ဟန်ရှီ၏ ၀မ်းနည်းနေသည့် အမူအရာနှင့်ယှဥ်ပါက ဖန်းသိုက်၏ အပြုအမူက သိပ်တော့မကောင်းချေ ။ ဟန်ရှီအား မတူသလိုမတန်သလို တွန်းပင်တွန်းထုတ်လိုက်သေးလေသည်။ ထို့နောက် မေးချီကာ တံခါးမကြီးကနေ၀င်ရန်ပြင်နေပြီး သူမကိုကြည့်ရန် ရောက်လာကြသူများကို မြင်သည့်အခါ ရပ်သွားလေ၏။
ဖုန်းဖန်းသိုက်က မေးကိုချီထားပြီး ကိုယ့်ကိုယ်ကို အထင်ကြီးနေဟန်ဖြင့် ထိုသူများကို ပြန်ကြည့်ပြီး ဖုန်းချန်းယွီကိုမြင်သည့်အခါ မျက်လုံးလှန်ကာ နှာခေါင်းရှုံ့လိုက်လေသည်။ ဖုန်းချန်းယွီအား နှုတ်ဆက်မည့် အရိပ်အယောင်လည်း မရှိပေ ။
ဖုန်းချန်းယွီ ချက်ချင်းပင် ဟန်ရှီကို လှမ်းကြည့်လိုက်မိသည်။ ဖုန်းထုံခရိုင်မှာ ဖြစ်ပျက်ခဲ့သည်များကို ဖုန်းဖန်းသိုက်အား ဟန်ရှီက ပြန်ပြောပြထားပြီးလောက်ပြီဟု သူမ သိနေသည် ။
အိမ်တော်ထဲ၀င်လာသည့် ဟန်ရှီကလည်း ဖုန်းချန်းယွီ၏အကြည့်များကြောင့် ချက်ချင်းပြန်ပြောသည်။ " ပထမသခင်မလေး ဘာအကြောင်းမှလည်း မရှိဘဲနဲ့ ကျွန်မကို ဘာလို့ဒီလိုစိုက်ကြည့်နေရတာပါလဲ " သမ်ိီးဖြစ်သူ အိမ်တော်ပြန်ရောက်လာပြီဖြစ်၍ ဟန်ရှီ၏အသံက ခပ်မာမာပြန်ဖြစ်လာသည်။
ဖုန်းချန်းယွီ ဒေါသများ တစ်လိပ်လိပ် ထွက်လာတော့သည်။ " လောကကြီးက ဘာတွေဖြစ်ကုန်တာလဲ ၊ ငါက ဖုန်းမိသားစုက တရား၀င်သမီးဖြစ်ပြီး နင်က ကိုယ်လုပ်တော်တစ်ယောက်လေ ၊ ငါ့ကို ဒီိလိုပြန်ပြောရဲနေတာလား "
" ကျွန်မက ဘယ်လိုပြောလိုက်လို့လဲ " ဟန်ရှီက ပြန်မေးသည်။ " ပထမသခင်မလေးက တရား၀င်သမီးဆိုတာ အမှန်ပါပဲ ၊ ဒါပေမယ့် အကြောင်းအရင်းမရှိဘဲ လူတွေကို ဒီလို၀ါးစားတော့မလို စိုက်ကြည့်နေလို့မရဘူးလေ ၊ ကျွန်မက စတုတ္ထသခင်မလေးကို အိမ်တော်ထဲ ပြန်ခေါ်လာပေးရုံပဲရှိသေးတာ ၊ ဘာစကားမှတောင် မပြောရသေးတာကို ပထမသခင်မလေးက ဘာလို့ဒေါသထွက်နေရတာလဲ ၊ ဘာလဲ ကျွန်မက ဒေါသဖြေဖို့ ပစ္စည်းတစ်ခုမို့လို့လား "
ဖုန်းချန်းယွီ၏ မျက်နှာထားက ထိန်းမရအောင် ပျက်နေလေပြီ ။ " နင်ဘာလုပ်ထားလဲ နင့်ဘာသာပဲ သိမှာပေါ့ ! ငါမသ်ိဘူးလို့ ထင်မနေနဲ့ ! "
