TEENAGE LOVE STORY { NamJin }...
By Guu_JooniLili
4.6K 799 259
Kim NamJoon X Kim SeokJin dream ? wanna love u 4ever . and...wanna give pretty flowers to u . More
intro
1
2
3
4
5
6
7
8
9
11
12
13
14
15
final
10
169 27 2
By Guu_JooniLili
...
က​ေ​လးလေး..။
...
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
_
T.B.C
Written By
Guu_Joonilili
Unicode~
...
က​လေး​လေး..။
နမ်​ဂျွန်း၏အဖြူ​ရောင်​ပွင့်ဖက်​ဆန်​​သော က​လေးငယ်​​လေး..။
အရာရာန​မော့နမဲ့နိုင်​၍စိတ်​မချနိုင်​​သောနှလုံးသားငယ်​​လေး..။
သံ​ယောဇဉ်​ဟူသည်​ သိပ်​ဆိုး​သော ကြိုးတစ်​​ချောင်းဖြစ်​​လိမ့်မည်​။​ဆော့ဂျင်​အ​ပေါ်သံ​ယောဇဉ်​ကြိုးများမြားပြားခဲ့စဉ်​တွင်​ အချစ်​ဟူ​သောပန်းနု​ရောင်​ကြိုး​​လေးသည်​ စတင်​၍ ချည်​သည်​၊​နှောင်​သည်​၊ရစ်​ပတ်​​လေ​သည်​။
တစ်​ဆယ့်​ခြောက်​နှစ်​အရွယ်​တွင်​စတင်​သိခဲ့​လေ​သော ထိုအမှန်​တရားအားသူဘယ်​​သောအခါမှချစ်​ရသူ​လေးအား​ထုတ်​မ​ပြောရန်​ရည်​ရွယ်​ဖြစ်​ခဲ့​လေသည်​။ထုတ်​​ပြောဖို့ရာ သိပ်​ခက်​ခဲ၍..။အမှန်​​တော့ချစ်​​နေသူ​လေးအားအနားတွင်​ရှိ​စေ၍ တိတ်​တိတ်​က​လေးချစ်​ရသည်​မှာလည်း ဆယ်​​ကျော်​သက်​၏အနုပညာတစ်​ခုဖြစ်​​လေသည်​။
သူ့က​လေးငယ်​သည်​ *ချစ်​မြတ်​နိုးပါတယ်​*ဟူ​သောစာစုငယ်​အား ကြားနာဖို့ရန်​ အထိုက်​တန်​ဆုံး​လေးဖြစ်​သည်​။နမ်​ဂျွန်း..သူက​တော့ဆယ်​​ကျော်​သက်​တွင်​မက..ထာဝရမြတ်​နိုးချင်​မိပါသည်​။
ချစ်​မိကတည်းကမက်​ဖြစ်​ခဲ့​သောအိပ်​မက်​လှလှက​လေးနှစ်​ခုရှိ​လေသည်​။ပန်းပွင့်က​လေး​တွေကိုမြတ်​နိုးသူက​လေးအား​ပေးမည်​..ထာဝရချစ်​မြတ်​နိုးသွား​လေမည်​..။
...
ထို့​နေ့က​ကျောင်းအ​ရှေ့သို့ဝရုန်းသုဉ်းကားနှင့်စက်​ဘီးကိုစီးချလာ၍ ကရုဏာ​ဒေါသဝင်​မိသွားခဲ့သည်​။သို့​သော်​အမြဲလိုလိုမဲ့ကျ​သွား​သောမျက်​နှာက​လေးကိုမြင်​မိတိုင်း နမ်​ဂျွန်းသည်​ငယ်​စဉ်​ကအကျင့်အားမ​ပျောက်​နိုင်​ခဲ့​လေပါ။
*ငါ့မြတ်​နိုးတဲ့ ပန်းက​လေး​တွေထိခိုက်​ကုန်​မှာစိုးလို့*ဟုသူ​ပြောဖြစ်​ခဲ့ခြင်းတွင်​ က​လေးသည်​ အလွန်​စိတ်​ဆိုး၍​ခြေ​တွေပါ​ဆောင့်ကာထွက်​သွားခဲ့​လေသည်​။အသည်းတယား​အော်​ရယ်​မိခြင်းကိုချစ်​ရသူ​လေးမည်​သို့အဓိပ္ပါယ်​ဖွဲ့မည်​​တော့သူမ​ပြောတတ်​ပါ။ထိုပန်းနုနုက​လေး​တွေအား မြတ်​နိုးမိသူ​လေးကို​ပေးချင်​မိပါသည်​။
ချစ်​​သော​လေးကဆီကရခဲ့​သောပန်းနု​ရောင်​လက်​ကိုင်​ပုဝါက​​လေးသည်​​တော့ ထာဝစဉ်​မြတ်​နိုး​သောအရာဝတ္ထုက​လေးဖြစ်​ခဲ့သည်​။
.
