Unicode
"Congratulation ကျားပေါက်။အခုတော့ မင်းဘိုးတော်ကိုအပိုင်ရသွားပြီပေါ့"
"ဟိုက် ကိုကို့ကိုဆရာတင်တာမှန်သွားတယ်။ဒါပေမဲ့အန်ကယ်ကအသက်မကြီးသေးပါဘူးဆို"
"၃၇နှစ်က အသက်မကြီးသေးဘူးတဲ့လား။အဲ့အရွယ်ဆို အဖိုးကြီးဖြစ်နေပြီကွ"
"မဟုတ်ဘူး အဖိုးကြီးမဖြစ်သေးပါဘူးဆို။
အန်ကယ်က နုတုန်း"
"အိုနေပါပြီကွာ"
"ဟင့်အင်း ဟင့်အင်း မအိုသေးပါဘူးဆို။အဲ့လိုကြီးမပြောနဲ့"
"ဟ အိုလို့အိုတယ်ပြောတာကို လက်မခံနိုင်ဘူးကြည့်အုံး"
"အီးးဟီးးးအန်ကယ်ကမအိုသေးပါဘူးဆို"
"ဟာ ဟေ့ တကယ်ကြီးငိုတာလား။ဘေဘီ
လုပ်အုံး မောင်မချော့တတ်ဘူး"
"အဲ့ဒီမောင်ကလေ ကလေးပဲလိုက်စနေတဲ့ဟာကို။ အစ်ကိုသိုက်လည်း အဲ့လောက်ထိ
အိုသေးတာမှ မဟုတ်တာ"
မမကဝင်ဆူပေးလိုက်မှ ငြိမ်သွားသည့် ကိုကို့ကို သူမငိုနေသည့်ကြားကပင် လျှာထုတ်ပြောင်ပြလိုက်သေးသည်။
"မငိုနဲ့ရေချယ်လေး။ရေချယ့်ကိုကိုက အဲ့လိုပဲ
တအားအစအနောက်သန်တာ"
"မမ ဆူလိုက်နော်။အန်ကယ်ကအသက်မကြီးသေးပါဘူးဆို..."
"အမယ် ကိုယ့်ဆရာကိုအဲ့လိုကျေးဇူးကန်းရလား"
"ဟင့်အင်း ကိုကိုကအကြံပဲပေးတာ တကယ်လုပ်တာကရေချယ်။ပြီးတော့ အန်ကယ်ကလည်း ရေချယ့်ကိုချစ်လို့ပါနော်"
"ဟုတ်ပါပြီ။အဲ့တာထပ် မင်းဖိုးတော်က တကယ်ရော လက်ထပ်မှာဟုတ်ရဲ့လား။အဲ့ဒီအရွယ်ဖိုးတော်တွေက ပလေးတတ်တယ်နော်...သူငယ်နှပ်စားလေးကို ပစ်ထားခဲ့လိမ့်မယ်"
"အန်ကယ်က လက်ထပ်မှာပါဆို နော့်...မမရယ်"
"အင်းလေမောင်ကလည်း။ကလေးကို မဟုတ်တာတွေလိုက်စမနေပါနဲ့"
"သြော် မောင်ကဖြစ်တတ်တာကိုပြောပြတာပါ။ ရေခဲတောင်ကြီးကိုဖြိုနိုင်မကဖြိုပြီးမှ လက်မထပ်တော့ဘူးဆို ပွဲကလှပြီ"
"ဓာတ်ပုံရိုက်ယူထားတယ်လေ။ရေချယ်လင်းသိုက်ပါ ကိုကိုကလည်း...အဲ့လောက်မတုံးပါဘူး။လက်မထပ်ဘူးပြောရဲပြောကြည့် သတင်းစာ ထဲလည်းထည့်မယ်။ ဖိုးဖိုးကြီးနဲ့လည်းတိုင်မယ်။အန်ကယ်သန့်၊အန်ကယ်နဂါး
တို့နဲ့လည်းတိုင်မယ်"
"ဉာဏ်ကြီးရှင်ပါလားကွ"
screenတစ်ဖက်က အဖြူရောင်ကိုကိုရဲ့စကားကြောင့် ရေချယ်မေးစေ့ကိုပွတ်ကာ ပြောင်စပ်စပ်ရယ်ပါ။ ပြင်သစ်ကပြန်လာကတည်းက မမBirdရဲ့ Igအကောင့်ကိုသိကာ စကားပြောရင်း၊ကိုကိုနဲ့ပါရင်းနှီးလာခဲ့သည်။
"ဒါနဲ့ ရေချယ်က မင်္ဂလာဆောင်ရင် အဲ့ဒီမှာပဲဆောင်မှာလား"
"အရင်ကကျတော့ ကိုကိုနဲ့မမတို့ လာဗင်ဒါပန်းခင်းကြီးထဲမှ မင်္ဂလာဆောင်ချင်တာ"
"ဟာ ဟေ့ ဘယ်ကိုပန်းခင်းထဲလာချင်တာလဲ။
မရဘူးနော်"
"အာ ကိုကိုကလည်း စကားကိုဆုံးအောင်နားထောင်ပါအုံး အဲ့တာအရင်ကပါလို့ပြောနေတာကို"
"ပြီးရော ဆက်ပြော"
"အခုက လန်ဒန်မှာအရင်ဆောင်မှာလို့။ရေချယ်တို့ ငယ်ငယ်ကနေခဲ့တဲ့နေရာလည်းဖြစ်ပြန်...ပြီးတော့ အမှတ်တရတွေလည်းအများကြီးရှိလို့။ကိုကိုနဲ့ မမလည်း လာရမယ်နော်"
"လေယာဥ်ခပေးလေ၊ခရီးစရိတ်ရောပဲ"
"ရေချယ့်မှာပိုက်ဆံမရှိဘူးလေ။ကိုကို့မှာ
Black Cardကြီးတောင်ရှိတာကို။ကိုယ့်ညီမလေး မင်္ဂလာဆောင်မှာပဲ အဲ့ထဲကသုံးပေါ့လို့"
ရေချယ်ပြောလိုက်တော့ ကိုကိုက ဗိုက်ကိုနှိပ်၍ အော်ရယ်လေ၏။
"လက်ဖွဲ့လည်းပေးရအုံးမှာ ရေချယ်လင်းသိုက်ရေ။ ငါ့မှာအဲ့လောက်ထိ ပိုက်ဆံမရှိဘူးဟ"
"အင်းလေ ပေးပေါ့လို့။မမBirdက ရေချယ့်ကို မွေးစားထားတာပဲကို။နော်မမရယ်..မမလာမယ်မလား"
"လာမှာပေါ့ ရေချယ်ရယ်။ရေချယ့်ကိုကိုပြောတာ စိတ်ထဲမထားနဲ့ မမတို့သေချာပေါက်လာခဲ့မှာ"
"ထားပါဘူး မမလာရင် ကိုကိုလည်းလိုက်ခဲ့ရမှာကို တစ်ယောက်ထဲမလာခိုင်းဘူးလေ ရေချယ်သိတာပေါ့"
"ဒီဟာလေးတော့ ကျားစာကျွေးလိုက်ရ"
"သေနတ်နဲ့ပြန်ပစ်မှာပေါ့"
"ရေချယ်လင်းသိုက်က စိတ်ရင်းဆိုးတယ်ဆိုတာ မှန်တာပဲ"
"ကိုကိုကမှစိတ်ရင်းဆိုး"
"အဲ့တာဆို မင်းဦးထင်လင်းသိုက်ကဖိုးတော်ကြီး"
"ကိုကိုကမှ ဖိုးတော်ကြီး ဆံပင်တွေတောင်ဖြူနေပြီ။နော် မမရယ်"
စစ်ကူခေါ်လိုက်တော့လည်း မမကခေါင်းညိတ်တာမို့ ရေချယ့်ဘက်ကအသာကြီးပင်။သို့သော် တစ်ဖက်က ကိုကို့မျက်နှာကြီးက ပုတ်သိုးကာဆူအောင့်နေတာမို့ ထိုတော့မှ သူမသွားတွေပေါ်သည်အထိရယ်ပြကာ ....
