15

153 27 4
                                    

...

စာ​မေးပွဲ​နောက်​ဆုံးရက်​သို့အချိန်​​တွေတ​ရွေ့​ရွေ့ကုန်​လာခဲ့ပြီး​နောက်​ သူတို့​နောက်​တစ်​နှစ်​ဆိုလျှင်​ ​ကျောင်းရှိစီနီယာကြီးများဖြစ်​ကြ​တော့မည်​။ကျောင်း​ကော်​ရစ်​တာတစ်​​လျှောက်​တွင်​ ​ကျောင်းသား၊​ကျောင်းသူများ၊အ​ဖြေလွှာစစ်​​ဆေး​နေ​သောအခန်း​စောင့်​ဆရာမများနှင့်​ပြည့်​နှက်​လို့​နေပြိး နမ်​ဂျွန်းအတန်း​ခေါင်း​ဆောင်​တို့အဖွဲ့ကိုနှုတ်​ဆက်​ကာ Cခန်းဘက်​သို့ထွက်​လာလိုက်​သည်​။

အရင်​နှစ်​​တွေအတိုင်းထိုြေ​ဗာင်းဆန်​​သောCခန်းသည်​အခုအချိန်​ဆိုလျှင်​ ​မျောက်​အုပ်​ကဲ့သို့​​သောင်းကျန်း​နေ​လောက်​မှန်းသူသိပါသည်​။ထို့အတွက်​​ကြောင့်​ က​လေးကိုစိတ်​မချ၍သူ​ခြေလှမ်း​တွေမြန်​ဆန်​​နေခဲ့သည်​။သောင်းကျန်းသည့်​အထဲတွင်​ ထိုက​လေးငယ်​လည်းပါသည်​ပဲမဟုတ်​ပါလား..။

Cခန်း​ရှေ့သို့​ရောက်​သည်​နှင့်​ သူ့ထံသို့လာ​ရောက်​စင်​​သော​ရေစက်​များ​ကြောင့်​ နမ်​ဂျွန်း၏ရှူးဖိနပ်​များရပ်​တန့်​သွားရသည်​။အခန်းအတွင်းတွင်​ထုံးစံအတိုင်းစိုရွှဲ​နေ​သောကြွက်​စုတ်​များကြားမှ က​လေးကိုပြူးပြဲ၍ရှာ​ရသည်​။

ထိုအဆိုး​လေးသည်​ အလွန်​ပြုံး၍သူ့ထံသို့​ပြေးလာစဉ်​တွင်​ လက်​ထဲရှိ​ရေဘူးကိုအရင်​မြင်​မိလို့ နမ်​ဂျွန်း လွယ်​အိတ်​ကိုပင့်​ကာ​ပြေးရန်​အဆင်​သင့်​ပြင်​လိုက်​ရသည်​။

"ရား နမ်​ဂျွန်း မ​ပြေးနဲ့ !"

စူး​နေ​သောအသံသည်​အ​နောက်​မှပါလာသည်​နှင့်​သူရယ်​သံသည်​မရပ်​​တော့ဘဲ ​ကျောင်းသူ​တွေကိုအလွန်​ပင်​​ရှောင်​၍​ပြေးရသည်​။အ​နောက်​ကအဆိုးအဆာ​လေးမိ​သွားခဲ့လျှင်​ သူလည်းကြွက်​စုတ်​ဖြစ်​သွားမည်​​လေ..။

*​ဗိုင်း...ဒုန်း..*

"အ့..ကင်​မ်​နမ်​ဂျွန်း !!!"

လှေကားတစ်​​လျှောက်​လျင်​မြန်​စွာဆင်းလာ​သောသူလန့်​ဖြန့်​သွားမိပြီး အ​နောက်​သို့လှည့်​ကြည့်​မိ​တော့ ကြမ်းပြင်​ထက်​တွင်​ ပက်​လက်​​လေး​ချော်​လဲ​နေ​သော အသည်းအသက်​​လေး။စိုရွှဲ​နေ​သောဆံနွယ်​​တွေနဖူးထက်​တွင်​ကပ်​ငြိ​နေဆဲ ဆူပုပ်​​နေသည်​မှာများ နမ်​ဂျွန်းခမျာစိုးရိမ်​ရမလို၊ရယ်​ရမလိုနှင့်​..။ရေဘူးသည်​လည်း နံ​ဘေးတွင်​ ​ရေ​တွေဖိတ်​ကျစွာ။

TEENAGE LOVE STORY { NamJin } Completed !!!Where stories live. Discover now