Unicode
ဆေးရုံဆင်းခဲ့တဲ့နေ့ဆိုပေမဲ့ အိမ်ကြီးကပုံမှန်ထပ်ပိုပြီး တိတ်ဆိတ်နေသည်။ရေချယ်နဲ့အန်ကယ်သန့်က အပေါ်ထပ်မှာသာနေပြီး အန်ကယ်သိုက်နဲ့အန်ကယ်နဂါးက အောက်ထပ်မှာ။
"မီးငယ်"
"ဟိုက်"
"အပြင်သွားကျမလား"
"ဟိုက် သွားကျမလားဟင်"
"သဘက်ခါဂရေ့စ်ရဲ့ဖက်ရှင်ပွဲရှိတယ်ဆို။လိုတာတွေ သွားဝယ်မယ်လေ။ဟိုအမှိုက်လိုကောင်နှစ်ယောက်ကို စောင့်မနေနဲ့ ... သူတို့နှစ်ယောက်ကမအားဘူး"
"ဟိုက် အန်ကယ့်မှာပိုက်ဆံရှိလား"
"ရှိတယ်လေ။မီးငယ်ရချင်တာတော့ ဝယ်ပေးနိုင်ပါသေးတယ်"
"ရေချယ့်မှာမုန့်ဖိုးမရှိတော့လို့။အဲ့တာ အန်ကယ့်ဆီက ယူသုံးမယ်နော်"
"အိုက်ယားးချစ်စရာလေး။သုံးလို့ရပါတယ်
မီးငယ်ကလည်း။ဒါဆို အဝတ်အစားလဲပြီးထွက်ခဲ့"
"ဟိုက်"
ခပ်တိုးတိုးသာတိုင်ပင်ပြီး အန်ကယ်သန့်အခန်းထဲက ထွက်သွားတာနဲ့ သူမအဝတ်အစားလဲဖို့ပြင်သည်။ အိမ်ကိုရောက်လာကတည်းက
အန်ကယ်နဂါးရော အန်ကယ်သိုက်ပါ ဘာတွေအလုပ်ရှုပ်နေကျမှန်းမသိပေမဲ့ အန်ကယ်သိုက်ကိုတော့ ရေချယ်စိတ်ဆိုးနေတာအမှန်။ ဘယ်သူမို့ ရေချယ့်ကိုတောင် လေသံမာမာနဲ့ ပြောသွားရလည်းသိချင်ပေမဲ့ ဘာမှဆက်မမေးတော့ပဲ လျစ်လျူရှူထားရင်းဖြင့်သာနေလိုက်၏။
ရေချယ့်နည်းတူ အန်ကယ်သန့်ကလည်း
အန်ကယ်နဂါး မိန်းမယူမဲ့ကိစ္စကြောင့်စိတ်ဆိုးနေတာမို့ တိုင်ပင်မထားရပဲ နှစ်ယောက်တတွဲစီဖြစ်သွားသည်။
သို့သော် ဆက်တွေးမနေတော့ပဲ ခေါင်းကိုခါထုတ်ပြီး ရေချယ်အကြိုက်ဆုံးHello kittyလေးတွေပါတဲ့ အင်္ကျီအပွကိုဝတ်ကာ ဂျင်းအတိုအနက်လေးထဲ အင်္ကျီထည့်၍ဝတ်လိုက်သည်။ဆံပင်တွေကို ခပ်မြောက်မြောက်စု၍ အလယ်မှာစုထုံးကာ suncreamပါးပါးလိမ်းပြီး နဂိုနီနေတဲ့ နှုတ်ခမ်းလေးတွေကို ကာလာနည်းနည်းတင်ယုံဖြင့် ရေချယ့်ပြင်ဆင်မှုက
ပြီးလေပြီ။ အပြီးသတ်အနေနဲ့ ရွှေရောင်ကျောပိုးအိတ်လေးကိုလွယ်ပြီး အပြင်ကိုထွက်လိုက်တာနဲ့ အပေါ်ကိုတပ်လာတဲ့ အန်ကယ်သိုက်နဲ့တိုက်ရိုက်လာတိုးသည်။
"မီးငယ် ... ဘယ်သွားမလို့လဲကလေး"
"အပြင်"
"ဘယ်သူတွေနဲ့လဲ၊ဘာလုပ်သွားမှာလဲ"
ဒီတစ်ခါတော့ ရေချယ်ဘာမှမဖြေတော့ပဲ
ခေါင်းသာငုံ့ထားလိုက်သည်။
"ကိုယ်လည်းအပြင်သွားမလို့။မီးငယ်ကိုလိုက်ပို့ရမလား"
ထိုတော့မှ အန်ကယ့်လက်ထဲကကားသော့နဲ့ ပိုက်ဆံအိတ်ကိုသတိထားမိကာ ခေါင်းခါလိုက်၏။
"အန်ကယ်သန့်နဲ့သွားမှာ"
"မုန့်ဖိုးကရော။ယူသွားလေ"
"ဟင့်အင်း"
"ဘာလိုချင်လို့လဲ ကိုယ်ရောလိုက်ခဲ့ရမလား"
"မလိုဘူး"
"အင်း ဒါဆိုလည်း မုန့်ဖိုးတော့ယူသွားလေ။ လိုတာတွေ ဝယ်ခဲ့ပေါ့"
"မရချင်ဘူး"
"မဆိုးနဲ့မီးငယ်။ယူသွား... ဒီရက်ပိုင်းမုန့်ဖိုးလည်း ယူထားတာမရှိဘူး"
အနောက်မှာလွယ်ထားတဲ့ကျောပိုးအိတ်ထဲ ပိုက်ဆံထည့်ပေးဖို့လုပ်ပေမဲ့ မီးငယ်က သူ့လက်ကိုပုတ်ချသည်။ တစ်ချက်သာလှည့်ကြည့်ပြီး အောက်ကိုဆင်းသွားတာမို့ ထင်လင်းသိုက်မျက်နှာပျက်ရ၏။
မီးငယ် သူ့ကိုသိသိသာသာကြီးစိမ်းကားသွားတာပဲ။ ဟိုရက်က 'ဆုရည်နှင်း'ဆီကမက်ဆေ့ရောက်လာပြီးကတည်းက ဘယ်သူလည်းထပ်မမေးတော့ပဲ အေးစက်စက်ဖြစ်သွားတာကို သူသတိထားမိလိုက်သည်။
:::::::::::
ဘီယာပုလင်းကိုဘေးချ၍ကန်ဘောင်မှာထိုင်ရင်း ရေပြင်ကျယ်ကြီးကိုသာငေးနေမိသည်။မာမီပြောတဲ့ ဂေဟာကိုဖုန်းဆက်ကြည့်တော့ သူဟာတကယ်ပဲ မွေးစားဖို့ခေါ်သွားခံရတဲ့ကလေးတဲ့။မိဘအရင်းတွေက သေဆုံးသွားတာမို့ ဂေဟာကိုရောက်လာတာမို့ လီယိုဇေးမိဘအရင်းတွေကို မမြင်လိုက်ရ။
သူ့ရဲ့မိသားစုလို့သတ်မှတ်ထားရတဲ့လူတွေကလည်း အခုဆို သူ့ကိုမုန်းသွားပြီ။အိမ်ရိပ်တောင် အနင်းမခံတာမို့ ဘီယာချည်းပဲသူသောက်နေမိခဲ့မိတာ မမီကို ဖမ်းသွားတဲ့နေ့ကတည်းကပင်။
ရေပြင်ကိုဖြတ်ကာတိုက်ခတ်လာတဲ့လေထုက အေးမြပေမဲ့ သူ့ရင်တွေကတော့ပူနေသည်။ထို့ကြောင့် ဘီယာဘူးကို မော့သောက်လိုက်ပေမဲ့ ဘူးကသူ့ပါးစပ်နားမရောက်ခင် ဆွဲယူခံလိုက်ရ၏။
"ဟင် ! ချယ်လေး"
"ကိုဇေး အဲ့လိုသောက်နေလို့ရော စိတ်ညစ်တာပြေမှာလား။ပြေတယ်ဆို ရေချယ့်ကိုလည်းတိုက်"
"မဟုတ်တာ...ဆေးရုံကဆင်းကာစကို ဒါတွေသောက်လို့မရဘူးလေ။အစ်ကိုလွင့်ပစ်လိုက်မယ်နော့်"
"ဟိုက် ... ဒီမှာကြက်ကြော်နဲ့ကိုလာဝယ်လာတယ်။ စားရမယ်နော်... အန်ကယ်သန့် လာ လာ ဒါကိုဇေးပါလို့ ရေချယ်ပြောခဲ့သားပဲ"
"အစ်ကိိုသန့်ရောပါလာတာလား"
"အေးကွာ မင်းညီမနဲ့ကန်ဘောင်လာထိုင်တာ။ မင်းမှန်းမသေချာလို့ ဒီစပ်စုလေးကိုအရင်ကြည့်ခိုင်းတာ တကယ်မင်းဖြစ်နေတာပဲ"
"ဟို ကျွန်တော်လည်း"
"ထိုင်မယ်နော်"
"ဟုတ်ကဲ့ ထိုင်ပါဗျ"
မီးငယ်ကိုအလယ်မှာထားပြီး မင်းသန့်နဲ့လီယိုဇေးက ဘေးမှာထိုင်သည်။ထို့နောက် မီးငယ်လက်ထဲက ကြက်ကြော်ဘူးဆီမှ ကြက်ကြော်တစ်တုံးကိုယူကာ လီယိုဇေးထံပေးလိုက်၏။
"အေးဆေးပေါ့ကွာ။ရော့ ..."
