ဖြူဖွေးပီး ကြီးမားတဲ့ ဂါဝန်ဝဲဝဲရီးဟာ ငယ်ရဲ့ ပုခုံးပေါ်ကို ကျဆင်းနေတဲ့ ရွှေရောင် ဆံသားအကောက်လေးများနှင့် အလွန်လိုက်ဖက်နေသည်။18နှစ်ပြည့်ပြီဖြစ်တဲ့ငယ်...အသက်အရွယ်ကြီးလို့လား...မဟုတ်ရင် မျက်နှာပေါ်မှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်များကြောင့် ဖြစ်ပါလိမ့်မယ်။
အမြင်မှာ ကျက်သရေရှိတဲ့ အမျိုးသမီးလေး တစ်ယောက် ဖြစ်နေသည်။ပုလဲကို ကြိုက်တာကြောင့် ကျော့ဆင်းနေတဲ့ လည်တံလေးမှာ ပန်းနုရောင် သန်းနေတဲ့ ပုလဲကုံးလေးနဲ့ လည်တိုင်ရဲ့အလှပေါ်အောင် ဝတ်ဆင်ထားသည်။ကျောက်နီလေးတစ်ပွင့်သာ စီခြယ်ထားတဲ့ နားကပ်တစ်စုံကြောင့်လဲ ငယ့်ရဲ့ မျက်နှာလေးမှာ ပေါ်လွန်းလှသည်။
တစ်ဝက်သာ စည်းထားသည့် ရွှေအိုရောင် ဆံပင်လေးပေါ်မှာ ပန်းကုံး အသေးလေးတစ်ခုကို တင်ထားပြီး ထိုပန်းကုံးမှ ကျဆင်းနေသည့် အဖြူရောင် ပိတ်စမှာ ငယ့်ရဲ့ ကျောပြင်ကို ဖုံးလွှမ်းကာ အောက်ထိ ရှည်လျားသွားသည်။ထိုကဲ့သို့ လှပလွန်းတဲ့ သတိုးသမီးကို ပိုင်ဆိုင်ရတဲ့ ခန့်မင်းထည် ကိုယ့်ကိုကိုယ် ဂုဏ်ယူမိသည်။
မှန်တင်ခုံရှေ့မှာ ထိုင်ကာ ကိုယ့်အလှကို ကြည့်နေသည့် ငယ့်ကို ဝသုန်က စကားစလိုက်သည်။
"ငယ်သွေး နင်ကလေ အရင်ကထဲက လှပါတယ်ဆို ဒီလို ပြင်လိုက်တော့ တကယ့်ကို အရုပ်မလေးလိုပဲ သိလား"
"သိတယ် မပြောလဲ သိတယ် ဟီး"
"ပြောမိတဲ့ငါက မှားတာပါ ကြည့်ပါအုံး မီသာဆို နင့်ကို ထိုင်ငေးနေတာ"
"ဟိတ် ငါ့ရဲ့သတိုးသားလေး ငေးဖို့လဲ ချန်အုံးနော်"
"အမလေး အဖြစ်သည်းနေလိုက်တာများ တော်ပီ မငေးတော့ဘူး"
"ဟီးဟီး ဒါနဲ့ ဝသုန် နင်ကရော ဟိုတစ်ယောက်နဲ့ လက်မထက်ဘူးလား"
"နင်ကလဲ ငါတို့တွဲလာတာ first yearစတက်တက်ချင်းလေ နှစ်လရှိသေးတာ ဘယ်လိုလုပ် လက်ထက်မလဲ"
"ဘာဖြစ်လဲ နင်ကလဲ ၁၀ရက်နဲ့ လက်ထက်တာတောင် ရှိသေးတာပဲ"
"အဲ့တာ သူများတွေလေ ငါက နင့်အားကျပြီး လက်ထက်ချင်ပေမယ့် သူက propose မလုပ်တော့ ငါက ဘယ်လိုလုပ် လက်ထက်ရမလဲ"
"ဟုတ်သားနော် အ့လဲ ဟဲဟဲ"
"ဘယ်လိုလဲ ခုပျော်ရဲ့လား ၁၀တန်းပြီးကတည်းက လက်ထက်ချင်နေတဲ့ မရီး"
"ပျော်တာပေါ့ဟ နင်ကလဲ ရင်လဲတုန်တယ်"
"ဒါမျိုးကတော့ ဖြစ်ရမှာပဲလေ ကိုယ့်ရဲ့ ပွဲပဲကို"
"အမယ် မသိရင် သူကပဲ လက်ထက်ဖူးသလိုပဲ ပြောစမ်း ပြောစမ်း မီသာ နင်ရော ရနေပီမလား"
"ဟာ နင်ကလဲ နောက်မှပြောပြမယ်"
"အမလေး သူကရှက်နေရတယ်လို့"
"သိပါဘူး သွား"
"အဟားဟား"
"ငယ်ငယ်!"
