HUSBAND:Daddy

By DaffodilHnaung

2.4M 93.8K 9.8K

"အခုဘဝတင်မကဘူး နောင်သံသရာအဆက်ဆက်ထိ မီးငယ်နဲ့ပဲ ... " ဦးထင်လင်းသိုက် (Htin Lin Thike) #Slow romance#... More

Character's Biography
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Part - 32
Part - 33
Part - 34
Part - 35
Part - 36
Part - 37
Part - 38
Part - 39
Part - 40
Part - 41
Part - 42
Part - 43
Part - 44
Part - 45
Part - 46
Part - 47
Part - 48
Part - 49
Part - 50
Part - 51
Part - 52
Part - 53
Part - 54
Part - 55
Part - 56
Part - 57
Part - 58
Part - 59
Part - 60
Part - 61
Part - 62
Part - 63
Part - 64
Part - 65
Part - 66
Part - 67
Part - 68
Part - 69
Part - 70
Part - 71
Part - 72
Part - 73
Part - 74
Part - 76
Part - 77
Part - 78
Part - 79
Part - 80
Part - 81
Part - 82
Part - 83
Part - 84
Part - 85
Part - 86
Final Part
Physical Book & Letter
Book Details & Preorder

Part - 75

25.5K 1.1K 79
By DaffodilHnaung

Unicode

"ဦးထင်လင်းသိုက် ! "

တစ်ဖက်ကဆောင့်အောင့်ပြီးခေါ်လိုက်ပေမဲ့ အဲ့ဒီခေါ်သံလေးကပဲ ကိုယ့်နားထဲကိုချိုမြိန်စွာ
ဝင်ရောက်လာသည်နှင့် နှုတ်ခမ်းတွေကပါ
အလိုလိုပြုံးမိသွားရင်း ထိုအသံလေးက
ကိုယ့်နှလုံးသွေးကြောတွေထဲအထိ
တသိမ့်သိမ့်နှင့် နူးညံ့စွာတိုးဝင်လာပါသည်။

"Suke ကို ဘာကြောင့်စောင့်ကြည့်ခိုင်းထားတာလဲ"

"ဗျာ ! "

"ဘာဗျာလဲလို့ ... Sukeကို စောင့်ကြည့်ပေးဖို့ ပြောထားတာ။ဟုတ်တယ်မလား"

"ကိုယ်မလုပ်ဘူးမီးငယ်ရဲ့"

"အဲ့တာဆို သူကဘာလို့ အနားမှာအမြဲတမ်းရှိနေတာလဲ။စိတ်ရှုပ်ဖို့ကောင်းအောင်လို့"

"မီးငယ်လေးက စိတ်ရှုပ်လို့လား"

"ဦးထင်လင်းသိုက် ။ မသိသလိုလာမေးမနေနဲ့ အဲ့တာ ရှင့်လူမဟုတ်လား။အခုလိုဆက်ပြီး
စောင့်ကြည့်နေအုံးမယ်ဆို ရေချယ့်အဆိုးမဆိုနဲ့နော် .. လိုက်မရှာနိုင်တဲ့နေရာအထိ ထွက်သွားလိုက်မှာနော်။ဒီအတိုင်းလွတ်ထားပေးစမ်းပါ"

"မီးငယ် မပျော်ဘူးလား။ကိုယ် တကယ်မလုပ်ပါဘူး။မီးငယ်ကိုစိုးရိမ်ပေမဲ့ ကိုယ်လုံးဝမဟုတ်ဘူး"

"သေချာလား"

"အင်း တကယ်ပါ"

"ဒါဆို ပြီးရော "

"မီးငယ် ! ခဏ"

အလျင်စလိုခေါ်လိုက်တဲ့ သူ့အသံကြောင့်
မီးငယ်ရဲ့သက်ပြင်းချသံလေးကိုကြားလိုက်ရသည်။

"ချစ်တယ် ။ ကိုယ်မီးငယ်ကိုချစ်တယ်။ပြီးတော့
လွမ်း ... "

တီ !!!!!!

စကားဆုံးသည်မထိမပြောလိုက်ရခင် တစ်ဖက်ကဖုန်းချသွားတာမို့ သူ့ရင်ထဲမောဟိုက်လာသည်။ထပ်ပြီးနားမထောင်နိုင်လောက်အောင်ထိ ကလေးက သူ့ကိုမုန်းနေပြီပဲကို။

မီးငယ်ကလူလည်မလေး။အရင်တစ်ပတ်တုန်းက Suke ကိုငွေပုံပေးကာ မီးငယ်ရဲ့တစ်နေ့တာကို သူ့ဆီပြန်ပြောပြပေးဖို့ခိုင်းခဲ့သည်။ဒါကို လူလည်မလေးက ချက်ချင်းသိတာပဲ ... သို့သော်သူကတော့ ဝန်ခံလိမ့်မည်မဟုတ်ပါ။အလွမ်းတွေကို ဖြေဖျောက်ဖို့က ဒီတစ်နည်းပဲရှိတယ်လေ။

Sukeပြန်ပြောပုံအရ မီးငယ်လေးက လက်ထပ်လက်စွပ်ကိုဝတ်မထားသလို trainingဆင်းနေတဲ့ အေဂျင်စီမှာလည်း အိမ်ထောင်မရှိတဲ့လူတစ်ယောက်လိုနေပါတယ်တဲ့...ကြီးကြီးကျယ်ကျယ် လုပ်ခဲ့တဲ့ မင်္ဂလာအခမ်းအနားကြီးကို
မီးငယ်ကဖုံးကွယ်ထားလို့ရမယ်ထင်နေပုံပဲ။
မီးငယ်လေးကသာ ကလေးအတွေးနဲ့ အဲ့လိုမျိုးတွေလုပ်နေပေမဲ့ သူမလေး trainingဆင်းနေတဲ့ အေဂျင်စီ, H.A ရဲ့ CEO က ထင်လင်းသိုက်ရဲ့ မိတ်ဆွေပဲလေ။ကလေးလေး ကသာ
သူ့လောင်းရိပ်အောက်က လွတ်ပြီထင်နေတာ...

:::::::::::::::

"မမလေး အခုယုံပြီလားဟင်"

"ဟင့်အင်း အန်ကယ်ကလိမ်တတ်တယ်"

ရေချယ့်စကားကြောင့် Sukeမျက်နှာကြီးက
ရှုံတွသွားသည်။ဖိုးဖိုးကြီးရဲ့အိမ်မှာရှိနေတဲ့ အလုပ်သမားတွေထဲ သံသယဝင်စရာကောင်းတာက Suke ပဲ ... ထမင်းစားလည်းအနားမှာနေတယ်၊စန္ဒားယားသင်နေလည်း လိုတာလုပ်ပေးဖို့ ဆိုပြီး မယောင်မလည်နဲ့ အနားကိုကပ်လာပြီး၊
တစ်ခါတရံ runway လျှောက်တဲ့ သင်တန်းနဲ့ singingသင်တန်းရှေ့မှာပါ မယောင်မလည်နဲ့ ရောက်လာတတ်တဲ့ Sukeက အန်ကယ်လွတ်ထားတဲ့လူလို့ စိတ်ကထင်နေသည်။

"Suke ကို အန်ကယ်ကဘယ်လောက်ပေးထားတာလဲ ရေချယ်ပိုပေးမယ်လေ"

"အစ်ကိုလေးသိုက်က Sukeနဲ့စကားဆယ်ခွန်းပြည့်အောင်တောင်မပြောဘူးပါဘူး မမလေးရယ်။ ယုံပါ... Sukeက မမလေးကိုသံယောဇဥ်ရှိလို့
လုပ်ပေးချင်တာပါ"

"မလိမ်နဲ့နော် ။ တကယ်ပဲ အန်ကယ်နဲ့ အဆက်အသွယ်မလုပ်ဘူးလား"

"တကယ်ပါမမလေး။အစ်ကိုလေးသိုက်က
ဒီအိမ်က အလုပ်သမားတွေနဲ့ မပတ်သက်ပါဘူး။
အဲ့တာ Sukeကိုမှမဟုတ်ဘူးနော် အကုန်လုံးကိုပါ။ Suke တို့ကလည်း သူ​ေဋ္ဌးထပ် အစ်ကိုလေးကိုပိုကြောက်ကျတယ်"

မယုံချင်စရာကြီးဆိုပေမဲ့ မျက်နှာအပျက်ပျက်နဲ့ ပြောနေရှာတဲ့ Sukeရဲ့ ပုံစံကလည်း အကယ်ဒမီရှော့။အသက်၃၀အရွယ် Gay တစ်ယောက်ဖြစ်တဲ့ Sukeက တကယ်လည်းအလုပ်သမားတွေထဲ အတတ်ကြွဆုံးဖြစ်နေပြီး၊စကားပြောရတာလည်း လွတ်လပ်သလိုနေသည့် အချက်က အန်ကယ့်လူလို့မထင်ရက်စရာ။ပြီးတော့ ရေချယ်ကသာ အရာအားလုံးကို သံသယမျက်အန်ကယ်တို့နဲ့အတူ ဒီကိုစရောက်ကတည်းက ရေချယ့်ဝေယျာဝစ္စကို လုပ်ပေးခဲ့တဲ့သူဆိုတော့....

