နေသော်က အိမ်ထဲ ဝင်လာတော့
မနက်စာ ထမင်းဝိုင်းမှာ
မောင်နဲ့ အတူ လင်းရောင်စဉ်ထိုင်နေလေသည်။
လင်းရောင်စဉ်က မောင့် ထမင်းပန်းကန်ထဲ
ဟင်းခပ်ထည့်ပေးရင်း
အလှဆုံးအပြုံး ပြုံးလေ၏။
သူ့အထင် ထို အပြုံးက လှပပေမဲ့
မာယာများရောယှက်နေသလိုပင်...
နေသော်က ထိုထမင်းဝိုင်းတွင် ဝင်ထိုင်လိုက်တော့
မောင်က စကားဆိုလာ၏။
မဟာ / ငါတို့ မနက်ဖြန် ပြန်ကြမယ်
နေသော်က / ဟင်! !!
လင်းရောင်စဉ် / ဘာလို့လဲ boss
မဟာ / လုပ်စရာ အလုပ်တွေကျန်သေးတယ်လေ
ပြီးတော့ ပွဲကြီးပွဲကောင်း တစ်ခုရှိနေသေးတယ်
လင်းရောင်စဉ် / လုပ်စရာ? ??
အက်စ်ဆမ်း / မြင့်မိုရ်တို့ မင်္ဂလာရက်က
ထပ်သတ်မှတ်လိုက်ပြီတဲ့
အက်စ်ဆမ်းက ထမင်းစားခန်းထဲ လျောက်လှမ်းလာရင်း
ဖြေကြားပေးလိုက်သည်။
လင်းရောင်စဉ်က မချိပြုံးပြုံးရင်း
လင်းရောင်စဉ် / အဟက် ဒါဆို တကယ့်ပွဲပဲပေါ့
သော်ကရော အဲ့ပွဲကို တက်ချင်လား
နေသော်က / ဟင်... ကျွန်တော်က? ??
မဟာ / မပူပါနဲ့ မင်းငါနဲ့အတူ ပွဲတက်ကို တက်ရမှာပါ
ထိုသို့သာပြောပြီး မဟာက ထမင်းဝိုင်းကနေ
ထွက်သွားလေသတည်း...
နေသော်က ကတော့ မဟာ့စကားကြောင့် နည်းနည်းလန့်နေပေမဲ့ နွေးထွေးရပြန်သည်။
အနည်းဆုံးတော့ မောင်နဲ့အတူ မောင့်လက်ကို ချိတ်ရင်း
ပွဲတက်ရတော့မည်လေ...
............................................................................
မြင့်မိုရ်တစ်ယောက် ဒီတစ်ခါတော့
လက်ထပ်မဲ့ အခမ်းအနားကို
လူကိုယ်တိုင် လာရောက်စစ်ဆေးကာ
အသေးစိတ်က အစ စီမံလေသည်။
အရင်တစ်ခေါက်လို ကိုကိုထပ်ပျောက်သွားလို့ မဖြစ်တာမို့
အစောင့်အကြပ်တွေ အပြည့်ချထား၏။
အခမ်းအနား မစခင်ကတည်းကပင်
ပြီးသည်အထိ ထိုအစောင့်များကို
သေသေချာချာ ကြပ်မတ်စောင့်ကြည့်ခိုင်းလေသည်။
ထိုပွဲအတွက် ထပ်မံ စိတ်လှုပ်ရှားရပြန်ပါသည်။
ဖိလစ်ကိုလဲ ဖိတ်ကြားထားပြီး ယုံကြည့်ရတဲ့သူကို
သေချာစောင့်ကြည့်ခိုင်းထားတာမို့
အနည်းငယ်တော့ စိတ်အေးရ၏။
လွင်မင်းဦး / မြင့်မိုရ်! !!
မြင့်မိုရ် / အော် ကိုကို ဘယ်က ဘယ်လိုရောက်လာတာလဲ
လွင်မင်းဦး / ငါပြောမယ် ပွဲကို အကျဉ်းချုံးပဲလုပ်လို့မရဘူးလား
မြင့်မိုရ် / မရဘူး
လွင်မင်းဦး / မင်းဘာဖြစ်နေတာလဲ
မြင့်မိုရ် / ကိုကို့ ကိုချစ်နေတာ
လွင်မင်းဦး / ပွဲကို အကျဉ်းချူံးပဲလုပ်ချင်တယ်
မြင့်မိုရ် / မောင်လို့ တခါခေါ်ရင် တစ်ဆင့်လျော့ပေးမယ်
လွင်မင်းဦး / မင်းကြိုက်တာလုပ်တော့!!!
............................................................................