"ကိုကို peace နော်"
"အေး peace "
"အန်ကယ်က အင်း ။ကိုကိုက အေး"
"ငါ့မိန်းမကဟင့် မင်းကတဟီးဟီးနဲ့"
"ဒါဆို လန်ဒန်ကိုလာမှာလားဟင်။မမ လာရမယ်နော်။ဒီညီမလေးတစ်ယောက်ထဲရှိတဲ့ဟာကို"
"အေး ။ မင်းဖိုးတော်က မင်းကိုလန်ဒန်မှာ မွေးစားခဲ့တာလား...သေချာပေါက် လန်ဒန်မှာပဲ ပွဲလုပ်ကျမယ်ပေါ့"
"ဟိုက်"
"ပြောပါအုံး ဘယ်ကဘယ်လိုမွေးစားခဲ့တာလဲ။ ကြောင်ချီးရုပ်ပေါက်အောင်ငိုနေတုန်း..လမ်းဘေးကကောက်လာတာလား"
"ဟုတ်ပါဘူးနော်။ရေချယ့်မေမေနဲ့ဖေဖေက
အန်ကယ့်သူငယ်ချင်းတဲ့"
"သြော် ဟော့ သူငယ်ချင်းသမီးလေးကို မွေးပြီးအစားခံလိုက်ရတာပေါ့"
"ဟိုက်"
မြွေမြွေချင်းခြေမြင်ဆိုသလို Daniel Kingပြုံးမိသည်။ဦးထင်လင်းသိုက်လိုမျိုး ကိစ္စတိုင်းမှာ အကွက်ကျတဲ့လူ၊လျင်တဲ့သူက သူ့ကို အိပ်ဆေးခတ်တာကို မသိလိုက်တာဖြစ်နိုင်ရဲ့လား။
သိလျက်သားနဲ့ တမင်ဆေးခတ်ခံခဲ့တာလား
စဥ်းစားစရာပင်။
ဒေါက်... ဒေါက်...
"ဟို မမနဲ့ကိုကိုတို့ ရေချယ်ကျောင်းသွားရတော့မယ်"
ရေချယ်လင်းသိုက်ရဲ့ စိတ်ပျက်လက်ပျက်အသံနဲ့အတူ...
"မီးငယ်... ပြင်ဆင်ပြီးပြီလားသမီးရေ။သမီး အန်ကယ်စောင့်နေပြီနော်"
"ဟိုက် ပြီးပြီ လာခဲ့တော့မယ်"
အပြင်ကအော်ခေါ်နေတဲ့ အန်ကယ်နဂါးကိုအသံပေးကာ...
"ကိုကိုနဲ့မမ ဘိုင့်...အတန်းတတ်ဖို့သွားရတော့မယ်"
"ပြောတော့ လူကြီးပါဆို"
"လူကြီးဆိုပေမဲ့ စာတော့သင်ရအုံးမယ်လေ။အဲ့တာမှ အန်ကယ့်ကိုရှာကြွေးနိုင်မှာ"
"အမျိုးကောင်းသမီးလေးပဲ"
စနောက်ပြီးမှ လက်တောပ့်ကိုပိတ်ကာ ရေချယ့်အိတ်လေးကိုဆွဲယူကာ အပြင်ကိုထွက်လာလိုက်သည်။
"အန်ကယ်နဂါး... ပြီးပြီ"
ဆို၍ ဘေးမှာရပ်နေတဲ့ အန်ကယ်သိုက်ထံ လွယ်အိတ်ကိုပေးလိုက်၏။
"ပစ္စည်းတွေစုံပြီလားစစ်အုံးမီးငယ်။လင်းသိုက် မင်းနေ့လည်နားချိန်ကို သမီးနဲ့အတူတူ အိမ်ပြန်လာနော်။ပုစွန်ကင်ထားမယ်"
"ကိုယ်နေ့လည်ကိုအလုပ်ကိစ္စချိန်းထားသေးတယ်။ စောင့်နေရင် မီးငယ်ထမင်းစားချိန်နောက်ကျမှာပဲ"
"ဘယ်လောက်ကြီးကြာမှာမို့လဲ"
"အတိအကျတော့ပြောမရသေးဘူး"
"အေးကွာ အဲ့တာဆိုငါပဲလိုက်လာပေးလိုက်မယ်။ တစ်ယောက်ထဲပြန်လာခိုင်းဖို့ကလည်း စိတ်မချဘူး"
"အင်း ကိုယ်အချိန်ညှိရရင် မင်းဆီဖုန်းဆက်ပေးပါ့မယ်"
"နေပါစေကွာ... မင်းအလုပ်ပဲအေးဆေးလုပ်စမ်းပါ။ငါကဟိုတယ်လည်းသွားစရာကိစ္စမရှိသေးဘူး အားတယ်"
ရေချယ့်အိတ်ကို အန်ကယ်သိုက်ကစစ်ပေးနေတုန်းမို့ အောက်ထပ်ကိုမဆင်းသေးပဲရှိနေ၏။
ထိုစဥ် ထောင့်ဆုံးအခန်းတံခါးပွင့်လာမှုနဲ့အတူ အန်ကယ်သန့်တစ်ယောက်ထွက်လာသည်။
"ကယ်ကယ်သန့်သန့်ရေ"
"အေး ကျောင်းမသွားရသေးဘူးလားအဲ့ဟာလေးက"
အသံနဲ့အတူအနားရောက်လာပေမဲ့ အန်ကယ်သန့်ကလည်း အန်ကယ်နဂါးကိုမကြည့်သလို အန်ကယ်နဂါးကလည်းမျက်နှာလွှဲထားသည်။
"ဘယ်သွားမှာလဲလို့"
"ချိန်းထားတာလေးရှိလို့ကွာ... အန်ကယ်နဲ့လိုက်ခဲ့မလား"
"ဟင့်အင်း အန်ကယ်သိုက်ကကျောင်းပို့ပေးမှာ"
"အပြန်လာကြိုမယ်နော်။ကြက်ကြော်စားမယ်မလား"
"ဟိုက် ဟိုက်"
"ဒါဆို အန်ကယ်သွားပြီ ဘိုင့်"
"ဟိုက်"
ရေချယ့်ဆံပင်တွေကိုဆွဲဖွကာ ထွက်သွားသည့် အန်ကယ်သန့်ချိန်းထားတယ်ဆိုတာ မိန်းကလေးတစ်ယောက်ယောက်နဲ့ဖြစ်မယ်မှန်းရေချယ်သိသည်။
အန်ကယ်သန့်ကFreelance Engineerဆိုပေမဲ့ Software Engineerမို့ အလုပ်အပ်သည်မှာလန်ဒန်က ပါတနာတွေ၊ဒါမှမဟုတ် တခြားသောအနောက်တိုင်းနိုင်ငံတွေ ဖြစ်သည့်အတွက်အလုပ်ကိစ္စဆို mailကတဆင့်၊ဆက်သွယ်ကျတာများသည်။ဒါကြောင့် အလုပ်ကိစ္စဆို အပြင်မှာချိန်းဆိုရတာမျိုးမရှိပဲ အန်ကယ့်ရည်းစားတွေနဲ့ချိန်းကျသည်သာရှိတာမို့ ဒါကို ရေချယ်အပါအဝင် အန်ကယ်နဂါးလည်းသိနေမှာပဲ။
"အန်ကယ်နဂါး"
"ဟင်"
"ရေချယ်က အန်ကယ့်ကိုချစ်တယ်နော်"