"Suke ... ရေချယ်ယုံလိုက်မယ်နော်။ တကယ်ပဲ အန်ကယ့်လူမဟုတ်ဘူးမလား။ရေချယ်က
အန်ကယ့်ကိုစိတ်ဆိုးနေတာ .. အဲ့တာကြောင့် Sukeက အန်ကယ့်လူသာဆို Sukeကိုပါ
စိတ်ဆိုးမိမှာ"

"တကယ်ပါမမလေးရယ်။Sukeမလိမ်တတ်ပါဘူး"

"တကယ်လို့ အန်ကယ်ကခိုင်းလာရင်လည်း
မလုပ်ပေးရဘူးနော်"

"ဟုတ်ကဲ့မမလေး"

"အဲ့တာဆို Suke ... ရေချယ် အန်ကယ့်ကို စိတ်ဆိုးလား၊မဆိုးလားသိချင်လား"

"ဟင့်အင်း Sukeမသိချင်ပါဘူးမမလေး။မမလေး အဆင်မပြေတဲ့အခါတော့ Sukeကို
ရင်ဖွင့်လေ"

"ဟိုက်"

ထိုတော့မှ မျက်ဝန်းကြည်ကြည်လေးတွေ မှိတ်ကျသည်အထိ ရယ်လိုက်တဲ့မမလေးကြောင့်
Suke သက်ပြင်းချနိုင်၏။

အစ်ကိုလေးပြောတဲ့အတိုင်း မမလေးက တကယ့်ကိုအလည်လေး ။ အစ်အောက်ပြီး အကဲစမ်းကာမေးနေသေးသည်။

လွန်ခဲ့တဲ့တစ်ပတ်က အစ်ကိုလေးက Sukeဆီကို ဆက်သွယ်ပြီး မမလေးနဲ့ပတ်သက်တဲ့အလုပ်တစ်ခုအပ်လာသည်။မမလေးအနားနေပြီး၊မမလေး ဘာလုပ်သလဲ ပြန်ပြောပြပေးဖို့...ဒါတွေကလည်း မမလေးကိုချစ်လို့ဆိုတာ Sukeနားလည်တာမို့ လိုလိုလားလားကူညီခဲ့တာလေ။တကယ်လည်း အစ်ကိုလေးခန့်မှန်းခဲ့သလို မမလေးက
အလည်အမွက်ကလေး။တစ်ပတ်အတွင်း
သူ့ကို ရိပ်မိတာပဲကြည့်လေ။

"ဒါနဲ့လေ Suke .. ဒီအိမ်နားမှာ ပန်းဆိုင်ရှိလား"

"ဟင် ! "

"Floral Shopလေ"

"သြော် ဟုတ်..ရှိတယ်။ကားနဲ့သွားရင် ၅မိနစ်လောက်ပဲကြာမှာ"

"လမ်းလျှောက်သွားရအောင်လေ။ဖိုးဖိုးMark ကိုစောင့်နေရင်ကြာနေမှာပေါ့... ပြီးရင် အေဂျင်စီကိုလည်းလေ့ကျင့်ဖို့ပြန်သွားရအုံးမယ်"

"ဟုတ်ကဲ့ အဲ့တာဆို Sukeတို့စက်ဘီနဲ့သွားရအောင်လား"

"ရှိတယ်လား"

"ဟုတ်ကဲ့"

"ok ok အဲ့တာဆိုအဆင်ပြေတာပေါ့"

Sukeက အန်ကယ့်လူမဟုတ်ဘူးလို့ တထစ်ချယုံလိုက်တာမို့ Sukeလက်ကိုတွဲပြီး အိမ်ထဲကထွက်လာလိုက်၏။

ဒီရက်တွေမှာ အန်ကယ်တို့ကိုလွမ်းတယ်၊လွမ်းပေမဲ့ စိတ်လည်းဆိုးတာမို့ အန်ကယ်တို့ကို
ကောင်းကောင်းကြီးအပြစ်ပေးချင်သည်။
လွမ်းလို့ မှိုင်တွေနေရတာက ရေချယ့်ဘက်ကပဲ
ဖြစ်နေမှာပါ ... အန်ကယ်ကတော့ သူ့အလုပ်ကို ကောင်းကောင်းမွန်မွန်ပဲဆက်လုပ်ပြီးတော့
သာမန်နေ့ရက်တွေကိုပဲဖြတ်သန်းနေမှာပေါ့။

ရေချယ်ကိုယ်တိုင်ကလည်း သင်တန်းတွေတတ်၊ အေဂျင်စီမှာ trainingဆင်းပြီး solo ablum ထုတ်ဖို့စီစဥ်နေတဲ့ အလုပ်တွေကြား
အန်ကယ့်ကိုမေ့ဖို့ ကြိုးစားခဲ့နေသည်။

:::::::::::::

Golden စားသောက်ဆိုင်ရဲ့အပေါ်ဆုံးတစ်ထပ်လုံးကိုငှားထားပြီး ထိုင်သောက်နေတဲ့
ထင်လင်းသိုက်ကို သူတို့၃ယောက်လုံး
လက်မြောက်ထားရသည်။

"မင်းပဲကောင်းတယ် ကိုဇေး .. အေ့ မင်းရဲ့ ချစ်ပုံချစ်နည်းပဲကောင်းတယ်။ကိုယ်က ငေးကြည့်ယုံနဲ့ မတင်းတိမ်နိုင်တော့ဘူး"

"အစ်ကိုများနေပြီထင်တယ်ဗျာ.. ဒီလောက်ပဲ.."

"No No ကိုယ်မမူးဘူး။ကိုယ်လွမ်းလို့ပါ။
ဒီအတိုင်းနေရင် ဘယ်နေရာကြည့်ကြည့် မီးငယ်ပုံရိပ်တွေချည်းပဲ ဖြစ်နေလို့ပါ"

"အခုရော .."

"ပိုလွမ်းတယ် ။ မီးငယ်က အရက်သောက်တာ မကြိုက်ဘူး"

ရင်ဘတ်ကိုပုတ်ပြရင်း ပြောလာတဲ့ ကိုလင်းသိုက်ကိုကြည့်ရင်း လီယိုဇေးကိုယ်တိုင်ကလည်း
စိတ်မကောင်းဖြစ်ရသည်။လန်ဒန်ကနေ ဖုန်းဆက်လာတုန်းကဆို ' အစ်ကိုတော့ လာနောက်နေပြန်ပြီ'လို့တောင် ပြန်ပြောခဲ့သေးတယ်။အစ်ကိုက
ဆုရည်နှင်းနဲ့ပတ်သက်ပြီးခိုင်းမှသာ ယုံခဲ့ရတာ။

အကုန်လုံးကိုမသိပေမဲ့ တစ်ပိုင်းတစ်စကိုတော့ သိထားတာမို့ သူသိထားတာတွေကို ရေချယ့်ဆီ ရှင်းပြဖို့ စိတ်အားထက်သန်ပါသည်။သို့သော်
ကာယကံရှင် ပန်းပျိုးသူကြီးကိုယ်တိုင်က
သူ့ပန်းကလေး တခြားခြံမှာ လှလှပပပွင့်နေပါစေ ဆိုတော့ ကြားလူဖြစ်တဲ့ ကိုယ်တိုင်က
ဘာပြောရတော့မလည်း။ပိုဆိုးတာက
ဥယျာဥ်မှူးကိုယ်တိုင် ပြိုလဲနေတာပဲ။

"လင်းသိုက် .. မင်း ကလေးကိုသတိရရင် လန်ဒန်မှာသွားနေကျမလား။မီးငယ်နဲ့ ထိပ်တိုက်မတွေ့ကျပဲနဲ့လေ"

"အဲ့လိုလည်းမဖြစ်ဘူး။မီးငယ်သိသွားရင် ကိုယ်လိုက်မရှာနိုင်တဲ့နေရာအထိ ထွက်သွားလိမ့်မယ်"

"အဲ့တာဆိုတော့ မီးငယ်ပြန်မလာခင်အထိ မင်းကဒီအတိုင်းပဲ နေတော့မယ်ပေါ့"

"မီးငယ်က ဘယ်တော့ပြန်လာမှာလဲ"

ပြန်လာမယ်လို့ မပြောသွားတဲ့ကလေးကို ပြန်ခေါ်လာဖို့ မျှော်လင့်ချက်ရေးရေးလေးတောင်မှ
ထင်လင်းသိုက်မှာရှိမနေပါ။ အသက်တွေကြီးပြီးသူ​ေ-သသွားရင်ရော ၊ သူ့ကလေးက ရှိခဲ့ဖူးတဲ့
သံယောဇဥ်လက်ကျန်တွေကိုထောက်ထားပြီး
သူ့ဆီ လာတွေလိမ့်မလားလို့တောင် တွေးမိသည်အထိ။

"ဟိုရက်က အန်ကယ်Markဆီ အစ်အောက်ပြီး မေးကြည့်တော့ မီးငယ်ကအဆင်ပြေပါတယ်တဲ့။ အန်ကယ်Lသိုက်နဲ့လည်း တည့်နေတာပဲ၊ဒါပေမဲ့ သင်တန်းတွေကတော့ ပင်ပန်းတယ်လို့ ညည်းတတ်တယ်တဲ့"

"ကိုယ်သိပြီးသားဆိုပေမဲ့ ဆက်ပြောပေးပါလား။ နောက်တစ်ခေါက်... မဟုတ်ဘူး အကြိမ်တွေအများကြီး"

"stylist တစ်ယောက်လိုနေလို့ ကလေးကအဲ့တာကို စိတ်သောကရောက်နေရှာတာတဲ့ လင်းသိုက်။ ပြီးတော့ မဂရေစ့်သာ stylistလုပ်ပေးမယ်ဆို အဆင်ပြေမယ်ထင်တယ်လို့လည်း ပြောတယ်တဲ့"

မင်းသန့်ဆီက စကားကြောင့် ထင်လင်းသိုက် ဆတ်ခနဲခေါင်းထောင်လာကာ...

