ရွှေပေါင်လုံးကြီးကို ဖက်ထားမယ်

By MayBerry_115

34.7K 5.2K 141

Myanmar translation of Holding Onto My Man. Alternative names: 抱住我的男人 Author: Hong Yao Yao, 红妖妖 Source: jjwx... More

descriptions
chapter~> 1 (arc 1)
chapter~> 2
chapter~>3
chapter~4
chapter~>5
chapter~>6
chapter~>7
chapter~>8
chapter~>9
chapter~>10
chapter~>11
chapter~>12
chapter~>13
chapter~>14
chapter~>15
chapter~>16 (arc-2)
chapter~>17
chapter~> 18
chapter~>19
chapter~>20
chapter ~> 21
chapter~>22
chapter~>23
chapter~> 25
chapter~26.1
chapter~>26.2 (arc 3)
chapter~>23.1

chapter~> 24

1K 180 17
By MayBerry_115

မိုကွေ့၏ တန်ဖိုးအရှိဆုံးရတနာမှာ ခရမ်းရောင်နှလုံးသွေးကြာ ဖြစ်သည်။

ဤပန်းသည် တစ်လောကလုံးမှာ အလွန်ရှားပါးပြီး မှော်ဆန်တဲ့ပန်းတစ်မျိုး ဖြစ်သည်။ ၎င်းကို မှော်ဆန်သောပန်းဟု ခေါ်ဆိုမည့်အစား မှော်ဆေးရည်ဟုခေါ်ခြင်းက ပို၍သင့်လျော်သည်။

ဒဏ္ဍာရီအရ မရင့်မှည့်သေးသော ခရမ်းရောင်နှလုံးသွေးကြာသည်ပင်လျှင် စားလိုက်ပါက သာမာန်လူတစ်ယောက်ကို သေရွာက ပြန်ရှင်စေနိုင်သည်။ ကျင့်ကြံသူတစ်ဦးစားသုံးမိပါက ၎င်းတို့၏နတ်အရိုးကို သန့်စင်စေနိုင်ပြီး စွမ်းအားတိုးစေကာ အချိန်တိုအတွင်း အမတသခင် ဖြစ်လာနိုင်သည်။

ရင့်မှည့်ပြီးသော ခရမ်းရောင်နှလုံးသွေးကြာသည် အစွမ်းထက်ဆုံးဖြစ်ပြီး လူတစ်ယောက်ကို အထွတ်အထိပ်သို့ ဖြတ်ကျော်ကာ ထာဝရရှင်သန်သူ ဖြစ်လာစေနိုင်သည်။ နှစ်ထောင်ပေါင်းများစွာကြာတဲ့ထိ ထိပ်ဆုံးအဆင့်သို့ ဘယ်သူမှ မဖြတ်ကျော်နိုင်ခဲ့သောကြောင့် ပြည်မကြီးရှိ ဆရာသခင်များအားလုံးက ၎င်းကို အသေအလဲ ရှာဖွေနေခြင်းဖြစ်သည်။

သို့သော် ဤပန်းပွင့်၏ကြီးထွားမှုဖြစ်စဥ်သည် အလွန်ရှည်လျားပြီး နှစ်‌ပေါင်းရာနှင့်ချီ ကြာမြင့်လေသည်။ ၎င်း၏ ကြီးထွားမှုအတွက် လိုအပ်ချက်မှာ အလွန်များပြားလှသည်။ ဤပန်းသည် အခွင့်အခါသင့်မှသာ တွေ့ရှိနိုင်ပြီး ရှာဖွေ၍မရနိုင်ပေ။

ချင်ရှီထျန်သည် ၎င်းကို မတော်တဆ တွေ့ရှိခဲ့ပြီး ၎င်းကို မိုကွေ့သို့ ပြောင်းရွှေ့စိုက်ပျိုးရန် များစွာအင်အားစိုက်ထုတ်ခဲ့ရသည်။ သူသည် လောကတစ်ခုလုံး၏ အကြီးမြတ်ဆုံး အမတသခင်ဖြစ်လာရန် ၎င်းကို တယုတယ စိုက်ပျိုးခဲ့ပြီး မစားသုံးခင် ထိုပန်း ရင့်မှည့်လာသည်အထိ စောင့်ဆိုင်းနေခဲ့သည်။

သို့သော် မိုဟိုက်ကောသည် သူ၏အောင်မြင်မှုလမ်းကြောင်းကို ဖျက်စီးကာ ရင့်မှည့်ရန် လအနည်းသာ လိုတော့သည့် ခရမ်းရောင်နှလုံးသွေးကြာကို ခိုးယူခဲ့ပြီး ကျွင်ရန်ဟန်ကို ပေးလိုက်မည်ဟု မည်သူက ထင်မည်နည်း။ သူက စွမ်းအားကြီးလာပြီး ချင်ရှီထျန်၏ရန်သူ ဖြစ်လာခဲ့သည်။

ချင်ရှီထျန်သည် မိုဟိုက်ကောကြောင့် ကျွင်ရန်ဟန်နှင့် ရန်‌သူဖြစ်လာသည်ဖြစ်စေ မဖြစ်စေ သူသည် ကျွင်ရန်ဟန်အား ခရမ်းရောင်နှလုံးသွေးကြာ၏စွမ်းအားကို ရယူခွင့်မပေးနိုင်ချေ။

သူတို့နှစ်ယောက် အနာဂတ်မှာ တခြားကိစ္စတွေကြောင့် ထိပ်တိုက်တွေ့ဦးမလားဆိုတာ ဘယ်သူသိနိုင်မှာလဲ။ ချင်ရှီထျန်သည် ကြီးမြတ်သော နတ်ဆိုးခေါင်းဆောင်ဖြစ်ပြီး တစ်ဖက်လူမှာ ဖြောင့်မတ်သော သူရဲကောင်းတစ်ဦးဖြစ်သည်။ သူတို့ကြားမှာ ရန်ငြိုးအမြဲရှိနေမှာ။

မိုဟိုက်ကောသည် ရတနာကို ခိုးယူရန် သေချာအကွက်ချစီစဉ်ပြီးကြောင်း ထင်ရှားသည်။ ကုပိုင်သည် သူ့နောက်ကလိုက်သွားပြီး သူက အစောင့်များကို ကျွမ်းကျင်စွာ တိုက်ခိုက်၍ သူ ယုံကြည်ရသည့်လက်အောက်ငယ်သား
များနှင့် အစားထိုးလိုက်သည်ကို စောင့်ကြည့်နေခဲ့သည်။ ထို့နောက် သူသည် ခရမ်းရောင်နှလုံးသွေးကြာ စိုက်ထားသော လျှို့ဝှက်အခန်းထဲသို့ ချောမွေ့စွာ ရောက်သွားခဲ့သည်။

သူ့နောက်ကို လိုက်နေသော ကုပိုင်သည် စိတ်ထဲတွင် သက်ပြင်းချရင်း တွေးလိုက်မိသည် : တကယ်တော့ လောကမှာ ပြီးပြည့်စုံတယ်ဆိုတာ မရှိဘူးပဲ။ ချင်ရှီထျန်လို နတ်‌ဆိုးဘုရင်ကြီးတောင်မှ ပေါ့ဆတဲ့နေ့ဆိုတာ ရှိလာတာပဲ။ မိုဟိုက်ကောက ဂိုဏ်းထဲမှာ သူယုံကြည်ရတဲ့ကိုယ်ပိုင်တပ်သားတွေ စုဆောင်းထားမှန်းတောင် သူ မသိဘူး။

ကုပိုင်သည် လျှို့ဝှက်ခန်း၏တည်နေရာကို မသိသော်လည်း ကံကောင်းစွာဖြင့် မိုဟိုက်ကောက ရတနာကို ခိုးယူရန် သွားနေကြောင်း သူ သိသည်။ခရမ်းရောင်နှလုံးသွေးကြာသည် မိုကွေ့၏ တန်ဖိုးအရှိဆုံးရတနာဖြစ်သည်။ ၎င်းက အလွန်အဖိုးတန်တာကြောင့် မည်သူမျှ မမြင်ဖူးပေ။ ချင်ရှီထျန်က သူ့ကို အရင်က အဲဒီနေရာကို ခေါ်သွားဖူးတာကြောင့် မိုဟိုက်ကောက
တည်နေရာကို သိသည်။

မကြာခင်မှာပဲ မိုဟိုင်ကောနောက်ကိုလိုက်နေသော ကုပိုင်သည် ဆိတ်ငြိမ်သော ချိုင့်ဝှမ်းတစ်ခုဆီကို ရောက်လာပြီး တသီးတခြားဖြစ်နေသော လှိုဏ်ဂူတစ်ခုထဲသို့ ဝင်သွားခဲ့သည်။

သို့သော် ဘယ်အရာမှားယွင်းသွားမှန်း မသိချေ။ လိုဏ်ဂူထဲတွင် စိုက်ပျိုးထားသော ခရမ်းရောင်နှလုံးသွေးကြာသည် သဲလွန်စမရှိဘဲ ပျောက်နေသည်။

" မဖြစ်နိုင်...မဖြစ်နိုင်ဘူး..."