ကိုလာဘူးကိုပါပေးပြီး မေးဆတ်ပြလိုက်တော့ ကိုဇေးက သူ့လက်ထဲကကြက်ကြော်ကိုယူသည်။
"ကိုဇေး စိတ်ညစ်နေလို့လား"
"အဲ့လိုလည်းမဟုတ်ပါဘူးချယ်လေးရယ်။အစ်ကိုက ဒီအတိုင်းပဲ"
"မင်းမိသားစုကြောင့်စိတ်ညစ်နေရင် ရင်ဖွင့်လို့ရတယ်။ နားထောင်ပေးမဲ့လူရှိတုန်း ပြောပါကွ"
"ကျွန်တော်ကအားနာလို့ပါ"
"တစ်ယောက်ယောက်ကိုပြောပြမှ မင်းရင်ထဲ ပေါ့သွားမှာပေါ့"
"ဟုတ်တယ် ကိုဇေးပြောလေ။ရေချယ်တို့ နားထောင်ပေးမယ်"
တရင်းတနှီးပြောလာတဲ့ ကိုသန့်နဲ့ချယ်လေးကိုကြည့်ရင်း ပြောပြသင့်မပြောပြသင့်ကိုတွေဝေနေ၏။ လီယိုဇေးမှာလည်း သူငယ်ချင်းတစ်ယောက်ရှိနေပေမဲ့ သူကလည်း
အလုပ်ကိစ္စနဲ့ဂျပန်ကိုရောက်နေတာမို့
ဘီယာကိုအဖော်ပြုနေစဥ် ဒီနှစ်ယောက်က ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာတာလေ။
"ရင်ဖွင့်လို့ရပါတယ်။အရင်က ပြဿနာတွေရှိခဲ့ပေမဲ့ မင်းနဲ့မှမဆိုင်တာ။မင်းရဲ့သဘောထားကိုလည်း ကိုယ်တို့ရှင်းရှင်းလင်းလင်းသိတာပဲ"
"ဒါနဲ့ ကိုသန့်နဲ့ချယ်လေးက ဒီကိုဘယ်လိုလုပ်ပြီး"
"ဒီကလေးလေ သဘက်ခါဂရေစ့်ရဲ့ဒီဇိုင်းပြပွဲမှာ ရှိုးလျှောက်ဖို့ရှိလို့ လိုတာလေးတွေဝယ်ပေးပြီး အိမ်မပြန်ချင်လို့ ကန်ဘောင်ဘက်လှည့်ထွက်လာတာ"
"သြော် ကိုလာဘူးက၃ဘူးဖြစ်နေလို့လေ"
"၂ဘူးကရေချယ့်အတွက်လေ ဟီး။အခုတော့ ကိုဇေးသောက်လိုက်တော့...ရေချယ်တိုက်တာ"
"ကျေးဇူးနော်ချယ်လေး"
"ဟိုက် ဟိုက် ရပါတယ်။စားသာစား"
"မီးငယ်က သူ့မုန့် သူများကိုကျွေးခဲတယ်ကိုဇေး မင်းတော့ကံကောင်းတာပဲ"
"ဟား ... တကယ်ကံကောင်းတာပေါ့ဗျာ"
၃ယောက်သားပြိုင်တူရယ်မိကာ ကြက်ကြော်စားရင်း ကိုလာသောက်ကာ အေးဆေးရှိနေကျ၏။ စကားတွေအများကြီးပြောကာ ရင်ဖွင့်သလို...နှစ်သိမ့်ပေးတဲ့ နှစ်ယောက်ကြောင့်လည်း စကားဝိုင်းကစည်ကားသည်။ ထို့နောက် ရယ်မောစရာများကိုပြောရင်း ထွက်လာတဲ့
ခပ်လွင့်လွင့်ရယ်သံတို့ဟာ လေထုအေးအေးနဲ့အတူ အဝေးသို့ပျံ့လွင့်နေလျက်.....
