...
နံနက္ခင္း၏ေဖ်ာ့ေတာ့ေတာ့ေနေရာင္ျခည္သည္ လိုက္ကာၾကားမွတစ္ဆင့္ သူ႔ကုတင္ထက္သို႔ျဖာက်ေနေလသည္။
ေက်ာင္းဝတ္စံုဝတ္ၿပီးျဖစ္ေသာေဆာ့ဂ်င္၏ပါးျပင္မို႔မို႔ကေလးႏွစ္ဖက္ပန္းေရာင္ထေနၾကၿပီး ေခါင္းအံုးေအာက္႐ွိစာအုပ္ကေလးကိုဆြဲထုတ္မိလိုက္သည္။တစ္ဆက္တည္းမွာပင္ညႇိဳးသြားၿပီးျဖစ္ေသာ ပန္းအျဖဴေရာင္ကေလးကိုဝမ္းနည္းစြာေတြ႔လိုက္ရသည္။စာရြက္ေတာ္ေတာ္မ်ားမ်ားတြင္ပန္းရနံ႔ကေလးမ်ားႏူးညံ့ေနေသးလို႔ ညႇိဳးသြားသည့္ပန္းကေလးကိုေဆာ့ဂ်င္ အသာထိေတြ႔မိလိုက္သည္။
သြားတန္းကေလးမ်ားလွစ္ေပၚသြားရျခင္းသည္ နမ္ဂြၽန္းကိုသူဝန္ခံျဖစ္ခဲ့လို႔ျဖစ္လိမ့္မည္။နမ္ဂြၽန္းသူ႔ကိုေပြ႕ဖက္စဥ္ကေပးခဲ့ေသာအေႏြးဓာတ္ကေလးမ်ားကိုသူရေနဆဲျဖစ္သည္။ယမန္ညကနမ္ဂြၽန္းသူ႔အိမ္ကိုလိုက္ပို႔ခဲ့ၿပီးေနာက္ ညႏွစ္နာရီခန္႔အထိမအိပ္ႏိုင္ခဲ့ပါဟု ေျပာမိလွ်င္နမ္ဂြၽန္းသူ႔ကိုရယ္လိမ့္ပါဦးမည္..။
တကယ္ေတာ့နမ္ဂြၽန္းဆိုတာ..ေရာ္ရြက္ဝါကေလးေတြလို သူ႔ႏွလံုးသားႏုႏုကေလးကိုလႈပ္ခတ္ေစတဲ့လူသားပါရယ္။ၾကယ္ေရာင္ေတာက္ေနသည့္မ်က္လံုးေတြကိုဆံုၾကည္မိရင္မ်ား..နစ္ဝင္ပစ္ခ်င္စရာအတိပါပဲ..။
စားပြဲအေပၚ႐ွိငါးႏွစ္သားေလးႏွစ္ေယာက္ပါသည့္ ေဘာင္ခတ္ထားေသာဓာတ္ပံုကေလးကိုယူ၍ေထြးေပြ႔လိုက္မိပါသည္။နမ္ဂြၽန္းကိုအဓိပၸါယ္ဖြင့္ရရင္ေတာ့ အဝါေရာင္ပန္းေလးပဲေပါ့..။နမ္ဂြၽန္းဟာႏူးညံ့သိမ္ေမြ႔ေနတာမ်ိဳးေတာ့မဟုတ္ပါဘူးရယ္..။သို႔ေပမယ့္..နမ္ဂြၽန္းဟာၾကယ္ေလးေတြၾကားက အဝါေရာင္ပန္းပြင့္ကေလးပါပဲ..။
"ငါတို႔အခ်စ္ေတြက..မျဖစ္သင့္တာမဟုတ္ဘူး နမ္ဂြၽန္း..ျဖစ္သင့္တာထက္ကိုပိုေနတာ..ဟိဟိ.."
တစ္ဦးတည္းၾကားရံုေရရြတ္ေနစဥ္ျခံေ႐ွ႕သို႔ေရာက္လာေသာ စက္ဘီးႏွင့္နမ္ဂြၽန္းေၾကာင့္ ေဆာ့ဂ်င္အလြန္ပင္ျပံဳးမိသြားခဲ့ပါသည္။
...