မိုဟိုက်ကောက မယုံကြည်နိုင်စွာ ခေါင်းကိုခါယမ်းလိုက်သည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း သူသည် ပို၍ ဉာဏ်ထိုင်းလာသော်လည်း ချင်ရှီထျန်၏ တဖြည်းဖြည်း မနှစ်သက်မှုကို ခံစားနိုင်ပါသေးသည်။ ချင်ရှီထျန်၏စိတ်နေစိတ်ထားအရ ခရမ်းရောင် နှလုံးသွေးကြာကဲ့သို့ အရေးကြီးသောအရာကို သူကိုယ်တိုင်မှလွဲပြီး အခြားသူအား အသိပေးမည်မဟုတ်ပေ။ထို့ကြောင့် သူ့ကို မနှစ်သက်တော့သဖြင့် ၎င်းကို ရွှေ့ပြောင်းစိုက်ပျိုးခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။

သို့သော် ခရမ်းရောင်နှလုံးသွေးကြာ၏ ကြီးထွားရန် အခြေအနေများသည် အလွန်တင်းကြပ်လှသည်။ မင်းဆန္ဒအတိုင်း အလွယ်တကူ ‌ရွှေ့ပြောင်းစိုက်လို့မရချေ။ မိုကွေ့တစ်ခုလုံးတွင် ဤဂူတစ်ခုတည်းသာ အရည်အချင်းပြည့်မီပြီး ခရမ်းရောင်နှလုံး‌သွေးကြာကို အခြားမြေများတွင် စိုက်၍မရနိုင်ပေ။ အဲဒီအရာက ဒီဂူထဲမှာပဲ ရှိနေဦးမှာ!

ဤအတွေးဖြင့် မိုဟိုက်ကောသည် ဂူထဲကို စတင်ရှာဖွေခဲ့သည်။ မိုကွေ့၏သခင်လေးအနေဖြင့် မကြာသေးမီနှစ်များအတွင်း သူ၏စိတ်စွမ်းအားကို တိုးတက်အောင် မကျင့်ကြံနိုင်သော်လည်း သခင်လေးဆိုသည့် သူ့ရာထူးကိုအသုံးပြု၍ စာကြည့်တိုက်တွင် စာအုပ်များစွာကို ဖတ်ခဲ့သည်။ တွက်ချက်မှုမှာ ကျွမ်းကျင်ခဲ့ပြီး ယန္တရားများ၏ သဘာသဘာဝကိုလည်း နားလည်ခဲ့သည်။

သူ၏စိတ်ရှည်လက်ရှည် ရှာဖွေမှုအောက်တွင် မကြာခင်မှာပဲ သံသယဖြစ်ဖွယ်အရာတစ်ခုကို ရှာတွေ့ခဲ့ပြီး လျှို့ဝှက်ခန်းကို ဖွင့်သည့်ခလုတ်ကို တွေ့ရှိခဲ့သည်။

ပျော်ရွှင်သော မျက်နှာဖြင့် မိုဟိုက်ကော
ဝင်သွားပြီး ကုပိုင်လည်း အနောက်မှတိတ်တဆိတ် လိုက်သွားခဲ့သည်။

သူ လျှို့ဝှက်ခန်းထဲသို့ ဝင်လိုက်သည်နှင့် အဖိုးတန် ခရမ်းရောင်နှလုံးသွေးကြာသည် အမှန်ပင် ထိုနေရာတွင် ရှိနေ၏။ ၎င်းကို ကျောက်စိမ်းပန်းအိုးထဲတွင် စိုက်ထားပြီး ကျောက်စားပွဲပေါ်၌ တင်ထားသည်။

သို့သော်လည်း မိုဟိုက်ကောက ချက်ချင်း မသွားသေးဘဲ သူ့မျက်လုံးများက လျှို့ဝှက်ခန်း၏ နံရံတွင် ချိတ်ဆွဲထားသော ပန်းချီကားများကို စိုက်ကြည့်နေ၏။ ပန်းချီကားချပ်များတွင် ပါဝင်သော အကြောင်းအရာကြောင့် သူ အံ့အားသင့်သွားရသည်။

မိုကွေ့၏ဂိုဏ်းသားတစ်ဦးအနေဖြင့် မိုဟိုက်ကောသည် အများကြီးတွေ့ကြုံခဲ့ရပြီး ဗဟုသုတများစွာရှိသော်လည်း လျှို့ဝှက်ခန်းနံရံပေါ်ရှိ ပန်းချီကားချပ်များကြောင့် ဖြစ်ပေါ်လာသော ထိတ်လန့်တုန်လှုပ်မှုကို မကာကွယ်နိုင်သေးပေ။

ထိုပန်းချီကားများသည် ရမ္မက်ကြွစေသောပုံများ ဖြစ်သည်။ ပန်းချီကား၏အကြောင်းအရာသည် ယောက်ျားနှစ်ဦးကို ပုံဖော်ထားပြီး ထိုလူနှစ်ယောက်၏ အသွင်အပြင်မှာလည်း အလွန်ရင်းနှီးနေသည်။

၎င်းတို့မှာ သူ့ဆရာ ချင်ရှီထျန်နှင့် ဂိုဏ်း၏ မှော်လက်နက်သန့်စင်ရေး ပါရမီရှင်တစ်ဖြစ်လဲ သူ့သခင်၏အနားတွင် ခစားခဲ့သော သက်တော်စောင့်လေး အားကျို့ တို့ဖြစ်သည်။

ပန်းချီကားထဲတွင် နှစ်ယောက်စလုံး အဝတ်ဗလာနှင့်။ ချစ်စရာကောင်းပြီး နူးညံ့သိမ်မွေ့သော ကောင်လေးကို ရင့်ကျက်သော အမျိုးသားက ဖိထားသည့်ပုံ၊ ပွေ့ဖက်ထားသည့်ပုံ၊ ကောင်လေးက ထိုယောက်ျား၏အပေါ်မှာ တက်ခွနေသည့်ပုံ စသည်တို့ ဖြစ်သည်။ ပန်းချီကားများသည် လုံးဝဖုံးကွယ်ထားခြင်းမရှိဘဲ အလွန်အမင်း အညှီအဟောက်ဆန်လှသည်။

အထူးသဖြင့် ကောင်လေး၏မျက်နှာပေါ်ရှိ အမူအရာများမှာ အလွန်အသက်ဝင်နေ၏။ လျှို့ဝှက်ခန်းအလယ်တွင် ကောင်လေး၏ပုံတူကို ချိတ်ဆွဲထားသည်။

ထိုပုံသည် ရေချိုးကန်၏‌အစွန်းကို မှီရင်း ပျင်းရိစွာ ရေချိုးနေသော ကောင်လေး၏ပုံဖြစ်သည်။ မိုဟိုက်ကော၏အမြင်အာရုံက အရမ်းကောင်းတာကြောင့် တစ်ချက်ကြည့်လိုက်ရုံနှင့် ကောင်လေး၏မျက်နှာအရောင်သည်
ပန်းချီကား၏ အခြားအစိတ်အပိုင်းများထက် ပို၍မှိန်ဖျော့နေသည်ကို တွေ့လိုက်ရသည်။ အကြိမ်ပေါင်းများစွာ ပွတ်သပ်ထားမှုကြောင့် အရောင်ဖျော့နေသည်မှာ ထင်ရှားလှသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က သူ့ဆရာက သူ့ကို မကြည့်ရသည့် အကြောင်းရင်းမှာ သူ့နှလုံးသားထဲတွင် အခြားတစ်ယောက်ရှိနေသောကြောင့်ဖြစ်သည်.....

မိုဟိုင်ကောသည် သူ့အကြည့်ကို ရုတ်သိမ်းလိုက်ပြီး တိတ်တိတ်လေး တွေးလိုက်သည်။ သူ ချင်ရှီထျန်ကို ပိုလို့တောင် ရွံ့ရှာမိတယ်။ သူ့စိတ်က အလွယ်တကူ ပြောင်းလဲတတ်တာပဲ။ သူ့ဘဝမှာ စိတ်အပြောင်းအလဲမြန်တဲ့လူတွေကို အမုန်းဆုံးပဲ။ ကံကောင်းလို့ သူက သူ့ရှီဖူရဲ့ဖြားယောင်းမှုကို လက်မခံခဲ့မိတာ!

သူ၏အနောက်ရှိ ကုပိုင်သည် လျှို့ဝှက်ခန်းအတွင်း ပြည့်နှက်နေသော ပန်းချီကားများကို မြင်လိုက်ရသောအခါ သူ့အမူအရာက တောင့်တင်းသွားပြီး အနောက်သို့ ယိမ်းယိုင်သွားကာ သူ့ကိုယ်သူ ဖော်ထုတ်မိလုနီးပါး ဖြစ်သွားသည်။ သူ့စိတ်ထဲမှာ ကြိမ်းဝါးလိုက်သည် : ချင်ရှီထျန်၊ ဒီနှာဘူးကောင်ကတော့!


သူ ဘယ်လောက်ပဲ အရေထူပါစေ သူက ရမ္မက်ကြွပန်းချီရဲ့ဇာတ်ကောင်အဖြစ် စိတ်ကူးယဉ်ပြီး ပန်းချီဆွဲခံလိုက်ရသည်။ ထိုပုံတွေကို တခြားလူ မြင်သွားသောအခါ သူ့ပါးပြင်တွေ ပူလောင်လာသည်။

သို့သော်လည်း ကုပိုင်က အလျင်အမြန် ထွက်မလာခဲ့ပေ။ သူနှင့်မိုဟိုင်ကောမှလွဲ၍ လျှို့ဝှက်ခန်းထဲတွင် အခြားတစ်ယောက်ရှိနေသည်ကို သူ သတိပြုမိသည်။ သူ့ထက်မနိမ့်တဲ့ အမတစွမ်းအားရှင်တစ်ယောက်!