::::::::::
"သေချာရဲ့လား ဆုရည်နှင်း ။မင်း ဒီသတင်းကို ဘယ်ကရလာတာလဲ"
"သေချာပါတယ်။ဆုက လန်ဒန်မှာကတည်းက ကိုသိုက်ဒယ်ဒီအတွက် သူတို့သတင်းကိုစုံစမ်းပေးနေကျ"
"ဒါဆို ခအိုတို့ကအခုမြန်မာပြည်မှာရောက်နေတာပေါ့။ ပြီးတော့ ဒီမြို့မှာပဲ"
"ခအိုတင်မဟုတ်ဘူး သိုက်။ယူအာကိုဆိုတဲ့ အမျိုးသမီးလည်းပါတယ်"
"ယူအာကိုက ဘယ်သူလဲ"
"ယူကီကိုရဲ့ မွေးစားညီမ။အရင်က ယူကီကို ကိုမွေးစားသမီးလို့ သတင်းလွင့်ခဲ့ပေမဲ့ တကယ့် သမီးအရင်းကသူလေ"
"ကိုယ်သိတယ်။ ဆက်ဆံသူကိုကာကွယ်ဖို့ သတင်းအမှားလွင့်ခဲ့ကျတာ"
"ဟုတ်တယ်။Lightစံအိမ်ရဲ့ မိသားစုအတွင်းရေးက သိပ်ပြီးရှုပ်ထွေးတာ... အခု ခအိုနဲ့အတူတူ ကလေးမကိုလိုက်ရှာနေတဲ့ ယူအာကိုကလည်း သူတို့Lightရဲ့ မွေးစားသမီးပဲ"
လေလိုင်းကတဆင့်ကြားနေရတဲ့အသံကြောင့် ထင်လင်းသိုက်ဦးနှောက်ကိုအလုပ်ပေးရပြီ။ခအိုဟာ မီးငယ်ကို အမွေလွဲပေးပြီး ဂျပန်ကစံအိမ်ကို ခေါ်သွားဖို့ဆိုရင် ယူအာကိုမှာရော ဘာရည်ရွယ်ချက်ရှိနေမလဲ။
"အန်ကယ်Lသိုက်အတွက် ဆု စုံစမ်းပေးထားရသလောက်ဆိုရင် ယူအာကိုက မကြာသေးခင်ကမှ ခအိုနဲ့ပူးပေါင်းသွားတာ။အဲ့ဒီမိန်းမက
အရင်က ယောကျာ်းတကာကိုမြူဆွယ်ပြီး
မကောင်းတာလုပ်စားတဲ့မိန်းမ"
"ယူအာကို မှာ ဘာရည်ရွယ်ချက်ရှိလဲ၊ သူ့နောက်ကြောင်းကဘာလဲ မင်းစုံစမ်းဖို့လိုပြီ ဆုရည်နှင်း"
"အဲ့ဒီကိစ္စကြောင့် အခု ဆုလည်းဂျပန်ရောက်နေတာ။ ဒီကသတင်းရတာနဲ့ မြန်မာပြည်လာခဲ့တော့မှာ။ အန်ကယ်က သူ့မြေးမလေးအနားနေပေးဖို့ ဆုကို အလုပ်ပေးထားတယ်လေ"
ထင်လင်းသိုက်မျက်မှောင်ကျုံမိ၏။ဒယ်ဒီဟာ ဘာလုပ်ဖို့ကြံနေတာလဲ...အရင်ကတော့ မီးငယ်ကို ဂရုမစိုက်ခဲ့ပဲ အခုမှ။ပြီးတော့ ဆုရည်နှင်းကို သူတို့အိမ်မှာ လာနေခိုင်းတဲ့ကိစ္စကထင်သလောက်မှ မရိုးရှင်းတာ။
"ကိုယ်ပြောပြီးပြီလေ ဆုရည်နှင်း။မင်း ဒီမှာလာနေလို့ မရဘူး။ဂျပန်မှာစုံစမ်းတာသိပြီးရင် လန်ဒန်ကို ပြန်လို့ရပြီ"
"ဒါပေမဲ့ အန်ကယ်Lသိုက်က နေခိုင်းတာပဲ ဆုလည်းမငြင်းရဲဘူး"
"ကိုယ်ဒယ်ဒီ့ကိုပြောမယ်"
"ကောင်းပြီလေ။ဒါဆို မကြာခင်အချိန်မှာ ကိုသိုက်ဆီ သတင်းပို့နိုင်အောင်ကြိုးစားပါမယ်"
"အင်း ကိုယ်မင်းကိုမျှော်နေပါ့မယ်"
ဖုန်းကိုချပြီး လက်တော့ပ်ကိုဖွင့်ကာ ယူအာကိုရဲ့ အချက်အလက်တစ်ချို့ကို ကြည့်နေပေမဲ့ ထင်လင်းသိုက်မသိလိုက်တာက အခန်းတံခါးဝမှာရပ်နေတဲ့ သူ့ကလေးကိုပင်။
နှုတ်ခမ်းအိအိလေးတွေကိုဖိကိုက်ကာ လက်သီးဆုပ်ထားတဲ့ ထိုကလေးမလေးက 'ကိုယ်မင်းကိုမျှော်နေပါ့မယ်'ဆိုတဲ့စကားတစ်ခွန်းကိုသာ ကောင်းကောင်းကြားလိုက်ရလေသည်။
:::::::::::
ခြံထဲကဒန်းပေါ်မှာထိုင်ရင်း နှင်းဆီဝါတစ်ပွင့်ကို ခြွေကာ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်မိ၏။
ရေချယ်က တကယ်ပဲ အန်ကယ့်ကိုချစ်နေပြီလား။မွေးစားထားတာမို့ သံယောဇဥ်တွယ်တာမဟုတ်ပဲ လင်ယောကျာ်း၊အိမ်ထောင်ဖက်လိုမျိုးချစ်မိနေပြီလား တွေးမိတော့ သေချာကြောင်းစာသာအဖြေထွက်လာသည်။
အထင်မှားတာမဟုတ်ပဲ တကယ့်ကိုချစ်မိနေတာလို့ တွေးမိလိုက်တော့ အဆုံးရှုံးမခံချင်တဲ့စိတ်ကပါ ကပ်ပါလာသည်။ရေချယ့်မှာမိဘတွေမရှိဘူး။ အားကိုးရမဲ့သူ၊တွယ်တာရမဲ့သူက အန်ကယ်ပဲရှိတာ။ ပြီးတော့ အန်ကယ်ကအိမ်ထောင်မပြုဘူးလို့မှ ပြောလို့မရတာ၊တကယ်လို့သာ အိမ်ထောင်ပြုသွားခဲ့ရင် မာမီနဲ့ဒယ်ဒီ့လိုမျိုးပဲ အန်ကယ့်ကိုလည်းဆုံးရှုံးရမှာပေါ့။
ဖွင့်ပြောရင်လည်း အန်ကယ်ကလက်ခံမှာမဟုတ်ဘူး။ဒါပေမဲ့ ရေချယ်သာအန်ကယ့်ကိုမပိုင်ထားရင် တစ်နေနေ့မှာ အန်ကယ့်ကိုဆုံးရှုံးရမှာ...
Nothing gonna change my love for you...
"အာ ... shit "
ဖုန်းသံကိုလန့်သွားမို့ ပါးစပ်ကလွတ်ခနဲထွက်သွားပေမဲ့ ဖုန်းခေါ်နေသူက မဂရေစ့်။ထို့ကြောင့် ရေချယ့်မျက်နှာလေးကပြုံးသွားကာ ဖုန်းကိုချက်ချင်းကိုင်သည်။
"မဂရေ့စ် ဘာကိစ္စရှိလဲဟင်"
"ပွဲကို ရေချယ်တကယ်လာမှာပါနော်"
"ဟိုက်"
"ဒါဆို ဝတ်စုံပြန်စစ်ချင်လို့။အစ်မအားဆေးလေးက ထူးထူးခြားခြားလာပေးတာမလား"
"ဟီး မဂရေစ့်ကလည်း။ရေချယ်က အမြဲလာချင်တာပါ။အန်ကယ်တို့က အခုမှခွင့်ပြုပေးလို့"
"အေးဆို အစ်မလည်းအဲ့တာထူးဆန်းနေတာ။ အရင်ကဆို ကိုသန့်နဲ့ကိုနဂါးကခွင့်ပြုတာပဲရှိတာ အခုတော့ ကိုသိုက်ကပါခွင့်ပြုတယ်ဆိုတော့လေ..ရေချယ့်ကို စိတ်ချသွားပြီထင်တယ်။တစ်ခုခုပဲ"
"ဘယ်လိုတစ်ခုခုလဲဟင်"
"သြော် အရင်ကဆိုရင် ရေချယ့်ကိုစိတ်မချပဲ
တကောက်ကောက်လိုက်နေတဲ့သူက အခုစိတ်ချပြီဆိုတော့။အင်း... သူလည်းအိမ်ထောင်ပြုတော့မှာမို့ ရေချယ့်ကိုလည်းလွတ်ပေးလိုက်တာဖြစ်နိုင်တယ်"
"ဟာ ! အဲ့လိုတော့မဟုတ်လောက်ပါဘူး"
"အမယ် ရေချယ်ကမသိလို့။စီးပွားရေးလောကမှာဆို ကိုထင်လင်းသိုက်ကနာမည်ကြီးပဲ။သားမက်တော်ချင်တဲ့လူတွေများပေါ့လို့ ... အဲ့ထဲကတစ်ယောက်ယောက်နဲ့ ဖြစ်နေနိုင်တာပဲ။ရေချယ့်အန်ကယ် အမှုအယာပျက်တာမျိုးရှိလား"
တကယ်လည်းရှိနေတာမို့ ရေချယ်ပါးစပ်ပိတ်သွား၏။ မဂရေ့ပြောတာလည်းဖြစ်နိုင်တာပဲ။ရေချယ်ဝါသနာပါတာကို ခွင့်ပြုနေတဲ့ အန်ကယ်က ရေချယ့်ကိုပစ်ထားဖို့ဆိုတာ မဖြစ်န်ိုင်တဲ့ကိစ္စမှမဟုတ်တာကြီးကို။ သူအိမ်ထောင်ပြုတာကို တားမှာဆိုးလို့ အန်ကယ်အခုလိုသဘောကောင်းနေတာလားတွေးရပြီ။
"ရေချယ် အဆင်ပြေလား။တိတ်သွားတာပဲ"
"ပြေတယ် မဂရေ့စ်"
"ဒါဆိုရင် အစ်မလည်းဝတ်စုံတွေပြန်စစ်ဖို့ရှိလို့ ဒီလောက်နဲ့ပဲ ဖုန်းချတော့မယ်နော်"
"ဟိုက်"
မဂရေ့စ်ကဖုန်းချသွားပေမဲ့ ရေချယ်ကတော့ တစ်ယောက်ထဲအတွေးများနေပြီ။အန်ကယ်က သူ့အိမ်ထောင်ပြုမှာမို့ သူမကိုစိတ်မပူတော့တာလား။
သို့သော်ခပ်ကြာကြာမတွေးလိုက်ရသေးခင်
အန်ကယ်အိမ်ထဲကထွက်လာသည်။ခြံထဲကိုကြည့်လာပြီး ရေချယ့်ကိုမြင်တာနဲ့ ပြုံးကာ
ဒန်းရှိရာကိုတန်းတန်း
မတ်မတ်ကြီးရောက်ချလာလေရဲ့...