"ဂရေစ့် ... ဂရေစ့်ကို ဟုတ်လား"

"အင်း"

"ကိုယ် ... ဟုတ်ပြီ။ မီးငယ်လိုနေတာ ဂရေစ့်ကိုမဟုတ်လား"

"အင်း ဂရေစ့်ကအရင်ထဲက မီးငယ်နဲ့အတူ အလုပ်လုပ်လာတာလေ"

"ကိုယ့်ကိုခဏခွင့်ပြုအုံး"

ဖုန်းကိုယူကာဆတ်ခနဲထသွားတဲ့ ထင်လင်းသိုက်ကြောင့် သူတို့၃ယောက်မှာ ခေါင်းတခါခါဖြင့်သာ ကျန်နေခဲ့၏။အမူးပါး... မူးသာမူးနေတာ
မီးငယ်ကဘာတဲ့ဆို ချက်ချင်းလျင်သွားလိုက်တာများ။

ဝရံတာဘက်မှာ လေကောင်းလေသန့်ပိုရတာမို့ ထင်လင်းသိုက် ထိုဘက်ကိုသာထွက်လာခဲ့သည်။ခုနကမူးနောက်နေတဲ့ ခေါင်းက မီးငယ်အတွက်ဘာလုပ်ပေးရမလဲ စဥ်းစားတဲ့အချိန်ကြည်လင်သွားလိုက်တာက ထူးဆန်းမနေဘူးလား။

မီးငယ်က ဂရေစ့်ကို stylistအဖြစ်လိုချင်တယ် ဆိုလည်း ရအောင်လုပ်ပေးဖို့က ကိုယ့်တာဝန်ဖြစ်တာမို့ မီးငယ်ရဲ့အေဂျင်စီH.A ရဲ့CEOဆီ ဆက်သွယ်ပြီး ရအောင်လုပ်ပေးဖို့က သူ့တာဝန်ပဲ။အရေးကြီးတာက မီးငယ်အဆင်ပြေဖို့သာဖြစ်သည်။

တီ ! တီ ! တီ

တသိမ့်သိမ့်တုန်ခါနေတဲ့ဖုန်းသံက အခန်းတွင်းရှိ သီချင်းသံနဲ့ ထပ်တူ။

"ဟယ်လို Adam ပြောနေပါတယ်"

"Adam ကိုယ် 'သိုက်'ပါ"

"သတို့သားကြီး... ထူးထူးဆန်းဆန်းပါလား။ ဘာကိစ္စများရှိလို့လဲ"

"ကိုယ် မင်းကိုအကူအညီတောင်းစရာရှိလို့ပါ"

"အကူအညီ ပိုက်ဆံလား၊ရှယ်ယာလား။အဲ့တာတွေ မင်းမှာပေါပါတယ်"

ကျောင်းတတ်တုန်းကခင်ခဲ့တဲ့ ငယ်သူငယ်ချင်မို့ Adamက ရယ်ဟဟဖြင့်သာ...

"မဟုတ်ပါဘူး။ကိုယ့်ဇနီးအတွက်ပါ"

"Rachelလား ။သူအဆင်ပြေတယ်လေ အခုတောင် ablumအတွက် ကြိုးစားနေတာ
ခွန်အားအပြည့်ပဲ ။ မင်းရဲ့ဇနီးသာ ငါတို့အေဂျင်စီကိုအခုထပ်ပိုစောပြီးရောက်လာရင် အောင်မြင်တဲ့ idolတစ်ယောက်ဖြစ်နေပြီကွ။အခုရောက်လာတာလည်း နောက်မကျပါဘူး...အရွယ်ကောင်းလေးလေ သွက်လည်းသွက်တယ်။အခုတောင် မဂ္ဂဇင်းကြော်ငြာတွေနဲ့ အလှကုန်ကြော်ငြာတွေ စပြီးရိုက်နေရပြီ။
မင်းဒယ်ဒီကလည်း ပံ့ပိုးတော့
နောက်ခံကရှယ်ပေါ့ကွာ။ကမ်းလှမ်းချင်တဲ့ လူကလည်း ခပ်များများ။အရမ်းချောပြီး၊အရမ်းလှတာ၊ talentကလည်းရှိတာကို ၊ မျက်နှာလေးကလည်း ဖူးသစ်စပန်းကလေး..."

"Adam ကိုယ်ပြောချင်တာခဏလေးနားထောင်ပေးပါအုံး ။ပြီးမှ မင်းပြောတာကို
နားထောင်ပေးပါ့မယ်"

"အဲ .. အားနာသွားပြီကွာ "

ထိုတော့မှ ဖုန်းဆက်တာကသူဖြစ်ကြောင်း သတိရသွားဟန်ဖြင့် Adamဆီက အားနာတဲ့အကြောင်းထွက်လာသည်။အစပိုင်းက မီးငယ်ကို ချီးမွှမ်းနေတာ နားထောင်ကောင်းပေမဲ့
ကိုယ်ရှေ့လာပြီး ကိုယ့်မိန်းမအလှကို ချီးမွှမ်းနေတာ ဘယ်သူကများသည်းခံနိုင်မလဲ။

"သိုက် ပြောလေ။မင်းက ဖုန်းဆက်လာတာထူးထူးဆန်းဆန်းဆိုတော့"

"ကိုယ့်အမျိုးသမီးအတွက် stylist ကိစ္စပြောချင်လို့ပါAdam "

"Rachel အတွက်stylistက အေဂျင်စီကပေးထားတဲ့သူရှိတယ်လေ။စိတ်မပူပါနဲ့ကွာ
မန်နေဂျာ၊stylist ၊မိတ်ကပ်သမား စုံစုံလင်လင်ရှိပါတယ်"

"ကိုယ်ပြောချင်တာက မီးငယ်ရဲ့ stylistကို
လဲပေးလို့ရမလား။ဂရေစ့်ဆိုတဲ့ ဒီဇိုင်းဆွဲတဲ့တစ်ယောက်ကို မီးငယ်အတွက် stylistလုပ်ပေးစေချင်တယ်"

"မဖြစ်ဘူးထင်တယ် ။ ဒီဇိုင်းဆွဲတဲ့လူက ဘယ်လိုဖြစ်ပြီး stylist"

"ဂရေစ့်က လန်ဒန်မှာ ဖက်ရှင်အကြောင်းသင်တန်းပြီးထားတဲ့လူမို့ .. အဲ့ဘက်အပိုင်းကိုဘက်စုံရတဲ့သူပါ။ မီးငယ်အတွက်လည်း
သူက ပိုပြီးသက်တောင့်သက်သာဖြစ်နိုင်တယ်"

"အဲ့လိုဆိုရင်တောင် မဖြစ်သေးပါဘူးကွာ။
Rachelက အလားအလာရှိတဲ့လူထဲပါတယ် အခုထဲက stylistနဲ့သေချာလေးမှ... အခုတောင်
runwayတွေလျှောက်နေရတဲ့ကလေးလေ"

"ကိုယ်သိပါတယ်။ကိုယ်ကလည်း မီးငယ်ကို
အညွှန့်ချိုးမဲ့လူမဟုတ်ပါဘူး..."

"မင်းပြောတဲ့ ဂရေစ့်ကရော ဒီအလုပ်ကိုလုပ်ချင်လို့လား"

"H.A Entertainmentမှာ stylistမလုပ်ချင်တဲ့သူက ရှိအုံးမှာလား"

"အဟမ်း ! "

တစ်ဖက်ကရယ်သံကအတော်လေးကျေနပ်သွားမှန်း ထင်လင်းသိုက်မှန်းဆမိသည်။သူများဆီက လိုချင်တာတောင်းဖို့အတွက်ဆို ကိုယ့်ဆီကလည်း တစ်ခုပြန်ပေးရတာကို စီးပွားရေးသမားဖြစ်တဲ့ ထင်လင်းသိုက်ကနားလည်သည်။

Adamက သူ့အေဂျင်စီကိုဂုဏ်ယူတတ်သည်။
နောက်ထပ်တစ်ခုက...

"Adam ... ကိုယ်တို့ LGroupက ရှယ်ယာစျေးတွေထိုးတတ်နေတာ မင်းကြားမှာပါ။
ကိုယ်ကတော့ H.Aနဲ့ ရှယ်ယာစျေးကစားကြည့်ဖို့ စိတ်ဝင်စားနေတယ်... "

"မင်းလိုချင်တာ ဂရေစ့်နော်။သူမကိုဆက်သွယ်ရမဲ့ အချက်အလက်တွေပြော"

"အဟွန်း ! ကျေးဇူးမမေ့ပါဘူး Adam။ကိုယ် အိမ်ပြန်ရောက်ရင် mailကတဆင့်ပို့လိုက်ပါ့မယ်"

"မင်းခုနကပြောတာတော့အတည်နော်"

"ကိုယ့်ကိုသာ မီးငယ်ရဲ့အရိပ်ဖြစ်ခွင့်ပေးရင်
H.A ရဲ့ ရှယ်ယာစျေးကတခြားEntertainmentတွေရဲ့ ထိပ်ဆုံးမှာဖြစ်ဖို့ ကိုယ်ကူညီမှာပါ"

"ဒါဆို ok ... "

"Bye Adam"

"Bye မင်းကိစ္စကိုစိတ်ချထားလိုက်"

Adamလိုချင်တဲ့ နောက်ထပ်တစ်ခု ငွေ။LGroup သာ ရှယ်ယာဝင်မယ်ဆိုရင် H.Aရဲ့ရှယ်ယာစျေးက ထိပ်ဆုံးအထိထိုးတတ်လာဖို့ အလားအလာရှိတာကို ဘယ်လိုဖြစ်ပြီးငြင်းနိုင်ပါ့မလည်း။ငွေပုံပေါ်မထိုင်ချင်တဲ့သူက ရှိမှမရှိတာ။

သူကတော့ မီးငယ်အတွက်သာဆိုရင်
စည်းစိမ်ကုန်သွားရင်တောင် ဂရုစိုက်မှာမဟုတ်တဲ့လူမို့ သန်းချီတဲ့ဒေါ်လာကို ရှယ်ယာအတွက်
အကုန်ခံတာလောက်တော့ စကားထဲ
ထည့်ပြောမနေတော့ပါ။ သူရည်ရွယ်တဲ့ အရာအားလုံးမှာ မီးငယ်သာအဆင်ပြေပြေရှိမယ်ဆို
ပေးဆပ်နိုင်သမျှ ပေးဆပ်သွားမည်။

ငယ်ရွယ်လွန်းတဲ့ကလေးက ကလေးစိတ်နဲ့ စိတ်ဆိုးနေပေမဲ့ လူကြီးဖြစ်တဲ့ကိုယ်က
မထွေးနိုင်မအန်နိုင်နဲ့ ချစ်ခဲ့ရတာမဟုတ်ပါဘူး။
ဒီကလေးကို လက်လွှတ်လိုက်ဖို့ဆိုတာကလည်း
အတွေးထဲတောင် ရှိမနေခဲ့ပါဘူး။

တီ !!