.
.
.
စာအုပ်​အငှါးဆိုင်​က​လေးသည်​ သူတို့နှစ်​ဦး၏နတ်​ဘုံက​လေးဖြစ်​​လေသည်​။စိတ်​ဆိုး​နေ​သောငှက်​​ပေါက်​က​လေးကို​ချော့​မော့ရန်​အတွက်​ milk teaတစ်​ဘူးဝယ်​ဖြစ်​ခဲ့​သေးသည်​။သိပ်​ချစ်​စဖွယ်​​ကောင်းပါသည်​။milk teaအတွင်းမှအလုံးများကိုဖယ်​၍​သောက်​တတ်​ခြင်းသည်​ က​လေးငယ်​၏အကျင့်တစ်​ခုဖြစ်​​လေသည်​။
အလွန်​တရာ အသည်းယားဖွယ်​​လေးအား *ချစ်​တယ်​*ဟု​စိတ်​လွတ်​ကာ​ပြောဖြစ်​ခဲ့ခြင်းတွင်​မျက်​ဝန်းက​လေး​တွေသည်​ဆန်းကြယ်​သွားခဲ့သည်​။*မင်းအဲ့လိုမ​ပြောဘူး​လေ..ဒါ​ကြောင့်ငါ​ပြောတာ*ဟူ​သောအမှန်​တရားအားနာနာကျင်​ကျင်​ဖိ​ပြောဖြစ်​ခဲ့မှန်း က​လေးမသိ​လောက်​​ပေ။
.
.
.
.
report card က​လေးကိုဆုပ်​ကိုင်​၍​အော်​ဟစ်​​နေခဲ့​သောက​လေးအား ဂရုမစိုက်​ဟန်​နှင့်wuthering heights ကိုသာဆက်​လက်​ဖတ်​​နေဖြစ်​ခဲ့သည်​။အလွန်​တရာဝမ်းနည်း​နေ​သောအချစ်​က​လေးအား ​ကြောင့်ကြလွန်းစွာနှင့်မဆင်​မခြင်​သူ့report cardအားထုတ်​​ပေးလိုက်​​သေးသည်​။​အော်​..အချစ်​ဆိုသည်​မှာလည်း..လူကိုသတိမဲ့​စေပါရဲ့ဟု​တောင်​မှသူ​တွေးဖြစ်​ခဲ့​သေးသည်​။
.
.
.
.
​ကျောင်းအ​ရှေ့မှဖြတ်​၍စက်​ဘီး​တွေတွန်းသွားဖြစ်​​သောည​နေခင်းတွင်​ပန်းပွင့်အဖြူက​လေးများတည်​ရှိ​နေ​လေသည်​။ခနခနထိုပန်းပွင့်က​လေးများထံသို့အကြည့်​ရောက်​သွား​လေတတ်​​သောက​လေး​ကြောင့် စိတ်​မထိန်းနိုင်​စွာအဖြူ​ရောင်​ပန်းပွင့်က​လေးအား စက်​ဘီးခြင်းထဲထည့်​ပေးဖြစ်​ခဲ့​လေသည်​။
.
.
.
.
ကလစ်​က​လေးကိုဆံပင်​လုံးလုံးက​လေးထက်​တွင်​ညှပ်​ထား​သော သူ့နှလုံးသားအမြု​တေ​လေး..။​ရော်​ရွက်​ဝါများအားပျံ့ကျဲ​အောင်​ဖန်​တီး​လိုက်​ပါ​သော အဆိုးအဆာ​ငယ်​​လေး..။ကလစ်​က​လေးအားသံသယဝင်​မိ၍ ခပ်​ရစ်​ရစ်​ဆိုမိချိန်​တွင်​ *မင်း​ယောက္ခမကြီး..ငါ့အ​မေဆီကအလစ်​သုတ်​လာတာ*တဲ့​လေ..။
ဒီလို​လေးနှလုံးခုန်​မြန်​​အောင်​ပြုစား၍ *ငါမှမင်းကိုမကြိုက်​တာ*ဟုဆိုမိခြင်းတွင်​ က​လေးသည်​သိပ်​​ဒေါသ​တွေထွက်​သွားခဲ့ပါသည်​။​ရော်​ရွက်​ဝါများကြားတွင်​ က​လေး၏သူ့​ကြောင့်ကျ​သောမျက်​ရည်​များအား စိတ်​မ​ကောင်းဖွယ်​​တွေ့လိုက်​ရသည်​။
.