"မီးငယ် ဘယ်တွေသွားနေတာလဲ။ထမင်းစားဖို့ အခန်းထဲမရှိတော့ စိတ်ပူသွားတာ"
"အပြင်မှာပဲနေချင်လို့"
"ဘာတွေမကြည်နေတာလဲ ပြောပါအုံး။မနက်က မင်းသန့်နဲ့အပြင်သွားတာ လိုတာတွေအကုန်ရခဲ့လား"
"ဟိုက် ရခဲ့ပါတယ်"
"အင်း ဒါဆိုပြီးတာပါပဲ။ထမင်းစားရအောင်လေ"
"ဗိုက်မဆာဘူး အန်ကယ်တို့စားနှင့်"
"တစ်ခုခုကိုစိတ်ဆိုးနေလို့လား။မီးငယ်မှာ ကိုယ့်ကို ပြောစရာရှိနေလား"
"မရှိပါဘူး"
"တကယ်လားမီးငယ်။တစ်ခုခုဖြစ်နေတာ သေချာပါတယ်"
မီးငယ်ကခေါင်းခါတာမို့ သူမနေသာတော့။ဒန်းပေါ် ဝင်ထိုင်ကာ မီးငယ်ကိုဖက်လိုက်ရင်း...
"အင်း တစ်ခုခုဖြစ်နေတာပဲ"
ပြန်ဖက်မလာတာမို့ မီးငယ်စိတ်ဆိုးနေတာကို တပ်အပ်သိရသည်။သူကသာဖက်ထားရင်း ဆံပင်လေးကို ထိုးဖွနေပေမဲ့ မီးငယ်ကတော့ခပ်ငြိမ်ငြိမ်လေးပင်။
"ဟိုနေ့က မက်ဆေ့ပို့တာ ကိုယ်နဲ့အလုပ်အတူလုပ်နေတဲ့သူလေ။သူက အခုဂျပန်မှာ"
"မိန်းမလား"
"အင်း"
"သူ့ကို အန်ကယ်သဘောကျလား"
"အလုပ်လုပ်တာပိရိပြီးတိကျတဲ့သူမို့ သဘောမကျစရာတော့မရှိပါဘူး။မီးငယ် ဘာဖြစ်လို့လဲ"
"အန်ကယ်က ရေချယ့်အပိုင်နော်"
"အင်း ဟုတ်တာပေါ့"
ရယ်သံသဲ့သဲ့နဲ့အဖြေကြောင့် အန်ကယ့်ကိုပြန်ဖက်လိုက်သည်။
"မထားခဲ့ရဘူးနော်"
"အင်း"
"မယုံပါဘူး ။ အန်ကယ်ကထားခဲ့တော့မှာမလား"
"ဟော့ မီးငယ်သိနေတာလား"
"ဟင် ! "
သူစနောက်သည်ကို တကယ်ထင်ကာ မီးငယ်က ကိုယ်ချင်းခွာသွား၏။ပြီးမှ ခပ်ထွေထွေစိုက်ကြည့်ကာ...
"တကယ်လား"
"စတာပါဗျာ"
"ဟင့်အင်း အန်ကယ်ကလိမ်တတ်တယ်"
"မီးငယ်ရယ်။ ကိုယ်မလိမ်ပါဘူး။ကဲပါ အချိန်လည်း မနည်းတော့ဘူး ထမင်းစားရအောင်ကလေး"
တွေဝေနေ၏။အန်ကယ်က စနောက်တတ်လို့လား။ ဒါဆို မဂရေ့စ့်ပြောတာမှန်နေပြီမို့
ဒီအတိုင်းနေလို့ မရတော့တာကို ဦးနှောက်ကAlarmပေးလေပြီ။
"အန်ကယ် ချီ"
"အင်း ကလေးလေးဆိုတော့ ချီရတာပေါ့"
ခြေထောက်ကနေသိမ်းပွေ့လာတဲ့အန်ကယ့်ကို ခွထားရင်း မျက်နှာလေးမဲ့ကာ နှုတ်ခမ်းတစ်ဖက်တွန့်ယုံပြုံးလိုက်၏။အန်ကယ့်လည်တိုင်ကိုဖက်တွယ်ကာ ချွန်မြမြသွားတွေက ထိုလည်တိုင်ဆီကို။
စိတ်ကျေနပ်သည်အထိကိုက်ပြီး အန်ကယ့်ပါးကိုပါ နမ်းတော့ အန်ကယ်ကခပ်အေးအေးပြုံးလျက်သာ။ထို့ကြောင့် နားရွက်ထိပ်အဖျားကိုကိုက်တော့ အသံတိုးတိုးလေးသာထွက်လာပြီး ရေချယ့်ကျောကို ပုတ်ပေးနေပြန်သည်။
To Be Continue .... Part - 57
Zawgyi
ေဆး႐ုံဆင္းခဲ့တဲ့ေန႕ဆိုေပမဲ့ အိမ္ႀကီးကပုံမွန္ထပ္ပိုၿပီး တိတ္ဆိတ္ေနသည္။ေရခ်ယ္နဲ႕အန္ကယ္သန့္က အေပၚထပ္မွာသာေနၿပီး အန္ကယ္သိုက္နဲ႕အန္ကယ္နဂါးက ေအာက္ထပ္မွာ။
"မီးငယ္"
"ဟိုက္"
"အျပင္သြားက်မလား"
"ဟိုက္ သြားက်မလားဟင္"
"သဘက္ခါဂေရ႕စ္ရဲ႕ဖက္ရွင္ပြဲရွိတယ္ဆို။လိုတာေတြ သြားဝယ္မယ္ေလ။ဟိုအမွိုက္လိုေကာင္ႏွစ္ေယာက္ကို ေစာင့္မေနနဲ႕ ... သူတို႔ႏွစ္ေယာက္ကမအားဘူး"
"ဟိုက္ အန္ကယ့္မွာပိုက္ဆံရွိလား"
"ရွိတယ္ေလ။မီးငယ္ရခ်င္တာေတာ့ ဝယ္ေပးနိုင္ပါေသးတယ္"
"ေရခ်ယ့္မွာမုန့္ဖိုးမရွိေတာ့လို႔။အဲ့တာ အန္ကယ့္ဆီက ယူသုံးမယ္ေနာ္"
"အိုက္ယားးခ်စ္စရာေလး။သုံးလို႔ရပါတယ္ မီးငယ္ကလည္း။ဒါဆို အဝတ္အစားလဲၿပီးထြက္ခဲ့"
"ဟိုက္"
ခပ္တိုးတိုးသာတိုင္ပင္ၿပီး အန္ကယ္သန့္အခန္းထဲက ထြက္သြားတာနဲ႕ သူမအဝတ္အစားလဲဖို႔ျပင္သည္။ အိမ္ကိုေရာက္လာကတည္းက အန္ကယ္နဂါးေရာ အန္ကယ္သိုက္ပါ ဘာေတြအလုပ္ရႈပ္ေနက်မွန္းမသိေပမဲ့ အန္ကယ္သိုက္ကိုေတာ့ ေရခ်ယ္စိတ္ဆိုးေနတာအမွန္။ ဘယ္သူမို႔ ေရခ်ယ့္ကိုေတာင္ ေလသံမာမာနဲ႕ ေျပာသြားရလည္းသိခ်င္ေပမဲ့ ဘာမွဆက္မေမးေတာ့ပဲ လ်စ္လ်ဴရႉထားရင္းျဖင့္သာေနလိုက္၏။