ဘက္စကတ္ေဘာကစားပြဲမ်ား၏ရာသီျဖစ္လို႔ ေဆာ့ဂ်င္ နမ္ဂြၽန္း၏လက္ကိုအလြန္ပင္ဆြဲထား၍ လူမ်ားေနေသာဘတ္စကတ္ေဘာကြင္းသို႔ေရာက္လာေလသည္။စာအုပ္ထံသို႔အၾကည့္ေရာက္ေနေသးေသာ နမ္ဂြၽန္းသည္ပြဲတြင္အာရံု႐ွိပံုမေပၚပါေလ..။
ေဆာ့ဂ်င္မ်က္ႏွာမဲ့မိသြားၿပီး ေက်ာင္းသား၊ေက်ာင္းသူေတြ၏အားေပးသံမ်ားတစ္ဆ၊တစ္ဆမ်ားလာလို႔ စိတ္အေႏွာင့္အယွက္ျဖစ္လာရသည္။ကြင္းအတြင္းတြင္ေတာ့ သူတို႔Cခန္းအတန္းေခါင္းေဆာင္ပါေလသည္။ဒါေၾကာင့္သူထိုအသည္းကြဲသမားကိုအားေပးဖို႔ေရာက္လာခဲ့ျခင္းျဖစ္သည္။
"ေဆာ့ဂ်င္.."
ေဆာ့ဂ်င္ကိုယ္ေလးတုန္မိသြားၿပိိး နမ္ဂြၽန္းသူ႔ကိုဖက္တြယ္လာတာကိုခံစားမိသည္။ပါးေတြေတာင္နီျမန္ေနေလာက္ၿပီ။နမ္ဂြၽန္းကိုသူတစ္ဖက္ေစာင္းေငးၾကည့္မိေတာ့ ဘတ္စကတ္ေဘာကြင္းအတြင္းသို႔အာရံုေရာက္သြားတာကိုေတြ႔ရသည္။နမ္ဂြၽန္း၏ေပါင္အေပၚ႐ွိပိတ္လိုက္ၿပီးျဖစ္ေသာwuthering heightsကိုပါ လွမ္းၾကည့္လိုက္ေသးသည္။ႏွလံုးခုန္ႏႈန္းကိုထိန္းျဖစ္ျခင္းဆိုလွ်င္ ပိုမွန္လိမ့္မည္။
"Team A မွာ Aခန္းအတန္းေခါင္းေဆာင္ပါတာမလို႔ ေသခ်ာေပါက္ႏိုင္မွာပဲ အဟင္း.."
နားဖ်ားအနားသို႔ကပ္လာေသာ ေလသံခပ္ညႇင္းညႇင္းသည္ ေက်နပ္ခ်င္စရာေတာ့ေကာင္းမေနပါ။ေဆာ့ဂ်င္ႏွာမႈတ္ထုတ္ၿပီးေနာက္ သူ႔ထံတြင္အၾကည့္မ႐ွိေသးေသာနမ္ဂြၽန္းအားမ်က္ေစာင္းခဲေလသည္..။
"ေသခ်ာေပါက္ ငါတို႔အတန္းေခါင္းေဆာင္ပါတဲ့ Team Bပဲႏိုင္မွာ.."
ကြင္းအတြင္းသို႔အတူလိုက္ၾကည့္ေနရင္း အားေပးသံမ်ားၾကားမွနမ္ဂြၽန္းၾကားေအာင္အသံျမႇင့္၍ေျပာလိုက္သည္။နမ္ဂြၽန္းသူ႔ကိုဖက္ထားရာမွခြာသြားၿပီး ျပံဳးစစႏွင့္ၾကည့္ေနသည္။အဲ့တာေလွာင္တာေပါ့..။အျမင္ကတ္စရာနမ္ဂြၽန္း၏ပံုစံပါပဲ..။သို႔ေသာ္ ေဆာ့ဂ်င္ကေတာ့ခ်စ္သည္တဲ့ေလ..။
"စိန္လိုက္ေလ.."
ထူးခြၽန္ေက်ာင္းသား၏ထိုေလသံသည္ တက္ႂကြေနခဲ့သည္။သူတို႔ေဘးတြင္ဂ်ဴနီယာေက်ာင္းသားမ်ားဝင္ထိုင္လာၾကလို႔ နမ္ဂြၽန္းသူ႔အနားသို႔ပို၍တိုးကပ္လာတာကိုခံစားမိလိုက္သည္။ကြင္းနံေဘး႐ွိေႂကြေတာ့မည့္ဆာကူရာမ်ားအားအၾကည့္ေရာက္ေနစဥ္ Team Bမွတစ္ဂိုးစသြင္းလိုက္လို႔ ေက်ာင္းသူမ်ားႏွင့္အတူေဆာ့ဂ်င္လိုက္ေအာ္လိုက္မိသည္။
"ေလာင္းမယ္" နမ္ဂြၽန္း ဟင္းဟင္းဟင္း.."