.
.
.
တည်​သီးမှည့်ကိုတမြုံ့မြုံ့ဝါးစားတတ်​​သောအစားပုပ်​က​လေးသည်​ သူ့ဘက်​သို့တစ်​ချက်​၊တစ်​ချက်​လှည့်ကြည့်လာတတ်​မြဲဖြစ်​သည်​။ပန်းနု​ရောင်​လက်​ကိုင်​ပုဝါက​လေးအား *အဝတ်​​လျှော်​စက်​ထဲထည့်ခဲ့တာပဲ*ဟုမုသားသုံးဖြစ်​ခဲ့​သေးသည်​။လက်​​တွေ့တွင်​​တော့ကိုယ်​တိုင်​​တောင်​ခပ်​ဖွဖွက​လေး​လျှော်​ဖြစ်​ခဲ့သည်။ထို့​နံနက်​ခင်းက စာအုပ်​အငှါးဆိုင်​တွင်​ သူ့အားကလစ်​တွယ်​​ပေးခဲ့​သော က​လေး​ကြောင့် နှလုံးခုန်​သံတစ်​ချို့မြန်​ဆန်​ခဲ့ရ​လေသည်​။
.
.
.
.
​ကျောင်းတက်​​ခေါင်း​လောင်းထိုး​တော့မည်​တိုင်​ ​ရောက်​မလာ​သေး​သောက​လေး​ကြောင့်ဂိတ်​ဝတွင်​ရပ်​၍​စောင့်​နေဖြစ်​ခဲ့သည်​။​ရောက်​လာပါပြီ။စက်​ဘီးဘရိတ်​ကိုအလွန်​ဆွဲ၍ စက်​ဘီးများရပ်​ထားရာ​နေရာသို့​အကြည်​ဓာတ်​က​လေးဝင်​လာခဲ့သည်​။သူ့စက်​ဘီးနံ​ဘေးရှိစက်​ဘီးများကိုမနိုင်​မနင်းဆွဲမ​နေ​သောက​လေး၏ပါးမို့မို့ထပ်​တွင်​ ရဲတက်​​နေခဲ့သည်​။
သူတို့စက်​ဘီးနှစ်​စီးကိုယှဉ်​လျက်​အ​နေအထားနှင့်က​လေးရှိ​စေ​သောအခါ သူ့ပါးချိုင့်များရုတ်​တရက်​လှစ်​​ပေါ်သွားရ​လေသည်​။ကြည်​နူးမိလွန်း၍..။
.
.
.
.
မိုးသည်းသည်းထဲမှာစက်​ဘီး​မှောက်​သည်​တဲ့..။
နမ်​ဂျွန်း၏နှလုံးသားများတိုက်​စားခံရသလို စိုးရိမ်​မှုများသည်​လည်းတာကျိုးခဲ့ရ​လေသည်​။အခန်းအတွင်းသို့​ရောက်​သည်​နှင့် လူကိုအလွန်​တရာ​ဖက်​လာ​သောအဆိုး​လေးအား စိတ်​မရှည်​စွာဆွဲ​ပွေ့မိခဲ့​သေးသည်​။ထို​နေ့ည​နေကသူ့ကိုမအားဘူးဟုအ​ကြောင်းပြခဲ့​သောက​လေးသည်​ ကလစ်​အထုတ်​လိုက်​ကိုမိုးသည်းသည်းကြားထွက်​ဝယ်​သည်​တဲ့လား..။
မနည်းလှ​သောဒဏ်​ရာများကိုပါထပ်​ဆင့်မြင်​လိုက်​ရ​သောအခါ ထိုအဆိုး​လေးအား​ဆောင့်ဆွဲရိုက်​ပုတ်​ပစ်​ချင်​စိတ်​များပါထပ်​တိုးသွားခဲ့သည်​။ရက်​ရက်​စက်​စက်​ပင်​။က​လေးငယ်​သည်​ မိန်းက​လေးတစ်​ဦးအ​ကြောင်းကိုအ​မေးစကားဆိုလာ​လေသည်​။သူမသိ၍​ခေါင်းခါမိချိန်​တွင်​မသိမသာပြုံးသွားခဲ့တာကိုမြင်​ရ​သော်​ငြား ရင်​ထဲမသက်​မသာနှင့်​ရေစိုစိုဆံသားများကို သုတ်​​ပေးဖြစ်​ခဲ့သည်​။
က​လေး..လွန်​ခဲ့​သောအချိန်​များကပင်​မိန်းက​လေးများအားစိတ်​ဝင်​တစားရှိဖူး​သော်​လည်း ဤအထိမဟုတ်ခဲ့​ပေ..။
.
