဟင်းချက်တဲ့နေရာမှာ ကူညီနိုင်ရင် အိမ်ငှားခက ပိုပြီးတောင် သက်သာနိုင်တယ်”

ရုန်ယီသည် နေ့လယ်ခင်းတဝက်လောက်က အချိန်ကုန်နေပြီ ဖြစ်သောကြောင့် အလွန်အမင်း အလျင်လိုနေသည်။

လိပ်စာသို့ ရောက်သောအခါ အေးဂျင့်က တိုက်ခန်းတဝိုက်ကို သူ့အား လိုက်ပြပြီး လှည့်ပတ်သွားလာနေရင်းဖြင့် စကားများ ပြောသည်။

ရုန်ယီ၏ ကံဆိုးမှုအကြောင်း ကြားသောအခါ သူသည် အလွန် စာနာသနားသွားပြီး အိမ်ပိုင်ရှင်အား ချက်ချင်း ဖုန်းဆက်ကာ ရုန်ယီ၏ ဒုက္ခရောက်နေသော အခြေအနေနှင့် သူ၏ ဖြောင့်မတ်ကောင်းမွန်သော အကျင့်စရိုက်များကို အလွန် ချဲ့ကားပြောဆိုခဲ့သည်။

ရုန်ယီသည် ဘေးတွင် ရပ်လျက် ဖုန်းမှတဆင့် စိတ်ထက်သန်စွာ ပြောနေသည့် အေးဂျင့်၏ စကားများကို တိတ်တဆိတ် နားထောင်နေသည်။

ဒီလူငယ်လေးက သန့်သန့်ပြန့်ပြန့်နဲ့ ချောမောတဲ့အပြင် အရမ်း ယဉ်ကျေးတယ်။ သူက လူတိုင်းနဲ့ အဆင်ပြေဖို့ အရမ်း လွယ်ကူတဲ့ပုံဆိုတာ ခင်ဗျား စိတ်ချနိုင်ပါတယ်။ ပြီးတော့ သူက အခု တကယ်ကို ဒုက္ခရောက်နေတဲ့ အခြေအနေ ဖြစ်နေတာ။ နေစရာ အမြန် ရှာမတွေ့ဘူးဆိုရင် လမ်းမပေါ်မှာ ထွက်ထိုင်ရတော့မှာ။ အခုပဲ လာပြီး စာချုပ်ချုပ်ဖို့ အချိန် ခဏလောက် ရနိုင်မလား။

ရုန်ယီ အနည်းငယ် ရှက်ရွံ့သွားသလို ခံစားလိုက်ရသဖြင့် တိုက်ခန်းကို တစ်ယောက်တည်း လှည့်ပတ်ကြည့်နေလိုက်သည်။ ငှားရမ်းမည့်အိမ်ဖြစ်သော်လည်း တစ်အိမ်လုံးကို ရိုးရှင်းကျက်သရေရှိစွာ အလှဆင်ထားပြီး အခန်းလွတ်မှာလည်း အတော်လေး ကျယ်ဝန်းကာ ပရိဘောဂများက သစ်လွင်ပုံပေါ်လေသည်။ သူ ပတ်ဝန်းကျင်ကို ပို၍ လှည့်ပတ်ကြည့်လေ သဘောကျလေ ဖြစ်သည်။

သူ ထိုအခန်းထဲမှ ပြန်ထွက်လာချိန်တွင် အေးဂျင့်က ဧည့်ခန်းထောင့်တွင် ရပ်၍ ဖုန်းထဲသို့ တိုးတိုးလေး တီးတိုး ပြောနေသည်။

“ကျွန်တော် တကယ် ပြောတာပါ။ အရမ်း ကြည့်ကောင်းတယ်။ ခင်ဗျား ကျွန်တော့်ကို မယုံရင် နောက်မှ ဓာတ်ပုံ ခိုးရိုက်ပြီး ပြမယ်"

ရုန်ယီက သူ၏နောက်ကျောမှနေ၍ ချောင်းတစ်ချက် ဆိုးလိုက်သည်။

အေးဂျင့်က ချက်ချင်း သူ၏နောက်ကျောကို တည့်မတ်ပြီး လက်ကို ချလိုက်သည်။

“အိုခေ.. ကောင်းပါပြီ။ ကျွန်တော် သူ့ကို အေဂျင်စီကို ပြန်ခေါ်သွားပြီး ခင်ဗျားကို အဲဒီမှာပဲ စောင့်နေလိုက်မယ်"

