ပုပ္ပားမြေမှ စံကားဝါ / ပုပၸား...
By ShwunLaeKyaw
204K 9.4K 350
ပုပ္ပားမြေမှ စကားဝါ ပင်လုံးညှာ ရွှေရောင်ဝင်းလေတော့ ကြူသင်းစွာ မွှေးရနံ့ရယ်(ကွယ်) နှလုံးသားအထိ...စွဲ။ တစ်စုံတ... More
မေတ္တာရပ်ခံခြင်း / ​မေတ္တာရပ်​ခံခြင်း
အပိုင်း- ၁
အပိုင်း - ၁
အပိုင်း- ၂
အပိုင်း - ၂
အပိုင်း- ၃
အပိုင်း - ၃
အပိုင်း- ၄
အပိုင်း - ၎
အပိုင်း - ၅
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း - ၂၁
အပိုင်း - ၂၂
အပိုင်း - ၂၂
အပိုင်း - ၂၃
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း -၂၅
အပိုင်း - ၂၆
အပိုင်း - ၂၆
အပိုင်း ၂၇
အပိုင်း - ၂၇
အပိုင်း - ၂၈
အပိုင်း - ၂၈
အပိုင်း - ၂၉
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၀
အပိုင်း - ၃၁
အပိုင်း - ၃၁
အပိုင်း - ၃၂
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း - ၃၃
အပိုင်း - ၃၄
အပိုင်း - ၃၄
မီးပုံးလုပျနညျး / မီးပုံးလုပ်နည်း
အပိုင်း - ၃၅
အပိုင်း - ၃၅
အပိုင်း - ၃၆
အပိုင်း - ၃၆
အပိုင်း - ၃၇
အပိုင်း - ၃၇
အပိုင်း - ၃၈
အပိုင်း - ၃၈
အပိုင်း - ၃၉
အပိုင်း - ၃၉
အပိုင်း - ၄၀
အပိုင်း ၄၀
အပိုင်း - ၄၁
အပိုင်း - ၄၁
အပိုင်း - ၄၂
အပိုင်း - ၄၂
အပိုင်း - ၄၃
အပိုင်း - ၄၃
အပိုင်း - ၄၄
အပိုင်း - ၄၄
အပိုင်း - ၄၅
အပိုင်း - ၄၅
အပိုင်း - ၄၆
အပိုင်း - ၄၆
အပိုင်း ၄၇(ဇာတ်သိမ်းပိုင်း)
အပိုင်း - ၁၁
902 21 0
By ShwunLaeKyaw
သူတို့အဖွဲ့ တဖြည်းဖြည်းဆက်လျှောက်လာကြရင်း အမြင့်ပေတော်တော်များများထိပင် ရောက်လာခဲ့လေပြီ။
လမ်းလည်းပိုကျဉ်းလာကာ မြင်ရသည့်ရှုခင်းကလည်း ပို၍ကျယ်ပြန့်ကာပိုလှလာ၏။
ပတ်ဝန်းကျင်အလှကြောင့် သူတို့အဖွဲ့မှာ မောရမှန်းပင်မသိပါလေ။
လမ်းတစ်လျှောက်လုံးလည်း ထက်နောင်၏ရှင်းပြမှုကြောင့် ပုပ္ပားတောင်မကြီးမှ ဆေးဖက်ဝင်အပင်များ၊ ဂမုန်းပင်များအကြောင်း သိရှိရင်းနှီးလာရလေသည်။
ပုပ္ပား၌ ဂမုန်းပင်များကလည်း အတော်စုံ၏။
စီးပွားဂမုန်း၊ မီးကွင်းဂမုန်း၊ ချမ်းသာကြီးဂမုန်း၊ အိမ်တော်မင်္ဂလာဂမုန်း၊ ရှင်ဥပဂုတ်ဂမုန်း၊ ကျီးဂမုန်းနှင့် ဒေါင်းမလေးဂမုန်းစသည်စသည်ဖြင့်.....