ထိုစဥ် ပြည်ပကဝင်လာတဲ့ ဖုန်း။ဒီနေ့အတွက်
သူဖုန်းပြောရတာ များနေပြီပဲ။သို့သော်
ခေါ်ဆိုသူက Sukeဖြစ်နေတာမို့ တတ်ကြွစွာပဲ
ဖုန်းကိုကိုင်လိုက်၏။

အေးစက်စက်လေထုကို ရှုရှိုက်ရင်းတစ်ဖက်က ပြောလာမဲ့စကားကို စိတ်လှုပ်ရှားစွာနားထောင်သည်။ Suke ဖုန်းဆက်တဲ့နေ့တွေတိုင်းမှာ သူမျှော်လင့်နေတဲ့စကားတစ်ခွန်းကို
ပြောလာပါစေ ဆုတောင်းပေမဲ့
ရက်သပ္ပက်တွေကြာလာသည်အထိ ထိုစကားက မကြားရသေး။

"မမလေး ဒီနေ့ပန်းဆိုင်ကိုသွားပါတယ်အစ်ကိုလေး"

"အင်း"

"နှင်းဆီပန်းအဝါကိုရွေးဝယ်ပါတယ်"

"အင်း"

"ပြီးတော့ ပန်းအိုးထိုးပြီး"

"အင်း"

"ငိုတယ်"

ဒီတစ်ခွန်းမှာတော့ ထင်လင်းသိုက်တိတ်ဆိတ်သွားသည်။

"ပြီးတော့ အကလေ့ကျင့်တဲ့အခန်းထဲဝင်သွားပြီး ညနေစောင့်တဲ့အထိ ဆက်တိုက်လေ့ကျင့်တော့တာပဲ ။ပြီးမှ ရေချိုးပြီး အေဂျင်စီကိုထွက်သွားတာ"

"ထမင်းကရော"

"ဒီမှာက ထမင်းကိုအာဟာရအဖြစ်မစားကျတော့လေ အစ်ကိုလေး "

"ထမင်းပဲ ရအောင်ကျွေးပါ ။ တော်တော်နဲ့ အလေ့အကျင့်ဖြစ်မှာမဟုတ်သေးဘူး"

"ဟုတ် တခြားတော့စားချိန်မှန်ပါတယ်"

"အိပ်ချိန်ရော"

"အိပ်ချိန်လည်း မှန်ပါတယ်"

"ငိုတာကရော"

"ဒီနေ့မှပါ"

"အင်း"

"ဟုတ် ဒါဆို Sukeဖုန်းချလိုက်တော့မယ်နော် အစ်ကိုလေး"

"ဂရုစိုက်ပေးပါSuke"

"ဟုတ်"

Sukeဖုန်းချသွားပြီးတော့ ကိုယ့်မှာ တွေးစရာတွေပေါ်လာပြီ။ ဒီရက်တွေအတွင်း မငိုခဲ့တဲ့ကလေးက အခုမှ ငိုတယ်တဲ့လား။စိတ်မချမ်းသာစရာပဲ။သူ့ရဲ့ကလေးလေးက
မပျော်နေဘူး။

::::::::::::::

"မနက်အစောကြီးတွေ့ပေးစရာလူရှိတယ်ဆိုလို့ ဘယ်သူများလဲမှတ်တယ်.. ရှင်ကို"

ရောက်လာကတည်းကခနဲ့တဲ့စကားကို ဂုဏ်နဂါးအနေနဲ့ ဘာတစ်ခုမှမတုံ့ပြန်ပဲ မင်းသန့်ပြုံးမောင်ဆီကိုသာ အကြည့်ပို့လိုက်သည်။ထိုအခါမှ..

"ဆည်းလည််းမေနဲ့မင်းနဲ့ သေချာမတွေ့ရသေးဘူးထင်လို့ ။ ပြီးတော့ ဒီနေ့က ငါ့အတွက် အရေးကြီးတဲ့နေ့လေ"

"တွေ့တာက တွေ့ဖူးပါတယ်။ကျန်တဲ့ကိစ္စကိုပဲပြော"

"ကိုကိုက ဆည်းလည်းရဲ့အိမ်ကိုလိုက်မလို့လေ။ ဒယ်ဒီနဲ့မာမီနဲ့လည်းတွေ့ရင်း .. ပြီးတော့ အဟင်း"

"သမီးလည်းတောင်းရင်းပေါ့"

ရုတ်တရက်အစီအစဥ်က ဘာကိုဦးတည်သလည်း ရိပ်မိတဲ့ဂုဏ်နဂါးကတော့ ပြုံးနေယောင်သာ။ မင်းသန့်က ကိုယ့်ကိုအနိုင်ယူချင်ယုံနဲ့
ဆည်းလည်းမေကို လက်ထပ်ဖို့ ဆုံးဖြတ်နေတာလေ။

"အင်း ကောင်းပါတယ်။အခု ငါကအဲ့ဒီကို
လိုက်ပေးရမှာလား။လင်းသိုက်နဲ့မီးငယ်ကိုရော
မင်းအသိပေးပြီးပြီလား"

"အင်း လိုက်ပေးရမှာပေါ့။လင်းသိုက်ကို ပြောပြီးပြီ။ မီးငယ်ကတော့ ဆက်သွယ်လို့မရဘူးလေ"

"မင်းသန့်.. ငါနဲ့ခဏလောက်စကားပြောမလား"

"ရတယ် မင်းပြောလေ"

"အဆင်မပြေဘူး ။ အပြင်ကိုလိုက်လာပါလား"

"အင်း"

ဒီလိုဆိုပြန်တော့လည်း လူလိမ္မာလေးလို
လက်ပိုက်ကာ သူ့နောက်ကလိုက်လာပြန်သည်မို့
စားသောက်ဆိုင်ရဲ့ အနောက်ဘက်လူရှင်းတဲ့ နေရာအထိသွားလိုက်ပြီးမှ...

"မင်းသန့်... မင်း သူ့ကိုတကယ်လက်ထပ်ချင်ရဲ့လား"

မေးလိုက်တဲ့စကားကို မင်းသန့်ကပခုံးတစ်ဖက်တွန့်ကာ..

"ဘာအတွက်လဲ ။ လက်ထပ်ချင်စိတ်ရှိလို့ လက်ထပ်မှာလေ"

"မင်း သူ့ကိုတကယ်မချစ်ဘူး"

"ဟား အဲ့ဒီတော့ ဘာဖြစ်သွားလဲ"

"မချစ်ပဲနဲ့ အခုလိုလုပ်နေတာက မင်းသူ့ကိုဒုက္ခပေးနေတာနဲ့အတူတူပဲ"

"မင်းကရော အေဇင့်ကိုချစ်လို့လား။အတူတူပဲဟာကို ဘာတွေဆရာလာလုပ်နေတာလဲ
ဂုဏ်နဂါးရဲ့"

"မတူဘူး ။ ငါ အေဇင့်ကိုလက်ထပ်မယ်ဆိုတာ
သံယောဇဥ်ရှိလို့။မင်းကတော့ အဲ့လိုမှ မဟုတ်တာ"

လက်ပိုက်ကာရပ်နေတဲ့ မင်းသန့်က ကိုယ့်မျက်နှာနားရောက်သည်အထိ ခေါင်းကိုငုံ့ချလိုက်သည်။ ပြီးတာနဲ့ မျက်လုံးချင်းစုံကာ စူးစူးစိုက်စိုက်ကြည့်လာပြီး...

"ဘာကြောင့် လက်ထပ်ချင်လဲ မင်းသိနေတာပဲကို။ဆရာလာမလုပ်နဲ့ ဂုဏ်နဂါး။မင်းနဲ့ငါက
အတူတူပဲ... ကိုယ့်ရဲ့ဖြစ်တည်မှုကိုလက်မခံပဲ သူများကိုအသုံးချဖို့လုပ်နေကျတာချည်းပဲ"

"အဲ့တာ မင်းပဲမဟုတ်လား။မင်းကသာ
ကိုယ်ဘာဖြစ်နေလဲ ကိုယ့်ကိုယ်ကိုယ်လက်မခံနိုင်တဲ့ကောင်"

ခပ်စူးစူးအော်လိုက်တဲ့အသံကြောင့် မင်းသန့်မျက်လုံးတွေက ပြူးကျယ်လာတော့
မှားသွားပြီဆိုတဲ့အသိက ဂုဏ်နဂါးရဲ့ခေါင်းထဲ တိုးဝင်လာသည်။

"မင်းက လက်ခံနိုင်တယ်လို့ပြောလိုက်တာပေါ့ ဟုတ်လား"

"နောက်ကျသွားပြီ။ အားလုံးလက်လွန်ကုန်ပြီ မင်းသန့်"

"မလွန်ဘူး.. မလွန်ပါဘူး။နဂါး မင်းလည်း
မောင့်ကိုချစ်တယ်မဟုတ်လား .. မောင်တို့
နောက်မကျသေးပါဘူး"

"မင်းနောက်ကျသွားပြီ ခွေးကောင်ရဲ့။
မင်းရဲ့ အတ္တကိုရှေ့တန်းတင်လို့ နောက်ကျသွားပြီ"

"တောင်းပန်ပါတယ် ။ မောင်တောင်းပန်ပါတယ်"

သူတို့အခြေအနေက ချက်ချင်းကြီး ဘာတွေဖြစ်သွားလည်းမသိပေမဲ့ ယခုလက်ရှိမှာတော့
ဂုဏ်နဂါးက မင်းသန့်ပြုံးမောင်ရဲ့ရင်ခွင်ထဲမှာ။

To Be Continue .... Part - 76

Zawgyi

"ဦးထင္လင္းသိုက္ ! "

တစ္ဖက္ကေဆာင့္ေအာင့္ၿပီးေခၚလိုက္ေပမဲ့ အဲ့ဒီေခၚသံေလးကပဲ ကိုယ့္နားထဲကိုခ်ိဳၿမိန္စြာ
ဝင္ေရာက္လာသည္ႏွင့္ ႏႈတ္ခမ္းေတြကပါ
အလိုလိုၿပဳံးမိသြားရင္း ထိုအသံေလးက
ကိုယ့္ႏွလုံးေသြးေၾကာေတြထဲအထိ
တသိမ့္သိမ့္ႏွင့္ ႏူးညံ့စြာတိုးဝင္လာပါသည္။

"Suke ကို ဘာေၾကာင့္ေစာင့္ၾကည့္ခိုင္းထားတာလည္း"

"ဗ်ာ ! "

"ဘာဗ်ာလည္းလို႔ ... Sukeကို ေစာင့္ၾကည့္ေပးဖို႔ ေျပာထားတာ။ဟုတ္တယ္မလား"

"ကိုယ္မလုပ္ဘူးမီးငယ္ရဲ႕"