သူတို့ အေဂျင်စီသို့ ရောက်သည့်အချိန်တွင် ရုန်ယီသည် ကြီးမားသော ပြဿနာတစ်ခု ရှိနေသည်ကို ရုတ်တရက် သတိရမိလိုက်၏။

သူ့ထံတွင် ID ကတ် မရှိပေ။

စာချုပ်ချုပ်ဆိုမှု ရပ်ဆိုင်းလုနီးပါး ဖြစ်နေသည့်အချိန်တွင် ထိုလျှို့ဝှက်ဆန်းကြယ်သည့် အိမ်ရှင်က နောက်ဆုံး ရောက်လာသည်။

“ဒါက မစ္စတာချန်းပါ”

ရုန်ယီနှင့် အတူ လိုက်ပါလာသည့် အေးဂျင့်က သူတို့အား တစ်ယောက်ကိုတစ်ယောက် နွေးထွေးစွာ မိတ်ဆက်ပေးသည်။

“ဒါက မစ္စတာရုန်ပါ။ တစ်ယောက်နဲ့တစ်ယောက် သိချင်တဲ့ မေးခွန်းတွေကို အခုပဲ ဆွေးနွေးသွားနိုင်ပါတယ်။ ဒီ IDကတ် ကိစ္စက သိပ်တော့ အရေးမကြီးပါဘူး… ပြဿနာ တစ်ခုခုများ ရှိသေးလား”

ရုန်ယီလည်း 'ဒီလောကကြီးက ဘာပြဿနာတွေ ဖြစ်နေတာလဲ' ဟု မေးချင်မိသည်။

သူ ချန်းခယ့်ယောင်ကို မှင်တက်စွာ ကြည့်နေစဉ်တွင် တစ်ကမ္ဘာလုံးက သူ့ကို နောက်ပြောင်နေသလား ဟု တွေးနေမိသည်။

ချန်းခယ့်ယောင်၏အမူအရာမှာလည်း ကွက်ကွက်ကွင်းကွင်းပင်။ သူသည် ပထမဆုံး သိသိသာသာ အံ့အားသင့်သွားပြီးနောက် မျက်ခုံးတွန့်လိုက်ကာ ခဏအကြာတွင် ရုန်ယီမှာ အံ့သြတုန်လှုပ်သွားပြီး မယုံနိုင်လောက်စရာ ဖြစ်သောကြောင့် စကားတစ်ခွန်းမှ ထွက်မလာနိုင်သည်ကို မြင်လိုက်ရသဖြင့် နောက်ဆုံး သူ၏အသံကို ရှင်း၍ မေးလိုက်သည်။

"... မင်းရဲ့အိမ်လား မီးလောင်သွားတာ"

အက်ကွဲနေသော ခေါင်းလောင်းတစ်လုံးသည် ဘယ်တော့မှ ကောင်းကောင်း မမြည်နိုင်ပေ။

ရုန်ယီသည် ရုတ်တရက် ဒေါသတကြီး ဖြစ်သွားပြီး ခရီးဆောင်အိတ်ကို ကောက်ယူကာ ပြေးထွက်လာခဲ့သည်။

အေးဂျင့်က လုံဝ နားလည်ရခက်သွားပြီး

“မစ္စတာရုန်... ဘာဖြစ်သွားတာလဲ။ ခင်ဗျား ဘယ်သွားမလို့လဲ"

"ကျွန်တော် အဲ့အိမ်ကို မငှားတော့ဘူး"

"ဘယ်သူကရော အဲ့ကောင်နဲ့ နေချင်တယ် ပြောလို့လဲ။ သူ့ဟာသူ လမ်းဘေးမှာပဲ သွားထိုင်နေလိမ့်မယ်"

ဉာဏ်နည်းသော အေးဂျင့်သည် နောက်ဆုံးတွင် သဘောပေါက်သွားပြီး

“ခင်ဗျားတို့ တစ်ယောက်နဲ့တစ်ယောက် သိတာလား”

"ခဏနေဦး"