သူ့ေအာ္ဟစ္သံမ်ားသည္အနီးတစ္ဝိုက္တြင္က်ယ္ေလာင္လို႔သြားၿပီး နမ္ဂြၽန္းသည္ေခါင္းတၿငိမ့္ၿငိမ့္ႏွင့္ယူနီေဖာင္းကုတ္ကိုဆြဲခြၽတ္ေနေလသည္။ေငးခနဲျဖစ္မိသြားျခင္းတြင္အၾကည့္ခ်င္းဆံုသြားေသးလို႔ကေယာင္ကတမ္းျပန္လွည့္လိုက္ရေသးသည္။နမ္ဂြၽန္းဆိုတာ..အႏုပညာတစ္ခုကဲ့သို႔ပါပဲ။
"ငါ့ဘက္ကႏိုင္ရင္ အိမ္ျပန္လမ္းတစ္ေလွ်ာက္လံုးမင္းကိုနမ္းပစ္မယ္.."
လက္ခုတ္တီးရင္းဆိုလာေသာနမ္ဂြၽန္းအားမၾကည္ၾကည့္ၾကည့္မိလို႔ ခပ္ဟဟရယ္သံဟာနားေထာင္ေကာင္းစြာထြက္ေပၚလာေလသည္။
"ငါဘက္ကႏိုင္ရင္ ဂိုက္ဆရာဘဲႀကီးေ႐ွ႕မွာဒီတစ္ရက္မင္းစာမရရမယ္.."
"မခက္ပါဘူး ကင္မ္ေဆာ့ဂ်င္ရယ္ အဟင္း"
ေဆာ့ဂ်င္ပခံုးတြန္႔မိခ်ိန္တြင္နမ္ဂြၽန္းသည္ပခံုးအေပၚသို႔ေမးဖ်ားတင္လာေလရဲ႕..။အထိအေတြ႔ဖြဖြသည္သူ႔ကိုအသည္းတယားျဖစ္ေစပါေသးသည္..။ထြက္လာမည့္ရလဒ္အတြက္ေတာ့ရင္ေတြတုန္ပါသည္..။
Team Aမွဂိုးျပန္သြင္းလိုက္ခ်ိန္တြင္ ကြင္းအျပင္႐ွိဆာကူရာမ်ားေႂကြကုန္ၾကသည္။
...
3:1ဟူေသာရလဒ္သည္ နမ္ဂြၽန္းကိုအိမ္ျပန္လမ္းတစ္ေလွ်ာက္လံုးတြင္ အျပံဳးမ်ားသယ္ေဆာင္လာေစပါသည္။စက္ဘီးကိုအတူတြန္းလာၾကရင္း ေတြ႔သမွ်ရြက္ေႂကြေတြကို ကေလးလိုက္ကန္ေက်ာက္ေနလို႔ သူအလြန္ပင္ရယ္ေမာေနမိသည္။သူတို႔ႏွစ္ဦးစလံုး၏ကုတ္မ်ားသည္စက္ဘီးျခင္းမ်ားတြင္ကိုယ္စီ႐ွိေနၾကသည္။
"အဲ့ေကာင္ကိုအဲ့ေလာက္အထိအသံုးမက်ဘူးလို႔မထင္ခဲ့ပါဘူးကြာ..ေစာ္ပစ္ေကာင္ !"
"ဒါသူ႔အပိုင္းပါ ေဆာ့ဂ်င္ရယ္..ငါတို႔အပိုင္းကသက္သက္႐ွိၿပီးသား သေဘာေပါက္တယ္မဟုတ္လား.."
ခပ္ရႊင္ရႊင္ေျပာလိုက္ေသာနမ္ဂြၽန္း၏စကားကို ထိုငွက္ေပါက္ကေလးသည္ဆူပုပ္ပုပ္ႏွင့္ျပန္လည္တံု႔ုျပန္လာပါသည္။ရယ္ၿပီးရင္းရယ္ေနလို႔ ကေလးသူ႔ကုိအျမင္ကတ္လိမ့္ေတာ့မည္။သို႔ေသာ္..မတတ္ႏိုင္ပါ။အသည္းယားလို႔ရယ္တာပဲကို..။
"ေဟး..ေဆာ့ဂ်င္ ဘယ္သြားမလို႔လည္း.."