သူ ထင်ထားသည့်အတိုင်း မိုဟိုက်ကောက ခရမ်းရောင်နှလုံးသွေးကြာကို ယူရန် လျှောက်သွားသောအခါ သူ့ဆီ အနက်ရောင်မီးလုံးတစ်ခုက ရုတ်တရက် တိုက်ခိုက်လာပြီး သူ့ကို လျှို့ဝှက်ခန်း၏နံရံသို့ တိုက်ရိုက် လွင့်ထွက်သွားစေသည်။ သူ့ပါးစပ်မှ သွေးများ စီးကျလာသည်။

" ရှီဖူ.. ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ။ "

မိုဟိုက်ကော မော့ကြည့်လိုက်ပြီး အမှောင်ရိပ်ထဲမှ ထွက်လာသော အရပ်ရှည်ရှည်ပုံရိပ်ကို တွေ့လိုက်ရသောအခါ သူ့အမူအရာ ပြောင်းသွားသည်။ ချင်ရှီထျန် လျှို့ဝှက်ခန်းထဲတွင် ရှိနေမည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထားပေ။

" ဒါဆို မင်းက‌ရော ဘာလို့ ဒီကိုရောက်နေတာလဲ... "

ချင်ရှီထျန်က သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။ သူ့မျက်လုံးထဲတွင် စွဲလန်းမှုနှင့် ချစ်ခင်မြတ်နိုးမှုများ မရှိတော့ချေ။

ဒီနေ့ ကုပိုင် ရေချိုးတာကို ချောင်းကြည့်ပြီးတော့ သူ့စိတ်တွေ ပူလောင်လာပြီး တည်ငြိမ်အောင်ထိန်းဖို့ လိုနေသည်။ သူသည် များသောအားဖြင့် လျှို့ဝှက်ခန်းသို့လာပြီး ပန်းချီဆွဲကာ စိတ်ဖြေလေ့ရှိသည်။


ကုပိုင်က အပေါ်ယံမြင်ရသလို အားမနည်းဘူးဆိုတာ သူ သိသည်။ အဲဒီအချိန်တုန်းက သူ့အိပ်ခန်းထဲကို ခိုးဝင်နိုင်တဲ့စွမ်းရည်က သူ့ကို ယှဉ်ပြိုင်နိုင်ဖို့ လုံလောက်သည်။ ကောင်လေးကို အတင်းအကြပ် ရယူဖို့ဆိုတာ မဖြစ်နိုင်ဘူး။

ကောင်လေးကို တောင့်တတဲ့အချိန်တိုင်း ပန်းချီကားချပ်ကနေတစ်ဆင့် သူ့အတွေးတွေကို ထုတ်ဖော်ပြီး သူ့နှလုံးသားထဲက ရမ္မက်မီးတောက်တွေကို လွတ်မြောက်စေခဲ့သည်။ ဒီနေ့ တစ်စုံတစ်ယောက်က သူ့ကို နှောင့်ယှက်လာမယ်ဆိုတာ ဘယ်သူသိမှာလဲ။

မိုဟိုက်ကောကလွဲလို့ ဒီနေရာကို သိတဲ့သူမရှိဘူး။ မိုဟိုက်ကောက သူ့အ‌ပေါ်နားလည်မှုကို မှီခိုပြီး လျှို့ဝှက်ခန်းအတွင်းကို ရှာတွေ့ခဲ့တယ်။ သူက ခရမ်းရောင် နှလုံးသွေးကြာကို ခိုးယူဖို့တောင် ကြိုးစားရဲတယ်!

" ... "

မိုဟိုက်ကောသည် သူ့မေးခွန်းကြောင့် အာစေးမိသွားပြီး သူ့မျက်နှာက ဖြူဖျော့သွားခဲ့သည်။ သူက ချင်ရှီထျန်ကို စက်ဆုပ်ရွံရှာပေမယ့် သူ့ကို အရမ်းကြောက်နေတုန်းပဲ။ သူက လူတွေကို မျက်တောင်မခတ်ဘဲ သတ်ပစ်တဲ့ နတ်ဆိုးဘုရင်ကြီးဖြစ်ပြီး သူ့နည်းလမ်းများက အလွန်ရက်စက်လွန်းသည်။

သို့သော် ဒီလိုရတနာမျိုးကို လိုအပ်နေတဲ့ သူ့ချစ်သူအကြောင်း တွေးမိပြီး သူ့စိတ်ထဲက အကြောက်တရားများက များစွာပြေလျော့သွားသည်။ အတိတ်က ချင်ရှီထျန် သူ့ကို အလိုလိုက်ခဲ့ပုံကို တွေးပြီး အလိုအလျောက် ဒူးထောက်လိုက်သည်။

" ရှီဖူ၊ ဒီတပည့်က မသိတတ်ပါဘူး။ ဒီ
တပည့်က မိုကွေ့ကို စွန့်ခွာပြီး အေးချမ်းတဲ့အရပ်မှာ တစ်ယောက်တည်း နေလိုပါတယ်။ မထွက်ခွာခင် တပည့်ကို ခရမ်းရောင် နှလုံးသွေးကြာကို ပေးသနားပါလို့ ရှီဖူကို တောင်း‌ဆိုပါတယ် "

ချင်ရှီထျန်သည် ဘာမှမပြောဘဲ သူ့ကို မျက်စိကျဉ်းမြောင်းကာ ခဏလောက်
စိုက်ကြည့်နေသည်။

" ခရမ်းရောင် နှလုံးသွေးကြာကို ဘာအတွက်လိုချင်တာလဲ။"

မိုဟိုက်ကောနှင့် ကျွင်ရန်ဟန်တို့၏ကိစ္စသည် အလွန်လျှို့ဝှက်ပြီး သူတို့ သိကျွမ်းသည့်အချိန်ကာလမှာလည်း အလွန်တိုတောင်းလှသည်။ ချင်ရှီထျန်မှာ သူလျှိုတွေ အများကြီးရှိရင်တောင် ထိုအကြောင်းကို သူ မသိသေးချေ။

ချင်ရှီထျန်သည် ကျွင်ရန်ဟန်၏ တည်ရှိမှုကို မသိသလို မိုဟိုက်ကောသည်လည်း သဘာဝကျစွာပင် ၎င်းကို မပြောဝံ့ပေ။

မိုကွေ့မှာ နှစ်ပေါင်းများစွာနေထိုင်ပြီး ချင်ရှီထျန်၏လက်အောက်တွင် ကြီးပြင်းလာပြီးနောက် ချင်ရှီထျန်၏စရိုက်ကို သူ ကောင်း‌ကောင်းသိသည်။ သူသည် အလွန်အစွန်းရောက်သောသူ ဖြစ်သည်။

အခြားလူတစ်‌ယောက်အတွက် သူ့ကိုသစ္စာဖောက်ကြောင်း ချင်ရှီထျန် သိသွားခဲ့ရင် ကျွင်ရန်ဟန်ကို သတ်ပစ်မှာ သေချာသည်။ လက်ရှိကျွင်ရန်ဟန်သည် ချင်ရှီထျန်ကို လုံးဝအနိုင်မယူနိုင်ချေ။

မိုဟိုက်ကောက နှုတ်ခမ်းကိုကိုက်လိုက်ပြီး ကြောက်စိတ်ကြောင့် အနည်းငယ် တုန်လှုပ်သွားသော်လည်း သူသည် ခေါင်းမာပြီး ဇွဲကောင်းနေဆဲဖြစ်သည်။

" ရှီဖူ၊ တပည့်က မိုကွေ့မှာ မနေချင်တော့ဘူး။ စွမ်းအားပြိုင်ပွဲတွေမှာ မပါချင်တော့ဘူး။ ဒီတပည့်က ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းချင်ပါတယ်။ ဒီဆန္ဒကို ဖြည့်ဆည်းပေးဖို့ ရှီဖူကို တောင်းဆိုချင်ပါတယ်။ ပြီးတော့ တပည့်ကို ခရမ်းရောင်နှလုံးသွေးကြာ ပေးသနားဖို့ တောင်းဆိုချင်ပါတယ်... "

သူ ပြောပြီးသည်နှင့် ချင်ရှီထျန်၏ သံသယဝင်သော မျက်လုံးများကို ကြည့်လိုက်သည်။ သူ စိတ်တင်းလိုက်ပြီး နောက်ထပ်စာကြောင်းကို ထပ်ထည့်လိုက်သည်။

" ရှီဖူက တပည့်ကို ခရမ်းရောင် နှလုံးသွေးကြာပေးဖို့ သဘောတူရင် ဒီတပည့်က ဘာမဆိုလုပ်ပေးမှာပါ... "

ချင်ရှီထျန်၏ရှေ့မှာ ၎င်းကို လုယူဖို့ဆိုတာ မဖြစ်နိုင်သလို မိုဟိုက်ကောကလည်း အင်အားမသုံးရဲပေ။ သူ့အမူအရာက ညှိုးငယ်ပြီး ရှက်ရွံ့နေပုံပေါ်သည်။ သူ ပလိပ်ရောဂါသဖွယ် သတ်မှတ်ထားသည့် ချင်ရှီထျန်၏ အထိအတွေ့ကိုခံရလျှင်ပင် သူသည် ကျွင်ရန်ဟန်အတွက် ဘာမဆို လုပ်နိုင်သည်။

သူ ပြောပြီးသည်နှင့် ချင်ရှီတန်၏အမူအရာကို မကြည့်ဝံ့ဘဲ ခေါင်းငုံ့လိုက်သည်။

သူ့စကားအပြီးတွင် ချင်ရှီထျန်၏ အရုပ်ဆိုးသော အမူအရာသည် ငြိမ်သက်သွားပြီး အေးစက်သော မျက်လုံးတစ်စုံက သူ့ကို မသေချာမရေရာမှုအချို့ဖြင့် စိုက်ကြည့်နေသည်။

