Unicode
မန္တလေးမြို့မှာ ဘယ်လောက်လှသလဲလို့
လီယိုဇေးကိုလာမေးရင်တော့... အလှဆုံးပါလို့ခေါင်းညိတ်မိလိမ့်မည်။မွေးရပ်မြေကို
တစ်ခေါက်ပြန်လာရင်း ထပ်မံခြေဦးတည်မိတာက အမရပူရမြို့ရှိ ဦးပိန်တံတားဆီ။
အမှတ်တရပစ္စည်းများ၊အဝတ်အထည်များနှင့် စားသောက်ဆိုင်များ၊ကင်မရာမန်းများက ဦးပိန်တံတားတည်ရှိရာ တောင်သမန်ရဲ့ကန်ဘောင်ဘေး ပင်တိုင်ရှိနေကျသလို ခရီးသွားများကလည်း စည်ကားစွာရှိနေ၏။
"အစ်ကို ... အစ်ကိုဇေး"
လီယိုဇေး သူ့နာမည်ကိုပီပီသသကြီးကြားလိုက်ပေမဲ့ ရန်ကုန်မြေမဟုတ်တဲ့ မန္တလေးမှာအသိမိတ်ဆွေမရှိတာမို့ လှည့်မကြည့်မိ။
"အစ်ကိုကလည်းဗျာ... ခေါ်နေတာကို နေပါအုံးဗျ"
ထိုစဥ် သူ့ဘေးကိုအမောတကောရောက်လာတဲ့ နေရောင် ဆိုတဲ့ကောင်လေး...
"နေရောင် ... ကိုယ့်ညီက အခုချိန်LGUမှာ ကျောင်းတတ်နေရမှာမလား။ဘယ်လိုလုပ်ပြီး..."
"ကျွန်တော်က ဒါအတွက်လေဗျာ... ပရောဂျက်အတွက် မန္တလေးဆင်းလာတာ မနေ့ကတည်းကပဲ"
ကင်မရာနဲ့စာတမ်းတချို့ကိုပြရင်း ပေါ့ပါးစွာဆိုလာ၏။
"ဒီစာတမ်းကလိုတော့လိုသေးတာပေါ့ဗျာ။ဟဲ ဟဲ ကျွန်တော်က ကျောင်းတတ်ပျင်းလို့ ပတ်ပြေးနေတာ"
"အဲ့လိုဆိုတော့ ကိုလင်းသိုက်က မဆူဘူးလား"
"အန်ကယ်သိုက်က သူ့အလုပ်နဲ့သူရှုပ်နေလို့ ကျွန်တော်အတန်းတတ်လား၊မတတ်လားကို စိတ်မဝင်စားဘူးဗျ။အစ်ကိုသိပြီးပြီလားတော့မသိဘူး"
"ဘာကိုလဲနေရောင်။အစ်ကိုက ဒီရက်ပိုင်းအမှုကိစ္စနဲ့မအားနေလို့.."
"အန်ကယ်သိုက်နဲ့ရေချယ်က လက်ထပ်ကျတော့မလားမသိဘူး"
"ဟင် ! "
"သေတော့မသေချာသေးပေမဲ့ ယူကျမှာတော့အသေအချာပဲဗျ"
"ရုတ်တရက်ကြီး"
"ဟုတ်တယ် ရုတ်တရက်ကြီး။ဘယ်လိုများ
ဖြစ်ကျလဲမသိဘူးဗျ... လက်ထပ်တော့မယ်ချက်ချင်းကြီးပြောပြလာတယ်။ဒါပေမဲ့ ချစ်တဲ့သူချင်းညားမှာပဲဗျာ ဝမ်းသာစရာကြီးပါ... အစ်ကိုရောဝမ်းမသာဘူးလား"
"ချစ်ကျတဲ့သူအချင်းချင်းပဲ...အစ်ကိုလည်း ဝမ်းသာပါတယ်"
ဝဲဘက်ရင်အုံကအောင့်သက်စွာနာကျင်လာမှုကို လျစ်လျူရှူထားကာ ပြုံးရပေမဲ့ ထိုအပြုံးက ပီပြင်ရဲ့လားမသိတော့ပါ။တစ်ချိန်ချိန်လက်ထပ်ကျမှာကို သိထားပေမဲ့ အခုလိုကြားလိုက်ရတဲ့အချိန် ဟန်မဆောင်နိုင်လောက်အောင် ပြိုလဲရသည်။
"ရေချယ်ကတော့ ပျော်နေတာပဲ။အဲ့ကလေးမမျက်နှာများ ပြုံးနေတာပဲ"
ဟုတ်မှာပါ... သူမ ချစ်တဲ့သူနဲ့လက်ထပ်ရမှာကို သေချာပေါက်ပျော်နေမှာပေါ့။အဲ့ဒီကလေးမလေး စိတ်ချမ်းသာပြီး၊ပျော်နေတယ်ကြားရတာ ဝမ်းသာပေမဲ့ ရင်ထဲစို့နင့်ကာ နာကျင်မှုကလည်း လျော့မသွားခဲ့ပါ။ပိုင်ဆိုင်ခွင့်ရဖို့ မျှော်လင့်မထားခဲ့ပေမဲ့ ... လက်လွှတ်လိုက်ရတော့မယ်ဆိုတဲ့ သေချာမှုတစ်ခုမှာ သူ့ကမ္ဘာပြိုရသည်။
"အစ်ကို... အစ်ကိုဇေး တံတားပေါ် ဆက်မသွားတော့ဘူးလား"
"အစ်ကိုသွားခဲ့ပြီးပြီ"
"လိမ်တာ... အစ်ကိုခုနကမှ တံတားပေါ်စတတ်တာ ကျွန်တော်မြင်သားပဲ။ဘာဖြစ်လို့လဲ ကျွန်တော်နဲ့ အတူမသွားချင်လို့လား"
"မဟုတ်တာပဲ နေရောင်ရာ"
"ဒါဆိုသွားကျမယ်လေ"
ခေါင်းညိတ်ပြရင်းသာ အသာလိုက်လာခဲ့ရပေမဲ့ လီယိုဇေးရဲ့လှုပ်ရှားမှုအားလုံးက နှေးကွေးလေးလံနေသည်။
ရင်ဘတ်ထဲကနာကျင်မှုက ဖုံးကွယ်ထားလို့
မရနိုင်အောင်ဖြစ်ရသည်မို့ ဟန်ဆောင်ပြီးတောင်မပြုံးနိုင်တော့ဘူးတဲ့။
မပိုင်ဆိုင်ရတော့ဘူးဆိုတော့လည်း ကိုယ့်ကမ္ဘာပြိုရတာပါပဲ မီးငယ်ရယ်။ထာဝရအတွက်က
ရင်ထဲသိမ်းပြီးချစ်နေယုံ၊ငေးကြည့်နေယုံပဲ တတ်နိုင်တော့တာပါလား။
:::::::::::::
"မီးငယ်ရေ"
"ဟိုက်"
"အန်ကယ့်ကိုလမ်းထိပ်ခဏသွားပေးအုံး သမီးရေ"
"ဟာ ! လမ်းထိပ်ကအိမ်မှာ အာဝုအကြီးကြီးမွေးထားတာ မသွားရဲပါဘူး"
"သြော် သူကိုက်တော့လည်း မီးငယ်ကပြန်ကိုက်ခဲ့လိုက်ပေါ့"
"အားးး အန်ကယ်သန့်... မစပါနဲ့ဆို"
"ဟား ဟား ခွေးပေါက်က ခွေးကြောက်လို့တဲ့ဟေ့ ကြားကောင်းကျရဲ့လား"
မီးဖိုခန်းထဲ ဟင်းချက်နေရင်း ဧည့်ခန်းထဲထိုင်နေတဲ့ မီးငယ်ကို လှမ်းစနေတဲ့ မင်းသန့်ပြုံးမောင်ရဲ့ ရယ်သံကြီးက ကျယ်လောင်စွာထွက်လာလျက်...
