Unicode
မီးရောင်စုံတစ်လက်လက်ကြားမှာ မော်ဒယ်
တစ်ယောက်ပြီးတစ်ယောက်လျှောက်နေသည့် ရှိုးပွဲတွေကို ဘယ်တုန်းကမှစိတ်မဝင်စားခဲ့ပေမဲ့ အခုတော့ မီးငယ်အတွက်ရောက်လာရပြီ။အခန်းသီးသန့်ယူထားတဲ့ ကလေးက အဝတ်အစားလဲနေတာမို့ ထင်လင်းသိုက်အဖို့ ဝင်ကြည့်ရန်ကလည်းမသင့်တော်တာမို့ ပွဲကျင်းမမည့်ခန်းမထဲမှာသာ။
၁၅မိနစ်လောက်ကြာမှ သူ့ဘေးကခုံကိုဂရေစ့်ရောက်လာသည်။သူ့ထံနှုတ်ဆက်လာတာမို့ ခေါင်းညိမ့်ကာအသိပြုလိုက်၏။အရင်ပွဲတွေတုန်းက မီးငယ်ကို ပွဲတတ်ခွင့်မပြုတာမို့
အခုပွဲမှာ တတ်ခွင့်ပြုတာကို ဂရေစ့်က
ဝမ်းသာနေတယ်လို့လည်း မီးငယ်ဆီကကြားထားရသည်။
အရင်ကချုပ်ချယ်ခဲ့ရတဲ့အကြောင်းအရင်းကို သိတဲ့လူတွေက ထင်လင်းသိုက်၊မင်းသန့်နဲ့နဂါးသာ။ ပထမအကြိမ် မီးငယ်ရှိုးလျှောက်တုန်းက ကြော်ငြာတစ်ခုအတွက်လာကမ်းလှမ်းခံခဲ့ရဖူးသည်။ဒါကို မီးငယ်ကမသိပဲ ပွဲစီစဥ်သူထံသာဆက်သွယ်ခဲ့တာမို့ ထိုစီစဥ်သူနဲ့ ရင်းနှီးတဲ့ နဂါးကအရင်သိခဲ့ခြင်း။ငယ်ရွယ်လွန်းတဲ့ ကလေးကို စပွန်ဆာသဘောနဲ့ကမ်းလှမ်းခဲ့တာမို့ ထိုစဥ်ကစပြီး မီးငယ်ကိုရှိုးမလျှောက်ဖို့ သူတားမြစ်ခဲ့ခြင်းသာ။ပြီးတော့ သူမအမေလိုမျိုးသရုပ်ဆောင်တစ်ယောက်မဖြစ်စေချင်တဲ့ သူ့ရဲ့အတ္တကြောင့်ရောပေါ့။
သို့သော် အခုတော့ သူ့ရဲ့မီးငယ်ဟာ အရွယ်ရောက်လာပြီဆိုတာ လက်မခံချင်လည်းလက်ခံရတော့မည်။ အပျံသင်စအရွယ်လေးမို့ ဘေးကဖေးကူကာ မီးငယ်ဖြစ်ချင်သမျှ၊အဆိုးအကောင်းရွေးချယ်ပေးဖို့၊
သူမလေးဆန္ဒရှိသမျှ အကောင်းဆုံးထောက်ပံ့ပေးဖို့ တွေးထားခြင်းဖြစ်သည်။
တီ .. တီ
"အင်း မင်းသန့်"
"ဘယ်လိုလဲပွဲစနေပြီလား"
"အင်း"
"မီးငယ်အလှည့်ကျရင် videoရိုက်ထားဖို့၊ဓာတ်ပုံရိုက်ပေးဖို့မမေ့နဲ့နော်ဖေ့သားလေး။
မအားလို့သာမလိုက်ရတာ
ဖင်တကြွကြွဖြစ်နေတာဟေ့"
"အင်း camera manငှားထားမို့စိတ်မပူပါနဲ့။ကိုယ်လည်း ရိုက်ပေးမှာပါ"
"လှလှလေးနော်"
"အင်း"
"သေချာလေးနော်ဟေ့ကောင်"
"အင်း"
"ဒါဆိုလည်းစိတ်ချမယ်။ကလေးအလှည့်ကျရင် ရေခဲတောင်ကြီးချထားသလို တောင့်တောင့်ကြီးထိုင်နေမှာဆိုးလို့ သတိပေးတာ"
"အင်း"
"ဒီအင်းနဲ့ပဲ ေ-သမှာမင်း"
ခပ်ကြိတ်ကြိတ်ဆဲဆိုသံကဖုန်းထဲကနေ
ပီပီသသကြီးထွက်လာတာတောင် ထင်လင်းသိုက်ပြုံးမိသေး၏။ ဒီပွဲကိုလိုက်ချင်သူက
မင်းသန့်ဖြစ်ပေမဲ့ ညနေကမှ ဆော့ဝဲရေးဖို့ အလုပ်လာအပ်တဲ့clientကြောင့်
လိုက်လာမရခြင်းသာ။
"ဒါဆို စိတ်ချမယ်နော်ငါ့ကောင်။နေရာမှာပြန်လာထိုင်ရင် ရေခွက်အဆင်သင့်ချထားပေးဖို့လည်း မေ့မနေနဲ့အုံး"
"ရေနွေးကိုအအေးခံပြီးချပေးထားရမယ်။towel၊နှုတ်ခမ်းနီ၊လက်ကိုင်ပန်ကာအသေး ယူထားရမယ်။ကိုယ်အားလုံးသိပါတယ်"
"မေ့မှာဆိုးလို့ပါကွာ"
"မီးငယ်နဲ့ပတ်သက်ပြီး ကိုယ်မေ့တာမျိုးကြုံဖူးလို့လား"
"အေးပါအဖေရယ်။အဖေကသာ အဖေ့သမီးလေးကို အချစ်တတ်ဆုံးမှန်းသိပါပြီအဖေရဲ့။
ဒါဖြင့်လည်းပြီးရော ... မိုးအခြေအနေလည်းသိပ်မကောင်းတော့ စောစောပြန်လာကျနော်။
ငါဖုန်းချပြီ"
"ခဏ"
"အေး ဘာဖြစ်လို့လဲ"
"နေကောင်းလား"
"ဟမ် ! "
"မင်းနဲ့နဂါး နှစ်ယောက်စလုံးနေကောင်းလား။တစ်ခုခုဖြစ်နေတာရှိလား"
"ငါတော့နေကောင်းတာမှ အလန်းကြီး။ဟိုကောင်တော့မသိဘူး အခန်းတံခါးပိတ်ပြီးထွက်မလာဘူး။ သိချင်မင်းဟာမင်းဖုန်းဆက်မေး"
"အင်း ရပြီ"
"ဘာတွေမေးမှန်းလဲမသိဘူး။ဒါပဲ..."
ဟိုဖက်ကစိတ်မြန်လက်မြန်နဲ့ဖုန်းချသွားသည့်တိုင် ထင်လင်းသိုက်ဖုန်းကိုကိုင်ထားဆဲဖြစ်သည်။
သို့ပေမဲ့ စင်ပေါ်က ဂရေစ့်ရဲ့မိတ်ဆက်သံကြောင့် သူ့အာရုံတွေက စင်ပေါ်ဆီသို့...
"Miss Rachel ပဲဖြစ်ပါတယ်"
ဖြောင်း...ဖြောင်း...ဖြောင်း...
