ရွှေပေါင်လုံးကြီးကို ဖက်ထားမယ်

Oleh MayBerry_115

34.9K 5.3K 141

Myanmar translation of Holding Onto My Man. Alternative names: 抱住我的男人 Author: Hong Yao Yao, 红妖妖 Source: jjwx... Lebih Banyak

descriptions
chapter~> 1 (arc 1)
chapter~> 2
chapter~>3
chapter~4
chapter~>5
chapter~>6
chapter~>7
chapter~>8
chapter~>9
chapter~>10
chapter~>11
chapter~>12
chapter~>13
chapter~>14
chapter~>15
chapter~>16 (arc-2)
chapter~>17
chapter~> 18
chapter~>20
chapter ~> 21
chapter~>22
chapter~>23
chapter~> 24
chapter~> 25
chapter~26.1
chapter~>26.2 (arc 3)
chapter~>23.1

chapter~>19

916 179 2
Oleh MayBerry_115


ချင်ရှီထျန်ပေး‌သော အနာကျက်ဆေးက သဘာဝကျကျပင် အရည်အသွေး အမြင့်ဆုံးဖြစ်သည်။ ထို့အပြင် ၎င်းသည် အပေါ်ယံဒဏ်ရာများသာဖြစ်သောကြောင့် ကုပိုင်သည် နှစ်ရက်လောက် အနားယူပြီးသည့်နောက် နတ်ဆိုးသက်တော်စောင့် ယူနီဖောင်းကိုဝတ်ကာ အစီရင်ခံရန် အပြေးသွားလိုက်သည်။

ကုပိုင် ရောက်လာသောအခါ ချင်ရှီထျန်က အိပ်ရာထခါစပဲရှိသေးသည်။ သူ့ကိုမြင်တော့ ချင်ရှီထျန်က ပေါ့ပေါ့ပါးပါးတစ်ခွန်းပြောလာပြီးနောက် သူ့ကို ဂရုမစိုက်‌တော့ချေ။

" မင်းက တော်တော် ဉာဏ်ကောင်းသားပဲ "

ကုပိုင်သည် ချင်ရှီထျန်၏ စိတ်နေသဘောထားကို သဘာဝအတိုင်း သိထားသည်။ သူက ခံစားချက်ကင်းမဲ့ပြီး အလွန်ရက်စက်တတ်သူဖြစ်သည်။ မိုဟိုက်ကောမှလွဲ၍ ဘယ်သူ့ကိုမှ မကြင်နာတတ်ပေ။ သူက အမြဲတမ်း လွှမ်းမိုးခြယ်လှယ်တတ်ပြီး မာနကြီးသည်။ ထိုနေ့က ကုပိုင် သတ္တိရှိရှိ စကားပြောလိုက်တာကြောင့် သူက ရုတ်တရက် အသစ်အဆန်းဖြစ်သွားရုံတင်။

သို့သော် ကုပိုင်က အရေပိုထူပြီး သတ္တိရှိသည်။ သူက အခြားနတ်ဆိုးသက်တော်စောင့်တွေလို သူ့ကိုယ်သူ ပုန်းလျှိုးကွယ်လျှိုးနေရန် မလုပ်ခဲ့ပေ။ အဲဒီအစား သူက ချင်ရှီထျန်နောက်သို့ မျက်နှာပြောင်စွာ လိုက်သွားခဲ့သည်။သူက နတ်ဆိုးသက်တော်စောင့်နှင့်မတူဘဲ အစောင့်ငယ်လေးနှင့် ပိုတူနေသည်။

အမှန်တွင် သူ၏လက်ရှိကျင့်ကြံဆင့်သည် ဟွမ်အဆင့်တွင်သာရှိပြီး သူ၏ခွန်အားသည်လည်း အခြားနတ်‌ဆိုးသက်တော်စောင့်များထက် နည်းသည်။ ဂိုဏ်းချုပ်၏နှုတ်ထွက်စကားကြောင့်သာမဟုတ်ပါက သူ သည် မိုကွေ့တွင် နတ်‌ဆိုးသက်တော်စောင့်ဖြစ်ရန် အခွင့်အရေးရှိမှာမဟုတ်ပေ။ အစောင့်ငယ်လေး၏အလုပ်အကျွးပြုနေတဲ့အသွင်အပြင်က နတ်ဆိုးသက်တော်စောင့်ဖြစ်ရန် ထောင်နှင့်ချီသော အခက်အခဲများကို ကျော်ဖြတ်ခဲ့ရသော *နတ်ဆိုးသက်တော်စောင့်များ၏စိတ်ကို ပြေလျော့စေသည်။

*ET/N ~>သူတို့က ကုပိုင် လွယ်လွယ်နဲ့ နတ်ဆိုးသက်တော်စောင့်ဖြစ်လာတာကို အရမ်းစိတ်မဆိုးတော့ဘူး။

ချင်ရှီထျန် ဆေးကြော၍ အဝတ်အစားလဲပြီး‌တဲ့နောက် မိုဟိုက်ကောလည်း ရောက်လာခဲ့သည်။

သူ၏အသွင်အပြင်သည် လှပပြီး သူ့အသားအရည်က ဖြူဖွေးနေ၏။ သူသည် လက်ရာမြောက်‌သော အပွင့်အခက်များ စီခြယ်ထားသည့် အဖြူရောင်ဖဲအင်္ကျီကို ဝတ်ဆင်ထားသည်။ သူသည် သာမာန်ယောက်ျားများကဲ့သို့  မကြမ်းတမ်းဘဲ မိန်းကလေးများထက်ပင် ပို၍လှပသည်။ ဤရိုးရှင်းသော ဝတ်စုံသည် သူ၏ပြိုင်ဘက်ကင်းသောအလှကို ပေါ်လွင်စေသည်။

သူ့ကို မြင်လိုက်သည်နှင့် ချင်ရှီထျန်၏မျက်နှာပေါ်ရှိ အေးစက်စက် အကြည့်များက ပျောက်ကွယ်သွားပြီး သူ့မျက်ခုံးကြားတွင် အပြုံးရိပ်တစ်ခုထင်ဟပ်လာသည်။ သူက သူ့ဘေးရှိလူ‌‌တွေကို ပြောလိုက်သည်။

" မနက်စာစားဖို့ ပြင်လိုက်တော့..."

ထိုသို့ပြောရင်း သူသည် မိုဟိုက်ကော၏လက်ကိုဆုပ်ကိုင်ကာ အနည်းငယ် ရုန်းနေတဲ့လူကို စားပွဲတွင် သူနှင့်အတူထိုင်ရန် ‌ဆွဲခေါ်လာခဲ့သည်။
ဤသည်မှာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း သူ့အကျင့်တစ်ခု ဖြစ်နေခဲ့ပြီ။ ထမင်းစားတိုင်း မိုဟိုက်ကောက သူနှင့်အတူ စားရသည်။


သူ အရွယ်ရောက်လာသည်နှင့်အမျှ အစတည်းက ချင်ရှီထျန်အပေါ် အေးစက်ပြီး ခပ်တန်းတန်းနေခဲ့သော မိုဟိုက်ကောသည် ချင်ရှီထျန်ကို ပို၍ပင် စိမ်းကားလာခဲ့သည်။ အထူးသဖြင့် ချင်ရှီထျန်၏အတွေးများကို သိပြီးနောက်တွင် သူ အလွန်ထိတ်လန့်သွားသည်။


စားပွဲသို့ရောက်သည်နှင့် သူသည် ချင်ရှီထျန်၏ဆုပ်ကိုင်မှုမှ လွတ်မြောက်ရန်  ထပ်မံရုန်းကန်လိုက်သည်။


ချင်ရှီထျန်သည် သူ၏လျစ်လျုရှုမှုနှင့် စိမ်းကားမှုများကို ကျင့်သားရနေပြီဖြစ်သော်လည်း သူ အငြင်းခံရတိုင်း ဒေါသအနည်းငယ် မထွက်ဘဲမနေနိုင်ချေ။ သို့သော် သူ သူ့ကို အပြစ်မတင်နိုင်ပေ။ အဲဒီအစား သူ့အတွက် ပဲပေါင်းကိတ်မုန့် တစ်ဖဲ့ကို စိတ်ရှည်လက်ရှည်နှင့် ကောက်ကိုင်လိုက်ပြီး သူ့ပါးစပ်နား ခွံ့ပေးလိုက်သည်။

" ဟိုင်ကော... ဒီပဲကိတ်လေး မြည်းကြည့်... "

" ကျေးဇူးတင်ပါတယ် *ရှီဖူ "

*ရှီဖူ= ဆရာ


ပန်းကန်လုံးထဲက စားစရာတွေကို ကြည့်ပြီး မိုဟိုက်ကောက ကျေးဇူးတင်စကားပြောလိုက်ပေမယ့် သူ့အမူအရာက အလွန်တရာ မလိုလားကြောင်း ပြသနေသည်။