သူတို့ကြားသာကြားဖူးကာ မမြင်ဖူးသော၊ တစ်ချို့ သူတို့ကြားပင်မကြားဖူးသော နာမည်ကြီးဂမုန်းမျိုးစိတ်များ များစွာပေါများလှသည်သာ။
တန်ဖိုးကြီးဆေးဝါးများ၊ အဖိုးတန်ရှားပါးဂမုန်းပင်များ ပေါများကြွယ်ဝရာပုပ္ပားကား အလွန်ပင်အဖိုးတန်လှပါဘိခြင်း။
သူတို့အဖွဲ့မှာ ထက်နောင်ပြသည့်အပင်များကို တမေ့တမောကြည့်လိုက်၊ ရှင်းပြသည့်အကြောင်းအရာများအား မျက်လုံးကလည်ကလည်ဖြင့် နားထောင်လိုက်လုပ်ကာ တစ်လမ်းလုံးမအားလပ်ရှာကြ။
ထုံးစံအတိုင်း ကြက်တူရွေးကဲ့သို့ စကားကလည်း များကြသေးသည်သာ။
သူတို့ချင်းသာပြောသည်မကဘဲ ထက်နောင်ကိုပါ တတွတ်တွတ်မေးနေပြန်၏။
" ဆရာ့ ဆရာ့ စီးပွားဂမုန်းက တကယ်စီးပွားတက်တာလားဟင် "
" အင်း အဲဒီလိုတော့ ပြောကြတာပဲလေ "
" ဟိုလေ ဆရာ့ စောစောကပြောတာလေ နှာခေါင်းသွေးယိုရင် ထုအုံပေးလို့ရတာ ဘာဂမုန်း "
" ဪ မီးကွင်းဂမုန်းလေ သူကလဲ တော်တော်ဆေးဖက်ဝင်တယ် နှာခေါင်းသွေးလျှံတာတွေအပြင် အဲဒီဂမုန်းကို သုံးခွက်တစ်ခွက်တင်ကျိုပြီး သကြားလေးနဲ့သောက်ရင် ကျောက်ကပ်ရောဂါ၊ ဆီးရောဂါတွေပျောက်တယ်တဲ့ "
" မှတ်ထားအုံးမှပဲဆရာ မေမေက ဆီးကျဉ်တယ်ပြောပြောနေတာ "
" အယ်လယ့် မေမေ့သတိရတဲ့ သားလိမ္မာလေးပါပေါ့ "
" အောင်မာ ငါကအ‌စကတည်းက အမေကိုချစ်ပြီးသား လိမ္မာပြီးသားပါနော် "
" ပြီးရင်တော့ မမနောက်ပဲလိုက်သွားမှာမဟုတ်လား "
အဖွဲ့၏ရယ်သံက လျှံထွက်လာပြန်၏။
သူတို့အဖွဲ့က ထိုသို့လည်း အတည်ပေါက်ပြောနေရာမှ ဗရုတ်ကျသေးသည့် အဖွဲ့ပါပေ။
အချင်းချင်းကလည်း ပေါက်ပေါက်ဖောက်နေသည့်အလား စကားများကြသေး၏။
" ပုပ္ပားကို နတ်တောင်လို့ခေါ်တာလဲ တကယ်ခေါ်သင့်ပါရဲ့ သိပ်သာယာလှပပြီးသိပ်တန်ဖိုးကြီးတာပဲနော် "
" ဟုတ်တယ်နော် ပုပ္ပားရဲ့ ရေမြေတောတောင် သဘာဝက မျက်စိမလွှဲချင်လောက်အောင်လှသလို ဆေးဖက်ဝင်ပင်တွေ၊ တန်ဖိုးကြီး ရှားပါးအပင်တွေအပြည့်နဲ့ တကယ်အံ့ဩစရာနေရာပဲ‌ "
" ဟုတ်ပ ‌ဒါကြောင့် ရှေ့ခေတ်က ဒီတောင်မှာ ဇော်ဂျီတွေဆေးကြိတ်တယ်ဆိုတာ တကယ်ဟုတ်မှာ "
ထက်‌ဝေအောင့်အပြောကို ဇင်မင်းထက်က မေးစေ့အားလက်ဖြင့်ပွတ်ရင်း ဆရာကြီးလေသံဖြင့် ထောက်ခံလာ၏။
" ဇော်ဂျီတွေဆေးကြိတ်တာ နင်မြင်ဖူးလို့လား ကြီးကြီးကျယ်ကျယ် လျှောက်ပြောနေတာ အသားမည်းကောင် "
သီတာအေးစကားကြောင့် ဇင်မင်းထက်က မျက်လုံးစွေကြည့်လိုက်ကာ...
" ဟ လောကကြီးမှာ ကိုယ်မမြင်ရတိုင်း မရှိတာမှမဟုတ်ဘဲ နင်အချစ်မခံရတိုင်း အချစ်မရှိဘူးလို့ပြောလို့မရဘူးလေ မယ်သီတာမရဲ့ အေး အခုလဲ အဲဒီလိုပဲပေါ့ ကိုယ်မမြင်ရတိုင်း မရှိတာမှမဟုတ်တာ "
ဇင်မင်းထက်စကားသံအဆုံး ယောက်ျားလေးများက ဆူညံစွာလက်ခေါက်မှုတ်လိုက်ကြရင်း...