ေရခ်ယ့္နည္းတူ အန္ကယ္သန့္ကလည္း အန္ကယ္နဂါး မိန္းမယူမဲ့ကိစၥေၾကာင့္စိတ္ဆိုးေနတာမို႔ တိုင္ပင္မထားရပဲ ႏွစ္ေယာက္တတြဲစီျဖစ္သြားသည္။
သို႔ေသာ္ ဆက္ေတြးမေနေတာ့ပဲ ေခါင္းကိုခါထုတ္ၿပီး ေရခ်ယ္အႀကိဳက္ဆုံးHello kittyေလးေတြပါတဲ့ အကၤ်ီအပြကိုဝတ္ကာ ဂ်င္းအတိုအနက္ေလးထဲ အကၤ်ီထည့္၍ဝတ္လိုက္သည္။ဆံပင္ေတြကို ခပ္ေျမာက္ေျမာက္စု၍ အလယ္မွာစုထုံးကာ suncreamပါးပါးလိမ္းၿပီး နဂိုနီေနတဲ့ ႏႈတ္ခမ္းေလးေတြကို ကာလာနည္းနည္းတင္ယုံျဖင့္ ေရခ်ယ့္ျပင္ဆင္မႈက ၿပီးေလၿပီ။ အၿပီးသတ္အေနနဲ႕ ေ႐ႊေရာင္ေက်ာပိုးအိတ္ေလးကိုလြယ္ၿပီး အျပင္ကိုထြက္လိုက္တာနဲ႕ အေပၚကိုတပ္လာတဲ့ အန္ကယ္သိုက္နဲ႕တိုက္ရိုက္လာတိုးသည္။
"မီးငယ္ ... ဘယ္သြားမလို႔လည္းကေလး"
"အျပင္"
"ဘယ္သူေတြနဲ႕လည္း၊ဘာလုပ္သြားမွာလည္း"
ဒီတစ္ခါေတာ့ ေရခ်ယ္ဘာမွမေျဖေတာ့ပဲ ေခါင္းသာငုံ႕ထားလိုက္သည္။
"ကိုယ္လည္းအျပင္သြားမလို႔။မီးငယ္ကိုလိုက္ပို႔ရမလား"
ထိုေတာ့မွ အန္ကယ့္လက္ထဲကကားေသာ့နဲ႕ ပိုက္ဆံအိတ္ကိုသတိထားမိကာ ေခါင္းခါလိုက္၏။
"အန္ကယ္သန့္နဲ႕သြားမွာ"
"မုန့္ဖိုးကေရာ။ယူသြားေလ"
"ဟင့္အင္း"
"ဘာလိုခ်င္လို႔လည္း ကိုယ္ေရာလိုက္ခဲ့ရမလား"
"မလိုဘူး"
"အင္း ဒါဆိုလည္း မုန့္ဖိုးေတာ့ယူသြားေလ။ လိုတာေတြ ဝယ္ခဲ့ေပါ့"
"မရခ်င္ဘူး"
"မဆိုးနဲ႕မီးငယ္။ယူသြား... ဒီရက္ပိုင္းမုန့္ဖိုးလည္း ယူထားတာမရွိဘူး"
အေနာက္မွာလြယ္ထားတဲ့ေက်ာပိုးအိတ္ထဲ ပိုက္ဆံထည့္ေပးဖို႔လုပ္ေပမဲ့ မီးငယ္က သူ႕လက္ကိုပုတ္ခ်သည္။ တစ္ခ်က္သာလွည့္ၾကည့္ၿပီး ေအာက္ကိုဆင္းသြားတာမို႔ ထင္လင္းသိုက္မ်က္ႏွာပ်က္ရ၏။
မီးငယ္ သူ႕ကိုသိသိသာသာႀကီးစိမ္းကားသြားတာပဲ။ ဟိုရက္က 'ဆုရည္ႏွင္း'ဆီကမက္ေဆ့ေရာက္လာၿပီး ကတည္းက ဘယ္သူလည္းထပ္မေမးေတာ့ပဲ ေအးစက္စက္ျဖစ္သြားတာကို သူသတိထားမိလိုက္သည္။
:::::::::::
ဘီယာပုလင္းကိုေဘးခ်၍ကန္ေဘာင္မွာထိုင္ရင္း ေရျပင္က်ယ္ႀကီးကိုသာေငးေနမိသည္။မာမီေျပာတဲ့ ေဂဟာကိုဖုန္းဆက္ၾကည့္ေတာ့ သူဟာတကယ္ပဲ ေမြးစားဖို႔ေခၚသြားခံရတဲ့ကေလးတဲ့။မိဘအရင္းေတြက ေသဆုံးသြားတာမို႔ ေဂဟာကိုေရာက္လာတာမို႔ လီယိုေဇးမိဘအရင္းေတြကို မျမင္လိုက္ရ။
သူ႕ရဲ႕မိသားစုလို႔သတ္မွတ္ထားရတဲ့လူေတြကလည္း အခုဆို သူ႕ကိုမုန္းသြားၿပီ။အိမ္ရိပ္ေတာင္ အနင္းမခံတာမို႔ ဘီယာခ်ည္းပဲသူေသာက္ေနမိခဲ့မိတာ မမီကို ဖမ္းသြားတဲ့ေန႕ကတည္းကပင္။
ေရျပင္ကိုျဖတ္ကာတိုက္ခတ္လာတဲ့ေလထုက ေအးျမေပမဲ့ သူ႕ရင္ေတြကေတာ့ပူေနသည္။ထို႔ေၾကာင့္ ဘီယာဘူးကို ေမာ့ေသာက္လိုက္ေပမဲ့ ဘူးကသူ႕ပါးစပ္နားမေရာက္ခင္ ဆြဲယူခံလိုက္ရ၏။
"ဟင္ ! ခ်ယ္ေလး"
"ကိုေဇး အဲ့လိုေသာက္ေနလို႔ေရာ စိတ္ညစ္တာေျပမွာလား။ေျပတယ္ဆို ေရခ်ယ့္ကိုလည္းတိုက္"
"မဟုတ္တာ...ေဆး႐ုံကဆင္းကာစကို ဒါေတြေသာက္လို႔မရဘူးေလ။အစ္ကိုလြင့္ပစ္လိုက္မယ္ေနာ့္"
"ဟိုက္ ... ဒီမွာၾကက္ေၾကာ္နဲ႕ကိုလာဝယ္လာတယ္။ စားရမယ္ေနာ္... အန္ကယ္သန့္ လာ လာ ဒါကိုေဇးပါလို႔ ေရခ်ယ္ေျပာခဲ့သားပဲ"
"အစ္ကိိုသန့္ေရာပါလာတာလား"
"ေအးကြာ မင္းညီမနဲ႕ကန္ေဘာင္လာထိုင္တာ။ မင္းမွန္းမေသခ်ာလို႔ ဒီစပ္စုေလးကိုအရင္ၾကည့္ခိုင္းတာ တကယ္မင္းျဖစ္ေနတာပဲ"
"ဟို ကြၽန္ေတာ္လည္း"
"ထိုင္မယ္ေနာ္"
"ဟုတ္ကဲ့ ထိုင္ပါဗ်"
မီးငယ္ကိုအလယ္မွာထားၿပီး မင္းသန့္နဲ႕လီယိုေဇးက ေဘးမွာထိုင္သည္။ထို႔ေနာက္ မီးငယ္လက္ထဲက ၾကက္ေၾကာ္ဘူးဆီမွ ၾကက္ေၾကာ္တစ္တုံးကိုယူကာ လီ
ယိုေဇးထံေပးလိုက္၏။
"ေအးေဆးေပါ့ကြာ။ေရာ့ ..."
