Again (Don't forget S2)[syste...
By hack_valily
1K 184 138
ကျွန်တော် သူ့ကိုနောက်တစ်ကြိမ်ပြန်တွေ့ခွင့်ရခဲ့တယ်... ကျွန်တော် သူ့ကိုနောက်တစ်ကြိမ်ပြန်တွေ့ခွင့်ရခဲ့တယ်... More
Introduction
Episode (1)
Episode (3)
Episode (4)
Episode (5)
Episode (6)
Episode (2)
110 35 36
By hack_valily
Zawgyi
ဒါက ဘယ်သူတုန်း...??
<သတိပေးချက်ပါ...လက်ရှိအခြေအနေမှာ Haruto နဲ့ Junkyuကြားက ဆက်ဆံရေးဟာ သူငယ်ချင်းနှစ်ဦးမျှသာဖြစ်ပြီး Junkyuမှာ လျို့ဝှက်ရည်းစားတစ်ယောက်လဲရှိနေပါသေးတယ်...hostရဲ့ နမ်းမယ်ဆိုတဲ့အတွေးက အပြင်းအထန်oocနေပါတယ်...နောက်တစ်ကြိမ်တွေးရင်သော်လည်းကောင်း လက်တွေ့ပြုမူလျှင်သော်လည်းကောင်း ရမှတ်ထဲမှ 10မှတ်နှုတ်မှာဖြစ်ပါတယ်...>
Harutoမှာ အကြီးအကျယ် ပေါက်ကွဲသွားတော့သည်။
''ဘာပြောလိုက်တယ်...ပြန်ပြောစမ်းပါ ပြန်ပြောလိုက်စမ်းပါ...Junkyu hyungမှာ ရည်းစားရှိတယ်...ပြီးတော့ ဘာ... ? လျို့ဝှက်ရည်းစား...လျို့ဝှက်ရည်းစားဆိုတာဘာကြီးတုန်း...! ပြီးတော့ ဒီတိုင်းလေး စိတ်ထဲကတွေးတာကို ဘာလို့အမှတ်ကလျှော့မှာလဲ...? ပြီးတော့လဲ ၁၀မှတ်တောင်လား? အခုရှိတာမှ ၁၀မှတ်တည်းမဟုတ်ဘူးလား...?''
"အဲ့ရည်းစားရှိတယ်ဆိုတာကြီး ထပ်ကြီးတလဲလဲ ပြောနေရင် မင်းရဲ့အဲ့အသုံးမကျဘဲပေါက်နေတဲ့ လက်တိုတို ခြေတိုတိုတွေကို ဆွဲဖြုတ်ပစ်မယ်...တကယ်ပြောနေတာ...''
Systemက ပြန်ပြောသည်။
''အလုပ်အရပြောပြရတာပါ...စေတနာကိုမစောက်ကားပါနဲ့...ဒီမှာ ကျွန်တော့်ရဲ့ဒီလက်တိုတိုခြေတိုတိုတွေက အသုံးမဝင်ပေမယ့် ချစ်ဖို့ကောင်းတယ်ဗျ...''
''ဒါက ဘာလုပ်ဖို့တုန်း...!''
''Ruto ဓာတ်ပုံရိုက်ပေး...''
Harutoမှာ အပြင်ကသာပါးစပ်ကြီးမချိမဆန့်ဖြဲပြီးရယ်နေရသည့်တိုင် စိတ်ထဲမှာတော့ အတော်လေးကမ္ဘာပျက်နေရှာပြီဖြစ်၏။
<လက်ရှိကမ္ဘာမှ Haruto၏ ဝါသနာမှာ ဓာတ်ပုံရိုက်ခြင်းဖြစ်ပါတယ်...အကယ်၍ hostသာ သူငယ်ချင်းကိုဓာတ်ပုံရိုက်မပေးခဲ့ပါက မူလHaruto၏ စိတ်ကျေနပ်မှုလျော့ပြီး ရမှတ်၅မှတ်နှုတ်မှာဖြစ်ပြီး သူငယ်ချင်းများထံမှ သံသယဖြစ်မှတ် ၅မှတ်လဲထပ်နှုတ်မှာဖြစ်ပါတယ်...ပြီးတော့... systemရဲ့ စေတနာအလျောက်သတိပေးချက်...hostက သေတောင်မလုပ်ချင်ပေမယ့် သေပြီးပါပြီ...>
''အာ...ဟုတ်လား...အမှတ်တမဲ့ဖြစ်သွားလို့ပါ ပြန်ရိုက်ပေးပါ့မယ်...''