ဒီငြင်းဆန်မှုက ချင်ရှီထျန်၏မျက်နှာကို မည်းမှောင်သွားစေသည်။ သူက သူ့ကို အေးခဲစေသောအကြည့်များဖြင့် စိုက်ကြည့်လိုက်ပြီး အားကောင်းသောဖိအားတစ်ခုက သူ့ကိုယ်မှ ထိန်းမနိုင်သိမ်းမရ ထွက်‌ပေါ်လာသည်။

မိုဟိုက်ကောသည် သူ၏ဖိအားကြောင့် ထိတ်လန့်သွားပြီး သူ့ကိုယ်က တုန်ယင်လာကာ အသက်ရှူမဝဖြစ်လာသည်။ သူ ဒေါသထွက်သွားမှန်း သိလိုက်ရသဖြင့် သူ့မျက်နှာအမူအရာကို ထိန်းလိုက်သည်။


ထို့နောက် သူသည် ခက်ခဲသော မစ်ရှင်တစ်ခု လုပ်နေရသလိုမျိုး ပန်းကန်လုံးထဲရှိ အချိုပွဲများကို တွန့်ဆုတ်စွာ စား‌နေခဲ့သည်။ ချင်ရှီတန်၏ အေးစက်သောဖိအားကို သူ တကယ်ခံနိုင်ရည်မရှိချေ။ တူများကို အမြန်ချလိုက်ပြီး အေးစက်သောဖိအားများ ထုတ်လွှတ်နေသည့်လူကို လှည့်ကြည့်ကာ ပြောလိုက်သည်။

" ရှီဖူ၊ တပည့် ဗိုက်ဝသွားပါပြီ။ ဖြည်းဖြည်း သုံးဆောင်ပါ။ ဂိုဏ်းထဲမှာ ဖြေရှင်းစရာ ကိစ္စလေးတွေရှိလို့ တပည့် အရင်သွားနှင့်ပါ့မယ်... "

သူ့စကားဆုံးသောအခါ ချင်ရှီထျန် ခေါင်းညိတ်တာကိုပင် မစောင့်တော့ဘဲ ချက်ချင်း ထထွက်သွားခဲ့သည်။ ချင်ရှီထျန်နှင့် ခဏလေးတောင် ဆက်နေရန် ဆန္ဒမရှိပေ။

သူ ထွက်သွားသောအခါ ချင်ရှီထျန်သည် သူ့ဒေါသကို မထိန်းချုပ်နိုင်တော့ပေ။ 'ဘမ်း'ဆိုတဲ့ အသံမြည်အောင် တူတွေကို ဆောင့်ချလိုက်ပြီး မှုန်မှိုင်းနေသောမျက်နှာဖြင့် ပြောလာသည်။

" ဒါတွေကို မသိမ်းသေးဘူးလား! "

သူ့ဘေးနားရှိ အစေခံက ချက်ချင်း တုံ့ပြန်လာသည်။

" ဟုတ်ကဲ့ "

လက်တလောမှာ ဂိုဏ်းချုပ်က ဒေါသထွက်လွယ်တာကြောင့် ဘယ်သူ့မှ သူ့ကို မဆန့်ကျင်ရဲဘူး။ ဆန့်ကျင်တဲ့သူတွေက သေလမ်းပဲရှိတယ်။ ပြီးတော့ ဂိုဏ်းချုပ်က အခု တော်တော်လေး ဒေါသထွက်နေတာ။ သူ့ကို ဆန့်ကျင်တဲ့ဘယ်သူမဆို ကံကောင်းမှာမဟုတ်ဘူး။

မထင်မှတ်ဘဲ ဒီအခန်းထဲမှာ သေခြင်းတရားကို မကြောက်တဲ့သူတစ်ယောက်
ရှိ‌နေသည်။ ချင်ရှီထျန်က သူ့တူတွေကို လှုပ်တောင်မလှုပ်ခဲ့တာကို ကုပိုင် သတိပြုမိခဲ့သည်။ ချင်ရှီထျန်အပေါ် မူလပိုင်ရှင်၏ဂရုစိုက်မှုတွေက သူ့ကို အလိုအလျောက် ရှေ့ထွက်လာစေသည်။

" ဂိုဏ်းချုပ်၊ အရှင် မစားရသေးဘူးလေ... "

ထိုသို့ပြောပြီးနောက် ကုပိုင်က သူ့စိတ်ထဲမှာ သူ့ကိုယ်သူ ပိတ်ရိုက်လိုက်သည်။ ဘယ်သူက မင်းကို စကားအများကြီး ပြောခိုင်းလို့လဲ! လျှာရှည်ဖို့ မင်းကို ဘယ်သူပြောလို့လဲ!

အခန်းထဲရှိ မူလက လေးလံနေသော လေထုသည် တခဏအတွင်း အေးခဲသွားသည်။ ပန်းကန်များကို သိမ်းဆည်းတော့မည့် အစေခံများက ကြက်သေသေလျက် ခေါင်းမမော့ရဲဘဲ အလယ်မှာ တောင့်တောင့်ကြီး ရပ်နေသည်။ 'ဒီလူသစ်လေးက ပစားပေးခံရတာကို ဘယ်လိုတန်ဖိုးထားရမလဲ မသိဘူးပဲ'လို့ သူတို့စိတ်ထဲမှာ တိတ်တိတ်လေး ရေရွတ်နေကြသည်။ ဂိုဏ်းချုပ် စိတ်ဆိုးနေတဲ့အချိန် သူ့ကို တကယ်ကြီး သွားဆွရဲတယ်ပေါ့လေ!

" …… "

ချင်ရှီထျန်သည် သူ့အကြည့်များကို ကုပိုင်ဆီသို့ ပို့လိုက်သည်။ သူ့မျက်လုံးများက နက်မှောင်နေပြီး ဘာကိုမှ ခန့်မှန်း၍မရ‌ချေ။ ဘယ်သူ့မှ သူ့စကားကိုမငြင်းဆန်ရဲဘူး။ သူ ဒေါသထွက်နေတဲ့အချိန်ဆို ပိုဆိုးတယ်။ ဒီကောင်လေးက သေရမှာမကြောက်တာလား၊ ဘာလား။

ကုပိုင်သည် သဘာဝကျစွာဖြင့် သေရမှာကို ကြောက်သည်။ သူလည်း ဒီအချိန်မှာ သူ့ကို မချဉ်းကပ်ချင်ပါဘူးနော်။ ဒါပေမယ့် ဒီခန္ဓာကိုယ်က တစ်စုံတစ်ယောက်နဲ့ သက်‌ဆိုင်နေတယ်။ မူလပိုင်ရှင်ရဲ့ခံစားချက်အကြွင်းအကျန်တွေက ရှိနေသေးတယ်။ သူ မစ်ရှင်မပြီးခင်ထိ အဲဒါ‌က သူ့အပေါ် သက်ရောက်မှုရှိနေမှာ။

ချင်ရှီထျန်၏ကြောက်စရာကောင်းလောက်အောင် တည်ငြိမ်နေသော မျက်နှာကိုကြည့်ပြီး သူက အလျင်အမြန် ဒူးတစ်ဖက်ထောက်ချလိုက်သည်။ သူ့ကိုယ်သူ အားတင်းကာ သတိမမူမိဟန် ပြောလိုက်သည်။

" ဒီငယ်သားက စကားမှားသွားပါတယ်။ ဂိုဏ်းချုပ် ကျေးဇူးပြုပြီး အပြစ်ပေးပါ။ အဲဒါ.. အဲဒါက အစားမစားတာက ခန္ဓာကိုယ်အတွက် မကောင်းလို့ပါ "

၎င်းက သာမာန်လူတွေအတွက်သာ မှန်သည်။ အထွတ်အထိပ်အဆင့်အထိ ကျင့်ကြံထားသော ချင်ရှီထျန်ကဲ့သို့ ပုဂ္ဂိုလ်မျိုးက ထမင်းတစ်နပ်မပြောနှင့်၊ တစ်လလောက် မစားရရင်တောင် မသေနိုင်ချေ။

ချင်ရှီထျန်က သူ့ကို ကြည့်ပြီး ဘာမှပြောမလာပေ။ ကုပိုင်က ဒူးထောက်လျက်သားရှိနေပြီး မလှုပ်ရဲပေ။ မူလပိုင်ရှင်၏ခံစားချက်များကို မဖိနှိပ်မိသည့်အတွက် သူ တိတ်တိတ်လေး နောက်တရနေမိသည်။ တစ်ချိန်တည်းမှာပင် ဒီလိုဒူးထောက်နေရတာက အတော်လေး အဆင်မပြေဟု တိတ်တဆိတ် တွေးလိုက်မိသည်။

ချင်ရှီထျန် ဒေါသထွက်ပြီး သူ့ကို သေအောင်ရိုက်တော့မယ်လို့ တွေးနေတုန်းမှာ တစ်ဖက်လူက သူ့ကို စိုက်ကြည့်ပြီး ပြောလာသည်။

" ထပြီး ကိုယ်တော့်အတွက် ပန်းကန်လာပြင်ပေး... "

" ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်! "