"အလည်လေးပဲ...ဟုတ်ပါပြီဗျာ။အန်ကယ်ကလည်း ချစ်တာမို့ ပုစွန်တွေအများကြီးကင်ပေးထားပါ့မယ်ဗျ"
"အချဥ်ရည်ကောင်းကောင်းလေးနဲ့နော်"
"ဟား ဟား ဒီကလေးတော့"
"အဲ့တာဆို ရေချယ်သွားတော့မယ် ဘိုင့်"
သွက်လက်စွာဖြင့် သူမအန်ကယ်သိုက်လက်ကိုတွဲရင်း ထွက်သွားတဲ့ကလေးမလေးက ဂုဏ်နဂါးရဲ့ စိတ်ခံစားချက်ကိုသိနေလိမ့်မည်။
:::::::::::::
ဒယ်ဒီနဲ့မာမီ့ကိုယ်တိုင်က အိမ်ကိုအဝင်မခံ၊အတွေ့မခံပေမဲ့ လီယိုဇေးကတော့ မိသားစုရှေ့နေနဲ့တွေ့ကာ မမီသတင်းကိုမေးတုန်းပင်။လိုအပ်သည်ငွေကြေးကို လီယိုဇေးပဲပေးပေမဲ့ ရှေ့နေကြီးကိုတော့ နှုတ်ပိတ်ထားရ၏။သူ့ဆီကသာ ထောက်ပံ့နေမှန်းသိရင် ဒယ်ဒီတို့က လက်ခံမှာမဟုတ်ဘူး။
"ဒါဆို ရှေ့နေကြီးပြောချင်တာက။မမီက ပုဒ်မ၂၉၉အရ ထောင်ကျမှာပေါ့"
"ဟုတ်ပါတယ်မောင်ရင်။ဥပဒေပုဒ်မ ၂၉၉အရမည်သူမဆို၊ သေစေရန်အကြံအစည်နှင့်ဖြစ်စေ၊ သို့မဒါမှမဟုတ်အမှန်အားဖြင့် သေစေလောက် အောင်ဖြစ်တတ်သော ကိုယ်အင်္ဂါနာကျင်ခြင်းအန္တရာယ်ကိုဖြစ်စေရန် အကြံအစည်နှင့်ဖြစ်စေ၊ အမှုအရာ တစ်စုံတစ်ရာကိုပြုလုပ်၍ လူကိုသေစေဖို့ ကြိုးစားရင် အဲ့ဒီသူက သေဒဏ်ထိုက်သင့်သည့် လူသတ်မှုမမြောက်သော ရာဇဝတ်ပြစ်ဒဏ်မကင်းသည့် လူ့အသက် သေစေမှုကို ကျူးလွန်တာလို့ သတ်မှတ်ရပါတယ်"
သိထားပြီးသားအခြေအနေဆိုပေမဲ့ မမီအတွက် စိတ်မကောင်းဖြစ်ရခြင်းသာ။အခုဆို မမီတစ်ယောက်နောင်တရနေမလား... မဖြစ်နိုင်ပေမဲ့ မျှော်လင့်မိသေးသည်။
"ဒါဖြင့် အန်ကယ့်ခွင့်ပြုအုံးကိုဇေး။ရုံးမှာလည်း ကိစ္စလေးတချို့ရှိသေးလို့ ပြေးရအုံးမယ်"
"သြော် ဟုတ်ကဲ့ဗျ။တကူးတကလာတွေ့ပေးတဲ့ ရှေ့နေကြီးကိုလည်းအားနာလိုက်တာ"
"ရပါတယ်ကွာ မင်းလည်းသိပ်ပြီးစိတ်ပူမနေပါနဲ့"
"ဟုတ်ကဲ့"
ရှေ့နေကြီးထွက်သွားသည့်တိုင် နေရာမှာထိုင်ရင်း ကျန်ခဲ့သူက လီယိုဇေးသာ။မိဘအရင်း၊အစ်မအရင်းတွေမဟုတ်ဘူးဆိုတဲ့အမှန်တရားက သူ့အတွက် ထူးထူးထွေထွေပြောင်းလဲသွားတာမရှိပေမဲ့... သူဖော်ခဲ့တဲ့အမှန်တရားအတွက် မာမီတို့ကတော့ သူ့လိုဖြစ်ဟန်မပေါ်။
"အင်း... အဆင်ပြေကျဖို့မျှော်လင့်တာပါပဲ"
သက်ပြင်းချကာ ဆိုင်ကိုပြန်ဖို့လှည့်အထွက်...
"ဟော့ ကိုဇေးပါလား"
"ကိုမင်းသန့် "
ခပ်ငယ်ငယ်ကောင်မလေးတစ်ယောက်ရဲ့ပခုံးကိုဖက်ကာ တွဲလာနေတဲ့ကိုမင်းသန့်နဲ့ဆုံ၏။
"ပြန်တော့မလို့လား"
"ဟုတ်ကဲ့အစ်ကို။ဆိုင်ကိုလည်း ပစ်ထားခဲ့ရတော့ ပြန်တော့မလို့။အစ်ကိုကရော..."
"သြော် ... ဒါ အစ်ကို့ကောင်မလေး ဆည်းလည်းမေ တဲ့။ သူလာချင်တယ်ဆိုလို့ လိုက်ပို့တာလေ"
"ဗျာ ! "
လီယိုဇေးထင်ထားသည်က ကိုမင်းသန့်ဟာ
ကိုနဂါးနဲ့တွဲနေတယ်လို့... သို့သော် ကိုမင်းသန့်ကိုယ်တိုင်က တခြားမိန်းကလေးတစ်ယောက်နဲ့မိတ်ဆက်ပေးနေသည်။
"ကိုကို နှုတ်ဆက်ပြီးရင်သွားရအောင်လေ။ဆည်းလည်းဗိုက်ဆာနေပြီ"
"အာ ဟုတ်ပြီ ဟုတ်ပြီ။ကိုဇေး ဒါဆို အစ်ကိုတို့သွားအုံးမယ်"
"ဟုတ်ကဲ့အစ်ကို"
မီးငယ်ထပ်တောင်ငယ်အုံးမဲ့ကလေးမလေးနဲ့ ပြုံးရယ်ကာထွက်သွားတဲ့ ကိုမင်းသန့်ကိုလည်း လီယိုဇေးနားလည်ရခက်နေသည်။သို့ပေမဲ့ သူတစ်ပါးကိစ္စဖြစ်နေတာမို့ ကိုယ့်အထင်အမြင်နဲ့ဆုံးဖြတ်လို့မဖြစ်။
မြင်နေပေမဲ့ မှန်ချင်မှမှန်မည်မဟုတ်လား။
:::::::::::::::
လေလံဆွဲအနိုင်ရသည့်မြေကွက်နဲ့ ခပ်လှမ်းလှမ်းက နှင်းဆီပန်းခင်းကြီးကြောင့် ထင်လင်းသိုက်မျက်နှာက တစ်ချက်ပြုံးသွားသည်။
"အစ်ကိုဒီမြေကွက်ကိုဝယ်တာ အရှုံးမရှိပါဘူးဗျာ။နောက်ဆို ဒီဘေးမှာအိပ်ယာအသစ်တွေအတွက် အဆောက်အဦးတွေက အခုထပ်တိုးလာတော့မှာဗျ"
ကိုကောင်းရဲ့စိတ်လိုလက်ရဖြစ်မှုက စီးပွားရေးအတွက်ဆိုပေမဲ့ ထင်လင်းသိုက်အတွေးက ထိုသို့မဟုတ်...
"ကိုယ် ဒီနေရာမှာ ဂေဟာဆောက်ဖို့တွေးထားတယ်"
"ဗျာ ! "
"ဘာဖြစ်လို့လဲ"
"ဟို အသည်းအသန်လေလံဆွဲခဲ့ရတဲ့မြေကွက်ကို အစ်ကိုက..."