"တကယ်ပြောတာ မီးငယ်။အန်ကယ့်ကို လမ်းထိပ်ကစတိုးဆိုင်သွားပေးအုံး... ဆားကုန်နေပြီ။အန်ကယ် ဒီမှာ ဟင်းအိုးတန်းလန်းကြီးနဲ့ကြောင့်မို့"
"ဟင်းအိုးကို ရေချယ်ကြည့်ထားလိုက်မယ်လေ။ အန်ကယ်သွားဝယ်လိုက်ပါလား"
"တော်ပါပြီ မရေချယ်ခင်ဗျာ။တစ်အိမ်လုံး ငတ်ကုန်ပါ့မယ်"
"အဲ့တာဆို နေရောင်တို့အိမ်က နည်းနည်းလေးသွားတောင်းပေးမယ်လေ"
"ဝယ်ရမဲ့အတူတူ သွားဝယ်လိုက်ပေါ့မီးငယ်ရဲ့"
"အဲ့တာဆို ကားမောင်းသွားလိုက်မယ်"
"ငရဲအိုးကို ဒုတ်နဲ့သွားမထိုးစမ်းနဲ့ ချစ်သမီး။ လမ်းလျှောက်ပြီးပဲ သွားပါ။မသွားရဲရအောင် ချစ်သမီးက ငကြောက်လေးလား "
လမ်းထိပ်ကအိမ်မှာ မွေးထားတဲ့ခွေးကြီးက အဲ့ဒီတိုက်ရှေ့က ဖြတ်သွားတဲ့လူတိုင်းကို ဟောင်တယ်တဲ့။ ဟိုရက်က သိမ့်သိမ့်နဲ့မြတ်နိုး စတိုးဆိုင်ကိုသွားတာတောင် ခွေးဟောင်လွတ်လိုက်လို့ ပြန်ပြေးခဲ့ရတာတဲ့။ဒါတွေကို
ကြားထားပြီးလို့ ကြောက်တာ ရေချယ့်အလွန်မဟုတ်ပေမဲ့.....မသွားပေးပြန်ရင်လည်း
အန်ကယ်သန့်က ငကြောက်လေးလို့ စတော့မည်။တခြားသူကို ခေါ်သွားရအောင်ကျတော့ အန်ကယ်သိုက်ကလည်း ကျောင်းသွားသလို၊ အန်ကယ်နဂါးကလည်း ပြင်ဦးလွင်က ဧည့်သည်တွေရောက်ခဲ့လို့ ဟိုတယ်ကိုထွက်သွားသည်။
ရေချယ်ကသာ မနက်ပိုင်းအတန်းချိန်မရှိလို့
နေ့လည်မှ ကျောင်းသွားဖို့ အိမ်မှာကျန်နေခဲ့တဲ့ အလုပ်လက်မဲ့လေး...
"သမီးရေ သွားမယ်ဆိုမြန်မြန်သွားကွာ။မဟုတ်ရင် ဆားမပါတဲ့ဟင်းကြီးစားရမှာနော်"
"ဟိုက် ဟိုက် သွားပေးမယ်လို့။ပိုက်ဆံကရော..."
"အန်ကယ့်အိတ်ထဲက ယူသွား"
"အာလူးကြော်လည်းစားချင်လို့ ပိုယူသွားမယ်နော်"
"ဖြေးဖြေးသွားနော် ချော်လဲမယ်"
"ဟိုက်"
"ခွေးဟောင်ရင်မပြေးနဲ့နော်"
"ဟိုက်"
"ပြန်ဟောင်ထားခဲ့"
"ဟိုက်"
"ဟား ဟား "
"ဟင် ! အန်ကယ်သန့်... တိုင်မှာ အန်ကယ့်ကို"
စနောက်အော်ဟစ်ရင်း ရေချယ်ထွက်လာခဲ့တာက လမ်းထိပ်စတိုးဆိုင်ကို။ပုံမှန်ဆိုရင် အန်ကယ်သန့်က မီးဖိုချောင်သုံးပစ္စည်းအစုံကို မပြတ်ဝယ်ဖြည့်တာမို့ လိုလိုပိုပိုတာဆိုပေမဲ့ အခုမှ ...
သူ့ရည်းစားအသစ်လေးကိုအချိန်ပေးနေရလို့
မဝယ်နိုင်တာ ရေချယ်သိတာပေါ့။
လူရှင်းနေတဲ့လမ်းထဲ ရေချယ်တစ်ယောက်ထဲ ခပ်မြန်မြန်လျောက်လာပေမဲ့ မျက်လုံးထောင့်ဆီဝင်လာတဲ့ အရိပ်တစ်ခုကဆိုးဝါးစွာနှောင့်ယှက်လွန်းသည်။ထိုလူက လက်ထဲမှာ ကဒ်အသေးတစ်ခုကိုကိုင်၍ သူမ ဘေးနားက ကပ်လျှောက်နေတာမို့... ရေချယ့်ခြေလှမ်းတွေကိုရပ်ကာ
ထိုလူ့ကိုစေ့စေ့စိုက်ကြည့်လိုက်သည်။
"ဒီမှာ ဟေ့လူ"
ခေါ်လိုက်ပေမဲ့ ထိုလူက ရေချယ့်ကိုအူကြောင်ကြောင်နဲ့ ကြည့်နေ၏။
"ရှင် ကျွန်မနောက်ကိုလိုက်နေတာလား"
"ဟုတ်တယ်"
ဟ !ပေါ်တင်ကြီးပါလား ...
"ဘာလဲ ပိုက်ဆံလုချင်လို့လား။ကျွန်မမှာတောင် အာလူးကြော်စားဖို့မရှိလို့ တောင်းလာရတာ"
"မေးစရာရှိလို့ပါ"
သိသည်။ဒီအကွက်တွေကို ရေချယ်လင်းသိုက်တို့က အထာနပ်နေပြီလေ။ချောလို့ပါ၊နာမည်လေးက ဘယ်သူလဲ၊ရည်းစားရှိလား၊ဘယ်မှာနေလဲ စသဖြင့် အကြိမ်များစွာကြားခဲ့ရပြီးသားမေးခွန်းတွေပဲ မေးမှာပေါ့။အင်း ရေချယ်ကလည်း အိမ်နေရင်းညဝတ်အင်္ကျီနဲ့တောင်ချောတာကို။လာကြောင်လို့ကတော့ တစ်ခါထဲ
ငြင်းပစ်မယ်။ ကျွန်မက အိမ်ထောင်သည်ပါလို့။
ထိုအတွေးနဲ့အတူ ခါးကိုထောက်၍မျက်နှာလေးမော့လျက်...
"ဘာမေးမှာလဲ မေး"
"Mr Thike ကိုသိလား"
"ဟမ်"
"ထင်လင်းသိုက်ကိုသိလား။ဒီနားတစ်ဝိုက်မှာ
သူ့အိမ်ရှိတယ်လို့ကြားတယ်... ထင်လင်းသိုက်ရဲ့အိမ် ဘယ်နားမှာလဲ"
"အဲ့လူကြီးလား သိတယ်လေ"
"ဟင် ! သိတာလား"
"ဟိုက် သိတယ်"
"သိရင် ထင်လင်းသိုက်ရဲ့အိမ်ကိုပြောပြပါလား။ မင်းကို ပိုက်ဆံပေးမှာပါ"
မူမမှန်တဲ့အခြေအနေမို့ ရေချယ်လင်းသိုက်မျက်ခုံးလေးတွေကတွန့်ချိုးလာသည်။မျက်နှာစိမ်းတဲ့ လူတစ်ယောက်.... ဒီလူ့ကို
ဒီပတ်ဝန်းကျင်မှာရော အန်ကယ့်အလုပ်ထဲမှာပါမမြင်ဘူးခဲ့။LGUက လူ၊ကုမ္ပဏီခွဲက လူတွေဆို အန်ကယ့်ကို ထင်လင်းသိုက်လို့မခေါ်ပါ။ဦးထင်လင်းသိုက်လို့ လေးစားသမှုနဲ့ခေါ်တာချည်းပဲ။ အနည်းဆုံး ဒီရပ်ကွက်ထဲကလူဆိုရင်ကို ကိုထင်လင်းသိုက်၊မောင်ထင်လင်းသိုက်၊စသဖြင့် ခေါ်ကျသည်မို့ ဒီလူက အန်ကယ့်ကိုသိကျွမ်းသူမဟုတ်မှန်းသိသည်။
"ဟီး ပိုက်ဆံက ဘယ်လောက်ပေးမှာလဲဟင်"
"မင်း ဘယ်လောက်လိုချင်တာလဲ"
"10သိန်း"
"ကောင်းပြီ။မင်းသာ ထင်လင်းသိုက်ရဲ့အိမ်ကို လမ်းညွှန်ပေးမယ်ဆိုရင် မင်းလိုချင်တဲ့ပိုက်ဆံကို ပေးနိုင်တယ်။အေး လိမ်ခဲ့ရင်တော့ မင်းအသက်ကို အာမ မခံဘူးနော်"
ထိုစကားကြောင့် ရေချယ်ပခုံးလေးတွန့်ပြကာ...