"အဲ့တာဆို သူကဘာလို႔ အနားမွာအၿမဲတမ္းရွိေနတာလည္း။စိတ္ရႈပ္ဖို႔ေကာင္းေအာင္လို႔"

"မီးငယ္ေလးက စိတ္ရႈပ္လို႔လား"

"ဦးထင္လင္းသိုက္ ။ မသိသလိုလာေမးမေနနဲ႕ အဲ့တာ ရွင့္လူမဟုတ္လား။အခုလိုဆက္ၿပီး
ေစာင့္ၾကည့္ေနအုံးမယ္ဆို ေရခ်ယ့္အဆိုးမဆိုနဲ႕ေနာ္ .. လိုက္မရွာနိုင္တဲ့ေနရာအထိ ထြက္သြားလိုက္မွာေနာ္။ဒီအတိုင္းလြတ္ထားေပးစမ္းပါ"

"မီးငယ္ မေပ်ာ္ဘူးလား။ကိုယ္ တကယ္မလုပ္ပါဘူး။မီးငယ္ကိုစိုးရိမ္ေပမဲ့ ကိုယ္လုံးဝမဟုတ္ဘူး"

"ေသခ်ာလား"

"အင္း တကယ္ပါ"

"ဒါဆို ၿပီးေရာ "

"မီးငယ္ ! ခဏ"

အလ်င္စလိုေခၚလိုက္တဲ့ သူ႕အသံေၾကာင့္ မီးငယ္ရဲ႕သက္ျပင္းခ်သံေလးကိုၾကားလိုက္ရသည္။

"ခ်စ္တယ္ ။ ကိုယ္မီးငယ္ကိုခ်စ္တယ္။ၿပီးေတာ့
လြမ္း ... "

တီ !!!!!!

စကားဆုံးသည္မထိမေျပာလိုက္ရခင္ တစ္ဖက္ကဖုန္းခ်သြားတာမို႔ သူ႕ရင္ထဲေမာဟိုက္လာသည္။ထပ္ၿပီးနားမေထာင္နိုင္ေလာက္ေအာင္ထိ ကေလးက သူ႕ကိုမုန္းေနၿပီပဲကို။

မီးငယ္ကလူလည္မေလး။အရင္တစ္ပတ္တုန္းက Suke ကိုေငြပုံေပးကာ မီးငယ္ရဲ႕တစ္ေန႕တာကို သူ႕ဆီျပန္ေျပာျပေပးဖို႔ခိုင္းခဲ့သည္။ဒါကို လူလည္မေလးက ခ်က္ခ်င္းသိတာပဲ ... သို႔ေသာ္
သူကေတာ့ ဝန္ခံလိမ့္မည္မဟုတ္။အလြမ္းေတြကို ေျဖေဖ်ာက္ဖို႔က ဒီတစ္နည္းပဲရွိတယ္ေလ။

Sukeျပန္ေျပာပုံအရ မီးငယ္ေလးက လက္ထပ္လက္စြပ္ကိုဝတ္မထားသလို trainingဆင္းေနတဲ့ ေအဂ်င္စီမွာလည္း အိမ္ေထာင္မရွိတဲ့လူတစ္ေယာက္လိုေနပါတယ္တဲ့...ႀကီးႀကီးက်ယ္က်ယ္ လုပ္ခဲ့တဲ့ မဂၤလာအခမ္းအနားႀကီးကို
မီးငယ္ကဖုံးကြယ္ထားလို႔ရမယ္ထင္ေနပုံပဲ။
မီးငယ္ေလးကသာ ကေလးအေတြးနဲ႕ အဲ့လိုမ်ိဳးေတြလုပ္ေနေပမဲ့ သူမေလး trainingဆင္းေနတဲ့ ေအဂ်င္စီ, H.A ရဲ႕ CEO က ထင္လင္းသိုက္ရဲ႕
မိတ္ေဆြပဲေလ။ကေလးေလး ကသာ
သူ႕ေလာင္းရိပ္ေအာက္က လြတ္ၿပီထင္ေနတာ...

:::::::::::::::

"မမေလး အခုယုံၿပီလားဟင္"

"ဟင့္အင္း အန္ကယ္ကလိမ္တတ္တယ္"

ေရခ်ယ့္စကားေၾကာင့္ Sukeမ်က္ႏွာႀကီးက ရႈံတြသြားသည္။ဖိုးဖိုးႀကီးရဲ႕အိမ္မွာရွိေနတဲ့ အလုပ္သမားေတြထဲ သံသယဝင္စရာေကာင္းတာက Suke ပဲ ... ထမင္းစားလည္းအနားမွာေနတယ္၊စႏၵားယားသင္ေနလည္း လိုတာလုပ္ေပးဖို႔ ဆိုၿပီး မေယာင္မလည္နဲ႕ အနားကိုကပ္လာၿပီး၊
တခါတရံ runway ေလွ်ာက္တဲ့ သင္တန္းနဲ႕ singingသင္တန္းေရွ႕မွာပါ မေယာင္မလည္နဲ႕ ေရာက္လာတတ္တဲ့ Sukeက အန္ကယ္လြတ္ထားတဲ့လူလို႔ စိတ္ကထင္ေနသည္။

"Suke ကို အန္ကယ္ကဘယ္ေလာက္ေပးထားတာလည္း ေရခ်ယ္ပိုေပးမယ္ေလ"

"အစ္ကိုေလးသိုက္က Sukeနဲ႕စကားဆယ္ခြန္းျပည့္ေအာင္ေတာင္မေျပာဘူးပါဘူး မမေလးရယ္။ ယုံပါ... Sukeက မမေလးကိုသံေယာဇဥ္ရွိလို႔
လုပ္ေပးခ်င္တာပါ"

"မလိမ္နဲ႕ေနာ္ ။ တကယ္ပဲ အန္ကယ္နဲ႕ အဆက္အသြယ္မလုပ္ဘူးလား"

"တကယ္ပါမမေလး။အစ္ကိုေလးသိုက္က ဒီအိမ္က အလုပ္သမားေတြနဲ႕ မပတ္သက္ပါဘူး။
အဲ့တာ Sukeကိုမွမဟုတ္ဘူးေနာ္ အကုန္လုံးကိုပါ။ Suke တို႔ကလည္း သူ​ေ႒းထပ္ အစ္ကိုေလးကိုပိုေၾကာက္က်တယ္"

မယုံခ်င္စရာႀကီးဆိုေပမဲ့ မ်က္ႏွာအပ်က္ပ်က္နဲ႕ ေျပာေနရွာတဲ့ Sukeရဲ႕ ပုံစံကလည္း အကယ္ဒမီေရွာ့။အသက္၃၀အ႐ြယ္ Gay တစ္ေယာက္ျဖစ္တဲ့ Sukeက တကယ္လည္းအလုပ္သမားေတြထဲ အတတ္ႂကြဆုံးျဖစ္ေနၿပီး၊စကားေျပာရတာလည္း လြတ္လပ္သလိုေနသည့္ အခ်က္က အန္ကယ့္လူလို႔မထင္ရပ္စရာ။ၿပီးေတာ့ ေရခ်ယ္ကသာ အရာအားလုံးကို သံသယမ်က္အန္ကယ္တို႔နဲ႕အတူ ဒီကိုစေရာက္ကတည္းက ေရခ်ယ့္ေဝယ်ာဝစၥကို လုပ္ေပးခဲ့တဲ့သူဆိုေတာ့....

"Suke ... ေရခ်ယ္ယုံလိုက္မယ္ေနာ္။ တကယ္ပဲ အန္ကယ့္လူမဟုတ္ဘူးမလား။ေရခ်ယ္က အန္ကယ့္ကိုစိတ္ဆိုးေနတာ .. အဲ့တာေၾကာင့္ Sukeက အန္ကယ့္လူသာဆို Sukeကိုပါ
စိတ္ဆိုးမိမွာ"

"တကယ္ပါမမေလးရယ္။Sukeမလိမ္တတ္ပါဘူး"

"တကယ္လို႔ အန္ကယ္ကခိုင္းလာရင္လည္း
မလုပ္ေပးရဘူးေနာ္"

"ဟုတ္ကဲ့မမေလး"

"အဲ့တာဆို Suke ... ေရခ်ယ္ အန္ကယ့္ကို စိတ္ဆိုးလား၊မဆိုးလားသိခ်င္လား"

"ဟင့္အင္း Sukeမသိခ်င္ပါဘူးမမေလး။မမေလး အဆင္မေျပတဲ့အခါေတာ့ Sukeကို
ရင္ဖြင့္ေလ"

"ဟိုက္"

ထိုေတာ့မွ မ်က္ဝန္းၾကည္ၾကည္ေလးေတြ မွိတ္က်သည္အထိ ရယ္လိုက္တဲ့မမေလးေၾကာင့္
Suke သက္ျပင္းခ်နိဳင္၏။

အစ္ကိုေလးေျပာတဲ့အတိုင္း မမေလးက တကယ့္ကိုအလည္ေလး ။ အစ္ေအာက္ၿပီး အကဲစမ္းကာေမးေနေသးသည္။

လြန္ခဲ့တဲ့တစ္ပတ္က အစ္ကိုေလးက Sukeဆီကို ဆက္သြယ္ၿပီး မမေလးနဲ႕ပတ္သက္တဲ့အလုပ္တစ္ခုအပ္လာသည္။မမေလးအနားေနၿပီး၊မမေလး ဘာလုပ္သလည္း ျပန္ေျပာျပေပးဖို႔...ဒါေတြကလည္း မမေလးကိုခ်စ္လို႔ဆိုတာ Sukeနားလည္တာမို႔ လိုလိုလားလားကူညီခဲ့တာေလ။တကယ္လည္း အစ္ကိုေလးခန့္မွန္းခဲ့သလို မမေလးက
အလည္အမြက္ကေလး။တစ္ပတ္အတြင္း
သူ႕ကို ရိပ္မိတာပဲၾကည့္ေလ။

"ဒါနဲ႕ေလ Suke .. ဒီအိမ္နားမွာ ပန္းဆိုင္ရွိလား"

"ဟင္ ! "

"Floral Shopေလ"

"ေၾသာ္ ဟုတ္..ရွိတယ္။ကားနဲ႕သြားရင္ ၅မိနစ္ေလာက္ပဲၾကာမွာ"