" ရေး ထိတယ်ကွ "
" ဝူး ဇင်မင်းထက်ကွ အမှန်တရားဆိုတာ ဒါမျိုး "
" ကောင်စုတ်တွေနော် မယ်သီတာဆိုတာ ရာဇဝင်ထဲမှာတော့ စစ်ဖြစ်တဲ့အထိအချစ်ခံရတာနော် ဟွင်း ဟွင်း သိဖို့ သိဖို့ "
" အေး အဲဒါတွေက ရာဇဝင်ထဲကျန်ခဲ့ပြီလေ အခုတော့ ဘီလူးမပြောနဲ့ သရဲတောင် နင့်မကြိုက်ဘူး "
" ဒီမသာတွေကတော့ "
သီတာအေး၏ စိတ်ဆိုးခြင်းကင်းသည့်ဆဲသံအဆုံး အားလုံးသဘောတကျ ရယ်မောလိုက်ကြ၏။
ရယ်သံများနှင့် ဆူညံနေသည့်ကလေးများကြောင့် ထက်နောင်ပါအသာလိုက်ရယ်လိုက်မိစဉ် ဘေးဘက်မှအမေးလူသားလေးက စကားစလာ‌လေ၏။
" အစ်ကို "
" ဟင် ပြောလေ လူးကပ်စ် "
" သူတို့ စောစော ကပြောတဲ့လေ ဇော်ဂျီ ဆေးကြိတ် တယ်ဆိုတာ ဘာလဲဟင် "
" အင်း ဇော်ဂျီဆိုတာကို မြန်မာအဘိဓာန်မှာတော့ ဆေးဝါးမန္တရားအတတ်၊ မြေလျှိုး၊ မိုးပျံအတတ်စသည် တတ်ကျွမ်းသူလို့‌ဖွင့်ဆိုကြတယ်လေ အဲလိုလူတွေက ဒီတောင်မှာဆေးပင်ပေါတော့ ဆေးလာကြိတ်ကြတယ်လို့ဆိုတာပေါ့ ဆေးကြိတ်တယ်ဆိုတာတော့ လူးကပ်စ်ရယ် ဆေးပင်စိုတွေကနေ အရည်ရအောင်လုပ်တာ၊ အဲ ဆေးပင်ခြောက်တွေကနေတော့ အမှုန့်ရအောင်လုပ်တာကိုခေါ်တယ် တစ်နည်းပြောရရင် ဆေးဖော်တာပေါ့ "
" မြေ လျှိုး မိုး ပျံ ဆိုတာက "
မြန်မာစကားကို လိပ်ပတ်လည်အောင်မတတ်သည့်
လူးကပ်စ်၏ ထုံးစံအတိုင်း မြေလျှိုးမိုးပျံဆိုသည်ကို သိပ်နားလည်ပုံမရစွာ ပြန်မေးလာ၏။
" ဪ အင်း အဲဒါကတော့ သဘာဝလွန်စွမ်းအား အဲ supernatural လို့ပြောရမလားပဲ ဘာအကူအညီမှမပါဘဲ ကောင်းကင်ပေါ်ပျံတက်နိုင်သလို မြေကြီးထဲလဲ ဝင်နိုင်တဲ့စွမ်းအားပေါ့ "
" တကယ် "
" အဲဒီလိုပြောကြတာပဲလေ လူးကပ်စ်ရယ် အစ်ကိုလဲ သေချာတော့မသိဘူး "
လူးကပ်စ်က သူ့အဖြေအားကျေနပ်သွားကာ ခေါင်းတညိတ်ညိတ်လုပ်နေစဉ်မှာပင် သက်နောင်‌နောင်ထံမှ အမေးထပ်ရှိလာပြန်သည်မှာ
" ဆရာ ဆရာ ဇော်ဂျီဖြစ်အောင် ကျင့်လို့ရတယ်ဆို အဲဒါ ဘယ်လိုလုပ်ရသလဲသိလားဟင် "
" ဘာလဲ မင်းက လောကီကိုစိတ်ကုန်သွားလို့လား "
" မဟုတ်ဘူး သူက ဆေးဖော်ရောင်းမလို့ထင်တယ် ဆေးတွေရမယ်နော် ဆေးတွေ "
" မဟုတ်လောက်ဘူး သူယောင်သီးကို ဇော်ဂျီတောင်ဝှေးနဲ့ထိုးပြီး ပျော်ပါးချင်နေလားမှမသိတာ "
