Unicode
"ရပါတယ်ကွာ...ဒါတွေကပြောစရာမှမလိုတာ"
"မဟုတ်ဘူး။မင်းကိုအားနာလို့။ဧည်သည်တွေက ချက်ချင်းသွားချင်တော့...ကြိုပြီးအကြောင်း
မကြားလိုက်ရသလိုဖြစ်သွားတာ"
"အားနာစရာလည်းမဟုတ် ကိုယ်တို့ဟိုတယ်က ဧည့်သည်တွေ ပြင်ဦးလွင်ဆင်းချင်ရင် မင်းဆီလွတ်ရတာပဲ။အခုလည်း အခန်းလွတ်တွေရှိပါတယ်"
"ဒါဆိုလည်း မင်းပဲအကူအညီတောင်းရတော့မယ်"
"သွားကြိုရမဲ့လိပ်စာတော့ ပို့ထားအုံးနော်"
"အေးပါ... ကျေးဇူးကွာ"
"နေဗျူဟာမင်းဆိုတဲ့ကောင်က နရင်းရိုက်ခံချင်ပြီထင်တယ်"
"ဟား ... "
"ဒါပဲ မင်းနဲ့ပြောရတာ အကုသိုလ်များတယ်"
တိခနဲချလိုက်တဲ့ဖုန်းမှာ နေဗျူဟာမင်းရဲ့
ရယ်သံက ကပ်ပါလာသေးသည်။လုပ်ငန်းတူပါတနာမို့ သူနဲ့ နေဗျူဟာမင်းက ရင်းနှီးတဲ့အသိမိတ်ဆွေတွေပင်။
"အဟက် ! ဘယ်သူနဲ့များပြောနေလို့ အဲ့လောက်ထိ ပြုံးရွှင်နေတာလဲ"
ထိုစဉ် ဂုဏ်နဂါးထိုင်နေတဲ့ဒန်းပေါ် ဝင်ထိုင်လာတဲ့ မင်းသန့်ဆီက ခပ်ရွဲ့ရွဲ့စကားက နားထဲကြားရဆိုးစွာ...
"ဟင် ဘယ်သူနဲ့ပြောနေတာလဲ"
"နေဗျူဟာမင်း"
"ယောကျာ်းလေးပဲ"
"မိန်းမရှိတယ်"
"သြော်"
"နေဗျူဟာမင်းကိုမင်းသိပြီးသားပဲ မင်းသန့်"
"သိတယ်လေ။အဲ့တာဘာဖြစ်သလဲ..."
သူမေးရမည့်မေးခွန်းကို အရင်မေးသွားတဲ့မင်းသန့်က အိမ်ကြီးဆီကိုသာငေးကြည့်နေသည်။
"မင်းကိစ္စရှိသေးလား။မရှိရင် ငါနားတော့မလို့"
"မနားရဘူး"
"မင်းဆီကဆုံးဖြတ်ချက်တောင်းနေတာမဟုတ်ဘူး။နားတော့မယ်ဆိုတာကို အသိပေးနေတာ"
"မောင်ကလည်း မနားရဘူးလို့ပြောနေတာ"
"ငါတစ်နေကုန်မနားရသေးဘူးမင်းသန့်။
မင်းစကားပြောချင်ရင် မနက်ဖြန်မနက်မှပဲပြောတော့။ အခုတော့ အိပ်တော့မယ်"
"တခြားသူနဲ့ကျတော့ အကြာကြီးပြောနေတာပါ။ မင်းလိုပြောကြေးဆို မောင်လည်းတစ်နေကုန်မနားရပါဘူး"
ကောင်မလေးနဲ့လျှောက်လည်နေရလို့ မနားရတာလားလို့ မေးလိုက်ချင်ပေမဲ့ လက်တွေ့ကျတော့ ထိုစကားကထွက်မလာပါ။နေ့လည်က
မီးငယ်လေးဆီသွားရင်း မင်းသန့်နဲ့ကလေးမလေးတစ်ယောက်ဖက်ကာ ပူးတွဲနေတဲ့ပုံကိုမြင်ခဲ့ရသည်လေ။
"ဘာပြောစရာရှိတာလဲ"
"မောင့်အပေါ်အေးစက်သွားသလိုပဲ...ခံစားမိတာ မဟုတ်ပဲ အသေအချာသိနေတာပါ။မင်း မောင့်အပေါ် အရင်ကလို မဟုတ်တော့ဘူး။ဘာဖြစ်လို့လဲ အေဇင်နဲ့လက်ထပ်ဖို့ သဘောမတူလို့
ပညာပြနေတာလား"
"မဆိုင်ပါဘူး။အေဇင်နဲ့က မင်းလက်မခံရင်တောင် ငါသာစိတ်ပါရင်လက်ထပ်လို့ရတာပဲ"
"အဲ့တာဆို ဘာဖြစ်လို့အေးစက်စက်ဖြစ်နေတာလဲ"
"မင်းစိတ်ထင်လို့ပါ။အရင်လိုပါပဲ...ဘာမှ ပြောင်းလဲသွားတာမရှိဘူး"
"မဟုတ်သေးဘူးနဂါး။မင်း မောင့်ကိုအရင်လိုမဟုတ်တော့ဘူး"
"ဟင်း..."
မလွယ်တာမို့ ခေါင်းခါလိုက်တော့ မင်းသန့်က
သူ့ထံ စိတ်ဝင်တစားကြည့်လာသည်။
"မင်းပြောင်းလဲသွားတာ"
"ငါ့ကိုအပြစ်မတင်ပါနဲ့မင်းသန့်။မင်းကအရင် ဗွေဖောက်တာလေ... အဲ့တာကြောင့်အခုလိုတွေဖြစ်တာ"
"မောင်က ဘာကို..."
"အဲ့ဒီမောင် ဆိုတာပဲ"
"အရင်လို မင်းနဲ့ငါပြောမှ ... အရင်လိုနွေးထွေးမယ်ပေါ့"
"အဲ့တာကပိုမကောင်းဘူးလား။မင်းကိုယ်မင်း မောင်လို့ သုံးနေတာကမှ ပိုပြီးဝေးသွားစေတာ"
"ဒါဆို အရင်လိုပဲပြန်ပြောင်းသုံးပေးမယ် အိုကေလား"
"အေး ပြီးရော"
တိတ်ဆိတ်သွားပြန်သည့် မင်းသန့်ကြောင့်
သက်ပြင်းမချမိအောင်ထိမ်းရသူက ဂုဏ်နဂါးပင်။မင်းသန့်လို လူက ယောကျာ်းတစ်ယောက်ကိုချစ်ဖို့မှ မဖြစ်နိုင်တာ။
"အဲ့တာထပ် မင်း တကယ်ပဲအေဇင်နဲ့လက်ထပ်မှာလား။မီးငယ်ကိုရော ပြောပြီးပြီလား၊မေးပြီးပြီလား"
"အလောတကြီးမဟုတ်ဘူးလို့ပြောပြီးသားပဲ။ပြီးတော့ လက်ထပ်မယ်ဆိုတာကလည်း ပြောထားယုံပဲ...အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး အချင်းချင်းတိုင်ပင်ထားတာမျိုး မရှိသေးပါဘူးကွာ"
"ရှိလာတော့မယ်လို့ ဆိုလိုတာပေါ့"
"မီးငယ်သဘောပါ။မီးငယ်က သဘောတူမှ...ဆက်ပြီး စဉ်းစားဖြစ်မယ်"
"အဲ့တာဆို မီးငယ်လက်ခံ၊မခံမှုတည်တာပေါ့"
"အင်း ... ဟုတ်တယ်"
"yes !! ဒါပဲလေ"
လက်ဖြောက်တီးရင်း မင်းသန့်စိတ်ကပြန်ရွှင်လာသည်။မီးငယ်သာဆို မင်းသန့်ပြုံးမောင်အတွက် အခွင့်အရေးရှိသေးသည်။နဂါးလက်မထပ်သွားဖို့ မီးငယ်ကိုသူသိမ်းသွင်းလို့ရသေးသည်။အဓိက က ဂုဏ်နဂါး မိန်းမမယူပဲ
သူ့အနားမှာနေဖို့သာလို၏။
"မင်းရော...အိမ်ထောင်ပြုဖို့စိတ်ကူးရှိလား"
"ဟမ် ငါလား"
"အင်း မင်းပြောဖူးတယ်လေ... မီးငယ်ကို စိတ်ချရတဲ့သူတွေ့တဲ့အချိန် မင်းလည်းချစ်သူတွေ့ရင် လက်ထပ်မယ်ဆို"
"ဟာ အဲ့တာဘယ်တုန်းပြောခဲ့လဲ မေ့နေပြီ"
"အခုဆို ငါတို့သမီးလေးလည်း စိတ်ချရတဲ့သူနဲ့လက်ထပ်တော့မယ်။မင်းလည်း ချစ်သူကအရံသင့်ရှိတယ်မလား"
"ချစ်သူလား"
"မင်းတွဲနေတဲ့ကောင်မလေးတွေ"
"သြော် ဟော့ အဲ့တာချစ်သူမဟုတ်ဘူး။