ချန်းခယ့်ယောင်သည် ရုန်ယီ နောက်ကနေ အော်လိုက်၏။

"မင်းရဲ့ ID ကတ်ကို မရဘူးလား။ ငါ မင်းဆီ ပို့ပေးလိုက်ပြီလေ"

တံခါးအပြင်ဘက်သို့ ခြေတစ်ချောင်း ရောက်နေပြီ ဖြစ်သော ရုန်ယီသည် အံ့အားသင့်သွားကာ နောက်သို့ လှည့်လာသည်။

သူက နှုတ်ဆိတ်နေဆဲ ဖြစ်သည်။ ချန်းခယ့်ယောင်သည် မျက်ခုံးတွန့်လျက် ဆက်ပြောသည်။

“မင်းရဲ့ ID ကတ်က ငါ့ကားထဲမှာ ကျကျန်နေခဲ့လို့ နောက်နေ့ မင်းရဲ့ကုမ္ပဏီကို ငါ လွှဲပေးလိုက်တယ်လေ။ မရဘူးလား"

မရဘူး။

ကုမ္ပဏီ၏ ဧည့်ကြိုကောင်တာတွင် စာရွက်စာတမ်းကတ်များ အပုံလိုက် ရှိနေသောကြောင့် ဝန်ထမ်းများ အားလုံးက ၎င်းတို့ကို ကိုယ်တိုင် ရှာဖွေစစ်‌ဆေးရန် လိုအပ်သည်။ ရုန်ယီသည် လောလောဆယ်တွင် အွန်လိုင်းမှ ပစ္စည်းမှာထားခြင်းလည်း မရှိသောကြောင့် သွားရောက်စစ်ဆေးရန် စိတ်မ၀င်စားခဲ့ပေ။

ထိုသို့ဆိုလျှင် သူက ID ကတ်ကို အမှန်တကယ် ရှာတွေ့ခဲ့သူ ဖြစ်သည်။ အကယ်၍ ရုန်ယီသာ ချန်းခယ့်ယောင်နေရာတွင် ဆိုလျှင် ထိုကတ်ကို ဆုတ်ဖြဲပြီး အမှိုက်ပုံးထဲသို့ ပစ်ချလိုက်မည်ဟု တွေးထားခဲ့ဖူးသည်။ ယခုတော့ သူသည် ထိုအတွေးကို အနည်းငယ် ရှက်ရွံ့သွားသလို ခံစားလိုက်ရ၏။

…သို့သော် ယခုမူ အလွန် အသိနောက်ကျသွားချေပြီ။ သူ ၎င်းကို ပျောက်ဆုံးစာရင်း တင်ခဲ့ပြီး ဖြစ်လေသည်။

သူ၏မျက်နှာအမူအရာက ဆက်တိုက် ပြောင်းလဲနေသော်လည်း တိတ်ဆိတ်နေဆဲ ဖြစ်သည်။ ချန်းခယ့်ယောင်က သက်ပြင်းချရင်း

"ဟိုနေ့က ငါ... "

ရုန်ယီသည် သူ့ကို ကြည့်ရင်းက ရုတ်တရက် စိတ်မကောင်းဖြစ်လာ၏။

“ဘာမှ ပြောစရာ မလိုပါဘူး”

သူက မျက်လွှာချလိုက်သည်။

"ငါတို့ တခါမှ မတွေ့ဖူးခဲ့သလိုပဲ နေသွားရအောင်"

ချန်းခယ့်ယောင်က တုံ့ဆိုင်းသွားသည်။ သူက ပြောမည့်စကားလုံးများကို မျိုချ၍ ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ”

တစ်ချိန်လုံး လိုက်ကြည့်နေသော အိမ်ခြံမြေ အကျိုးဆောင်များသည် သူ၏အကျိုးစီးပွား ပျက်စီးတော့မည်ကို မြင်လိုက်ရသောအခါ ချက်ချင်း တစ်ခုခုဝင်ပြောမှဖြစ်တော့မည်ဟု ခံစားလိုက်ရသည်။

"ခဏလေး.. ခင်ဗျားတို့က အသိအကျွမ်း ဖြစ်နေတော့ ပိုပြီးတောင် မကောင်းဘူးလား"