ရြက္ေႂကြမ်ားစြာပ်ံ့ဝဲေနေသာသစ္ပင္ႀကီး႐ွိရာသို႔စက္ဘီးတြန္း၍ေျပးသြားပါေလေသာ ကေလးေၾကာင့္နမ္ဂြၽန္းအေနာက္မွေျပးလိုက္ရျပန္သည္။သူ႔႐ွဴးဖိနပ္သို႔ရြက္ေႂကြတစ္ခ်ိဳ႕တင္သြားၾကသည္။
ေမာဟိုက္ေနေသာသူ႔ထံသို႔ကေလးသည္စက္ဘီးေဒါက္ေထာက္လိုက္ၿပီးေနာက္ေရာက္လာေလသည္။နမ္ဂြၽန္းခပ္ျပံဳးျပံဳးသာေငးမိၿပီး မ်က္ခံုးေတြတြန္႔ေနေသာငွက္ေပါက္ေၾကာ္င့စက္ဘီးကိုေဒါက္ေထာက္လိုက္ရသည္။
"အင္း ဒီေနရာေလးမဆိုးဘူးေနာ္ လူ႐ွင္းတယ္ အဟင္း.."
သူ႔အနားကိုတိုးကပ္သြားလိုက္ေတာ့ကေလးသည္ရယ္ေယာင္သမ္းတာ့မည့္ႏႈတ္ခမ္းကေလးကိုထိန္းေနေလသည္။ႏႈတ္ခမ္းကေလးကိုစူလ်က္ေမာ့လာေလေသာကေလးေၾကာင့္ႏွလံုးခုန္သံမ်ားတသိမ့္သိမ့္တုန္လာသည္။
"နမ္း.."
"အာ.."
"နမ္းပါဆို.."
မ်က္လံုးကေလးသည္တလက္လက္ႏွင့္သူ႔ပခံုးဘက္သို႔ရစ္သိုင္းလာေသာလက္ကေလးေတြေၾကာင့္ ခါးေသးေသးကေလးကိုေထြးေပြ႔လိုက္မိသည္။ရဲတင္းလိုက္သည္မွာအလြန္အကြၽံပင္။႐ွက္မည္လားလို႔စမိျခင္းတြင္ ျပန္႐ွက္ေနရသူသည္ နမ္ဂြၽန္းျဖစ္သည္။
ထိကပ္လိုက္မိေသာႏႈတ္ခမ္းအိအိကေလးမ်ားကိုခံစားေနမိရင္း သစ္ပင္ႀကီး၏ပင္စည္ထက္သို႔သူတို႔မွီသြားၾကသည္။မ်က္လႊာခ်သြားေသာပံုရိပ္ကေလးကိုတျမတ္တႏိုးငံု႔ၾကည့္ရင္း တစ္ျဖည္းျဖည္းစုပ္ယူလိုက္မိသည္။
"အင္..အင္း.."
ဝင္သြားေတာ့မည့္ေနလံုးႀကီး၏ေရာင္ျခည္သည္ သူတို႔ႏွစ္ဦးအားေပြ႔ဖက္ထားသည္။မည္မွ်ၾကာျမင့္သြားမည္မသိ။သူ႔ယူနီေဖာင္းထက္သို႔ကုတ္တြယ္လာေသာကေလးလက္ကေလးကိုအုပ္ကိုင္ထားလိုက္မိသည္။အေနာက္ဘက္နားမွကားသံကိုၾကားမွ ထိုႏႈတ္ခမ္းကေလးကိုလႊတ္ေပးလိုက္မိၿပီး ဖြင့္ၾကည့္လာသာ မ်က္ဝန္းလဲ့လဲ့ကေလးၾကားႏွလံုးသားတစ္စံုနစ္ဝင္သြားရသည္။
"ကားသံလား.."
"အင္း.."
နံေဘးသို႔စူးစမ္းေနေသာကေလးအားေငးေနရင္းပင္ သူဆိုမိသည္။
"လူေတြေရာက္လာတာလား.."
"ၾကည့္လိုက္မယ္.."
"အာ..ကင္မ္နမ္ဂြၽန္းရာ..တကယ္ပါပဲ.."
တစ္ဖက္ေစာင္းလွည့္သြားေသာပါးေလးအားနင့္ေနေအာင္နမ္း၍ သူဆိုမိခ်ိန္တြင္ကေလးသည္အလြန္ပင္ျပံဳးလို႔သြားခဲ့သည္။ထိကပ္ေနေသာရင္ဘက္ႏွစ္ခုၾကား ကေလး၏ႏွလံုးခုန္ႏႈန္းမ်ားကိုသူမွတ္သားေနမိသည္။
"ခ်စ္တယ္ ကေလး.."