ရည်းစားတွေပါ။ချစ်သူနဲ့ ရည်းစားဆိုတာ မောင့်အတွက်ကျ အကွာကြီး မောင့်နဂါးလေးရဲ့။ရည်းစားဆိုတာ အပျော်ပဲ၊ လက်တလောရင်ခုန်မှုကြောင့်...လက်တလောတွဲချင်တဲ့ စိတ်ဆန္ဒကြောင့် တွဲလိုက်ယုံပဲ။ချစ်သူကျတော့ မတူတော့ဘူး... အခုချိန်ထိ မောင့်မှာချစ်သူမရှိသေးဘူး။ချစ်သူကျတော့ကွာ... မောင့်ဘဝတစ်ခုလုံးနဲ့ ရင်းပြီးချစ်မဲ့သူ၊တစ်ဘဝလုံးစာလက်တွဲချင်တဲ့သူ၊ပြောရရင် ရတနာလေးပေါ့ဗျာ"
"တော်တော်လေးတရားကျဖို့ကောင်းတဲ့ကောင်ပဲ၊ တွဲခဲ့တဲ့ရည်းစားတွေကို နည်းနည်းလေးတောင်အားမနာဘူးလား"
"no ပါ ၊သူတို့ကိုလည်းမေးကြည့်ပါအုံး။
ဘယ်သူကမှ စွဲစွဲလမ်းလမ်းဖြစ်မနေဘူး။သာယာမှုအရ တွဲတယ်။ကီးမကိုက်ရင်အေးဆေးလမ်းခွဲလိုက်တယ် ဒါပဲ"
မင်းသန့်ကိုကြည့်ရတာ ပေါ့ပျက်ပျက်နိုင်လွန်းတယ်။ ဒါဟာ မချစ်တတ်သေးလို့လား...မချစ်ဘူးသေးလို့လား စဉ်းစားစရာပင်။အကျင့်ပါသွားတဲ့ 'မောင်'ဆိုတဲ့ အသုံးကို အသုံးဖို့ပြောထားသူကလည်း သူဆိုပေမဲ့ ရုတ်တရက်မထိမ်းချုပ်နိုင်တဲ့ မင်းသန့်လိုလူမျိုးအတွက် ရတနာက ဘယ်သူဖြစ်မလဲက စိတ်ဝင်စားဖို့ကောင်းသည်။
:::::::::::::
ညဖက်မှသာမြင်ရတဲ့ ကြယ်နဲ့လတို့က ရင်ကိုအေးစေဖို့ မစွမ်းဆောင်နိုင်။ဝရံတာမှာ အချိန်အကြာကြီးရပ်ကာ ကြည့်နေပေမဲ့ ညရဲ့အေးချမ်းမှုက ထင်လင်းသိုက်အတွက် အေးချမ်းမှုမရစေခဲ့ပါ။
ထို့ကြောင့် ထင်လင်းသိုက်ဦးတည်လာခဲ့တာက မီးငယ်အခန်းကို။မနက်၁နာရီဆိုတဲ့အချိန်က
မီးငယ်ကောင်းကောင်းအိပ်ပျော်နေဖို့ လုံလောက်ပြီလေ။သူ့ရဲ့ကလေးမလေးက အအိပ်မက်သည်မို့ ညဘက်တွေဆို ၁၂နာရီရဲ့ဟိုးဖက်ထိ မအိပ်ပဲနေတာမျိုး မရှိပါဘူး။
အခန်းတံခါးကိုခပ်ဖြေးဖြေးတွန်းဖွင့်လိုက်တော့ ထင်သည့်အတိုင်း... မီးငယ်ကအိပ်ပျော်နေပြီ။ညမီးအိမ်ရဲ့ ဝါကျင့်ကျင့်မီးရောင်သာ ရှိနေတဲ့အခန်းလေးက အထဲကိုဝင်လိုက်တာနဲ့ မွှေးပျံ့သောရနံ့က စီးကြိုနေသည်။ ချိုအီအီပန်းရနံ့လေး...အတိအကျပြောရရင် နှင်းဆီဝါရနံ့လေးက မီးငယ်ရဲ့မူပိုင်ကိုယ်သင်းရနံ့လေးပင်။
အပူအပင်ကင်းစွာအိပ်ပျော်နေတဲ့မျက်နှာလေးကို ကြည့်ရဖို့ ကုတင်အစွန်းမှာတင်ပါးလွှဲဝင်ထိုင်သည်။
"မီးငယ်... အိပ်ပြီလား"
မေးလိုက်ပေမဲ့ မီးငယ်ကတော့ အသက်ရှူသံမှန်မှန်နဲ့ အိပ်မောကျနေဆဲပင်။အရူးမလေး...စိတ်ထင်ရာ လျှောက်လုပ်ထားပြီး သူမလေးကတော့ အိပ်နေတယ်ပေါ့။ကိုယ့်မှာသာ ပိုင်ဆိုင်ရဖို့မဝံ့မရဲဖြစ်နေရတာ။
မီးငယ်ရဲ့ပါးအိအိလေးကိုအုပ်ကိုင်ရင်း သူ့အနမ်းတချို့က မီးငယ်နဖူးလေးဆီကို။ချစ်ရတဲ့ကလေးမလေးကြောင့်သာ သူ့ရဲ့စိတ်တွေက အေးချမ်းမှုရတာ။
"တန်ရဲ့လားမီးငယ်ရယ်...ကိုယ်လို့လူက မီးငယ်ကို ပိုင်ဆိုင်ခွင့်ရဖို့ တန်ရဲ့လား ကိုယ်မသိတော့ဘူး"
ထင်လင်းသိုက်အတွက်တော့ ရေချယ်လင်းသိုက်ဆိုတဲ့ မီးငယ်ဟာ တန်ဖိုးဖြတ်မရတဲ့ရတနာတစ်ပါး။ ကိုယ်တိုင်လည်းပိုင်ဆိုင်ဖို့ မကြိုးစားရဲတဲ့အထိ တန်ဖိုးကြီးသလို... သူများလက်ထဲထည့်ပေးဖို့ကိုကလည်း ဘယ်လိုမှမဖြစ်နိုင်တော့တာ သေချာသည်။ မီးငယ် ကိုယ်တိုင်က လိုလိုလားလားပေးအပ်နေတာတောင်... အဲ့လိုပေးလိုက်ရဖို့ ဒီကလေးလေး နောင်တရနေမှာမျိုးဖြစ်မှာ သူစိုးရိမ်သည်။တစ်ချိန်ချိန်မှာ
မီးငယ်ချစ်ရသူနဲ့တွေ့ရင် ထင်လင်းသိုက်ဟာ အနှောင့်အယှက်ဖြစ်လာမှာလား... အရာအားလုံးမှာ မီးငယ်စိတ်လေး ငြိုငြင်ရမှာကိုသာ သူအကြောက်ဆုံးဖြစ်သည်။ သူ့ကို ရွေးချယ်မိလို့ မီးငယ်နောင်တရမှာကို ကြောက်သည်။
ဒီကလေးစိတ်မချမ်းသာတော့မှာ သူကြောက်သည်။
"ချစ်တယ် ။ ကိုယ် မီးငယ်ကိုချစ်တယ်"
ပထမဆုံးနှုတ်ထွက်ဝန်ခံမိတဲ့စကားလုံးက နားထောင်သူမရှိပေမဲ့ ထင်လင်းသိုက်ရင်ထဲပေါ့ပါးသွားသည်။ ချစ်တယ်၊သိပ်ချစ်တယ်၊ထင်လင်းသိုက်အတွက်က မီးငယ်ကို ချစ်ပေးရတာနဲ့တင် လုံလောက်တာပဲ။မီးငယ်က မချစ်ပေးတတ်လည်း ကိစ္စမရှိဘူး။ကလေးလေးမို့ သူကပဲ အရာရာကိုခွင့်လွှတ်ပေးပြီးသား။
"ပိုင်ဆိုင်ရတော့မယ်တဲ့... မီးငယ်ကိုပိုင်ရဖို့က ဟား...အိပ်မက်လိုပဲ၊မီးငယ်သိလား၊မီးငယ်က ကိုယ့်အတွက် သိပ်ပြီးတန်ဖိုးရှိတဲ့ကလေး"
နဖူးထပ်ဝဲကျနေတဲ့ မီးငယ်ရဲ့ဆံပင်တွေကိုသပ်တင်ပေးရင်း သဘောကျစွာပြုံးမိပြန်သည်။
နှစ်လိုဖွယ်ကောင်းတဲ့ မျက်နှာလှလှလေးတွေ၊ချစ်စဖွယ်အမှုအရာလေးတွေနဲ့ သူပျိုးထောင်ခဲ့တဲ့ပန်းလေးတစ်ပွင့်တဲ့။
မှန်သည်။မီးငယ်က သူ့အတွက်အရာအားလုံးပဲ။
သူ့ရဲ့ခန္ဓာ၊စိတ်ဝိညာဉ်မှာ အပြည့်အဝနေရာယူထားတဲ့သူက မီးငယ်ပဲ။ လူမမယ်ကလေးလေးကို စချစ်ခဲ့ရသလို ... ယခု လူကြီးပေါက်စလေးဖြစ်လာသည်အထိ သူ့အချစ်တွေက
လျော့မသွားခဲ့ပါ။မီးငယ်အတွက်ဆို အားလုံးဖြည့်စည်းပေးဖို့ အဆင်သင့်ဖြစ်နေသည်။
ချစ်စိတ်တို့နဲ့အတူ မီးငယ်နဖူးလေးကိုငုံ့နမ်းမိစဉ်...