"အာ...မင်းမင်း လာလေ"
"ဘာလဲ လမင်းမောင် နင်က ငယ်သွေးကို လာရှိုးတာလား ပြောစမ်း"
"အာ...နန်းဝသုန်တို့က စပီ ဒီတိုင်း သူ့ကို အားပေးစကား လာပြောတာ"
"ဟင် ဘာလို့ အားပေးစကား ပြောမှာလဲ"
"ညအတွက် အားပေးမလို့"
"ဟွန့် နင်နော် လူကြည့်တော့ မောင်လူအေးလေးလိုလိုနဲ့ မပြောလိုက်ချင်ဘူး"
"အဟားဟား ငါက နင် စိတ်လှုပ်ရှားနေတာ ပျောက်အောင် စပေးတာကို ခုဆို ဦးခန့်မင်းထည် အပျော်တွေလွန်ပြီး အကုန်လိုက်ကြွားနေတာတဲ့"
"နင်က ဘယ်လိုသိလဲ"
""မ" ပြောပြတာ ဟဲဟဲ"
"နင်ကလဲ အမြဲတမ်း တစ်"မ"တည်း"မ"နေတာပဲ""
"ဒါ အချစ်ရဲ့ စွမ်းအား"
"အော့ အမလေး ပြောပါအုံး နင်နဲ့ အန်တီမြူနှင်းခက်နဲ့က ဘယ်လိုက ဘယ်လိုဖြစ်သွားလဲ"
"သိတော့ ဘာလုပ်မှာလဲ"
"သိချင်လို့ပေါ့ဟ ပြော-"
"ငယ်ငယ်! ပြင်တော့ ပွဲစပီ"
"ဟုတ် တီတီ နင် ကံကောင်းသွားတယ်နော်"
"သွားမှာ သွားပါ"
ညာဘက် ဧည့်များနှင့် ဘယ်ဘက် ဧည့်သည်များရဲ့ ကြားမှာ ခင်းထားတဲ့ ကောဇောအနီတစ်လျှောက် ဟိုးအဆုံးမှာ ရှိနေတဲ့ တံခါးရီး နှစ်ချက် ပွင့်လာပီး ပေါ်ထွက်လာတဲ့ လှပလွန်းတဲ့ ဂါဝန်အဖြူလေးကို ဝတ်ဆင်ကာ နှင်းဆီအနီ အပွင့်၂၀လောက်ကို စည်းထားတဲ့ ပန်းစည်းကို ကိုင်ကာ တစ်လှမ်းချင်း လျှောက်လာနေသည့် လှပစွာ ပြုံးနေသည့် ငယ့်ဆီသို့ မျက်လုံးများစွာ အာရုံရောက်နေသည်။
"ငယ့်ရဲ့ မျက်လုံးအာရုံကတော့ ရှေ့တည့်တည့် ခပ်လှမ်းလှမ်းမှာ ရှိတဲ့ အနောက်တိုင်း coatကို ဝတ်ဆင်ထားတဲ့ ချောမောလွန်းတဲ့ ဦးကိုသာ တပ်တပ်မက်မက်ကို ရောက်နေသည်။ငယ် ဦးနားရောက်ပီဆိုမှ တိုးတိုးလေး ကပ်ပြောလိုက်သည်။
"ငယ် ဒီနေ့ အရမ်းလှတယ်ကွာ"
"ဟီးဟီး ဦးရောပဲ မိုက်တယ်"
"သတို့သားနဲ့ သတို့သမီးတို့................."(ကတိသစ္စာပြုတာရီးက ဘာတွေလဲ မသိလို့ မရေးတော့ပါဘူးနော် ဟဲဟဲ ಥ‿ಥ)
"သတို့သားမင်းခန့်ထည် ဤသတို့သမီး ငယ်သွေးရှန်ကို ဘာအန္တာရာယ်ပဲရှ်ိရှိ ဘယ်လို အတားအဆီးများပဲလာလာ သေမတူ ရှင်မကွဲ သက်ဆုံးတိုင် လက်တွဲသွားနိုင်မလား"