"လမ္းေလွ်ာက္သြားရေအာင္ေလ။ဖိုးဖိုးMark ကိုေစာင့္ေနရင္ၾကာေနမွာေပါ့... ၿပီးရင္ ေအဂ်င္စီကိုလည္းေလ့က်င့္ဖို႔ျပန္သြားရအုံးမယ္"

"ဟုတ္ကဲ့ အဲ့တာဆို Sukeတို႔စက္ဘီနဲ႕သြားရေအာင္လား"

"ရွိတယ္လား"

"ဟုတ္ကဲ့"

"ok ok အဲ့တာဆိုအဆင္ေျပတာေပါ့"

Sukeက အန္ကယ့္လူမဟုတ္ဘူးလို႔ တထစ္ခ်ယဳံလိုက္တာမို႔ Sukeလက္ကိုတြဲၿပီး အိမ္ထဲကထြက္လာလိုက္၏။

ဒီရက္ေတြမွာ အန္ကယ္တို႔ကိုလြမ္းတယ္၊လြမ္းေပမဲ့ စိတ္လည္းဆိုးတာမို႔ အန္ကယ္တို႔ကို
ေကာင္းေကာင္းႀကီးအျပစ္ေပးခ်င္သည္။
လြမ္းလို႔ မွိုင္ေတြေနရတာက ေရခ်ယ့္ဘက္ကပဲ
ျဖစ္ေနမွာပါ ... အန္ကယ္ကေတာ့ သူ႕အလုပ္ကို ေကာင္းေကာင္းမြန္မြန္ပဲဆက္လုပ္ၿပီးေတာ့
သာမန္ေန႕ရက္ေတြကိုပဲျဖတ္သန္းေနမွာေပါ့။

ေရခ်ယ္ကိုယ္တိုင္ကလည္း သင္တန္းေတြတတ္၊ ေအဂ်င္စီမွာ trainingဆင္းၿပီး solo ablum ထုတ္ဖို႔စီစဥ္ေနတဲ့ အလုပ္ေတြၾကား
အန္ကယ့္ကိုေမ့ဖို႔ ႀကိဳးစားခဲ့ေနသည္။

:::::::::::::

Golden စားေသာက္ဆိုင္ရဲ႕အေပၚဆုံးတစ္ထပ္လုံးကိုငွားထားၿပီး ထိုင္ေသာက္ေနတဲ့
ထင္လင္းသိုက္ကို သူတို႔၃ေယာက္လုံး
လက္ေျမာက္ထားရသည္။

"မင္းပဲေကာင္းတယ္ ကိုေဇး .. ေအ့ မင္းရဲ႕ ခ်စ္ပုံခ်စ္နည္းပဲေကာင္းတယ္။ကိုယ္က ေငးၾကည့္ယုံနဲ႕ မတင္းတိမ္နိုင္ေတာ့ဘူး"

"အစ္ကိုမ်ားေနၿပီထင္တယ္ဗ်ာ.. ဒီေလာက္ပဲ.."

"No No ကိုယ္မမူးဘူး။ကိုယ္လြမ္းလို႔ပါ။
ဒီအတိုင္းေနရင္ ဘယ္ေနရာၾကည့္ၾကည့္ မီးငယ္ပုံရိပ္ေတြခ်ည္းပဲ ျဖစ္ေနလို႔ပါ"

"အခုေရာ .."

"ပိုလြမ္းတယ္ ။ မီးငယ္က အရက္ေသာက္တာ မႀကိဳက္ဘူး"

ရင္ဘတ္ကိုပုတ္ျပရင္း ေျပာလာတဲ့ ကိုလင္းသိုက္ကိုၾကည့္ရင္း လီယိုေဇးကိုယ္တိုင္ကလည္း
စိတ္မေကာင္းျဖစ္ရသည္။လန္ဒန္ကေန ဖုန္းဆက္လာတုန္းကဆို ' အစ္ကိုေတာ့ လာေနာက္ေနျပန္ၿပီ'လို႔ေတာင္ ျပန္ေျပာခဲ့ေသးတယ္။အစ္ကိုက
ဆုရည္ႏွင္းနဲ႕ပတ္သက္ၿပီးခိုင္းမွသာ ယုံခဲ့ရတာ။

အကုန္လုံးကိုမသိေပမဲ့ တစ္ပိုင္းတစ္စကိုေတာ့ သိထားတာမို႔ သူသိထားတာေတြကို ေရခ်ယ့္ဆီ ရွင္းျပဖို႔ စိတ္အားထက္သန္ပါသည္။သို႔ေသာ္
ကာယကံရွင္ ပန္းပ်ိဳးသူႀကီးကိုယ္တိုင္က
သူ႕ပန္းကေလး တျခားၿခံမွာ လွလွပပပြင့္ေနပါေစ ဆိုေတာ့ ၾကားလူျဖစ္တဲ့ ကိုယ္တိုင္က
ဘာေျပာရေတာ့မလည္း။ပိုဆိုးတာက
ဥယ်ာဥ္မႉးကိုယ္တိုင္ ၿပိဳလဲေနတာပဲ။

"လင္းသိုက္ .. မင္း ကေလးကိုသတိရရင္ လန္ဒန္မွာသြားေနက်မလား။မီးငယ္နဲ႕ ထိပ္တိုက္မေတြ႕က်ပဲနဲ႕ေလ"

"အဲ့လိုလည္းမျဖစ္ဘူး။မီးငယ္သိသြားရင္ ကိုယ္လိုက္မရွာနိုင္တဲ့ေနရာအထိ ထြက္သြားလိမ့္မယ္"

"အဲ့တာဆိုေတာ့ မီးငယ္ျပန္မလာခင္အထိ မင္းကဒီအတိုင္းပဲ ေနေတာ့မယ္ေပါ့"

"မီးငယ္က ဘယ္ေတာ့ျပန္လာမွာလည္း"

ျပန္လာမယ္လို႔ မေျပာသြားတဲ့ကေလးကို ျပန္ေခၚလာဖို႔ ေမွ်ာ္လင့္ခ်က္ေရးေရးေလးေတာင္မွ
ထင္လင္းသိုက္မွာရွိမေနပါ။ အသက္ေတြႀကီးၿပီးသူ​ေ-သသြားရင္ေရာ ၊ သူ႕ကေလးက ရွိခဲ့ဖူးတဲ့
သံေယာဇဥ္လက္က်န္ေတြကိုေထာက္ထားၿပီး
သူ႕ဆီ လာေတြလိမ့္မလားလို႔ေတာင္ ေတြးမိသည္အထိ။

"ဟိုရက္က အန္ကယ္Markဆီ အစ္ေအာက္ၿပီး ေမးၾကည့္ေတာ့ မီးငယ္ကအဆင္ေျပပါတယ္တဲ့။ အန္ကယ္Lသိုက္နဲ႕လည္း တည့္ေနတာပဲ၊ဒါေပမဲ့ သင္တန္းေတြကေတာ့ ပင္ပန္းတယ္လို႔ ညည္းတတ္တယ္တဲ့"

"ကိုယ္သိၿပီးသားဆိုေပမဲ့ ဆက္ေျပာေပးပါလား။ ေနာက္တစ္ေခါက္... မဟုတ္ဘူး အႀကိမ္ေတြအမ်ားႀကီး"

"stylist တစ္ေယာက္လိုေနလို႔ ကေလးကအဲ့တာကို စိတ္ေသာကေရာက္ေနရွာတာတဲ့ လင္းသိုက္။ ၿပီးေတာ့ မဂေရစ့္သာ stylistလုပ္ေပးမယ္ဆို အဆင္ေျပမယ္ထင္တယ္လို႔လည္း ေျပာတယ္တဲ့"

မင္းသန့္ဆီက စကားေၾကာင့္ ထင္လင္းသိုက္ ဆတ္ခနဲေခါင္းေထာင္လာကာ...

"ဂေရစ့္ ... ဂေရစ့္ကို ဟုတ္လား"

"အင္း"

"ကိုယ္ ... ဟုတ္ၿပီ။ မီးငယ္လိုေနတာ ဂေရစ့္ကိုမဟုတ္လား"

"အင္း ဂေရစ့္ကအရင္ထဲက မီးငယ္နဲ႕အတူ အလုပ္လုပ္လာတာေလ"

"ကိုယ့္ကိုခဏခြင့္ျပဳအုံး"

ဖုန္းကိုယူကာဆတ္ခနဲထသြားတဲ့ ထင္လင္းသိုက္ေၾကာင့္ သူတို႔၃ေယာက္မွာ ေခါင္းတခါခါျဖင့္သာ က်န္ေနခဲ့၏။အမူးပါး... မူးသာမူးေနတာ
မီးငယ္ကဘာတဲ့ဆို ခ်က္ခ်င္းလ်င္သြားလိုက္တာမ်ား။

ဝရံတာဘက္မွာ ေလေကာင္းေလသန့္ပိုရတာမို႔ ထင္လင္းသိုက္ ထိုဘက္ကိုသာထြက္လာခဲ့သည္။ခုနကမူးေနာက္ေနတဲ့ ေခါင္းက မီးငယ္အတြက္ဘာလုပ္ေပးရမလည္း စဥ္းစားတဲ့အခ်ိန္ၾကည္လင္သြားလိုက္တာက ထူးဆန္းမေနဘူးလား။

မီးငယ္က ဂေရစ့္ကို stylistအျဖစ္လိုခ်င္တယ္ ဆိုလည္း ရေအာင္လုပ္ေပးဖို႔က ကိုယ့္တာဝန္ျဖစ္တာမို႔ မီးငယ္ရဲ႕ေအဂ်င္စီH.A ရဲ႕CEOဆီ
ဆက္သြယ္ၿပီး ရေအာင္လုပ္ေပးဖို႔က သူ႕တာဝန္ပဲ။အေရးႀကီးတာက မီးငယ္အဆင္ေျပဖို႔သာျဖစ္သည္။

တီ ! တီ ! တီ

တသိမ့္သိမ့္တုန္ခါေနတဲ့ဖုန္းသံက အခန္းတြင္းရွိ သီခ်င္းသံနဲ႕ ထပ္တူ။

"ဟယ္လို Adam ေျပာေနပါတယ္"

"Adam ကိုယ္ 'သိုက္'ပါ"

"သတို႔သားႀကီး... ထူးထူးဆန္းဆန္းပါလား။ ဘာကိစၥမ်ားရွိလို႔လည္း"

"ကိုယ္ မင္းကိုအကူအညီေတာင္းစရာရွိလို႔ပါ"

"အကူအညီ ပိုက္ဆံလား၊ရွယ္ယာလား။အဲ့တာေတြ မင္းမွာေပါပါတယ္"

ေက်ာင္းတတ္တုန္းကခင္ခဲ့တဲ့ ငယ္သူငယ္ခ်င္မို႔ Adamက ရယ္ဟဟျဖင့္သာ...