"ပေး အခု 10သိန်း။တကယ်လမ်းညွှန်ပေးမယ်"
"မင်းကို ဘယ်လိုယုံကြည်ရမှာလဲ"
"အမယ် အတည်လည်းပြောပြပေးရအုံးမှာ။
မယုံရင်လည်း ရှင်အဲ့ဒီအိမ်ကိုအရင်သွား...ပြန်လာမှပေး ဘယ်လိုလဲ"
"ကောင်းပြီ။မင်းသာမလိမ်ရင် မင်းလိုချင်တဲ့ပိုက်ဆံ ပေးမှာပါ"
"ကျွန်မဒီမှာစောင့်နေမှာနော်...ပြန်လာခဲ့၊မလာရင် ကျွန်မအကြောင်းကောင်းကောင်းသိမယ်"
"အချိန်တွေကုန်တယ်ပြောစမ်းပါ"
"ဒီမှာ ဒီလမ်းအတိုင်းတည့်တည့်သွား...လမ်းထိပ်ကိုရောက်ရင် ညာဘက်ကိုချိုး"
"ဟုတ်ပြီ"
"မရောက်သေးဘူး... အဲ့ဒီညာဘက်ကိုချိုးပြီးရင် တည့်တည့်လျှောက်၊ပြီးရင် လမ်းကြားလေးတွေ့မယ် အဲ့တာဆိုအရှေ့ကိုချိုးလိုက်"
"ရောက်ပြီလား"
"ဟ အဲ့လောက်လွယ်ရင် ခင်ဗျားအခုလိုတိုင်ပတ်နေမှာတောင်မဟုတ်ဘူး။သေချာနားထောင်၊အရှေ့ကိုချိုးပြီး တည့်တည့်လျှောက်သွား၊ လမ်းကြားပြန်တွေ့ရင် ဘယ်ကိုချိုး။ချိုးပြီး တည့်တည့်လာခဲ့...အင်း ပြီးလို့ လမ်းကြားပြန်တွေ့ရင် အဲ့လမ်းကြားရဲ့ဘယ်ဘက်က ပထမခြံက ဦးထင်လင်းသိုက်တို့အိမ်ပဲ။မှတ်မိလား"
"မင်း သေချာသလား။လိမ်ရင် မင်းအသက်ကို အာမမခံဘူးနော်"
"အမယ် ခင်ဗျားသာပိုက်ဆံမပေးပဲ လိမ်ပြေးဖို့မစဥ်းစားနဲ့ ။ကျွန်မ ဒီမှာပဲစောင့်နေမှာ"
"ကောင်းပြီလေ။ လမ်းတည့်တည့်သွား ညာချိုး၊တည့်တည့်လျှောက်ပြီး အရှေ့ကိုချိုး၊ပြီးရင် ဘယ်ချိုး၊ ဆက်လျှောက်လာပြီး လမ်းကြားရဲ့ဘက်ဘက်က ပထမခြံ ဟုတ်တယ်နော်"
"ဟိုက် ... ရှင် သေချာပေါက်ပြန်လာခဲ့နော်"
"ကောင်းပြီ ။ မင်းကိုကျေးဇူးလာဆပ်မှာပါ"
"တကယ်စောင့်နေမှာ"
ခေါင်းညိတ်ပြကာ ထိုလူက လမ်းထိပ်မှာရပ်ထားတဲ့ကားပေါ်တတ်ကာ ရေချယ်ညွှန်တဲ့အတိုင်း ညာဘက်လမ်းကိုချိုးသွား၏။
"အရူးကြီး ... ခင်ဗျားတော့ ရူးပြီ ဟား ဟား ဟား"
လမ်းတည့်တည့်သွား ညာချိုး၊တည့်တည့်လျှောက်ပြီး အရှေ့ကိုချိုး၊ပြီးရင် ဘယ်ချိုး၊ ဆက်လျှောက်လာပြီး လမ်းကြားရဲ့ဘက်ဘက်က ပထမခြံ ... ဆိုတဲ့လမ်းအတိုင်းလာရင် အခုရေချယ်ရပ်နေတဲ့နေရာကိုပဲ ပြန်ရောက်လာမှာဖြစ်ပြီး ပထမခြံဆိုတာကလည်း ရေချယ်ကြောက်သည့် ခွေးအကြီးကြီးမွေးထားတဲ့အိမ်ပင်ဖြစ်သည်။
"မူးချာလည်အောင်သွားပြီးမှ ခွေးကိုက်ခံလိုက်အုံးအရူးကြီးရေ.. ဟား ဟား "
အားပါးတရအော်ရယ်ရင်း ရေချယ်အိမ်ကိုသာ ပြန်ပြေးလာခဲ့၏။မူမမှန်တဲ့လူအကြောင်းရယ်၊အဲ့လူကို ဘယ်လိုပညာပေးခဲ့လည်းဆိုတဲ့အကြောင်းရယ် အန်ကယ်တို့ကို ပြန်ပြောပြရမည်။
:::::::::::::::
ညနေစာစားပွဲမှာ လူစုံပြီမို့ အန်ကယ်သန့်ကို ပခုံးချင်းတိုက်ကာ...
"အန်ကယ်ပြောတော့"
"ဘာလဲ ၊ ဘာပြောရမှာလဲသမီးရ"
"ရည်းစားအသစ်လေးရနေပြီမလား"
"အနံ့ခံကောင်းတယ်နော်"
"ခွေးလို့ပြောနေတာ...အန်ကယ် အန်ကယ်သန့်ကလေ ရေချယ့်ကိုခွေးလို့ပြောတာ။မနက်က ကျောင်းမတတ်ခင်ကလည်းပြောသေးတယ်"
နှုတ်ခမ်းလေးဆူကာတိုင်တန်းလာတဲ့ မီးငယ်ကို စိတ်လိုလက်ရပြုံးကြည့်ရင်း နဖူးလေးကိုနမ်းလိုက်၏။
"အန်ကယ်သန့် ပြောပါဆို။ရည်းစားအသစ်လေးက ဘယ်သူလဲ .. ဘယ်ကလဲ"
"ဆည်းလည်းမေတဲ့ အသက်က19နှစ်"
"ဟင် ! ရေချယ့်ထပ်တောင်ငယ်သေးတယ်"
"အင်း ... မီးငယ်တွေ့ချင်ရင် အန်ကယ်ခေါ်လာပြမယ်"
"လက်ထပ်ဖို့အထိရည်ရွယ်ပြီးတွဲတာလားဟင်"
"ရည်းစားလေးထားမိတာ အဲ့လောက်ထိအမှုကြီးသွားလားမီးငယ်ရဲ့"
"ကြီးရမယ်လေ။ရေချယ်နဲ့ အန်ကယ်သိုက်ကလည်း လက်ထပ်တော့မှာ၊အန်ကယ်နဂါးကလည်း မမအေဇင်နဲ့လက်ထပ်တော့မယ်...
အန်ကယ်ပဲကျန်ခဲ့မှာဆိုးလို့"
မီးငယ်စကားကြောင့် မင်းသန့်ပြုံးမောင်မျက်နှာပျက်သွားတာကို ထင်လင်းသိုက်သေချာမြင်လိုက်ရသည်။
"အေ အေဇင်နဲ့ မီးငယ်ကသဘောတူလို့လား"
"ဟိုက်"
မင်းသန့်ပြုံးမောင်ရဲ့နဖူးက ချွေးတွေထွက်ကာ... ဇွန်းကိုကိုင်ထားသည့်လက်ကတုန်နေ၏။
မီးငယ်ဘယ်အကွက်ရွေ့နေလဲသိတဲ့
ထင်လင်းသိုက်က ခပ်အေးအေးသာပြုံးနေပေမဲ့ မပြုံးနိုင်သူက မင်းသန့်ပြုံးမောင်သည်သာ။
"ကိုယ်နဲ့မီးငယ်လက်ထပ်ဖို့ စီစဥ်မယ်၊ပြီးရင်တော့ နဂါးအလှည့်ဖြစ်လိမ့်မယ်... ဟုတ်လား နဂါး"
"အင်း မီးငယ်ကလည်းသဘောတူတယ်။
ငါ့အနေနဲ့ကလည်း ငြင်းစရာမှမရှိတာ"
"ဟီး အဲ့တာဆို အန်ကယ်သန့်ပဲလူပျိုကြီးဖြစ်နေတော့မှာပဲ"
ရယ်သံတွေကြား မင်းသန့်မျက်လုံးကို မှိတ်ချ၍ အသက်ကိုပြင်းပြင်းရှူသည်။ထို့နောက်
ဂုဏ်နဂါးကိုကြည့်လျက်..
"နဂါး မင်းကတကယ်လက်ထပ်ချင်လို့လား"
"အင်း"
လူအေးတွေရက်စက်ရင် နှစ်ဆတဲ့။မှန်သည်။
သူ့မျက်လုံးတွေကိုစေ့စေ့ကြည့်ရင်း ခေါင်းညိတ်ကာ ဖြေလာသည့် ဂုဏ်နဂါးက ဆုံးဖြတ်ချက်တွေ ခိုင်မာနေသလို သွေးအေးလွန်းလှ၏။
"ကောင်းပါတယ် .... ဒါနဲ့ မီးငယ်။သမီးမနက်က အန်ကယ့်အခန်းထဲက ဓားမြောင်ယူဆော့သေးလား"
"ဟင့်အင်း"
"အင်း အင်း ယူမဆော့ရဘူးနော်"
"ဟိုက်"
"ယူဆော့ရင် ဒဏ်ရာရမယ်နော် ဟုတ်လားမီးငယ်။ ဓားက အခန့်မသင့်ရင် လူေ-သအောင် သ-တ်လို့ရတယ်"
"ကြောက်တယ်။အဲ့လိုကြီးမပြောပါနဲ့ဆို"
"အဟက် ! အန်ကယ်က စနေတာပါ"
ထိုစကားဟာ ဘယ်သူ့ကိုရည်ရွယ်မှန်း ထင်လင်းသိုက်သိသည်မို့ ရည်ညွှန်းခံရသူ ဂုဏ်နဂါးကိုကြည့်တော့ အနှီလူသားက ထမင်းစားမပျက်။
"သြော် မင်းတို့ကို ပြောရအုံးမယ်။မီးငယ် မနက်က လူထူးဆန်းတစ်ယောက်နဲ့တွေ့လာတယ်တဲ့"
"ဘယ်မှာလဲ" "လူထူးဆန်း...."