မီးငယ်နာမည်ကိုမိတ်ဆက်လိုက်သည်နှင့်
ဆူညံသွားသောလက်ခုပ်သံတွေကြား ထင်လင်းသိုက်ကိုယ်တိုင် ပါဝင်အားဖြည့်၏။
ထိုစဥ် စင်ပေါ်သို့ အညိုရောင်နတ်ဖုရားမလေးရောက်သလို ကြွရွတဲ့ခြေလှမ်း၊သွယ်လျလှပတဲ့ ကိုယ်နေဟန်ထားကိုပေါ်လွင်စေတဲ့ ဝတ်စုံနဲ့အတူ သူ့ရဲ့မီးငယ်ကလှနိုင်လွန်းသည်။နှုတ်ခမ်းဖူးဖူးလေးတွေက နှစ်သက်ဖွယ်ကောင်းအောင် မပွင့်တပွင့်လေးပြုံးကာ အကုန်လုံးကိုဝှေ့ကြည့်သွားတဲ့ အကြည့်တွေကညို့အားပြင်းတာမို့ သူမျက်နှာလွဲမိလိုက်၏။
လှသည်၊စွဲမက်ဖွယ်ကောင်းတာမို့ ပရိတ်သတ်တော်တော်များများအကြည့်တွေက စင်ပေါ်က ကလေးမလေးထံမှာ။ကင်မရာမီးတွေကြား
တစ်ချက်ကလေးတောင်ပုံစံပျက်မသွားပဲ
မပွင့်တပွင့်လေးပြုံးကာ ကိုယ်လုံးလေးကိုလှည့်ပြလိုက်သေးသည့် ထိုကလေး။စင်ပေါ်စတတ်လာကတည်းက လက်ခုပ်သံတွေက သူမ
စင်အောက်ပြန်ဆင်းလာတဲ့အထိ ဆူညံနေဆဲဖြစ်တာဟာ သူမအလှည့်ကျမှ...။
ဖုန်းထုတ်ကာ ဓာတ်ပုံရိုက်ယူနေကျတာတွေကရောမော်ဒယ်ဖြစ်တဲ့ မီးငယ်ကိုလား ဒါမှမဟုတ် မီးငယ်ဝတ်ပြတဲ့ဝတ်စုံကိုလား။ဖွက်ထားချင်လောက်အောင်ထိ နှမြောတွန့်တိုလာတာမို့ အကုန်လုံးကို လျစ်လျူရှူပစ်လိုက်သည်။
"ကိုလင်းသိုက် ။ ရေချယ့်အလှည့်ပြီးပြီဆိုတော့ အဝတ်အစားလဲပြီး ဒီပြန်လာမယ်ထင်တယ်"
"ကိုယ်သိတယ်ဂရေ့စ်"
"ရှင် ! ဟုတ်ကဲ့"
မီးငယ်နဲ့ပတ်သက်ရင် သူမေ့တာမရှိဘူး။
မီးငယ်အကြောင်း အားလုံးထပ်သူကပိုသိတာကိုတောင်..သူ့ထံ မီးငယ်အကြောင်းလာပြောပြနေတဲ့ ဂရေ့စ်နဲ့ မင်းသန့်ကို ဒေါသထွက်မိပြန်ပြီ။အခန်းရဲ့အဲကွန်းကလည်း အခုမှ ပူတာမို့ လည်ပင်းကneck-tieကိုဖြေလျော့ထားရ၏။
::::::::::::::
ဖုန်းပြောပြီးတာနဲ့ရေဆာလာတာမို့ မင်းသန့်စိတ်ညစ်လာသည်။အောက်ထပ်မှာ ဂုဏ်နဂါးရှိနေတာမို့ အောက်ထပ်လည်းမဆင်းချင်ပါ။ကြမ်းတုန်းက ကြမ်းပြီး မျက်နှာပူသည်။ပြီးတော့
သူကယောကျာ်းတစ်ယောက်ကိုမချစ်ဘူး။မချစ်တာမို့ နဂါးကိုမျက်နှာချင်းမဆိုင်ချင်ပါ။
"ဒါပေမဲ့ ငါဘာတွေလုပ်မိတာလဲကွာ"
မသေမသပ်ဆံပင်တွေကိုဆွဲဖွလိုက်ရင်း သူ့ကိုယ်သူ အလိုမကျဖြစ်ရပေမဲ့ အောက်ထပ်ကိုတော့ ဆင်းလာခဲ့တာပင်။
သို့သော်မင်းသန့်ထင်ထားသလိုမဟုတ်ပဲ ဂုဏ်နဂါးက မီးဖိုခန်းမှာရှိမနေ။open kitchenမို့ အထဲကိုကြည့်လိုက်သော်လည်း လူကရှိမနေတာမို့ ဇဝေဇဝါဖြစ်ရ၏။
"မင်းသန့်"
"ငါ-ိုး .. လန့်လိုက်တာကွာ"
"ဟင်းတွေနွေးပေးထားတယ်"
"ဘာကိုလဲ"
"မင်းညနေစာမစားဘူးမလား။စားလိုက်အုံး။ ခုနကမှပြန်နွေးပေးထားတာ"
"ဂုဏ်နဂါး ... မင်း အခုဘာအချိုးချိုးတာလဲ"
"မင်းပြောတာ ငါနားမလည်ဘူး"
"ငါ့ကိုလျစ်လျူရှူထားရမှာလေ။မင်းလည်ပင်းက ဒဏ်ရာကြောင့် ငါ့ကိုစိတ်မဆိုးဘူးလား။စိတ်ဆိုးရမှာကွ"
သူ့လည်ပင်းသူပြန်ကိုင်ရင်း ပြုံးလာတဲ့ဂုဏ်နဂါးဟာ မင်းသန့်အဖို့နားမလည်နိုင်တဲ့ ပုစ္ဆာတစ်ပုဒ်ပင်။
"ဘာလို့စိတ်ဆိုးရမှာလဲ။မင်းကမှ စိတ်မမှန်တာ"
"မင်း လှေလံနှစ်ဖက်နင်းနေတာလား"
"ဘာအတွက်လဲ"
"နင်းမယ်ဆိုရင်တောင် မောင့်ဖက်ကိုပိုပိုသာသာလေးနင်း။မဟုတ်ရင် နှစ်ယောက်လုံးကိုသ-တ်ပစ်မှာ"
"ပြောနေရင်းထဖောက်ပြန်ပြီ။စတိုင်းမကောင်းဘူးကွ ဒီအသက်အရွယ်ပဲရောက်နေပြီ ဒါတွေနားမလည်ဘူးလား"
"တော်ပြီ ထမင်းစားတော့မယ်"
"ပြီးတာပဲ ။ စားပြီး မင်းအလုပ်လုပ်မှာမလား။ အိပ်ချင်မှာဆိုးလို့ မက်မန်းသီးသုပ်ပေးထားတယ်။ရေခဲသေတ္တာထဲမှာ"
အရင်ကလည်းဒါမျိုးလုပ်ပေးနေကျဆိုပေမဲ့ ဒီတစ်ခါတော့ မင်းသန့်ပြုံးမောင်ရဲ့အတွေးတွေကအရင်ကလို မတွေးနိုင်တော့ပါ။ဂုဏ်နဂါးက
သူ့ကိုလှေလံနှစ်ဖက်နင်းနေတာလို့ပဲထင်သည်။
::::::::::::
"အန်ကယ်"
ချွဲနွဲ့စွာခေါ်လာတဲ့အသံချိုချိုလေးနဲ့အတူ
သူ့ပခုံးပေါ်ရောက်လာတဲ့လက်လေးတစ်ဖက်...