"အင်း ကိုယ်ဂေဟာဆောက်မှာ"
တည်ငြိမ်စွာပြောရင်း မြေကွက်ကိုလှည့်ပတ်ကြည့်နေတဲ့ ဦးထင်လင်းသိုက်ကို ကိုကောင်းနားမလည်နိုင်တော့။လူနေတွင်ကျယ်လာသည့် အချက်အခါကျသည့် မြေနေရာကောင်းတစ်ခု၊ဒီမှာသာ အဆောက်အဦးဆောက်ပြီး ငှားမလား...ပိုက်ဆံဆိုတာသဲ့ယူရမည့်အခြေအနေကို ဦးထင်လင်းသိုက်ကတော့ ဂေဟာဆောက်မည်တဲ့။
"ကိုကောင်း ... ဒါဆို ကျွန်တော်တို့ဆောက်ရမှာ ဂေဟာပေါ့နော်"
"ဟိုက ပြောသွားတာ မင်းလည်းကြားတာပဲ"
"မြေကွက်ကောင်းကြီးကို လေလံဆွဲထားတော့ ပရောဂျက်ကြီးကြီးကိုင်ရပြီထင်တာကိုဗျာ"
အင်ဂျင်နီယာခေါင်းဆောင်ရဲ့ ညည်းညူမှုကိုလည်း ကိုကောင်းအပြစ်ပြောလို့မရပါ။လုပ်ငန်းရှယ်ယာအတွက် ဆက်သွယ်ဖို့ လိုက်လာသည့်သူများနဲ့ အင်ဂျင်နီယာအဖွဲ့ကိုသာ အားတုံ့အားနာပြုံးပြရင်း ဆရာသမားနောက်ကိုအမြန်လိုက်ရ၏။
ခြေလှမ်းတွေကပိုပြီးနီးကပ်လာလေလေ နှင်းဆီရနံ့တို့က နှာခေါင်းထဲတိုးဝင်လာလေမို့ ထင်လင်းသိုက်ရဲ့အာရုံကပြန်ပြီးကြည်လင်လာသည်။သူ့မီးငယ်လေးသာ ဒီကိုရောက်ရင် ပန်းတွေကိုလိုချင်နေတော့မှာပဲ။
"ဒီပန်းခြံက Jo Floralကအပိုင်လေအစ်ကို။ဆိုင်ကြီးက လမ်းမကြီးဘေးမှာရှိတယ်"
ကိုကောင်းကဘေးနားရောက်လာကာ ရှင်းပြရင်း သူ့ဘေးကလိုက်ပါလာ၏။
မီးငယ်အတွက်ပန်းစည်းလေးများပေးရင် သူ့ရဲ့ကလေးဟာသဘောကျလေမလား။နှင်းဆီဝါတွေကို ကြိုက်တဲ့ကလေးမို့ သေချာပေါက်သဘောကျမှာကို သိတာမို့ ဝယ်သွားဖို့ဆုံးဖြတ်ထားသည်။
"ဒီခြံက အထဲဝင်ပြီး ကိုယ်ကြိုက်တဲ့အပွင့်လည်း ရွေးလို့ရတယ်အစ်ကို။စျေးတော့ နည်းနည်းများမှာပေါ့"
"အင်း ကိုယ်သဘောကျတယ်"
"ဟာ အဲ့တာဆို ကျွန်တော်ဝန်ထမ်းတစ်ယောက်သွားခေါ်လိုက်မယ်။အစ်ကိုခဏစောင့်နော်"
"အင်း"
သုတ်ခြေတင်ကာ ကိုကောင်းထွက်သွားပြီးနော် ထင်လင်းသိုက်အကြည့်ရောက်သွားတာက ဘေးဆုံးအပင်ကနှင်းဆီဝါပွင့်လေးဆီကိုသာ...
ဖူးသစ်စနှင်းဆီဝါလေးက လှသည်။ထိုနှင်းဆီပွင့်လေးဆီ လက်လှမ်းရင်း သူသတိရမိပြန်တာကလည်း မီးငယ်သာ။မီးငယ်က သူ့အတွက် နှင်းဆီပွင့်လေးလိုပဲ။လှသည်၊ရနံ့မွှေးပြီး နှစ်လိုဖွယ်ကောင်းသည်။ ခူးခြွေလိုက်ဖို့လည်း နှမြောရသည့် ပန်းကလေးတစ်ပွင့်။အခုတော့ မယုံကြည်နိုင်အောင်ပဲ သူကိုယ်တိုင်က ခူးဆွတ်သူအဖြစ်ကိုရောက်ခဲ့တာ...အဲ့ဒီအတွက် မီးငယ်စိတ်မဆိုးတာကိုက သူ့အတွက် ဆုလာဘ်ကြီးတစ်ခုလိုပင်။ထုတ်မပြောပေမဲ့ သူ့ကလေးမလေးကို ကျေးဇူးတင်မိတာအကြိမ်ကြိမ်ပါပဲ။
"ကိုထင်လင်းသိုက်တို့ ဝယ်နေပြီလား။ကျုပ်တို့လည်းပြန်သွားရင် အိမ်ကမဟေသီအတွက် ဝယ်သွားအုံးမှပဲ။အပွင့်တွေလှတယ်နော့်"
"လှတာပေါ့ ဦးခန့်ရာ။ခြံထဲလာဝယ်ရင် ကိုယ်ကြိုက်ရာအပွင့်ရွေးလို့ရတော့ ဦးခန့်မဟေသီအကြိုက် ကိုယ့်ဟာကိုယ်ရွေးပေါ့ဗျ"
"ကိုကောင်းရာ ပန်းစည်းက၂စည်းဝယ်ရမှကွ"
"ဗျာ ! "
"အံ့သြမနေနဲ့ကိုကောင်းရေ။မင်း ဦးခန့်ကြီးက ဘာဝယ်ဝယ်၂ခုဝယ်ရတာကွာ... အိမ်ကွင်း၊အဝေးကွင်းလေဗျာ"
"သြော် သြော် အဲ့လိုကို"
မယားကြီးအတွက်တစ်ခုဝယ်ရင်၊မယားငယ်အတွက် တစ်ခုဝယ်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို
ကိုကောင်းသိသည်နှင့် အစ်ကိုလင်းသိုက်နားကိုသာ ခပ်မြန်မြန်သွားလိုက်သည်။ဒီလူတွေနဲ့တော့ ပြဿနာပဲ။
"အစ်ကို ခြင်းနဲ့ကတ်ကြေးရခဲ့ပြီ"
"ကလောဘက်က ကုမ္ပဏီခွဲမှာရှိတဲ့ ဦးခန့်မင်းရဲ့ ရှယ်ယာတွေပြန်ထုတ်ပေးလိုက်ပါကိုကောင်း"
ထိုတစ်ခွန်းသာပြောသွားတဲ့ အစ်ကို့ကို ကိုကောင်းမလွန်ဆန်ရဲပါ။ဖောက်ပြန်မှုတွေမုန်းတဲ့လူပျိုကြီးရှေ့မှ မယားနှစ်ယောက်ထားနိုင်ကြောင်း ဂုဏ်ဆာရတယ်လို့ ဦးခန့်မင်းရယ်။
To Be Continue .... Part - 62
Zawgyi
"Congratulation က်ားေပါက္။အခုေတာ့ မင္းဘိုးေတာ္ကိုအပိုင္ရသြားၿပီေပါ့"
"ဟိုက္ ကိုကို႔ကိုဆရာတင္တာမွန္သြားတယ္။ဒါေပမဲ့အန္ကယ္ကအသက္မႀကီးေသးပါဘူးဆို"
"၃၇ႏွစ္က အသက္မႀကီးေသးဘူးတဲ့လား။အဲ့အ႐ြယ္ဆို အဖိုးႀကီးျဖစ္ေနၿပီကြ"
"မဟုတ္ဘူး အဖိုးႀကီးမျဖစ္ေသးပါဘူးဆို။အန္ကယ္က ႏုတုန္း"
"အိုေနပါၿပီကြာ"
"ဟင့္အင္း ဟင့္အင္း မအိုေသးပါဘူးဆို။အဲ့လိုႀကီးမေျပာနဲ႕"
"ဟ အိုလို႔အိုတယ္ေျပာတာကို လက္မခံနိုင္ဘူးၾကည့္အုံး"
"အီးးဟီးးးအန္ကယ္ကမအိုေသးပါဘူးဆို"
"ဟာ ေဟ့ တကယ္ႀကီးငိုတာလား။ေဘဘီ လုပ္အုံး ေမာင္မေခ်ာ့တတ္ဘူး"
"အဲ့ဒီေမာင္ကေလ ကေလးပဲလိုက္စေနတဲ့ဟာကို။ အစ္ကိုသိုက္လည္း အဲ့ေလာက္ထိအိုေသးတာမွ မဟုတ္တာ"
မမကဝင္ဆူေပးလိုက္မွ ၿငိမ္သြားသည့္ ကိုကို႔ကို သူမငိုေနသည့္ၾကားကပင္ လွ်ာထုတ္ေျပာင္ျပလိုက္ေသးသည္။
"မငိုနဲ႕ေရခ်ယ္ေလး။ေရခ်ယ့္ကိုကိုက အဲ့လိုပဲ တအားအစအေနာက္သန္တာ"
"မမ ဆူလိုက္ေနာ္။အန္ကယ္ကအသက္မႀကီးေသးပါဘူးဆို..."