သူသည် တံခါးဆီသို့ အမြန် လျှောက်သွားကာ ရုန်ယီကို ပြန်ဆွဲခေါ်လာသည်။

“မစ္စတာ ရုန်၊ ခင်‌ဗျား ခုနက ပြောတော့ လျော်ကြေးငွေတွေ အများကြီး ပေးရမှာမို့လို့ တစ်ခုခု မသုံးခင် တစ်ပြားစီတိုင်း ရေတွက်ပြီးချွေတာမှ ဖြစ်မယ်ဆို။ ခင်ဗျား အခုနေနေတဲ့နေရာက သက်တောင့်သက်သာ မရှိသလို ဈေးလည်းမနည်းဘူး မဟုတ်လား။ ပြီးတော့ ခင်ဗျားရဲ့ ID ကတ်ကို ပြန်မရသေးရင် ခင်ဗျားကို လူချင်း မသိဘဲနဲ့ ဘယ်သူမှ အိမ်ငှားဖို့ သဘောတူမှာ မဟုတ်ဘူး”

ရုန်ယီသည် ယခင်က ID ကတ်ကို တစ်ခါမှ မပျောက်ဆုံးခဲ့ဖူးသောကြောင့် ပျောက်ဆုံးစာရင်း တင်ထားသော ID ကတ်ကို ဆက်လက် အသုံးပြုနိုင်ဦးမည်ကို မသိသောကြောင့် အကျပ်ရိုက်သွား၏။

သူ၏သဘောထား အနည်းငယ် ပြေလျော့သွားသည်ကို မြင်လိုက်ရသဖြင့် အေးဂျင့်က ချန်းခယ့်ယောင်ထံ အမြန် ပြေးသွားပြန်သည်။

"ခင်ဗျားရော ဘယ်လိုထင်လဲ မစ္စတာချန်။ သူ့ရဲ့ ID ကတ်ထဲက အချက်အလက်တွေကို နောက်မှရလည်း ကိစ္စမရှိဘူးမလား"

ချန်းခယ့်ယောင်က မတုံ့ပြန်ပေ။

အမှန်မှာ ချန်းခယ့်ယောင်၏သဘောထားက ပို၍ ပြင်းထန်သည်။ သူက မစ္စတာရုန်လောက် ခါးခါးသီးသီး ဖြစ်ပုံမပေါ်သော်လည်း သူနှင့် လုံးဝ မပတ်သက်ချင်တော့သည်မှာ ထင်ရှား၏။

ရုန်ယီမှာ ပြတ်ပြတ်သားသား ငြင်းဆိုရန် စိတ်ဓာတ်မခိုင်မာသောကြောင့် ဤကဲ့သို့ အကျပ်အတည်းကို ကြုံတွေ့နေရခြင်း ဖြစ်သည်။

သို့သော် ရုန်ယီသည် သူ၏ သဘောထားပြည့်ဝသော ဆန္ဒကို မည်သို့ လက်ခံနိုင်မည်နည်း။

အေးဂျင့်သည် သူတို့နှစ်ယောက်လုံးကို မျက်စိတစ်ဖက်မှိတ်ပြရန် ပြင်းပြင်းထန်ထန် ကြိုးစားနေသော်လည်း ရုန်ယီကတော့ သူ့ကို လက်လျှော့ရန်အတွက် ဆုံးဖြတ်ထားဆဲ ဖြစ်သည်။

သူ ထွက်သွားရန် နှုတ်ဆက်ခါနီးမှာပင် ချန်းခယ့်ယောင်၏ဖုန်းက ရုတ်တရက် မြည်လာသည်။

သူက ဖုန်းမျက်နှာပြင်ကို ငုံ့ကြည့်ကာ အလန့်တကြား ရေရွတ်လိုက်သည်။

“အိုးမိုင်‌ဂေါ့”

ထို့နောက် ဖုန်းပြန်ဖြေရမည့်အစား ရုန်ယီကို မော့ကြည့်သည်။ သူ၏ ထူးဆန်းသော အကြည့်က ရုန်ယီ၏ခြေချောင်းများကို တွန့်သွားစေသောကြောင့် ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။

ချန်းခယ့်ယောင်က ရှေ့သို့ ခြေတစ်လှမ်း တိုးလာပြီး

"မင်း ငါ့အိမ်မှာ တစ်ညလောက် အိပ်သွားချင်လား"

