(3.1)
စုယွမ် က စုတ်ပြတ်နေတဲ့ ခြံဝင်းထဲ ရောက်တာ ၃ ရက်ကြာ ပြီးသွားပြီပဲ ဖြစ်လေတယ်။
မျှော်လင့်ထား သလိုပါပဲ ယိုယွင်းနေတဲ့ခြံဝင်း က နာမည်နဲ့ လိုက်အောင် လုံးဝကို ပြင်လို့ မရတော့တဲ့ အထိ စုတ်ပြတ် နေခဲ့လေတယ်။
စုယွမ် က သဘောပေါက်ပါတယ်။ မြွေဘုရင် ကြီးက ကိစ္စရှိလို့ ထွက်သွားခဲ့ပြီးတော့ အခုမှ တံခါးထဲကို ဝင်လာတဲ့ သူ့ရဲ့ သတို့သမီးကို လုံးဝ ဂရုမစိုက်အားတဲ့ အတွက်ကြောင့် ဖြစ်လေတယ်။ သူက လည်း နှေးကွေးစွာ ပဲ တုံ့ပြန်တက်တာကြောင့် သူက တိုက်ရိုက် ပဲ ငွေရောင်မြွေ မျိုးနွယ်ရဲ့ အစုတ်ပြက်ဆုံး နေရာကို ချက်ချင်းပဲ အပို့ခံလိုက်ရတယ်လေ။
ရွှီးဟယ် က ဒီကိစ္စကို အာရုံ စိုက်နေသမျှ ကာလ ပတ်လုံး စုယွမ် ကလည်း ဝမ်းမြောက်စွာနဲ့ သူမကို ပဲ အပ်ထားမှာ ဖြစ်လေတယ်။ ပြီးတော့ သူက သဘာဝ ကျစွာမှ မကစား တက်တော့ သူဟာ အစောကြီး အရှုံးပေးလိုက်တော့မယ်လေ။
ဒါကြောင့် သူက ဒီနေရာမှာ ပဲ တစ်ယောက် ထဲ နေပြီးတော့ တစ်ယောက် ထဲ သေလိုက်တော့မယ်။
ခေတ်သစ်အချိန်မှာ ဆိုရင် သူက ဒုတိယ မျိုးဆက် သူဌေးသား ဖြစ် တဲ့ အတွက်ကြောင့် သူဟာ စားဖို့ သောက်ဖို့ကို လုံးဝ စိုးရိမ်စရာ မလိုပေ။
မမျှော်လင့် ထားစွာနဲ့ပဲ သူက ဒီကို ရောက်လာတဲ့ အချိန်မှာတော့ ပထမဆုံး အနေနဲ့ သူ့ရဲ့ လုံခြုံရေးကို စိတ်ပူနေရတယ်။ ပြီးတော့ အခုကျ ပြန်တော့ စားဖို့ နဲ့ သောက်ဖို့ ကို စိတ်ပူ ရပြန်ပြီ။
လွန်ခဲ့တဲ့ ၃ ရက်အတွင်းမှာ သူက သူ့ဘာသာ သူ ရေတွင်း က ဆွဲတဲ့ ရေကို သောက်ရ ပြီးတော့ အနီးနားမှာ ရှိနေတဲ့ အသီးရိုင်းတွေကို ကောက်ပြီးတော့ စားရလေတယ်။
ထိုနေရာမှာ သူအချိိန် အတော်ကြာ နေပြီးရင်တော့ သူဟာ သေချာပေါက် ရှေးခေတ် လူသား ဖြစ်သွားနိုင်တယ် ။
၃ရက်နေပြီးတဲ့နောက် သူဟာ လုံးဝကို အမေ့ခံ စွန့်ပစ်ခံ ဖြစ်သွားပြီ ဆိုတာ ကို သလိုက်ရလေတယ်။ ပြီးတော့ ဘယ်သူကမှ သူ့ကို ဂရုမစိုက် ကြပေ။ စုယွမ်က ထိုနေရာမှာ မနေလိုတော့ပဲ သာမန် နေရာ တစ်ခုကိုသာ ပြောင်းလို ခဲ့တယ်။