သက်နောင်နောင့်စကားအား သန်းဇော်နှင့် ဇင်မင်းထက်က အတိုင်အ‌ဖောက်ညီစွာ ဝင်နှောက်လိုက်သည်မို့ အားလုံး တဝါးဝါးတဟားဟားဖြင့်ပွဲကျသွားကြတော့၏။
" သေနာတွေ အေးဆေးနေစမ်းပါ ငါက တကယ်သိချင်လို့မေးနေတာကို ဆရာ့ ပြောပြပါနော် ဆရာ့ "
" အင်း လောကီပညာရပ်တွေကျတော့ ဆရာလဲအတိအကျတော့ မသိဘူးပေါ့လေ ဒါပေမဲ့ ဖတ်ဖူးမှတ်ဖူးသလောက်ပြောပြရရင် ဇော်ဂျီဆိုတာ ယောဂီ ကျင့်ကြံသူဆိုတဲ့စကားကနေ ဆင်းသက်လာတာဖြစ်ပြီး ဇော်ဂျီဖြစ်ဖို့ဆိုရင် သမထနဲ့ လောကီပညာရပ်တွေကို ကျွမ်းကျင်ပိုင်နိုင်ရတယ်တဲ့ "
" ဒါဆိုရင် သမထနဲ့ လောကီပညာပိုင်ရင် ဇော်ဂျီဖြစ်ပြီပေါ့နော် "
" အဲဒီလိုတော့ မဟုတ်သေးဘူးလေ သမထနဲ့လောကီပညာက အခြေခံဖြစ်ပြီး အဲဒီထက်နက်နဲတဲ့ ပညာရပ်တွေ အများကြီးလေ့လာရသေးတယ်လို့ဆိုတယ် အဓိကကတော့ ဆေးသစ်ဥသစ်ဖုတွေ သောက်ရတဲ့အပြင် အင်းစမတွေလဲ မျိုရတယ်တဲ့ အင်းစမဆိုတာကိုတော့ သိတယ်မဟုတ်လား စ၊ဓ၊ဗ၊ဝနဲ့ အခြားအက္ခရာတွေရေးသားထားတဲ့ လောကီအစီအရင် စာရွက်က‌လေးပေါ့ "
" ဟုတ် မြင်ဖူးတယ်ဆရာ "
" အင်း စောစောကပြောသလို အဲဒီလို ဆေးဝါးတွေ၊ လောကီပညာတွေနဲ့ ခန္ဓာကိုယ်ကိုပြုပြင်ပြီးရင် နောက်ဆုံးအနေနဲ့ ယုံမှတ်အပ်တဲ့ တပည့်တစ်ယောက်ကို‌ အစောင့်ထားပြီး မီးထုံကူးရသေးတာ မင်းတို့ကြားဖူးတဲ့ဖိုဝင်တာပေါ့ကွာ အဲ မီးထုံကူးတာအောင်မြင်လို့ ဖိုကိုဖောက်ထွက်နိုင်ရင် ဇော်ဂျီဖြစ်တယ်လို့ပြောကြတာပဲလေ "
" မအောင်မြင်တာရောရှိလားဆရာ မအောင်မြင်ရင်ရော ဘာဆက်ဖြစ်လဲဟင် "
သည်တစ်ကြိမ်တော့ စောစောက နောက်ပြောင်နေသည့် သန်းဇော်ကပင် စိတ်ဝင်စားလာဟန်ဖြင့် ဝင်မေးလာပြန်သည်။
" ရှိတာပေါ့ ‌တပည့်ဖြစ်သူရဲ့အမှားအယွင်းကြောင့်ဖြစ်စေ၊ တစ်စုံတစ်ရာနှောင့်ယှက်တာကြောင့်ဖြစ်စေ
မီးထုံကူးတာ မအောင်မြင်ရင်တော့ ဖိုထဲမှာတင်သေသွားတတ်ကြတယ်တဲ့ ဇော်ဂျီဖိုဝင်သားဆိုတာ အဲ့လိုမီးထုံကူးမအောင်မြင်တဲ့အလောင်းလို့ဆိုကြတယ် "
" ဗျတ်ဝိ ‌ဗျတ္တစားတဲ့ ဇော်ဂျီဖိုဝင်သားဆိုတာ အဲဒါမျိုးပေါ့နော် "
" အင်းပေါ့ အဲဒီလိုပြောရမှာပဲ "
" ဒါနဲ့ အဲဒါကတကယ် ဖြစ်နိုင်ပါ့မလားဆရာ ကျွန်တော်တော့မထင်ဘူးနော် "
တစ်ခုခုကို အလေးအနက်စဉ်းစားဟန်ဖြင့် ခပ်တွေတွေပြောလာသည့် ထက်ဝေအောင်စကားကြောင့် ထက်နောင်မေးဆက်ပြလိုက်ရင်း...