သူက မိုဟိုက်ကော၏စရိုက်ကို ကောင်းကောင်းနားလည်သည်။ သူက အလွန်အေးစက်ပြီး ခေါင်းမာသည်။ အရင်က သူ့ကို ထိခွင့်ပေးတာထက် သူ့ကို ငြင်းပြီး သေလိုက်မည့်သူမျိုး ဖြစ်သည်။ အခုတော့ ခရမ်းရောင် နှလုံးသွေးကြာအတွက် သူနဲ့နီးကပ်ဖို့ ဆန္ဒရှိလာတာ တကယ့်ကို ထူးဆန်းလွန်းသည်။ နောက်ကွယ်မှာ အကြောင်းပြချက်ရှိရမည်။

သူက မိုဟိုက်ကောကို စိတ်မဝင်စားတော့ရုံသာမက ဒီလိုအခြေအနေမျိုးမှာ သူ့ကို ထိဖို့လည်း မဖြစ်နိုင်ပါဘူး။

ထိုသို့တွေးပြီး ခရမ်းရောင်နှလုံးသွေးကြာကို လိုချင်ရသည့် မိုဟိုက်ကော၏ ရည်ရွယ်ချက်ကို သူ ပိုပြီးစိတ်ဝင်စားလာခဲ့သည်။

" မေ့လိုက်တော့... ထပါ၊ ကိုယ်တော် မင်းကို ခရမ်းရောင်နှလုံးသွေးကြာ ပေးမှာမဟုတ်ဘူး။ မင်း မိုကွေ့က ထွက်သွားချင်ရင် သွားတော့။ ကိုယ်တော် မင်းကို တပည့်အဖြစ် ဘယ်တုန်းကမှ မခေါ်လာဖူးဘူးလို့ သတ်မှတ်လိုက်မယ်။ ကိုယ်တော်လည်း...မင်းကို ထပ်ပြီး တွန်းအားမပေးချင်တော့ဘူး... "

ကျားကို တောထဲပြန်လွှတ်တာ အန္တရာယ်များပေမယ့် ဖရဲသီးကိုရှာဖို့ နွယ်ပင်နောက်လိုက်ရမှာပဲ။ သူက ကျားပေမယ့် သူက မိုဟိုက်ကော၏စွမ်းရည်နှင့် အလွန်ရင်းနှီးသည်။

သူသည် စိတ်ထဲတွင် နာကျင်သွားသကဲ့သို့ သူ့မျက်လုံးများကို မှိတ်လိုက်သည်။ သို့ပေမဲ့ လက်တွေ့မှာတော့ သူ့နှလုံးသားက လုံးဝတုန်လှုပ်သွားခြင်းမရှိပေ။ ယင်းအစား ကုပိုင်၏မျက်နှာလေးသာ သူ့စိတ်ထဲမှာ ပေါ်လာခဲ့သည်။

ချင်ရှီထျန် မသိလိုက်သည်က သူ့စိတ်ထဲတွင် တွေးနေသော ကုပိုင်သည် ဒီမြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရပြီး သူ့စိတ်ထဲတွင် တိတ်တိတ်လေးပင် တွေးနေမိသည် : ချင်ရှီထျန်က မိုဟိုက်ကောကို တကယ် နှစ်နှစ်ကာကာ ချစ်တာပဲ။ သူ့နှလုံးသားထဲမှာ ခံစားချက်တွေ ရှိသေးတယ်။ တစ်ဖက်လူက မိုကွေ့ရဲ့တန်ဖိုးအရှိဆုံးရတနာကို ခိုးယူဖို့ ကြိုးစားခဲ့ပြီး ဂိုဏ်းကို သစ္စာဖောက်တာ‌တောင် သူက သူ့ကိုသတ်ဖို့ တွန့်ဆုတ်နေပြီး သူ့ကို ထွက်သွားခွင့်တောင် ပေးလိုက်သေးတယ်။

ကံကောင်းလို့ သူက မစ်ရှင်ပြီးဖို့ မိုဟိုက်ကောနဲ့ ကျွင်ရန်ဟန်ကို သတ်ဖို့ မကြိုးစားခဲ့မိလို့ပေါ့။ မဟုတ်ရင် ချင်ရှီထျန်က မိုဟိုက်ကောကို သတ်တဲ့အတွက် သူ့ကို သတ်ပစ်လိမ့်မယ်။ ကျွင်ရန်ဟန်ကို သတ်မိရင်လည်း မိုဟိုက်ကောက လက်စားချေဖို့အတွက် ချင်ရှီထျန်ကို သွေးဆောင်ပြီး သူ့ကို သတ်ခိုင်းလိမ့်မယ်။

မိုဟိုက်ကောနဲ့ မတွေ့ခင် ကျွင်ရန်ဟန်ကို ကြိုပြီး သတ်လိုက်လို့လည်း မပြီးဘူး။ ကျွင်ရန်ဟန်ရဲ့နောက်ခံက မရိုးရှင်းတဲ့အတွက် သူ သေရင် ပြဿနာရှုပ်ကုန်လိမ့်မယ်။

နိဂုံးချုပ်လိုက်ပြီးနောက် ကုပိုင်သည် လျှို့ဝှက်ခန်းအတွင်းမှ ပန်းချီကားများကို တစ်ချက်ကြည့်လိုက်ပြီး သူဘာကြောင့် မပျော်မရွှင်ဖြစ်နေရသည်ကို မသိပေ။ ဒီလူက တခြားတစ်ယောက်အကြောင်း စဉ်းစားရင်းနဲ့ သူ့ရဲ့ညစ်ညမ်းပုံတွေကို ရေးဆွဲနေခဲ့တယ်။ တကယ်ကို နှာဘူးကောင်ပဲ!

သို့သော် ချင်ရှီထျန်မှာ ခံစားချက်တွေ ရှိနေသေးသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူ မိုဟိုက်ကောကို လက်လွှတ်လိုက်သရွေ့ လူတိုင်း ပျော်ရွှင်ကြလိမ့်မည်။ ထိုအချက်ကိုတွေးပြီးနောက် ကုပိုင်သည် တိတ်တိတ်လေး လှည့်ပြန်သွားခဲ့သည်။

တစ်ဖက်တွင် မိုဟိုက်ကော ထွက်သွားပြီးနောက် ချင်ရှီထျန်သည် သူ့အား နောက်ယောင်ခံလိုက်ရန် နတ်ဆိုးသတ်တော်စောင့်များ ချက်ချင်း စေလွှတ်ခဲ့သည်။ တစ်နာရီမပြည့်ခင်မှာပဲ မိုဟိုက်ကောက ခရမ်းရောင်နှလုံးသွေးကြာကို လိုချင်ရတဲ့ အကြောင်းအရင်းကို သူ သိပြီး ချက်ချင်း ဒေါသထွက်သွားခဲ့သည်။

--------------------


မိုေကြ႕၏ တန္ဖိုးအ႐ွိဆုံးရတနာမွာ ခရမ္းေရာင္ႏွလုံးေသြးၾကာ ျဖစ္သည္။

ဤပန္းသည္ တစ္ေလာကလုံးမွာ အလြန္႐ွားပါးၿပီး ေမွာ္ဆန္တဲ့ပန္းတစ္မ်ိဳး ျဖစ္သည္။ ၎ကို ေမွာ္ဆန္ေသာပန္းဟု ေခၚဆိုမည့္အစား ေမွာ္ေဆးရည္ဟုေခၚျခင္းက ပို၍သင့္ေလ်ာ္သည္။

ဒ႑ာရီအရ မရင့္မွည့္ေသးေသာ ခရမ္းေရာင္ႏွလုံးေသြးၾကာသည္ပင္လွ်င္ စားလိုက္ပါက သာမာန္လူတစ္ေယာက္ကို ေသ႐ြာက ျပန္႐ွင္ေစႏိုင္သည္။ က်င့္ၾကံသူတစ္ဦးစားသုံးမိပါက ၎တို႔၏နတ္အ႐ိုးကို သန္႔စင္ေစႏိုင္ၿပီး စြမ္းအားတိုးေစကာ အခ်ိန္တိုအတြင္း အမတသခင္ ျဖစ္လာႏိုင္သည္။

ရင့္မွည့္ၿပီးေသာ ခရမ္းေရာင္ႏွလုံးေသြးၾကာသည္ အစြမ္းထက္ဆုံးျဖစ္ၿပီး လူတစ္ေယာက္ကို အထြတ္အထိပ္သို႔ ျဖတ္ေက်ာ္ကာ ထာဝရ႐ွင္သန္သူ ျဖစ္လာေစႏိုင္သည္။ ႏွစ္ေထာင္ေပါင္းမ်ားစြာၾကာတဲ့ထိ ထိပ္ဆုံးအဆင့္သို႔ ဘယ္သူမွ မျဖတ္ေက်ာ္ႏိုင္ခဲ့ေသာေၾကာင့္ ျပည္မႀကီး႐ွိ ဆရာသခင္မ်ားအားလုံးက ၎ကို အေသအလဲ ႐ွာေဖြေနျခင္းျဖစ္သည္။