"အေး မနက်က လမ်းထိပ်စတိုးဆိုင်သွားရင် ထင်လင်းသိုက်ရဲ့အိမ်ဆိုပြီး လမ်းညွှန်ခိုင်းတယ်တဲ့။ပြောပြရင် ၁၀သိန်းပေးမယ်ပေါ့ကွာ"
"ဘယ်လိုလူကများလဲ"
"ရေချယ်ကနည်းနည်းလေးပညာပြလိုက်တယ်။ဟဲ ဟဲ ထူးဆန်းတယ်လေ... တစ်ခါမှလည်းမမြင်ဘူး၊ပြီးတော့ ဦးထင်လင်းသိုက်လို့လည်းမခေါ်ဘူး"
"ကိုယ့်အလုပ်ပါတနာဆိုရင်ရော ဘယ်လိုလုပ်မလဲမီးငယ်"
နှဖူးကြောကြီးတွန့်ချိုးကာ အန်ကယ့် မျက်နှာကြီးကတည်တံ့နေတာမို့...
"အန်ကယ်ကလည်း..."
ချွဲနွဲ့နေတဲ့အသံနဲ့အတူ အန်ကယ့်လက်ကိုဖက်ကာ ပခုံးပေါ်မှီချလိုက်သည်။
"အန်ကယ့်အသိဆိုလည်း ကိုယ့်ဇနီးလောင်းလေးက အလိုလိုက်ထားလို့ နည်းနည်းမလိမ္မာဘူးလို့ ပြောပြလိုက်လေ"
"မီးငယ်ကဆိုးလိုက်တာ။တစ်ခုခုဆို ဘယ်လိုလုပ်မလဲ"
"အဲ့လူက ထူးဆန်းလို့ပါဆို အန်ကယ်ကလည်း။ ဂတုံးကြီးနဲ့ အနောက်တိုင်းဝတ်စုံကြီးကလည်း ဝတ်ထားသေးတယ်အန်ကယ်ရဲ့... ပြီးတော့ လည်ဂုတ်မှာ အပေါင်းလက္ခဏာတတ်တူးအကြီးကြီးပဲ"
ထိုစကားကြောင့် ၃ယောက်လုံးရဲ့အကြည့်တွေက မီးငယ်ဆီစုပြုံသွားသည်။
"သူကလေ လိပ်စာပြောပြရင် ၁၀သိန်းပေးမယ်။ အဲ့လိပ်စာက မမှန်ရင် ရေချယ့်ကိုသ-တ်မယ်တဲ့။ရေချယ့်မှာ သူယုံအောင်လို့ ပိုက်ဆံတအားလိုချင်လို့ လမ်းညွှန်တဲ့ပုံဖြစ်အောင်ပြောခဲ့ရတာ"
"တတ်တူး... အဲ့ဒီတတ်တူးပါတာသေချာလားမီးငယ်"
"ဟိုက် ! သူက အန်ကယ့်လုပ်ငန်းပါတနာမဟုတ်ဘူးမလားဟင်၊ပါတနာဆို အန်ကယ့်ဆီရောက်မလာနိုင်လို့ ဖုန်းဆက်မှာပေါ့။ဒါမှမဟုတ်
အန်ကယ်သန့်နဲ့ အန်ကယ်နဂါးအသိလား"
"ဟုတ်တယ်" "မဟုတ်ဘူး"
ပြိုင်တူထွက်လာတဲ့အန်ကယ်နှစ်ယောက်အဖြေက ဆန့်ကျင်ဘက်။ဒါတင်မကပဲ အန်ကယ်တို့ မျက်နှာတွေက သွေးမရှိတော့သလိုဖြူလျော့နေသည်။ အန်ကယ်နဂါးဆို မျက်ဝန်းတွေက
ဂနာမငြိမ်တော့တာမို့...
"ဟီး အန်ကယ်တို့ဧည့်သည်ကအရေးကြီးတယ်ထင်တယ်"
"မီးငယ် နောက်ရက်တွေကျောင်းတတ်ဖို့မလိုတော့ဘူး"
"ဟင် ! "
"ခဏ... ရက်ပိုင်းလောက်၊မဟုတ်ဘူး ကိုယ်တို့ လက်မထပ်ခင်အထိ မီးငယ်အိမ်မှာပဲနေရမယ်"
ချက်ချင်းကြီး ထူးဆန်းစွာပြောင်းလဲသွားကျသည်အား ရေချယ်အံ့သြရသည်။ဘယ်လို
ဧည့်သည်မို့ အန်ကယ်တို့၃ယောက် အခုလိုဖြစ်နေကျသလဲ။
"အန်ကယ် ဘာဖြစ်လို့ကျောင်းမတတ်ရမှာလဲဟင်။ ကျောင်းကအရေးကြီးတယ်ဆိုပြီး
အန်ကယ်ပဲပြောတယ်လေ"
မီးငယ်ရဲ့မျက်ဝန်းကြည်ကြည်လေးတွေမှာ မေးခွန်းများစွာ၊မဖြေနိုင်ဘူး၊မီးငယ်သိချင်နေပေမဲ့ ထို့အတွက်အဖြေကို ထင်လင်းသိုက်မပေးနိုင်တာမို့ မီးငယ်ကို ဆွဲယူပွေ့ဖက်လိုက်၏။
"လိမ္မာပါကလေးရယ်။ဒီရက်တွေ အိမ်မှာပဲနေနော်"
"ဘာလို့လဲလို့... ချက်ချင်းကြီး"
"နေပါကလေးရယ်။လိုအပ်လို့ မီးငယ်အိမ်မှာပဲနေမှဖြစ်မယ်"
"ဟင်းနော် အန်ကယ်တို့ကိုလည်း နားကိုမလည်တော့ဘူး"
မီးငယ်တွေ့ခဲ့တဲ့လူဆီက တတ်တူးဟာ
မီးငယ်ကိုရှာနေတဲ့ Lightစံအိမ်ရဲ့ တတ်တူးအမှတ်အသားဖြစ်ကြောင်း သူဘယ်လိုပြောရမလဲ။ မသေချာပေမဲ့ ဒီကလေး.... Lightစံအိမ်က တစ်စုံတစ်ယောက်နဲ့ တွေ့ခဲ့တာလား ဆိုတဲ့အတွေးကဆိုးဝါးစွာခြောက်လန့်သည်။
နှစ်တွေအများကြီးပုန်းကွယ်နေခဲ့ပြီးမှ ဒီကလေးကို သူတို့ပြန်ပေးရမယ်ဆိုရင်တော့.....
To Be Continue .... Part - 64
Zawgyi
မႏၲေလးၿမိဳ႕မွာ ဘယ္ေလာက္လွသလည္းလို႔ လီယိုေဇးကိုလာေမးရင္ေတာ့... အလွဆုံးပါလို႔ေခါင္းညိတ္မိလိမ့္မည္။ေမြးရပ္ေျမကို တစ္ေခါက္ျပန္လာရင္း ထပ္မံေျခဦးတည္မိတာက အမရပူရၿမိဳ႕နယ္ရွိ ဦးပိန္တံတားဆီ။
အမွတ္တရပစၥည္းမ်ား၊အဝတ္အထည္မ်ားႏွင့္ စားေသာက္ဆိုင္မ်ား၊ကင္မရာမန္းမ်ားက ဦးပိန္တံတားတည္ရွိရာ ေတာင္သမန္ရဲ႕ကန္ေဘာင္ေဘး ပင္တိုင္ရွိေနက်သလို ခရီးသြားမ်ားကလည္း စည္ကားစြာရွိေန၏။
"အစ္ကို ... အစ္ကိုေဇး"
လီယိုေဇး သူ႕နာမည္ကိုပီပီသသႀကီးၾကားလိုက္ေပမဲ့ ရန္ကုန္ေျမမဟုတ္တဲ့ မႏၲေလးမွာအသိမိတ္ေဆြမရွိတာမို႔ လွည့္မၾကည့္မိ။
"အစ္ကိုကလည္းဗ်ာ... ေခၚေနတာကို ေနပါအုံးဗ်"
ထိုစဥ္ သူ႕ေဘးကိုအေမာတေကာေရာက္လာတဲ့ ေနေရာင္ ဆိုတဲ့ေကာင္ေလး...