ကိုလာဘူးကိုပါေပးၿပီး ေမးဆတ္ျပလိုက္ေတာ့ ကိုေဇးက သူ႕လက္ထဲကၾကက္ေၾကာ္ကိုယူသည္။
"ကိုေဇး စိတ္ညစ္ေနလို႔လား"
"အဲ့လိုလည္းမဟုတ္ပါဘူးခ်ယ္ေလးရယ္။အစ္ကိုက ဒီအတိုင္းပဲ"
"မင္းမိသားစုေၾကာင့္စိတ္ညစ္ေနရင္ ရင္ဖြင့္လို႔ရတယ္။ နားေထာင္ေပးမဲ့လူရွိတုန္း ေျပာပါကြ"
"ကြၽန္ေတာ္ကအားနာလို႔ပါ"
"တစ္ေယာက္ေယာက္ကိုေျပာျပမွ မင္းရင္ထဲ ေပါ့သြားမွာေပါ့"
"ဟုတ္တယ္ ကိုေဇးေျပာေလ။ေရခ်ယ္တို႔ နားေထာင္ေပးမယ္"
တရင္းတႏွီးေျပာလာတဲ့ ကိုသန့္နဲ႕ခ်ယ္ေလးကိုၾကည့္ရင္း ေျပာျပသင့္မေျပာျပသင့္ကိုေတြေဝေန၏။ လီယိုေဇးမွာလည္း သူငယ္ခ်င္းတစ္ေယာက္ရွိေနေပမဲ့
သူကလည္းအလုပ္ကိစၥနဲ႕ဂ်ပန္ကိုေရာက္ေနတာမို႔ ဘီယာကိုအေဖာ္ျပဳေနစဥ္ ဒီႏွစ္ေယာက္က ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ႀကီးေရာက္လာတာေလ။
"ရင္ဖြင့္လို႔ရပါတယ္။အရင္က ျပႆနာေတြရွိခဲ့ေပမဲ့ မင္းနဲ႕မွမဆိုင္တာ။မင္းရဲ႕သေဘာထားကိုလည္း ကိုယ္တို႔ရွင္းရွင္းလင္းလင္းသိတာပဲ"
"ဒါနဲ႕ ကိုသန့္နဲ႕ခ်ယ္ေလးက ဒီကိုဘယ္လိုလုပ္ၿပီး"
"ဒီကေလးေလ သဘက္ခါဂေရစ့္ရဲ႕ဒီဇိုင္းျပပြဲမွာ ရွိုးေလွ်ာက္ဖို႔ရွိလို႔ လိုတာေလးေတြဝယ္ေပးၿပီး အိမ္မျပန္ခ်င္လို႔ ကန္ေဘာင္ဘက္လွည့္ထြက္လာတာ"
"ေၾသာ္ ကိုလာဘူးက၃ဘူးျဖစ္ေနလို႔ေလ"
"၂ဘူးကေရခ်ယ့္အတြက္ေလ ဟီး။အခုေတာ့ ကိုေဇးေသာက္လိုက္ေတာ့...ေရခ်ယ္တိုက္တာ"
"ေက်းဇူးေနာ္ခ်ယ္ေလး"
"ဟိုက္ ဟိုက္ ရပါတယ္။စားသာစား"
"မီးငယ္က သူ႕မုန့္ သူမ်ားကိုေကြၽးခဲတယ္ကိုေဇး မင္းေတာ့ကံေကာင္းတာပဲ"
"ဟား ... တကယ္ကံေကာင္းတာေပါ့ဗ်ာ"
၃ေယာက္သားၿပိဳင္တူရယ္မိကာ ၾကက္ေၾကာ္စားရင္း ကိုလာေသာက္ကာ ေအးေဆးရွိေနက်၏။ စကားေတြအမ်ားႀကီးေျပာကာ ရင္ဖြင့္သလို...ႏွစ္သိမ့္ေပးတဲ့ ႏွစ္ေယာက္ေၾကာင့္လည္း စကားဝိုင္းကစည္ကားသည္။ ထို႔ေနာက္ ရယ္ေမာစရာမ်ားကိုေျပာရင္း ထြက္လာတဲ့ ခပ္လြင့္လြင့္ရယ္သံတို႔ဟာ ေလထုေအးေအးနဲ႕အတူ အေဝးသို႔ပ်ံ့လြင့္ေနလ်က္.....