Junkyuကတော့ နှုတ်ခမ်းဆူလျှက်ပင် အခန်းကိုဟိုကြည့်ဒီကြည့်နှင့် air con တွေများဖွင့်ထားသလား စပ်စုလိုက်သော်ငြား ဘာမှမူမမှန်တာမရှိပေ။
___________________________________________
Uni
အတန်းထဲရောက်နှင့်နေတဲ့ Harutoက အတန်းထဲကလူတွေတစ်ယောက်ချင်းကို စုံထောက်မျက်လုံးနဲ့ လိုက်ကြည့်နေလိုက်တယ်။ သရဲတစ်ယောက်လုံးကြီးတောင် ဘာမှမခြောက်ပဲ အေးဆေးနေတာကို ဘယ်ကောင်က သူ့အစား လိုက်ခြောက်နေတာလဲ...??
ခဏကြာတော့ သူ့ရှေ့ခုံမှာ ကောင်လေးတစ်ယောက်ဝင်ထိုင်ပြီး သူ့ကိုလက်ပြလာတယ်။
"yaa...Ruto! အစောကြီးရောက်နေတာပဲ..."
Harutoက သူ့ကိုနှုတ်ဆက်လာသည့်ကောင်လေးကို သေချာမသိသည့်တိုင် တစ်ဖက်လူကဖော်ဖော်ရွေရွေရှိတာကြောင့် အလိုက်သင့် ခပ်ပြုံးပြုံးနှင့် ခေါင်းညိမ့်လိုက်ပေ၏။ ထို့နောက် သူ့ပုခုံးပေါ်က သူတစ်ဦးတည်းသာမြင်နိုင်သည့် Ruru systemကို မေးလိုက်တယ်။
ဒါက ဘယ်သူတုန်း...??
<Park Jihoon...! Kim Junkyu ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း...>
Harutoက စိတ်ထဲမှ သက်ပြင်းမောချလိုက်သည်။ အရင်ကမ်ဘာမှာတုန်းက သူကလူတွေနဲ့ခပ်ကင်းကင်းနေခဲ့ရတာမို့ အပေါင်းအသင်းမရှိခဲ့ပေ။ ယခုလိုရုတ်တရက်ကြီး သူငယ်ချင်းတွေအများအပြားရှိဘာခြင်းအပေါ်နေသားမကျပါပေ။ ဒါပေမယ့်လဲ ဘာဖြစ်လဲနော့...သူကဝိညာဉ်ဖြစ်နေရင်တောင်မှ အရင်ကမ်ဘာက သက်ရှိထင်ရှား Harutoတိုထက်ပင် ထိတွေ့ခွင့်ရှိနေသေးသည်မဟုတ်လား။
Junkyu hyungက ဘာလို့မလာသေးတာလဲ...? အားရပါးရကို နမ်းပစ်လိုက်ဦးမယ်...!