"ေနေရာင္ ... ကိုယ့္ညီက အခုခ်ိန္LGUမွာ ေက်ာင္းတတ္ေနရမွာမလား။ဘယ္လိုလုပ္ၿပီး..."
"ကြၽန္ေတာ္က ဒါအတြက္ေလဗ်ာ... ပေရာဂ်က္အတြက္ မႏၲေလးဆင္းလာတာ မေန႕ကတည္းကပဲ"
ကင္မရာနဲ႕စာတမ္းတခ်ိဳ႕ကိုျပရင္း ေပါ့ပါးစြာဆိုလာ၏။
"ဒီစာတမ္းကလိုေတာ့လိုေသးတာေပါ့ဗ်ာ။ဟဲ ဟဲ ကြၽန္ေတာ္က ေက်ာင္းတတ္ပ်င္းလို႔ ပတ္ေျပးေနတာ"
"အဲ့လိုဆိုေတာ့ ကိုလင္းသိုက္က မဆူဘူးလား"
"အန္ကယ္သိုက္က သူ႕အလုပ္နဲ႕သူရႈပ္ေနလို႔ ကြၽန္ေတာ္အတန္းတတ္လား၊မတတ္လားကို စိတ္မဝင္စားဘူးဗ်။အစ္ကိုသိၿပီးၿပီလားေတာ့မသိဘူး"
"ဘာကိုလည္းေနေရာင္။အစ္ကိုက ဒီရက္ပိုင္းအမႈကိစၥနဲ႕မအားေနလို႔.."
"အန္ကယ္သိုက္နဲ႕ေရခ်ယ္က လက္ထပ္က်ေတာ့မလားမသိဘူး"
"ဟင္ ! "
"ေသေတာ့မေသခ်ာေသးေပမဲ့ ယူက်မွာေတာ့အေသအခ်ာပဲဗ်"
"႐ုတ္တရက္ႀကီး"
"ဟုတ္တယ္ ႐ုတ္တရက္ႀကီး။ဘယ္လိုမ်ား ျဖစ္က်လည္းမသိဘူးဗ်... လက္ထပ္ေတာ့မယ္ခ်က္ခ်င္းႀကီးေျပာျပလာတယ္။ဒါေပမဲ့ ခ်စ္တဲ့သူခ်င္းညားမွာပဲဗ်ာ ဝမ္းသာစရာႀကီးပါ... အစ္ကိုေရာဝမ္းမသာဘူးလား"
"ခ်စ္က်တဲ့သူအခ်င္းခ်င္းပဲ...အစ္ကိုလည္း ဝမ္းသာပါတယ္"
ဝဲဘက္ရင္အုံကေအာင့္သက္စြာနာက်င္လာမႈကို လ်စ္လ်ဴရႉထားကာ ၿပဳံးရေပမဲ့ ထိုအၿပဳံးက ပီျပင္ရဲ႕လားမသိေတာ့ပါ။တစ္ခ်ိန္ခ်ိန္လက္ထပ္က်မွာကို သိထားေပမဲ့ အခုလိုၾကားလိုက္ရတဲ့အခ်ိန္ ဟန္မေဆာင္နိုင္ေလာက္ေအာင္ ၿပိဳလဲရသည္။
"ေရခ်ယ္ကေတာ့ ေပ်ာ္ေနတာပဲ။အဲ့ကေလးမမ်က္ႏွာမ်ား ၿပဳံးေနတာပဲ"
ဟုတ္မွာပါ... သူမ ခ်စ္တဲ့သူနဲ႕လက္ထပ္ရမွာကို ေသခ်ာေပါက္ေပ်ာ္ေနမွာေပါ့။အဲ့ဒီကေလးမေလး စိတ္ခ်မ္းသာၿပီး၊ေပ်ာ္ေနတယ္ၾကားရတာ ဝမ္းသာေပမဲ့ ရင္ထဲစို႔နင့္ကာ နာက်င္မႈကလည္း ေလ်ာ့မသြားခဲ့ပါ။ပိုင္ဆိုင္ခြင့္ရဖို႔ ေမွ်ာ္လင့္မထားခဲ့ေပမဲ့ ... လက္လႊတ္လိုက္ရေတာ့မယ္ဆိုတဲ့ ေသခ်ာမႈတစ္ခုမွာ သူ႕ကမာၻၿပိဳရသည္။
"အစ္ကို... အစ္ကိုေဇး တံတားေပၚ ဆက္မသြားေတာ့ဘူးလား"
"အစ္ကိုသြားခဲ့ၿပီးၿပီ"
"လိမ္တာ... အစ္ကိုခုနကမွ တံတားေပၚစတတ္တာ ကြၽန္ေတာ္ျမင္သားပဲ။ဘာျဖစ္လို႔လည္း ကြၽန္ေတာ္နဲ႕ အတူမသြားခ်င္လို႔လား"
"မဟုတ္တာပဲ ေနေရာင္ရာ"
"ဒါဆိုသြားက်မယ္ေလ"
ေခါင္းညိတ္ျပရင္းသာ အသာလိုက္လာခဲ့ရေပမဲ့ လီယိုေဇးရဲ႕လႈပ္ရွားမႈအားလုံးက ေႏွးေကြးေလးလံေနသည္။
ရင္ဘတ္ထဲကနာက်င္မႈက ဖုံးကြယ္ထားလို႔ မရနိုင္ေအာင္ျဖစ္ရသည္မို႔ ဟန္ေဆာင္ၿပီးေတာင္မၿပဳံးနိုင္ေတာ့ဘူးတဲ့။
မပိုင္ဆိုင္ရေတာ့ဘူးဆိုေတာ့လည္း ကိုယ့္ကမာၻၿပိဳရတာပါပဲ မီးငယ္ရယ္။ထာဝရအတြက္က ရင္ထဲသိမ္းၿပီးခ်စ္ေနယုံ၊ေငးၾကည့္ေနယုံပဲ တတ္နိုင္ေတာ့တာပါလား။
:::::::::::::
"မီးငယ္ေရ"
"ဟိုက္"
"အန္ကယ့္ကိုလမ္းထိပ္ခဏသြားေပးအုံး သမီးေရ"
"ဟာ ! လမ္းထိပ္ကအိမ္မွာ အာဝုအႀကီးႀကီးေမြးထားတာ မသြားရဲပါဘူး"
"ေၾသာ္ သူကိုက္ေတာ့လည္း မီးငယ္ကျပန္ကိုက္ခဲ့လိုက္ေပါ့"
"အားးး အန္ကယ္သန့္... မစပါနဲ႕ဆို"
"ဟား ဟား ေခြးေပါက္က ေခြးေၾကာက္လို႔တဲ့ေဟ့ ၾကားေကာင္းက်ရဲ႕လား"
မီးဖိုခန္းထဲ ဟင္းခ်က္ေနရင္း ဧည့္ခန္းထဲထိုင္ေနတဲ့ မီးငယ္ကို လွမ္းစေနတဲ့ မင္းသန့္ၿပဳံးေမာင္ရဲ႕ ရယ္သံႀကီးက က်ယ္ေလာင္စြာထြက္လာလ်က္...
"တကယ္ေျပာတာ မီးငယ္။အန္ကယ့္ကို လမ္းထိပ္ကစတိုးဆိုင္သြားေပးအုံး... ဆားကုန္ေနၿပီ။အန္ကယ္ ဒီမွာ ဟင္းအိုးတန္းလန္းႀကီးနဲ႕ေၾကာင့္မို႔"
"ဟင္းအိုးကို ေရခ်ယ္ၾကည့္ထားလိုက္မယ္ေလ။ အန္ကယ္သြားဝယ္လိုက္ပါလား"
"ေတာ္ပါၿပီ မေရခ်ယ္ခင္ဗ်ာ။တစ္အိမ္လုံး ငတ္ကုန္ပါ့မယ္"
"အဲ့တာဆို ေနေရာင္တို႔အိမ္က နည္းနည္းေလးသြားေတာင္းေပးမယ္ေလ"
"ဝယ္ရမဲ့အတူတူ သြားဝယ္လိုက္ေပါ့မီးငယ္ရဲ႕"
"အဲ့တာဆို ကားေမာင္းသြားလိုက္မယ္"
"ငရဲအိုးကို ဒုတ္နဲ႕သြားမထိုးစမ္းနဲ႕ ခ်စ္သမီး။ လမ္းေလွ်ာက္ၿပီး သြားေတာ္မႈပါ။မသြားရဲရေအာင္ ခ်စ္သမီးက ငေၾကာက္ေလးလား "
လမ္းထိပ္ကအိမ္မွာ ေမြးထားတဲ့ေခြးႀကီးက အဲ့ဒီတိုက္ေရွ႕က ျဖတ္သြားတဲ့လူတိုင္းကို ေဟာင္တယ္တဲ့။ ဟိုရက္က သိမ့္သိမ့္နဲ႕ျမတ္နိုး စတိုးဆိုင္ကိုသြားတာေတာင္ ေခြးေဟာင္လြတ္လိုက္လို႔ ျပန္ေျပးခဲ့ရတာတဲ့။
ဒါေတြကိုၾကားထားၿပီးလို႔ ေၾကာက္တာ ေရခ်ယ့္အလြန္မဟုတ္ေပမဲ့.....မသြားေပးျပန္ရင္လည္း အန္ကယ္သန့္က ငေၾကာက္ေလးလို႔ စေတာ့မည္။တျခားသူကို ေခၚသြားရေအာင္က်ေတာ့ အန္ကယ္သိုက္ကလည္း ေက်ာင္းသြားသလို၊ အန္ကယ္နဂါးကလည္း ျပင္ဦးလြင္က ဧည့္သည္ေတြေရာက္ခဲ့လို႔ ဟိုတယ္ကိုထြက္သြားသည္။ေရခ်ယ္ကသာ မနက္ပိုင္းအတန္းခ်ိန္မရွိလို႔ ေန႕လည္မွ ေက်ာင္းသြားဖို႔ အိမ္မွာက်န္ေနခဲ့တဲ့ အလုပ္လက္မဲ့ေလး...