" ကျွန်မက ဘာလုပ်ထားလို့လဲ ၊ တကယ်ပဲ ဘာတွေများ လုပ်ထားလို့လဲ " ဟန်ရှီက အသံမြှင့်ကာ အော်ပြောသည်။ " အားလုံးပဲ နားထောင်ကြည့်ကြစမ်းပါ ၊ ကျွန်မက ဘာတွေကို လုပ်ထားလို့လဲ ၊ ပထမသခင်မလေးရဲ့ အဆင့်အတန်းကမြင့်လို့ ကျွန်မတို့က လက်ခံပေးရမှာ မှန်ပေမယ့် အကြောင်းအရင်းမရှိဘဲ ပြဿနာရှာနေရင်တော့ ကိစ္စတွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ရပါလိမ့်မယ် ၊ ပထမသခင်မလေးက ကျွန်မကို တစ်ခုခုလုပ်ထားတယ်လို့ စွပ်စွဲနေမှတော့ ပထမသခင်မလေးပဲ ရှင်းအောင်ပြောကြည့်ပါ ၊ အားလုံးကြားအောင် ပြောပြလိုက်ပါ ၊ ကျွန်မလုပ်ခဲ့တာသာမှန်တယ်ဆိုရင် ၀န်ခံပါ့မယ် ၊ မဟုတ်ဘဲ အပြစ်ကင်းတဲ့သူကို စွပ်စွဲနေတာဆိုရင်တော့ ကျွန်မလည်း သခင်ကြီးနဲ့ သခင်မကြီးကို အကြောင်းကြားပြီး တရားမျှတမှု ရှာခိုင်းရပါလိမ့်မယ် ! "
ဖုန်းချန်းယွီ ကြောက်ဒူးတုန်လာမိသည်။ သူမက ဘယ်လို ပြောရမှာလဲ ၊ ထိုကိစ္စက အိမ်တော်ထဲ၌ တားမြစ်ထားသည့်ကိစ္စဖြစ်ပြီး အိပ်မက်ဖြစ်ပါစေဟု သူမ အမြဲဆုတောင်းနေခဲ့ရသော အကြောင်းလည်းဖြစ်ပေသည် ။ ယခု ဟန်ရှီက သူမကို ထုတ်ပြောစေချင်နေတာကို သူမက ဘယ်လိုလုပ်ပြီး ထုတ်ပြောလို့ရမှာလဲ ။
ရှုံးသွားသည်ကို လက်ခံပြီး ဖုန်းချန်းယွီ မျက်နှာလွှဲလိုက်တော့သည်။
ထိုအချိန်တွင် ဖုန်းဖန်းသိုက်က ဖုန်းချန်းယွီကိုကြည့်ကာ ရုတ်တရက် ထရယ်သည်။ " မမကြီး မတွေ့ရတာတောင် ကြာပြီနော် ၊ အသားအရည်ကလည်း အရင်ကထက်တောင် ပိုလှလာတာပဲ ! ကျစ်စ် ကျစ်စ် ဒိီပါးလေးတွေကို ကြည့်ပါဦး ... ဘယ်လိုများ ထိန်းသိမ်းထားတာလဲ ၊ ရေတွေတောင် ညှစ်ထုတ်လို့ ရလောက်တယ် "
ထိုစကားများက အမှန်တကယ်တွင် ဘာမှထူးခြားနေခြင်းမရှိဘဲ အခြားသခင်မလေးများသာဆိုပါက ချီးမွမ်းစကားဟု သတ်မှတ်လိုက်ကြမှာဖြစ်သည်။ သို့သော်လည်း ဖုန်းချန်းယွီကမူ အခြားသော အဓိပ္ပာယ်များရှိနေသည်ဟု ယူဆသွားတော့သည်။ သူမ ဘယ်လိုပင် နားထောင်နေပါစေ ဖုန်းဖန်းသိုက်က သူမ၏အားနည်းချက်အား ရန်စကာဆွပေးနေခြင်းဟုသာ ထင်နေလေ၏။
" ဟန်ရှီ ! " ဖုန်းချန်းယွီ အံတင်းတင်းကြိတ်ကာ ခေါ်လိုက်သည်။ " အဖေက အိမ်တော်ကလူတွေအားလုံးကို ပါးစပ်ပိတ်ထားပြီးသွားပြီ ၊ နင် ဒီလောက်တောင် ယုတ်မာပြီး ဖြန့်ပစ်ချင်နေတယ်ဆိုရင် ငါ သေချာပေါက် အဖေ့ကို ပြန်ပြောရလိမ့်မယ် ၊ အဖေက သေချာပေါက် ငါ့ဘက်ကပဲ ရှိနေမှာ ! "