"အမယ္ ကိုယ့္ဆရာကိုအဲ့လိုေက်းဇူးကန္းရလား"
"ဟင့္အင္း ကိုကိုကအႀကံပဲေပးတာ တကယ္လုပ္တာကေရခ်ယ္။ၿပီးေတာ့ အန္ကယ္ကလည္း ေရခ်ယ့္ကိုခ်စ္လို႔ပါေနာ္"
"ဟုတ္ပါၿပီ။အဲ့တာထပ္ မင္းဖိုးေတာ္က တကယ္ေရာ လက္ထပ္မွာဟုတ္ရဲ႕လား။အဲ့ဒီအ႐ြယ္ဖိုးေတာ္ေတြက ပေလးတတ္တယ္ေနာ္...သူငယ္ႏွပ္စားေလးကို ပစ္ထားခဲ့လိမ့္မယ္"
"အန္ကယ္က လက္ထပ္မွာပါဆို ေနာ့္...မမရယ္"
"အင္းေလေမာင္ကလည္း။ကေလးကို မဟုတ္တာေတြလိုက္စမေနပါနဲ႕"
"ေၾသာ္ ေမာင္ကျဖစ္တတ္တာကိုေျပာျပတာပါ။ ေရခဲေတာင္ႀကီးကိုၿဖိဳနိုင္မကၿဖိဳၿပီးမွ လက္မထပ္ေတာ့ဘူးဆို ပြဲကလွၿပီ"
"ဓာတ္ပုံရိုက္ယူထားတယ္ေလ။ေရခ်ယ္လင္းသိုက္ပါ ကိုကိုကလည္း...အဲ့ေလာက္မတုံးပါဘူး။လက္မထပ္ဘူးေျပာရဲေျပာၾကည့္ သတင္းစာ ထဲလည္းထည့္မယ္။ ဖိုးဖိုးႀကီးနဲ႕လည္းတိုင္မယ္။အန္ကယ္သန့္၊အန္ကယ္နဂါးတို႔နဲ႕လည္းတိုင္မယ္"
"ဉာဏ္ႀကီးရွင္ပါလားကြ"
screenတစ္ဖက္က အျဖဴေရာင္ကိုကိုရဲ႕စကားေၾကာင့္ ေရခ်ယ္ေမးေစ့ကိုပြတ္ကာ ေျပာင္စပ္စပ္ရယ္ပါ။ ျပင္သစ္ကျပန္လာကတည္းက မမBirdရဲ႕ Igအေကာင့္ကိုသိကာ စကားေျပာရင္း၊ကိုကိုနဲ႕ပါရင္းႏွီးလာခဲ့သည္။
"ဒါနဲ႕ ေရခ်ယ္က မဂၤလာေဆာင္ရင္ အဲ့ဒီမွာပဲေဆာင္မွာလား"
"အရင္ကက်ေတာ့ ကိုကိုနဲ႕မမတို႔ လာဗင္ဒါပန္းခင္းႀကီးထဲမွ မဂၤလာေဆာင္ခ်င္တာ"
"ဟာ ေဟ့ ဘယ္ကိုပန္းခင္းထဲလာခ်င္တာလည္း။ မရဘူးေနာ္"
"အာ ကိုကိုကလည္း စကားကိုဆုံးေအာင္နားေထာင္ပါအုံး အဲ့တာအရင္ကပါလို႔ေျပာေနတာကို"
"ၿပီးေရာ ဆက္ေျပာ"
"အခုက လန္ဒန္မွာအရင္ေဆာင္မွာလို႔။ေရခ်ယ္တို႔ ငယ္ငယ္ကေနခဲ့တဲ့ေနရာလည္းျဖစ္ျပန္...ၿပီးေတာ့ အမွတ္တရေတြလည္းအမ်ားႀကီးရွိလို႔။ကိုကိုနဲ႕ မမလည္း လာရမယ္ေနာ္"
"ေလယာဥ္ခေပးေလ၊ခရီးစရိတ္ေရာပဲ"
"ေရခ်ယ့္မွာပိုက္ဆံမရွိဘူးေလ။ကိုကို႔မွာ Black Cardႀကီးေတာင္ရွိတာကို။ကိုယ့္ညီမေလး မဂၤလာေဆာင္မွာပဲ အဲ့ထဲကသုံးေပါ့လို႔"
ေရခ်ယ္ေျပာလိုက္ေတာ့ ကိုကိုက ဗိုက္ကိုႏွိပ္၍ ေအာ္ရယ္ေလ၏။
"လက္ဖြဲ႕လည္းေပးရအုံးမွာ ေရခ်ယ္လင္းသိုက္ေရ။ ငါ့မွာအဲ့ေလာက္ထိ ပိုက္ဆံမရွိဘူးဟ"
"အင္းေလ ေပးေပါ့လို႔။မမBirdက ေရခ်ယ့္ကို ေမြးစားထားတာပဲကို။ေနာ္မမရယ္..မမလာမယ္မလား"
"လာမွေပါ့ ေရခ်ယ္ေလးရယ္။ေရခ်ယ့္ကိုကိုေျပာတာ စိတ္ထဲမထားနဲ႕ မမတို႔ေသခ်ာေပါက္လာခဲ့မွာ"
"ထားပါဘူး မမလာရင္ ကိုကိုလည္းလိုက္ခဲ့ရမွာကို တစ္ေယာက္ထဲမလာခိုင္းဘူးေလ ေရခ်ယ္သိတာေပါ့"
"ဒီဟာေလးေတာ့ က်ားစာေကြၽးလိုက္ရ"
"ေသနတ္နဲ႕ျပန္ပစ္မွာေပါ့"
"ေရခ်ယ္လင္းသိုက္က စိတ္ရင္းဆိုးတယ္ဆိုတာ မွန္တာပဲ"
"ကိုကိုကမွစိတ္ရင္းဆိုး"
"အဲ့တာဆို မင္းဦးထင္လင္းသိုက္ကဖိုးေတာ္ႀကီး"
"ကိုကိုKingကမွ ဖိုးေတာ္ႀကီး ဆံပင္ေတြေတာင္ျဖဴေနၿပီ။ေနာ္ မမရယ္"
စစ္ကူေခၚလိုက္ေတာ့လည္း မမကေခါင္းညိတ္တာမို႔ ေရခ်ယ့္ဘက္ကအသာႀကီးပင္။သို႔ေသာ္ တစ္ဖက္က ကိုကို႔မ်က္ႏွာႀကီးက ပုတ္သိုးကာဆူေအာင့္ေနတာမို႔ ထိုေတာ့မွ သူမသြားေတြေပၚသည္အထိရယ္ျပကာ ....