"အဟိ ... "
ရယ်သံလေးကြောင့် ထင်လင်းသိုက်ကိုယ်က ဆတ်ခနဲမတ်သွားရ၏။
"မီးငယ်... နိုးနေတာလား"
"ဟုတ်ပါဘူး...နိုးပါဘူး"
"အင်း မနိုးဘူးလား။နိုးသွားရင် ပြန်ချီပြီးသိပ်ပေးမလို့လေ... မနိုးဘူးဆိုတော့လည်း"
"ဟာ !! မဟုတ်ဘူး နိုးပြီ နိုးပြီ ... ပွေ့ အန်ကယ်ကြောင့် အိပ်ရေးပျက်ကုန်ပြီ"
"မနိုးဘူးဆို"
"ဟီး အဲ့တာလိမ်တာ"
အေးချမ်းတဲ့အပြုံးလေးတွေနဲ့ မီးငယ်က
သူ့လည်တိုင်ကိုဖက်၍ ထိုလည်တိုင်ဆီကိုပဲ မျက်နှာအပ်လာသည်။
"အိပ်လေ... မနက်ကျအတန်းလည်းတတ်ရအုံးမယ်"
"အန်ကယ်"
"အင်း"
"ချစ်တယ်လား"
"အင်း"
"အများကြီးချစ်တယ်လား"
"အင်း"
"အဲ့တာဆို ရေချယ့်ကိုလက်ထပ်နော်"
"မီးငယ် ! "
"အင်း လို့ပဲပြောရမှာလေ။ဘာလို့ မီးငယ်တာလဲ"
အိပ်ချင်မူးတူးအသံလေးကြောင့် ထင်လင်းသိုက်ပြုံးမိပြန်သည်။မီးငယ်ရဲ့ခြေထောက်ကနေဆွဲယူပွေ့ချီကာ သူ့ပေါ်တင်ပေးလိုက်တော့ ရင်ခွင်ထဲမျက်နှာကပ်ကာ မျက်လုံးလေးမှိတ်ထား၏။
"မီးငယ် ကိုယ့်ကိုလက်ထပ်လိုက်ရလို့ နောင်တမရမှာသေချာလို့လား"
" ဟိုက်"
"ကိုယ့်ထပ် ငယ်ငယ်၊ချောချောလေးတွေ့ရင်ရော"
"ရေချယ်က အသက်ငယ်တဲ့လူကိုမကြိုက်လို့ အသက်ကြီးတဲ့ အန်ကယ့်ကိုရအောင်ယူခဲ့တာပါဆို"
"ကိုယ့်ကိုမှလား"
"ဟိုက် အန်ကယ့်ကိုလက်ထပ်ချင်တဲ့ အကြောင်းပြချက် ၃ချက်ရှိတယ်။ပထမအချက်က ချစ်လို့။ဒုတိယအချက်က ရေချယ့်ကိုငယ်ငယ်ထဲက မွေးစားထားခဲ့တဲ့သူမို့... အဲ့တာဆိုတော့ ရေချယ်ဘာတွေဖြစ်ခဲ့လဲ၊လုပ်ခဲ့လဲ
အကုန်သိတော့ ထပ်ပြောပြဖို့မလိုတော့ဘူးလေ"
"သြော်"
ထူးဆန်းလွန်းသည့်အကြောင်းပြချက်မို့
ထင်လင်းသိုက်ပင် မျက်ခုံးပင့်လာသည်။
"နောက်ဆုံးအချက်ကကျတော့ ဟီး အန်ကယ်ကချမ်းသာတယ်လေ။ရှာပြီးဖွေပြီး... ပြီးတော့
ပရော်ဖက်ဆာကြီး"
"အဲ့ဒီတော့ ကိုယ်ကချမ်းသာလို့ လက်ထပ်ချင်တာပေါ့"
"အဲ့လိုကြမ်းကြမ်းတမ်းတမ်းကြီးမတွေးပါနဲ့
ချစ်လို့ပါဆို။နော်... အန်ကယ်ရယ်။ရေချယ်က ချစ်လို့ပါ"
ချွဲနွဲ့တဲ့အသံလေးက နှစ်လိုဖွယ်အပြည့်နဲ့ ဒီကလေးကို မချစ်ပဲ သူဘယ်လိုနေနိုင်မှာလဲ။နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီးမှ နိုးလာတဲ့မီးငယ်က အခုထိလည်း သူ့ကိုမှီပြီးအိပ်နေသေးသည်။
"အိပ်ချင်တာကို ထလာသေးတယ်။အိပ် အိပ် ကိုယ်ရှိတယ်"
ကျောကိုဖွဖွပွတ်ပေးတော့ မီးငယ်ကငြိမ်ငြိမ်လေးပဲ အိပ်သွားသည်။ထင်လင်းသိုက်ရဲ့ ပိုင်ဆိုင်မှုတွေက မီးငယ်နာမည်နဲ့ပဲရှိနေခဲ့တာကို မသိတဲ့အရူးမလေးတော့
ပိုက်ဆံမရှိတဲ့အဖိုးကြီးနဲ့ လက်ထပ်ရတော့မယ်။
::::::::::::
"ကိုယ်လက်ထပ်တော့မယ် ဒယ်ဒီ"
"အိပ်မက်ယောင်နေတာလား။ကယောင်ကတမ်းနဲ့"
"မဟုတ်ဘူးဒယ်ဒီ။ကိုယ်လက်ထပ်ချင်ပြီ"
"ဘာလဲ မင်းရဲ့မွေးစားသမီးလေးက လက်ထပ်ချင်ပြီတဲ့လား"
"အင်း ဒယ်ဒီသိနေတာပဲ"
"မင်းအဖေပါ... လက်ထပ်ချင်ပြီဆိုကတည်းက ရေချယ်လင်းသိုက်ကိုမှန်းသိတာပေ့ါ။ဘယ်လိုဖြစ်ကျတာလဲ။မင်းက အဲ့ဒီကလေးမနဲ့မှမဟုတ်ရင် ဘယ်သူနဲ့မှ လက်ထပ်မဲ့ကောင်မဟုတ်ဘူးလေ"
အဲ့လောက်ကြီးသိသာနေလို့လားဆိုတဲ့ စိတ်ကြောင့် ထင်လင်းသိုက် ခပ်အေးအေးသာပြုံးမိသည်။
"မင်းဆိုတဲ့ကောင်ကလေ။ချစ်သာချစ်တာ... လက်ထပ်ဖို့မလုပ်လောက်ဘူးလို့ အထင်သေးခဲ့တာကွ အခုကျ ဗြုန်းစားကြီးပါလား"
"ဒယ်ဒီ့ကိုအသိမပေးသလိုဖြစ်သွားရင် ကိုယ်တောင်းပန်ပါတယ်။ဒါပေမဲ့ အခုအခြေအနေက ကိုယ့်အတွက်လည်း ရုတ်တရက်ဖြစ်သွားခဲ့တော့..."