သို႔ေသာ္ ဤပန္းပြင့္၏ႀကီးထြားမႈျဖစ္စဥ္သည္ အလြန္႐ွည္လ်ားၿပီး ႏွစ္‌ေပါင္းရာႏွင့္ခ်ီ ၾကာျမင့္ေလသည္။ ၎၏ ႀကီးထြားမႈအတြက္ လိုအပ္ခ်က္မွာ အလြန္မ်ားျပားလွသည္။ ဤပန္းသည္ အခြင့္အခါသင့္မွသာ ေတြ႕႐ွိႏိုင္ၿပီး ႐ွာေဖြ၍မရႏိုင္ေပ။

ခ်င္႐ွီထ်န္သည္ ၎ကို မေတာ္တဆ ေတြ႕႐ွိခဲ့ၿပီး ၎ကို မိုေကြ႕သို႔ ေျပာင္းေ႐ႊ႕စိုက္ပ်ိဳးရန္ မ်ားစြာအင္အားစိုက္ထုတ္ခဲ့ရသည္။ သူသည္ ေလာကတစ္ခုလုံး၏ အႀကီးျမတ္ဆုံး အမတသခင္ျဖစ္လာရန္ ၎ကို တယုတယ စိုက္ပ်ိဳးခဲ့ၿပီး မစားသုံးခင္ ထိုပန္း ရင့္မွည့္လာသည္အထိ ေစာင့္ဆိုင္းေနခဲ့သည္။

သို႔ေသာ္ မိုဟိုက္ေကာသည္ သူ၏ေအာင္ျမင္မႈလမ္းေၾကာင္းကို ဖ်က္စီးကာ ရင့္မွည့္ရန္ လအနည္းသာ လိုေတာ့သည့္ ခရမ္းေရာင္ႏွလုံးေသြးၾကာကို ခိုးယူခဲ့ၿပီး ကြၽင္ရန္ဟန္ကို ေပးလိုက္မည္ဟု မည္သူက ထင္မည္နည္း။ သူက စြမ္းအားႀကီးလာၿပီး ခ်င္႐ွီထ်န္၏ရန္သူ ျဖစ္လာခဲ့သည္။

ခ်င္႐ွီထ်န္သည္ မိုဟိုက္ေကာေၾကာင့္ ကြၽင္ရန္ဟန္ႏွင့္ ရန္‌သူျဖစ္လာသည္ျဖစ္ေစ မျဖစ္ေစ သူသည္ ကြၽင္ရန္ဟန္အား ခရမ္းေရာင္ႏွလုံးေသြးၾကာ၏စြမ္းအားကို ရယူခြင့္မေပးႏိုင္ေခ်။

သူတို႔ႏွစ္ေယာက္ အနာဂတ္မွာ တျခားကိစၥေတြေၾကာင့္ ထိပ္တိုက္ေတြ႕ဦးမလားဆိုတာ ဘယ္သူသိႏိုင္မွာလဲ။ ခ်င္႐ွီထ်န္သည္ ႀကီးျမတ္ေသာ နတ္ဆိုးေခါင္းေဆာင္ျဖစ္ၿပီး တစ္ဖက္လူမွာ ေျဖာင့္မတ္ေသာ သူရဲေကာင္းတစ္ဦးျဖစ္သည္။ သူတို႔ၾကားမွာ ရန္ၿငိဳးအၿမဲ႐ွိေနမွာ။

မိုဟိုက္ေကာသည္ ရတနာကို ခိုးယူရန္ ေသခ်ာအကြက္ခ်စီစဥ္ၿပီးေၾကာင္း ထင္႐ွားသည္။ ကုပိုင္သည္ သူ႕ေနာက္ကလိုက္သြားၿပီး သူက အေစာင့္မ်ားကို ကြၽမ္းက်င္စြာ တိုက္ခိုက္၍ သူ ယုံၾကည္ရသည့္လက္ေအာက္ငယ္သား
မ်ားႏွင့္ အစားထိုးလိုက္သည္ကို ေစာင့္ၾကည့္ေနခဲ့သည္။ ထို႔ေနာက္ သူသည္ ခရမ္းေရာင္ႏွလုံးေသြးၾကာ စိုက္ထားေသာ လွ်ိဳ႕ဝွက္အခန္းထဲသို႔ ေခ်ာေမြ႕စြာ ေရာက္သြားခဲ့သည္။

သူ႕ေနာက္ကို လိုက္ေနေသာ ကုပိုင္သည္ စိတ္ထဲတြင္ သက္ျပင္းခ်ရင္း ေတြးလိုက္မိသည္ : တကယ္ေတာ့ ေလာကမွာ ၿပီးျပည့္စုံတယ္ဆိုတာ မ႐ွိဘူးပဲ။ ခ်င္႐ွီထ်န္လို နတ္‌ဆိုးဘုရင္ႀကီးေတာင္မွ ေပါ့ဆတဲ့ေန႔ဆိုတာ ႐ွိလာတာပဲ။ မိုဟိုက္ေကာက ဂိုဏ္းထဲမွာ သူယုံၾကည္ရတဲ့ကိုယ္ပိုင္တပ္သားေတြ စုေဆာင္းထားမွန္းေတာင္ သူ မသိဘူး။

ကုပိုင္သည္ လွ်ိဳ႕ဝွက္ခန္း၏တည္ေနရာကို မသိေသာ္လည္း ကံေကာင္းစြာျဖင့္ မိုဟိုက္ေကာက ရတနာကို ခိုးယူရန္ သြားေနေၾကာင္း သူ သိသည္။ခရမ္းေရာင္ႏွလုံးေသြးၾကာသည္ မိုေကြ႕၏ တန္ဖိုးအ႐ွိဆုံးရတနာျဖစ္သည္။ ၎က အလြန္အဖိုးတန္တာေၾကာင့္ မည္သူမွ် မျမင္ဖူးေပ။ ခ်င္႐ွီထ်န္က သူ႕ကို အရင္က အဲဒီေနရာကို ေခၚသြားဖူးတာေၾကာင့္ မိုဟိုက္ေကာက
တည္ေနရာကို သိသည္။

မၾကာခင္မွာပဲ မိုဟိုင္ေကာေနာက္ကိုလိုက္ေနေသာ ကုပိုင္သည္ ဆိတ္ၿငိမ္ေသာ ခ်ိဳင့္ဝွမ္းတစ္ခုဆီကို ေရာက္လာၿပီး တသီးတျခားျဖစ္ေနေသာ လိႈဏ္ဂူတစ္ခုထဲသို႔ ဝင္သြားခဲ့သည္။

သို႔ေသာ္ ဘယ္အရာမွားယြင္းသြားမွန္း မသိေခ်။ လိုဏ္ဂူထဲတြင္ စိုက္ပ်ိဳးထားေသာ ခရမ္းေရာင္ႏွလုံးေသြးၾကာသည္ သဲလြန္စမ႐ွိဘဲ ေပ်ာက္ေနသည္။

" မျဖစ္ႏိုင္...မျဖစ္ႏိုင္ဘူး..."

မိုဟိုက္ေကာက မယုံၾကည္ႏိုင္စြာ ေခါင္းကိုခါယမ္းလိုက္သည္။

လြန္ခဲ့သည့္ႏွစ္အနည္းငယ္အတြင္း သူသည္ ပို၍ ဉာဏ္ထိုင္းလာေသာ္လည္း ခ်င္႐ွီထ်န္၏ တျဖည္းျဖည္း မႏွစ္သက္မႈကို ခံစားႏိုင္ပါေသးသည္။ ခ်င္႐ွီထ်န္၏စိတ္ေနစိတ္ထားအရ ခရမ္းေရာင္ ႏွလုံးေသြးၾကာကဲ့သို႔ အေရးႀကီးေသာအရာကို သူကိုယ္တိုင္မွလြဲၿပီး အျခားသူအား အသိေပးမည္မဟုတ္ေပ။ထို႔ေၾကာင့္ သူ႕ကို မႏွစ္သက္ေတာ့သျဖင့္ ၎ကို ေ႐ႊ႕ေျပာင္းစိုက္ပ်ိဳးျခင္းမွာ ပုံမွန္ပင္ျဖစ္သည္။

သို႔ေသာ္ ခရမ္းေရာင္ႏွလုံးေသြးၾကာ၏ ႀကီးထြားရန္ အေျခအေနမ်ားသည္ အလြန္တင္းၾကပ္လွသည္။ မင္းဆႏၵအတိုင္း အလြယ္တကူ ‌ေ႐ႊ႕ေျပာင္းစိုက္လို႔မရေခ်။ မိုေကြ႕တစ္ခုလုံးတြင္ ဤဂူတစ္ခုတည္းသာ အရည္အခ်င္းျပည့္မီၿပီး ခရမ္းေရာင္ႏွလုံး‌ေသြးၾကာကို အျခားေျမမ်ားတြင္ စိုက္၍မရႏိုင္ေပ။ အဲဒီအရာက ဒီဂူထဲမွာပဲ ႐ွိေနဦးမွာ!