"မဟုတ္ပါဘူး။ကိုယ့္ဇနီးအတြက္ပါ"

"Rachelလား ။သူအဆင္ေျပတယ္ေလ အခုေတာင္ ablumအတြက္ ႀကိဳးစားေနတာ
ခြန္အားအျပည့္ပဲ ။ မင္းရဲ႕ဇနီးသာ ငါတို႔ေအဂ်င္စီကိုအခုထပ္ပိုေစာၿပီးေရာက္လာရင္ ေအာင္ျမင္တဲ့ idolတစ္ေယာက္ျဖစ္ေနၿပီကြ။အခုေရာက္လာတာလည္း ေနာက္မက်ပါဘူး...အ႐ြယ္ေကာင္းေလးေလ သြက္လည္းသြက္တယ္။အခုေတာင္ မဂၢဇင္းေၾကာ္ျငာေတြနဲ႕ အလွကုန္ေၾကာ္ျငာေတြ စၿပီး
ရိုက္ေနရၿပီ။မင္းဒယ္ဒီကလည္း ပံ့ပိုးေတာ့
ေနာက္ခံကရွယ္ေပါ့ကြာ။ကမ္းလွမ္းခ်င္တဲ့ လူကလည္း ခပ္မ်ားမ်ား။အရမ္းေခ်ာၿပီး၊အရမ္းလွတာ၊ talentကလည္းရွိတာကို ၊ မ်က္ႏွာေလးကလည္း ဖူးသစ္စပန္းကေလး..."

"Adam ကိုယ္ေျပာခ်င္တာခဏေလးနားေထာင္ေပးပါအုံး ။ၿပီးမွ မင္းေျပာတာကို
နားေထာင္ေပးပါ့မယ္"

"အဲ .. အားနာတာ့ကြာ "

ထိုေတာ့မွ ဖုန္းဆက္တာကသူျဖစ္ေၾကာင္း သတိရသြားဟန္ျဖင့္ Adamဆီက အားနာတဲ့အေၾကာင္းထြက္လာသည္။အစပိုင္းက မီးငယ္ကို ခ်ီးမႊမ္းေနတာ နားေထာင္ေကာင္းေပမဲ့
ကိုယ္ေရွ႕လာၿပီး ကိုယ့္မိန္းမအလွကို ခ်ီးမႊမ္းေနတာ ဘယ္သူကမ်ားသည္းခံနိုင္မလည္း။

"သိုက္ ေျပာေလ။မင္းက ဖုန္းဆက္လာတာထူးထူးဆန္းဆန္းဆိုေတာ့"

"ကိုယ့္အမ်ိဳးသမီးအတြက္ stylist ကိစၥေျပာခ်င္လို႔ပါAdam "

"Rachel အတြက္stylistက ေအဂ်င္စီကေပးထားတဲ့သူရွိတယ္ေလ။စိတ္မပူပါနဲ႕ကြာ
မန္ေနဂ်ာ၊stylist ၊မိတ္ကပ္သမား စုံစုံလင္လင္ရွိပါတယ္"

"ကိုယ္ေျပာခ်င္တာက မီးငယ္ရဲ႕ stylistကို လဲေပးလို႔ရမလား။ဂေရစ့္ဆိုတဲ့ ဒီဇိုင္းဆြဲတဲ့တစ္ေယာက္ကို မီးငယ္အတြက္ stylistလုပ္ေပးေစခ်င္တယ္"

"မျဖစ္ဘူးထင္တယ္ ။ ဒီဇိုင္းဆြဲတဲ့လူက ဘယ္လိုျဖစ္ၿပီး stylist"

"ဂေရစ့္က လန္ဒန္မွာ ဖက္ရွင္အေၾကာင္းသင္တန္းၿပီးထားတဲ့လူမို႔ .. အဲ့ဘက္အပိုင္းကိုဘက္စုံရတဲ့သူပါ။ မီးငယ္အတြက္လည္း
သူက ပိုၿပီးသက္ေတာင့္သက္သာျဖစ္နိုင္တယ္"

"အဲ့လိုဆိုရင္ေတာင္ မျဖစ္ေသးပါဘူးကြာ။
Rachelက အလားအလာရွိတဲ့လူထဲပါတယ္ အခုထဲက stylistနဲ႕ေသခ်ာေလးမွ... အခုေတာင္
runwayေတြေလွ်ာက္ေနရတဲ့ကေလးေလ"

"ကိုယ္သိပါတယ္။ကိုယ္ကလည္း မီးငယ္ကို
အၫႊန့္ခ်ိဳးမဲ့လူမဟုတ္ပါဘူး..."

"မင္းေျပာတဲ့ ဂေရစ့္ကေရာ ဒီအလုပ္ကိုလုပ္ခ်င္လို႔လား"

"H.A Entertainmentမွာ stylistမလုပ္ခ်င္တဲ့သူက ရွိအုံးမွာလား"

"အဟမ္း ! "

တစ္ဖက္ကရယ္သံကအေတာ္ေလးေက်နပ္သြားမွန္း ထင္လင္းသိုက္မွန္းဆမိသည္။သူမ်ားဆီက လိုခ်င္တာေတာင္းဖို႔အတြက္ဆို ကိုယ့္ဆီကလည္း တစ္ခုျပန္ေပးရတာကို စီးပြားေရးသမားျဖစ္တဲ့ ထင္လင္းသိုက္ကနားလည္သည္။

Adamက သူ႕ေအဂ်င္စီကိုဂုဏ္ယူတတ္သည္။
ေနာက္ထပ္တစ္ခုက...

"Adam ... ကိုယ္တို႔ LGroupက ရွယ္ယာေစ်းေတြထိုးတတ္ေနတာ မင္းၾကားမွာပါ။ကိုယ္ကေတာ့ H.Aနဲ႕ ရွယ္ယာေစ်းကစားၾကည့္ဖို႔ စိတ္ဝင္စားေနတယ္... "

"မင္းလိုခ်င္တာ ဂေရစ့္ေနာ္။သူမကိုဆက္သြယ္ရမဲ့ အခ်က္အလက္ေတြေျပာ"

"အဟြန္း ! ေက်းဇူးမေမ့ပါဘူး Adam။ကိုယ္ အိမ္ျပန္ေရာက္ရင္ mailကတဆင့္ပို႔လိုက္ပါ့မယ္"

"မင္းခုနကေျပာတာေတာ့အတည္ေနာ္"

"ကိုယ့္ကိုသာ မီးငယ္ရဲ႕အရိပ္ျဖစ္ခြင့္ေပးရင္
H.A ရဲ႕ ရွယ္ယာေစ်းက တျခားEntertainmentေတြရဲ႕ ထိပ္ဆုံးမွာျဖစ္ဖို႔ ကိုယ္ကူညီမွာပါ"

"ဒါဆို ok ... "

"Bye Adam"

"Bye မင္းကိစၥကိုစိတ္ခ်ထားလိုက္"

Adamလိုခ်င္တဲ့ ေနာက္ထပ္တစ္ခု ေငြ။LGroup သာ ရွယ္ယာဝင္မယ္ဆိုရင္ H.Aရဲ႕ရွယ္ယာေစ်းက ထိပ္ဆုံးအထိထိုးတတ္လာဖို႔ အလားအလာရွိတာကို ဘယ္လိုျဖစ္ၿပီးျငင္းနိုင္ပါ့မလည္း။ေငြပုံေပၚမထိုင္ခ်င္တဲ့သူက ရွိမွမရွိတာ။

သူကေတာ့ မီးငယ္အတြက္သာဆိုရင္
စည္းစိမ္ကုန္သြားရင္ေတာင္ ဂ႐ုစိုက္မွာမဟုတ္တဲ့လူမို႔ သန္းခ်ီတဲ့ေဒၚလာကို ရွယ္ယာအတြက္
အကုန္ခံတာေလာက္ေတာ့ စကားထဲ
ထည့္ေျပာမေနေတာ့ပါ။ သူရည္႐ြယ္တဲ့ အရာအားလုံးမွာ မီးငယ္သာအဆင္ေျပေျပရွိမယ္ဆို
ေပးဆပ္နိုင္သမွ် ေပးဆပ္သြားမည္။

ငယ္႐ြယ္လြန္းတဲ့ကေလးက ကေလးစိတ္နဲ႕ စိတ္ဆိုးေနေပမဲ့ လူႀကီးျဖစ္တဲ့ကိုယ္က
မေထြးနိုင္မအန္နိုင္နဲ႕ ခ်စ္ခဲ့ရတာမဟုတ္ပါဘူး။
ဒီကေလးကို လက္လႊတ္လိုက္ဖို႔ဆိုတာကလည္း
အေတြးထဲေတာင္ ရွိမေနခဲ့ပါဘူး။

တီ !!