၎င်းကိုကြားသောအခါ ကုပိုင်၏မျက်နှာက ပျော်ရွှင်မှုများနှင့် ဝင်းပသွားသည်။ သူသည် မြေပြင်မှ အမြန်ထရပ်ကာ သူ့ဒူးက ဖုန်တွေကိုခါလိုက်ပြီး စိတ်အားထက်သန်စွာ ပြေးသွားလိုက်သည်။

ချင်ရှီထျန်က သူ့အပြုံးကို သတိပြုမိပြီး သူရဲ့အုံ့မှိုင်းနေတဲ့စိတ်က ရုတ်တရက် အနည်းငယ် တိုးတက်လာခဲ့သည်။ အဲဒီနေ့က လေ့ကျင့်ရေးကွင်းထဲမှာ ကုပိုင် သူ့ကို ချောင်းကြည့်နေတာကို တွေးမိပြီး သူ မပြုံးဘဲမနေနိုင်‌တော့ချေ။

သူ စိတ်အခြေအနေကောင်းလာတော့
စားပွဲပေါ်က မနက်စာက ပိုစားချင်စရာကောင်းလာသလိုပင်။ ကုပိုင်သည် မူလပိုင်ရှင်၏မှတ်ဉာဏ်မှတစ်ဆင့် သူ့အကြိုက်ကို ကောင်းကောင်းသိထားပြီး သူ ကြိုက်တတ်တဲ့အရာအားလုံးကို ပြင်ဆင်ပေးခဲ့သည်။ သူ မနက်စာကို တော်တော်လေး စားလိုက်တာကြောင့် ဘေးရှိ စောင့်ဆိုင်းနေသော အစေခံများ၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။

ချင်ရှီထျန် မြိန်ရေရှက်ရေ စားနေတာကိုကြည့်ပြီး ကုပိုင်လည်း မနေနိုင်ဘဲ ဗိုက်အနည်းငယ်ဆာလာသည်။ သူသည် မိုကွေ့၏တပည့်ငယ်လေးတစ်ယောက်သာ ဖြစ်သောကြောင့် ထမင်းမငတ်ပေမယ့် သူ့စားစရာများက ဂိုဏ်းချုပ်၏ စားစရာလောက်တော့ မကောင်းနိုင်ပေ။

မနက်စာလေးတစ်ခုအတွက် ဟင်းပွဲတစ်ဒါဇင်ကျော် တည်ခင်းထားသည်။
ယခင်ကမ္ဘာတွင် နျဲ့မိသားစု၏သခင်လေး ဖြစ်သောကြောင့် အကောင်းဆုံးအစားအသောက်များကို စားခဲ့ရပြီး အကောင်ဆုံး အဝတ်အစားများကိုသာ ဝတ်ဆင်ခဲ့ရသည်။ သူ့အစာအိမ်က အကြာကြီး အာဟာရပြည့်ဝနေခဲ့တာ။

ဒီအချိန်မှာ သူ တံတွေးမမျိုချဘဲ မနေနိုင်ပေ။ ထို့အပြင် ဒီမနက် သူ အမြန်‌ပြေးလာခဲ့ရသဖြင့် *မန်ထိုတစ်လုံးသာ စားခဲ့သည်။ သူခန္ဓာကိုယ်က ချက်ချင်း တုံ့ပြန်လာပြီး 'ဂွီ ဂွီ'ဟူသောအသံ မြည်လာခဲ့သည်။

*မန်ထို=ပေါက်စီ

အသံက အကျယ်ကြီး မဟုတ်သော်လည်း အပ်ကျသံတောင် ကြားနိုင်လောက်အောင် တိတ်ဆိတ်နေသော အခန်းထဲတွင် အလွန်သိသာနေသည်။ ချင်ရှီထျန် မပြောနှင့်၊ အခန်းထဲက အစေခံတွေတောင် သူ့ကို တိတ်တိတ်လေး ကြည့်လာသည်။

" ဂိုဏ်းချုပ်၊ ခွင့်လွှတ်‌ပေးပါ။ ဒီငယ်သား ရိုင်းပြမိပါတယ်.. "

ကုပိုင်၏မျက်နှာက နီမြန်းလာသည်။

ချင်ရှီထျန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏အေးစက်စက်မျက်နှာတွင် မသိသာသည့် နူးညံ့‌သောအပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် သူ့ရှေ့က မုန့်ချိုပန်းကန်ပြားကို သူ့ရှေ့သို့ချပေးကာ အေးစက်စွာ ပြောလိုက်သည်။

" ‌မင်းကို ဆုချတာ "

" ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်!"

ကုပိုင်သည် အလွန်ဝမ်းသာသွားပြီး သူ့ကို အမြန်ကျေးဇူးတင်လိုက်သည်။ ကြီးမြတ်တဲ့ နတ်ဆိုးဘုရင်က သူ့ကို ဆုချီးမြှင့်လာရင် အကျန်မပြောနဲ့၊ ကိုက်ပြီးသားဆိုရင်တောင် သူ လက်ခံလိုက်မှာ။ ပြီးတော့ သူ ဒီမုန့်ချိုပန်းကန်ကို ထိအောင်မထိထားဘူးလေ။

ပန်းကန်ပြားကို ယူလိုက်ပြီးနောက် ကုပိုင်က ထွက်သွားဖို့ပြင်လိုက်သည်။ သူ ဘယ်လောက်ပဲသတ္တိရှိရှိ၊ ချင်ရှီထျန်၏ရှေ့တွင် မစားဝံ့ပေ။ ချင်ရှီထျန်နှင့် တစ်စားပွဲတည်း အတူစားနိုင်သည့်သူမှာ မိုဟိုက်ကော တစ်ယောက်တည်းသာ ရှိသည်။ အခြားသူတွေအတွက်ကျတော့ သေခြင်းတရားကို ဖိတ်ခေါ်နေခြင်းပင်။

သို့သော် သူ ထွက်သွားခါနီးမှာ ချင်ရှီထျန်သည် မိုဟိုက်ကော၏ငြင်းပယ်မှုကို ရုတ်တရက် သတိရသွားသည်။ သူ အေးစက်စက် ပြောလိုက်သည်။

" ဒီမှာစား! "

ကုပိုင် ထိတ်လန့်သွားသည်။ ချင်ရှီထျန်က တကယ်ကို စိတ်အပြောင်းအလဲမြန်သည်ဟု သူ့ဘာသာ တွေးနေမိသည်။ ထို့နောက် ချင်ရှီထျန်ရှေ့မှာ နာနာခံခံနှင့် စားရုံမှလွဲ၍ သူ့မှာ ရွေးချယ်စရာမရှိချေ။

သူသည် စား‌နေရင်းနှင့် ချင်ရှီထျန်၏အမူအရာကို အကဲခတ်နေခဲ့သည်။ သူ၏ဖောင်းကားနေသော ပါးနှစ်ဖက်နှင့် ခိုးကြည့်နေသော အကြည့်လေးများက ရှဉ့်ပေါက်လေးနှင့်တူပြီး ရယ်စရာကောင်းနေ၏။ ချင်ရှီထျန်၏အမူအရာက အနည်းငယ် တိုးတက်လာသည်။

" ဒါက အဲလောက်‌တောင် အရသာရှိလို့လား "

ကုပိုင် စားနေပုံကိုကြည့်ပြီး သူ့ကို တစ်ချိန်လုံး စိုက်ကြည့်နေခဲ့သော ချင်ရှီချန်က မေးခွန်းမထုတ်ဘဲမနေနိုင်ချေ။

" အိုး.. အရသာရှိတယ်! "

ကုပိုင်က မဆိုင်းမတွ ခေါင်းညိတ်ပြလိုက်သည်။ သူ၏ပါးနှစ်ဖက်လုံးက မုန့်တွေနှင့် ပြည့်နေသည်။ ဖောင်းပွနေသော ပါးလေးများနှင့်အတူ သူသည်  ကြက်ပေါက်ကလေး အစာကောက်သလို ခေါင်းညိတ်ပြလိုက်သည်။

မိုကွေ့၏တည်ရှိမှုက ထိုနိုင်ငံများထက် ပို၍ကြီးကျယ်ခမ်းနားသည်။ သဘာဝအားဖြင့် မိုကွေ့ရှိ စားဖိုမှူးများသည် ထိပ်တန်းအဆင့်ဖြစ်သည်။ ပါဝင်ပစ္စည်းများမှာ ဝိညာဉ်စွမ်းအားကြွယ်ဝပြီး သာမာန်အစားအစာများထက် အများကြီး ပိုအဆင့်မြင့်သည်။ အရသာမှာလည်း အထူးကောင်းမွန်လှသည်။

ဒါက အရင်တုန်းက သူ စားဖူးတဲ့ထိပ်တန်းဟင်းလျာတွေထက် အများကြီး ပိုကောင်းသည်။ ကုပိုင်၏မျက်နှာပေါ်တွင် ကျေနပ်နေသော အမူအရာလေး ပေါ်လာပြီး သူ့မျက်လုံးများက လခြမ်းလေးသဖွယ် ကွေးညွှတ်နေခဲ့သည်။