"ကိုကို peace ေနာ္"
"ေအး peace "
"အန္ကယ္က အင္း ။ကိုကိုက ေအး"
"ငါ့မိန္းမကဟင့္ မင္းကတဟီးဟီးနဲ႕"
"ဒါဆို လန္ဒန္ကိုလာမွာလားဟင္။မမ လာရမယ္ေနာ္။ဒီညီမေလးတစ္ေယာက္ထဲရွိတဲ့ဟာကို"
"ေအး ။ မင္းဖိုးေတာ္က မင္းကိုလန္ဒန္မွာ ေမြးစားခဲ့တာလား...ေသခ်ာေပါက္ လန္ဒန္မွာပဲ ပြဲလုပ္က်မယ္ေပါ့"
"ဟိုက္"
"ေျပာပါအုံး ဘယ္ကဘယ္လိုေမြးစားခဲ့တာလည္း။ ေၾကာင္ခ်ီး႐ုပ္ေပါက္ေအာင္ငိုေနတုန္း..လမ္းေဘးကေကာက္လာတာလား"
"ဟုတ္ပါဘူးေနာ္။ေရခ်ယ့္ေမေမနဲ႕ေဖေဖက အန္ကယ့္သူငယ္ခ်င္းတဲ့"
"ေၾသာ္ ေဟာ့ သူငယ္ခ်င္းသမီးေလးကို ေမြးၿပီးအစားခံလိုက္ရတာေပါ့"
"ဟိုက္"
ေႁမြေႁမြခ်င္းေျချမင္ဆိုသလို Daniel Kingၿပဳံးမိသည္။ဦးထင္လင္းသိုက္လိုမ်ိဳး ကိစၥတိုင္းမွာ အကြက္က်တဲ့လူ၊လ်င္တဲ့သူက သူ႕ကို အိပ္ေဆးခတ္တာကို မသိလိုက္တာျဖစ္နိုင္ရဲ႕လား။သိလ်က္သားနဲ႕ တမင္ေဆးခတ္ခံခဲ့တာလား စဥ္းစားစရာပင္။
ေဒါက္... ေဒါက္...
"ဟို မမနဲ႕ကိုကိုတို႔ ေရခ်ယ္ေက်ာင္းသြားရေတာ့မယ္"
ေရခ်ယ္လင္းသိုက္ရဲ႕ စိတ္ပ်က္လက္ပ်က္အသံနဲ႕အတူ...
"မီးငယ္... ျပင္ဆင္ၿပီးၿပီလားသမီးေရ။သမီး အန္ကယ္ေစာင့္ေနၿပီေနာ္"
"ဟိုက္ ၿပီးၿပီ လာခဲ့ေတာ့မယ္"
အျပင္ကေအာ္ေခၚေနတဲ့ အန္ကယ္နဂါးကိုအသံေပးကာ...
"ကိုကိုနဲ႕မမ ဘိုင့္...အတန္းတတ္ဖို႔သြားရေတာ့မယ္"
"ေျပာေတာ့ လူႀကီးပါဆို"
"လူႀကီးဆိုေပမဲ့ စာေတာ့သင္ရအုံးမယ္ေလ။အဲ့တာမွ အန္ကယ့္ကိုရွာေႂကြးနိုင္မွာ"
"အမ်ိဳးေကာင္းသမီးေလးပဲ"
စေနာက္ၿပီးမွ လက္ေတာပ့္ကိုပိတ္ကာ ေရခ်ယ့္အိတ္ေလးကိုဆြဲယူကာ အျပင္ကိုထြက္လာလိုက္သည္။
"အန္ကယ္နဂါး... ၿပီးၿပီ"
ဆို၍ ေဘးမွာရပ္ေနတဲ့ အန္ကယ္သိုက္ထံ လြယ္အိတ္ကိုေပးလိုက္၏။
"ပစၥည္းေတြစုံၿပီလားစစ္အုံးမီးငယ္။လင္းသိုက္ မင္းေန႕လည္နားခ်ိန္ကို သမီးနဲ႕အတူတူ အိမ္ျပန္လာေနာ္။ပုစြန္ကင္ထားမယ္"
"ကိုယ္ေန႕လည္ကိုအလုပ္ကိစၥခ်ိန္းထားေသးတယ္။ ေစာင့္ေနရင္ မီးငယ္ထမင္းစားခ်ိန္ေနာက္က်မွာပဲ"
"ဘယ္ေလာက္ႀကီးၾကာမွာမို႔လည္း"
"အတိအက်ေတာ့ေျပာမရေသးဘူး"
"ေအးကြာ အဲ့တာဆိုငါပဲလိုက္လာေပးလိုက္မယ္။ တစ္ေယာက္ထဲျပန္လာခိုင္းဖို႔ကလည္း စိတ္မခ်ဘဴး"
"အင္း ကိုယ္အခ်ိန္ညွိရရင္ မင္းဆီဖုန္းဆက္ေပးပါ့မယ္"
"ေနပါေစကြာ... မင္းအလုပ္ပဲေအးေဆးလုပ္စမ္းပါ။ငါကဟိုတယ္လည္းသြားစရာကိစၥမရွိေသးဘူး အားတယ္"
ေရခ်ယ့္အိတ္ကို အန္ကယ္သိုက္ကစစ္ေပးေနတုန္းမို႔ ေအာက္ထပ္ကိုမဆင္းေသးပဲရွိေန၏။ထိုစဥ္ ေထာင့္ဆုံးအခန္းတံခါးပြင့္လာမႈနဲ႕အတူ အန္ကယ္သန့္တစ္ေယာက္ထြက္လာသည္။
"ကယ္ကယ္သန့္သန့္ေရ"
"ေအး ေက်ာင္းမသြားရေသးဘူးလားအဲ့ဟာေလးက"
အသံနဲ႕အတူအနားေရာက္လာေပမဲ့ အန္ကယ္သန့္ကလည္း အန္ကယ္နဂါးကိုမၾကည့္သလို အန္ကယ္နဂါးကလည္းမ်က္ႏွာလႊဲထားသည္။
"ဘယ္သြားမွာလည္းလို႔"
"ခ်ိန္းထားတာေလးရွိလို႔ကြာ... အန္ကယ္နဲ႕လိုက္ခဲ့မလား"
"ဟင့္အင္း အန္ကယ္သိုက္ကေက်ာင္းပို႔ေပးမွာ"
"အျပန္လာႀကိဳမယ္ေနာ္။ၾကက္ေၾကာ္စားမယ္မလား"
"ဟိုက္ ဟိုက္"
"ဒါဆို အန္ကယ္သြားၿပီ ဘိုင့္"
"ဟိုက္"
ေရခ်ယ့္ဆံပင္ေတြကိုဆြဲဖြကာ ထြက္သြားသည့္ အန္ကယ္သန့္ခ်ိန္းထားတယ္ဆိုတာ မိန္းကေလးတစ္ေယာက္ေယာက္နဲ႕ျဖစ္မယ္မွန္းေရခ်ယ္သိသည္။
အန္ကယ္သန့္ကFreelance Engineerဆိုေပမဲ့ Software Engineerမို႔ အလုပ္အပ္သည္မွာ
လန္ဒန္က ပါတနာေတြ၊ဒါမွမဟုတ္ တျခားေသာအေနာက္တိုင္းနိုင္ငံေတြ ျဖစ္သည့္အတြက္
အလုပ္ကိစၥဆို mailကတဆင့္၊ဆက္သြယ္က်တာမ်ားသည္။ဒါေၾကာင့္ အလုပ္ကိစၥဆို အျပင္မွာခ်ိန္းဆိုရတာမ်ိဳးမရွိပဲ အန္ကယ့္ရည္းစားေတြနဲ႕ခ်ိန္းက်သည္သာရွိတာမို႔ ဒါကို ေရခ်ယ္အပါအဝင္ အန္ကယ္နဂါးလည္းသိေနမွာပဲ။
"အန္ကယ္နဂါး"
"ဟင္"
"ေရခ်ယ္က အန္ကယ့္ကိုခ်စ္တယ္ေနာ္"