ထိုစဥ္ ျပည္ပကဝင္လာတဲ့ ဖုန္း။ဒီေန႕အတြက္ သူဖုန္းေျပာရတာ မ်ားေနၿပီပဲ။သို႔ေသာ္
ေခၚဆိုသူက Sukeျဖစ္ေနတာမို႔ တတ္ႂကြစြာပဲ
ဖုန္းကိုကိုင္လိုက္၏။

ေအးစက္စက္ေလထုကို ရႈရွိုက္ရင္းတစ္ဖက္က ေျပာလာမဲ့စကားကို စိတ္လႈပ္ရွားစြာနားေထာင္သည္။ Suke ဖုန္းဆက္တဲ့ေန႕ေတြတိုင္းမွာ သူေမွ်ာ္လင့္ေနတဲ့စကားတစ္ခြန္းကို
ေျပာလာပါေစ ဆုေတာင္းေပမဲ့
ရက္သပၸက္ေတြၾကာလာသည္အထိ ထိုစကားက မၾကားရေသး။

"မမေလး ဒီေန႕ပန္းဆိုင္ကိုသြားပါတယ္အစ္ကိုေလး"

"အင္း"

"ႏွင္းဆီပန္းအဝါကိုေ႐ြးဝယ္ပါတယ္"

"အင္း"

"ၿပီးေတာ့ ပန္းအိုးထိုးၿပီး"

"အင္း"

"ငိုတယ္"

ဒီတစ္ခြန္းမွာေတာ့ ထင္လင္းသိုက္တိတ္ဆိတ္သြားသည္။

"ၿပီးေတာ့ အကေလ့က်င့္တဲ့အခန္းထဲဝင္သြားၿပီး ညေနေစာင့္တဲ့အထိ ဆက္တိုက္ေလ့က်င့္ေတာ့တာပဲ ။ၿပီးမွ ေရခ်ိဳးၿပီး ေအဂ်င္စီကိုထြက္သြားတာ"

"ထမင္းကေရာ"

"ဒီမွာက ထမင္းကိုအာဟာရအျဖစ္မစားက်ေတာ့ေလ အစ္ကိုေလး "

"ထမင္းပဲေကြၽးပါ ။ ေတာ္ေတာ္နဲ႕ အေလ့အက်င့္ျဖစ္မွာမဟုတ္ေသးဘူး"

"ဟုတ္ တျခားေတာ့စားခ်ိန္မွန္ပါတယ္"

"အိပ္ခ်ိန္ေရာ"

"အိပ္ခ်ိန္လည္း မွန္ပါတယ္"

"ငိုတာကေရာ"

"ဒီေန႕မွပါ"

"အင္း"

"ဟုတ္ ဒါဆို Sukeဖုန္းခ်လိဳက္ေတာ့မယ္ေနာ္ အစ္ကိုေလး"

"ဂ႐ုစိုက္ေပးပါSuke"

"ဟုတ္"

Sukeဖုန္းခ်သြားၿပီးေတာ့ ကိုယ့္မွာ ေတြးစရာေတြေပၚလာၿပီ။ ဒီရက္ေတြအတြင္း မငိုခဲ့တဲ့ကေလးက အခုမွ ငိုတယ္တဲ့လား။စိတ္မခ်မ္းသာစရာပဲ။
သူ႕ရဲ႕ကေလးေလးက မေပ်ာ္ေနဘူး။

::::::::::::::

"မနက္အေစာႀကီးေတြ႕ေပးစရာလူရွိတယ္ဆိုလို႔ ဘယ္သူမ်ားလည္းမွတ္တယ္.. ရွင္ကို"

ေရာက္လာကတည္းကခနဲ႕တဲ့စကားကို ဂုဏ္နဂါးအေနနဲ႕ ဘာတစ္ခုမွမတုံ႕ျပန္ပဲ မင္းသန့္ၿပဳံးေမာင္ဆီကိုသာ အၾကည့္ပို႔လိုက္သည္။ထိုအခါမွ..

"ဆည္းလည္္းေမနဲ႕မင္းနဲ႕ ေသခ်ာမေတြ႕ရေသးဘူးထင္လို႔ ။ ၿပီးေတာ့ ဒီေန႕က ငါ့အတြက္ အေရးႀကီးတဲ့ေန႕ေလ"

"ေတြ႕တာက ေတြ႕ဖူးပါတယ္။က်န္တဲ့ကိစၥကိုပဲေျပာ"

"ကိုကိုက ဆည္းလည္းရဲ႕အိမ္ကိုလိုက္မလို႔ေလ။ ဒယ္ဒီနဲ႕မာမီနဲ႕လည္းေတြ႕ရင္း .. ၿပီးေတာ့ အဟင္း"

"သမီးလည္းေတာင္းရင္းေပါ့"

႐ုတ္တရက္အစီအစဥ္က ဘာကိုဦးတည္သလည္း ရိပ္မိတဲ့ဂုဏ္နဂါးကေတာ့ ၿပဳံးေနေယာင္သာ။ မင္းသန့္က ကိုယ့္ကိုအနိုင္ယူခ်င္ယုံနဲ႕
ဆည္းလည္းေမကို လက္ထပ္ဖို႔ ဆုံးျဖတ္ေနတာေလ။

"အင္း ေကာင္းပါတယ္။အခု ငါကအဲ့ဒီကို လိုက္ေပးရမွာလား။လင္းသိုက္နဲ႕မီးငယ္ကိုေရာ
မင္းအသိေပးၿပီးၿပီလား"

"အင္း လိုက္ေပးရမွာေပါ့။လင္းသိုက္ကို ေျပာၿပီးၿပီ။ မီးငယ္ကေတာ့ ဆက္သြယ္လို႔မရဘူးေလ"

"မင္းသန့္.. ငါနဲ႕ခဏေလာက္စကားေျပာမလား"

"ရတယ္ မင္းေျပာေလ"

"အဆင္မေျပဘူး ။ အျပင္ကိုလိုက္လာပါလား"

"အင္း"

ဒီလိုဆိုျပန္ေတာ့လည္း လူလိမၼာေလးလို
လက္ပိုက္ကာ သူ႕ေနာက္ကလိုက္လာျပန္သည္မို႔
စားေသာက္ဆိုင္ရဲ႕ အေနာက္ဘက္လူရွင္းတဲ့ ေနရာအထိသြားလိုက္ၿပီးမွ...

"မင္းသန့္... မင္း သူ႕ကိုတကယ္လက္ထပ္ခ်င္ရဲ႕လား"

ေမးလိုက္တဲ့စကားကို မင္းသန့္ကပခုံးတစ္ဖက္တြန့္ကာ..

"ဘာအတြက္လည္း ။ လက္ထပ္ခ်င္စိတ္ရွိလို႔ လက္ထပ္မွာေလ"

"မင္း သူ႕ကိုတကယ္မခ်စ္ဘူး"

"ဟား အဲ့ဒီေတာ့ ဘာျဖစ္သြားလည္း"

"မခ်စ္ပဲနဲ႕ အခုလိုလုပ္ေနတာက မင္းသူ႕ကိုဒုကၡေပးေနတာနဲ႕အတူတူပဲ"

"မင္းကေရာ ေအဇင့္ကိုခ်စ္လို႔လား။အတူတူပဲဟာကို ဘာေတြဆရာလာလုပ္ေနတာလည္း
ဂုဏ္နဂါးရဲ႕"

"မတူဘူး ။ ငါ ေအဇင့္ကိုလက္ထပ္မယ္ဆိုတာ
သံေယာဇဥ္ရွိလို႔။မင္းကေတာ့ အဲ့လိုမွ မဟုတ္တာ"

လက္ပိုက္ကာရပ္ေနတဲ့ မင္းသန့္က ကိုယ့္မ်က္ႏွာနားေရာက္သည္အထိ ေခါင္းကိုငုံ႕ခ်လိဳက္သည္။ ၿပီးတာနဲ႕ မ်က္လုံးခ်င္းစုံကာ စူးစူးစိုက္စိုက္ၾကည့္လာၿပီး...

"ဘာေၾကာင့္ လက္ထပ္ခ်င္လည္း မင္းသိေနတာပဲကို။ဆရာလာမလုပ္နဲ႕ ဂုဏ္နဂါး။မင္းနဲ႕ငါက
အတူတူပဲ... ကိုယ့္ရဲ႕ျဖစ္တည္မႈကိုလက္မခံပဲ သူမ်ားကိုအသုံးခ်ဖိဳ႕လုပ္ေနက်တာခ်ည္းပဲ"

"အဲ့တာ မင္းပဲမဟုတ္လား။မင္းကသာ
ကိုယ္ဘာျဖစ္ေနလည္း ကိုယ့္ကိုယ္ကိုယ္လက္မခံနိုင္တဲ့ေကာင္"

ခပ္စူးစူးေအာ္လိုက္တဲ့အသံေၾကာင့္ မင္းသန့္မ်က္လုံးေတြက ျပဴးက်ယ္လာေတာ့
မွားသြားၿပီဆိုတဲ့အသိက ဂုဏ္နဂါးရဲ႕ေခါင္းထဲ တိုးဝင္လာသည္။

"မင္းက လက္ခံနိုင္တယ္လို႔ေျပာလိုက္တာေပါ့ ဟုတ္လား"

"ေနာက္က်သြားၿပီ။ အားလုံးလက္လြန္ကုန္ၿပီ မင္းသန့္"

"မလြန္ဘူး.. မလြန္ပါဘူး။နဂါး မင္းလည္း ေမာင့္ကိုခ်စ္တယ္မဟုတ္လား .. ေမာင္တို႔
ေနာက္မက်ေသးပါဘူး"

"မင္းေနာက္က်သြားၿပီ ေခြးေကာင္ရဲ႕။
မင္းရဲ႕ အတၱကိုေရွ႕တန္းတင္လို႔ ေနာက္က်သြားၿပီ"

"ေတာင္းပန္ပါတယ္ ။ ေမာင္ေတာင္းပန္ပါတယ္"

သူတို႔အေျခအေနက ခ်က္ခ်င္းႀကီး ခ်စ္သူျဖစ္သြားသလားမသိေပမဲ့ ယခုလက္ရွိမွာေတာ့
ဂုဏ္နဂါးက မင္းသန့္ၿပဳံးေမာင္ရဲ႕ရင္ခြင္ထဲမွာ။

To Be Continue .... Part - 76

Continue Reading

You'll Also Like

128K 11.1K 55
သားရိုင်းကောင်လို အဆိုးအတေလေးတစ်ယောက်ကို ထိန်းကျောင်းနိုင်ဖို့အတွက်ဆိုရင် ကိုယ်တိုင်ကလည်း သူ့ထက်နှစ်ဆဆိုးသွမ်းနိုင်ရတယ်။ ရာဇဝင်တွင်လောက်တဲ့လူဆိုးနှ...
399K 36K 29
This is just Translation. ✨All credits to original author and english translator. Start date-12.1.2021 End date_ 27.9.2021 Status in COO - 66 Chapter...
8.6M 720K 75
B×B(Own Characters) Romance,Drama and other age limited feelings ဒီ​ေလာကထဲကမတည္​ျမဲျခင္​းတရား​ေတြထဲ မင္​းကို​​ေတာ့ျဖင္​့ ထဝရအရံႈး​ေပးထားခ်င္​မိတယ္​