ထာဝရအတြက္..အျမဲတမ္းအတြက္..။
သူ႔ပခံုးထက္သို႔မွီေတာ့မည့္ကေလး၏မ်က္ႏွာရဲရဲေလးကိုဆြဲယူရင္း အိတ္ကပ္အတြင္း႐ွိပန္းႏုေရာင္လက္ကိုင္ပုဝါကေလးအားထုတ္ယူလိုက္သည္။စိုစြတ္လို႔သြားေသာႏႈတ္ခမ္းဖူးကေလးအား ဖိသုတ္ေပးမိခ်ိန္တြင္ သူ႔ဆံႏြယ္မ်ားအဖြခံလိုက္ရသည္။
ဆယ္ေက်ာ္သက္အရြယ္၏ေနဝင္ခ်ိန္တိုင္းသည္ လွပခဲ့ပါသည္။
...
T.B.C
Written by
Guu_Joonilili
Unicode~
...
နံနက်ခင်း၏ဖျော့တော့တော့နေရောင်ခြည်သည် လိုက်ကာကြားမှတစ်ဆင့် သူ့ကုတင်ထက်သို့ဖြာကျနေလေသည်။
ကျောင်းဝတ်စုံဝတ်ပြီးဖြစ်သောဆော့ဂျင်၏ပါးပြင်မို့မို့ကလေးနှစ်ဖက်ပန်းရောင်ထနေကြပြီး ခေါင်းအုံးအောက်ရှိစာအုပ်ကလေးကိုဆွဲထုတ်မိလိုက်သည်။တစ်ဆက်တည်းမှာပင်ညှိုးသွားပြီးဖြစ်သော ပန်းအဖြူရောင်ကလေးကိုဝမ်းနည်းစွာတွေ့လိုက်ရသည်။စာရွက်တော်တော်များများတွင်ပန်းရနံ့ကလေးများနူးညံ့နေသေးလို့ ညှိုးသွားသည့်ပန်းကလေးကိုဆော့ဂျင် အသာထိတွေ့မိလိုက်သည်။
သွားတန်းကလေးများလှစ်ပေါ်သွားရခြင်းသည် နမ်ဂျွန်းကိုသူဝန်ခံဖြစ်ခဲ့လို့ဖြစ်လိမ့်မည်။နမ်ဂျွန်းသူ့ကိုပွေ့ဖက်စဉ်ကပေးခဲ့သောအနွေးဓာတ်ကလေးများကိုသူရနေဆဲဖြစ်သည်။ယမန်ညကနမ်ဂျွန်းသူ့အိမ်ကိုလိုက်ပို့ခဲ့ပြီးနောက် ညနှစ်နာရီခန့်အထိမအိပ်နိုင်ခဲ့ပါဟု ပြောမိလျှင်နမ်ဂျွန်းသူ့ကိုရယ်လိမ့်ပါဦးမည်..။
တကယ်တော့နမ်ဂျွန်းဆိုတာ..ရော်ရွက်ဝါကလေးတွေလို သူ့နှလုံးသားနုနုကလေးကိုလှုပ်ခတ်စေတဲ့လူသားပါရယ်။ကြယ်ရောင်တောက်နေသည့်မျက်လုံးတွေကိုဆုံကြည်မိရင်များ..နစ်ဝင်ပစ်ချင်စရာအတိပါပဲ..။
စားပွဲအပေါ်ရှိငါးနှစ်သားလေးနှစ်ယောက်ပါသည့် ဘောင်ခတ်ထားသောဓာတ်ပုံကလေးကိုယူ၍ထွေးပွေ့လိုက်မိပါသည်။နမ်ဂျွန်းကိုအဓိပ္ပါယ်ဖွင့်ရရင်တော့ အဝါရောင်ပန်းလေးပဲပေါ့..။နမ်ဂျွန်းဟာနူးညံ့သိမ်မွေ့နေတာမျိုးတော့မဟုတ်ပါဘူးရယ်..။သို့ပေမယ့်..နမ်ဂျွန်းဟာကြယ်လေးတွေကြားက အဝါရောင်ပန်းပွင့်ကလေးပါပဲ..။
"ငါတို့အချစ်တွေက..မဖြစ်သင့်တာမဟုတ်ဘူး နမ်ဂျွန်း..ဖြစ်သင့်တာထက်ကိုပိုနေတာ..ဟိဟိ.."