<သတိပေးချက်ပါ...လက်ရှိအခြေအနေမှာ Haruto နဲ့ Junkyuကြားက ဆက်ဆံရေးဟာ သူငယ်ချင်းနှစ်ဦးမျှသာဖြစ်ပြီး Junkyuမွာ လျို့ဝှက်ရည်းစားတစ်ယောက်လဲရှိနေပါသေးတယ်...hostရဲ့ နမ်းမယ်ဆိုတဲ့အတွေးက အပြင်းအထန်oocနေပါတယ်...နောက်တစ်ကြိမ်တွေးရင်သော်လည်းကောင်း လက်တွေ့ပြုမူလျှင်သော်လည်းကောင်း ရမှတ်ထဲမှ 10မှတ်နှုတ်မှာဖြစ်ပါတယ်...>
Harutoမွာ အကြီးအကျယ် ပေါက်ကွဲသွားတော့သည်။
''ဘာပြောလိုက်တယ်...ပြန်ပြောစမ်းပါ ပြန်ပြောလိုက်စမ်းပါ...Junkyu hyungမွာ ရည်းစားရှိတယ်...ပြီးတော့ ဘာ... ? လျို့ဝှက်ရည်းစား...လျို့ဝှက်ရည်းစားဆိုတာဘာကြီးတုန်း...! ပြီးတော့ ဒီတိုင်းလေး စိတ်ထဲကတွေးတာကို ဘာလို့အမှတ်ကလျှော့မှာလဲ...? ပြီးတော့လဲ ၁၀မှတ်တောင်လား? အခုရွိတာမွ ၁၀မှတ်တည်းမဟုတ်ဘူးလား...?''
သူက အပြစ်မရှိသည့်ထိုဖြူဖြူလုံးလုံး Ruru systemကို ဒေါသတကြီး ရန်တွေ့လို့ပင်မဆုံးသေး ရုတ်တရက်သူ့နားထဲသို့ သီချင်းသံအချို့ဝင်လာ၏။ ထိုအသံက သူလှည့်ကြည့်စရာမလိုအောင်ရင်းနှီးပြီးသားအသံဖြစ်ပေ၏။
Systemက ဝမ်းသာအားရဖြင့် ဆိုသည်။
<ဇာတ်ကောင် - Kim Junkyu... Haruto၏ခုံဖော်... Jihoon၏ အရင်းနှီးဆုံးသူငယ်ချင်း...
ထူးခြားချက် - မည်သူတစ်ဦးတစ်ယောက်မှမမြင်ဖူးသည့် လျို့ဝှက် ရည်းစားတစ်ယောက်ရှိ...>
Harutoက သူ့ပုခုံးပေါ်က ထိုအကောင်ကို အမြင်ကပ်ကပ်ဖြင့် မျက်စောင်းတစ်ချက်ပိတ်ထိုးလိုက်သည်။
"အဲ့ရည်းစားရှိတယ်ဆိုတာကြီး ထပ်ကြီးတလဲလဲ ပြောနေရင် မင်းရဲ့အဲ့အသုံးမကျဘဲပေါက်နေတဲ့ လက္တိုတို ခြေတိုတိုတွေကို ဆွဲဖြုတ်ပစ်မယ်...တကယ်ပြောနေတာ...''
Systemက ပြန်ပြောသည်။
''အလုပ်အရပြောပြရတာပါ...စေတနာကိုမစောက်ကားပါနဲ့...ဒီမွာ ကျွန်တော့်ရဲ့ဒီလက်တိုတိုခြေတိုတိုတွေက အသုံးမဝင်ပေမယ့် ချစ်ဖို့ကောင်းတယ်ဗျ...''
Harutoက ထိုsystem၏ အရေးမပါသည့် ဖော်ပြချက်များကိုလျစ်လျူရှုလိုက်ကာ အခန်းထဲဝင်လာသည့် Junkyuကို ဝမ်းသာအားရ နှင့်လှည့်ကြည့်လိုက်သည်။
Junkyuက ဝက်ဝံရုပ်ကြီးတစ်ရုပ်ကို ပိုက်ရင်း သီချင်းတညည်းညည်းဖြင့် စည်းချက်အတိုင်း ဘယ်ယိမ်းညာယိမ်းဖြင့် ကနေလိုက်သေးသည်။ အခန်းထဲက ကျောင်းသားတွေအားလုံးက တစ်ထေရာတည်းတူသည့်မျက်နှာထားများဖြင့် နှာခေါင်းရှုံ့လိုက်ကြသော်ငြား Harutoမွာ Junkyu၏ ဤသို့ပေါ့ပါးသွက်လက်ပြီး ပတ်ဝန်းကျင်ဂရုမစိုက်သည့်ပုံစံကလေးက ချစ်စရာကောင်းသည်ဟုသာ တွေးလိုက်မိပေ၏။
Jihoonက သီးချင်းတကြော်ကြော်နဲ့ ကလိုက်ခုန်လိုက်ဖြင့် တော်တော်နှင့်အနားရောက်မလာနိုင်သေးသည့် Junkyuကို လှမ်းမေးလိုက်သည်။
''ဒါက ဘာလုပ်ဖို့တုန်း...!''