"ဘယ်လိုဖြစ်ကျတာလဲ"
"ကိုယ်က မီးငယ်ကို ..."
"ဘာလုပ်လိုက်တာလဲ...မင်း မဟုတ်မှ ကလေးကို"
"ဒယ်ဒီထင်တဲ့အခြေအနေထိတော့မရောက်ပါဘူး။ ဒါပေမဲ့ ကလေးကိုတော့ တာဝန်ယူရမယ်လေ"
"ဆိုတော့က မင်းကမချစ်ပဲတာဝန်ယူရမယ်ပေါ့"
"ချစ်ပါတယ်၊မီးငယ်ကို ကိုယ်ချစ်တယ်ဒယ်ဒီ"
"ကလေးမကရော ဘယ်လိုဆန္ဒရှိသလဲ။မင်္ဂလာပွဲအတွက်ရော တောင်းရမ်းဖို့ရော"
"အဆင်မပြေမှန်းသိပေမဲ့ ဒယ်ဒီသာ ဒီကိုလာနိုင်ရင်ကောင်းမှာပဲ"
ဒယ်ဒီနဲ့သူ့ကြား တစ်ခဏမျှတိတ်ဆိတ်သွားသော်လည်း မကြာပါ...ရယ်သံသဲ့သဲ့နဲ့အတူ...
"လာရမှာပေါ့။မင်းတို့သာ တိုင်ပင်ကျစမ်းပါ။
လန်ဒန်မှာပဲ မင်္ဂလာပွဲလုပ်မလား တိုင်ပင်ကျ"
"ဒယ်ဒီ ဒီမင်္ဂလာပွဲကိုသဘောတူတာလား"
"ကိုယ့်သားက ငမ်းငမ်းတတ်ဖြစ်နေမှတော့
မတူလို့ရမလား။အစထဲက ညားမယ်ထင်ပြီးသား ... မင်းတို့ ဖွင့်ပြောတာ နောက်တောင်ကျသေးတယ်"
"ကိုယ်က ဒယ်ဒီစိတ်ဆိုးမယ်ထင်နေတာ"
"စိတ်ဆိုးတယ် ။မင်းလိုချင်ရင် ခမ်းခမ်းနားနားတောင်းယူရမှာပေါ့...အခုတော့ ကလေးကို"
"ကိုယ်ထပ်ပြီးတောင်းပန်ပါတယ်"
"တော်စမ်းပါ။လွန်ခဲ့တဲ့နှစ်တွေတုန်းကလည်း
ငါ့သားလေးလိမ္မာလှ လိမ္မာလှနဲ့ ချီးမွှမ်းလို့မဆုံးသေးဘူး ၃နှစ်သမီးလေးကိုအိမ်ပေါ်ခေါ်တင်လာတယ်။အဲ့ဒီကတည်းက မွေးပြီးပြန်စားလိမ့်မယ်လို့ ငါထင်ခဲ့သားပဲထင်လင်းသိုက်ရဲ့"
"ဒယ်ဒီသဘောမတူဘူးပဲ ကိုယ်ထင်နေတာ"
"ဘာဖြစ်လို့လည်း ရေချယ်လင်းသိုက်က ယူကီကိုရဲ့သမီးမို့... Lightရဲ့အမွေဆက်ခံသူမို့လား"
"ဒယ်ဒီ !! "
"ကလေးမနဲ့အတူ ဘဝတစ်ခုထူထောင်ဖို့စိတ်ကူးထားရင် အတိတ်တွေကိုမေ့ထားလိုက်စမ်းပါ။ကလေးမ တစ်ဘဝလုံးကောင်းကောင်းမွန်မွန်စောင့်ရှောက်ပေးပြီးပြီပဲမဟုတ်လား"
"ဒယ်ဒီအထင်လွဲနေပြီထင်တယ်။ကိုယ် မီးငယ်ကို စောင့်ရှောက်ခဲ့တာက သူမမိဘတွေကြောင့် အပြစ်ရှိတယ်ခံစားရလို့မဟုတ်ဘူး။မီးငယ်ကိုချစ်လို့ပါ"
"ဒါဖြင့် မင်းပြောခဲ့သလို ခေါ်လာလို့ချစ်တာမဟုတ်ဘူး၊ချစ်လို့ခေါ်လာတာပေါ့။လင်းသိုက်... မင်းတကယ် ဉာဏ်များတဲ့ကောင်ပဲ။မင်းရဲ့အိမ်၊ပိုင်ဆိုင်မှုတွေအကုန်ကရော ရေချယ်လင်းသိုက်နာမည်နဲ့ပဲလား"
"ဟုတ်တယ်ဒယ်ဒီ"
"ကောင်းကွာ."
"မီးငယ်အပြစ်မဟုတ်ပါဘူး။ကိုယ့်အပြစ်ပါ"
"အေး မင်းအပြစ်။ကိုယ့်အပြစ် ကိုယ်သိရင် ကလေးမကို စိတ်ဆင်းရဲအောင်မလုပ်နဲ့"
မချစ်ဘူးငြင်းနေပေမဲ့ သိသာလွန်းစွာ မီးငယ်ကိုအချစ်ပိုနေတဲ့ ဒယ်ဒီ့အကြောင်း သူအသိဆုံးပင်။
ဒီလောက်ချစ်ရတဲ့ကလေးမလေးကို ဘယ်လိုဖြစ်ပြီး စိတ်ဆင်းရဲအောင်လုပ်ပါ့မလဲ။ထင်လင်းသိုက် အကြောက်ဆုံးက မီးငယ်စိတ်ဆင်းရဲမှာကိုသာ။
To Be Continue .... Part - 63
Zawgyi
"ရပါတယ္ကြာ...ဒါေတြကေျပာစရာမွမလိုတာ"
"မဟုတ္ဘူး။မင္းကိုအားနာလို႔။ဧည္သည္ေတြက ခ်က္ခ်င္းသြားခ်င္ေတာ့...ႀကိဳၿပီးအေၾကာင္းမၾကားလိုက္ရသလိုျဖစ္သြားတာ"
"အားနာစရာလည္းမဟုတ္ ကိုယ္တို႔ဟိုတယ္က ဧည့္သည္ေတြ ျပင္ဦးလြင္ဆင္းခ်င္ရင္ မင္းဆီလြတ္ရတာပဲ။အခုလည္း အခန္းလြတ္ေတြရွိပါတယ္"
"ဒါဆိုလည္း မင္းပဲအကူအညီေတာင္းရေတာ့မယ္"
"သြားႀကိဳရမဲ့လိပ္စာေတာ့ ပို႔ထားအုံးေနာ္"
"ေအးပါ... ေက်းဇူးကြာ"
"ေနဗ်ဴဟာမင္းဆိုတဲ့ေကာင္က နရင္းရိုက္ခံခ်င္ၿပီထင္တယ္"
"ဟား ... "
"ဒါပဲ မင္းနဲ႕ေျပာရတာ အကုသိုလ္မ်ားတယ္"
တိခနဲခ်လိဳက္တဲ့ဖုန္းမွာ ေနဗ်ဴဟာမင္းရဲ႕ ရယ္သံက ကပ္ပါလာေသးသည္။လုပ္ငန္းတူပါတနာမို႔ သူနဲ႕ ေနဗ်ဴဟာမင္းက ရင္းႏွီးတဲ့အသိမိတ္ေဆြေတြပင္။
"အဟက္ ! ဘယ္သူနဲ႕မ်ားေျပာေနလို႔ အဲ့ေလာက္ထိ ၿပဳံး႐ႊင္ေနတာလည္း"
ထိုစဥ္ ဂုဏ္နဂါးထိုင္ေနတဲ့ဒန္းေပၚ ဝင္ထိုင္လာတဲ့ မင္းသန့္ဆီက ခပ္႐ြဲ႕႐ြဲ႕စကားက နားထဲၾကားရဆိုးစြာ...