" ဘာကိုလဲ ထက်ဝေအောင် "
" ဟုတ်တယ်လေဆရာရယ် သူ့ဘာသာသူတောင် ဖိုကိုဖောက်မထွက်နိုင်လို့သေတဲ့ဟာ သူ့အသားစားတဲ့သူက ဖောက်ထွက်နိုင်တာဟုတ်ပါ့မလား "
" ဟားဟား တွေးလဲတွေးတတ်ပါ့ကွာ ထက်ဝေအောင်တွေးရင်လဲ တွေးချင်စရာပဲ ဘယ်လိုပဲဖြစ်ဖြစ်လေ ဒီလောကကြီးမှာ ဆရာတို့မသိတဲ့ လက်လှမ်းမမီတဲ့အကြောင်းအရာတွေ ပညာရပ်တွေရှိနိုင်တာပဲ ဆရာတို့အနေနဲ့တော့ လက်တွေ့မပြနိုင်တဲ့ အရာတွေပေါ့လေ ဒါကိုအတင်းယုံကြည်နေလို့မရသလို မယုံပါဘူးလို့လဲ ပြောလို့မရဘူးလေနော် "
" ဟုတ်ကဲ့ဆရာ "
ထက်နောင်စကားပြောရင်း လူးကပ်စ်ကို လှမ်းကြည့်မိသည့်အခါ မျက်မှောင်ကုတ်လျှက် သူတို့စကားအား ကြိုးစားနားထောင်နေသည်ကို မြင်လိုက်ရ၏။
သို့သော် အတိအကျနားလည်ဟန်မတူဘဲ နှာခေါင်းလေးရှုံ့လိုက်၊ မျက်မှောင်လေးကြုတ်လိုက်ဖြင့် အသည်းအသန်စဉ်းစားကာ လိုက်မှတ်နေရပုံပါပင်။
ထက်နောင် ထိုပုံစံလေးကိုကြည့်ရင်း အလိုလိုပြုံးလိုက်မိရသည်။
" လူးကပ်စ် "
" ဗျာ "
" မောနေပြီလား "
" ရပါ တယ် အစ်ကို မ မောပါ ဘူး "
စကားတပြောပြောဖြင့် တောလမ်းလေးအတိုင်း ဆက်လျှောက်နေကြရာမှ တစ်နေရာအရောက် ရှေ့ဆုံးမှထက်နောင်က လက်ကာပြကာ တိတ်တိတ်နေရန်အချက်ပြရင်း ထိုင်ချလိုက်သဖြင့် သူတို့တစ်ဖွဲ့လုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျှက် ငြိမ်သက်သွားလိုက်မိကြပြီးနောက် အယောင်ယောင်အမှားမှားဖြင့် ရောယောင်ကာထိုင်ချလိုက်မိကြသည့်တိုင် စိတ်တို့ကား ယောက်ယက်ခတ်သွားကြသည်သာ။
ရှေ့၌ အန္တရာယ်တစ်ခုခုရှိနေ‌လေပြီထင့်...
တောကောင်တစ်ကောင်ကောင်များ တွေ့နေလေသလားမသိ။
လတ်တလော၌ အစစအရာရာတိတ်ဆိတ်ငြိမ်သက်နေကာ သစ်ရွက်လေတိုးသံ၊ သစ်ကိုင်းချင်းပွတ်တိုက်သံ၊ သစ်ရွက်ကြွေသံအပ မည်သည့်လှုပ်ရှားသံ တစ်စုံတစ်ရာကိုပင် မကြားရပါချေ။
ပကတိ တိတ်ဆိတ်ခြင်းကသာ ကြီးစိုးနေပြီး ခပ်ဝေးဝေးမှ ယောက်ဖခွေးခေါ်ငှက်အော်သံကိုပင် အတိုင်းသားကြားနေရလျှက်။
သို့သော် ထိုခဏမှာပင် ထက်နောင်က မလှမ်းမကမ်းမှ တစ်စုံတစ်ရာဆီ လက်ညှိုးထိုးပြလာ၏။
ထက်နောင်လက်ညှိးတည့်တည့်တွင်ကား ကြို့ပင်ကြီးရှိကာ ထိုအပင်ထက်၌ကား မျောက်သားအမိဖြစ်ဟန်တူသည့် မျောက်မကြီးနှင့် မျောက်ငယ်လေးနှစ်ကောင်။
မျောက်မကြီးက မျောက်သားငယ်လေးတစ်ကောင်အား သန်းရှာပေးနေကာ ကျန်မျောက်သားငယ်လေးက အပင်ခွကြား၌အပီအပြင်ထိုင်ကာ အပင်ထက်မှကြို့သီးများအား အေးအေးလူလူစားနေလျှက်။