"အလည္ေလးပဲ...ဟုတ္ပါၿပီဗ်ာ။အန္ကယ္ကလည္း ခ်စ္တာမို႔ ပုစြန္ေတြအမ်ားႀကီးကင္ေပးထားပါ့မယ္ဗ်"
"အခ်ဥ္ရည္ေကာင္းေကာင္းေလးနဲ႕ေနာ္"
"ဟား ဟား ဒီကေလးေတာ့"
"အဲ့တာဆို ေရခ်ယ္သြားေတာ့မယ္ ဘိုင့္"
သြက္လက္စြာျဖင့္ သူမအန္ကယ္သိုက္လက္ကိုတြဲရင္း ထြက္သြားတဲ့ကေလးမေလးက ဂုဏ္နဂါးရဲ႕ စိတ္ခံစားခ်က္ကိုသိေနလိမ့္မည္။
:::::::::::::
ဒယ္ဒီနဲ႕မာမီ့ကိုယ္တိုင္က အိမ္ကိုအဝင္မခံ၊အေတြ႕မခံေပမဲ့ လီယိုေဇးကေတာ့ မိသားစုေရွ႕ေနနဲ႕ေတြ႕ကာ မမီသတင္းကိုေမးတုန္းပင္။လိုအပ္သည္ေငြေၾကးကို လီယိုေဇးပဲေပးေပမဲ့ ေရွ႕ေနႀကီးကိုေတာ့ ႏႈတ္ပိတ္ထားရ၏။သူ႕ဆီကသာ ေထာက္ပံ့ေနမွန္းသိရင္ ဒယ္ဒီတို႔က လက္ခံမွာမဟုတ္ဘူး။
"ဒါဆို ေရွ႕ေနႀကီးေျပာခ်င္တာက။မမီက ပုဒ္မ၂၉၉အရ ေထာင္က်မွာေပါ့"
"ဟုတ္ပါတယ္ေမာင္ရင္။ဥပေဒပုဒ္မ ၂၉၉အရမည္သူမဆို၊ ေသေစရန္အႀကံအစည္ႏွင့္ျဖစ္ေစ၊ သို႔မဒါမွမဟုတ္အမွန္အားျဖင့္ ေသေစေလာက္ ေအာင္ျဖစ္တတ္ေသာ ကိုယ္အဂၤါနာက်င္ျခင္းအႏၲရာယ္ကိုျဖစ္ေစရန္ အႀကံအစည္ႏွင့္ျဖစ္ေစ၊ အမႈအရာ တစ္စုံတစ္ရာကိုျပဳလုပ္၍ လူကိုေသေစဖို႔ ႀကိဳးစားရင္ အဲ့ဒီသူက ေသဒဏ္ထိုက္သင့္သည့္ လူသတ္မႈမေျမာက္ေသာ ရာဇဝတ္ျပစ္ဒဏ္မကင္းသည့္ လူ႕အသက္ ေသေစမႈကို က်ဴးလြန္တာလို႔ သတ္မွတ္ရပါတယ္"
သိထားၿပီးသားအေျခအေနဆိုေပမဲ့ မမီအတြက္ စိတ္မေကာင္းျဖစ္ရျခင္းသာ။အခုဆို မမီတစ္ေယာက္ေနာင္တရေနမလား... မျဖစ္နိုင္ေပမဲ့ ေမွ်ာ္လင့္မိေသးသည္။
"ဒါျဖင့္ အန္ကယ့္ခြင့္ျပဳအုံးကိုေဇး။႐ုံးမွာလည္း ကိစၥေလးတခ်ိဳ႕ရွိေသးလို႔ ေျပးရအုံးမယ္"
"ေၾသာ္ ဟုတ္ကဲ့ဗ်။တကူးတကလာေတြ႕ေပးတဲ့ ေရွ႕ေနႀကီးကိုလည္းအားနာလိုက္တာ"
"ရပါတယ္ကြာ မင္းလည္းသိပ္ၿပီးစိတ္ပူမေနပါနဲ႕"
"ဟုတ္ကဲ့"
ေရွ႕ေနႀကီးထြက္သြားသည့္တိုင္ ေနရာမွာထိုင္ရင္း က်န္ခဲ့သူက လီယိုေဇးသာ။မိဘအရင္း၊အစ္မအရင္းေတြမဟုတ္ဘူးဆိုတဲ့အမွန္တရားက သူ႕အတြက္ ထူးထူးေထြေထြေျပာင္းလဲသြားတာမရွိေပမဲ့... သူေဖာ္ခဲ့တဲ့အမွန္တရားအတြက္ မာမီတို႔ကေတာ့ သူ႕လိုျဖစ္ဟန္မေပၚ။
"အင္း... အဆင္ေျပက်ဖိဳ႕ေမွ်ာ္လင့္တာပါပဲ"
သက္ျပင္းခ်ကာ ဆိုင္ကိုျပန္ဖို႔လွည့္အထြက္...
"ေဟာ့ ကိုေဇးပါလား"
"ကိုမင္းသန့္ "
ခပ္ငယ္ငယ္ေကာင္မေလးတစ္ေယာက္ရဲ႕ပခုံးကိုဖက္ကာ တြဲလာေနတဲ့ကိုမင္းသန့္နဲ႕ဆုံ၏။
"ျပန္ေတာ့မလို႔လား"
"ဟုတ္ကဲ့အစ္ကို။ဆိုင္ကိုလည္း ပစ္ထားခဲ့ရေတာ့ ျပန္ေတာ့မလို႔။အစ္ကိုကေရာ..."
"ေၾသာ္ ... ဒါ အစ္ကို႔ေကာင္မေလး ဆည္းလည္းေမ တဲ့။ သူလာခ်င္တယ္ဆိုလို႔ လိုက္ပို႔တာေလ"
"ဗ်ာ ! "
လီယိုေဇးထင္ထားသည္က ကိုမင္းသန့္ဟာ ကိုနဂါးနဲ႕တြဲေနတယ္လို႔... သို႔ေသာ္ ကိုမင္းသန့္ကိုယ္တိုင္က တျခားမိန္းကေလးတစ္ေယာက္နဲ႕မိတ္ဆက္ေပးေနသည္။
"ကိုကို ႏႈတ္ဆက္ၿပီးရင္သြားရေအာင္ေလ။ဆည္းလည္းဗိုက္ဆာေနၿပီ"
"အာ ဟုတ္ၿပီ ဟုတ္ၿပီ။ကိုေဇး ဒါဆို အစ္ကိုတို႔သြားအုံးမယ္"
"ဟုတ္ကဲ့အစ္ကို"
မီးငယ္ထပ္ေတာင္ငယ္အုံးမဲ့ကေလးမေလးနဲ႕ ၿပဳံးရယ္ကာထြက္သြားတဲ့ ကိုမင္းသန့္ကိုလည္း လီယိုေဇးနားလည္ရခက္ေနသည္။သို႔ေပမဲ့ သူတစ္ပါးကိစၥျဖစ္ေနတာမို႔ ကိုယ့္အထင္အျမင္နဲ႕ဆုံးျဖတ္လို႔မျဖစ္။
ျမင္ေနေပမဲ့ မွန္ခ်င္မွမွန္မည္မဟုတ္လား။
:::::::::::::::
ေလလံဆြဲအနိုင္ရသည့္ေျမကြက္နဲ႕ ခပ္လွမ္းလွမ္းက ႏွင္းဆီပန္းခင္းႀကီးေၾကာင့္ ထင္လင္းသိုက္မ်က္ႏွာက တစ္ခ်က္ၿပဳံးသြားသည္။
"အစ္ကိုဒီေျမကြက္ကိုဝယ္တာ အရႈံးမရွိပါဘူးဗ်ာ။ေနာက္ဆို ဒီေဘးမွာအိပ္ယာအသစ္ေတြအတြက္ အေဆာက္အဦးေတြက အခုထပ္တိုးလာေတာ့မွာဗ်"
ကိုေကာင္းရဲ႕စိတ္လိုလက္ရျဖစ္မႈက စီးပြားေရးအတြက္ဆိုေပမဲ့ ထင္လင္းသိုက္အေတြးက ထိုသို႔မဟုတ္...
"ကိုယ္ ဒီေနရာမွာ ေဂဟာေဆာက္ဖို႔ေတြးထားတယ္"
"ဗ်ာ ! "
"ဘာျဖစ္လို႔လည္း"
"ဟို အသည္းအသန္ေလလံဆြဲခဲ့ရတဲ့ေျမကြက္ကို အစ္ကိုက..."