ပြောပြီးနောက်တွင် ဖုန်းချန်းယွီ လှည့်ထွက်လာလိုက်သော်လည်း ဟန်ရှီ၏ပြန်အော်သံကို ကြားလိုက်ရပြန်သည်။ " ကြိုက်တဲ့လူကို ကြိုက်သလို ပြောပြလိုက် ! လုပ်ချင်တိုင်းလုပ်ခဲ့ပြီးမှ တစ်ခြားသူတွေကိုပါ နင်နဲ့အတူဆွဲချချင်နေတာလား ၊ ငါ့ဖင်ကြီးကိုပဲ တရား၀င်သမီးလို့ ပြောနေလိုက် ! "
ဟန်ရှီက ထိုသို့ဆဲဆိုနေသဖြင့် ချန်ရှီနှင့်ပင် ခပ်ဆင်ဆင်ဖြစ်နေသည်။ သို့ဖြစ်၍ အန်းရှီက ရှန်းရုန်ကိုလက်ဆွဲကာ ပြန်၀င်သွားသလို ကျင်းကျန့်ကလည်း ဆက်နေလိုစိတ်မရှိတော့ချေ ။
ဖုန်းဖန်းသိုက်က ရပ်ကြည့်နေပြီးမှ ဟန်ရှီထံ လှည့်ကြည့်သည်။ " အိမ်တော်မှာ သမီး မရှိတော့တာ ကြာနေပြီဆိုပေမယ့်လည်း အမေက ဒုံရင်းကဒုံရင်းပဲ ၊ ဒီလောက် အိမ်တော်အကြီးကြီးထဲမှာတောင် ဘာလို့ အပေါင်းအဖော် တစ်ယောက်လေးတောင် မရှိရတာလဲ ၊ ဒီအတိုင်းဆို ဘယ်လိုလုပ် အဆင်ပြေပါ့မလဲ ၊ နောင်တစ်စုံတစ်ရာဖြစ်လာရင် ကူညိိပေးမယ့်သူက ဘယ်ကရောက်လာမှာလဲ "
သို့သော်လည်း ဟန်ရှီက ထိုသို့မမြင်ပေ ။ " အပေါင်းအဖော်ရှိတော့ရော ဘာထူးလို့လဲ ၊ ယောင်ရှီက အန်းရှီနဲ့ တစ်တွဲတွဲဖြစ်နေတာကို မြင်တယ်မလား ၊ ဒါပေမယ့် ဖုန်းယွိဟန် ဘေးကြုံတော့ အန်းရှီကကူပြောပေးလည်း ဘာအကြောင်းထူးသွားလို့လဲ "
ဖန်းသိုက်လည်း ထိုသည်ကမှန်သည်ဟု ထင်မိသည်။ ဖုန်းမိသားစုများကြားရှိ ဆက်ဆံရေးက ယိုင်နဲ့နဲ့သာရှိကြတာဖြစ်၍ ကိုယ့်အားကိုသာ ကိုယ်ကိုးကြရမှာဖြစ်သည်။ အခြားလူများထံမှ အကူအညီကို မျှော်လင့်နေ၍ မရချေ ။
" ဟုတ်သားပဲ " ဟုဆိုကာ ဟန်ရှီက ဖုန်းဖန်းသိုက်၏ဘေးသို့ ကပ်ပြောသည်။ " အမေ သမီးကို ပြောပြထားတဲ့ကိစ္စကို ဘယ်သူ့ကိုမှ ပြန်ပြောလို့မဖြစ်ဘူးနော် ၊ ဒီိကိစ္စသာ ပေါက်ကြားသွားမယ်ဆိုရင် ဖုန်းချန်းယွီတစ်ယောက်တည်း ပျက်စီးသွားမှာမဟုတ်ဘဲ သမီးအဖေပါ အတူပျက်စီးသွားလိမ့်မယ် ၊ အဲ့လိုဖြစ်သွားရင် အမေတို့ မှီခိုလို့ရမယ့်သူ မရှိတော့ဘဲ ဖြစ်သွားလိမ့်မယ် "
ဖုန်းဖန်းသိုက်က " သမီးက အဲ့လောက်လည်း မတုံးပါဘူး ၊ ဖုန်းချန်းယွီကတော့ ... အဟက် ! " ဟူ၍ ထအော်ကာ မျက်လုံးလှန်၍ အိမ်တော်တွင်းသို့ ၀င်သွားလေသည်။
ဟန်ရှီ နောက်မှနေ လိုက်သွားလိုက်သော်ငြား သွားနေသည့်လမ်းကမှားနေသဖြင့် သတ်ိပေးလိုက်သည်။ " ရှုးယခြံ၀င်းကို အရင်သွားရမှာလေ ၊ အခုမှ အိမ်တော်ကို ပြန်ရောက်လာတာဆိုတော့ သခင်မကြီးကိုအရင်ဆုံး ဂါ၀ရပြုဖို့ သွားရမှာပေါ့ "
