7

249 55 25
                                    

...
နွေဦး၏အ​ငွေ့အသက်​များအားရရှိလို့​နေပြီး လမ်းကျဉ်းကျဉ်းထက်​တွင်​​​ကြွေကျ​နေ​သော​ရော်​ရွက်​ဝါများရှိသည်​။သူတို့နှစ်​ဦး၏ရှူးဖိနပ်​များထိုရွက်​​ခြောက်​များအ​ပေါ်မှဖြတ်​​လျှောက်​လို့​သွားသည်​။စက်​ဘီးများနှင့်​ဖိကြိတ်​​သောအခါရွက်​​ခြောက်​များအသံမြည်​လို့လာသည်​။

နေလည်​ခင်းမွန်းတည့်​ချိန်​တွင်​​ကျောင်းဝတ်​စုံနှင့်​​လျှောက်​သွား​နေကြသည်​မှာထူး​တော့ထူးဆန်းသည်​။အ​နောက်​က​နေတ​ကောက်​​ကောက်​လိုက်​လာပြီးပါး​တွေနီမြန်း​နေ​သော နမ်​ဂျွန်းကိုမြင်​မိတိုင်း သူသည်​လည်းရှိုးတိုးရှန်းတန်းဖြစ်​မိသည်​။နားဖျား​တွေပူထူပြီးရဲတက်​သည်​။

"ကင်​မ်​နမ်​ဂျွန်း ဆက်​မလိုက်​နဲ့​တော့.."

စိတ်​ရှုပ်​​ထွေးသ​ယောင်​​ခပ်​မာမာ​အော်​ဟစ်​မိပြန်​သည်​။စက်​ဘီးကိုလက်​တစ်​ဖက်​နှင့်​ထိန်းထားရင်းအ​ပေါ်ထပ်​ချွတ်​​နေ​သောနမ်​ဂျွန်းသည်​ သူ့စကားအ​ပေါ်တွင်​နည်းနည်း​လေး​တောင်​ဂရုထားပုံမ​ပေါ်။နေ​ရောင်​ခြည်​စူးစူးသည်​သူတို့နှစ်​ဦးအ​ပေါ်သို့ပုံကျ​နေသည်​။နဖူးထက်​​တွေ​ချွေး​တွေစို့​နေ​သောနမ်​ဂျွန်းအားမ
သိမသာ​ငေးကြည့်​မိသည်​။

သုတ်​​ပေးရန်​ရည်​ရွယ်​၍လက်​လှမ်းမိ​သော်​လည်း ကိုယ့်​ကိုအနိုင်​ကျင့်​ပြီးနမ်းခဲ့​သောသူဖြစ်​​နေသည်​။နှုတ်​ခမ်းကိုတွန့်​မိချိန်​တွင်​သူ့စက်​ဘီးခြင်း​တောင်းအတွင်းသို့ ထိုအ​ပေါ်ထပ်​အားပစ်​ထည့်​လို့လာသည်​။

"ဘာလုပ်​တာလည်း.."

မကြည်​ရင်​မကြည်​သလိုထ​အော်​တတ်​​သော​ကြောင့်​လမ်းကျဉ်းကျဉ်း​လေးထက်​တွင်​ သူ့​အော်​သံသည်​ဟိန်းထွက်​သွားသည်​။
ဆံပင်​​တွေကိုသပ်​တင်​​နေ​သောကင်​မ်​နမ်​ဂျွန်းသည်​ ကြယ်​​ရောင်​​တောက်​​နေ​သောမျက်​လုံး​လေးများရှိသည်​။

နေပူ​တွေထဲမှာ​တောင်​ ကြယ်​​လေး​တွေထည့်​ထား​သောမျက်​လုံး​လေးသည်​​ရွှေရင်​​အေး​လေးဖြစ်​သည်​။သို့​သော်​..​သောက်​ကျင့်​က​တော့တစ်​စက်​မှ​မ​ကောင်း။ဆော့ဂျင်​ကိုအနိုင်​ကျင့်​သည်​။

TEENAGE LOVE STORY { NamJin } Completed !!!Where stories live. Discover now