ရုန်ယီ၏ ခေါင်းထဲတွင် ဆိုးရွားသော ပုံရိပ်များက ပေါ်ထွက်လာကြသည်။

အဆုံးသတ်တွင် ယခင်က ကြုံတွေ့ခဲ့ရသည်များမှာ နာကျင်ရသော်လည်း သူ၏ရှေ့တွင်ရှိနေသည့် အယ်လ်ဖာ၏ ရုပ်ရည်နှင့် ပုံသဏ္ဍာန်က သူ ကြိုက်နှစ်သက်သော အမျိုးအစား ဖြစ်နေဆဲပင်။ ယခုမူ သူသည် မပြတ်မသားစကားမျိုး ပြောလာလေပြီ။

ဖုန်းသံက မြည်နေလျက်ရှိသည်။ ရုန်ယီထံမှ တစ်စုံတစ်ရာ တုံ့ပြန်မှု မရရှိသော်လည်း ချန်းခယ့်ယောင်သည် ဖုန်းကိုင်ရန်မှတပါး ရွေးချယ်စရာမရှိပေ။

ထို့နောက် ရုန်ယီသည် အနည်းငယ် ရယ်စရာကောင်းသော ဤတစ်ဖက်မှ စကားသံကို နားထောင်လိုက်ရသည်။

"အဖေ...ဘာလို့ ဒီကို ထပ်လာပြန်တာလဲ"

ချန်းခယ့်ယောင်မှာ သိသိသာသာကို ရုန်းကန်နေပုံရသည်။

"ကျွန်တော် တကယ် အဲ့အခန်းကို ငှားပြီးသွားပြီလို့။ သူ ဒီနေ့ ပြောင်းလာတော့မယ်။ အဖေ အိပ်ဖို့နေရာ မရှိတော့ဘူး။ အမှန်အတိုင်းပြောတာ... ကျွန်တော် အဖေ့ကို ဘာကိစ္စ လိမ်ရမှာလဲ။ ခဏနေကျရင် ကျွန်တော်တို့ အတူ ပြန်လာတော့မှာ။ မဟုတ်ဘူး... အဖေ ဒီကိုလာဖို့ မလိုဘူးလေ။ ကျွန်တော် ညစာ စားဖို့ ပြန်မလာတော့ဘူး။ ကျွန်တော့်အတွက် ဘာမှ ယူလာစရာ မလို... ကျွန်တော် မလုပ်ဘူးလို့။ အဓိပ္ပါယ်မရှိတာတွေ မပြောပါနဲ့တော့ ဟုတ်ပြီလား"

ရုန်ယီ နံဘေးတွင် ရပ်နေဆဲဖြစ်သော အေးဂျင့်က သူ့ကို တိုးတိုးလေး ပြောလိုက်သည်။

“မြင်တယ်မလား... သနားစရာကောင်းပါတယ်။ သူ့ကို ကူညီလိုက်ပါ"

*

ချန်းခယ့်ယောင်၏တိုက်ခန်းမှာ ထိုအနီးနားရှိ ရပ်ကွက်တွင်သာ ဖြစ်သည်။

သူတို့နှစ်ဦးသည် ရှေ့ဆင့်နောက်ဆင့်ဖြင့် တစ်လမ်းလုံး တိတ်ဆိတ်စွာ ချန်းခယ့်ယောင်၏အိမ်ရှိရာသို့ လျှောက်လာကြသည်။

ကိစ္စများအားလုံးက ဤပုံစံ ပြောင်းလဲသွားခြင်းမှာ အနည်းငယ် ထူးခြားဆန်းကြယ်၏။ ချန်းခယ့်ယောင်အတွက် အမှန်တကယ် ကျေကျေနပ်နပ်ဖြင့် အကူအညီပေးမိသောကြောင့် သူ၏စိတ်မှာ အနည်းငယ် မူမမှန်ကြောင်း ရုန်ယီ ခံစားမိလိုက်သည်။

နှစ်ယောက်သား အဆောက်အဦရှေ့သို့ ရောက်သောအခါ ချန်းခယ့်ယောင်က ရုတ်တရက် ရပ်တန့်သွားသည်။

"ငါ့အဖေ အဲ့ဒီမှာရှိနေသေးတယ်ဆိုရင် သူ ဘာပဲပြောပြော ဂရုမစိုက်နဲ့"