"သမီးေရ သြားမယ္ဆိုျမန္ျမန္သြားကြာ။မဟုတ္ရင္ ဆားမပါတဲ့ဟင္းႀကီးစားရမွာေနာ္"
"ဟိုက္ ဟိုက္ သြားေပးမယ္လို႔။ပိုက္ဆံကေရာ..."
"အန္ကယ့္အိတ္ထဲက ယူသြား"
"အာလူးေၾကာ္လည္းစားခ်င္လို႔ ပိုယူသြားမယ္ေနာ္"
"ေျဖးေျဖးသြားေနာ္ ေခ်ာ္လဲမယ္"
"ဟိုက္"
"ေခြးေဟာင္ရင္မေျပးနဲ႕ေနာ္"
"ဟိုက္"
"ျပန္ေဟာင္ထားခဲ့"
"ဟိုက္"
"ဟား ဟား "
"ဟင္ ! အန္ကယ္သန့္... တိုင္မွာ အန္ကယ့္ကို"
စေနာက္ေအာ္ဟစ္ရင္း ေရခ်ယ္ထြက္လာခဲ့တာက လမ္းထိပ္စတိုးဆိုင္ကို။ပုံမွန္ဆိုရင္ အန္ကယ္သန့္က မီးဖိုေခ်ာင္သုံးပစၥည္းအစုံကို မျပတ္ဝယ္ျဖည့္တာမို႔ လိုလိုပိုပိုတာဆိုေပမဲ့ အခုမွ ... သူ႕ရည္းစားအသစ္ေလးကိုအခ်ိန္ေပးေနရလို႔ မဝယ္နိုင္တာ ေရခ်ယ္သိတာေပါ့။
လူရွင္းေနတဲ့လမ္းထဲ ေရခ်ယ္တစ္ေယာက္ထဲ ခပ္ျမန္ျမန္ေလ်ာက္လာေပမဲ့ မ်က္လုံးေထာင့္ဆီဝင္လာတဲ့ အရိပ္တစ္ခုကဆိုးဝါးစြာေႏွာင့္ယွက္လြန္းသည္။ထိုလူက လက္ထဲမွာ ကဒ္အေသးတစ္ခုကိုကိုင္၍ သူမ ေဘးနားက ကပ္ေလွ်ာက္ေနတာမို႔... ေရခ်ယ့္ေျခလွမ္းေတြကိုရပ္ကာ ထိုလူ႕ကိုေစ့ေစ့စိုက္ၾကည့္လိုက္သည္။
"ဒီမွာ ေဟ့လူ"
ေခၚလိုက္ေပမဲ့ ထိုလူက ေရခ်ယ့္ကိုအူေၾကာင္ေၾကာင္နဲ႕ ၾကည့္ေန၏။
"ရွင္ ကြၽန္မေနာက္ကိုလိုက္ေနတာလား"
"ဟုတ္တယ္"
ဟ !ေပၚတင္ႀကီးပါလား ...
"ဘာလည္း ပိုက္ဆံလုခ်င္လို႔လား။ကြၽန္မမွာေတာင္ အာလူးေၾကာ္စားဖို႔မရွိလို႔ ေတာင္းလာရတာ"
"ေမးစရာရွိလို႔ပါ"
သိသည္။ဒီအကြက္ေတြကို ေရခ်ယ္လင္းသိုက္တို႔က အထာနပ္ေနၿပီေလ။ေခ်ာလို႔ပါ၊နာမည္ေလးက ဘယ္သူလည္း၊ရည္းစားရွိလား၊ဘယ္မွာေနလည္း စသျဖင့္ အႀကိမ္မ်ားစြာၾကားခဲ့ရၿပီးသားေမးခြန္းေတြပဲ ေမးမွာေပါ့။အင္း ေရခ်ယ္ကလည္း အိမ္ေနရင္းညဝတ္အကၤ်ီနဲ႕ေတာင္ေခ်ာတာကို။လာေၾကာင္လို႔ကေတာ့ တစ္ခါထဲ ျငင္းပစ္မယ္။
ထိုအေတြးနဲ႕အတူ ခါးကိုေထာက္၍မ်က္ႏွာေလးေမာ့လ်က္...
"ဘာေမးမွာလည္း ေမး"
"Mr Thike ကိုသိလား"
"ဟမ္"
"ထင္လင္းသိုက္ကိုသိလား။ဒီနားတစ္ဝိုက္မွာ သူ႕အိမ္ရွိတယ္လို႔ၾကားတယ္... ထင္လင္းသိုက္ရဲ႕အိမ္ ဘယ္နားမွာလည္း"
"အဲ့လူႀကီးကိုသိတယ္"
"ဟင္ ! သိတာလား"
"ဟိုက္ သိတယ္"
"သိရင္ ထင္လင္းသိုက္ရဲ႕အိမ္ကိုေျပာျပပါလား။ မင္းကို ပိုက္ဆံေပးမွာပါ"
မူမမွန္တဲ့အေျခအေနမို႔ ေရခ်ယ္လင္းသိုက္မ်က္ခုံးေလးေတြကတြန့္ခ်ိဳးလာသည္။မ်က္ႏွာစိမ္းတဲ့ လူတစ္ေယာက္.... ဒီလူ႕ကို ဒီပတ္ဝန္းက်င္မွာေရာ အန္ကယ့္အလုပ္ထဲမွာပါမျမင္ဘူးခဲ့။LGUက လူ၊ကုမၸဏီခြဲက လူေတြဆို အန္ကယ့္ကို ထင္လင္းသိုက္လို႔မေခၚပါ။ဦးထင္လင္းသိုက္လို႔ ေလးစားသမႈနဲ႕ေခၚတာခ်ည္းပဲ။ အနည္းဆုံး ဒီရပ္ကြက္ထဲကလူဆိုရင္ကို ကိုထင္လင္းသိုက္၊ေမာင္ထင္လင္းသိုက္၊စသျဖင့္ ေခၚက်သည္မို႔ ဒီလူက အန္ကယ့္ကိုသိကြၽမ္းသူမဟုတ္မွန္းသိသည္။
"ဟီး ပိုက္ဆံက ဘယ္ေလာက္ေပးမွာလည္းဟင္"
"မင္း ဘယ္ေလာက္လိုခ်င္တာလည္း"
"10သိန္း"
"ေကာင္းၿပီ။မင္းသာ ထင္လင္းသိုက္ရဲ႕အိမ္ကို လမ္းၫႊန္ေပးမယ္ဆိုရင္ မင္းလိုခ်င္တဲ့ပိုက္ဆံကို ေပးနိုင္တယ္။ေအး လိမ္ခဲ့ရင္ေတာ့ မင္းအသက္ကို အာမ မခံဘူးေနာ္"
ထိုစကားေၾကာင့္ ေရခ်ယ္ပခုံးေလးတြန့္ျပကာ...