.
.
.
​ဆူရှီများကိုမနက်​အ​စောထ၍သူကိုယ်​တိုင်​လိပ်​ဖြစ်​ခဲ့ပြီးနှစ်​ဘူးခွဲထည့်ဖြစ်​ခဲ့သည်​။​ကျောင်းအ​ရှေ့သို့သူ​ရောက်​ရုံရှိ​သေး လွယ်​အိတ်​က​လေးပင့်ကာ​ကျောင်းအတွင်းသို့​ပြေးသွား​သော က​လေးကိုလှမ်း​တွေ့လိုက်​ရသည်​။ရင်​ထဲလှစ်​ဟသွားပြီး စက်​ဘီးက်ု​တောင်​​ကောင်းမွန်​စွာ မရပ်​နိုင်​ဘဲ​ပြေးလိုက်​သွားမိသည်​။
က​လေး၏ဦးတညျ်ရာဟာ တတိယနှစ်​ကစီနီယာအစ်​မတဲ့လား...။ယမန်​​နေ့ညကတည်းကထိုအမအ​ကြောင်း​မေးလာလို့ နံရံ​တွေကိုထိုးကြိတ်​ပြီးအ​မှောင်​ထဲမှာတစ်​​ယောက်​တည်းငို​ကြွေးဖြစ်​ခဲ့တာကိုက​​လေးသိသင့်သည်​။
စိတ်​​တွေကိုမည်​သို့ပင်​မထိန်းနိုင်​ခဲ့သည်​မှန်းမသိ။က​လေးကိုကြမ်းတမ်းစွာဆက်​ဆံမိခဲ့သည်​။​*ဒါ​ပေါ့..အမကိုငါသိပ်​ချစ်​တာတဲ့*..။သူ့နှလုံးသားတစ်​ခုလုံးစုတ်​ပြတ်သတ်​သွားခဲ့သည်​။ကနဦးကတည်းကချစ်​တာပါ..။တိတ်​တိတ်​က​လေးကိုချစ်​ခဲ့တာ..။က​လေးပြန်​ချစ်​လာဖို့လည်းမရည်​ရွယ်​ခဲ့ပါဘူး..။သို့​ပေမယ့် သူ​ဒေါသ​တွေသိပ်​လွန်​ကြူးသွားခဲ့သည်​။
မျက်​ရည်​​တွေအလွန်​ကျ​နေ​သောက​လေးကိုအနိုင်​ကျင့်ကာချုပ်​နမ်းဖြစ်​ခဲ့သည်​။က​လေးမြတ်​နိုး​လောက်​မည့်ပန်းနု​ရောင်​စာရွက်​​ခေါက်​က​လေးကိုလည်းဖျက်​စီးပစ်​ခဲ့မိသည်​။*မင်းလုပ်​ချင်​တိုင်းလုပ်​ရ​အောင်​ ငါကဘာအဆင့်လည်း*တဲ့..။​မေးရက်​ပါသည်​။သူ့အရာရာတွင်​ကျရှုံးသွားသကဲ့သို့ အလွန်​မှားခဲ့မိသည်​။
*ငါမင်းကိုသိပ်​ချစ်​လို့...*ဟုသူက​လေး၏မျက်​ဝန်းများအား​ငေးလျက်​​ပြောထွက်​ဖြစ်​ခဲ့သည်​။ရင်​​တွေအလွန်​နာကျင်​​နေခြင်း၏​နောက်​ကွယ်​တွင်​ က​လေးမုန်းသွားမှာကိုသိပ်​ကိုစိုးထင့်​နေခဲ့သည်​။အဆိုးအဆာငယ်​​လေးသည်​ အချစ်​ဟူ​သောနာမ်​ကိုဘယ်​လို​တွေယူဆထားခဲ့သလည်းမသိပါ..။
သူကက​လေးကိုချစ်​လို့မရဘူးတဲ့​လေ..။
စည်း​တွေသိပ်​များခဲ့ပါတယ်​ ငယ်​ရယ်​..။
.