"ဟင္ ဘယ္သူနဲ႕ေျပာေနတာလည္း"
"ေနဗ်ဴဟာမင္း"
"ေယာက်ာ္းေလးပဲ"
"မိန္းမရွိတယ္"
"ေၾသာ္"
"ေနဗ်ဴဟာမင္းကိုမင္းသိၿပီးသားပဲ မင္းသန့္"
"သိတယ္ေလ။အဲ့တာဘာျဖစ္သလည္း..."
သူေမးရမည့္ေမးခြန္းကို အရင္ေမးသြားတဲ့မင္းသန့္က အိမ္ႀကီးဆီကိုသာေငးၾကည့္ေနသည္။
"မင္းကိစၥရွိေသးလား။မရွိရင္ ငါနားေတာ့မလို႔"
"မနားရဘူး"
"မင္းဆီကဆုံးျဖတ္ခ်က္ေတာင္းေနတာမဟုတ္ဘူး။နားေတာ့မယ္ဆိုတာကို အသိေပးေနတာ"
"ေမာင္ကလည္း မနားရဘူးလို႔ေျပာေနတာ"
"ငါတစ္ေနကုန္မနားရေသးဘူးမင္းသန့္။မင္းစကားေျပာခ်င္ရင္ မနက္ျဖန္မနက္မွပဲေျပာေတာ့။ အခုေတာ့ အိပ္ေတာ့မယ္"
"တျခားသူနဲ႕က်ေတာ့ အၾကာႀကီးေျပာေနတာပါ။ မင္းလိုေျပာေၾကးဆို ေမာင္လည္းတစ္ေနကုန္မနားရပါဘူး"
ေကာင္မေလးနဲ႕ေလွ်ာက္လည္ေနရလို႔ မနားရတာလားလို႔ ေမးလိုက္ခ်င္ေပမဲ့ လက္ေတြ႕က်ေတာ့ ထိုစကားကထြက္မလာပါ။ေန႕လည္က မီးငယ္ေလးဆီသြားရင္း မင္းသန့္နဲ႕ကေလးမေလးတစ္ေယာက္ဖက္ကာ ပူးတြဲေနတဲ့ပုံကိုျမင္ခဲ့ရသည္ေလ။
"ဘာေျပာစရာရွိတာလည္း"
"ေမာင့္အေပၚေအးစက္သြားသလိုပဲ...ခံစားမိတာ မဟုတ္ပဲ အေသအခ်ာသိေနတာပါ။မင္း ေမာင့္အေပၚ အရင္ကလို မဟုတ္ေတာ့ဘူး။ဘာျဖစ္လို႔လည္း ေအဇင္နဲ႕လက္ထပ္ဖို႔ သေဘာမတူလို႔ ပညာျပေနတာလား"
"မဆိုင္ပါဘူး။ေအဇင္နဲ႕က မင္းလက္မခံရင္ေတာင္ ငါသာစိတ္ပါရင္လက္ထပ္လို႔ရတာပဲ"
"အဲ့တာဆို ဘာျဖစ္လို႔ေအးစက္စက္ျဖစ္ေနတာလည္း"
"မင္းစိတ္ထင္လို႔ပါ။အရင္လိုပါပဲ...ဘာမွ ေျပာင္းလဲသြားတာမရွိဘူး"
"မဟုတ္ေသးဘူးနဂါး။မင္း ေမာင့္ကိုအရင္လိုမဟုတ္ေတာ့ဘူး"
"ဟင္း..."
မလြယ္တာမို႔ ေခါင္းခါလိုက္ေတာ့ မင္းသန့္ကသူ႕ထံ စိတ္ဝင္တစားၾကည့္လာသည္။
"မင္းေျပာင္းလဲသြားတာ"
"ငါ့ကိုအျပစ္မတင္ပါနဲ႕မင္းသန့္။မင္းကအရင္ ေဗြေဖာက္တာေလ... အဲ့တာေၾကာင့္အခုလိုေတြျဖစ္တာ"
"ေမာင္က ဘာကို..."
"အဲ့ဒီေမာင္ ဆိုတာပဲ"
"အရင္လို မင္းနဲ႕ငါေျပာမွ ... အရင္လိုေႏြးေထြးမယ္ေပါ့"
"အဲ့တာကပိုမေကာင္းဘူးလား။မင္းကိုယ္မင္း ေမာင္လို႔ သုံးေနတာကမွ ပိုၿပီးေဝးသြားေစတာ"
"ဒါဆို အရင္လိုပဲျပန္ေျပာင္းသုံးေပးမယ္ အိုေကလား"
"ေအး ၿပီးေရာ"
တိတ္ဆိတ္သြားျပန္သည့္ မင္းသန့္ေၾကာင့္ သက္ျပင္းမခ်မိေအာင္ထိမ္းရသူက ဂုဏ္နဂါးပင္။မင္းသန့္လို လူက ေယာက်ာ္းတစ္ေယာက္ကိုခ်စ္ဖို႔မွ မျဖစ္နိုင္တာ။
"အဲ့တာထပ္ မင္း တကယ္ပဲေအဇင္နဲ႕လက္ထပ္မွာလား။မီးငယ္ကိုေရာ ေျပာၿပီးၿပီလား၊ေမးၿပီးၿပီလား"
"အေလာတႀကီးမဟုတ္ဘူးလို႔ေျပာၿပီးသားပဲ။ၿပီးေတာ့ လက္ထပ္မယ္ဆိုတာကလည္း ေျပာထားယုံပဲ...အဲ့ဒီ ကိစၥနဲ႕ပတ္သက္ၿပီး အခ်င္းခ်င္းတိုင္ပင္ထားတာမ်ိဳး မရွိေသးပါဘူးကြာ"
"ရွိလာေတာ့မယ္လို႔ ဆိုလိုတာေပါ့"
"မီးငယ္သေဘာပါ။မီးငယ္က သေဘာတူမွ...ဆက္ၿပီး စဥ္းစားျဖစ္မယ္"
"အဲ့တာဆို မီးငယ္လက္ခံ၊မခံမႈတည္တာေပါ့"
"အင္း ... ဟုတ္တယ္"
"yes !! ဒါပဲေလ"
လက္ေျဖာက္တီးရင္း မင္းသန့္စိတ္ကျပန္႐ႊင္လာသည္။မီးငယ္သာဆို မင္းသန့္ၿပဳံးေမာင္အတြက္ အခြင့္အေရးရွိေသးသည္။နဂါးလက္မထပ္သြားဖို႔ မီးငယ္ကိုသူသိမ္းသြင္းလို႔ရေသးသည္။အဓိက က ဂုဏ္နဂါး မိန္းမမယူပဲ သူ႕အနားမွာေနဖို႔သာလို၏။
"မင္းေရာ...အိမ္ေထာင္ျပဳဖို႔စိတ္ကူးရွိလား"
"ဟမ္ ငါလား"
"အင္း မင္းေျပာဖူးတယ္ေလ... မီးငယ္ကို စိတ္ခ်ရတဲ့သူေတြ႕တဲ့အခ်ိန္ မင္းလည္းခ်စ္သူေတြ႕ရင္ လက္ထပ္မယ္ဆို"
"ဟာ အဲ့တာဘယ္တုန္းေျပာခဲ့လည္း ေမ့ေနၿပီ"
"အခုဆို ငါတို႔သမီးေလးလည္း စိတ္ခ်ရတဲ့သူနဲ႕လက္ထပ္ေတာ့မယ္။မင္းလည္း ခ်စ္သူကအရံသင့္ရွိတယ္မလား"
"ခ်စ္သူလား"
"မင္းတြဲေနတဲ့ေကာင္မေလးေတြ"
"ေၾသာ္ ေဟာ့ အဲ့တာခ်စ္သူမဟုတ္ဘူး။ရည္းစားေတြပါ။ခ်စ္သူနဲ႕ ရည္းစားဆိုတာ ေမာင့္အတြက္က် အကြာႀကီး ေမာင့္နဂါးေလးရဲ႕။ရည္းစားဆိုတာ အေပ်ာ္ပဲ၊ လက္တေလာရင္ခုန္မႈေၾကာင့္...လက္တေလာတြဲခ်င္တဲ့ စိတ္ဆႏၵေၾကာင့္ တြဲလိုက္ယုံပဲ။ခ်စ္သူက်ေတာ့ မတူေတာ့ဘူး... အခုခ်ိန္ထိ ေမာင့္မွာခ်စ္သူမရွိေသးဘူး။ခ်စ္သူက်ေတာ့ကြာ... ေမာင့္ဘဝတစ္ခုလုံးနဲ႕ ရင္းၿပီးခ်စ္မဲ့သူ၊တစ္ဘဝလုံးစာလက္တြဲခ်င္တဲ့သူ၊ေျပာရရင္ ရတနာေလးေပါ့ဗ်ာ"