"လက်တွဲသွားပါမယ်"
"သတို့သမီးငယ်သွေးရှန် ဤသတို့သား မင်းခန့်ထည်ကို ဘာအန္တာရာယ်ပဲရှ်ိရှိ ဘယ်လို အတားအဆီးများပဲလာလာ သေမတူ ရှင်မကွဲ သက်ဆုံးတိုင် လက်တွဲသွားနိုင်မလား"
"လက်တွဲသွားပါမယ်"
"အခုကစပီး သတို့သားမင်းခန့်ထည်နဲ့ သတို့သမီးငယ်သွေးရှန်တို့ကို တရားဝင် အကြင်လင်မယားအဖြစ် သတ်မှတ်လိုက်ပါပြီ စပြီး အကြင်နာ ပေးလို့ရပါပြီ"
စကားဆုံးတာနဲ့ ဦးက ငယ့်ကို ခါးကနေ ဆွဲဖက်လိုက်ပြီး နမ်းလိုက်တော့သည်။
"ငယ် ငယ့်ကို ကိုယ်ချစ်တယ်"
"ငယ်လဲ ဦးကို ချစ်တယ်"
ဦးက ငယ့်ကို တင်းကျပ်နေအောင် ပွေ့ဖက်ထားလိုက်သည်။ထိုအချိန်မှ မြူနှင်းခက်က လှမ်းအော်ပြောလိုက်သည်။
"ဟို အမျိုးသမီးနဲ့ အမျိုးသားရှင့် ကိတ်ခွဲဖို့ရာ ကြွတော်မူပါအုံးရှင့် ပီးမှ ဆက်လက် roနိုင်ပါတယ်ရှင်"
"မြူ မင်း အဲ့တာကြောင့် အပျိုရီး ဖြစ်နေတာ"
"မဖြစ်ပါဘူး ကျတော်ရှိတယ် ဟုတ်တယ်မလား မ"
လမင်းမောင် ရုတ်တရက်ရောက် မြူနှင်းခက်ဘေးကို ရောက်လာပီး ခါးကို ဆွဲဖက်လိုက်ကာ စကားဝိုင်းထဲ ဝင်လိုက်သည်။
"ဘာလုပ်တာလဲ ဖယ် လူရှေ့ သူရှေ့ကို"
မြူနှင်းခက်က ရှက်ရမ်းရမ်းကာ လမင်းမောင်ကို တွန်းဖယ်ကာ ထွက်လာခဲ့သည်။
"မင်းမင်း နင်နော် မပြောလိုက်ချင်ဘူး"
"ကဲပါ လာကိတ်ခွဲဖို့ အကိုရီးနဲ့ အမရီး လာပါဗျ"
ဦးနဲ့ ငယ် ကိတ်တူတူခွဲပြီး ရှိန်ပိန်ခွက်များ မြောက်ကာ သစ္စာဆိုပြီးသည်နှင့် ဧည့်သည်များကို လိုက်ဧည့်ခံတော့သည်။ခဏအကြာမှ ငယ်က ပန်းစည်းပစ်ဖို့ရာ ပြင်သည်။
"ငယ်သွေး ငါ့ဆီရောက်အောင်ပစ်နော်"
"ဪ ဝသုန်ရယ် နောက်လှည့်ပစ်ပါတယ်ဆို ဘယ်လိုလုပ်မြင်ရမလဲ"
"မသိပါဘူး ရောက်အောင်သာပစ်"
"အေးအေး"
လမင်းမောင်နဲ့ မြူနှင်းခက်ကလည်း
"သွား မ သွားဖမ်းချည်"
"မဖမ်းချင်ပါဘူး ကလေးကလား"
"ဘယ်က ကလေးကလားလဲ ဒီတိုင်း အပျော်ပေါ့ မ ဆီရောက်ရင်ရောက်လာနိုင်တာပဲ မောင်တို့ အနာဂတ်အတွက်လေ နော်"