တစ်ဦးတည်းကြားရုံရေရွတ်နေစဉ်ခြံရှေ့သို့ရောက်လာသော စက်ဘီးနှင့်နမ်ဂျွန်းကြောင့် ဆော့ဂျင်အလွန်ပင်ပြုံးမိသွားခဲ့ပါသည်။
...
ဘက်စကတ်ဘောကစားပွဲများ၏ရာသီဖြစ်လို့ ဆော့ဂျင် နမ်ဂျွန်း၏လက်ကိုအလွန်ပင်ဆွဲထား၍ လူများနေသောဘတ်စကတ်ဘောကွင်းသို့ရောက်လာလေသည်။စာအုပ်ထံသို့အကြည့်ရောက်နေသေးသော နမ်ဂျွန်းသည်ပွဲတွင်အာရုံရှိပုံမပေါ်ပါလေ..။
ဆော့ဂျင်မျက်နှာမဲ့မိသွားပြီး ကျောင်းသား၊ကျောင်းသူတွေ၏အားပေးသံများတစ်ဆ၊တစ်ဆများလာလို့ စိတ်အနှောင့်အယှက်ဖြစ်လာရသည်။ကွင်းအတွင်းတွင်တော့ သူတို့Cခန်းအတန်းခေါင်းဆောင်ပါလေသည်။ဒါကြောင့်သူထိုအသည်းကွဲသမားကိုအားပေးဖို့ရောက်လာခဲ့ခြင်းဖြစ်သည်။
"ဆော့ဂျင်.."
ဆော့ဂျင်ကိုယ်လေးတုန်မိသွားပြိး နမ်ဂျွန်းသူ့ကိုဖက်တွယ်လာတာကိုခံစားမိသည်။ပါးတွေတောင်နီမြန်နေလောက်ပြီ။နမ်ဂျွန်းကိုသူတစ်ဖက်စောင်းငေးကြည့်မိတော့ ဘတ်စကတ်ဘောကွင်းအတွင်းသို့အာရုံရောက်သွားတာကိုတွေ့ရသည်။နမ်ဂျွန်း၏ပေါင်အပေါ်ရှိပိတ်လိုက်ပြီးဖြစ်သောwuthering heightsကိုပါ လှမ်းကြည့်လိုက်သေးသည်။နှလုံးခုန်နှုန်းကိုထိန်းဖြစ်ခြင်းဆိုလျှင် ပိုမှန်လိမ့်မည်။
"Team A မှာ Aခန်းအတန်းခေါင်းဆောင်ပါတာမလို့ သေချာပေါက်နိုင်မှာပဲ အဟင်း.."
နားဖျားအနားသို့ကပ်လာသော လေသံခပ်ညှင်းညှင်းသည် ကျေနပ်ချင်စရာတော့ကောင်းမနေပါ။ဆော့ဂျင်နှာမှုတ်ထုတ်ပြီးနောက် သူ့ထံတွင်အကြည့်မရှိသေးသောနမ်ဂျွန်းအားမျက်စောင်းခဲလေသည်..။
"သေချာပေါက် ငါတို့အတန်းခေါင်းဆောင်ပါတဲ့ Team Bပဲနိုင်မှာ.."
ကွင်းအတွင်းသို့အတူလိုက်ကြည့်နေရင်း အားပေးသံများကြားမှနမ်ဂျွန်းကြားအောင်အသံမြှင့်၍ပြောလိုက်သည်။နမ်ဂျွန်းသူ့ကိုဖက်ထားရာမှခွာသွားပြီး ပြုံးစစနှင့်ကြည့်နေသည်။အဲ့တာလှောင်တာပေါ့..။အမြင်ကတ်စရာနမ်ဂျွန်း၏ပုံစံပါပဲ..။သို့သော် ဆော့ဂျင်ကတော့ချစ်သည်တဲ့လေ..။
"စိန်လိုက်လေ.."
ထူးချွန်ကျောင်းသား၏ထိုလေသံသည် တက်ကြွနေခဲ့သည်။သူတို့ဘေးတွင်ဂျူနီယာကျောင်းသားများဝင်ထိုင်လာကြလို့ နမ်ဂျွန်းသူ့အနားသို့ပို၍တိုးကပ်လာတာကိုခံစားမိလိုက်သည်။ကွင်းနံဘေးရှိကြွေတော့မည့်ဆာကူရာများအားအကြည့်ရောက်နေစဉ် Team Bမှတစ်ဂိုးစသွင်းလိုက်လို့ ကျောင်းသူများနှင့်အတူဆော့ဂျင်လိုက်အော်လိုက်မိသည်။
"လောင်းမယ်" နမ်ဂျွန်း ဟင်းဟင်းဟင်း.."