ဤအေတြးျဖင့္ မိုဟိုက္ေကာသည္ ဂူထဲကို စတင္႐ွာေဖြခဲ့သည္။ မိုေကြ႕၏သခင္ေလးအေနျဖင့္ မၾကာေသးမီႏွစ္မ်ားအတြင္း သူ၏စိတ္စြမ္းအားကို တိုးတက္ေအာင္ မက်င့္ၾကံႏိုင္ေသာ္လည္း သခင္ေလးဆိုသည့္ သူ႕ရာထူးကိုအသုံးျပဳ၍ စာၾကည့္တိုက္တြင္ စာအုပ္မ်ားစြာကို ဖတ္ခဲ့သည္။ တြက္ခ်က္မႈမွာ ကြၽမ္းက်င္ခဲ့ၿပီး ယႏၲရားမ်ား၏ သဘာသဘာဝကိုလည္း နားလည္ခဲ့သည္။

သူ၏စိတ္႐ွည္လက္႐ွည္ ႐ွာေဖြမႈေအာက္တြင္ မၾကာခင္မွာပဲ သံသယျဖစ္ဖြယ္အရာတစ္ခုကို ႐ွာေတြ႕ခဲ့ၿပီး လွ်ိဳ႕ဝွက္ခန္းကို ဖြင့္သည့္ခလုတ္ကို ေတြ႕႐ွိခဲ့သည္။

ေပ်ာ္႐ႊင္ေသာ မ်က္ႏွာျဖင့္ မိုဟိုက္ေကာ
ဝင္သြားၿပီး ကုပိုင္လည္း အေနာက္မွတိတ္တဆိတ္ လိုက္သြားခဲ့သည္။

သူ လွ်ိဳ႕ဝွက္ခန္းထဲသို႔ ဝင္လိုက္သည္ႏွင့္ အဖိုးတန္ ခရမ္းေရာင္ႏွလုံးေသြးၾကာသည္ အမွန္ပင္ ထိုေနရာတြင္ ႐ွိေန၏။ ၎ကို ေက်ာက္စိမ္းပန္းအိုးထဲတြင္ စိုက္ထားၿပီး ေက်ာက္စားပြဲေပၚ၌ တင္ထားသည္။

သို႔ေသာ္လည္း မိုဟိုက္ေကာက ခ်က္ခ်င္း မသြားေသးဘဲ သူ႕မ်က္လုံးမ်ားက လွ်ိဳ႕ဝွက္ခန္း၏ နံရံတြင္ ခ်ိတ္ဆြဲထားေသာ ပန္းခ်ီကားမ်ားကို စိုက္ၾကည့္ေန၏။ ပန္းခ်ီကားခ်ပ္မ်ားတြင္ ပါဝင္ေသာ အေၾကာင္းအရာေၾကာင့္ သူ အံ့အားသင့္သြားရသည္။

မိုေကြ႕၏ဂိုဏ္းသားတစ္ဦးအေနျဖင့္ မိုဟိုက္ေကာသည္ အမ်ားႀကီးေတြ႕ၾကဳံခဲ့ရၿပီး ဗဟုသုတမ်ားစြာ႐ွိေသာ္လည္း လွ်ိဳ႕ဝွက္ခန္းနံရံေပၚ႐ွိ ပန္းခ်ီကားခ်ပ္မ်ားေၾကာင့္ ျဖစ္ေပၚလာေသာ ထိတ္လန္႔တုန္လႈပ္မႈကို မကာကြယ္ႏိုင္ေသးေပ။

ထိုပန္းခ်ီကားမ်ားသည္ ရမၼက္ႂကြေစေသာပုံမ်ား ျဖစ္သည္။ ပန္းခ်ီကား၏အေၾကာင္းအရာသည္ ေယာက်္ားႏွစ္ဦးကို ပုံေဖာ္ထားၿပီး ထိုလူႏွစ္ေယာက္၏ အသြင္အျပင္မွာလည္း အလြန္ရင္းႏွီးေနသည္။

၎တို႔မွာ သူ႕ဆရာ ခ်င္႐ွီထ်န္ႏွင့္ ဂိုဏ္း၏ ေမွာ္လက္နက္သန္႔စင္ေရး ပါရမီ႐ွင္တစ္ျဖစ္လဲ သူ႕သခင္၏အနားတြင္ ခစားခဲ့ေသာ သက္ေတာ္ေစာင့္ေလး အားက်ိဳ႕ တို႔ျဖစ္သည္။

ပန္းခ်ီကားထဲတြင္ ႏွစ္ေယာက္စလုံး အဝတ္ဗလာႏွင့္။ ခ်စ္စရာေကာင္းၿပီး ႏူးညံ့သိမ္ေမြ႕ေသာ ေကာင္ေလးကို ရင့္က်က္ေသာ အမ်ိဳးသားက ဖိထားသည့္ပုံ၊ ေပြ႕ဖက္ထားသည့္ပုံ၊ ေကာင္ေလးက ထိုေယာက်္ား၏အေပၚမွာ တက္ခြေနသည့္ပုံ စသည္တို႔ ျဖစ္သည္။ ပန္းခ်ီကားမ်ားသည္ လုံးဝဖုံးကြယ္ထားျခင္းမ႐ွိဘဲ အလြန္အမင္း အညႇီအေဟာက္ဆန္လွသည္။

အထူးသျဖင့္ ေကာင္ေလး၏မ်က္ႏွာေပၚ႐ွိ အမူအရာမ်ားမွာ အလြန္အသက္ဝင္ေန၏။ လွ်ိဳ႕ဝွက္ခန္းအလယ္တြင္ ေကာင္ေလး၏ပုံတူကို ခ်ိတ္ဆြဲထားသည္။

ထိုပုံသည္ ေရခ်ိဳးကန္၏‌အစြန္းကို မွီရင္း ပ်င္းရိစြာ ေရခ်ိဳးေနေသာ ေကာင္ေလး၏ပုံျဖစ္သည္။ မိုဟိုက္ေကာ၏အျမင္အာ႐ုံက အရမ္းေကာင္းတာေၾကာင့္ တစ္ခ်က္ၾကည့္လိုက္႐ုံႏွင့္ ေကာင္ေလး၏မ်က္ႏွာအေရာင္သည္
ပန္းခ်ီကား၏ အျခားအစိတ္အပိုင္းမ်ားထက္ ပို၍မွိန္ေဖ်ာ့ေနသည္ကို ေတြ႕လိုက္ရသည္။ အႀကိမ္ေပါင္းမ်ားစြာ ပြတ္သပ္ထားမႈေၾကာင့္ အေရာင္ေဖ်ာ့ေနသည္မွာ ထင္႐ွားလွသည္။

လြန္ခဲ့သည့္ ႏွစ္အနည္းငယ္က သူ႕ဆရာက သူ႕ကို မၾကည့္ရသည့္ အေၾကာင္းရင္းမွာ သူ႕ႏွလုံးသားထဲတြင္ အျခားတစ္ေယာက္႐ွိေနေသာေၾကာင့္ျဖစ္သည္.....

မိုဟိုင္ေကာသည္ သူ႕အၾကည့္ကို ႐ုတ္သိမ္းလိုက္ၿပီး တိတ္တိတ္ေလး ေတြးလိုက္သည္။ သူ ခ်င္႐ွီထ်န္ကို ပိုလို႔ေတာင္ ႐ြံ႕႐ွာမိတယ္။ သူ႕စိတ္က အလြယ္တကူ ေျပာင္းလဲတတ္တာပဲ။ သူ႕ဘဝမွာ စိတ္အေျပာင္းအလဲျမန္တဲ့လူေတြကို အမုန္းဆုံးပဲ။ ကံေကာင္းလို႔ သူက သူ႕႐ွီဖူရဲ႕ျဖားေယာင္းမႈကို လက္မခံခဲ့မိတာ!

သူ၏အေနာက္႐ွိ ကုပိုင္သည္ လွ်ိဳ႕ဝွက္ခန္းအတြင္း ျပည့္ႏွက္ေနေသာ ပန္းခ်ီကားမ်ားကို ျမင္လိုက္ရေသာအခါ သူ႕အမူအရာက ေတာင့္တင္းသြားၿပီး အေနာက္သို႔ ယိမ္းယိုင္သြားကာ သူ႕ကိုယ္သူ ေဖာ္ထုတ္မိလုနီးပါး ျဖစ္သြားသည္။ သူ႕စိတ္ထဲမွာ ႀကိမ္းဝါးလိုက္သည္ : ခ်င္႐ွီထ်န္၊ ဒီႏွာဘူးေကာင္ကေတာ့!


သူ ဘယ္ေလာက္ပဲ အေရထူပါေစ သူက ရမၼက္ႂကြပန္းခ်ီရဲ႕ဇာတ္ေကာင္အျဖစ္ စိတ္ကူးယဥ္ၿပီး ပန္းခ်ီဆြဲခံလိုက္ရသည္။ ထိုပုံေတြကို တျခားလူ ျမင္သြားေသာအခါ သူ႕ပါးျပင္ေတြ ပူေလာင္လာသည္။

သို႔ေသာ္လည္း ကုပိုင္က အလ်င္အျမန္ ထြက္မလာခဲ့ေပ။ သူႏွင့္မိုဟိုင္ေကာမွလြဲ၍ လွ်ိဳ႕ဝွက္ခန္းထဲတြင္ အျခားတစ္ေယာက္႐ွိေနသည္ကို သူ သတိျပဳမိသည္။ သူ႕ထက္မနိမ့္တဲ့ အမတစြမ္းအား႐ွင္တစ္ေယာက္!