"ေတာ္ေတာ္ေလးတရားက်ဖိဳ႕ေကာင္းတဲ့ေကာင္ပဲ၊ တြဲခဲ့တဲ့ရည္းစားေတြကို နည္းနည္းေလးေတာင္အားမနာဘူးလား"
"no ပါ ၊သူတို႔ကိုလည္းေမးၾကည့္ပါအုံး။ဘယ္သူကမွ စြဲစြဲလမ္းလမ္းျဖစ္မေနဘူး။သာယာမႈအရ တြဲတယ္။ကီးမကိုက္ရင္ေအးေဆးလမ္းခြဲလိုက္တယ္ ဒါပဲ"
မင္းသန့္ကိုၾကည့္ရတာ ေပါ့ပ်က္ပ်က္နိုင္လြန္းတယ္။ ဒါဟာ မခ်စ္တတ္ေသးလို႔လား...မခ်စ္ဘူးေသးလို႔လား စဥ္းစားစရာပင္။အက်င့္ပါသြားတဲ့ 'ေမာင္'ဆိုတဲ့ အသုံးကို အသုံးဖို႔ေျပာထားသူကလည္း သူဆိုေပမဲ့ ႐ုတ္တရက္မထိမ္းခ်ဳပ္နိုင္တဲ့ မင္းသန့္လိုလူမ်ိဳးအတြက္ ရတနာက ဘယ္သူျဖစ္မလည္းက စိတ္ဝင္စားဖို႔ေကာင္းသည္။
:::::::::::::
ညဖက္မွသာျမင္ရတဲ့ ၾကယ္နဲ႕လတို႔က ရင္ကိုေအးေစဖို႔ မစြမ္းေဆာင္နိုင္။ဝရံတာမွာ အခ်ိန္အၾကာႀကီးရပ္ကာ ၾကည့္ေနေပမဲ့ ညရဲ႕ေအးခ်မ္းမႈက ထင္လင္းသိုက္အတြက္ ေအးခ်မ္းမႈမရေစခဲ့ပါ။
ထို႔ေၾကာင့္ ထင္လင္းသိုက္ဦးတည္လာခဲ့တာက မီးငယ္အခန္းကို။မနက္၁နာရီဆိုတဲ့အခ်ိန္က မီးငယ္ေကာင္းေကာင္းအိပ္ေပ်ာ္ေနဖို႔ လုံေလာက္ၿပီေလ။
သူ႕ရဲ႕ကေလးမေလးက အအိပ္မက္သည္မို႔ ညဘက္ေတြဆို ၁၂နာရီရဲ႕ဟိုးဖက္ထိ မအိပ္ပဲေနတာမ်ိဳး မရွိပါဘူး။
အခန္းတံခါးကိုခပ္ေျဖးေျဖးတြန္းဖြင့္လိုက္ေတာ့ ထင္သည့္အတိုင္း... မီးငယ္ကအိပ္ေပ်ာ္ေနၿပီ။ညမီးအိမ္ရဲ႕ ဝါက်င့္က်င့္မီးေရာင္သာ ရွိေနတဲ့အခန္းေလးက အထဲကိုဝင္လိုက္တာနဲ႕ ေမႊးပ်ံ့ေသာရနံ႕က စီးႀကိဳေနသည္။ ခ်ိဳအီအီပန္းရနံ႕ေလး...အတိအက်ေျပာရရင္ ႏွင္းဆီဝါရနံ႕ေလးက မီးငယ္ရဲ႕မူပိုင္ကိုယ္သင္းရနံ႕ေလးပင္။
အပူအပင္ကင္းစြာအိပ္ေပ်ာ္ေနတဲ့မ်က္ႏွာေလးကို ၾကည့္ရဖို႔ ကုတင္အစြန္းမွာတင္ပါးလႊဲဝင္ထိုင္သည္။
"မီးငယ္... အိပ္ၿပီလား"
ေမးလိုက္ေပမဲ့ မီးငယ္ကေတာ့ အသက္ရႉသံမွန္မွန္နဲ႕ အိပ္ေမာက်ေနဆဲပင္။အ႐ူးမေလး...စိတ္ထင္ရာ ေလွ်ာက္လုပ္ထားၿပီး သူမေလးကေတာ့ အိပ္ေနတယ္ေပါ့။ကိုယ့္မွာသာ ပိုင္ဆိုင္ရဖို႔မဝံ့မရဲျဖစ္ေနရတာ။
မီးငယ္ရဲ႕ပါးအိအိေလးကိုအုပ္ကိုင္ရင္း သူ႕အနမ္းတခ်ိဳ႕က မီးငယ္နဖူးေလးဆီကို။ခ်စ္ရတဲ့ကေလးမေလးေၾကာင့္သာ သူ႕ရဲ႕စိတ္ေတြက ေအးခ်မ္းမႈရတာ။
"တန္ရဲ႕လားမီးငယ္ရယ္...ကိုယ္လို႔လူက မီးငယ္ကို ပိုင္ဆိုင္ခြင့္ရဖို႔ တန္ရဲ႕လား ကိုယ္မသိေတာ့ဘူး"
ထင္လင္းသိုက္အတြက္ေတာ့ ေရခ်ယ္လင္းသိုက္ဆိုတဲ့ မီးငယ္ဟာ တန္ဖိုးျဖတ္မရတဲ့ရတနာတစ္ပါး။ ကိုယ္တိုင္လည္းပိုင္ဆိုင္ဖို႔ မႀကိဳးစားရဲတဲ့အထိ တန္ဖိုးႀကီးသလို... သူမ်ားလက္ထဲထည့္ေပးဖို႔ကိုကလည္း ဘယ္လိုမွမျဖစ္နိုင္ေတာ့တာ ေသခ်ာသည္။ မီးငယ္ ကိုယ္တိုင္က လိုလိုလားလားေပးအပ္ေနတာေတာင္... အဲ့လိုေပးလိုက္ရဖို႔ ဒီကေလးေလး ေနာင္တရေနမွာမ်ိဳးျဖစ္မွာ သူစိုးရိမ္သည္။တစ္ခ်ိန္ခ်ိန္မွာ မီးငယ္ခ်စ္ရသူနဲ႕ေတြ႕ရင္ ထင္လင္းသိုက္ဟာ အေႏွာင့္အယွက္ျဖစ္လာမွာလား... အရာအားလုံးမွာ မီးငယ္စိတ္ေလး ၿငိဳျငင္ရမွာကိုသာ သူအေၾကာက္ဆုံးျဖစ္သည္။ သူ႕ကို ေ႐ြးခ်ယ္မိလို႔ မီးငယ္ေနာင္တရမွာကို ေၾကာက္သည္။ ဒီကေလးစိတ္မခ်မ္းသာေတာ့မွာ သူေၾကာက္သည္။
"ခ်စ္တယ္ ။ ကိုယ္ မီးငယ္ကိုခ်စ္တယ္"
ပထမဆုံးႏႈတ္ထြက္ဝန္ခံမိတဲ့စကားလုံးက နားေထာင္သူမရွိေပမဲ့ ထင္လင္းသိုက္ရင္ထဲေပါ့ပါးသြားသည္။ ခ်စ္တယ္၊သိပ္ခ်စ္တယ္၊ထင္လင္းသိုက္အတြက္က မီးငယ္ကို ခ်စ္ေပးရတာနဲ႕တင္ လုံေလာက္တာပဲ။မီးငယ္က မခ်စ္ေပးတတ္လည္း ကိစၥမရွိဘူး။ကေလးေလးမို႔ သူကပဲ အရာရာကိုခြင့္လႊတ္ေပးၿပီးသား။
"ပိုင္ဆိုင္ရေတာ့မယ္တဲ့... မီးငယ္ကိုပိုင္ရဖို႔က ဟား...အိပ္မက္လိုပဲ၊မီးငယ္သိလား၊မီးငယ္က ကိုယ့္အတြက္ သိပ္ၿပီးတန္ဖိုးရွိတဲ့ကေလး"
နဖူးထပ္ဝဲက်ေနတဲ့ မီးငယ္ရဲ႕ဆံပင္ေတြကိုသပ္တင္ေပးရင္း သေဘာက်စြာၿပဳံးမိျပန္သည္။ႏွစ္လိုဖြယ္ေကာင္းတဲ့ မ်က္ႏွာလွလွေလးေတြ၊ခ်စ္စဖြယ္အမႈအရာေလးေတြနဲ႕ သူပ်ိဳးေထာင္ခဲ့တဲ့ပန္းေလးတစ္ပြင့္တဲ့။