သူ့အော်ဟစ်သံများသည်အနီးတစ်ဝိုက်တွင်ကျယ်လောင်လို့သွားပြီး နမ်ဂျွန်းသည်ခေါင်းတငြိမ့်ငြိမ့်နှင့်ယူနီဖောင်းကုတ်ကိုဆွဲချွတ်နေလေသည်။ငေးခနဲဖြစ်မိသွားခြင်းတွင်အကြည့်ချင်းဆုံသွားသေးလို့ကယောင်ကတမ်းပြန်လှည့်လိုက်ရသေးသည်။နမ်ဂျွန်းဆိုတာ..အနုပညာတစ်ခုကဲ့သို့ပါပဲ။
"ငါ့ဘက်ကနိုင်ရင် အိမ်ပြန်လမ်းတစ်လျှောက်လုံးမင်းကိုနမ်းပစ်မယ်.."
လက်ခုတ်တီးရင်းဆိုလာသောနမ်ဂျွန်းအားမကြည်ကြည့်ကြည့်မိလို့ ခပ်ဟဟရယ်သံဟာနားထောင်ကောင်းစွာထွက်ပေါ်လာလေသည်။
"ငါဘက်ကနိုင်ရင် ဂိုက်ဆရာဘဲကြီးရှေ့မှာဒီတစ်ရက်မင်းစာမရရမယ်.."
"မခက်ပါဘူး ကင်မ်ဆော့ဂျင်ရယ် အဟင်း"
ဆော့ဂျင်ပခုံးတွန့်မိချိန်တွင်နမ်ဂျွန်းသည်ပခုံးအပေါ်သို့မေးဖျားတင်လာလေရဲ့..။အထိအတွေ့ဖွဖွသည်သူ့ကိုအသည်းတယားဖြစ်စေပါသေးသည်..။ထွက်လာမည့်ရလဒ်အတွက်တော့ရင်တွေတုန်ပါသည်..။
Team Aမှဂိုးပြန်သွင်းလိုက်ချိန်တွင် ကွင်းအပြင်ရှိဆာကူရာများကြွေကုန်ကြသည်။
...
3:1ဟူသောရလဒ်သည် နမ်ဂျွန်းကိုအိမ်ပြန်လမ်းတစ်လျှောက်လုံးတွင် အပြုံးများသယ်ဆောင်လာစေပါသည်။စက်ဘီးကိုအတူတွန်းလာကြရင်း တွေ့သမျှရွက်ကြွေတွေကို ကလေးလိုက်ကန်ကျောက်နေလို့ သူအလွန်ပင်ရယ်မောနေမိသည်။သူတို့နှစ်ဦးစလုံး၏ကုတ်များသည်စက်ဘီးခြင်းများတွင်ကိုယ်စီရှိနေကြသည်။
"အဲ့ကောင်ကိုအဲ့လောက်အထိအသုံးမကျဘူးလို့မထင်ခဲ့ပါဘူးကွာ..စော်ပစ်ကောင် !"
"ဒါသူ့အပိုင်းပါ ဆော့ဂျင်ရယ်..ငါတို့အပိုင်းကသက်သက်ရှိပြီးသား သဘောပေါက်တယ်မဟုတ်လား.."
ခပ်ရွှင်ရွှင်ပြောလိုက်သောနမ်ဂျွန်း၏စကားကို ထိုငှက်ပေါက်ကလေးသည်ဆူပုပ်ပုပ်နှင့်ပြန်လည်တုံု့ပြန်လာပါသည်။ရယ်ပြီးရင်းရယ်နေလို့ ကလေးသူ့ကိုအမြင်ကတ်လိမ့်တော့မည်။သို့သော်..မတတ်နိုင်ပါ။အသည်းယားလို့ရယ်တာပဲကို..။
"ဟေး..ဆော့ဂျင် ဘယ်သွားမလို့လည်း.."
ရွက်ကြွေများစွာပျံ့ဝဲနေသောသစ်ပင်ကြီးရှိရာသို့စက်ဘီးတွန်း၍ပြေးသွားပါလေသော ကလေးကြောင့်နမ်ဂျွန်းအနောက်မှပြေးလိုက်ရပြန်သည်။သူ့ရှူးဖိနပ်သို့ရွက်ကြွေတစ်ချို့တင်သွားကြသည်။
မောဟိုက်နေသောသူ့ထံသို့ကလေးသည်စက်ဘီးဒေါက်ထောက်လိုက်ပြီးနောက်ရောက်လာလေသည်။နမ်ဂျွန်းခပ်ပြုံးပြုံးသာငေးမိပြီး မျက်ခုံးတွေတွန့်နေသောငှက်ပေါက်ကြော်င့စက်ဘီးကိုဒေါက်ထောက်လိုက်ရသည်။
"အင်း ဒီနေရာလေးမဆိုးဘူးနော် လူရှင်းတယ် အဟင်း.."