၎င်းကိုမြင်တော့ ချင်ရှီထျန်က စိတ်အခြေအနေကောင်းလာသည်။ သူသည် လက်ဆန့်ကာ ကုပိုင်၏မျက်နှာလေးကို ဆွဲညစ်လိုက်သည်။ ကုပိုင်သည် ခဏလောက် ကြောင်အသွားပြီးနောက် ပြန်ပြုံးလိုက်ကာ ၎င်းကို ငြင်းဆန်ရန် မကြိုးစားခဲ့ပေ။

" မင်း ကိုယ်တော့်ကို မကြောက်ဘူးလား "

ချင်ရှီထျန်သည် မိုဟိုက်ကော၏ ရှောင်ဖယ်ခြင်းနှင့် ရွံရှာခြင်းတို့ကို အသားကျနေပြီ ဖြစ်သော်လည်း တစ်စုံတစ်ယောက်နှင့် နီးကပ်စွာရှိနေသည့် ရုတ်တရက် ခံစားချက်က သူ့နှလုံးသားကို ခုန်ပေါက်စေသည်။ သူ့လက်ပေါ်က နူးညံ့ပြီး နွေးထွေးတဲ့ အသားအရေလေး၏ အထိအတွေ့ကို သူ အရမ်းသ‌‌ဘောကျသည်။

ကုပိုင်က သူ့အမူအရာကိုကြည့်ပြီး သူ့စိတ်နေစိတ်ထားကို မှန်းဆနိုင်သည်။ သူက နှုတ်ခမ်းသပ်လိုက်ပြီး ချင်ရှီထျန်ကိုကြည့်ရန် ခေါင်းကို အနည်းငယ်မော့လိုက်သည်။ သူ၏သစ္စာရှိမှုကို ပြသရန် သူ့မျက်လုံးကို ကြည်ညိုလေးစားစွာဖြင့် ကြည့်လိုက်သည်။

" *ရှောင်ရန်က ဂိုဏ်းချုပ်ကို မကြောက်ပါဘူး။ ရှောင်ရန်က အရှင်ကို လေးစားနေတာပါ။ ရှောင်ရန်က ဂိုဏ်းချုပ်ကို သစ္စာရှိဖို့ ကျိန်ဆိုခဲ့တာကြောင့် ဂိုဏ်းချုပ်ကို မကြောက်ပါဘူး။ ဂိုဏ်းချုပ် ဘာပဲခိုင်းခိုင်း ရှောင်ရန် လုပ်ပေးဖို့ ဆန္ဒရှိပါတယ်! "

*ရှောင်ရန်=အသေးလေး

ဒီစကားတွေဟာ သူ့နှလုံးသားထဲက စကားလုံးတွေပဲ။ အားကျို့ရဲ့ဆန္ဒက ဒီဂိုဏ်းချုပ်ကို ကာကွယ်ပေးဖို့ပဲ။ ချင်ရှီထျန်က သူ့ကို သတ်ချင်တယ်ဆိုရင်တောင် ဒူးထောက်ပြီး သူ့ကို ကျေးဇူးဆပ်လိုက်မှာ။

ချင်ရှီထျန်က အလားတူသစ္စာဆိုတဲ့စကားလုံးတွေကို တစ်ခါမှ မကြားဖူးတာမဟုတ်‌ပေမယ့် ဖြူစင်တဲ့မျက်လုံးများနှင့် ကုပိုင် ပြောလာချိန်မှာတော့ သူ့ကို ထူးထူးဆန်းဆန်း သက်သောင့်သက်သာ ဖြစ်စေသည်။

ဤသစ္စာစောင့်သိမှုနှင့် ကြည်ညိုလေးစားမှုက သူ့နှလုံးသားထဲမှာ ပြောမပြတတ်လောက်အောင် နူးညံ့မှုနှင့် သက်သောင့်သက်သာရှိမှုကို ခံစားရစေသည်။ သူ၏ အေးစက်သောအမူအရာသည် တခဏအတွင်း ပျော့ပျောင်းသွားသည်။

" ရှောင်ရန်? မင်းရဲ့ ပိန်ပိန်ပါးပါး အသွင်အပြင်ကို ကြည့်လိုက်တော့
မင်းက တကယ်ကို လူသေးသေးလေးနဲ့တူတယ်လို့ ကိုယ်တော် ထင်တယ်။ ဒီလိုပုံစံမျိုးနဲ့ ကိုယ်တော့်ကို ဘယ်လိုလုပ် ခစားနိုင်မှာလဲ။ ကိုယ်တော့်အိပ်ဆောင်ထဲက အစေခံတွေတောင် မင်းထက် ကျင့်ကြံဆင့် ပိုမြင့်တယ်‌ဆိုတာ မင်း သိထားသင့်တယ်... "

" အားကျို့က ပိုပြီးသန်မာလာအောင် သေချာပေါက် ကြိုးစားမှာပါ! "

ကုပိုင်က သူ့သဘောထားကို စိတ်အားထက်သန်စွာ ဖော်ပြလိုက်သည်။ သူ၏ ကြည်လင်သော မျက်လုံးများက ဖြူစင်သော ကလေးတစ်ယောက်၏ ကတိသစ္စာများဖြင့် ပြည့်နှက်နေသည်။

ချင်ရှီထျန်က သူ့ကိုကြည့်ကာ စိတ်ထဲတွင် မရယ်ဘဲမနေနိုင်ချေ။

မိုကွေ့မှာ ငါးနှစ်ကြာ နေထိုင်ခဲ့တဲ့ ကောင်လေးတစ်ယောက်မှာ ဒီလိုကြည်လင်တဲ့မျက်လုံးတွေ ပိုင်ဆိုင်ထားဆဲပဲ။ သူရဲ့ကြင်နာမှုကို ပြန်ဆပ်ချင်ပြီး သူ့အပေါ် သစ္စာရှိပါ့မယ်လို့ ခဏခဏပြောနေတာ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီလို‌ဆိုမှတော့ သူ့ကို သူ့အနားမှာ ထားရတာ သိပ်တော့မဆိုးပါဘူး။ ပျော်ဖို့ကောင်းမယ်ထင်တယ်။

" ကောင်းပြီလေ၊ ဒီလိုဆိုမှတော့ မင်းရဲ့လက်ရှိကျင့်ကြံဆင့်က ကိုယ်တော့်အတွက် အသုံးမဝင်ဘူး။ မင်း ကိုယ်တော့်ရဲ့နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေကို အခုချိန်ကစပြီး ဆောင်ရွက်ပေးရမယ်! "

ချင်ရှီထျန်၏မျက်နှာက အေးစက်နေဆဲဖြစ်သော်လည်း သူ့လေသံမှာ အလွန်နူးညံ့နေလေသည်။

-------------------------------



ခ်င္႐ွီထ်န္ေပး‌ေသာ အနာက်က္ေဆးက သဘာဝက်က်ပင္ အရည္အေသြး အျမင့္ဆုံးျဖစ္သည္။ ထို႔အျပင္ ၎သည္ အေပၚယံဒဏ္ရာမ်ားသာျဖစ္ေသာေၾကာင့္ ကုပိုင္သည္ ႏွစ္ရက္ေလာက္ အနားယူၿပီးသည့္ေနာက္ နတ္ဆိုးသက္ေတာ္ေစာင့္ ယူနီေဖာင္းကိုဝတ္ကာ အစီရင္ခံရန္ အေျပးသြားလိုက္သည္။

ကုပိုင္ ေရာက္လာေသာအခါ ခ်င္႐ွီထ်န္က အိပ္ရာထခါစပဲ႐ွိေသးသည္။ သူ႕ကိုျမင္ေတာ့ ခ်င္႐ွီထ်န္က ေပါ့ေပါ့ပါးပါးတစ္ခြန္းေျပာလာၿပီးေနာက္ သူ႕ကို ဂ႐ုမစိုက္‌ေတာ့ေခ်။

" မင္းက ေတာ္ေတာ္ ဉာဏ္ေကာင္းသားပဲ "

ကုပိုင္သည္ ခ်င္႐ွီထ်န္၏ စိတ္ေနသေဘာထားကို သဘာဝအတိုင္း သိထားသည္။ သူက ခံစားခ်က္ကင္းမဲ့ၿပီး အလြန္ရက္စက္တတ္သူျဖစ္သည္။ မိုဟိုက္ေကာမွလြဲ၍ ဘယ္သူ႕ကိုမွ မၾကင္နာတတ္ေပ။ သူက အၿမဲတမ္း လႊမ္းမိုးျခယ္လွယ္တတ္ၿပီး မာနႀကီးသည္။ ထိုေန႔က ကုပိုင္ သတၱိ႐ွိ႐ွိ စကားေျပာလိုက္တာေၾကာင့္ သူက ႐ုတ္တရက္ အသစ္အဆန္းျဖစ္သြား႐ုံတင္။