"ထိုင်လေမီးငယ်"
"အန်ကယ်ပျင်းနေပြီလား။ပြန်ချင်ပြီလားဟင်"
"မီးငယ်လုပ်စရာရှိတာလုပ်ပါ။ကိုယ့်မှာအချိန်ရှိတယ်"
"ဒါဆို ခဏထိုင်နေအုံးနော်။ဟိုဖက်ဝိုင်းကသူငယ်ချင်းတွေ ဒီဖက်ခေါ်လိုက်အုံးမယ်။ပရော်ဖက်ဆာကြီးကို ရှိန်နေကျလို့မလာရဲဘူးတဲ့ ဟီး။ခေါ်လိုက်မယ်နော်"
"အင်း"
"ခဏ ခဏပဲစောင့်"
"ဖြေးဖြေးသွားမီးငယ်"
"ဟိုက်"
အိမ်နေရင်းဂါဝန်လေးပြန်လဲထားတဲ့မီးငယ်က အသိမိတ်ဆွေပေါတဲ့အပြင် LGU ကသူငယ်ချင်းတချို့ကပါပွဲလာတတ်တာမို့ မိတ်ဆက်လို့ပြီးမှာမဟုတ်သေးမှန်း
သူသိထားသည်။
ထင်သည့်အတိုင်းပါပဲ သူတို့ဝိုင်းနဲ့ခပ်လှမ်းလှမ်းက သူမသူငယ်ချင်းတွေထိုင်နေတဲ့ဘက်မှာ အဖွဲ့ကျကာရယ်မောနေပြီး ခဏလောက်ကြာမှ ဝိုင်တစ်ခွက်ကိုင်ကာ သူ့ထံပြန်ပြောင်းလာခဲ့၏။
"အန်ကယ်က ရုပ်တည်ကြီးနဲ့ဆိုတော့ ကြောက်လို့နေမှာ။ဘယ်လိုမှခေါ်လို့လည်းမရဘူး"
"ကိုယ်ခေါ်ပေးရမလား"
"အန်ကယ်ကလည်းနော် ဟိုကကြောက်ပါတယ်ဆို တမင်ဖြဲခြောက်ပြနေသလိုဖြစ်နေပြီ။သိမ့်နဲ့မြတ်နိုးလည်းရှိတော့ နေပါစေ"
"ဒါဆိုလည်းထိုင်ပါအုံး"
"ဟိုက်"
"ပျော်ရဲ့လား"
"ဟင် ! "
"ရှိုးပွဲလာရတော့ပျော်ရဲ့လား"
"ဟိုက် ပျော်တယ်။အန်ကယ်လိုက်လာပေးလို့
ပိုပြီးပျော်တာ"
"အင်း ဒါဆို ရချင်တဲ့ဝတ်စုံရောရှိလား"
"ဟင့်အင်း"
"သေချာလား"
"ဟိုက် လိုချင်တဲ့ဒီဇိုင်းမတွေ့ထားသေးဘူး"
"တွေ့ရင်တော့ ပြော။ကိုယ်လိုက်လာတာက
မီးငယ်လိုချင်တာလိုက်လုပ်ပေးဖို့ပဲ"
မလုံမလဲဖြင့်သာခေါင်းညိတ်ပြရင်း ရေချယ့်အကြည့်တွေက စားပွဲပေါ်တင်ထားတဲ့ဝိုင်ခွက်ဆီကိုသာ...
"အန်ကယ် ... အန်ကယ့်အတွက်သောက်စရာယူလာပေးတာ။ရေချယ်ကအချိုရည်ပဲသောက်တော့မယ်"
"အင်း ကျေးဇူး"
"ရပါတယ်အန်ကယ်ကလည်း"
လက်တကာကာဖြင့်ခေါင်းခါပြရင်း ထိုဝိုင်ခွက်ကို အန်ကယ်ကိုင်လိုက်သည်ကိုသာကြည့်နေမိသည်။နဖူးက ချွေးစို့လာသည်အထိ ကြောက်လန့်စိတ်ကရှိနေတာမို့ ထိုဝိုင်ခွက်ဆီကအကြည့်မလွဲနိုင်ပေ။
အန်ကယ့်အတွက်ဝိုင်ယူပေးရင်း ထိုဝိုင်ထဲ အိပ်ဆေးထည့်ယူလာတာမို့ လိပ်ပြာမလုံဖြစ်နေရသည်။
"အန်ကယ် မသောက်ဘူးလားဟင်"
"အင်း ကိုယ်တစ်ခုတွေးမိလို့ပါ"
"ဘာကြီးလဲအန်ကယ်"
"အလုပ်ကိစ္စပါကလေးရယ်။ခေါင်းထဲရောက်လာလို့"
ပြောရင်းနဲ့ ဝိုင်တစ်ခွက်လုံးကိုမော့ချလိုက်တော့မှ ရေချယ်သက်ပြင်းချနိုင်တော့သည်။
"အလုပ်ကိစ္စကအရေးကြီးလို့လားအန်ကယ်"
"စိုးရိမ်တတ်လိုက်တာကလေးရယ်။အရေးမကြီးပါဘူး။ အေးဆေးနေပါ နေလို့ရပါတယ်"
"အန်ကယ်ပျင်းနေမှာဆိုးလို့"
"ဒါဖြင့် ရှိုးလျှောက်ရတဲ့အတွေ့အကြုံလေးတွေ ပြောပြပေါ့"
"ဟိုက် ရေချယ်ဝတ်တဲ့ဝတ်စုံကိုအန်ကယ်မြင်တယ်မလား။မဂရေစ့်ရဲ့ဒီဇိုင်းလေ... အဲ့လိုမျိုးကို ပွဲတတ်ဝတ်စုံချုပ်ခိုင်းချင်လို့"
"မီးငယ်နဲ့လိုက်တာပဲ။အင်း နဂါးကိုချုပ်ခိုင်းဖို့ မှာပေးမယ်"
"ပြီးတော့ အန်ကယ်ဓာတ်ပုံရိုက်ပေးထားလားဟင်"
"အင်း"
"အိမ်ရောက်ရင်ပြနော်။အလှဆုံးပုံကိုရွေးရမယ်"
"မီးငယ်ကဘာလုပ်ချင်လို့လဲ"
"ရေချယ်မဟုတ်ပါဘူး။အန်ကယ်နဂါးက frameထည့်ပြီးထားချင်လို့တဲ့။ပြီးတော့ရှိသေးတယ် အန်ကယ်တို့အားတဲ့ရက်ကျရင် family photoရိုက်ဖို့သွားရအောင်နော်။အခုဧည့်ခန်းမှာထားတဲ့ပုံထပ် လှအောင်ရိုက်မှာ"
"အင်း"
"အဲ့ဒီပုံရိုက်တုန်းက ရေချယ်ကဖျားနေလို့လေ။ ဖျားနေတဲ့အခါကျတော့ မလှဘူး"
"မလှဘူးလို့ ဘယ်သူကပြောလဲ"
"ကိုယ့်ကိုယ်ကိုယ်သိလို့ပါ"
"အင်း မီးငယ်စိတ်တိုင်းကျလုပ်လို့ရတယ်"
"အဲ့တာဆိုရင် ဘဏ်မှာဓားပြတိုက်ရင်ရော"
"မီးငယ်စိတ်တိုင်းကျဖြည့်စည်းပေးမှာဆိုပေမဲ့
မကောင်းတာမျိုးဆိုရင်တော့ တားရမှာပဲ"
"ဟီး တကယ်လည်းမတိုက်ရဲပါဘူး"
သတ္တိခဲလေးကပခုံးတွန့်ကာ ကြောက်သွားတဲ့ပုံစံလေးလုပ်ပြနေပေမဲ့ ထင်လင်းသိုက်မျက်နှာတွေကဝါးလာသည်။နားထင်ကြောကိုဖိကာ ဝိုင်ကိုဆက်သောက်ရင်း မီးငယ်ပြောသမျှ ခေါင်းညိတ်နေရပေမဲ့ တဖြေးဖြေးလေးလံလာတဲ့ မျက်ခွံတွေက မူမမှန်တော့ပါ။