ရိုဟန် အပေါ်ထပ်က ဆင်းလာသည်နှင့် လင်းရောင်စဉ် ကို
ဧည့်ခန်းမှာ တစ်ယောက်တည်း တွေ့ရ၏။
ရိုဟန် / အဟမ်း မနက် ပြန်မှာ
မင်းပစ္စည်းတွေ မသိမ်းသေးဘူးလား
လင်းရောင်စဉ်က TVကြည့်နေရင်း
ရိုဟန့်ကို တချက်သာ မျက်ခုံးပင့်ကြည့်ပြီး
လင်းရောင်စဉ် / အခန်းထဲက ကပ်ပါးကောင်
မထွက်လာသေးလို့ မသိမ်းသေးတာ
အခုသွားသိမ်းတော့မယ်
ထိုသို့ပြောကာ ထ ထွက်သွားတော့
ရိုဟန်က တမင် မျက်ဖြူလန်ပြပြီး
ဧည့်ခန်းဆိုဖာပေါ်ထိုင်ရင်း TVလိုင်းတွေ
တစ်ခုပြီး တစ်ခုပြောင်းကြည့်နေလိုက်လေသည်။
ခဏအကြာ ထိုနေရာသို့ မဟာရောက်ရှိလာတော့
မဟာ / အခုထိ အဆင်မပြေကြသေးဘူးလား
ရိုဟန် / မင်းကြောင့်လေ!!!
မဟာက ရယ်ရင်း
မဟာ / ငါနဲ့ မဆိုင်ပါဘူးကွာ မင်းတို့ဘာသာ ဖြစ်တာ
ရိုဟန် / မင်းက ရီနိုင်သေးတယ် ခွေးလိုကောင်
ကျေးဇူးမသိတက်ဘူး
မဟာ / အေးပါကွာ ဒီကိစ္စတွေ ပြီးရင်
ငါပြန်အဆင်ပြေအောင် ညှိပေးပါ့မယ်
............................................................................
နောက်နေ့ မနက် အားလုံးရန်ကုန်ကို ပြန်လာကြသည်။
ခရီးရောက်မဆိုက်ပဲ အတွေးရေးမှူးလေးက
ပွဲအကြောင်း လာပြောပြနေတာကြောင့် ဒီတစ်ခေါက်
မြင့်မိုရ်တို့ဘက်က စေ့စေ့စပ်စပ် လုပ်ထားမှန်း
ကောက်ချက် ချရသည်။
မဟာ / ဒီတစ်ခေါက်တော့ ကိစ္စကြီးပဲ
ဘယ်လိုလဲ မင်းအဆင်ပြေပါ့မလား
မဟာက နေသော်က ဘက် ခေါင်းငဲ့ကြည့်ကာ ဆိုလာ၏။
နေသော်က / ဟုတ် မောင် ငါအဆင်ပြေပါတယ်
မဟာ / အဟက် ယုံကြည်မှု့တွေ တယ်ရှိနေပါ့လား...
မဆိုးပါဘူး ဒီတစ်ခေါက်တော့ ငါမင်းကို
ယုံကြည့်လို့ရတယ်မလား
နေသော်က ခေါင်းငုံသွားကာ
အနည်းငယ်ဝမ်းနည်းသွားသည်။
နေသော်က /~~ ငါ မောင့်ကို ထပ်အဆုံးရှုံးမခံနိုင်ပါဘူး~~
နေသော်က သူတစ်ယောက်တည်းကြားရုံမျှ
ထိုစကားကို ဆိုလိုက်သည်။
မဟာ / မင်းဘာပြောလိုက်တာလဲ
နေသော်က / ငါက မောင်နဲ့ အတူရှိရင်
အမြဲ ယုံကြည်မှု့ရှိတယ်လို့ပြောတာပါ
ငါနားတော့မယ် မောင်
ပြီးတော့ အားလုံးပဲ ကောင်းကောင်းအနားယူကြပါ
နေသော်ကလဲ ရန်ကုန်ပြန်ရောက်နေတာမေ့ပြီး
အနားယူရန်အပေါ်ထပ်ဖို့ လုပ်ပြီးမှာ သတိရသွားကာ
နေသော်က / အော် ငါက အကိုနဲ့ ပြန်ရမှာပဲ
ထို့နောက် အိမ်ပြင်ထွက်ရင် ခြေလှမ်းပြင်လိုက်စဉ်
မဟာ / ဒီညတော့ ဒီမှာပဲ အိပ်လိုက်ပါ
မနက်ဖြန်အတွက် ပြင်ဆင်စရာတွေ ရှိနေသေးလို့
နေသော်က ကြောင်တောင်တောင်လေး
ရပ်နေရင်းက ဝဏ္ဏကို တစ်ချက်ကြည့်လိုက်တော့
ခေါင်းငြိမ့်ပြလာသည်မို့ လက်ခံလိုက်၏။
ထိုအခါ အလုပ်သမားတစ်ယောက်က
မဟာကြိုပြောထားသည့်အတိုင်း
ယခင် နေသော်က နေခဲ့သော အခန်းသို့
ပို့ဆောင်ပေးလေသည်။
အလုပ်သမားလေးက အိတ်တွေ ပို့ပေးပြီး
ပြန်သွားလေသည်။
ထိုအခန်းထဲသို့ နေသော်က ရောက်သွားတော့...
နေသော်က / လွမ်းနေတာ
မောင့်အငွေ့အသက်တွေရှိတဲ့ ဒီအခန်းလေးကို...
မဟာကတော့ အခန်းပြင်ကနေ
ထိုစကားသံလေးနားထောင်ရင်း
အပြုံးများဝေဆာနေလျက်...
............................................................................
အမှတ်တရတွေနဲ့ ပြည့်နေတဲ့
အေးချမ်းတဲ့ ရပ်ဝန်းလေးမှာတောင်
မင်းရှိမှ ပိုပြည့်စုံသွားတာမျိုး....
ကိုးကိုး