"ေပး အခု 10သိန္း။တကယ္လမ္းၫႊန္ေပးမယ္"
"မင္းကို ဘယ္လိုယုံၾကည္ရမွာလည္း"
"အမယ္ အတည္လည္းေျပာျပေပးရအုံးမွာ။ မယုံရင္လည္း ရွင္အဲ့ဒီအိမ္ကိုအရင္သြား...ျပန္လာမွေပး ဘယ္လိုလည္း"
"ေကာင္းၿပီ။မင္းသာမလိမ္ရင္ မင္းလိုခ်င္တဲ့ပိုက္ဆံ ေပးမွာပါ"
"ကြၽန္မဒီမွာေစာင့္ေနမွာေနာ္...ျပန္လာခဲ့၊မလာရင္ ကြၽန္မအေၾကာင္းေကာင္းေကာင္းသိမယ္"
"အခ်ိန္ေတြကုန္တယ္ေျပာစမ္းပါ"
"ဒီမွာ ဒီလမ္းအတိုင္းတည့္တည့္သြား...လမ္းထိပ္ကိုေရာက္ရင္ ညာဘက္ကိုခ်ိဳး"
"ဟုတ္ၿပီ"
"မေရာက္ေသးဘူး... အဲ့ဒီညာဘက္ကိုခ်ိဳးၿပီးရင္ တည့္တည့္ေလွ်ာက္၊ၿပီးရင္ လမ္းၾကားေလးေတြ႕မယ္ အဲ့တာဆိုအေရွ႕ကိုခ်ိဳးလိုက္"
"ေရာက္ၿပီလား"
"ဟ အဲ့ေလာက္လြယ္ရင္ ခင္ဗ်ားအခုလိုတိုင္ပတ္ေနမွာေတာင္မဟုတ္ဘူး။ေသခ်ာနားေထာင္၊အေရွ႕ကိုခ်ိဳးၿပီး တည့္တည့္ေလွ်ာက္သြား၊ လမ္းၾကားျပန္ေတြ႕ရင္ ဘယ္ကိုခ်ိဳး။ခ်ိဳးၿပီး တည့္တည့္လာခဲ့...အင္း ၿပီးလို႔ လမ္းၾကားျပန္ေတြ႕ရင္ အဲ့လမ္းၾကားရဲ႕ဘယ္ဘက္က ပထမၿခံက ဦးထင္လင္းသိုက္တို႔အိမ္ပဲ။မွတ္မိလား"
"မင္း ေသခ်ာသလား။လိမ္ရင္ မင္းအသက္ကို အာမမခံဘူးေနာ္"
"အမယ္ ခင္ဗ်ားသာပိုက္ဆံမေပးပဲ လိမ္ေျပးဖို႔မစဥ္းစားနဲ႕ ။ကြၽန္မ ဒီမွာပဲေစာင့္ေနမွာ"
"ေကာင္းၿပီေလ။ လမ္းတည့္တည့္သြား ညာခ်ိဳး၊တည့္တည့္ေလွ်ာက္ၿပီး အေရွ႕ကိုခ်ိဳး၊ၿပီးရင္ ဘယ္ခ်ိဳး၊ ဆက္ေလွ်ာက္လာၿပီး လမ္းၾကားရဲ႕ဘက္ဘက္က ပထမၿခံ ဟုတ္တယ္ေနာ္"
"ဟိုက္ ... ရွင္ ေသခ်ာေပါက္ျပန္လာခဲ့ေနာ္"
"ေကာင္းၿပီ ။ မင္းကိုေက်းဇူးလာဆပ္မွာပါ"
"တကယ္ေစာင့္ေနမွာ"
ေခါင္းညိတ္ျပကာ ထိုလူက လမ္းထိပ္မွာရပ္ထားတဲ့ကားေပၚတတ္ကာ ေရခ်ယ္ၫႊန္တဲ့အတိုင္း ညာဘက္လမ္းကိုခ်ိဳးသြား၏။
"အ႐ူးႀကီး ... ခင္ဗ်ားေတာ့ ႐ူးၿပီ ဟား ဟား ဟား"
လမ္းတည့္တည့္သြား ညာခ်ိဳး၊တည့္တည့္ေလွ်ာက္ၿပီး အေရွ႕ကိုခ်ိဳး၊ၿပီးရင္ ဘယ္ခ်ိဳး၊ ဆက္ေလွ်ာက္လာၿပီး လမ္းၾကားရဲ႕ဘက္ဘက္က ပထမၿခံ ... ဆိုတဲ့လမ္းအတိုင္းလာရင္ အခုေရခ်ယ္ရပ္ေနတဲ့ေနရာကိုပဲ ျပန္ေရာက္လာမွာျဖစ္ၿပီး ပထမၿခံဆိုတာကလည္း ေရခ်ယ္ေၾကာက္သည့္ ေခြးအႀကီးႀကီးေမြးထားတဲ့အိမ္ပင္ျဖစ္သည္။
"မူးခ်ာလည္ေအာင္သြားၿပီးမွ ေခြးကိုက္ခံလိုက္အုံးအ႐ူးႀကီးေရ.. ဟား ဟား "
အားပါးတရေအာ္ရယ္ရင္း ေရခ်ယ္အိမ္ကိုသာ ျပန္ေျပးလာခဲ့၏။မူမမွန္တဲ့လူအေၾကာင္းရယ္၊အဲ့လူကို ဘယ္လိုပညာေပးခဲ့လည္းဆိုတဲ့အေၾကာင္းရယ္ အန္ကယ္တို႔ကို ျပန္ေျပာျပရမည္။
:::::::::::::::
ညေနစာစားပြဲမွာ လူစုံၿပီမို႔ အန္ကယ္သန့္ကို ပခုံးခ်င္းတိုက္ကာ...
"အန္ကယ္ေျပာေတာ့"
"ဘာလည္း ၊ ဘာေျပာရမွာလည္းသမီးရ"
"ရည္းစားအသစ္ေလးရေနၿပီမလား"
"အနံ႕ခံေကာင္းတယ္ေနာ္"
"ေခြးလို႔ေျပာေနတာ...အန္ကယ္ အန္ကယ္သန့္ကေလ ေရခ်ယ့္ကိုေခြးလို႔ေျပာတာ။မနက္က ေက်ာင္းမတတ္ခင္ကလည္းေျပာေသးတယ္"
ႏႈတ္ခမ္းေလးဆူကာတိုင္တန္းလာတဲ့ မီးငယ္ကို စိတ္လိုလက္ရၿပဳံးၾကည့္ရင္း နဖူးေလးကိုနမ္းလိုက္၏။
"အန္ကယ္သန့္ ေျပာပါဆို။ရည္းစားအသစ္ေလးက ဘယ္သူလည္း .. ဘယ္ကလည္း"
"ဆည္းလည္းေမတဲ့ အသက္က19ႏွစ္"
"ဟင္ ! ေရခ်ယ့္ထပ္ေတာင္ငယ္ေသးတယ္"
"အင္း ... မီးငယ္ေတြ႕ခ်င္ရင္ အန္ကယ္ေခၚလာျပမယ္"
"လက္ထပ္ဖို႔အထိရည္႐ြယ္ၿပီးတြဲတာလားဟင္"
"ရည္းစားေလးထားမိတာ အဲ့ေလာက္ထိအမႈႀကီးသြားလားမီးငယ္ရဲ႕"
"ႀကီးရမယ္ေလ။ေရခ်ယ္နဲ႕ အန္ကယ္သိုက္ကလည္း လက္ထပ္ေတာ့မွာ၊အန္ကယ္နဂါးကလည္း မမေအဇင္နဲ႕လက္ထပ္ေတာ့မယ္... အန္ကယ္ပဲက်န္ခဲ့မွာဆိုးလို႔"
မီးငယ္စကားေၾကာင့္ မင္းသန့္ၿပဳံးေမာင္မ်က္ႏွာပ်က္သြားတာကို ထင္လင္းသိုက္ေသခ်ာျမင္လိုက္ရသည္။
"ေအ ေအဇင္နဲ႕ မီးငယ္ကသေဘာတူလို႔လား"
"ဟိုက္"
မင္းသန့္ၿပဳံးေမာင္ရဲ႕နဖူးက ေခြၽးေတြထြက္ကာ... ဇြန္းကိုကိုင္ထားသည့္လက္ကတုန္ေန၏။
မီးငယ္ဘယ္အကြက္ေ႐ြ႕ေနလည္းသိတဲ့ ထင္လင္းသိုက္က ခပ္ေအးေအးသာၿပဳံးေနေပမဲ့ မၿပဳံးနိုင္သူက မင္းသန့္ၿပဳံးေမာင္သည္သာ။
"ကိုယ္နဲ႕မီးငယ္လက္ထပ္ဖို႔ စီစဥ္မယ္၊ၿပီးရင္ေတာ့ နဂါးအလွည့္ျဖစ္လိမ့္မယ္... ဟုတ္လား နဂါး"
"အင္း မီးငယ္ကလည္းသေဘာတူတယ္။ငါ့အေနနဲ႕ကလည္း ျငင္းစရာမွမရွိတာ"
"ဟီး အဲ့တာဆို အန္ကယ္သန့္ပဲလူပ်ိဳႀကီးျဖစ္ေနေတာ့မွာပဲ"
ရယ္သံေတြၾကား မင္းသန့္မ်က္လုံးကို မွိတ္ခ်၍ အသက္ကိုျပင္းျပင္းရႉသည္။ထို႔ေနာက္ ဂုဏ္နဂါးကိုၾကည့္လ်က္..