မွန္သည္။မီးငယ္က သူ႕အတြက္အရာအားလုံးပဲ။
သူ႕ရဲ႕ခႏၶာ၊စိတ္ဝိညာဥ္မွာ အျပည့္အဝေနရာယူထားတဲ့သူက မီးငယ္ပဲ။ လူမမယ္ကေလးေလးကို စခ်စ္ခဲ့ရသလို ... ယခု လူႀကီးေပါက္စေလးျဖစ္လာသည္အထိ
သူ႕အခ်စ္ေတြကေလ်ာ့မသြားခဲ့ပါ။မီးငယ္အတြက္ဆို အားလုံးျဖည့္စည္းေပးဖို႔ အဆင္သင့္ျဖစ္ေနသည္။
ခ်စ္စိတ္တို႔နဲ႕အတူ မီးငယ္နဖူးေလးကိုငုံ႕နမ္းမိစဥ္...
"အဟိ ... "
ရယ္သံေလးေၾကာင့္ ထင္လင္းသိုက္ကိုယ္က ဆတ္ခနဲမတ္သြားရ၏။
"မီးငယ္... နိုးေနတာလား"
"ဟုတ္ပါဘူး...နိုးပါဘူး"
"အင္း မနိုးဘူးလား။နိုးသြားရင္ ျပန္ခ်ီၿပီးသိပ္ေပးမလို႔ေလ... မနိုးဘူးဆိုေတာ့လည္း"
"ဟာ !! မဟုတ္ဘူး နိုးၿပီ နိုးၿပီ ... ေပြ႕ အန္ကယ္ေၾကာင့္ အိပ္ေရးပ်က္ကုန္ၿပီ"
"မနိုးဘူးဆို"
"ဟီး အဲ့တာလိမ္တာ"
ေအးခ်မ္းတဲ့အၿပဳံးေလးေတြနဲ႕ မီးငယ္က သူ႕လည္တိုင္ကိုဖက္၍ ထိုလည္တိုင္ဆီကိုပဲ မ်က္ႏွာအပ္လာသည္။
"အိပ္ေလ... မနက္က်အတန္းလည္းတတ္ရအုံးမယ္"
"အန္ကယ္"
"အင္း"
"ခ်စ္တယ္လား"
"အင္း"
"အမ်ားႀကီးခ်စ္တယ္လား"
"အင္း"
"အဲ့တာဆို ေရခ်ယ့္ကိုလက္ထပ္ေနာ္"
"မီးငယ္ ! "
"အင္း လို႔ပဲေျပာရမွာေလ။ဘာလို႔ မီးငယ္တာလည္း"
အိပ္ခ်င္မူးတူးအသံေလးေၾကာင့္ ထင္လင္းသိုက္ၿပဳံးမိျပန္သည္။မီးငယ္ရဲ႕ေျခေထာက္ကေနဆြဲယူေပြ႕ခ်ီကာ သူ႕ေပၚတင္ေပးလိုက္ေတာ့ ရင္ခြင္ထဲမ်က္ႏွာကပ္ကာ မ်က္လုံးေလးမွိတ္ထား၏။
"မီးငယ္ ကိုယ့္ကိုလက္ထပ္လိုက္ရလို႔ ေနာင္တမရမွာေသခ်ာလို႔လား"
" ဟိုက္"
"ကိုယ့္ထပ္ ငယ္ငယ္၊ေခ်ာေခ်ာေလးေတြ႕ရင္ေရာ"
"ေရခ်ယ္က အသက္ငယ္တဲ့လူကိုမႀကိဳက္လို႔ အသက္ႀကီးတဲ့ အန္ကယ့္ကိုရေအာင္ယူခဲ့တာပါဆို"
"ကိုယ့္ကိုမွလား"
"ဟိုက္ အန္ကယ့္ကိုလက္ထပ္ခ်င္တဲ့ အေၾကာင္းျပခ်က္ ၃ခ်က္ရွိတယ္။ပထမအခ်က္က ခ်စ္လို႔။ဒုတိယအခ်က္က ေရခ်ယ့္ကိုငယ္ငယ္ထဲက ေမြးစားထားခဲ့တဲ့သူမို႔... အဲ့တာဆိုေတာ့ ေရခ်ယ္ဘာေတြျဖစ္ခဲ့လည္း၊လုပ္ခဲ့လည္းအကုန္သိေတာ့ ထပ္ေျပာျပဖို႔မလိုေတာ့ဘူးေလ"
"ေၾသာ္"
ထူးဆန္းလြန္းသည့္အေၾကာင္းျပခ်က္မို႔ ထင္လင္းသိုက္ပင္ မ်က္ခုံးပင့္လာသည္။
"ေနာက္ဆုံးအခ်က္ကက်ေတာ့ ဟီး အန္ကယ္ကခ်မ္းသာတယ္ေလ။ရွာၿပီးေဖြၿပီး... ၿပီးေတာ့ ပေရာ္ဖက္ဆာႀကီး"
"အဲ့ဒီေတာ့ ကိုယ္ကခ်မ္းသာလို႔ လက္ထပ္ခ်င္တာေပါ့"
"အဲ့လိုၾကမ္းၾကမ္းတမ္းတမ္းႀကီးမေတြးပါနဲ႕ ခ်စ္လို႔ပါဆို။ေနာ္... အန္ကယ္ရယ္။ေရခ်ယ္က ခ်စ္လို႔ပါ"
ခြၽဲႏြဲ႕တဲ့အသံေလးက ႏွစ္လိုဖြယ္အျပည့္နဲ႕ ဒီကေလးကို မခ်စ္ပဲ သူဘယ္လိုေနနိုင္မွာလည္း။ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနၿပီးမွ နိုးလာတဲ့မီးငယ္က အခုထိလည္း သူ႕ကိုမွီၿပီးအိပ္ေနေသးသည္။
"အိပ္ခ်င္တာကို ထလာေသးတယ္။အိပ္ အိပ္ ကိုယ္ရွိတယ္"
ေက်ာကိုဖြဖြပြတ္ေပးေတာ့ မီးငယ္ကၿငိမ္ၿငိမ္ေလးပဲ အိပ္သြားသည္။ထင္လင္းသိုက္ရဲ႕ ပိုင္ဆိုင္မႈေတြက မီးငယ္နာမည္နဲ႕ပဲရွိေနခဲ့တာကို မသိတဲ့အ႐ူးမေလးေတာ့
ပိုက္ဆံမရွိတဲ့အဖိုးႀကီးနဲ႕ လက္ထပ္ရေတာ့မယ္။
::::::::::::
"ကိုယ္လက္ထပ္ေတာ့မယ္ ဒယ္ဒီ"
"အိပ္မက္ေယာင္ေနတာလား။ကေယာင္ကတမ္းနဲ႕"
"မဟုတ္ဘူးဒယ္ဒီ။ကိုယ္လက္ထပ္ခ်င္ၿပီ"
"ဘာလည္း မင္းရဲ႕ေမြးစားသမီးေလးက လက္ထပ္ခ်င္ၿပီတဲ့လား"
"အင္း ဒယ္ဒီသိေနတာပဲ"
"မင္းအေဖပါ... လက္ထပ္ခ်င္ၿပီဆိုကတည္းက ေရခ်ယ္လင္းသိုက္ကိုမွန္းသိတာေပ့ါ။ဘယ္လိုျဖစ္က်တာလည္း။မင္းက အဲ့ဒီကေလးမနဲ႕မွမဟုတ္ရင္ ဘယ္သူနဲ႕မွ လက္ထပ္မဲ့ေကာင္မဟုတ္ဘူးေလ"
အဲ့ေလာက္ႀကီးသိသာေနလို႔လားဆိုတဲ့ စိတ္ေၾကာင့္ ထင္လင္းသိုက္ ခပ္ေအးေအးသာၿပဳံးမိသည္။
"မင္းဆိုတဲ့ေကာင္ကေလ။ခ်စ္သာခ်စ္တာ... လက္ထပ္ဖို႔မလုပ္ေလာက္ဘူးလို႔ အထင္ေသးခဲ့တာကြ အခုက် ျဗဳန္းစားႀကီးပါလား"
"ဒယ္ဒီ့ကိုအသိမေပးသလိုျဖစ္သြားရင္ ကိုယ္ေတာင္းပန္ပါတယ္။ဒါေပမဲ့ အခုအေျခအေနက ကိုယ့္အတြက္လည္း ႐ုတ္တရက္ျဖစ္သြားခဲ့ေတာ့..."