::::::::::
"ေသခ်ာရဲ႕လား ဆုရည္ႏွင္း ။မင္း ဒီသတင္းကို ဘယ္ကရလာတာလည္း"
"ေသခ်ာပါတယ္။ဆုက လန္ဒန္မွာကတည္းက ကိုသိုက္ဒယ္ဒီအတြက္ သူတို႔သတင္းကိုစုံစမ္းေပးေနက်"
"ဒါဆို ခအိုတို႔ကအခုျမန္မာျပည္မွာေရာက္ေနတာေပါ့။ ၿပီးေတာ့ ဒီၿမိဳ႕မွာပဲ"
"ခအိုတင္မဟုတ္ဘူး ကိုသိုက္။ယူအာကိုဆိုတဲ့ အမ်ိဳးသမီးလည္းပါတယ္"
"ယူအာကိုက ဘယ္သူလည္း"
"ယူကီကိုရဲ႕ ေမြးစားညီမ။အရင္က ယူကီကို ကိုေမြးစားသမီးလို႔ သတင္းလြင့္ခဲ့ေပမဲ့ တကယ့္ သမီးအရင္းကသူေလ"
"ကိုယ္သိတယ္။ ဆက္ဆံသူကိုကာကြယ္ဖို႔ သတင္းအမွားလြင့္ခဲ့က်တာ"
"ဟုတ္တယ္။Lightစံအိမ္ရဲ႕ မိသားစုအတြင္းေရးက သိပ္ၿပီးရႈပ္ေထြးတာ... အခု ခအိုနဲ႕အတူတူ ကေလးမကိုလိုက္ရွာေနတဲ့ ယူအာကိုကလည္း သူတို႔Lightရဲ႕ ေမြးစားသမီးပဲ"
ေလလိုင္းကတဆင့္ၾကားေနရတဲ့အသံေၾကာင့္ ထင္လင္းသိုက္ဦးေႏွာက္ကိုအလုပ္ေပးရၿပီ။ခအိုဟာ မီးငယ္ကို အေမြလြဲေပးၿပီး ဂ်ပန္ကစံအိမ္ကို ေခၚသြားဖို႔ဆိုရင္ ယူအာကိုမွာေရာ ဘာရည္႐ြယ္ခ်က္ရွိေနမလည္း။
"အန္ကယ္Lသိုက္အတြက္ ဆု စုံစမ္းေပးထားရသေလာက္ဆိုရင္ ယူအာကိုက မၾကာေသးခင္ကမွ ခအိုနဲ႕ပူးေပါင္းသြားတာ။အဲ့ဒီမိန္းမက အရင္က ေယာက်ာ္းတကာကိုျမဴဆြယ္ၿပီး မေကာင္းတာလုပ္စားတဲ့မိန္းမ"
"ယူအာကို မွာ ဘာရည္႐ြယ္ခ်က္ရွိလည္း၊ သူ႕ေနာက္ေၾကာင္းကဘာလည္း မင္းစုံစမ္းဖို႔လိုၿပီ ဆုရည္ႏွင္း"
"အဲ့ဒီကိစၥေၾကာင့္ အခု ဆုလည္းဂ်ပန္ေရာက္ေနတာ။ ဒီကသတင္းရတာနဲ႕ ျမန္မာျပည္လာခဲ့ေတာ့မွာ။ အန္ကယ္က သူ႕ေျမးမေလးအနားေနေပးဖို႔ ဆုကို အလုပ္ေပးထားတယ္ေလ"
ထင္လင္းသိုက္မ်က္ေမွာင္က်ဳံမိ၏။ဒယ္ဒီဟာ ဘာလုပ္ဖို႔ႀကံေနတာလည္း...အရင္ကေတာ့ မီးငယ္ကို ဂ႐ုမစိုက္ခဲ့ပဲ အခုမွ။ၿပီးေတာ့ ဆုရည္ႏွင္းကို သူတို႔အိမ္မွာ လာေနခိုင္းတဲ့ကိစၥကထင္သေလာက္မွ မရိုးရွင္းတာ။
"ကိုယ္ေျပာၿပီးၿပီေလ ဆုရည္ႏွင္း။မင္း ဒီမွာလာေနလို႔ မရဘူး။ဂ်ပန္မွာစုံစမ္းတာသိၿပီးရင္ လန္ဒန္ကို ျပန္လို႔ရၿပီ"
"ဒါေပမဲ့ အန္ကယ္Lသိုက္က ေနခိုင္းတာပဲ ဆုလည္းမျငင္းရဲဘူး"
"ကိုယ္ဒယ္ဒီ့ကိုေျပာမယ္"
"ေကာင္းၿပီေလ။ဒါဆို မၾကာခင္အခ်ိန္မွာ ကိုသိုက္ဆီ သတင္းပို႔နိုင္ေအာင္ႀကိဳးစားပါမယ္"
"အင္း ကိုယ္မင္းကိုေမွ်ာ္ေနပါ့မယ္"
ဖုန္းကိုခ်ၿပီး လက္ေတာ့ပ္ကိုဖြင့္ကာ ယူအာကိုရဲ႕ အခ်က္အလက္တစ္ခ်ိဳ႕ကို ၾကည့္ေနေပမဲ့ ထင္လင္းသိုက္မသိလိုက္တာက အခန္းတံခါးဝမွာရပ္ေနတဲ့ သူ႕ကေလးကိုပင္။
ႏႈတ္ခမ္းအိအိေလးေတြကိုဖိကိုက္ကာ လက္သီးဆုပ္ထားတဲ့ ထိုကေလးမေလးက 'ကိုယ္မင္းကိုေမွ်ာ္ေနပါ့မယ္'ဆိုတဲ့စကားတစ္ခြန္းကိုသာ ေကာင္းေကာင္းၾကားလိုက္ရေလသည္။
:::::::::::
ၿခံထဲကဒန္းေပၚမွာထိုင္ရင္း ႏွင္းဆီဝါတစ္ပြင့္ကို ေႁခြကာ ကိုယ့္ကိုယ္ကိုယ္ျပန္သုံးသပ္မိ၏။ေရခ်ယ္က တကယ္ပဲ အန္ကယ့္ကိုခ်စ္ေနၿပီလား။ေမြးစားထားတာမို႔ သံေယာဇဥ္တြယ္တာမဟုတ္ပဲ လင္ေယာက်ာ္း၊အိမ္ေထာင္ဖက္လိုမ်ိဳးခ်စ္မိေနၿပီလား ေတြးမိေတာ့ ေသခ်ာေၾကာင္းစာသာအေျဖထြက္လာသည္။
အထင္မွားတာမဟုတ္ပဲ တကယ့္ကိုခ်စ္မိေနတာလို႔ ေတြးမိလိုက္ေတာ့ အဆုံးရႈံးမခံခ်င္တဲ့စိတ္ကပါ ကပ္ပါလာသည္။ေရခ်ယ့္မွာမိဘေတြမရွိဘူး။ အားကိုးရမဲ့သူ၊တြယ္တာရမဲ့သူက အန္ကယ္ပဲရွိတာ။ ၿပီးေတာ့ အန္ကယ္ကအိမ္ေထာင္မျပဳဘူးလို႔မွ ေျပာလို႔မရတာ၊တကယ္လို႔သာ အိမ္ေထာင္ျပဳသြားခဲ့ရင္ မာမီနဲ႕ဒယ္ဒီ့လိုမ်ိဳးပဲ အန္ကယ့္ကိုလည္းဆုံးရႈံးရမွာေပါ့။
ဖြင့္ေျပာရင္လည္း အန္ကယ္ကလက္ခံမွာမဟုတ္ဘူး။
ဒါေပမဲ့ ေရခ်ယ္သာအန္ကယ့္ကိုမပိုင္ထားရင္ တစ္ေနေန႕မွာ အန္ကယ့္ကိုဆုံးရႈံးရမွာ...
Nothing gonna change my love for you...