"အန်ကယ် နေမကောင်းဘူးလား"
"အိမ်ပြန်ရအောင်မီးငယ်"
"ဟင် ! နေမကောင်းဘူးလား"
"အင်း ကိုယ်သိပ်ပြီးနေမကောင်းချင်လို့"
"ဒါဆိုခဏနားမလားဟင် ။ ရေချယ်အခန်းယူထားတယ်လေ...အဲ့မှာခဏနားမလား"
"မီးငယ်ကိစ္စရှိသေးလို့လား"
"ဟိုက် မဂရေစ့်ဆီဝတ်စုံပြန်အပ်ရအုံးမှာ"
"ဒါဆို ကိုယ်ခဏနားနေချင်တယ်။လိုက်ပို့ပါအုံးကလေးရယ်။ကိစ္စတွေပြီးတာနဲ့ ဘယ်မှလျှောက်မသွားပဲ ကိုယ့်ဆီပြန်လာခဲ့ရမယ်ဆိုတာ မမေ့ရဘူးနော်"
"ဟိုက်"
"ဒါဆို ကိုယ်သွားမယ်"
"အန်ကယ်အဆင်ပြေလား။တွဲရအုံးမှာလားဟင်"
"နေပါစေကလေးရယ်။အဲ့လောက်လည်းမဟုတ်ပါဘူး"
ဆို၍ ခပ်မြန်မြန်လေးခန်းမထဲကထွက်သွားတဲ့ အန်ကယ်ကိုကြည့်ရင်း စိတ်မကောင်းဖြစ်ရပြန်သည်။ အိပ်ဆေးပမာဏကပဲများသွားလို့လားနော်။
သို့ပေမဲ့ အန်ကယ့်နောက်ကိုလိုက်ကြည့်မိဆဲပင် ။ ရေချယ်ကိုယ်တိုင်သီးသန့်ငှားထားတဲ့အခန်းထဲကို တည့်တည့်မတ်မတ်ဝင်သွားတာမြင်မှ သက်ပြင်းချကာ နရံကိုမှီလိုက်၏။အခုလိုလုပ်ရပ်တွေကမှန်ရဲ့လား တွေးမိတိုင်း နှလုံးသားကမှန်ကန်ကြောင်းပြပေမဲ့ ဦးနှောက်ကတော့ မှားနေကြောင်းအချက်ပေးသည်။
ဒါပေမဲ့လည်းအရေးအကြီးဆုံးက ချစ်တဲ့သူကို ပိုင်ဆိုင်ထားဖို့ပဲမဟုတ်ပါလား။ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ချစ်တဲ့လူအနားမှာသာ နေခွင့်ရမယ်ဆိုရင်ရူးမိုက်တဲ့နည်းလမ်းဖြစ်နေလည်း
သူမ ကြိုးစားမှာပဲ။
::::::::::
မိုးလင်းလင်းချင်းဆတ်ခနဲလန့်နိုးလာတဲ့
ထင်လင်းသိုက်ကိုစောင့်ကြိုနေတဲ့မြင်ကွင်းက သွေးပျက်သည်အထိထိတ်လန့်စေသည်။မနေ့ညပွဲမှာ အိပ်ချင်လာတာမို့ မီးငယ်ယူထားတဲ့အခန်းထဲလာနားတယ်။ပြီးတော့ သူအိပ်ပျော်သွားတဲ့...နောက်ထပ်ဘာတွေဆက်ဖြစ်ခဲ့ကျတာလဲ။
"ဟာ !! "
မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်သွားကာ သွေးကြောတွေရပ်တန့်သွားသလား။ သူအသက်ရှုသံတွေမမှန်ချင်တော့သည်မှာ သူ့အရှေ့မှာ မြင်နေရတဲ့
အဖြူရောင်ယုန်ပေါက်လေးကြောင့်ဖြစ်မည်။
"မီးငယ် ! မီးငယ် ထပါအုံးကလေး။ကိုယ်..ကိုယ် ညက"
ပခုံးလေးကိုလှုပ်နိုးလိုက်မှ သူသတိထားမိလိုက်တာဟာ မီးငယ်ရဲ့ပခုံးသားဖြူဖြူလေးတွေ။စောင်အဖြူအောက်မှာ သူကိုယ်တိုင်ကလည်း အပေါ်ပိုင်းအဝတ်ဗလာကျင်းဖြစ်နေတယ်ဆို... မီးငယ်ကရော။
"ကိုယ်ဘာတွေလုပ်မိတာလဲကွာ"
ငယ်ငယ်ထဲကအကြိမ်ရေများစွာပွေ့ချီလာဖူးပေမဲ့ ဒီတစ်ခါတော့ မီးငယ်ကိုပွေ့ကာနိုးဖို့သူတွန့်ဆုတ်နေပြီ။ဒီကလေးကို သူဘာတွေလုပ်မိပြီလဲ။တစ်သက်လုံး ဒဏ်ရာမရှိအောင်စောင့်ရှောက်ပေးချင်တဲ့ကလေးကို သူဘာတွေများ....
အတွေးများစွာနဲ့အတူ ခေါင်းတစ်ခုလုံးထူပူလာကာ ကြောက်လန့်စိတ်၊ထိတ်လန့်စိတ်ကြောင့် အရူးတစ်ယောက်လိုပင်။အဖြစ်အပျက်တွေက မြန်လွန်းတာမို့ဘာတွေဖြစ်သွားတာလဲ။ဘာဆက်လုပ်ရမလဲ၊စဥ်းစားမရသေးခင် မီးငယ်ကိုယ်လေးကတဖြည်းဖြည်းလွန့်လူးလာ၏။သို့သော်...
ဝုန်း...
အခန်းတံခါးကိုအားပြင်းပြင်းနဲ့ကန်လိုက်တဲ့အသံနဲ့အတူ အခန်းထဲဝင်လာခဲ့သည်မှာ မင်းသန့်နဲ့ဂုဏ်နဂါးသာ။
"လင်းသိုက် ... ခွေးကောင် မင်းတို့ကိုတစ်ညလုံး လိုက်ရှာနေရတာ ..ဘာ ... ဒါ ... ဒါက ဘာတွေလဲ"
"ကိုယ်မှားသွားပြီ"
"ဟာ ! မီးငယ်ကို မင်း"
ရုတ်တရက်မြင်လိုက်ရတာမို့ ကြက်သေသေနေတဲ့ နှစ်ယောက်ကြောင့် မီးငယ်ကိုယ်လေးကို စောင်ဖြင့်လုံးထွေးလိုက်မိသည်။
"ထင်လင်းသိုက် ! မင်း ! မဟုတ်မှ ဒီကလေးကိုမင်း"
"ကိုယ်မမှတ်မိဘူး"
"ဘာ ! အဲ့တာဆို မီးငယ်ကတစ်ညလုံး မင်းနဲ့ဒီပုံစံအတိုင်း။မဟုတ်ဘူးမလား... ကလေးကို
မင်းဘာလုပ်လိုက်တာလဲထင်လင်းသိုက်"
"မင်းသန့် အေးဆေးမေးပါကွာ။စိတ်ကိုအေးအေးထားစမ်းပါ"
"ငါ-ိုးလိုထားရမှာလား။ကလေးကို...ဒီကောင်က ကလေးကို"