‌သာမန်မျောက်မိသားစုမြင်ကွင်းဖြစ်သော်လည်း ထိုမျောက်များကား ပုပ္ပားတောင်ကလပ်မှ မျောက်များနှင့်မတူဘဲ ထူးဆန်းလှ၏။
မျောက်မိသားစု၏ အမွေးရောင်မှာ အညိုရောင်ဆန်ကာ ခန္ဓာကိုယ်အနည်းငယ်သေးသွယ်သည်။
မျောက်ကလေးများ၏မျက်ဝန်းတစ်ဝိုက်၌ ပန်ဒါများကဲ့သို့ အကွင်းလေးများရှိကာ ပန်ဒါများနှင့်မတူသည်မှာကား မျောက်ကလေးများ၏မျက်ကွင်းမှာ အဖြူရောင်ဖြစ်နေခြင်းပင်။
အထူးခြားဆုံးမှာ တွဲလျားကျနေသည့် သိသိသာသာရှည်လျားသည့် အမြီးရှည်ကြီးများဖြစ်ကာ ထိုအမြီးများက ၎င်းတို့၏ခန္ဓာကိုယ်ထက်ပင် ဆပြန်ရှည်သေးသည်သာ။
ထက်နောင်က သူတို့ကိုပြလည်းပြ၊ ဖုန်းကိုပါထုတ်ကာ ဓာတ်ပုံပင်ရိုက်နေလိုက်သေး၏။
ထက်နောင်ကိုယ်တိုင် စိတ်ဝင်တစားဓာတ်ပုံရိုက်နေသဖြင့် ကျန်သူများကပါ ထိုမျောက်သားအမိကို ဓာတ်ပုံရိုက်ယူလိုက်ကြ၏။
သူတို့ကြည့်နေစဉ်မှာပင် ထိုမျောက်သားအမိက အခြားအပင်များဆီ လွတ်လပ်စွာ ကူးလူးသွားလာကာ ဆော့ကစားနေပြန်သည်။
" ဆရာ ဆရာ အဲဒါ ပုပ္ပားမျောက်မြီးရှည်ဆိုတာလား အပြင်မှာတော်တော်လှတယ်နော် "
စန်းစန်းဝေအမေးကို ထက်နောင်ခေါင်းညိတ်ပြရင်း
" အင်း ဟုတ်တယ် စန်းစန်းဝေက ဘယ်ဆိုးလို့လဲ ပုပ္ပားမျောက်မြီးရှည်ကိုသိတယ်လား "
" သိတာပေါ့ဆရာရဲ့ သူ့ကိုတစ်မျိုးခေါ်ပါသေးတယ် ဘာတဲ့ အာ သိပြီ သိပြီ မျောက်မျက်ကွင်းဖြူမဟုတ်လား "
" ဟုတ်တာပေါ့ မျောက်မျက်ကွင်းဖြူလို့လဲသိကြတယ်လေ ဆရာတို့ဒေသခံတွေကတော့ သူတို့အရောင်ညိုညိုလေးတွေကြောင့် မျောက်ညိုလို့လဲ ချစ်စနိုးခေါ်ကြသေးတယ်လေ "
" နာမည် တွေက လိုက်လဲ လိုက်တယ် နော် မြန်မာတွေ က အမည်ပေး သိပ်တော် တာပဲ "
လူးကပ်စ်၏ မှတ်ချက်ကြောင့် အားလုံးရယ်မောလိုက်ကြသည်။
လူးကပ်စ်အပြောလေးကြောင့် ထက်နောင်ပါ အသာပြုံးလိုက်မိရင်း ခေါင်းညိတ်ပြလိုက်မိ၏။
ဤလူမျိုးခြားလေးက လူသာမဟုတ် အပြောအဆိုအပြုအမူလေးများကအစ အတော်ချစ်စရာကောင်းလွန်းလှသည်။
အနှီမျောက်များကလည်း ထိုအမည်များနှင့် အမှန်တကယ်ပင် လိုက်ဖက်လှသည်ပင်။
မြန်မာလူမျိုးများကလည်း အမှန်ပင် နာမည်ပေးတတ်လွန်းပါပေ၏။
" ဒီမျောက် တွေက တော်တော် လှတာပဲ တောင် ကလပ် က မျောက်တွေနဲ့တောင် မတူ ဘူးနော် "