သူ ထင္ထားသည့္အတိုင္း မိုဟိုက္ေကာက ခရမ္းေရာင္ႏွလုံးေသြးၾကာကို ယူရန္ ေလွ်ာက္သြားေသာအခါ သူ႕ဆီ အနက္ေရာင္မီးလုံးတစ္ခုက ႐ုတ္တရက္ တိုက္ခိုက္လာၿပီး သူ႕ကို လွ်ိဳ႕ဝွက္ခန္း၏နံရံသို႔ တိုက္႐ိုက္ လြင့္ထြက္သြားေစသည္။ သူ႕ပါးစပ္မွ ေသြးမ်ား စီးက်လာသည္။

" ႐ွီဖူ.. ဘယ္လိုလုပ္ ဒီကိုေရာက္ေနတာလဲ။ "

မိုဟိုက္ေကာ ေမာ့ၾကည့္လိုက္ၿပီး အေမွာင္ရိပ္ထဲမွ ထြက္လာေသာ အရပ္႐ွည္႐ွည္ပုံရိပ္ကို ေတြ႕လိုက္ရေသာအခါ သူ႕အမူအရာ ေျပာင္းသြားသည္။ ခ်င္႐ွီထ်န္ လွ်ိဳ႕ဝွက္ခန္းထဲတြင္ ႐ွိေနမည္ဟု သူဘယ္တုန္းကမွ မေမွ်ာ္လင့္ထားေပ။

" ဒါဆို မင္းက‌ေရာ ဘာလို႔ ဒီကိုေရာက္ေနတာလဲ... "

ခ်င္႐ွီထ်န္က သူ႕ကို ေအးစက္စြာ စိုက္ၾကည့္ေနသည္။ သူ႕မ်က္လုံးထဲတြင္ စြဲလန္းမႈႏွင့္ ခ်စ္ခင္ျမတ္ႏိုးမႈမ်ား မ႐ွိေတာ့ေခ်။

ဒီေန႔ ကုပိုင္ ေရခ်ိဳးတာကို ေခ်ာင္းၾကည့္ၿပီးေတာ့ သူ႕စိတ္ေတြ ပူေလာင္လာၿပီး တည္ၿငိမ္ေအာင္ထိန္းဖို႔ လိုေနသည္။ သူသည္ မ်ားေသာအားျဖင့္ လွ်ိဳ႕ဝွက္ခန္းသို႔လာၿပီး ပန္းခ်ီဆြဲကာ စိတ္ေျဖေလ့႐ွိသည္။


ကုပိုင္က အေပၚယံျမင္ရသလို အားမနည္းဘူးဆိုတာ သူ သိသည္။ အဲဒီအခ်ိန္တုန္းက သူ႕အိပ္ခန္းထဲကို ခိုးဝင္ႏိုင္တဲ့စြမ္းရည္က သူ႕ကို ယွဥ္ၿပိဳင္ႏိုင္ဖို႔ လုံေလာက္သည္။ ေကာင္ေလးကို အတင္းအၾကပ္ ရယူဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး။

ေကာင္ေလးကို ေတာင့္တတဲ့အခ်ိန္တိုင္း ပန္းခ်ီကားခ်ပ္ကေနတစ္ဆင့္ သူ႕အေတြးေတြကို ထုတ္ေဖာ္ၿပီး သူ႕ႏွလုံးသားထဲက ရမၼက္မီးေတာက္ေတြကို လြတ္ေျမာက္ေစခဲ့သည္။ ဒီေန႔ တစ္စုံတစ္ေယာက္က သူ႕ကို ေႏွာင့္ယွက္လာမယ္ဆိုတာ ဘယ္သူသိမွာလဲ။

မိုဟိုက္ေကာကလြဲလို႔ ဒီေနရာကို သိတဲ့သူမ႐ွိဘူး။ မိုဟိုက္ေကာက သူ႕အ‌ေပၚနားလည္မႈကို မွီခိုၿပီး လွ်ိဳ႕ဝွက္ခန္းအတြင္းကို ႐ွာေတြ႕ခဲ့တယ္။ သူက ခရမ္းေရာင္ ႏွလုံးေသြးၾကာကို ခိုးယူဖို႔ေတာင္ ႀကိဳးစားရဲတယ္!

" ... "

မိုဟိုက္ေကာသည္ သူ႕ေမးခြန္းေၾကာင့္ အာေစးမိသြားၿပီး သူ႕မ်က္ႏွာက ျဖဴေဖ်ာ့သြားခဲ့သည္။ သူက ခ်င္႐ွီထ်န္ကို စက္ဆုပ္႐ြံ႐ွာေပမယ့္ သူ႕ကို အရမ္းေၾကာက္ေနတုန္းပဲ။ သူက လူေတြကို မ်က္ေတာင္မခတ္ဘဲ သတ္ပစ္တဲ့ နတ္ဆိုးဘုရင္ႀကီးျဖစ္ၿပီး သူ႕နည္းလမ္းမ်ားက အလြန္ရက္စက္လြန္းသည္။

သို႔ေသာ္ ဒီလိုရတနာမ်ိဳးကို လိုအပ္ေနတဲ့ သူ႕ခ်စ္သူအေၾကာင္း ေတြးမိၿပီး သူ႕စိတ္ထဲက အေၾကာက္တရားမ်ားက မ်ားစြာေျပေလ်ာ့သြားသည္။ အတိတ္က ခ်င္႐ွီထ်န္ သူ႕ကို အလိုလိုက္ခဲ့ပုံကို ေတြးၿပီး အလိုအေလ်ာက္ ဒူးေထာက္လိုက္သည္။

" ႐ွီဖူ၊ ဒီတပည့္က မသိတတ္ပါဘူး။ ဒီ
တပည့္က မိုေကြ႕ကို စြန္႔ခြာၿပီး ေအးခ်မ္းတဲ့အရပ္မွာ တစ္ေယာက္တည္း ေနလိုပါတယ္။ မထြက္ခြာခင္ တပည့္ကို ခရမ္းေရာင္ ႏွလုံးေသြးၾကာကို ေပးသနားပါလို႔ ႐ွီဖူကို ေတာင္း‌ဆိုပါတယ္ "

ခ်င္႐ွီထ်န္သည္ ဘာမွမေျပာဘဲ သူ႕ကို မ်က္စိက်ဥ္းေျမာင္းကာ ခဏေလာက္
စိုက္ၾကည့္ေနသည္။

" ခရမ္းေရာင္ ႏွလုံးေသြးၾကာကို ဘာအတြက္လိုခ်င္တာလဲ။"

မိုဟိုက္ေကာႏွင့္ ကြၽင္ရန္ဟန္တို႔၏ကိစၥသည္ အလြန္လွ်ိဳ႕ဝွက္ၿပီး သူတို႔ သိကြၽမ္းသည့္အခ်ိန္ကာလမွာလည္း အလြန္တိုေတာင္းလွသည္။ ခ်င္႐ွီထ်န္မွာ သူလွ်ိဳေတြ အမ်ားႀကီး႐ွိရင္ေတာင္ ထိုအေၾကာင္းကို သူ မသိေသးေခ်။

ခ်င္႐ွီထ်န္သည္ ကြၽင္ရန္ဟန္၏ တည္႐ွိမႈကို မသိသလို မိုဟိုက္ေကာသည္လည္း သဘာဝက်စြာပင္ ၎ကို မေျပာဝံ့ေပ။

မိုေကြ႕မွာ ႏွစ္ေပါင္းမ်ားစြာေနထိုင္ၿပီး ခ်င္႐ွီထ်န္၏လက္ေအာက္တြင္ ႀကီးျပင္းလာၿပီးေနာက္ ခ်င္႐ွီထ်န္၏စ႐ိုက္ကို သူ ေကာင္း‌ေကာင္းသိသည္။ သူသည္ အလြန္အစြန္းေရာက္ေသာသူ ျဖစ္သည္။

အျခားလူတစ္‌ေယာက္အတြက္ သူ႕ကိုသစၥာေဖာက္ေၾကာင္း ခ်င္႐ွီထ်န္ သိသြားခဲ့ရင္ ကြၽင္ရန္ဟန္ကို သတ္ပစ္မွာ ေသခ်ာသည္။ လက္႐ွိကြၽင္ရန္ဟန္သည္ ခ်င္႐ွီထ်န္ကို လုံးဝအႏိုင္မယူႏိုင္ေခ်။

မိုဟိုက္ေကာက ႏႈတ္ခမ္းကိုကိုက္လိုက္ၿပီး ေၾကာက္စိတ္ေၾကာင့္ အနည္းငယ္ တုန္လႈပ္သြားေသာ္လည္း သူသည္ ေခါင္းမာၿပီး ဇြဲေကာင္းေနဆဲျဖစ္သည္။

" ႐ွီဖူ၊ တပည့္က မိုေကြ႕မွာ မေနခ်င္ေတာ့ဘူး။ စြမ္းအားၿပိဳင္ပြဲေတြမွာ မပါခ်င္ေတာ့ဘူး။ ဒီတပည့္က ဘဝကို ေအးေအးေဆးေဆး ျဖတ္သန္းခ်င္ပါတယ္။ ဒီဆႏၵကို ျဖည့္ဆည္းေပးဖို႔ ႐ွီဖူကို ေတာင္းဆိုခ်င္ပါတယ္။ ၿပီးေတာ့ တပည့္ကို ခရမ္းေရာင္ႏွလုံးေသြးၾကာ ေပးသနားဖို႔ ေတာင္းဆိုခ်င္ပါတယ္... "

သူ ေျပာၿပီးသည္ႏွင့္ ခ်င္႐ွီထ်န္၏ သံသယဝင္ေသာ မ်က္လုံးမ်ားကို ၾကည့္လိုက္သည္။ သူ စိတ္တင္းလိုက္ၿပီး ေနာက္ထပ္စာေၾကာင္းကို ထပ္ထည့္လိုက္သည္။

" ႐ွီဖူက တပည့္ကို ခရမ္းေရာင္ ႏွလုံးေသြးၾကာေပးဖို႔ သေဘာတူရင္ ဒီတပည့္က ဘာမဆိုလုပ္ေပးမွာပါ... "