.
.
.
​ရေခဲမုန့်သွားဝယ်​ရန်​​ကျောခိုင်းသွား​သောသူ့မျက်​နှာထက်​တွင်​လည်း ​က​လေးနည်းတူမျက်​ရည်​စ​တွေနှင့်..။ဆူရှီ​ဘူး​တွေကို​ပွေ့ဖက်​ထား​သောက​လေးသည်​ သူ့ကိုအလွန်​ပင်​ရန်​​တွေ​ထောင်​​နေခဲ့​လေသည်​။အသည်းတယားရယ်​မိသွားခဲ့​သေးသည်​။
*မင်းငါ့ကိုချစ်​လား..*တဲ့..။ပြန်​​ဖြေဖို့အားအင်​ကိုအလွန်​ကုတ်​ခြစ်​ယူလိုက်​ရသည်​။အသံ​တွေယိုင်​ကုန်​မည်​ဆိုး၍။သူ့ရင်​ခွင်​အတွင်းအလွန်​ပင်​ငို​ကြွေး​သွား​သောက​လေးသည်​ သူ့ကို​ကောင်​မ​လေးရှာ​ပေးပါမည်​တဲ့​လေ..။မကြိုးစားပါနဲ့ က​လေးငယ်​ရယ်​..။ကိုယ့်နှလုံးသားကမင်း​လေးကလွဲရင်​ အကုန်​အငြင်းပြ​နေတာမို့...။
.
.
.
.
ထို့​နေ့ကပင်​..က​လေးနှင့်အတူဂိုက်​တက်​ဖို့ရာအိမ်​ကိုဂျီကျဖြစ်​ခဲ့သည်​။က​လေးပြန်​ချစ်​လာဖို့မရည်​ရွယ်​​သော်​လည်း အနားမှအချိန်​များများ​လေးရှိ​နေ​စေချင်​တဲ့ဆန္ဒ​လေးနှင့်​ရယ်​ပါ။
.
.
.
.
တန်းခွဲCကအရက်​ခိုး​သောက်​တဲ့လူ​တွေဆိုလို့..အရက်​​သောက်​တဲ့လု​တွေက​လေးကိုထိခိုက်​မည်​ဆိုး၍အ​ပြေးသွားကြည့်မိချိန်​ ​တွေ့လိုက်​ရ​သောမြင်​ကွင်း​ကြောင့်​သွေး​တွေ​စောင့်တက်​ရပါသည်​။အထင်​နှင့်အမြင်​ဟာတပ်​တပ်​စင်​​အောင်​ကိုလွဲ..။​ခြေသလုံး​ဖွေး​ဖွေး​တွေကိုအရိုက်​ခံ​နေသည့် က​လေးဟာ သူ့ကိုမြင်​မှအ​လောတကြီး​ပြေးဖက်​​လေသည်​။
အလိုမလိုက်​သင့်မှန်းနားလည်​၍ ထားပစ်​ခဲ့ခြင်းတွင်​က​လေးသည်​ငိုသွားခဲ့သည်​။
.
.
.
.
ထို​နေခင်းတွင်​က​လေး​ကျောင်းအပြင်​သ်ု့​စော​ရောက်​​နေမယ်​မှန်းသိ၍ သူအလျင်​အမြန်​​လျှောက်​လာဖြစ်​ခဲ့သည်​။​ကျောင်းအဝ​ရောက်​​သောအခါက​လေးကိုပွတ်​သပ်​​နေကြ​သောEခန်းထဲက​သ​တောင်းစား​တွေ​ကြောင့် သူ​ဒေါသ​တွေသည်​ထိန်းမရ​တော့​ပါ​ပေ။
​သေသွားတဲ့အထိသတ်​ပစ်​ချင်​​ပေမယ့်​ကျောဘက်​ကိုကပ်​လာတဲ့ပါးအိအိက​လေး​တွေ​ကြောင့် သူရပ်​တန့်ပစ်​ခဲ့ရသည်​။မငိုဖို့နှစ်​သိမ့်မိ​တော့ *ငါ့မျက်​ရည်​နဲ့ငါကျတာ*တဲ့​​လေ...။အဆိုးအဆာ​လေးပါ​ပေ။
.
.
.
.