သို႔ေသာ္ ကုပိုင္က အေရပိုထူၿပီး သတၱိ႐ွိသည္။ သူက အျခားနတ္ဆိုးသက္ေတာ္ေစာင့္ေတြလို သူ႕ကိုယ္သူ ပုန္းလွ်ိဳးကြယ္လွ်ိဳးေနရန္ မလုပ္ခဲ့ေပ။ အဲဒီအစား သူက ခ်င္႐ွီထ်န္ေနာက္သို႔ မ်က္ႏွာေျပာင္စြာ လိုက္သြားခဲ့သည္။သူက နတ္ဆိုးသက္ေတာ္ေစာင့္ႏွင့္မတူဘဲ အေစာင့္ငယ္ေလးႏွင့္ ပိုတူေနသည္။

အမွန္တြင္ သူ၏လက္႐ွိက်င့္ၾကံဆင့္သည္ ဟြမ္အဆင့္တြင္သာ႐ွိၿပီး သူ၏ခြန္အားသည္လည္း အျခားနတ္‌ဆိုးသက္ေတာ္ေစာင့္မ်ားထက္ နည္းသည္။ ဂိုဏ္းခ်ဳပ္၏ႏႈတ္ထြက္စကားေၾကာင့္သာမဟုတ္ပါက သူ သည္ မိုေကြ႕တြင္ နတ္‌ဆိုးသက္ေတာ္ေစာင့္ျဖစ္ရန္ အခြင့္အေရး႐ွိမွာမဟုတ္ေပ။ အေစာင့္ငယ္ေလး၏အလုပ္အကြၽးျပဳေနတဲ့အသြင္အျပင္က နတ္ဆိုးသက္ေတာ္ေစာင့္ျဖစ္ရန္ ေထာင္ႏွင့္ခ်ီေသာ အခက္အခဲမ်ားကို ေက်ာ္ျဖတ္ခဲ့ရေသာ *နတ္ဆိုးသက္ေတာ္ေစာင့္မ်ား၏စိတ္ကို ေျပေလ်ာ့ေစသည္။

*ET/N ~>သူတို႔က ကုပိုင္ လြယ္လြယ္နဲ႔ နတ္ဆိုးသက္ေတာ္ေစာင့္ျဖစ္လာတာကို အရမ္းစိတ္မဆိုးေတာ့ဘူး။

ခ်င္႐ွီထ်န္ ေဆးေၾကာ၍ အဝတ္အစားလဲၿပီး‌တဲ့ေနာက္ မိုဟိုက္ေကာလည္း ေရာက္လာခဲ့သည္။

သူ၏အသြင္အျပင္သည္ လွပၿပီး သူ႕အသားအရည္က ျဖဴေဖြးေန၏။ သူသည္ လက္ရာေျမာက္‌ေသာ အပြင့္အခက္မ်ား စီျခယ္ထားသည့္ အျဖဴေရာင္ဖဲအက်ႌကို ဝတ္ဆင္ထားသည္။ သူသည္ သာမာန္ေယာက်္ားမ်ားကဲ့သို႔  မၾကမ္းတမ္းဘဲ မိန္းကေလးမ်ားထက္ပင္ ပို၍လွပသည္။ ဤ႐ိုး႐ွင္းေသာ ဝတ္စုံသည္ သူ၏ၿပိဳင္ဘက္ကင္းေသာအလွကို ေပၚလြင္ေစသည္။

သူ႕ကို ျမင္လိုက္သည္ႏွင့္ ခ်င္႐ွီထ်န္၏မ်က္ႏွာေပၚ႐ွိ ေအးစက္စက္ အၾကည့္မ်ားက ေပ်ာက္ကြယ္သြားၿပီး သူ႕မ်က္ခုံးၾကားတြင္ အျပဳံးရိပ္တစ္ခုထင္ဟပ္လာသည္။ သူက သူ႕ေဘး႐ွိလူ‌‌ေတြကို ေျပာလိုက္သည္။

" မနက္စာစားဖို႔ ျပင္လိုက္ေတာ့..."

ထိုသို႔ေျပာရင္း သူသည္ မိုဟိုက္ေကာ၏လက္ကိုဆုပ္ကိုင္ကာ အနည္းငယ္ ႐ုန္းေနတဲ့လူကို စားပြဲတြင္ သူႏွင့္အတူထိုင္ရန္ ‌ဆြဲေခၚလာခဲ့သည္။
ဤသည္မွာ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း သူ႕အက်င့္တစ္ခု ျဖစ္ေနခဲ့ၿပီ။ ထမင္းစားတိုင္း မိုဟိုက္ေကာက သူႏွင့္အတူ စားရသည္။

သူ အ႐ြယ္ေရာက္လာသည္ႏွင့္အမွ် အစတည္းက ခ်င္႐ွီထ်န္အေပၚ ေအးစက္ၿပီး ခပ္တန္းတန္းေနခဲ့ေသာ မိုဟိုက္ေကာသည္ ခ်င္႐ွီထ်န္ကို ပို၍ပင္ စိမ္းကားလာခဲ့သည္။ အထူးသျဖင့္ ခ်င္႐ွီထ်န္၏အေတြးမ်ားကို သိၿပီးေနာက္တြင္ သူ အလြန္ထိတ္လန္႔သြားသည္။

စားပြဲသို႔ေရာက္သည္ႏွင့္ သူသည္ ခ်င္႐ွီထ်န္၏ဆုပ္ကိုင္မႈမွ လြတ္ေျမာက္ရန္  ထပ္မံ႐ုန္းကန္လိုက္သည္။

ခ်င္႐ွီထ်န္သည္ သူ၏လ်စ္လ်ဳ႐ႈမႈႏွင့္ စိမ္းကားမႈမ်ားကို က်င့္သားရေနၿပီျဖစ္ေသာ္လည္း သူ အျငင္းခံရတိုင္း ေဒါသအနည္းငယ္ မထြက္ဘဲမေနႏိုင္ေခ်။ သို႔ေသာ္ သူ သူ႕ကို အျပစ္မတင္ႏိုင္ေပ။ အဲဒီအစား သူ႕အတြက္ ပဲေပါင္းကိတ္မုန္႔ တစ္ဖဲ့ကို စိတ္႐ွည္လက္႐ွည္ႏွင့္ ေကာက္ကိုင္လိုက္ၿပီး သူ႕ပါးစပ္နား ခြံ႕ေပးလိုက္သည္။

" ဟိုင္ေကာ... ဒီပဲကိတ္ေလး ျမည္းၾကည့္... "

" ေက်းဇူးတင္ပါတယ္ *႐ွီဖူ "

*႐ွီဖူ= ဆရာ

ပန္းကန္လုံးထဲက စားစရာေတြကို ၾကည့္ၿပီး မိုဟိုက္ေကာက ေက်းဇူးတင္စကားေျပာလိုက္ေပမယ့္ သူ႕အမူအရာက အလြန္တရာ မလိုလားေၾကာင္း ျပသေနသည္။

ဒီျငင္းဆန္မႈက ခ်င္႐ွီထ်န္၏မ်က္ႏွာကို မည္းေမွာင္သြားေစသည္။ သူက သူ႕ကို ေအးခဲေစေသာအၾကည့္မ်ားျဖင့္ စိုက္ၾကည့္လိုက္ၿပီး အားေကာင္းေသာဖိအားတစ္ခုက သူ႕ကိုယ္မွ ထိန္းမႏိုင္သိမ္းမရ ထြက္‌ေပၚလာသည္။

မိုဟိုက္ေကာသည္ သူ၏ဖိအားေၾကာင့္ ထိတ္လန္႔သြားၿပီး သူ႕ကိုယ္က တုန္ယင္လာကာ အသက္႐ွဴမဝျဖစ္လာသည္။ သူ ေဒါသထြက္သြားမွန္း သိလိုက္ရသျဖင့္ သူ႕မ်က္ႏွာအမူအရာကို ထိန္းလိုက္သည္။

ထို႔ေနာက္ သူသည္ ခက္ခဲေသာ မစ္႐ွင္တစ္ခု လုပ္ေနရသလိုမ်ိဳး ပန္းကန္လုံးထဲ႐ွိ အခ်ိဳပြဲမ်ားကို တြန္႔ဆုတ္စြာ စား‌ေနခဲ့သည္။ ခ်င္႐ွီတန္၏ ေအးစက္ေသာဖိအားကို သူ တကယ္ခံႏိုင္ရည္မ႐ွိေခ်။ တူမ်ားကို အျမန္ခ်လိုက္ၿပီး ေအးစက္ေသာဖိအားမ်ား ထုတ္လႊတ္ေနသည့္လူကို လွည့္ၾကည့္ကာ ေျပာလိုက္သည္။

" ႐ွီဖူ၊ တပည့္ ဗိုက္ဝသြားပါၿပီ။ ျဖည္းျဖည္း သုံးေဆာင္ပါ။ ဂိုဏ္းထဲမွာ ေျဖ႐ွင္းစရာ ကိစၥေလးေတြ႐ွိလို႔ တပည့္ အရင္သြားႏွင့္ပါ့မယ္... "

သူ႕စကားဆုံးေသာအခါ ခ်င္႐ွီထ်န္ ေခါင္းညိတ္တာကိုပင္ မေစာင့္ေတာ့ဘဲ ခ်က္ခ်င္း ထထြက္သြားခဲ့သည္။ ခ်င္႐ွီထ်န္ႏွင့္ ခဏေလးေတာင္ ဆက္ေနရန္ ဆႏၵမ႐ွိေပ။

