12

161 24 10
                                    

...

နံရံထက်​ရှိတချပ်​ချပ်​မြည်​​နေ​သောနာရီသံများနှင့်​အတူ နမ်​ဂျွန်း၏စာရွက်​လှန်​သံများကိုပါယှဉ်​တွဲ၍ကြား​နေရသည်​။ဆော့ဂျင်​ငိုက်​​နေရင်းပင်​ ​နမ်​ဂျွန်းထံမှ​ရေ​မွှေးရနံ့သင်းသင်းအားခံစားမိ​နေသည်​။နမ်​ဂျွန်းသည်​ သူ့အားကြင်​နာစွာအိပ်​​ဆေးက​လေးများ​ပေး​နေသကဲ့သို့ပင်​..။

"​ဆော့ဂျင်..​မအိပ်​နဲ့​လေ.."

သူ့ဆံပင်​လုံးလုံးထံသို့လာ​ရောက်​ထိ​တွေ့လာ​သောနမ်​ဂျွန်း၏လက်​​ချောင်းရှည်​များ​ကြောင့်​ ​ဆော့ဂျင်​ဇိမ်​ကျစွာပြုံးမိသွားသည်​။ခုံတစ်​ခုံချင်းထိုင်​​နေရင်းမှ ကိုယ်​ကိုနမ်​ဂျွန်းထက်​သို့ပိုမိုယိုင်​မိလိုက်​သည်​။

"ဆရာကကြာလိုက်​တာ​နော်​.."

"အဲ့ဘဲကြီးကအဲ့လိုပဲ.."

သူ့စကား​ကြောင့်​နမ်​ဂျွန်းရယ်​သည်​။ပါးချိုင့်​​တွေကိုမြင်​လို၍အလျင်​စလို​မော့ကြည့်​ရန်​ပြင်​မိ​ပေမယ့်​မမှီလိုက်​ပါ​ပေ။ဘောပင်​ကိုကျင်​လည်​စွာလှည့်​​နေ၍logစာအုပ်​ကိုကြည့်​သွား​လေပြီ။ဆော့ဂျင်​​ရေ​မွှေးရနံ့သင်းသင်း​လေးကိုသာပြန်​လည်​ရှူရှိုက်​လိုက်​မိ​တော့သည်​။

နမ်​ဂျွန်းနှင့်​သူ..တွဲဖြစ်​ခဲ့တာ​..မဟုတ်​ဘူး..အချစ်​​တွေကိုဝန်​ခံဖြစ်​ခဲ့သည်​မှာ​လေးလ​ပင်​​ကျော်​​ခဲ့​လေပြီ။ဒီကြားထဲ သူနမ်​ဂျွန်းကိုပို၍..ပို၍ပင်​ချစ်​မိလာခဲ့သည်​မှာ သူကိုယ်​တိုင်​ပင်​သတိမထားမိဘဲဤအဝါ​ရောင်​ပန်းက​လေးအားမြတ်​နိုးသည်​ထက်​မြတ်​နိုးသည်​အထိပင်​။ကြယ်​​ရောင်​​တောက်​​သောမျက်​ဝန်း​လေး​တွေဟာ ချစ်​ခြင်း၏အစ။

ယခု​တော့ဂျွန်း၏မျက်​လုံးက​လေးများဟာ ကြယ်​​တွေထက်​​တောင်​​တောက်​ပသည်​..။

"က​လေး..."

က​လေးတဲ့​လေ..။နမ်​ဂျွန်းက​ဆော့ဂျင်​ကိုက​လေးလို့​ခေါ်တာတဲ့။လပိုင်း​လောက်​ကွာ​သော်​လည်းတစ်​ခါတစ်​ရံမှထ,ထ​ခေါ်တတ်​​သောထိုနာမ်​စားက​လေးဟာ​​ဆော့ဂျင်​နှလုံးခုန်​နှုန်း​တွေကို​သွေးတိုးဆန်း​နေသလိုပါပဲ..။

TEENAGE LOVE STORY { NamJin } Completed !!!Där berättelser lever. Upptäck nu