မ​ရောက်​တာကြာခဲ့​သောစာအုပ်​အငှါးဆိုင်​တွင်​က​လေးသည်​ သူ့ကိုအလွန်​ပင်​​ငေး​နေခဲ့လို့ သူမ​နေတတ်​​တောင်​ဖြစ်​သွားခဲ့​သေးသည်​။က​လေး၏မျက်​ဝန်းများတွင်​ချစ်​​မေတ္တာ​တွေကိုရှာ​တွေ့သလိုရှိ​သော်​လည်း မ​မျှော်​လင့်ရဲခဲ့​သေး​ပေ။*ချစ်​လိုက်​တာ*တဲ့..။က​လေးနှုတ်​ခမ်းဖူးက​လေးမှလွှတ်​ထွက်​သွား​သောစာစုငယ်​​လေး..။ဟန်​မပြတ်​​အောင်​ထိန်းထားရ​တာမလွယ်​လှဘူးက​လေးရယ်​..။
မျက်​စိကျ​နေတဲ့တစ်​​ယောက်​ရှိတယ်​လို့ညာ​ပြောဖြစ်​ခဲ့​သေးသည်​။က​လေးမျက်​နှာ​လေးညှိုးသွားတာကိုသူမြင်​လိုက်​မိပါ​သေးသည်​။
.
.
.
.
က​လေးသည်​သူ့ကိုအလွန်​ပင်​​နှောင့်ယှက်​​သောဟန်​များသိပ်​လုပ်​​နေပါသည်​။သဝန်​တိုခြင်းများလားဟု​တွေးဖြစ်​​သော်​လည်း..သူလည်း​နှောင့်ယှက်​ခဲ့ဖူး၍လက်​တုံ့ပြန်​ခြင်းဖြစ်​မည်​ဟုဖြည့်​တွေးလိုက်​​သေးသည်​။မယ်​မယ်​ရရဟူ၍မရှိပါ။မျက်​စိ​ကျ​နေခြင်းလည်းမရှိ၍ ​ဝေ့ဝဲကြည့်​မိချိန်​တွင်​ Eခန်းရှိpjတစ်​ခုတည်းကျဖူး​သောမိန်းက​လေးဆီသို့စကားသွား​ပြောဖြစ်​ခဲ့သည်။တိုက်​ဆိုင်​ခြင်းလည်းဖြစ်​လိမ့်မည်​။
*အင်္ဂလိပ်​ဆရာမ​ခေါ်​နေတယ်​..*ဟု​ပြောဖြစ်​ခြင်းတွင်​ပြုံးမိသွားခဲ့သည်​။ဒါကိုပဲမ​ကျေမနပ်​နှင့်ငှက်​​ပေါက်​က​လေးသည်​ ဆံနွယ်​က​လေးများခါယမ်းသွားကြသည်​။
.
.
.
.
အဝါ​ရောင်​ပန်းပွင့်က​လေးများကြားတွင်​အလွန်​လှ​နေ​သောက​လေး​လေးဖြစ်​သည်​။လှတယ်​တဲ့..။အမှန်​တကယ်​ပင်​ သူထိုက​လေးအားဤသို့မြင်​မိခဲ့သည်​။​မေ​မေဆူတာကိုခံလိုက်​ရခြင်းတွင်​ ထိုက​လေးချွန်​ထားပြီမှန်း​ကောင်း​ကောင်းနားလည်​လိုက်​ပါသည်​။*ငါ့ကိုပဲချစ်​ပါ..မင်းကိုချစ်​တယ်​*တဲ့..။နှလုံးသား​လေးသည်​တစ်​ငြိမ့်ငြိမ့်လှုပ်​ခါသွားခဲ့သည်​။
က​လေးကသူ့ကိုချစ်​တယ်​တဲ့​လေ..။
_
T.B.C
Written By
Guu_Joonilili
Continue Reading
You'll Also Like
1.2K 175 10
๐‚๐š๐ฎ๐ฌ๐ž ๐ฒ๐จ๐ฎ๐ง๐  ๐ฉ๐ž๐จ๐ฉ๐ฅ๐ž ๐Ÿ๐š๐ฅ๐ฅ ๐ข๐ง ๐ฅ๐ฎ๐ฏ ๐ฐ๐ข๐ญ๐ก ๐ญ๐ก๐ž ๐ฐ๐จ๐ซ๐จ๐ง๐  ๐ฉ๐ž๐จ๐ฉ๐ฅ๐ž ๐ฌ๐จ๐ฆ๐ž๐ญ๐ข๐ฆ๐ž๐ฌ
754 143 60
Zyn's journey continues. He has left the safety of school to set out to find the remaining legendary dragons. With hm he has taken his loyal friends...
314K 6.9K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
673K 41.2K 105
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...