သူ ထြက္သြားေသာအခါ ခ်င္႐ွီထ်န္သည္ သူ႕ေဒါသကို မထိန္းခ်ဳပ္ႏိုင္ေတာ့ေပ။ 'ဘမ္း'ဆိုတဲ့ အသံျမည္ေအာင္ တူေတြကို ေဆာင့္ခ်လိုက္ၿပီး မႈန္မိႈင္းေနေသာမ်က္ႏွာျဖင့္ ေျပာလာသည္။

" ဒါေတြကို မသိမ္းေသးဘူးလား! "

သူ႕ေဘးနား႐ွိ အေစခံက ခ်က္ခ်င္း တုံ႔ျပန္လာသည္။

" ဟုတ္ကဲ့ "

လက္တေလာမွာ ဂိုဏ္းခ်ဳပ္က ေဒါသထြက္လြယ္တာေၾကာင့္ ဘယ္သူ႕မွ သူ႕ကို မဆန္႔က်င္ရဲဘူး။ ဆန္႔က်င္တဲ့သူေတြက ေသလမ္းပဲ႐ွိတယ္။ ၿပီးေတာ့ ဂိုဏ္းခ်ဳပ္က အခု ေတာ္ေတာ္ေလး ေဒါသထြက္ေနတာ။ သူ႕ကို ဆန္႔က်င္တဲ့ဘယ္သူမဆို ကံေကာင္းမွာမဟုတ္ဘူး။

မထင္မွတ္ဘဲ ဒီအခန္းထဲမွာ ေသျခင္းတရားကို မေၾကာက္တဲ့သူတစ္ေယာက္
႐ွိ‌ေနသည္။ ခ်င္႐ွီထ်န္က သူ႕တူေတြကို လႈပ္ေတာင္မလႈပ္ခဲ့တာကို ကုပိုင္ သတိျပဳမိခဲ့သည္။ ခ်င္႐ွီထ်န္အေပၚ မူလပိုင္႐ွင္၏ဂ႐ုစိုက္မႈေတြက သူ႕ကို အလိုအေလ်ာက္ ေ႐ွ႕ထြက္လာေစသည္။

" ဂိုဏ္းခ်ဳပ္၊ အ႐ွင္ မစားရေသးဘူးေလ... "

ထိုသို႔ေျပာၿပီးေနာက္ ကုပိုင္က သူ႕စိတ္ထဲမွာ သူ႕ကိုယ္သူ ပိတ္႐ိုက္လိုက္သည္။ ဘယ္သူက မင္းကို စကားအမ်ားႀကီး ေျပာခိုင္းလို႔လဲ! လွ်ာ႐ွည္ဖို႔ မင္းကို ဘယ္သူေျပာလို႔လဲ!

အခန္းထဲ႐ွိ မူလက ေလးလံေနေသာ ေလထုသည္ တခဏအတြင္း ေအးခဲသြားသည္။ ပန္းကန္မ်ားကို သိမ္းဆည္းေတာ့မည့္ အေစခံမ်ားက ၾကက္ေသေသလ်က္ ေခါင္းမေမာ့ရဲဘဲ အလယ္မွာ ေတာင့္ေတာင့္ႀကီး ရပ္ေနသည္။ 'ဒီလူသစ္ေလးက ပစားေပးခံရတာကို ဘယ္လိုတန္ဖိုးထားရမလဲ မသိဘူးပဲ'လို႔ သူတို႔စိတ္ထဲမွာ တိတ္တိတ္ေလး ေရ႐ြတ္ေနၾကသည္။ ဂိုဏ္းခ်ဳပ္ စိတ္ဆိုးေနတဲ့အခ်ိန္ သူ႕ကို တကယ္ႀကီး သြားဆြရဲတယ္ေပါ့ေလ!

" …… "

ခ်င္႐ွီထ်န္သည္ သူ႕အၾကည့္မ်ားကို ကုပိုင္ဆီသို႔ ပို႔လိုက္သည္။ သူ႕မ်က္လုံးမ်ားက နက္ေမွာင္ေနၿပီး ဘာကိုမွ ခန္႔မွန္း၍မရ‌ေခ်။ ဘယ္သူ႕မွ သူ႕စကားကိုမျငင္းဆန္ရဲဘူး။ သူ ေဒါသထြက္ေနတဲ့အခ်ိန္ဆို ပိုဆိုးတယ္။ ဒီေကာင္ေလးက ေသရမွာမေၾကာက္တာလား၊ ဘာလား။

ကုပိုင္သည္ သဘာဝက်စြာျဖင့္ ေသရမွာကို ေၾကာက္သည္။ သူလည္း ဒီအခ်ိန္မွာ သူ႕ကို မခ်ဥ္းကပ္ခ်င္ပါဘူးေနာ္။ ဒါေပမယ့္ ဒီခႏၶာကိုယ္က တစ္စုံတစ္ေယာက္နဲ႔ သက္‌ဆိုင္ေနတယ္။ မူလပိုင္႐ွင္ရဲ႕ခံစားခ်က္အႂကြင္းအက်န္ေတြက ႐ွိေနေသးတယ္။ သူ မစ္႐ွင္မၿပီးခင္ထိ အဲဒါ‌က သူ႕အေပၚ သက္ေရာက္မႈ႐ွိေနမွာ။

ခ်င္႐ွီထ်န္၏ေၾကာက္စရာေကာင္းေလာက္ေအာင္ တည္ၿငိမ္ေနေသာ မ်က္ႏွာကိုၾကည့္ၿပီး သူက အလ်င္အျမန္ ဒူးတစ္ဖက္ေထာက္ခ်လိုက္သည္။ သူ႕ကိုယ္သူ အားတင္းကာ သတိမမူမိဟန္ ေျပာလိုက္သည္။

" ဒီငယ္သားက စကားမွားသြားပါတယ္။ ဂိုဏ္းခ်ဳပ္ ေက်းဇူးျပဳၿပီး အျပစ္ေပးပါ။ အဲဒါ.. အဲဒါက အစားမစားတာက ခႏၶာကိုယ္အတြက္ မေကာင္းလို႔ပါ "

၎က သာမာန္လူေတြအတြက္သာ မွန္သည္။ အထြတ္အထိပ္အဆင့္အထိ က်င့္ၾကံထားေသာ ခ်င္႐ွီထ်န္ကဲ့သို႔ ပုဂၢိဳလ္မ်ိဳးက ထမင္းတစ္နပ္မေျပာႏွင့္၊ တစ္လေလာက္ မစားရရင္ေတာင္ မေသႏိုင္ေခ်။

ခ်င္႐ွီထ်န္က သူ႕ကို ၾကည့္ၿပီး ဘာမွေျပာမလာေပ။ ကုပိုင္က ဒူးေထာက္လ်က္သား႐ွိေနၿပီး မလႈပ္ရဲေပ။ မူလပိုင္႐ွင္၏ခံစားခ်က္မ်ားကို မဖိႏွိပ္မိသည့္အတြက္ သူ တိတ္တိတ္ေလး ေနာက္တရေနမိသည္။ တစ္ခ်ိန္တည္းမွာပင္ ဒီလိုဒူးေထာက္ေနရတာက အေတာ္ေလး အဆင္မေျပဟု တိတ္တဆိတ္ ေတြးလိုက္မိသည္။

ခ်င္႐ွီထ်န္ ေဒါသထြက္ၿပီး သူ႕ကို ေသေအာင္႐ိုက္ေတာ့မယ္လို႔ ေတြးေနတုန္းမွာ တစ္ဖက္လူက သူ႕ကို စိုက္ၾကည့္ၿပီး ေျပာလာသည္။

" ထၿပီး ကိုယ္ေတာ္႕အတြက္ ပန္းကန္လာျပင္ေပး... "

" ဟုတ္ကဲ့ပါ ဂိုဏ္းခ်ဳပ္! "

၎ကိုၾကားေသာအခါ ကုပိုင္၏မ်က္ႏွာက ေပ်ာ္႐ႊင္မႈမ်ားႏွင့္ ဝင္းပသြားသည္။ သူသည္ ေျမျပင္မွ အျမန္ထရပ္ကာ သူ႕ဒူးက ဖုန္ေတြကိုခါလိုက္ၿပီး စိတ္အားထက္သန္စြာ ေျပးသြားလိုက္သည္။

ခ်င္႐ွီထ်န္က သူ႕အျပဳံးကို သတိျပဳမိၿပီး သူရဲ႕အုံ႔မိႈင္းေနတဲ့စိတ္က ႐ုတ္တရက္ အနည္းငယ္ တိုးတက္လာခဲ့သည္။ အဲဒီေန႔က ေလ့က်င့္ေရးကြင္းထဲမွာ ကုပိုင္ သူ႕ကို ေခ်ာင္းၾကည့္ေနတာကို ေတြးမိၿပီး သူ မျပဳံးဘဲမေနႏိုင္‌ေတာ့ေခ်။