"အင္း ကိုယ္ေဂဟာေဆာက္မွာ"
တည္ၿငိမ္စြာေျပာရင္း ေျမကြက္ကိုလွည့္ပတ္ၾကည့္ေနတဲ့ ဦးထင္လင္းသိုက္ကို ကိုေကာင္းနားမလည္နိုင္ေတာ့။လူေနတြင္က်ယ္လာသည့္ အခ်က္အခါက်သည့္ ေျမေနရာေကာင္းတစ္ခု၊ဒီမွာသာ အေဆာက္အဦးေဆာက္ၿပီး ငွားမလား...ပိုက္ဆံဆိုတာသဲ့ယူရမည့္အေျခအေနကို ဦးထင္လင္းသိုက္ကေတာ့ ေဂဟာေဆာက္မည္တဲ့။
"ကိုေကာင္း ... ဒါဆို ကြၽန္ေတာ္တို႔ေဆာက္ရမွာ ေဂဟာေပါ့ေနာ္"
"ဟိုက ေျပာသြားတာ မင္းလည္းၾကားတာပဲ"
"ေျမကြက္ေကာင္းႀကီးကို ေလလံဆြဲထားေတာ့ ပေရာဂ်က္ႀကီးႀကီးကိုင္ရၿပီထင္တာကိုဗ်ာ"
အင္ဂ်င္နီယာေခါင္းေဆာင္ရဲ႕ ညည္းၫူမႈကိုလည္း ကိုေကာင္းအျပစ္ေျပာလို႔မရပါ။လုပ္ငန္းရွယ္ယာအတြက္ ဆက္သြယ္ဖို႔ လိုက္လာသည့္သူမ်ားနဲ႕ အင္ဂ်င္နီယာအဖြဲ႕ကိုသာ အားတုံ႕အားနာၿပဳံးျပရင္း ဆရာသမားေနာက္ကိုအျမန္လိုက္ရ၏။
ေျခလွမ္းေတြကပိုၿပီးနီးကပ္လာေလေလ ႏွင္းဆီရနံ႕တို႔က ႏွာေခါင္းထဲတိုးဝင္လာေလမို႔ ထင္လင္းသိုက္ရဲ႕အာ႐ုံကျပန္ၿပီးၾကည္လင္လာသည္။သူ႕မီးငယ္ေလးသာ ဒီကိုေရာက္ရင္ ပန္းေတြကိုလိုခ်င္ေနေတာ့မွာပဲ။
"ဒီပန္းၿခံက Jo Floralကအပိုင္ေလအစ္ကို။ဆိုင္ႀကီးက လမ္းမႀကီးေဘးမွာရွိတယ္"
ကိုေကာင္းကေဘးနားေရာက္လာကာ ရွင္းျပရင္း သူ႕ေဘးကလိုက္ပါလာ၏။
မီးငယ္အတြက္ပန္းစည္းေလးမ်ားေပးရင္ သူ႕ရဲ႕ကေလးဟာသေဘာက်ေလမလား။ႏွင္းဆီဝါေတြကို ႀကိဳက္တဲ့ကေလးမို႔ ေသခ်ာေပါက္သေဘာက်မွာကို သိတာမို႔ ဝယ္သြားဖို႔ဆုံးျဖတ္ထားသည္။
"ဒီၿခံက အထဲဝင္ၿပီး ကိုယ္ႀကိဳက္တဲ့အပြင့္လည္း ေ႐ြးလို႔ရတယ္အစ္ကို။ေစ်းေတာ့ နည္းနည္းမ်ားမွာေပါ့"
"အင္း ကိုယ္သေဘာက်တယ္"
"ဟာ အဲ့တာဆို ကြၽန္ေတာ္ဝန္ထမ္းတစ္ေယာက္သြားေခၚလိုက္မယ္။အစ္ကိုခဏေစာင့္ေနာ္"
"အင္း"
သုတ္ေျခတင္ကာ ကိုေကာင္းထြက္သြားၿပီးေနာ္ ထင္လင္းသိုက္အၾကည့္ေရာက္သြားတာက ေဘးဆုံးအပင္ကႏွင္းဆီဝါပြင့္ေလးဆီကိုသာ...
ဖူးသစ္စႏွင္းဆီဝါေလးက လွသည္။ထိုႏွင္းဆီပြင့္ေလးဆီ လက္လွမ္းရင္း သူသတိရမိျပန္တာကလည္း မီးငယ္သာ။မီးငယ္က သူ႕အတြက္ ႏွင္းဆီပြင့္ေလးလိုပဲ။
လွသည္၊ရနံ႕ေမႊးၿပီး ႏွစ္လိုဖြယ္ေကာင္းသည္။ ခူးေႁခြလိုက္ဖို႔လည္း ႏွေျမာရသည့္ ပန္းကေလးတစ္ပြင့္။
အခုေတာ့ မယုံၾကည္နိုင္ေအာင္ပဲ သူကိုယ္တိုင္က ခူးဆြတ္သူအျဖစ္ကိုေရာက္ခဲ့တာ...အဲ့ဒီအတြက္ မီးငယ္စိတ္မဆိုးတာကိုက သူ႕အတြက္ ဆုလာဘ္ႀကီးတစ္ခုလိုပင္။ထုတ္မေျပာေပမဲ့ သူ႕ကေလးမေလးကို ေက်းဇူးတင္မိတာအႀကိမ္ႀကိမ္ပါပဲ။
"ကိုထင္လင္းသိုက္တို႔ ဝယ္ေနၿပီလား။က်ဳပ္တို႔လည္းျပန္သြားရင္ အိမ္ကမေဟသီအတြက္ ဝယ္သြားအုံးမွပဲ။အပြင့္ေတြလွတယ္ေနာ့္"
"လွတာေပါ့ ဦးခန့္ရာ။ၿခံထဲလာဝယ္ရင္ ကိုယ္ႀကိဳက္ရာအပြင့္ေ႐ြးလို႔ရေတာ့ ဦးခန့္မေဟသီအႀကိဳက္ ကိုယ့္ဟာကိုယ္ေ႐ြးေပါ့ဗ်"
"ကိုေကာင္းရာ ပန္းစည္းက၂စည္းဝယ္ရမွကြ"
"ဗ်ာ ! "
"အံ့ၾသမေနနဲ႕ကိုေကာင္းေရ။မင္း ဦးခန့္ႀကီးက ဘာဝယ္ဝယ္၂ခုဝယ္ရတာကြာ... အိမ္ကြင္း၊အေဝးကြင္းေလးဗ်ာ"
"ေၾသာ္ ေၾသာ္ အဲ့လိုကို"
မယားႀကီးအတြက္တစ္ခုဝယ္ရင္၊မယားငယ္အတြက္ တစ္ခုဝယ္တယ္ဆိုတဲ့ အဓိပၸာယ္ကို ကိုေကာင္းသိသည္ႏွင့္ အစ္ကိုလင္းသိုက္နားကိုသာ ခပ္ျမန္ျမန္သြားလိုက္သည္။ဒီလူေတြနဲ႕ေတာ့ ျပႆနာပဲ။
"အစ္ကို ျခင္းနဲ႕ကတ္ေၾကးရခဲ့ၿပီ"
"ကေလာဘက္က ကုမၸဏီခြဲမွာရွိတဲ့ ဦးခန့္မင္းရဲ႕ ရွယ္ယာေတြျပန္ထုတ္ေပးလိုက္ပါကိုေကာင္း"
ထိုတစ္ခြန္းသာေျပာသြားတဲ့ အစ္ကို႔ကို ကိုေကာင္းမလြန္ဆန္ရဲပါ။ေဖာက္ျပန္မႈေတြမုန္းတဲ့လူပ်ိဳႀကီးေရွ႕မွ မယားႏွစ္ေယာက္ထားနိုင္ေၾကာင္း ဂုဏ္ဆာရတယ္လို႔ ဦးခန့္မင္းရယ္။
To Be Continue .... Part - 62