Junkyuက ဖြတ်ဖြတ်နဲ့ ပြေးလာပြီး Harutoနံဘေး၌ ဝင်ထိုင်လိုက်ပေ၏။ ထို့နောက် နားရွက်တက်ချိတ်တော့မလိုပြုံးလျှက်ဖြေသည်။
''ဒီနေ့ ငါနဲ့ ငါ့အချစ်ကလေးရဲ့ အထိမ်းအမှတ် Anniလေ...''
ထို့နောက်သူက Haruto၏ ပုခုံးကိုပုတ်လျှက်ဆိုသည်။
''Ruto ဓာတ်ပုံရိုက်ပေး...''
Harutoမွာ အပြင်ကသာပါးစပ်ကြီးမချိမဆန့်ဖြဲပြီးရယ်နေရသည့်တိုင် စိတ်ထဲမှာတော့ အတော်လေးကမ်ဘာပျက်နေရှာပြီဖြစ်၏။
ဘာပြောတယ်...ငါက ငါချစ်တဲ့သူရဲ့ တခြားသူနဲ့ပျော်မယ့်anniကို ဓာတ်ပုံရိုက်ပေးရဦးမယ်...သေတောင်မလုပ်ဘူးနော်...!
အချိန်အခါနှင့် အရိပ်အခြေကိုနားမလည်သည့် ပုခုံးပေါ်က ဖြူဖြူလုံးလုံးကောင်က ဆိုလာသည်။
<လက်ရှိကမ်ဘာမှ Haruto၏ ဝါသနာမွာ ဓာတ်ပုံရိုက်ခြင်းဖြစ်ပါတယ်...အကယ်၍ hostသာ သူငယ်ချင်းကိုဓာတ်ပုံရိုက်မပေးခဲ့ပါက မူလHaruto၏ စိတ်ကျေနပ်မှုလျော့ပြီး ရမှတ်၅မှတ်နှုတ်မှာဖြစ်ပြီး သူငယ်ချင်းများထံမှ သံသယဖြစ်မှတ် ၅မှတ်လဲထပ်နှုတ်မှာဖြစ်ပါတယ်...ပြီးတော့... systemရဲ့ စေတနာအလျောက်သတိပေးချက်...hostက သေတောင်မလုပ်ချင်ပေမယ့် သေပြီးပါပြီ...>
Harutoမွာ သည်းမခံနိုင်တော့အောင် မကျေမနပ်ဖြစ်သွားရသည့်တိုင် သူ့ခင်ဗျာ မတတ်နိုင်ပေ။ သူသာ တစ်ကြိမ်oocဖြစ်ပါက systemက ၁၀မှတ်နှုတ်မည်ဖြစ်ပြီး နှစ်ကြိမ်oocပါက ၅မှတ်စီနှင့် ၁၀မှတ်နှုတ်ဦးမည်သာဖြစ်သည်။ ရလဒ္ကမူ အပြစ်များသည်ဖြစ်စေနည်းသည်ဖြစ်စေ သူ့ရဲ့ကနဦးရမှတ်၁၀မှတ်လုံးက အနှုတ်ခံရမည်သာဖြစ်ပေ၏။ အရိုက်ခံရဖို့အတွက် သစ်သားတုတ်နှင့် ကြိမ်လုံးကိုရွေးရသလိုပင်ဖြစ်၏။ ကြိမ်လုံးက အနည်းငယ်စပ်သော်ငြား သစ်သားကအောင့်သက်ခံစားရမည်ဖြစ်ပြီး မည်သို့ပင်ဖြစ်စေ နာတာက နာတာသာဖြစ်ပေ၏။ ထို့ကြောင့် Harutoမွာ သူ့ရဲ့ စာအုပ်တွေစုပြုံထည့်ထားပြီးလေးလံလှသည့်အိတ်ကြီးထဲ တစ်ချက်မျှမွှေနောက်လိုက်ကာ cameraကိုထုတ်၍ Junkyuကိုဓာတ်ပုံရိုက်ပေးရလေတော့သည်။
တကယ်မတတ်နိုင်ဘူးလေ။ ရွေးချယ်စရာမှမရှိဘဲကို။ Junkyuက ပထမတစ်ပုံရိုက်ပြီး သူ့ပုံကိုကြည့်လိုက်သည်။
''Ruto...ပုံက ငါ့ပုံပဲပါပြီး အရုပ်လဲမပါဘူး...''