လက်ညိုးထိုးကာ ဆက်မပြောနိုင်ဖြစ်နေတဲ့ မင်းသန့်ကိုကြည့်ရင်း ထင်လင်းသိုက်ကိုယ်တိုင်ကလည်း ဘာလုပ်သင့်လဲတွေးမရအောင်ဖြစ်နေ၏။စောင်မရှိတဲ့နေရာမှာ မြင်နေရတဲ့ မီးငယ်ရဲ့ပခုံးသားဖွေးဖွေးလေးတွေကြောင့် သူ့စိတ်တွေ ခြောက်ခြားကာ အာရုံစုစည်းမရတော့ပါ။
To Be Continue .... Part - 60
Zawgyi
အပိုင္း (၅၉)
မီးေရာင္စုံတစ္လက္လက္ၾကားမွာ ေမာ္ဒယ္တစ္ေယာက္ၿပီးတစ္ေယာက္ေလွ်ာက္ေနသည့္ ရွိုးပြဲေတြကို ဘယ္တုန္းကမွစိတ္မဝင္စားခဲ့ေပမဲ့ အခုေတာ့ မီးငယ္အတြက္ေရာက္လာရၿပီ။အခန္းသီးသန့္ယူထားတဲ့ ကေလးက အဝတ္အစားလွဲေနတာမို႔ ထင္လင္းသိုက္အဖို႔ ဝင္ၾကည့္ရန္ကလည္းမသင့္ေတာ္တာမို႔ ပြဲက်င္းမမည့္ခန္းမထဲမွာသာ။
၁၅မိနစ္ေလာက္ၾကာမွ သူ႕ေဘးကခုံကိုဂေရစ့္ေရာက္လာသည္။သူ႕ထံႏႈတ္ဆက္လာတာမို႔ ေခါင္းညိမ့္ကာအသိျပဳလိုက္၏။အရင္ပြဲေတြတုန္းက မီးငယ္ကို ပြဲတတ္ခြင့္မျပဳတာမို႔ အခုပြဲမွာ တတ္ခြင့္ျပဳတာကို ဂေရစ့္ကဝမ္းသာေနတယ္လို႔လည္း မီးငယ္ဆီကၾကားထားရသည္။
အရင္ကခ်ဳပ္ခ်ယ္ခဲ့ရတဲ့အေၾကာင္းအရင္းကို သိတဲ့လူေတြက ထင္လင္းသိုက္၊မင္းသန့္နဲ႕နဂါးသာ။ ပထမအႀကိမ္ မီးငယ္ရွိုးေလွ်ာက္တုန္းက ေၾကာ္ျငာတစ္ခုအတြက္လာကမ္းလွမ္းခံခဲ့ရဖူးသည္။ဒါကို မီးငယ္ကမသိပဲ ပြဲစီစဥ္သူထံသာဆက္သြယ္ခဲ့တာမို႔ ထိုစီစဥ္သူနဲ႕ ရင္းႏွီးတဲ့ နဂါးကအရင္သိခဲ့ျခင္း။ငယ္႐ြယ္လြန္းတဲ့ ကေလးကို စပြန္ဆာသေဘာနဲ႕ကမ္းလွမ္းခဲ့တာမို႔ ထိုစဥ္ကစၿပီး မီးငယ္ကိုရွိုးမေလွ်ာက္ဖို႔ သူတားျမစ္ခဲ့ျခင္းသာ။ၿပီးေတာ့ သူမအေမလိုမ်ိဳးသ႐ုပ္ေဆာင္တစ္ေယာက္မျဖစ္ေစခ်င္တဲ့ သူ႕ရဲ႕အတၱေၾကာင့္ေရာေပါ့။
သို႔ေသာ္ အခုေတာ့ သူ႕ရဲ႕မီးငယ္ဟာ အ႐ြယ္ေရာက္လာၿပီဆိုတာ လက္မခံခ်င္လည္းလက္ခံရေတာ့မည္။ အပ်ံသင္စအ႐ြယ္ေလးမို႔ ေဘးကေဖးကူကာ မီးငယ္ျဖစ္ခ်င္သမွ်၊အဆိုးအေကာင္းေ႐ြးခ်ယ္ေပးဖို႔၊
သူမေလးဆႏၵရွိသမွ် အေကာင္းဆုံးေထာက္ပံ့ေပးဖို႔ ေတြးထားျခင္းျဖစ္သည္။
တီ .. တီ
"အင္း မင္းသန့္"
"ဘယ္လိုလည္းပြဲစေနၿပီလား"
"အင္း"
"မီးငယ္အလွည့္က်ရင္ videoရိုက္ထားဖို႔၊ဓာတ္ပုံရိုက္ေပးဖို႔မေမ့နဲ႕ေနာ္ေဖ့သားေလး။မအားလို႔သာမလိုက္ရတာ ဖင္တႂကြႂကြျဖစ္ေနတာေဟ့"
"အင္း camera manငွားထားမို႔စိတ္မပူပါနဲ႕။ကိုယ္လည္း ရိုက္ေပးမွာပါ"
"လွလွေလးေနာ္"
"အင္း"
"ေသခ်ာေလးေနာ္ေဟ့ေကာင္"
"အင္း"
"ဒါဆိုလည္းစိတ္ခ်မယ္။ကေလးအလွည့္က်ရင္ ေရခဲေတာင္ႀကီးခ်ထားသလို ေတာင့္ေတာင့္ႀကီးထိုင္ေနမွာဆိုးလို႔ သတိေပးတာ"
"အင္း"
"ဒီအင္းနဲ႕ပဲ ေ-သမွာမင္း"
ခပ္ႀကိတ္ႀကိတ္ဆဲဆိုသံကဖုန္းထဲကေန ပီပီသသႀကီးထြက္လာတာေတာင္ ထင္လင္းသိုက္ၿပဳံးမိေသး၏။ ဒီပြဲကိုလိုက္ခ်င္သူကမင္းသန့္ျဖစ္ေပမဲ့ ညေနကမွ ေဆာ့ဝဲေရးဖို႔ အလုပ္လာအပ္တဲ့clientေၾကာင့္ လိုက္လာမရျခင္းသာ။
"ဒါဆို စိတ္ခ်မယ္ေနာ္ငါ့ေကာင္။ေနရာမွာျပန္လာထိုင္ရင္ ေရခြက္အဆင္သင့္ခ်ထားေပးဖို႔လည္း ေမ့မေနနဲ႕အုံး"
"ေရေႏြးကိုအေအးခံၿပီးခ်ေပးထားရမယ္။towel၊ႏႈတ္ခမ္းနီ၊fanအေသး ယူထားရမယ္။ကိုယ္အားလုံးသိပါတယ္"
"ေမ့မွာဆိုးလို႔ပါကြာ"
"မီးငယ္နဲ႕ပတ္သက္ၿပီး ကိုယ္ေမ့တာမ်ိဳးႀကဳံဖူးလို႔လား"
"ေအးပါအေဖရယ္။အေဖကသာ အေဖ့သမီးေလးကို အခ်စ္တတ္ဆုံးမွန္းသိပါၿပီအေဖရဲ႕။ဒါျဖင့္လည္းၿပီးေရာ ... မိုးအေျခအေနလည္းသိပ္မေကာင္းေတာ့ ေစာေစာျပန္လာက်ေနာ္။ငါဖုန္းခ်ၿပီ"
"ခဏ"
"ေအး ဘာျဖစ္လို႔လည္း"
"ေနေကာင္းလား"
"ဟမ္ ! "
"မင္းနဲ႕နဂါး ႏွစ္ေယာက္စလုံးေနေကာင္းလား။တစ္ခုခုျဖစ္ေနတာရွိလား"
"ငါေတာ့ေနေကာင္းတာမွ အလန္းႀကီး။ဟိုေကာင္ေတာ့မသိဘူး အခန္းတံခါးပိတ္ၿပီးထြက္မလာဘူး။ သိခ်င္မင္းဖာသာဖုန္းဆက္ေမး"
"အင္း ရၿပီ"
"ဘာေတြေမးမွန္းလည္းမသိဘူး။ဒါပဲ..."
ဟိုဖက္ကစိတ္ျမန္လက္ျမန္နဲ႕ဖုန္းခ်သြားသည့္တိုင္ ထင္လင္းသိုက္ဖုန္းကိုကိုင္ထားဆဲျဖစ္သည္။
သို႔ေပမဲ့ စဥ္ေပၚက ဂေရစ့္ရဲ႕မိတ္ဆက္သံေၾကာင့္ သူ႕အာ႐ုံေတြက စင္ေပၚဆီသို႔...
"Miss Rachel ပဲျဖစ္ပါတယ္"
ေျဖာင္း...ေျဖာင္း...ေျဖာင္း...