"နဂါး မင္းကတကယ္လက္ထပ္ခ်င္လို႔လား"
"အင္း"
လူ ေအး ေတြရက္စက္ရင္ ႏွစ္ဆတဲ့။မွန္သည္။ သူ႕မ်က္လုံးေတြကိုေစ့ေစ့ၾကည့္ရင္း ေခါင္းညိတ္ကာ ေျဖလာသည့္ ဂုဏ္နဂါးက ဆုံးျဖတ္ခ်က္ေတြ ခိုင္မာေနသလို ေသြးေအးလြန္းလွ၏။
"ေကာင္းပါတယ္ .... ဒါနဲ႕ မီးငယ္။သမီးမနက္က အန္ကယ့္အခန္းထဲက ဓားေျမာင္ယူေဆာ့ေသးလား"
"ဟင့္အင္း"
"အင္း အင္း ယူမေဆာ့ရဘူးေနာ္"
"ဟိုက္"
"ယူေဆာ့ရင္ ဒဏ္ရာရမယ္ေနာ္ ဟုတ္လားမီးငယ္။ ဓားက အခန့္မသင့္ရင္ လူေ-သေအာင္ သ-တ္လို႔ရတယ္"
"ေၾကာက္တယ္။အဲ့လိုႀကီးမေျပာပါနဲ႕ဆို"
"အဟက္ ! အန္ကယ္က စေနတာပါ"
ထိုစကားဟာ ဘယ္သူ႕ကိုရည္႐ြယ္မွန္း ထင္လင္းသိုက္သိသည္မို႔ ရည္ၫႊန္းခံရသူ ဂုဏ္နဂါးကိုၾကည့္ေတာ့ အႏွီလူသားက ထမင္းစားမပ်က္။
"ေၾသာ္ မင္းတို႔ကို ေျပာရအုံးမယ္။မီးငယ္ မနက္က လူထူးဆန္းတစ္ေယာက္နဲ႕ေတြ႕လာတယ္တဲ့"
"ဘယ္မွာလည္း" "လူထူးဆန္း...."
"ေအး မနက္က လမ္းထိပ္စတိုးဆိုင္သြားရင္ ထင္လင္းသိုက္ရဲ႕အိမ္ဆိုၿပီး လမ္းၫႊန္ခိုင္းတယ္တဲ့။ေျပာျပရင္ ၁၀သိန္းေပးမယ္ေပါ့ကြာ"
"ဘယ္လိုလူကမ်ားလည္း"
"ေရခ်ယ္ကနည္းနည္းေလးပညာျပလိုက္တယ္။ဟဲ ဟဲ ထူးဆန္းတယ္ေလ... တစ္ခါမွလည္းမျမင္ဘူး၊ၿပီးေတာ့ ဦးထင္လင္းသိုက္လို႔လည္းမေခၚဘူး"
"ကိုယ့္အလုပ္ပါတနာဆိုရင္ေရာ ဘယ္လိုလုပ္မလည္းမီးငယ္"
ႏွဖူးေၾကာႀကီးတြန့္ခ်ိဳးကာ အန္ကယ့္ မ်က္ႏွာႀကီးကတည္တံ့ေနတာမို႔...
"အန္ကယ္ကလည္း..."
ခြၽဲႏြဲ႕ေနတဲ့အသံနဲ႕အတူ အန္ကယ့္လက္ကိုဖက္ကာ ပခုံးေပၚမွီခ်လိဳက္သည္။
"အန္ကယ့္အသိဆိုလည္း ကိုယ့္ဇနီးေလာင္းေလးက အလိုလိုက္ထားလို႔ နည္းနည္းမလိမၼာဘူးလို႔ ေျပာျပလိုက္ေလ"
"မီးငယ္ကဆိုးလိုက္တာ။တစ္ခုခုဆို ဘယ္လိုလုပ္မလည္း"
"အဲ့လူက ထူးဆန္းလို႔ပါဆို အန္ကယ္ကလည္း။ ဂတုံးႀကီးနဲ႕ အေနာက္တိုင္းဝတ္စုံႀကီးကလည္း ဝတ္ထားေသးတယ္အန္ကယ္ရဲ႕... ၿပီးေတာ့ လည္ဂုတ္မွာ အေပါင္းလကၡဏာတတ္တူးအႀကီးႀကီးပဲ"
ထိုစကားေၾကာင့္ ၃ေယာက္လုံးရဲ႕အၾကည့္ေတြက မီးငယ္ဆီစုၿပဳံသြားသည္။
"သူကေလ လိပ္စာေျပာျပရင္ ၁၀သိန္းေပးမယ္။ အဲ့လိပ္စာက မမွန္ရင္ ေရခ်ယ့္ကိုသ-တ္မယ္တဲ့။ေရခ်ယ့္မွာ သူယုံေအာင္လို႔ ပိုက္ဆံတအားလိုခ်င္လို႔ လမ္းၫႊန္တဲ့ပုံျဖစ္ေအာင္ေျပာခဲ့ရတာ"
"တတ္တူး... အဲ့ဒီတတ္တူးပါတာေသခ်ာလားမီးငယ္"
"ဟိုက္ ! သူက အန္ကယ့္လုပ္ငန္းပါတနာမဟုတ္ဘူးမလားဟင္၊ပါတနာဆို အန္ကယ့္ဆီေရာက္မလာနိုင္လို႔ ဖုန္းဆက္မွာေပါ့။ဒါမွမဟုတ္ အန္ကယ္သန့္နဲ႕ အန္ကယ္နဂါးအသိလား"
"ဟုတ္တယ္" "မဟုတ္ဘူး"
ၿပိဳင္တူထြက္လာတဲ့အန္ကယ္ႏွစ္ေယာက္အေျဖက ဆန့္က်င္ဘက္။ဒါတင္မကပဲ အန္ကယ္တို႔ မ်က္ႏွာေတြက ေသြးမရွိေတာ့သလိုျဖဴေလ်ာ့ေနသည္။ အန္ကယ္နဂါးဆို မ်က္ဝန္းေတြက ဂနာမၿငိမ္ေတာ့တာမို႔...
"ဟီး အန္ကယ္တို႔ဧည့္သည္ကအေရးႀကီးတယ္ထင္တယ္"
"မီးငယ္ ေနာက္ရက္ေတြေက်ာင္းတတ္ဖို႔မလိုေတာ့ဘူး"
"ဟင္ ! "
"ခဏ... ရက္ပိုင္းေလာက္၊မဟုတ္ဘူး ကိုယ္တို႔ လက္မထပ္ခင္အထိ မီးငယ္အိမ္မွာပဲေနရမယ္"
ခ်က္ခ်င္းႀကီး ထူးဆန္းစြာေျပာင္းလဲသြားက်သည္အား ေရခ်ယ္အံ့ၾသရသည္။ဘယ္လိုဧည့္သည္မို႔ အန္ကယ္တို႔၃ေယာက္ အခုလိုျဖစ္ေနက်သလည္း။
"အန္ကယ္ ဘာျဖစ္လို႔ေက်ာင္းမတတ္ရမွာလည္းဟင္။ ေက်ာင္းကအေရးႀကီးတယ္ဆိုၿပီး အန္ကယ္ပဲေျပာတယ္ေလ"
မီးငယ္ရဲ႕မ်က္ဝန္းၾကည္ၾကည္ေလးေတြမွာ ေမးခြန္းမ်ားစြာ၊မေျဖနိုင္ဘူး၊မီးငယ္သိခ်င္ေနေပမဲ့ ထို႔အတြက္အေျဖကို ထင္လင္းသိုက္မေပးနိုင္တာမို႔ မီးငယ္ကို ဆြဲယူေပြ႕ဖက္လိုက္၏။
"လိမၼာပါကေလးရယ္။ဒီရက္ေတြ အိမ္မွာပဲေနေနာ္"
"ဘာလို႔လည္းလို႔... ခ်က္ခ်င္းႀကီး"
"ေနပါကေလးရယ္။လိုအပ္လို႔ မီးငယ္အိမ္မွာပဲေနမွျဖစ္မယ္"
"ဟင္းေနာ္ အန္ကယ္တို႔ကိုလည္း နားကိုမလည္ေတာ့ဘူး"
မီးငယ္ေတြ႕ခဲ့တဲ့လူဆီက တတ္တူးဟာ မီးငယ္ကိုရွာေနတဲ့ Lightစံအိမ္ရဲ႕ တတ္တူးအမွတ္အသားျဖစ္ေၾကာင္း သူဘယ္လိုေျပာရမလည္း။ မေသခ်ာေပမဲ့ ဒီကေလး.... Lightစံအိမ္က တစ္စုံတစ္ေယာက္နဲ႕ ေတြ႕ခဲ့တာလား ဆိုတဲ့အေတြးကဆိုးဝါးစြာေျခာက္လန့္သည္။
ႏွစ္ေတြအမ်ားႀကီးပုန္းကြယ္ေနခဲ့ၿပီးမွ ဒီကေလးကို သူတို႔ျပန္ေပးရမယ္ဆိုရင္ေတာ့.....
To Be Continue .... Part - 64