သူ့အနားကိုတိုးကပ်သွားလိုက်တော့ကလေးသည်ရယ်ယောင်သမ်းတာ့မည့်နှုတ်ခမ်းကလေးကိုထိန်းနေလေသည်။နှုတ်ခမ်းကလေးကိုစူလျက်မော့လာလေသောကလေးကြောင့်နှလုံးခုန်သံများတသိမ့်သိမ့်တုန်လာသည်။
"နမ်း.."
"အာ.."
"နမ်းပါဆို.."
မျက်လုံးကလေးသည်တလက်လက်နှင့်သူ့ပခုံးဘက်သို့ရစ်သိုင်းလာသောလက်ကလေးတွေကြောင့် ခါးသေးသေးကလေးကိုထွေးပွေ့လိုက်မိသည်။ရဲတင်းလိုက်သည်မှာအလွန်အကျွံပင်။ရှက်မည်လားလို့စမိခြင်းတွင် ပြန်ရှက်နေရသူသည် နမ်ဂျွန်းဖြစ်သည်။
ထိကပ်လိုက်မိသောနှုတ်ခမ်းအိအိကလေးများကိုခံစားနေမိရင်း သစ်ပင်ကြီး၏ပင်စည်ထက်သို့သူတို့မှီသွားကြသည်။မျက်လွှာချသွားသောပုံရိပ်ကလေးကိုတမြတ်တနိုးငုံ့ကြည့်ရင်း တစ်ဖြည်းဖြည်းစုပ်ယူလိုက်မိသည်။
"အင်..အင်း.."
ဝင်သွားတော့မည့်နေလုံးကြီး၏ရောင်ခြည်သည် သူတို့နှစ်ဦးအားပွေ့ဖက်ထားသည်။မည်မျှကြာမြင့်သွားမည်မသိ။သူ့ယူနီဖောင်းထက်သို့ကုတ်တွယ်လာသောကလေးလက်ကလေးကိုအုပ်ကိုင်ထားလိုက်မိသည်။အနောက်ဘက်နားမှကားသံကိုကြားမှ ထိုနှုတ်ခမ်းကလေးကိုလွှတ်ပေးလိုက်မိပြီး ဖွင့်ကြည့်လာသာ မျက်ဝန်းလဲ့လဲ့ကလေးကြားနှလုံးသားတစ်စုံနစ်ဝင်သွားရသည်။
"ကားသံလား.."
"အင်း.."
နံဘေးသို့စူးစမ်းနေသောကလေးအားငေးနေရင်းပင် သူဆိုမိသည်။
"လူတွေရောက်လာတာလား.."
"ကြည့်လိုက်မယ်.."
"အာ..ကင်မ်နမ်ဂျွန်းရာ..တကယ်ပါပဲ.."
တစ်ဖက်စောင်းလှည့်သွားသောပါးလေးအားနင့်နေအောင်နမ်း၍ သူဆိုမိချိန်တွင်ကလေးသည်အလွန်ပင်ပြုံးလို့သွားခဲ့သည်။ထိကပ်နေသောရင်ဘက်နှစ်ခုကြား ကလေး၏နှလုံးခုန်နှုန်းများကိုသူမှတ်သားနေမိသည်။
"ချစ်တယ် ကလေး.."
ထာဝရအတွက်..အမြဲတမ်းအတွက်..။
သူ့ပခုံးထက်သို့မှီတော့မည့်ကလေး၏မျက်နှာရဲရဲလေးကိုဆွဲယူရင်း အိတ်ကပ်အတွင်းရှိပန်းနုရောင်လက်ကိုင်ပုဝါကလေးအားထုတ်ယူလိုက်သည်။စိုစွတ်လို့သွားသောနှုတ်ခမ်းဖူးကလေးအား ဖိသုတ်ပေးမိချိန်တွင် သူ့ဆံနွယ်များအဖွခံလိုက်ရသည်။
ဆယ်ကျော်သက်အရွယ်၏နေဝင်ချိန်တိုင်းသည် လှပခဲ့ပါသည်။
...
T.B.C
Written by
Guu_Joonilili