"ဟာ ဒီကလေး ဘာတွေလျှောက်ပြောနေလဲ"
"ကဲပါ မြူရယ် သွားဖမ်းလိုက်ပါ ကလေးကျေနပ်သွားအောင် မဟုတ်ရင် ကလေးတွေက တော်တော်နဲ့ စိတ်ဆိုးစိတ်ကောက်မပြေဘူး သွားဖမ်းလိုက် သွားသွား"
ခန့်မင်းထည်က အတင်းတွန်းပို့မှ အဖွဲ့ထဲ မြူနှင်းခက်ပါ ရောက်သွားတော့သည်။
"ပစ်တော့မယ်နော်"
"ငယ်ေသွး ဟဲ့ ငါဒီမှာနော် ဝသုန် ဝသုန် ဒီမှာ"
ငယ်က ပန်းစည်းကို အရှိန်နဲ့ ပစ်လိုက်တော့ ဟိုးနောက်ဆုံးက မြူနှင်းခက်ဆီကို ရောက်သွားသည်။အကုန်လုံးက အံ့ဩသွားပီး ခန့်မင်းထည်က ထအော်လိုက်သည်။
"ဟေး အပျိုရီးက အပျိုရီး ဘဝကနေ လွတ်တော့မယ်ဟေ့"
လမင်းမောင်က ဘေးကို ရောက်လာပီး
"မ ဘယ်လိုတွေးထားလဲ"
မြူနှင်းခက်က ရှက်သွေးဖြာကာ လမင်းမောင်ရဲ့ ရင်ဘတ်ကို ပန်းစည်းနဲ့ ထုပေါက်လိုက်ပီး ပြေးထွက်သွားသည်။ငယ်က ရောက်လာပီး
"မင်းမင်း နင် ငါတို့ အပျိုရီးမမကို ပျော်အောင် ထားရမယ်နော်"
"စိတ်ချ နင်တွေးထားတဲ့ထက်ကို ပိုပျော်အောင် ထားမှာ"
ငယ်နဲ့မင်းမင်း စကားပြောလို့အပီးမှာ ဦးက ငယ်ရဲ့ လက်ကိုဆွဲကာ ခန်းမရဲ့ လူရှင်းတဲ့နေရာ ဝရန်တာကို ခေါ်သွားပီး ငယ့်ကို နံရံမှာ မှီလိုက်ပြီး အနမ်းတွေ တရစက် ပေးတော့သည်။
"ငယ် ဘာလို့ အရမ်းလှရတာလဲ"
"မသိဘူး"
"ဒီလိုလှတဲ့ ကောင်မလေးကို ပိုင်ဆိုင်ရတာ ကိုယ်တကယ်ကံကောင်းတယ်"
"ဟီးဟီး အပိုတွေ"
"ဟိုးမှာ တွေ့လား ကောင်းကင်ကြီးအပြာရောင်ကြီး တွေ့လား"
"အွန်း တွေ့တယ်"
"အဲ့လိုမျိုး သဘာဝကပေးတဲ့အလှတရားတွေ ကြယ်တို့ လတို့ရဲ့ အလှတရားက ငယ်နဲ့ ယှဉ်ရင် ဟိုးအောက်ဆုံးမှာ"
"အော့ ချဲ့ကားလွန်းလိုက်တာ"
"အဲ့တာ ဟောဒီက ငယ့်ကို ချစ်လို့"
"ဦး"
"ဗျာ"
"ငယ့်ဘဝမှာ ဦးက ပထမဆုံးအချစ် အချစ်ဆုံးနဲ့ နောက်ဆုံးချစ်မယ့်သူပဲ သိလား"
"ကိုယ်ကလဲ ဒီကလေးလေးကိုပဲ သက်ဆုံးတိုင်ချစ်သွားပီး အချစ်ဆုံးပါပဲဗျာ"
"ဟီးဟီးဟီး ပျော်သွားပီ"
-ငယ် ကိုယ်ငယ့်ကို တကယ်ချစ်တယ် အရမ်းချစ်တယ်...