" ဟုတ်တယ် လူးကပ်စ်ရဲ့ သူတို့က ဒီတောင်မကြီးမှာပဲနေကြတာလေ တောင်ကလပ်မှာတောင်မရှိဘူးရယ် တောင်မကြီးကိုတက်တဲ့သူတိုင်းတောင် တွေ့ဖို့ခဲယဉ်းပြီး မျိုးတုံးလုအန္တရာယ်ရှိနေတဲ့ ရှားပါးမျိုးစိတ်တစ်ခုပေါ့လေ အခုတွေ့တာတောင် အတော်ကံကောင်းလို့တွေ့ရတာလို့ ပြောလို့ရတယ် "
" ဒါဆို သူ တို့က မြန်မာ့ မျိုးစိတ် စစ်စစ် တွေပေါ့နော်
သူတို့ အကြောင်း ပြော ပြပါလား အစ်ကို "
" သူတို့အကြောင်းပြောရရင်တော့ သူတို့ကို အင်္ဂလိပ်လိုတော့ popa langurလို့ခေါ်ကြပြီး ပုပ္ပားတောင်မကြီးမှာပဲရှိတဲ့ မျိုးစိတ်ဖြစ်တယ် လူးကပ်စ်မြင်တဲ့အတိုင်း ခန္ဓာကိုယ်က အညိုရောင်လေးဖြစ်ပေမဲ့
မျက်လုံးတစ်ဝိုက်အဖြူရောင် အဝိုင်းရှိတယ် အမြီးကအလွန်ရှည်တယ် ခန္ဓာကိုယ်က ၅၀စင်တီမီတာ‌လောက်ပဲရှိပေမဲ့ သူတို့အမြီးကတော့ ၈၀စင်တီမီတာကျော်အထိကိုရှည်တာ အခုလောက်လှတဲ့မျိုးစိတ်တွေက မျိုးတုံးလုနီး အန္တရယ်ရှိနေတာတော့ နှမျောစရာကောင်းတဲ့အပြင် စိုးလဲစိုးရိမ်စရာပဲ "
" ဟုတ် တယ်နော် ဒီလောက် ချစ်စရာ ကောင်းပြီး လှပ တဲ့ ပုပ္ပား မျောက်မြီး ရှည်မျိုးဆက် လေး မျိုးမတုံး ဖို့ပဲ မျှော် လင့်ပါတယ် "
ပုပ္ပားမျောက်မြီးရှည်တွေက ရှားပါးပြီးမျိုးတုံးလုပဲမို့ အစ်ကိုက စိုးရိမ်ပါသတဲ့
အစ်ကိုတစ်ယောက်ကိုပဲချစ်နိုင်ပြီး အစ်ကိုမှမရှိရင် သေဆုံးသွားမဲ့ ကျွန်တော့်နှလုံးသားကတော့ ပိုစိုးရိမ်စရာ အခြေအနေပါ အစ်ကို...
ခရီးက တဖြည်းဖြည်းချင်း တောင်မကြီးအပေါ်ဘက်သို့ မြင့်သည်ထက်မြင့်လာ၏။
အနည်းငယ်ဆက်လျှောက်မိသည့်အခါ အလွန်တရာနက်သည့် ချောက်ကြီးတစ်ခုနှင့်ဆုံမိလေသည်။
ချော်ရည်များစီးထားရာ လမ်းကြောင်းဖြစ်ကြောင်းသိသာစွာ ခပ်ကျဉ်းကျဉ်းမြောင်းငယ်များပါတွေ့ရ၍ ယခင်မီးတောင်နေရာဖြစ်ကြောင်း အားလုံးအလိုလို သဘောပေါက်မိလိုက်ကြလေသည်။
မီးတောင်၏ အရှေ့ဘက်၊ အနောက်ဘက်နှင့် တောင်ဘက်တို့မှာ မသိသာသော်လည်း မီးတောင်၏မြောက်ဘက်ပိုင်းကမူ အနောက်ဘက်အရပ်ဆီအနည်းငယ်ယွန်းကာ နိမ့်ဆင်းသွား၏။
မီးတောင်ထိပ်ဝမှာ တစ်မိုင်ခွဲခန့်အထိကျယ်ကာ ပေ ၃၀၀၀ခန့်အထိနက်ကြောင်းအား စာအုပ်များထဲ၌ သူတို့ဖတ်ခဲ့ဖူး‌ကာ ဧရာမချောက်ကြီးဖြစ်နေ၍ မီးတောင်၏အောက်ခြေထိ လှမ်းမမြင်နိုင်ပါလေ။
" ပုပ္ပားမီးတောင်အကြောင်း စာထဲမှာသာကြားဖူးတာ အခုတော့ ကိုယ်တိုင်မြင်ရပြီ တကယ်အသည်းယားစရာကြီး "
" ဟုတ်ပ နဖူးတွေ့ဒူးတွေ့ကြုံတော့လဲ ကြောက်စရာကြီး ဒီချောက်ထဲ ဘာတွေရှိလဲမသိဘူးနော် ဆရာ "