သူ စိတ္အေျခအေနေကာင္းလာေတာ့
စားပြဲေပၚက မနက္စာက ပိုစားခ်င္စရာေကာင္းလာသလိုပင္။ ကုပိုင္သည္ မူလပိုင္႐ွင္၏မွတ္ဉာဏ္မွတစ္ဆင့္ သူ႕အႀကိဳက္ကို ေကာင္းေကာင္းသိထားၿပီး သူ ႀကိဳက္တတ္တဲ့အရာအားလုံးကို ျပင္ဆင္ေပးခဲ့သည္။ သူ မနက္စာကို ေတာ္ေတာ္ေလး စားလိုက္တာေၾကာင့္ ေဘး႐ွိ ေစာင့္ဆိုင္းေနေသာ အေစခံမ်ား၏အာ႐ုံကို ဆြဲေဆာင္သြားခဲ့သည္။

ခ်င္႐ွီထ်န္ ၿမိန္ေရ႐ွက္ေရ စားေနတာကိုၾကည့္ၿပီး ကုပိုင္လည္း မေနႏိုင္ဘဲ ဗိုက္အနည္းငယ္ဆာလာသည္။ သူသည္ မိုေကြ႕၏တပည့္ငယ္ေလးတစ္ေယာက္သာ ျဖစ္ေသာေၾကာင့္ ထမင္းမငတ္ေပမယ့္ သူ႕စားစရာမ်ားက ဂိုဏ္းခ်ဳပ္၏ စားစရာေလာက္ေတာ့ မေကာင္းႏိုင္ေပ။

မနက္စာေလးတစ္ခုအတြက္ ဟင္းပြဲတစ္ဒါဇင္ေက်ာ္ တည္ခင္းထားသည္။
ယခင္ကမ႓ာတြင္ ႏ်ဲ႕မိသားစု၏သခင္ေလး ျဖစ္ေသာေၾကာင့္ အေကာင္းဆုံးအစားအေသာက္မ်ားကို စားခဲ့ရၿပီး အေကာင္ဆုံး အဝတ္အစားမ်ားကိုသာ ဝတ္ဆင္ခဲ့ရသည္။ သူ႕အစာအိမ္က အၾကာႀကီး အာဟာရျပည့္ဝေနခဲ့တာ။

ဒီအခ်ိန္မွာ သူ တံေတြးမမ်ိဳခ်ဘဲ မေနႏိုင္ေပ။ ထို႔အျပင္ ဒီမနက္ သူ အျမန္‌ေျပးလာခဲ့ရသျဖင့္ *မန္ထိုတစ္လုံးသာ စားခဲ့သည္။ သူခႏၶာကိုယ္က ခ်က္ခ်င္း တုံ႔ျပန္လာၿပီး 'ဂြီ ဂြီ'ဟူေသာအသံ ျမည္လာခဲ့သည္။

*မန္ထို=ေပါက္စီ

အသံက အက်ယ္ႀကီး မဟုတ္ေသာ္လည္း အပ္က်သံေတာင္ ၾကားႏိုင္ေလာက္ေအာင္ တိတ္ဆိတ္ေနေသာ အခန္းထဲတြင္ အလြန္သိသာေနသည္။ ခ်င္႐ွီထ်န္ မေျပာႏွင့္၊ အခန္းထဲက အေစခံေတြေတာင္ သူ႕ကို တိတ္တိတ္ေလး ၾကည့္လာသည္။

" ဂိုဏ္းခ်ဳပ္၊ ခြင့္လႊတ္‌ေပးပါ။ ဒီငယ္သား ႐ိုင္းျပမိပါတယ္.. "

ကုပိုင္၏မ်က္ႏွာက နီျမန္းလာသည္။

ခ်င္႐ွီထ်န္က သူ႕ကို တစ္ခ်က္ၾကည့္လိုက္ၿပီး သူ၏ေအးစက္စက္မ်က္ႏွာတြင္ မသိသာသည့္ ႏူးညံ့‌ေသာအျပဳံးတစ္ခု ေပၚလာသည္။ ထို႔ေနာက္ သူ႕ေ႐ွ႕က မုန္႔ခ်ိဳပန္းကန္ျပားကို သူ႕ေ႐ွ႕သို႔ခ်ေပးကာ ေအးစက္စြာ ေျပာလိုက္သည္။

" ‌မင္းကို ဆုခ်တာ "

" ေက်းဇူးတင္ပါတယ္ ဂိုဏ္းခ်ဳပ္!"

ကုပိုင္သည္ အလြန္ဝမ္းသာသြားၿပီး သူ႕ကို အျမန္ေက်းဇူးတင္လိုက္သည္။ ႀကီးျမတ္တဲ့ နတ္ဆိုးဘုရင္က သူ႕ကို ဆုခ်ီးျမႇင့္လာရင္ အက်န္မေျပာနဲ႔၊ ကိုက္ၿပီးသားဆိုရင္ေတာင္ သူ လက္ခံလိုက္မွာ။ ၿပီးေတာ့ သူ ဒီမုန္႔ခ်ိဳပန္းကန္ကို ထိေအာင္မထိထားဘူးေလ။

ပန္းကန္ျပားကို ယူလိုက္ၿပီးေနာက္ ကုပိုင္က ထြက္သြားဖို႔ျပင္လိုက္သည္။ သူ ဘယ္ေလာက္ပဲသတၱိ႐ွိ႐ွိ၊ ခ်င္႐ွီထ်န္၏ေ႐ွ႕တြင္ မစားဝံ့ေပ။ ခ်င္႐ွီထ်န္ႏွင့္ တစ္စားပြဲတည္း အတူစားႏိုင္သည့္သူမွာ မိုဟိုက္ေကာ တစ္ေယာက္တည္းသာ ႐ွိသည္။ အျခားသူေတြအတြက္က်ေတာ့ ေသျခင္းတရားကို ဖိတ္ေခၚေနျခင္းပင္။

သို႔ေသာ္ သူ ထြက္သြားခါနီးမွာ ခ်င္႐ွီထ်န္သည္ မိုဟိုက္ေကာ၏ျငင္းပယ္မႈကို ႐ုတ္တရက္ သတိရသြားသည္။ သူ ေအးစက္စက္ ေျပာလိုက္သည္။

" ဒီမွာစား! "

ကုပိုင္ ထိတ္လန္႔သြားသည္။ ခ်င္႐ွီထ်န္က တကယ္ကို စိတ္အေျပာင္းအလဲျမန္သည္ဟု သူ႕ဘာသာ ေတြးေနမိသည္။ ထို႔ေနာက္ ခ်င္႐ွီထ်န္ေ႐ွ႕မွာ နာနာခံခံႏွင့္ စား႐ုံမွလြဲ၍ သူ႕မွာ ေ႐ြးခ်ယ္စရာမ႐ွိေခ်။

သူသည္ စား‌ေနရင္းႏွင့္ ခ်င္႐ွီထ်န္၏အမူအရာကို အကဲခတ္ေနခဲ့သည္။ သူ၏ေဖာင္းကားေနေသာ ပါးႏွစ္ဖက္ႏွင့္ ခိုးၾကည့္ေနေသာ အၾကည့္ေလးမ်ားက ႐ွဥ့္ေပါက္ေလးႏွင့္တူၿပီး ရယ္စရာေကာင္းေန၏။ ခ်င္႐ွီထ်န္၏အမူအရာက အနည္းငယ္ တိုးတက္လာသည္။

" ဒါက အဲေလာက္‌ေတာင္ အရသာ႐ွိလို႔လား "

ကုပိုင္ စားေနပုံကိုၾကည့္ၿပီး သူ႕ကို တစ္ခ်ိန္လုံး စိုက္ၾကည့္ေနခဲ့ေသာ ခ်င္႐ွီခ်န္က ေမးခြန္းမထုတ္ဘဲမေနႏိုင္ေခ်။

" အိုး.. အရသာ႐ွိတယ္! "

ကုပိုင္က မဆိုင္းမတြ ေခါင္းညိတ္ျပလိုက္သည္။ သူ၏ပါးႏွစ္ဖက္လုံးက မုန္႔ေတြႏွင့္ ျပည့္ေနသည္။ ေဖာင္းပြေနေသာ ပါးေလးမ်ားႏွင့္အတူ သူသည္  ၾကက္ေပါက္ကေလး အစာေကာက္သလို ေခါင္းညိတ္ျပလိုက္သည္။

မိုေကြ႕၏တည္႐ွိမႈက ထိုႏိုင္ငံမ်ားထက္ ပို၍ႀကီးက်ယ္ခမ္းနားသည္။ သဘာဝအားျဖင့္ မိုေကြ႕႐ွိ စားဖိုမႉးမ်ားသည္ ထိပ္တန္းအဆင့္ျဖစ္သည္။ ပါဝင္ပစၥည္းမ်ားမွာ ဝိညာဥ္စြမ္းအားႂကြယ္ဝၿပီး သာမာန္အစားအစာမ်ားထက္ အမ်ားႀကီး ပိုအဆင့္ျမင့္သည္။ အရသာမွာလည္း အထူးေကာင္းမြန္လွသည္။

