4

248 54 8
                                    

...
ကျောင်းတက်​​ခေါင်း​လောင်းထိုးသံအား ​ကျောင်းခြံစည်းရိုးအ​ရှေ့မှ​နေ၍ ​ဆော့ဂျင်​ကြားလိုက်​ရသည်​။မသပ်​ရပ်​​သောဆံပင်​များအားရှုပ်​ဖွလိုက်​ပြီး​နောက်​ အလိုမကျစွာ​ခြေကို​ဆောင့်​လျက်​ စက်​ဘီးကိုရပ်​သည်​။

နမ်​ဂျွန်း၏စက်​ဘီးအားရှာ​ဖွေမိသည်​။ပန်းပင်​အဖြူ​ရောင်​က​လေးများအ​ရှေ့တွင်​ရပ်​နားထား​သည်​ကို​တွေ့​တော့ ​ဆော့ဂျင်​စက်​ဘီးလက်​ကိုင်​ကိုကိုင်​လျက်​ ထိုစက်​ဘီးဆီသို့​ပြေးသွားမိသည်​။သူ့၏ရှူးဖိနပ်​ဖုန်​အနည်းငယ်​​ပေကျံကုန်​သည်​။

နမ်​ဂျွန်း၏စက်​ဘီးနံ​ဘေးရှိကပ်​လျက်​ရပ်​နားထား​သော Aခန်းရှိ​ကျောင်းသူများ၏စက်​ဘီးများအား ​ဆော့ဂျင်​အ​ဝေးသို့တွန်းပို့သည်​။လွယ်​အိတ်​သည်​ပခုံးထက်​မှ​လျောကျသွားရင်း မရိုဖရဲနိုင်​သည်​။သို့​သော်​လည်း ​နေ​ရောင်​​အောက်​တွင်​ ပါး​လေးနှစ်​ဖက်​ရဲ​နေ​သော​ဆော့ဂျင်​သည်​ သိပ်​ချစ်​စရာ​ကောင်းပါသည်​။

နမ်​ဂျွန်း၏စက်​ဘီးနှင့်​သူ့စက်​ဘီးကပ်​လျက်​ဖြစ်​သွား​သောအခါ ​ဆော့ဂျင်​သွားတန်း​လေးများထွက်​​ပေါ်သည်​။လွယ်​အိတ်​နှစ်​ဖက်​အားပခုံးထက်​သို့ပင့်​တင်​လိုက်​ပြီး​နောက်​ ​ကျောင်းအတွင်းသို့ ​ခပ်​​သော့​သော့​လေးဝင်​လာခဲ့သည်​။

ကျောင်းခြံစည်းရိုးအ​ရှေ့တစ်​​လျှောက်​တွင်​စိုက်​ပျိုးထား​သောပန်းပွင့်​က​လေးများအား ​ဆော့ဂျင်​လက်​က​လေးနှင့်​ထိ​တွေ့သွားသည်​။ဂိတ်​သို့​ရောက်​​သောအခါ လွယ်​အိတ်​ကြိုးမှတစ်​ဆင့်​အဆွဲခံလိုက်​ရသည်​။

ဆော့ဂျင်​အ​နောက်​သို့တစ်​လှမ်းဆုပ်​မိသွားပြီး ဂိတ်​တံခါး​ဘေးတွင်​မှီရပ်​​နေ​သောနမ်​ဂျွန်းအား ​တွေ့လိုက်​ရသည်​။နမ်​ဂျွန်းသည်​ လက်​နှစ်​ဖက်​အားပိုက်​ထားပြီး သူ့အားပြုံးသလိုလိုနှင့်​စိုက်​ကြည့်​​နေသည်​။ဆော့ဂျင်​ နမ်​ဂျွန်း၏လက်​ဖဝါးအားဆွဲကိုင်​ပြီးစတင်​​ပြေးသည်​။

စာသင်​ခန်းအပြင်​တွင်​ ​​ကျောင်းသားများမရှိ​တော့ဘဲစာသင်​သံများကိုသာကြား​နေရသည်​။ဒါကိုအခန်းထဲမဝင်​​သေးဘဲသူ့ကို​စောင့်​​နေ​သောနမ်​ဂျွန်းအ​ကြောင်း စဉ်းစားမိ​တော့​ဆော့ဂျင်​ပါးပြင်​များမို့တက်​သည်​။လှေခါးအ​ပေါ်သို့တက်​လာကြ​တော့ ​ပြေး​နေရင်းမှအရှိန်​​လျော့လိုက်​သည်​။

TEENAGE LOVE STORY { NamJin } Completed !!!Where stories live. Discover now