"ဘယ္လိုျဖစ္က်တာလည္း"
"ကိုယ္က မီးငယ္ကို ..."
"ဘာလုပ္လ္ိုက္တာလည္း...မင္း မဟုတ္မွ ကေလးကို"
"ဒယ္ဒီထင္တဲ့အေျခအေနထိေတာ့မေရာက္ပါဘူး။ ဒါေပမဲ့ ကေလးကိုေတာ့ တာဝန္ယူရမယ္ေလ"
"ဆိုေတာ့က မင္းကမခ်စ္ပဲတာဝန္ယူရမယ္ေပါ့"
"ခ်စ္ပါတယ္၊မီးငယ္ကို ကိုယ္ခ်စ္တယ္ဒယ္ဒီ"
"ကေလးမကေရာ ဘယ္လိုဆႏၵရွိသလည္း။မဂၤလာပြဲအတြက္ေရာ ေတာင္းရမ္းဖို႔ေရာ"
"အဆင္မေျပမွန္းသိေပမဲ့ ဒယ္ဒီသာ ဒီကိုလာနိုင္ရင္ေကာင္းမွာပဲ"
ဒယ္ဒီနဲ႕သူ႕ၾကား တစ္ခဏမွ်တိတ္ဆိတ္သြားေသာ္လည္း မၾကာပါ...ရယ္သံသဲ့သဲ့နဲ႕အတူ...
"လာရမွာေပါ့။မင္းတို႔သာ တိုင္ပင္က်စမ္းပါ။
လန္ဒန္မွာပဲ မဂၤလာပြဲလုပ္မလား တိုင္ပင္က်"
"ဒယ္ဒီ ဒီမဂၤလာပြဲကိုသေဘာတူတာလား"
"ကိုယ့္သားက ငမ္းငမ္းတတ္ျဖစ္ေနမွေတာ့ မတူလို႔ရမလား။အစထဲက ညားမယ္ထင္ၿပီးသား ... မင္းတို႔ ဖြင့္ေျပာတာ ေနာက္ေတာင္က်ေသးတယ္"
"ကိုယ္က ဒယ္ဒီစိတ္ဆိုးမယ္ထင္ေနတာ"
"စိတ္ဆိုးတယ္ ။မင္းလိုခ်င္ရင္ ခမ္းခမ္းနားနားေတာင္းယူရမွာေပါ့...အခုေတာ့ ကေလးကို"
"ကိုယ္ထပ္ၿပီးေတာင္းပန္ပါတယ္"
"ေတာ္စမ္းပါ။လြန္ခဲ့တဲ့၁၇ႏွစ္ေက်ာ္ကလည္း ငါ့သားေလးလိမၼာလွ လိမၼာလွနဲ႕ ခ်ီးမႊမ္းလို႔မဆုံးေသးဘူး ၃ႏွစ္သမီးေလးကိုအိမ္ေပၚေခၚတင္လာတယ္။အဲ့ဒီကတည္းက ေမြးၿပီးျပန္စားလိမ့္မယ္လို႔ ငါထင္ခဲ့သားပဲထင္လင္းသိုက္ရဲ႕"
"ဒယ္ဒီသေဘာမတူဘူးပဲ ကိုယ္ထင္ေနတာ"
"ဘာျဖစ္လို႔လည္း ေရခ်ယ္လင္းသိုက္က ယူကီကိုရဲ႕သမီးမို႔... Lightရဲ႕အေမြဆက္ခံသူမို႔လား"
"ဒယ္ဒီ !! "
"ကေလးမနဲ႕အတူ ဘဝတစ္ခုထူေထာင္ဖို႔စိတ္ကူးထားရင္ အတိတ္ေတြကိုေမ့ထားလိုက္စမ္းပါ။ကေလးမ တစ္ဘဝလုံးေကာင္းေကာင္းမြန္မြန္ေစာင့္ေရွာက္ေပးၿပီးၿပီပဲမဟုတ္လား"
"ဒယ္ဒီအထင္လႊဲေနၿပီထင္တယ္။ကိုယ္ မီးငယ္ကို ေစာင့္ေရွာက္ခဲ့တာက သူမမိဘေတြေၾကာင့္ အျပစ္ရွိတယ္ခံစားရလို႔မဟုတ္ဘူး။မီးငယ္ကိုခ်စ္လို႔ပါ"
"ဒါျဖင့္ မင္းေျပာခဲ့သလို ေခၚလာလို႔ခ်စ္တာမဟုတ္ဘူး၊ခ်စ္လို႔ေခၚလာတာေပါ့။လင္းသိုက္... မင္းတကယ္ ဉာဏ္မ်ားတဲ့ေကာင္ပဲ။မင္းရဲ႕အိမ္၊ပိုင္ဆိုင္မႈေတြအကုန္ကေရာ ေရခ်ယ္လင္းသိုက္နာမည္နဲ႕ပဲလား"
"ဟုတ္တယ္ဒယ္ဒီ"
"ေကာင္းကြာ."
"မီးငယ္အျပစ္မဟုတ္ပါဘူး။ကိုယ့္အျပစ္ပါ"
"ေအး မင္းအျပစ္။ကိုယ့္အျပစ္ ကိုယ္သိရင္ ကေလးမကို စိတ္ဆင္းရဲေအာင္မလုပ္နဲ႕"
မခ်စ္ဘူးျငင္းေနေပမဲ့ သိသာလြန္းစြာ မီးငယ္ကိုအခ်စ္ပိုေနတဲ့ ဒယ္ဒီ့အေၾကာင္း သူအသိဆုံးပင္။
ဒီေလာက္ခ်စ္ရတဲ့ကေလးမေလးကို ဘယ္လိုျဖစ္ၿပီး စိတ္ဆင္းရဲေအာင္လုပ္ပါ့မလည္း။ထင္လင္းသိုက္ အေၾကာက္ဆုံးက မီးငယ္စိတ္ဆင္းရဲမွာကိုသာ။
To Be Continue .... Part - 63