စုတ်ပြတ် နေတဲ့ ခြံဝင်းက သူတို့ရဲ့ နယ်စပ်နဲ့ အတော်လေးကို နီးစပ်လေတယ်။ တကယ်လို့ သူသွားချင်ရင် သဘာဝ အတိုင်း ဖြစ်နေတဲ့ မြေမျက်နှာ သွင်ပြင် တွေကို အခွင့်ကောင်း ယူလိုက်ရုံပဲ။
ထိုနေ့ည ည သန်းခေါင် မှာပဲ စုယွမ်က ယိုယွင်းနေတဲ့ ခြံဝင်းထဲ ကနေ ထွက်လာပြီးတော့ သူက နေ့အချိန်မှာ သွားလာခဲ့တဲ့ လမ်းကြောင်းကို စမ်းတဝါးဝါး လျောက်လာခဲ့လေတယ်။
ခရီးသွားလာ ရတာက ချောမွေ့ နေပြီးတော့ ဘာမှ ထူးဆန်းတာ တွေ မကြုံတွေ့ ခဲ့ရပေ။
မကြာခင်မှာပဲ စုယွမ်က နယ်နမိတ်နေရာ ကို ရောက်လာချိန် မှာတော့ စုယွမ် က သူ့ရှေ့မှာ ရေအလွှာ တစ်ခုကို တွေ့ရခဲ့ကာ ထိုကနေ တစ်ဆင့် အပြင် က မြင်ကွင်းကို မြင်နေရလေတယ်။
အပြင်ဘက်မှာ ရှိနေတဲ့ ပန်းတွေက ပိုးထည်လို တောက်ပ နေပြီး လနဲ့ ကြယ်တွေက တောက်ပ နေခဲ့တယ်။
ဒီနေရာနဲ့ မတူ ပေ။ ဒီနေရာက ညအချိန်မှာတောင် ကြယ်တွေနဲ့ လကို မမြင်ရပေ။ ပြီးတော့ မဲမှောင်မိုက်တဲ့ ညတွေ လိုပဲ အရမ်းကို ကြောက်ဖို့ ကောင်းနေလေတယ်။
စုယွမ်မှာ ခန့်မှန်းချက် တစ်ခု ရှိတယ်။ သူသာ အရှေ့က ရေအလွှာ ကို ဖြတ်ကျော် နိုင်သရွေ့ ဒီလိုမျိုး သရဲတစ္စေလို နေရာကနေ ထွက်သွားပြီးတော့ အလင်းထဲကို ဝင်ရောက် နိုင်မှာပဲ ဖြစ်လေတယ်။
ပျော်ရွှင်မှု အပြည့်နဲ့ စုယွမ် က ရေအလွှာ ဆီကို ပြေးသွားလိုက်တဲ့ အချိန်မှာတော့ ကြီးမားတဲ့ တွန်းအားနဲ့ အနောက်ကို ပြန်ကန် ထွက်သွားလေတယ်။
ဘုန်း.... ! ။
စုယွမ် က အံ့သြလောက်တဲ့ တွန်းအားကြောင့် အနောက်ကို ပြန်ကန် သွားကာ ဝေးတဲ့ တစ်နေရာ က မြေပေါ်ကို ပစ်ကျ သွားကာ သူ့ကို သတိလွတ်မိ စေလောက်နီးပါး နာကျင် သွားလေတယ်။
အဲ့တာ က အနည်းငယ် သက်သာဖို့ အချိန်အတော် ယူရကာ စုယွမ် က ခက်ခက်ခဲခဲ နဲ့ ထလိုက်ကာ နယ်နမိတ်ကို ကာကွယ်ထားတဲ့ မြင်နိုင်တဲ့ အလွှာ ကို သာတွေ့ ရလေတယ်။
အဲ့အချိန်မှာပဲ သူက အရမ်းစိတ်လှုပ်ရှား နေတဲ့ အတွက်ကြောင့် ရွှေရောင်ဖျော့ အလွှာ တစ်ခုက တဖြေးဖြေး နဲ့ မြင်နိုင်လာကာ ကြီးမားတဲ့ စွမ်းအား ထွက်ပေါ်လာတယ်။ အဲ့တာကို တွေ့လိုက်ရတော့ စုယွမ်က မထိန်းနိုင်တော့ပဲ နှလုံးသား ခုန်လှုပ်ခြင်း က ပြင်းထန် လာလေတယ်။