ထက်ဝေအောင့်စကားအား ဇင်မင်းထက်က ထောက်ခံစကားဆိုရင်း ထက်နောင်ကိုပါ လှမ်းမေးလိုက်၏။
" ဒီချောက်အောက်ဘက်မှာတော့ ရေထွက်တစ်ခုရှိပြီး တောကောင်တွေလဲရှိတယ်လို့ ကြားဖူးတာပဲ "
" ဟင် တကယ်ကြီး "
" အင်း ပြောကြတာပဲလေ "
" ဟေ့ကောင် ဝက်ပု မင်းဆင်းကြည့်ပါလား "
" ခွေးကောင်လေး မင်းဘာသာဆင်းပါ့လား ငါးဖောင်ရိုးကောင်  "
" ဘယ်သိမှာလဲ မင်းပဲသိချင်နေလားလို့ ဆင်းကြည့်လို့ပြောတဲ့ဟာကို "
သူတို့အဖွဲ့ထုံးစံအတိုင်း စောစောကပင်အတိုင်အဖောက်ညီနေရာမှ ချက်ချင်းပင်စကားနိုင်လုလာပြန်၏။
" ဟဲ့ဟဲ့ တော်ကြတော့ ဆရာ့ ဒီမီးတောင်အကြောင်းပြောပြပါလားဟင် "
" အင်း ဒီချောက်ကြီးက မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်လာတာဖြစ်ပြီး ချုံမတွင်းချောက်လို့ခေါ်ကြတယ် ဒီမီးတောင်ကြီး ပေါက်ကွဲခဲ့တဲ့ခုနှစ်ကိုတော့ ဘီစီ ၄၄၂ ခုနှစ်လို့ မှတ်သားကြတယ်လေ ဟော ဟိုအနောက်ဘက်က ပုပ္ပားတောင်ကလပ်ကိုမြင်ကြလား "
" ဟုတ်ကဲ့ "
" အဲဒီတောင်ကလပ်က ဒီမီးတောင်ပေါက်ကွဲစဉ်က လွင့်ထွက်သွားတဲ့ မီးတောင်အဆို့ ဒါမှမဟုတ် အစိတ်အပိုင်းတစ်ခုလို့ပြောကြတယ်လေ "
ထက်နောင်စကားကြောင့် အားလုံးကိုယ်စီကိုယ်င ခပ်ဝေးဝေးမှတောင်ကလပ်ကို လှမ်းမျှော်‌ကာငေးကြည့်လိုက်မိကြလေသည်။
ရှုမောဖွယ်ရာ ပုပ္ပားတောင်ကလပ်သည်ကား နေရောင်အောက်၌ တင့်တယ်လှပဝင့်ကြွားနေလျှက်။
ပုပ္ပားတောင်က မီးငြိမ်းတောင်ပါတဲ့။
ကျွန်တော့်နှလုံးသားကတော့ ဘယ်သောအခါမှ မငြိမ်းတော့မဲ့ အရှိန်ဟုန်တပြင်းပြင်းနဲ့ အချစ်မီးတောင်သာ။
မီးတောင်က ချော်ရည်တွေထွက်တယ်
ကျွန်တော့်နှလုံးသားကတော့ အစ်ကို့အတွက် ချစ်ခြင်းတွေသာထွက်ပါတယ်။
6.5.23
Saturday
ရွှန်းလဲ့ကျော်
All pics crd
စီးပွားဂမုန်း
မီးကွင်းဂမုန်း
ချမ်းသာကြီးဂမုန်း
အိမ်တော်မင်္ဂလာဂမုန်း
ရှင်ဥပဂုတ်ဂမုန်း
ကျီးဂမုန်း
ဒေါင်းမလေးဂမုန်း
မျောက်မြီးရှည်
ချုံမတွင်းချောက်
Continue Reading
You'll Also Like
7.3K 661 38
Zawgyi ကျွန်တော့်ချစ်ရသူ ပျော်ပါစေ။ ပြုံးရယ်ပါစေ။ ထိုအပြုံးလေးတည်မြဲစေဖို့ ဘာတွေဘယ်လိုပေးဆပ်ရပါစေ ပေးဆပ်ရန်အသင့်... ဒါကြောင့် ကျွန်တော်မြတ်နိုးရပါသော...
266K 13.9K 82
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
324K 11.6K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...