မီးငယ္နာမည္ကိုမိတ္ဆက္လိုက္သည္ႏွင့္ ဆူညံသြားေသာလက္ခုပ္သံေတြၾကား ထင္လင္းသိုက္ကိုယ္တိုင္ ပါဝင္အားျဖည့္၏။
ထိုစဥ္ စင္ေပၚသို႔ အညိုေရာင္နတ္ဖုရားမေလးေရာက္သလို ႂကြ႐ြတဲ့ေျခလွမ္း၊သြယ္လ်လွပတဲ့ ကိုယ္ေနဟန္ထားကိုေပၚလြင္ေစတဲ့ ဝတ္စုံနဲ႕အတူ သူ႕ရဲ႕မီးငယ္ကလွနိုင္လြန္းသည္။ႏႈတ္ခမ္းဖူးဖူးေလးေတြက ႏွစ္သက္ဖြယ္ေကာင္းေအာင္ မပြင့္တပြင့္ေလးၿပဳံးကာ အကုန္လုံးကိုေဝွ႕ၾကည့္သြားတဲ့ အၾကည့္ေတြက
ညို႔အားျပင္းတာမို႔ သူမ်က္ႏွာလႊဲမိလိုက္၏။
လွသည္၊စြဲမက္ဖြယ္ေကာင္းတာမို႔ ပရိတ္သတ္ေတာ္ေတာ္မ်ားမ်ားအၾကည့္ေတြက စင္ေပၚက ကေလးမေလးထံမွာ။ကင္မရာမီးေတြၾကား တစ္ခ်က္ကေလးေတာင္ပုံစံပ်က္မသြားပဲ မပြင့္တပြင့္ေလးၿပဳံးကာ ကိုယ္လုံးေလးကိုလွည့္ျပလိုက္ေသးသည့္ ထိုကေလး။စင္ေပၚစတတ္လာကတည္းက လက္ခုပ္သံေတြက သူမစင္ေအာက္ျပန္ဆင္းလာတဲ့အထိ ဆူညံေနဆဲျဖစ္တာဟာ သူမအလွည့္က်မွ...။
ဖုန္းထုတ္ကာ ဓာတ္ပုံရိုက္ယူေနက်တာေတြကေရာေမာ္ဒယ္ျဖစ္တဲ့ မီးငယ္ကိုလား ဒါမွမဟုတ္ မီးငယ္ဝတ္ျပတဲ့ဝတ္စုံကိုလား။ဖြက္ထားခ်င္ေလာက္ေအာင္ထိ ႏွေျမာတြန့္တိုလာတာမို႔ အကုန္လုံးကို လ်စ္လ်ဴရႉပစ္လိုက္သည္။
"ကိုလင္းသိုက္ ။ ေရခ်ယ့္အလွည့္ၿပီးၿပီဆိုေတာ့ အဝတ္အစားလွဲၿပီး ဒီျပန္လာမယ္ထင္တယ္"
"ကိုယ္သိတယ္ဂေရ႕စ္"
"ရွင္ ! ဟုတ္ကဲ့"
မီးငယ္နဲ႕ပတ္သက္ရင္ သူေမ့တာမရွိဘူး။မီးငယ္အေၾကာင္း အားလုံးထပ္သူကပိုသိတာကိုေတာင္..သူ႕ထံ မီးငယ္အေၾကာင္းလာေျပာျပေနတဲ့ ဂေရ႕စ္နဲ႕ မင္းသန့္ကို ေဒါသထြက္မိျပန္ၿပီ။အခန္းရဲ႕အဲကြန္းကလည္း အခုမွ ပူတာမို႔ လည္ပင္းကneck-tieကိုေျဖေလ်ာ့ထားရ၏။
::::::::::::::
ဖုန္းေျပာၿပီးတာနဲ႕ေရဆာလာတာမို႔ မင္းသန့္စိတ္ညစ္လာသည္။ေအာက္ထပ္မွာ ဂုဏ္နဂါးရွိေနတာမို႔ ေအာက္ထပ္လည္းမဆင္းခ်င္ပါ။ၾကမ္းတုန္းက ၾကမ္းၿပီး မ်က္ႏွာပူသည္။ၿပီးေတာ့ သူကေယာက်ာ္းတစ္ေယာက္ကိုမခ်စ္ဘူး။မခ်စ္တာမို႔ နဂါးကိုမ်က္ႏွာခ်င္းမဆိုင္ခ်င္ပါ။
"ဒါေပမဲ့ ငါဘာေတြလုပ္မိတာလည္းကြာ"
မေသမသပ္ဆံပင္ေတြကိုဆြဲဖြလိုက္ရင္း သူ႕ကိုယ္သူ အလိုမက်ျဖစ္ရေပမဲ့ ေအာက္ထပ္ကိုေတာ့ ဆင္းလာခဲ့တာပင္။
သို႔ေသာ္မင္းသန့္ထင္ထားသလိုမဟုတ္ပဲ ဂုဏ္နဂါးက မီးဖိုခန္းမွာရွိမေန။open kitchenမို႔ အထဲကိုၾကည့္လိုက္ေသာ္လည္း လူကရွိမေနတာမို႔ ဇေဝဇဝါျဖစ္ရ၏။
"မင္းသန့္"
"ငါ-ိုး .. လန့္လိုက္တာကြာ"
"ဟင္းေတြေႏြးေပးထားတယ္"
"ဘာကိုလည္း"
"မင္းညေနစာမစားဘူးမလား။စားလိုက္အုံး။ ခုနကမွျပန္ေႏြးေပးထားတာ"
"ဂုဏ္နဂါး ... မင္း အခုဘာအခ်ိဳးခ်ိဳးတာလည္း"
"မင္းေျပာတာ ငါနားမလည္ဘူး"
"ငါ့ကိုလ်စ္လ်ဴရႉထားရမွာေလ။မင္းလည္ပင္းက ဒဏ္ ရာေၾကာင့္ ငါ့ကိုစိတ္မဆိုးဘူးလား။စိတ္ဆိုးရမွာကြ"
သူ႕လည္ပင္းသူျပန္ကိုင္ရင္း ၿပဳံးလာတဲ့ဂုဏ္နဂါးဟာ မင္းသန့္အဖို႔နားမလည္နိုင္တဲ့ ပုစာၦတစ္ပုဒ္ပင္။
"ဘာလို႔စိတ္ဆိုးရမွာလည္း။မင္းကမွ စိတ္မမွန္တာ"
"မင္း ေလွလံႏွစ္ဖက္နင္းေနတာလား"
"ဘာအတြက္လည္း"
"နင္းမယ္ဆိုရင္ေတာင္ ေမာင့္ဖက္ကိုပိုပိုသာသာေလးနင္း။မဟုတ္ရင္ ႏွစ္ေယာက္လုံးကိုသ-တ္ပစ္မွာ"
"ေျပာေနရင္းထေဖာက္ျပန္ၿပီ။စတိုင္းမေကာင္းဘူးကြ ဒီအသက္အ႐ြယ္ပဲေရာက္ေနၿပီ ဒါေတြနားမလည္ဘူးလား"
"ေတာ္ၿပီ ထမင္းစားေတာ့မယ္"
"ၿပီးတာပဲ ။ စားၿပီး မင္းအလုပ္လုပ္မွာမလား။ အိပ္ခ်င္မွာဆိုးလို႔ မက္မန္းသီးသုပ္ေပးထားတယ္။ေရခဲေသတၱာထဲမွာ"
အရင္ကလည္းဒါမ်ိဳးလုပ္ေပးေနက်ဆိဳေပမဲ့ ဒီတစ္ခါေတာ့ မင္းသန့္ၿပဳံးေမာင္ရဲ႕အေတြးေတြကအရင္ကလို မေတြးနိုင္ေတာ့ပါ။ဂုဏ္နဂါးက သူ႕ကိုေလွလံႏွစ္ဖက္နင္းေနတာလို႔ပဲထင္သည္။
::::::::::::
"အန္ကယ္"
ခြၽဲႏြဲ႕စြာေခၚလာတဲ့အသံခ်ိဳခ်ိဳေလးနဲ႕အတူ သူ႕ပခုံးေပၚေရာက္လာတဲ့လက္ေလးတစ္ဖက္...