သူက နာကျင်မှုကို ဂရုမစိုက် တော့ပဲ ထပြီးတော့ အမြန် ပြန်ပြေး တော့တယ်။
အဲ့လိုမှ မဟုတ်လို့ ကတော့ သူက အဖမ်းခံ ရရင် သူက မြွေတွင်းထဲကို ပစ်ချ ခံလိုက်ရမှာ ကို အတော်လေး ကြောက်နေမိလေတယ်။
အဲ့တာ တွေပြီးနောက် သူက အားနည်း တဲ့ ပုရွက်ဆိတ်လေး လို ဟန်ဆောင် ခဲ့တာ ကိုတောင် နောင်တ ရနေခဲ့လေတယ်။ အခုတော့ အဲ့ပုရွက်ဆိတ်လေး က အနားယူခြင်း မရှိပဲ လွတ်မြောက်ဖို့ ကြိုးစား နေရကာ သေတဲ့အထိ အဖိညှစ် သတ်ခံ လိုက်ရမှာကို ကြောက်ရွံ့နေခဲ့လေတယ်။
စုယွမ် က စိတ်ပူပန်မှုကြောင့် အနည်းငယ် မောပန်းနေကာ တုန်လှုပ်နေခဲ့တယ်။ သူက သူ့ရဲ့ လမ်းကိုတောင် မရွေးချယ် ရသေးခင်မှာပဲ သူက ချော်လဲ သွားလေတယ်။
ဘာ!
စုယွမ် က ထိုအချိန်က စပြီးတော့ သူ့တစ်ကိုယ်လုံး က အားတွေ ပျော့ကျ သွားပြီးတော့ လူတစ်ကိုယ် လုံး က ဆက်တိုက် လိမ့်ကြ နေခဲ့တယ်။
သူက မျက်လုံးကို မှိတ်ထားကာ ခန္ဓာကိုယ် ကွဲကြေ တဲ့ နာကျင်မှုကို စောင့်ဆိုင်း နေခဲ့တယ်။
ဒါပေမယ့် နာကျင်မှု ကတော့ ရောက်မလာ ခဲ့ပေ။ သူ့အောက်မှာ နူးညံ့ တဲ့ အရာလေး တစ်ခုက ခံနေခဲ့တယ်လေ။
သူက မျက်လုံး ကို တိတ်တဆိတ် ဖွင့်လိုက်ပေမယ့် နေရဲ့ အလင်းရောင်ကြောင့် မျက်လုံး ပြန်မှိတ်လိုက်ရလေတယ်။ နောက်တစ်ခဏ မှာပဲ သူ့ရဲ့ မျက်လုံးတွေကို ထပ်ဖွင့်လိုက်တယ်။ ပြီးတော့ သူ့မျက်လုံးတွေမှာ တုန်လှုပ်မှု တွေနဲ့ ပြည့်သွားလေတယ်။
နေမင်းကြီး ပဲ!
ဒီနေရာမှာ ဘယ်လိုလုပ် နေ့အချိန် ဖြစ်နေရာတာလဲ!
သိသိသာသာ ကြီးကိုပဲ အဲ့တာက ညနက် ကြီးဆိုပေမယ့် သူက အမြဲတမ်း နိုးနေခဲ့တာ။ အခုတော့ သူက အသက်ရှုသွင်း ထုတ်ကို အကြိမ်ရေ တစ်ဒါဇင်ကျော် လုပ်လိုက်ရလေတယ်။
ဒါပေမယ့် နေ့အချိန်ဖြစ်ဆဲဖို့ ထပ်ပြီး အံံ့သြတုန်လှုပ်သွားကာ ထ ထိုင်ပြီးတော့ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။
....................