ရုန်ယီက သူ့နောက်မှနေ၍ ခေါင်းညိတ်လိုက်သည်။

ချန်းခယ့်ယောင်ကတော့ သေချာပေါက် မမြင်လိုက်သော်လည်း သူသည် သိပ်ပြီး အလေးထား၍ မပြောချင်သောကြောင့် လေးလံသည့်နှလုံးသားနှင့် အပေါ်ထပ်သို့ တက်လာခဲ့သည်။

ရုန်ယီသည် ဤနေရာသို့ ယနေ့မွန်းလွဲပိုင်းတွင် တစ်ကြိမ်ရောက်ဖူးသည့်အတွက် သူ အဆောက်အဦနှင့် အတော်လေး ရင်းနှီးနေသည်။ ဓာတ်လှေကားပေါ်မှ ဆင်းလာပြီးနောက် ချန်းခယ့်ယောင်၏အိမ်ဆီသို့ လှမ်းကြည့်လိုက်ရာ တံခါးဝတွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရ၏။

အသံများကို ကြားလိုက်သောကြောင့် လူလတ်ပိုင်းအရွယ် အမျိုးသားက ချက်ချင်း လှည့်ကြည့်လာသည်။ ရုန်ယီ ရှေ့မှ လျှောက်လာသော ချန်းခယ့်ယောင်က ထိုလူကို ပြောလိုက်သည်။

"အဖေ၊ တံခါးရှေ့မှာ ဘာရပ်လုပ်နေတာလဲ..."

လူလတ်ပိုင်းအမျိုးသားက ဘာမှ ပြန်မပြောဘဲ မျက်ခုံးကိုတွန့်ကာ သူ၏နောက်မှ ရုန်ယီကို မြင်ရရန် သူ့သား၏ပခုံးမှကျော်၍ လှမ်းကြည့်လိုက်သည်။

ရုန်ယီ သတိအနေအထားဖြင့် ရပ်မိလိုက်သည်။ ချန်းခယ့်ယောင်နှင့် 50% ဆင်တူသော်လည်း အများကြီး ပို၍ ရင့်ကျက်ပုံပေါ်သော ထိုအယ်လ်ဖာကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်ကာ သူ၏လေးစားမှုကို တိတ်တဆိတ် မျိုချလိုက်သည်။

သူ စကားတစ်ခွန်းမှ မပြောရဲသော်လည်း သူ၏နှလုံးသားက အနည်းငယ်တော့ ယိမ်းယိုင်သွားလေသည်။ ဘုရားရေ ဒီဦးလေးက အရမ်း ချောတာပဲ။





မူရင်းစာရေးသူ၏ စကားချပ်လေးများ





ယနေ့ နေ့လယ်ခင်း။

အေးဂျင့်က ဖုန်းမှတဆင့် - ရိုးရိုးသားသား ပြောရရင် သူက အယ်လ်ဖာတစ်ယောက်ဆိုတာ မြင်မြင်ချင်း သိနိုင်တယ်။ မယုံနိုင်လောက်အောင် ကြည့်ကောင်းတယ်။

အေးဂျင့်မှ ရုန်ယီအား- အိမ်ပိုင်ရှင်က တကယ် ချောတဲ့ အယ်လ်ဖာတစ်‌ယောက်ပါ။

ချန်းခယ့်ယောင်နှင့် ရုန်ယီတို့၏ စိတ်ထဲတွင် "ပွတာပဲ"



Xxxxxxx

Continue Reading

You'll Also Like

110K 12.8K 65
လူတွေမသိတဲ့ ငါ့ရဲ့နောက်ပုံစံတစ်မျိုးကို ငါကိုယ်တိုင်တောင်အံ့ဩတယ်...
193K 26.6K 63
දුප්පත් අහිංසක කොල්ලෙක් ආවොත් ඔයාගේ ඔෆිස් එකට... ඔයාව දැක්කත් එයා බයේ වෙව්ලනවනම්.. ඔයා මොකද කරන්නේ... 💚 හඃ හඃ තව තවත් බය කරනවා... හැබැයි ඉතින් ආදරේට...
707K 85.4K 78
Eternal love ..... . . . . . . . Start - 2022 December 28 End - 2023 April 27 School Lovers.. Siblings ..... 🔞 18 + ⚠️️ Mature Conteint
718K 122K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!