" မသွားဘူး " ဖုန်းဖန်းသိုက်က ချက်ချင်းပြန်ငြင်းသည်။ " ဒီမနက်က အစောကြီးထထားရတာ ၊ ပြီးတော့ အထုပ်တွေလည်း ပြင်ရသေးတယ် ဒါ့အပြင်ကို တစ်လမ်းလုံး လှည်းထဲမှာ ထိုင်လာရသေးတဲ့ဟာကို မသွားနိုင်ဘူး ၊ အစေခံကိုပြောပြီး ချိုးရေပြင်ခိုင်းထားလိုက် ၊ ရေချိုးပြီးရင် အိပ်ဦးမယ် ၊ နိုးမှ သွားတွေ့မယ် ! " ဟုဆိုကာ ခြေလှမ်းများကို သုတ်ခြေတင်လိုက်လေသည်။
သူမသမီးက အိမ်တော်မှ ထွက်မသွားခင်ကထက်ပင် ပို၍မောက်မာရိုင်းစိုင်းလာသည်ဟု ဟန်ရှီထင်မိသည်။ သခင်မကြီးအား ဒေါသထွက်အောင် လုပ်မိမည်စိုးသော်လည်း ဖုန်းမိသားစုက ဆက်ဆံပုံများအတိုင်းသာဆိုပါက ဖန်းသိုက်က ယခုလိုလုပ်နေတာကလည်း မှန်တာပဲဟု သူမ တွေးမိသည်။
စိတ်ထဲ၌ သောင်မတင်ရေမကျ ဖြစ်နေသော်လည်း သားအမ်ိနှစ်ယောက်မှာ ကိုယ်ပိုင်ခြံ၀င်းသို့ ပြန်ရောက်သွားကြတော့သည်။ ဟန်ရှီ ဖန်းသိုက်အား ရေချိုးပြီး အနားယူဖို့ ကူညီပေးလိုက်ကြရန် အစေခံများကို ခိုင်းလိုက်ပြီး ရှူးယခြံ၀င်းကိုလည်း လူလွှတ်၍ အခြေအနေကြည့်ခိုင်းလိုက်သည်။ သခင်မကြီးက အိပ်နေဆဲဟု သိလိုက်ရမှသာ သူမ သက်ပြင်းချလိုက်နိုင်သည်။
ဖန်းသိုက်က တစ်ရေးအိပ်လိုက်သည်မှာ ညစာစားချိန်ထိပင်ဖြစ်သည်။ သူမ နိုးလာသည့်အခါတွင် ၀တ်စားပြင်ဆင်ခိုင်းပြီး ဟန်ရှီက ရှုးယခြံ၀င်းသို့ ဆွဲခေါ်လာသည်။
သူမတို့ရောက်သွားချိန်တွင် ဖုန်းချန်းယွီနှင့် ဖုန်းရှန်းရုန်က သခင်မကြီး၏ ခုတင်ဘေးတွင် ထိုင်နေကြသည်။ အစေခံများက ဆောင်းရာသီအ၀တ်များကို ပြင်ဆင်နေကြလေသည် ။
ဖုန်းဖန်းသိုက် ၀င်သွားလိုက်သည်နှင့် ဆေးနံ့ကို ထောင်းခနဲရလိုက်သည်။ သခင်မကြီးက ဆေးရည်များကို အချိန်အကြာကြီး သောက်နေရတာဖြစ်၍ ဆေးနံ့များက ပြင်းလွန်းလေသည်။ ဆေးပလာစတာအနံ့များပါ ရောသွားသည့်အခါတွင် ဆေးနံ့များက မခံနိုင်စရာ အခြေအနေထိ ရောက်လို့နေသည် ။
" ဒါက ဘာနံ့ကြီးလဲ " ဖုန်းဖန်းသိုက်က မကျေမနပ်ပြောသည်။ " အန်ချင်စရာကြီး "
ဟန်ရှီ တံတောင်ဖြင့်တွတ်ကာ သတိပေးလိုက်သည်။ " သခင်မကြီးရဲ့ ခါးကိုက်ရောဂါက ပြန်ဖြစ်နေတာ "