Harutoက သူ့နားရွက်နောက်က ဆံပင်တစ်ချို့ကိုသပ်လျှက် Junkyu၏အကြည့်ကို တည့်တည့်မကြည့်ရဲဘဲ ခေါင်းငုံ့ကာ ပလုံးပထွေးဆိုသည်။
''အာ...ဟုတ္လား...အမှတ်တမဲ့ဖြစ်သွားလို့ပါ ပြန်ရိုက်ပေးပါ့မယ်...''
သို့သော် Junkyuမွာ Harutoရိုက်ပေးသည့်ပုံများမှာ ၁၀ပုံခန့်ရှိပြီဖြစ်သော်လည်း တစ္ပုံမွ ကောင်းကောင်းကန်းကန်းထွက်မလာသလိုခံစားနေရပေ၏။ သူ့ပုံချည်းရိုက်လိုက် အရုပ်ပုံချည်းရိုက်လိုက် မျက်နှာတစ်ခြမ်းပဲပါလိုက် ဝါးဝါးကြီးဖြစ်လိုက် ဖြစ်နေသည့်ပုံများကိုကြည့်ရင်း သူ့ခင်ဗျာ...Harutoရဲ့ ဓာတ်ပုံရိုက်တဲ့ skillတွေအကုန် သူခိုးခိုးခံလိုက်ရပြီလားဟုတောင် ပေါက်တတ်ကရတွေးမိလိုက်သည်အထိပင်။ ရှေ့ကထိုင်ကြည့်နေသည့် Jihoonက စိတ်ဝင်တစားဖြင့် ပုံတွေကိုလာကြည့်ရင်း Harutoကို စိတ်ရင်းနှင့် ချီးကျူးပေ၏။
''Yaa...yaa...Ruto...မင်းရိုက်တာတော်တယ်...ဟားဟားဟား...''
Junkyuက နှုတ်ခမ်းဆူလိုက်သည့်အခါ Harutoက ခပ်တိုးတိုးဆိုသည်။
''အာ...ဒီနေ့မှလက်ကနည်းနည်းတုန်နေတာ...အေးလို့ထင်တယ်...''
Junkyuကေတာ့ နှုတ်ခမ်းဆူလျှက်ပင် အခန်းကိုဟိုကြည့်ဒီကြည့်နှင့် air con တွေများဖွင့်ထားသလား စပ်စုလိုက်သော်ငြား ဘာမှမူမမှန်တာမရှိပေ။
Jihoonက မယုံသင်္ကါရုပ်ဖြင့် Junkyuမေးသည်။
''မင်းရဲ့ရည်းစားဆိုတာကရော တကယ်ရှိလို့လား သရဲပဲလား...?''
Harutoက စိတ်ထဲကထောက်ခံလိုက်သည်။
''အင်း အခုလက်ရှိသူ့ရည်းစားတကယ်ရှိမရှိမသိဘူး...နောက်ရှိလာရင်တော့ သရဲပဲဖြစ်မှာ...!!!''
___________________________________________
Continue Reading
You'll Also Like
408K 16.7K 34
𝑨𝒓𝒕𝒊𝒔𝒕 : 𝒉𝒖𝒎𝒂𝒏_𝒍𝒐𝒖𝒗𝒓𝒆 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏 : 𝑨𝑷𖣔 and ℳ𝖊𝖊☁️ Latest translator..Twakitt9795
644K 71.5K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
102K 14.2K 105
ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို ရှုစားရမည့် ဝတ္ထုဖြစ်သည်။
781K 31.3K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....