ခ်င္႐ွီထ်န္၏ေ႐ွ႕မွာ ၎ကို လုယူဖို႔ဆိုတာ မျဖစ္ႏိုင္သလို မိုဟိုက္ေကာကလည္း အင္အားမသုံးရဲေပ။ သူ႕အမူအရာက ညိႇဳးငယ္ၿပီး ႐ွက္႐ြံ႕ေနပုံေပၚသည္။ သူ ပလိပ္ေရာဂါသဖြယ္ သတ္မွတ္ထားသည့္ ခ်င္႐ွီထ်န္၏ အထိအေတြ႕ကိုခံရလွ်င္ပင္ သူသည္ ကြၽင္ရန္ဟန္အတြက္ ဘာမဆို လုပ္ႏိုင္သည္။

သူ ေျပာၿပီးသည္ႏွင့္ ခ်င္႐ွီတန္၏အမူအရာကို မၾကည့္ဝံ့ဘဲ ေခါင္းငုံ႔လိုက္သည္။

သူ႕စကားအၿပီးတြင္ ခ်င္႐ွီထ်န္၏ အ႐ုပ္ဆိုးေသာ အမူအရာသည္ ၿငိမ္သက္သြားၿပီး ေအးစက္ေသာ မ်က္လုံးတစ္စုံက သူ႕ကို မေသခ်ာမေရရာမႈအခ်ိဳ႕ျဖင့္ စိုက္ၾကည့္ေနသည္။

သူက မိုဟိုက္ေကာ၏စ႐ိုက္ကို ေကာင္းေကာင္းနားလည္သည္။ သူက အလြန္ေအးစက္ၿပီး ေခါင္းမာသည္။ အရင္က သူ႕ကို ထိခြင့္ေပးတာထက္ သူ႕ကို ျငင္းၿပီး ေသလိုက္မည့္သူမ်ိဳး ျဖစ္သည္။ အခုေတာ့ ခရမ္းေရာင္ ႏွလုံးေသြးၾကာအတြက္ သူနဲ႔နီးကပ္ဖို႔ ဆႏၵ႐ွိလာတာ တကယ့္ကို ထူးဆန္းလြန္းသည္။ ေနာက္ကြယ္မွာ အေၾကာင္းျပခ်က္႐ွိရမည္။

သူက မိုဟိုက္ေကာကို စိတ္မဝင္စားေတာ့႐ုံသာမက ဒီလိုအေျခအေနမ်ိဳးမွာ သူ႕ကို ထိဖို႔လည္း မျဖစ္ႏိုင္ပါဘူး။

ထိုသို႔ေတြးၿပီး ခရမ္းေရာင္ႏွလုံးေသြးၾကာကို လိုခ်င္ရသည့္ မိုဟိုက္ေကာ၏ ရည္႐ြယ္ခ်က္ကို သူ ပိုၿပီးစိတ္ဝင္စားလာခဲ့သည္။

" ေမ့လိုက္ေတာ့... ထပါ၊ ကိုယ္ေတာ္ မင္းကို ခရမ္းေရာင္ႏွလုံးေသြးၾကာ ေပးမွာမဟုတ္ဘူး။ မင္း မိုေကြ႕က ထြက္သြားခ်င္ရင္ သြားေတာ့။ ကိုယ္ေတာ္ မင္းကို တပည့္အျဖစ္ ဘယ္တုန္းကမွ မေခၚလာဖူးဘူးလို႔ သတ္မွတ္လိုက္မယ္။ ကိုယ္ေတာ္လည္း...မင္းကို ထပ္ၿပီး တြန္းအားမေပးခ်င္ေတာ့ဘူး... "

က်ားကို ေတာထဲျပန္လႊတ္တာ အႏၲရာယ္မ်ားေပမယ့္ ဖရဲသီးကို႐ွာဖို႔ ႏြယ္ပင္ေနာက္လိုက္ရမွာပဲ။ သူက က်ားေပမယ့္ သူက မိုဟိုက္ေကာ၏စြမ္းရည္ႏွင့္ အလြန္ရင္းႏွီးသည္။

သူသည္ စိတ္ထဲတြင္ နာက်င္သြားသကဲ့သို႔ သူ႕မ်က္လုံးမ်ားကို မွိတ္လိုက္သည္။ သို႔ေပမဲ့ လက္ေတြ႕မွာေတာ့ သူ႕ႏွလုံးသားက လုံးဝတုန္လႈပ္သြားျခင္းမ႐ွိေပ။ ယင္းအစား ကုပိုင္၏မ်က္ႏွာေလးသာ သူ႕စိတ္ထဲမွာ ေပၚလာခဲ့သည္။

ခ်င္႐ွီထ်န္ မသိလိုက္သည္က သူ႕စိတ္ထဲတြင္ ေတြးေနေသာ ကုပိုင္သည္ ဒီျမင္ကြင္းကို ကိုယ္တိုင္ကိုယ္က် ျမင္ေတြ႕လိုက္ရၿပီး သူ႕စိတ္ထဲတြင္ တိတ္တိတ္ေလးပင္ ေတြးေနမိသည္ : ခ်င္႐ွီထ်န္က မိုဟိုက္ေကာကို တကယ္ ႏွစ္ႏွစ္ကာကာ ခ်စ္တာပဲ။ သူ႕ႏွလုံးသားထဲမွာ ခံစားခ်က္ေတြ ႐ွိေသးတယ္။ တစ္ဖက္လူက မိုေကြ႕ရဲ႕တန္ဖိုးအ႐ွိဆုံးရတနာကို ခိုးယူဖို႔ ႀကိဳးစားခဲ့ၿပီး ဂိုဏ္းကို သစၥာေဖာက္တာ‌ေတာင္ သူက သူ႕ကိုသတ္ဖို႔ တြန္႔ဆုတ္ေနၿပီး သူ႕ကို ထြက္သြားခြင့္ေတာင္ ေပးလိုက္ေသးတယ္။

ကံေကာင္းလို႔ သူက မစ္႐ွင္ၿပီးဖို႔ မိုဟိုက္ေကာနဲ႔ ကြၽင္ရန္ဟန္ကို သတ္ဖို႔ မႀကိဳးစားခဲ့မိလို႔ေပါ့။ မဟုတ္ရင္ ခ်င္႐ွီထ်န္က မိုဟိုက္ေကာကို သတ္တဲ့အတြက္ သူ႕ကို သတ္ပစ္လိမ့္မယ္။ ကြၽင္ရန္ဟန္ကို သတ္မိရင္လည္း မိုဟိုက္ေကာက လက္စားေခ်ဖို႔အတြက္ ခ်င္႐ွီထ်န္ကို ေသြးေဆာင္ၿပီး သူ႕ကို သတ္ခိုင္းလိမ့္မယ္။

မိုဟိုက္ေကာနဲ႔ မေတြ႕ခင္ ကြၽင္ရန္ဟန္ကို ႀကိဳၿပီး သတ္လိုက္လို႔လည္း မၿပီးဘူး။ ကြၽင္ရန္ဟန္ရဲ႕ေနာက္ခံက မ႐ိုး႐ွင္းတဲ့အတြက္ သူ ေသရင္ ျပႆနာ႐ႈပ္ကုန္လိမ့္မယ္။

နိဂုံးခ်ဳပ္လိုက္ၿပီးေနာက္ ကုပိုင္သည္ လွ်ိဳ႕ဝွက္ခန္းအတြင္းမွ ပန္းခ်ီကားမ်ားကို တစ္ခ်က္ၾကည့္လိုက္ၿပီး သူဘာေၾကာင့္ မေပ်ာ္မ႐ႊင္ျဖစ္ေနရသည္ကို မသိေပ။ ဒီလူက တျခားတစ္ေယာက္အေၾကာင္း စဥ္းစားရင္းနဲ႔ သူ႕ရဲ႕ညစ္ညမ္းပုံေတြကို ေရးဆြဲေနခဲ့တယ္။ တကယ္ကို ႏွာဘူးေကာင္ပဲ!

သို႔ေသာ္ ခ်င္႐ွီထ်န္မွာ ခံစားခ်က္ေတြ ႐ွိေနေသးသည္ျဖစ္ေစ မ႐ွိသည္ျဖစ္ေစ သူ မိုဟိုက္ေကာကို လက္လႊတ္လိုက္သေ႐ြ႕ လူတိုင္း ေပ်ာ္႐ႊင္ၾကလိမ့္မည္။ ထိုအခ်က္ကိုေတြးၿပီးေနာက္ ကုပိုင္သည္ တိတ္တိတ္ေလး လွည့္ျပန္သြားခဲ့သည္။

တစ္ဖက္တြင္ မိုဟိုက္ေကာ ထြက္သြားၿပီးေနာက္ ခ်င္႐ွီထ်န္သည္ သူ႕အား ေနာက္ေယာင္ခံလိုက္ရန္ နတ္ဆိုးသတ္ေတာ္ေစာင့္မ်ား ခ်က္ခ်င္း ေစလႊတ္ခဲ့သည္။ တစ္နာရီမျပည့္ခင္မွာပဲ မိုဟိုက္ေကာက ခရမ္းေရာင္ႏွလုံးေသြးၾကာကို လိုခ်င္ရတဲ့ အေၾကာင္းအရင္းကို သူ သိၿပီး ခ်က္ခ်င္း ေဒါသထြက္သြားခဲ့သည္။

--------------------



Continue Reading

You'll Also Like

557K 75.6K 110
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...
411K 51.2K 200
Book-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
32.7K 3.2K 200
Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ character ပါ။ (っ˘̩╭╮˘̩)っ လက်တွဲဖော်တစ်ယောက်ထ...
188K 29.6K 89
-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်နေတုန်းပဲမို့လေ - Author- Mo Xiao Xian T...