ဒါက အရင္တုန္းက သူ စားဖူးတဲ့ထိပ္တန္းဟင္းလ်ာေတြထက္ အမ်ားႀကီး ပိုေကာင္းသည္။ ကုပိုင္၏မ်က္ႏွာေပၚတြင္ ေက်နပ္ေနေသာ အမူအရာေလး ေပၚလာၿပီး သူ႕မ်က္လုံးမ်ားက လျခမ္းေလးသဖြယ္ ေကြးၫႊတ္ေနခဲ့သည္။

၎ကိုျမင္ေတာ့ ခ်င္႐ွီထ်န္က စိတ္အေျခအေနေကာင္းလာသည္။ သူသည္ လက္ဆန္႔ကာ ကုပိုင္၏မ်က္ႏွာေလးကို ဆြဲညစ္လိုက္သည္။ ကုပိုင္သည္ ခဏေလာက္ ေၾကာင္အသြားၿပီးေနာက္ ျပန္ျပဳံးလိုက္ကာ ၎ကို ျငင္းဆန္ရန္ မႀကိဳးစားခဲ့ေပ။

" မင္း ကိုယ္ေတာ့္ကို မေၾကာက္ဘူးလား "

ခ်င္႐ွီထ်န္သည္ မိုဟိုက္ေကာ၏ ေ႐ွာင္ဖယ္ျခင္းႏွင့္ ႐ြံ႐ွာျခင္းတို႔ကို အသားက်ေနၿပီ ျဖစ္ေသာ္လည္း တစ္စုံတစ္ေယာက္ႏွင့္ နီးကပ္စြာ႐ွိေနသည့္ ႐ုတ္တရက္ ခံစားခ်က္က သူ႕ႏွလုံးသားကို ခုန္ေပါက္ေစသည္။ သူ႕လက္ေပၚက ႏူးညံ့ၿပီး ေႏြးေထြးတဲ့ အသားအေရေလး၏ အထိအေတြ႕ကို သူ အရမ္းသ‌‌ေဘာက်သည္။

ကုပိုင္က သူ႕အမူအရာကိုၾကည့္ၿပီး သူ႕စိတ္ေနစိတ္ထားကို မွန္းဆႏိုင္သည္။ သူက ႏႈတ္ခမ္းသပ္လိုက္ၿပီး ခ်င္႐ွီထ်န္ကိုၾကည့္ရန္ ေခါင္းကို အနည္းငယ္ေမာ့လိုက္သည္။ သူ၏သစၥာ႐ွိမႈကို ျပသရန္ သူ႕မ်က္လုံးကို ၾကည္ညိဳေလးစားစြာျဖင့္ ၾကည့္လိုက္သည္။

" *ေ႐ွာင္ရန္က ဂိုဏ္းခ်ဳပ္ကို မေၾကာက္ပါဘူး။ ေ႐ွာင္ရန္က အ႐ွင္ကို ေလးစားေနတာပါ။ ေ႐ွာင္ရန္က ဂိုဏ္းခ်ဳပ္ကို သစၥာ႐ွိဖို႔ က်ိန္ဆိုခဲ့တာေၾကာင့္ ဂိုဏ္းခ်ဳပ္ကို မေၾကာက္ပါဘူး။ ဂိုဏ္းခ်ဳပ္ ဘာပဲခိုင္းခိုင္း ေ႐ွာင္ရန္ လုပ္ေပးဖို႔ ဆႏၵ႐ွိပါတယ္! "

*ေ႐ွာင္ရန္=အေသးေလး

ဒီစကားေတြဟာ သူ႕ႏွလုံးသားထဲက စကားလုံးေတြပဲ။ အားက်ိဳ႕ရဲ႕ဆႏၵက ဒီဂိုဏ္းခ်ဳပ္ကို ကာကြယ္ေပးဖို႔ပဲ။ ခ်င္႐ွီထ်န္က သူ႕ကို သတ္ခ်င္တယ္ဆိုရင္ေတာင္ ဒူးေထာက္ၿပီး သူ႕ကို ေက်းဇူးဆပ္လိုက္မွာ။

ခ်င္႐ွီထ်န္က အလားတူသစၥာဆိုတဲ့စကားလုံးေတြကို တစ္ခါမွ မၾကားဖူးတာမဟုတ္‌ေပမယ့္ ျဖဴစင္တဲ့မ်က္လုံးမ်ားႏွင့္ ကုပိုင္ ေျပာလာခ်ိန္မွာေတာ့ သူ႕ကို ထူးထူးဆန္းဆန္း သက္ေသာင့္သက္သာ ျဖစ္ေစသည္။

ဤသစၥာေစာင့္သိမႈႏွင့္ ၾကည္ညိဳေလးစားမႈက သူ႕ႏွလုံးသားထဲမွာ ေျပာမျပတတ္ေလာက္ေအာင္ ႏူးညံ့မႈႏွင့္ သက္ေသာင့္သက္သာ႐ွိမႈကို ခံစားရေစသည္။ သူ၏ ေအးစက္ေသာအမူအရာသည္ တခဏအတြင္း ေပ်ာ့ေပ်ာင္းသြားသည္။

" ေ႐ွာင္ရန္? မင္းရဲ႕ ပိန္ပိန္ပါးပါး အသြင္အျပင္ကို ၾကည့္လိုက္ေတာ့
မင္းက တကယ္ကို လူေသးေသးေလးနဲ႔တူတယ္လို႔ ကိုယ္ေတာ္ ထင္တယ္။ ဒီလိုပုံစံမ်ိဳးနဲ႔ ကိုယ္ေတာ့္ကို ဘယ္လိုလုပ္ ခစားႏိုင္မွာလဲ။ ကိုယ္ေတာ့္အိပ္ေဆာင္ထဲက အေစခံေတြေတာင္ မင္းထက္ က်င့္ၾကံဆင့္ ပိုျမင့္တယ္‌ဆိုတာ မင္း သိထားသင့္တယ္... "

" အားက်ိဳ႕က ပိုၿပီးသန္မာလာေအာင္ ေသခ်ာေပါက္ ႀကိဳးစားမွာပါ! "

ကုပိုင္က သူ႕သေဘာထားကို စိတ္အားထက္သန္စြာ ေဖာ္ျပလိုက္သည္။ သူ၏ ၾကည္လင္ေသာ မ်က္လုံးမ်ားက ျဖဴစင္ေသာ ကေလးတစ္ေယာက္၏ ကတိသစၥာမ်ားျဖင့္ ျပည့္ႏွက္ေနသည္။

ခ်င္႐ွီထ်န္က သူ႕ကိုၾကည့္ကာ စိတ္ထဲတြင္ မရယ္ဘဲမေနႏိုင္ေခ်။

မိုေကြ႕မွာ ငါးႏွစ္ၾကာ ေနထိုင္ခဲ့တဲ့ ေကာင္ေလးတစ္ေယာက္မွာ ဒီလိုၾကည္လင္တဲ့မ်က္လုံးေတြ ပိုင္ဆိုင္ထားဆဲပဲ။ သူရဲ႕ၾကင္နာမႈကို ျပန္ဆပ္ခ်င္ၿပီး သူ႕အေပၚ သစၥာ႐ွိပါ့မယ္လို႔ ခဏခဏေျပာေနတာ တကယ္ကို စိတ္ဝင္စားဖို႔ေကာင္းတယ္။ ဒီလို‌ဆိုမွေတာ့ သူ႕ကို သူ႕အနားမွာ ထားရတာ သိပ္ေတာ့မဆိုးပါဘူး။ ေပ်ာ္ဖို႔ေကာင္းမယ္ထင္တယ္။

" ေကာင္းၿပီေလ၊ ဒီလိုဆိုမွေတာ့ မင္းရဲ႕လက္႐ွိက်င့္ၾကံဆင့္က ကိုယ္ေတာ့္အတြက္ အသုံးမဝင္ဘူး။ မင္း ကိုယ္ေတာ့္ရဲ႕ေန႔စဥ္လုပ္႐ိုးလုပ္စဥ္ေတြကို အခုခ်ိန္ကစၿပီး ေဆာင္႐ြက္ေပးရမယ္! "

ခ်င္႐ွီထ်န္၏မ်က္ႏွာက ေအးစက္ေနဆဲျဖစ္ေသာ္လည္း သူ႕ေလသံမွာ အလြန္ႏူးညံ့ေနေလသည္။

-------------------------------

Lanjutkan Membaca

Kamu Akan Menyukai Ini

2.3M 319K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...
77.9K 7.1K 200
လူတိုင်းသိကြလောက်မဲ့ စာစဥ်လေးဆိုတော့ review မရေးတော့ဘူးနော်။ ဘာသာပြန်သူ - ဆူးရှင်းနွေး
104K 13.7K 72
Title- Who Touched My Tail! Author- Xiao Xuan «筱玄» Total chapter - 206+ 5 Extra Start date : May - 26 -2022 End date : This is my first translatio...
209K 14K 55
Jeon Jungkook x Kim Taehyung