"ထိုင္ေလမီးငယ္"
"အန္ကယ္ပ်င္းေနၿပီလား။ျပန္ခ်င္ၿပီလားဟင္"
"မီးငယ္လုပ္စရာရွိတာလုပ္ပါ။ကိုယ့္မွာအခ်ိန္ရွိတယ္"
"ဒါဆို ခဏထိုင္ေနအုံးေနာ္။ဟိုဖက္ဝိုင္းကသူငယ္ခ်င္းေတြ ဒီဖက္ေခၚလိုက္အုံးမယ္။ပေရာ္ဖက္ဆာႀကီးကို ရွိန္ေနက်လိဳ႕မလာရဲဘူးတဲ့ ဟီး။ေခၚလိုက္မယ္ေနာ္"
"အင္း"
"ခဏ ခဏပဲေစာင့္"
"ေျဖးေျဖးသြားမီးငယ္"
"ဟိုက္"
အိမ္ေနရင္းဂါဝန္ေလးျပန္လဲထားတဲ့မီးငယ္က အသိမိတ္ေဆြေပါတဲ့အျပင္ LGU ကသူငယ္ခ်င္းတခ်ိဳ႕ကပါပြဲလာတတ္တာမို႔ မိတ္ဆက္လို႔ၿပီးမွာမဟုတ္ေသးမွန္း သူသိထားသည္။
ထင္သည့္အတိုင္းပါပဲ သူတို႔ဝိုင္းနဲ႕ခပ္လွမ္းလွမ္းက သူမသူငယ္ခ်င္းေတြထိုင္ေနတဲ့ဘက္မွာ အဖြဲ႕က်ကာရယ္ေမာေနၿပီး ခဏေလာက္ၾကာမွ ဝိုင္တစ္ခြက္ကိုင္ကာ သူ႕ထံျပန္ေျပာင္းလာခဲ့၏။
"အန္ကယ္က ႐ုပ္တည္ႀကီးနဲ႕ဆိုေတာ့ ေၾကာက္လို႔ေနမွာ။ဘယ္လိုမွေခၚလို႔လည္းမရဘူး"
"ကိုယ္ေခၚေပးရမလား"
"အန္ကယ္ကလည္းေနာ္ ဟိုကေၾကာက္ပါတယ္ဆို တမင္ၿဖဲေျခာက္ျပေနသလိုျဖစ္ေနၿပီ။သိမ့္နဲ႕ျမတ္နိုးလည္းရွိေတာ့ ေနပါေစ"
"ဒါဆိုလည္းထိုင္ပါအုံး"
"ဟိုက္"
"ေပ်ာ္ရဲ႕လား"
"ဟင္ ! "
"ရွိုးပြဲလာရေတာ့ေပ်ာ္ရဲ႕လား"
"ဟိုက္ ေပ်ာ္တယ္။အန္ကယ္လိုက္လာေပးလို႔ ပိုၿပီးေပ်ာ္တာ"
"အင္း ဒါဆို ရခ်င္တဲ့ဝတ္စုံေရာရွိလား"
"ဟင့္အင္း"
"ေသခ်ာလား"
"ဟိုက္ လိုခ်င္တဲ့ဒီဇိုင္းမေတြ႕ထားေသးဘူး"
"ေတြ႕ရင္ေတာ့ ေျပာ။ကိုယ္လိုက္လာတာက မီးငယ္လိုခ်င္တာလိုက္လုပ္ေပးဖို႔ပဲ"
မလုံမလဲျဖင့္သာေခါင္းညိမ့္ျပရင္း ေရခ်ယ့္အၾကည့္ေတြက စားပြဲေပၚတင္ထားတဲ့ဝိုင္ခြက္ဆီကိုသာ...
"အန္ကယ္ ... အန္ကယ့္အတြက္ေသာက္စရာယူလာေပးတာ။ေရခ်ယ္ကအခ်ိဳရည္ပဲေသာက္ေတာ့မယ္"
"အင္း ေက်းဇူး"
"ရပါတယ္အန္ကယ္ကလည္း"
လက္တကာကာျဖင့္ေခါင္းခါျပရင္း ထိုဝိုင္ခြက္ကို အန္ကယ္ကိုင္လိုက္သည္ကိုသာၾကည့္ေနမိသည္။နဖူးက ေခြၽးစို႔လာသည္အထိ ေၾကာက္လန့္စိတ္ကရွိေနတာမို႔ ထိုဝိုင္ခြက္ဆီကအၾကည့္မလြဲနိုင္ေပ။
အန္ကယ့္အတြက္ဝိုင္ယူေပးရင္း ထိုဝိုင္ထဲ အိပ္ေဆးထည့္ယူလာတာမို႔ လိပ္ျပာမလုံျဖစ္ေနရသည္။
"အန္ကယ္ မေသာက္ဘူးလားဟင္"
"အင္း ကိုယ္တစ္ခုေတြးမိလို႔ပါ"
"ဘာႀကီးလည္းအန္ကယ္"
"အလုပ္ကိစၥပါကေလးရယ္။ေခါင္းထဲေရာက္လာလို႔"
ေျပာရင္းနဲ႕ ဝိုင္တစ္ခြက္လုံးကိုေမာ့ခ်လိဳက္ေတာ့မွ ေရခ်ယ္သက္ျပင္းခ်နိဳင္ေတာ့သည္။
"အလုပ္ကိစၥကအေရးႀကီးလို႔လားအန္ကယ္"
"စိုးရိမ္တတ္လိုက္တာကေလးရယ္။အေရးမႀကီးပါဘူး။ ေအးေဆးေနပါ ေနလို႔ရပါတယ္"
"အန္ကယ္ပ်င္းေနမွာဆိုးလို႔"
"ဒါျဖင့္ ရွိုးေလွ်ာက္ရတဲ့အေတြ႕အႀကဳံေလးေတြ ေျပာျပေပါ့"
"ဟိုက္ ေရခ်ယ္ဝတ္တဲ့ဝတ္စုံကိုအန္ကယ္ျမင္တယ္မလား။မဂေရစ့္ရဲ႕ဒီဇိုင္းေလ... အဲ့လိုမ်ိဳးကို ပြဲတတ္ဝတ္စုံခ်ဳပ္ခိုင္းခ်င္လို႔"
"မီးငယ္နဲ႕လိုက္တာပဲ။အင္း နဂါးကိုခ်ဳပ္ခိုင္းဖို႔ မွာေပးမယ္"
"ၿပီးေတာ့ အန္ကယ္ဓာတ္ပုံရိုက္ေပးထားလားဟင္"
"အင္း"
"အိမ္ေရာက္ရင္ျပေနာ္။အလွဆုံးပုံကိုေ႐ြးရမယ္"
"မီးငယ္ကဘာလုပ္ခ်င္လို႔လည္း"
"ေရခ်ယ္မဟုတ္ပါဘူး။အန္ကယ္နဂါးက frameထည့္ၿပီးထားခ်င္လို႔တဲ့။ၿပီးေတာ့ရွိေသးတယ္ အန္ကယ္တို႔အားတဲ့ရက္က်ရင္ family photoရိုက္ဖို႔သြားရေအာင္ေနာ္။အခုဧည့္ခန္းမွာထားတဲ့ပုံထပ္ လွေအာင္ရိုက္မွာ"
"အင္း"
"အဲ့ဒီပုံရိုက္တုန္းက ေရခ်ယ္ကဖ်ားေနလို႔ေလ။ ဖ်ားေနတဲ့အခါက်ေတာ့ မလွဘူး"
"မလွဘူးလို႔ ဘယ္သူကေျပာလည္း"
"ကိုယ့္ကိုယ္ကိုယ္သိလို႔ပါ"
"အင္း မီးငယ္စိတ္တိုင္းက်လဳပ္လို႔ရတယ္"
"အဲ့တာဆိုရင္ ဘဏ္မွာဓားျပတိုက္ရင္ေရာ"
"မီးငယ္စိတ္တိုင္းက်ျဖည့္စည္းေပးမွာဆိုေပမဲ့ မေကာင္းတာမ်ိဳးဆိုရင္ေတာ့ တားရမွာပဲ"
"ဟီး တကယ္လည္းမတိုက္ရဲပါဘူး"
သတၱိခဲေလးကပခုံးတြန့္ကာ ေၾကာက္သြားတဲ့ပုံစံေလးလုပ္ျပေနေပမဲ့ ထင္လင္းသိုက္မ်က္ႏွာေတြကဝါးလာသည္။နားထင္ေၾကာကိုဖိကာ ဝိုင္ကိုဆက္ေသာက္ရင္း မီးငယ္ေျပာသမွ် ေခါင္းညိတ္ေနရေပမဲ့ တေျဖးေျဖးေလးလံလာတဲ့ မ်က္ခြံေတြက မူမမွန္ေတာ့ပါ။
"အန္ကယ္ ေနမေကာင္းဘူးလား"
"အိမ္ျပန္ရေအာင္မီးငယ္"