-ငယ် ကိုယ့်ကို မယုံချင်နေပါ ကိုယ့်ရဲ့ အချစ်ကို ထာဝရယုံသွားလို့ ရပါတယ်...
Lovely little Wifey ကို ဇာတ်သိမ်းလိုက်ပါပီရှင်
နောက်အပတ်မှ လမင်းမောင်နဲ့ မြူနှင်းခက်တို့ရဲ့ Be Mineဆိုတဲ့ Story မှာ ပြန်တွေ့ပါမယ်နော်
Readerအားလုံးကို ကျေးဇူးတင်ပါတယ်နော်
နောက်Storyကိုလဲ စောင့်မျှော်ပေးပါအုံးရှင့်
Bye Byeಥ╭╮ಥ♡
"ဟုတ်သားနော် အ့လဲ ဟဲဟဲ"
"သိပါဘူး သွား"
"အဟားဟား"
"ငယ်ငယ်!"
"အာ...မင်းမင်း လာလေ"
"ညအတွက် အားပေးမလို့"
"နင်က ဘယ်လိုသိလဲ"
""မ" ပြောပြတာ ဟဲဟဲ"
"ဒါ အချစ်ရဲ့ စွမ်းအား"
"သိတော့ ဘာလုပ်မှာလဲ"
"သိချင်လို့ပေါ့ဟ ပြော-"
"သွားမှာ သွားပါ"
"သတို့သားမင်းခန့်ထည် ဤသတို့သမီး ငယ်သွေးရှန်ကို ဘာအန္တာရာယ်ပဲရှိရှိ ဘယ်လို အတားအဆီးများပဲလာလာ သေမတူ ရှင်မကွဲ သက်ဆုံးတိုင် လက်တွဲသွားနိုင်မလား"
"လက်တွဲသွားပါမယ်"
"သတို့သမီးငယ်သွေးရှန် ဤသတို့သား မင်းခန့်ထည်ကို ဘာအန္တာရာယ်ပဲရှိရှိ ဘယ်လို အတားအဆီးများပဲလာလာ သေမတူ ရှင်မကွဲ သက်ဆုံးတိုင် လက်တွဲသွားနိုင်မလား"
"လက်တွဲသွားပါမယ်"
"ငယ်လဲ ဦးကို ချစ်တယ်"
"အေးအေး"
"သွား မ သွားဖမ်းချည်"
"ပစ်တော့မယ်နော်"
"ငယ်သွေး ဟဲ့ ငါဒီမှာနော် ဝသုန် ဝသုန် ဒီမှာ"
"မ ဘယ်လိုတွေးထားလဲ"
"မသိဘူး"
"ဟီးဟီး အပိုတွေ"
"အွန်း တွေ့တယ်"
"ဦး"
"ဗျာ"
Bye Byeಥ╭╮ಥ♡