"အာ ... shit "
ဖုန္းသံကိုလန့္သြားမို႔ ပါးစပ္ကလြတ္ခနဲထြက္သြားေပမဲ့ ဖုန္းေခၚေနသူက မဂေရစ့္။ထို႔ေၾကာင့္ ေရခ်ယ့္မ်က္ႏွာေလးကၿပဳံးသြားကာ ဖုန္းကိုခ်က္ခ်င္းကိုင္သည္။
"မဂေရ႕စ္ ဘာကိစၥရွိလည္းဟင္"
"ပြဲကို ေရခ်ယ္တကယ္လာမွာပါေနာ္"
"ဟိုက္"
"ဒါဆို ဝတ္စုံျပန္စစ္ခ်င္လို႔။အစ္မအားေဆးေလးက ထူးထူးျခားျခားလာေပးတာမလား"
"ဟီး မဂေရစ့္ကလည္း။ေရခ်ယ္က အၿမဲလာခ်င္တာပါ။အန္ကယ္တို႔က အခုမွခြင့္ျပဳေပးလို႔"
"ေအးဆို အစ္မလည္းအဲ့တာထူးဆန္းေနတာ။ အရင္ကဆို ကိုသန့္နဲ႕ကိုနဂါးကခြင့္ျပဳတာပဲရွိတာ အခုေတာ့ ကိုသိုက္ကပါခြင့္ျပဳတယ္ဆိုေတာ့ေလ..ေရခ်ယ့္ကို စိတ္ခ်သြားၿပီထင္တယ္။တစ္ခုခုပဲ"
"ဘယ္လိုတစ္ခုခုလည္းဟင္"
"ေၾသာ္ အရင္ကဆိုရင္ ေရခ်ယ့္ကိုစိတ္မခ်ပဲ တေကာက္ေကာက္လိုက္ေနတဲ့သူက အခုစိတ္ခ်ၿပီဆိုေတာ့။အင္း... သူလည္းအိမ္ေထာင္ျပဳေတာ့မွာမို႔ ေရခ်ယ့္ကိုလည္းလြတ္ေပးလိုက္တာျဖစ္နိုင္တယ္"
"ဟာ ! အဲ့လိုေတာ့မဟုတ္ေလာက္ပါဘူး"
"အမယ္ ေရခ်ယ္ကမသိလို႔။စီးပြားေရးေလာကမွာဆို ကိုထင္လင္းသိုက္ကနာမည္ႀကီးပဲ။သားမက္ေတာ္ခ်င္တဲ့လူေတြမ်ားေပါ့လို႔ ... အဲ့ထဲကတစ္ေယာက္ေယာက္နဲ႕ ၿငိေနနိုင္တာပဲ။ေရခ်ယ့္အန္ကယ္ အမႈအယာပ်က္တာမ်ိဳးရွိလား"
တကယ္လည္းရွိေနတာမို႔ ေရခ်ယ္ပါးစပ္ပိတ္သြား၏။ မဂေရ႕ေျပာတာလည္းျဖစ္နိုင္တာ ပဲ။ေရခ်ယ္ဝါသနာပါတာကို ခြင့္ျပဳေနတဲ့ အန္ကယ္က ေရခ်ယ့္ကိုပစ္ထားဖို႔ဆိုတာ မျဖစ္န္ိုင္တဲ့ကိစၥမွမဟုတ္တာႀကီးကို။ သူအိမ္ေထာင္ျပဳတာကို တားမွာဆိုးလို႔ အန္ကယ္အခုလိုသေဘာေကာင္းေနတာလားေတြးရၿပီ။
"ေရခ်ယ္ အဆင္ေျပလား။တိတ္သြားတာပဲ"
"ေျပတယ္ မဂေရ႕စ္"
"ဒါဆိုရင္ အစ္မလည္းဝတ္စုံေတြျပန္စစ္ဖို႔ရွိလို႔ ဒီေလာက္နဲ႕ပဲ ဖုန္းခ်ေတာ့မယ္ေနာ္"
"ဟိုက္"
မဂေရ႕စ္ကဖုန္းခ်သြားေပမဲ့ ေရခ်ယ္ကေတာ့ တစ္ေယာက္ထဲအေတြးမ်ားေနၿပီ။အန္ကယ္က သူ႕အိမ္ေထာင္ျပဳမွာမို႔ သူမကိုစိတ္မပူေတာ့တာလား။
သို႔ေသာ္ခပ္ၾကာၾကာမေတြးလိုက္ရေသးခင္ အန္ကယ္အိမ္ထဲကထြက္လာသည္။ၿခံထဲကိုၾကည့္လာၿပီး ေရခ်ယ့္ကိုျမင္တာနဲ႕ ၿပဳံးကာ ဒန္းရွိရာကိုတန္းတန္း
မတ္မတ္ႀကီးေရာက္ခ်လာေလရဲ႕...
"မီးငယ္ ဘယ္ေတြသြားေနတာလည္း။ထမင္းစားဖို႔ အခန္းထဲမရွိေတာ့ စိတ္ပူသြားတာ"
"အျပင္မွာပဲေနခ်င္လို႔"
"ဘာေတြမၾကည္ေနတာလည္း ေျပာပါအုံး။မနက္က မင္းသန့္နဲ႕အျပင္သြားတာ လိုတာေတြအကုန္ရခဲ့လား"
"ဟိုက္ ရခဲ့ပါတယ္"
"အင္း ဒါဆိုၿပီးတာပါပဲ။ထမင္းစားရေအာင္ေလ"
"ဗိုက္မဆာဘူး အန္ကယ္တို႔စားႏွင့္"
"တစ္ခုခုကိုစိတ္ဆိုးေနလို႔လား။မီးငယ္မွာ ကိုယ့္ကို ေျပာစရာရွိေနလား"
"မရွိပါဘူး"
"တကယ္လားမီးငယ္။တစ္ခုခုျဖစ္ေနတာ ေသခ်ာပါတယ္"
မီးငယ္ကေခါင္းခါတာမို႔ သူမေနသာေတာ့။ဒန္းေပၚ ဝင္ထိုင္ကာ မီးငယ္ကိုဖက္လိုက္ရင္း...
"အင္း တစ္ခုခုျဖစ္ေနတာပဲ"
ျပန္ဖက္မလာတာမို႔ မီးငယ္စိတ္ဆိုးေနတာကို တပ္အပ္သိရသည္။သူကသာဖက္ထားရင္း ဆံပင္ေလးကို ထိုးဖြေနေပမဲ့ မီးငယ္ကေတာ့ခပ္ၿငိမ္ၿငိမ္ေလးပင္။
"ဟိုေန႕က မက္ေဆ့ပို႔တာ ကိုယ္နဲ႕အလုပ္အတူလုပ္ေနတဲ့သူေလ။သူက အခုဂ်ပန္မွာ"
"မိန္းမလား"
"အင္း"
"သူ႕ကို အန္ကယ္သေဘာက်လား"
"အလုပ္လုပ္တာပိရိၿပီးတိက်တဲ့သူမို႔ သေဘာမက်စရာေတာ့မရွိပါဘူး။မီးငယ္ ဘာျဖစ္လို႔လည္း"
"အန္ကယ္က ေရခ်ယ့္အပိုင္ေနာ္"
"အင္း ဟုတ္တာေပါ့"
ရယ္သံသဲ့သဲ့နဲ႕အေျဖေၾကာင့္ အန္ကယ့္ကိုျပန္ဖက္လိုက္သည္။
"မထားခဲ့ရဘူးေနာ္"
"အင္း"
"မယုံပါဘူး ။ အန္ကယ္ကထားခဲ့ေတာ့မွာမလား"
"ေဟာ့ မီးငယ္သိေနတာလား"
"ဟင္ ! "
သူစေနာက္သည္ကို တကယ္ထင္ကာ မီးငယ္က ကိုယ္ခ်င္းခြာသြား၏။ၿပီးမွ ခပ္ေထြေထြစိုက္ၾကည့္ကာ...
"တကယ္လား"
"စတာပါဗ်ာ"
"ဟင့္အင္း အန္ကယ္ကလိမ္တတ္တယ္"
"မီးငယ္ရယ္။ ကိုယ္မလိမ္ပါဘူး။ကဲပါ အခ်ိန္လည္း မနည္းေတာ့ဘူး ထမင္းစားရေအာင္ကေလး"
ေတြေဝေန၏။အန္ကယ္က စေနာက္တတ္လို႔လား။ ဒါဆို မဂေရ႕စ့္ေျပာတာမွန္ေနၿပီမို႔ ဒီအတိုင္းေနလို႔ မရေတာ့တာကို ဦးေႏွာက္ကAlarmေပးေလၿပီ။
"အန္ကယ္ခ်ီ"
"အင္း ကေလးေလးဆိုေတာ့ ခ်ီရတာေပါ့"
ေျခေထာက္ကေနသိမ္းေပြ႕လာတဲ့အန္ကယ့္ကို ခြထားရင္း မ်က္ႏွာေလးမဲ့ကာ ႏႈတ္ခမ္းတစ္ဖက္တြန့္ယုံ
ၿပဳံးလိုက္၏။အန္ကယ့္လည္တိုင္ကိုဖက္တြယ္ကာ ခြၽန္ျမျမသြားေတြက ထိုလည္တိုင္ဆီကို။
စိတ္ေက်နပ္သည္အထိကိုက္ၿပီး အန္ကယ့္ပါးကိုပါ နမ္းေတာ့ အန္ကယ္ကခပ္ေအးေအးၿပဳံးလ်က္သာ။
ထို႔ေၾကာင့္ နား႐ြက္ထိပ္အဖ်ားကိုကိုက္ေတာ့ အသံတိုးတိုးေလးသာထြက္လာၿပီး ေရခ်ယ့္ေက်ာကို ပုတ္ေပးေနျပန္သည္။
To Be Continue .... Part - 57