"ဟင္ ! ေနမေကာင္းဘူးလား"
"အင္း ကိုယ္သိပ္ၿပီးေနမေကာင္းခ်င္လို႔"
"ဒါဆိုခဏနားမလားဟင္ ။ ေရခ်ယ္အခန္းယူထားတယ္ေလ...အဲ့မွာခဏနားမလား"
"မီးငယ္ကိစၥရွိေသးလို႔လား"
"ဟိုက္ မဂေရစ့္ဆီဝတ္စုံျပန္အပ္ရအုံးမွာ"
"ဒါဆို ကိုယ္ခဏနားေနခ်င္တယ္။လိုက္ပို႔ပါအုံးကေလးရယ္။ကိစၥေတြၿပီးတာနဲ႕ ဘယ္မွေလွ်ာက္မသြားပဲ ကိုယ့္ဆီျပန္လာခဲ့ရမယ္ဆိုတာ မေမ့ရဘူးေနာ္"
"ဟိုက္"
"ဒါဆို ကိုယ္သြားမယ္"
"အန္ကယ္အဆင္ေျပလား။တြဲရအုံးမွာလားဟင္"
"ေနပါေစကေလးရယ္။အဲ့ေလာက္လည္းမဟုတ္ပါဘူး"
ဆို၍ ခပ္ျမန္ျမန္ေလးခန္းမထဲကထြက္သြားတဲ့ အန္ကယ္ကိုၾကည့္ရင္း စိတ္မေကာင္းျဖစ္ရျပန္သည္။ အိပ္ေဆးပမာဏကပဲမ်ားသြားလို႔လားေနာ္။
သို႔ေပမဲ့ အန္ကယ့္ေနာက္ကိုလိုက္ၾကည့္မိဆဲပင္ ။ ေရခ်ယ္ကိုယ္တိုင္သီးသန့္ငွားထားတဲ့အခန္းထဲကို တည့္တည့္မတ္မတ္ဝင္သြားတာျမင္မွ သက္ျပင္းခ်ကာ နရံကိုမွီလိုက္၏။အခုလိုလုပ္ရပ္ေတြကမွန္ရဲ႕လား ေတြးမိတိုင္း ႏွလုံးသားကမွန္ကန္ေၾကာင္းျပေပမဲ့ ဦးေႏွာက္ကေတာ့ မွားေနေၾကာင္းအခ်က္ေပးသည္။
ဒါေပမဲ့လည္းအေရးအႀကီးဆုံးက ခ်စ္တဲ့သူကို ပိုင္ဆိုင္ထားဖို႔ပဲမဟုတ္ပါလား။ဘယ္နည္းနဲ႕ပဲျဖစ္ျဖစ္ ခ်စ္တဲ့လူအနားမွာသာ ေနခြင့္ရမယ္ဆိုရင္
႐ူးမိုက္တဲ့နည္းလမ္းျဖစ္ေနလည္း သူမ ႀကိဳးစားမွာပဲ။
::::::::::
မိုးလင္းလင္းခ်င္းဆတ္ခနဲလန့္နိုးလာတဲ့ ထင္လင္းသိုက္ကိုေစာင့္ႀကိဳေနတဲ့ျမင္ကြင္းက ေသြးပ်က္သည္အထိထိတ္လန့္ေစသည္။မေန႕ညပြဲမွာ အိပ္ခ်င္လာတာမို႔ မီးငယ္ယူထားတဲ့အခန္းထဲလာနားတယ္။ၿပီးေတာ့ သူအိပ္ေပ်ာ္သြားတဲ့...ေနာက္ထပ္ဘာေတြဆက္ျဖစ္ခဲ့က်တာလည္း။
"ဟာ !! "
ျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ ခႏၶာကိုယ္တစ္ခုလုံး ထုံက်င္သြားကာ ေသြးေၾကာေတြရပ္တန့္သြားသလား။ သူအသက္ရႈသံေတြမမွန္ခ်င္ေတာ့သည္မွာ သူ႕အေရွ႕မွာ ျမင္ေနရတဲ့ အျဖဴေရာင္ယုန္ေပါက္ေလးေၾကာင့္ျဖစ္မည္။
"မီးငယ္ ! မီးငယ္ ထပါအုံးကေလး။ကိုယ္..ကိုယ္ ညက"
ပခုံးေလးကိုလႈပ္နိုးလိုက္မွ သူသတိထားမိလိုက္တာဟာ မီးငယ္ရဲ႕ပခုံးသားျဖဴျဖဴေလးေတြ။ေစာင္အျဖဴေအာက္မွာ သူကိုယ္တိုင္ကလည္း အေပၚပိုင္းအဝတ္ဗလာက်င္းျဖစ္ေနတယ္ဆို... မီးငယ္ကေရာ။
"ကိုယ္ဘာေတြလုပ္မိတာလည္းကြာ"
ငယ္ငယ္ထဲကအႀကိမ္ေရမ်ားစြာေပြ႕ခ်ီလာဖူးေပမဲ့ ဒီတစ္ခါေတာ့ မီးငယ္ကိုေပြ႕ကာနိုးဖို႔သူတြန့္ဆုတ္ေနၿပီ။ဒီကေလးကို သူဘာေတြလုပ္မိၿပီလည္း။တစ္သက္လုံး ဒဏ္ရာမရွိေအာင္ေစာင့္ေရွာက္ေပးခ်င္တဲ့ကေလးကို သူဘာေတြမ်ား....
အေတြးမ်ားစြာနဲ႕အတူ ေခါင္းတစ္ခုလုံးထူပူလာကာ ေၾကာက္လန့္စိတ္၊ထိတ္လန့္စိတ္ေၾကာင့္ အ႐ူးတစ္ေယာက္လိုပင္။အျဖစ္အပ်က္ေတြက ျမန္လြန္းတာမို႔ဘာေတြျဖစ္သြားတာလည္း။ဘာဆက္လုပ္ရမလည္း၊စဥ္းစားမရေသးခင္ မီးငယ္ကိုယ္ေလးကတျဖည္းျဖည္းလြန့္လူးလာ၏။သို႔ေသာ္...
ဝုန္း...
အခန္းတံခါးကိုအားျပင္းျပင္းနဲ႕ကန္လိုက္တဲ့အသံနဲ႕အတူ အခန္းထဲဝင္လာခဲ့သည္မွာ မင္းသန့္နဲ႕ဂုဏ္နဂါးသာ။
"လင္းသိုက္ ... ေခြးေကာင္ မင္းတို႔ကိုတစ္ညလုံး လိုက္ရွာေနရတာ ..ဘာ ... ဒါ ... ဒါက ဘာေတြလည္း"
"ကိုယ္မွားသြားၿပီ"
"ဟာ ! မီးငယ္ကို မင္း"
႐ုတ္တရက္ျမင္လိုက္ရတာမို႔ ၾကက္ေသေသေနတဲ့ ႏွစ္ေယာက္ေၾကာင့္ မီးငယ္ကိုယ္ေလးကို ေစာင္ျဖင့္လုံးေထြးလိုက္မိသည္။
"ထင္လင္းသိုက္ ! မင္း ! မဟုတ္မွ ဒီကေလးကိုမင္း"
"ကိုယ္မမွတ္မိဘူး"
"ဘာ ! အဲ့တာဆို မီးငယ္ကတစ္ညလုံး မင္းနဲ႕ဒီပုံစံအတိုင္း။မဟုတ္ဘူးမလား... ကေလးကို မင္းဘာလုပ္လိုက္တာလည္းထင္လင္းသိုက္"
"မင္းသန့္ ေအးေဆးေမးပါကြာ။စိတ္ကိုေအးေအးထားစမ္းပါ"
"ငါ-ိုးလိုထားရမွာလား။ကေလးကို...ဒီေကာင္က ကေလးကို"
လက္ညိုးထိုးကာ ဆက္မေျပာနိုင္ျဖစ္ေနတဲ့ မင္းသန့္ကိုၾကည့္ရင္း ထင္လင္းသိုက္ကိုယ္တိုင္ကလည္း ဘာလုပ္သင့္လည္းေတြးမရေအာင္ျဖစ္ေန၏။ေစာင္မရွိတဲ့ေနရာမွာ ျမင္ေနရတဲ့ မီးငယ္ရဲ႕ပခုံးသားေဖြးေဖြးေလးေတြေၾကာင့္ သူ႕စိတ္ေတြ ေျခာက္ျခားကာ အာ႐ုံစုစည္းမရေတာ့ပါ။
To Be Continue .... Part - 60