" အဲ့လိုဆိုရင်တောင် တစ်ခန်းလုံးက ဆေးဆိုင်လိုအနံ့ထွက်နေဖို့ လိုလို့လား ! " ဖုန်းဖန်းသိုက်၏ မကျေနပ်ချက်များက အဆုံးသတ်သွားခြင်းမရှိပေ ။ သခင်မကြီး၏ ခုတင်ဘေးသို့ရောက်မှသာ ပြုံးလိုက်ပြီး ခါးညွတ်ကာ သခင်မကြီးကို နှုတ်ဆက်လေသည်။ " ဖန်းသိုက် ဖွားဖွားကို ဂါ၀ရပြုပါတယ် ၊ ဖွားဖွား နေကောင်းပါရဲ့လား "
သခင်မကြီးက မျက်မှောင်ကြုံ့ကာ ဖုန်းဖန်းသိုက်ကို လှည့်ကြည့်သည်။ " ကန်းနေတာလား ၊ ငါသာ နေကောင်းရင် ဒီိလိုအိပ်ရာထဲ လဲနေပါ့မလား "
အဆူခံလိုက်ရသဖြင့် ဖုန်းဖန်းသိုက်က စိတ်ဆ်ိုးသွားတော့သည်။ " ဖန်းသိုက်က ဒီအတိုင်း မေးလိုက်တာပါ ၊ ဖွားဖွားက ဒီလိုပြန်ပြောဖ်ို့အထိ လိုလို့လား "
" ဘာပြောလိုက်တယ် " သခင်မကြီး ကိုယ့်နားကိုယ်ပင် မယုံနိုင်တော့ချေ ။ " ပြန်ပြောလိုက်စမ်းပါ ? "
ဖုန်းဖန်းသိုက်က အတည်ပြန်ပြောတော့မည် လုပ်လိုက်သော်လည်း ဟန်ရှီက ဆိတ်ဆွဲကာ ၀င်ဖျန်ဖြေသည်။ " ဖန်းသိုက်က သခင်မကြီးကို အရမ်းလွမ်းနေတယ်လို့ ပြောတာပါ "
" ငါ နားမကန်းသေးဘူးဟဲ့ ! " သခင်မကြီးက ဒေါသူပုန်ထကာ ထအော်သည်။ " နင်တို့ သားမိနှစ်ယောက် ငါ့ရှေ့မှာ လာဟန်ဆောင်ပြနေဖို့ မလိုဘူး ၊ ငါ့ကျောက မကောင်းပေမယ့် ငါ့နားတွေကတော့ အကောင်းကြီးရှိသေးတယ် ! "
ထိုသို့အော်ပြီးနောက် သခင်မကြီးက ဒေါသထွက်ထွက်ဖြင့် ထထိုင်ဖို့လုပ်သည် ။ အထိန်းတော်ကျောက်က ဘေးမှနေ တစ်ဖွဖွပြောရင်း တားနေလေ၏။ " သခင်မကြီး ထလို့မဖြစ်ပါဘူး ၊ ဒေါသလည်း ထွက်လို့မဖြစ်ပါဘူး ၊ အခုမှ ခါးကသက်သာရုံရှိသေးတာပါ ထပ်ပြီး အဆစ်လွဲသွားပါလိမ့်မယ် ! "
ဖုန်းရှန်းရုန်ကလည်း ၀င်ပြောသည်။ " ဖွားဖွား နေမကောင်းနေတာကနေ ပြန်သက်သာလာဖို့က အရေးအကြီးဆုံးပါ ၊ စတုတ္ထညီမက အခုမှပြန်ရောက်လာတာပါ ၊ နောက်မှပြောရင်လည်း အချိန်တွေ အများကြီးရှိပါသေးတယ် ! " ပြောရင်းဖြင့် ဖုန်းဖန်းသိုက်အား ဆက်မပြောတော့ရန် တားပေးဖို့ ဟန်ရှီအား မျက်စပစ်ပြနေလေသည်။
သို့သော်လည်း ဟန်ရှီက ဖုန်းရှန်းရုန်အား လျစ်လျူရှုလိုက်ပြီး အင်္ကျီကိုင်ထားသော အစေခံများကိုသာ ကြည့်လိုက်လေသည်။ "အိုးးး ! ဒါတွေက အသစ်၀ယ်လာတဲ့ အင်္ကျီတွေလား ၊ ကျစ်စ် ကျစ်စ် တော်တော်လေးတော့ ကောင်းပေမယ့် အသင့်ချုပ်ထားတဲ့ အ၀တ်တွေက ကိုယ်တိုင်ချုပ်ထားတာလောက်တော့ မကောင်းဘူးပဲ ၊ အနီးကပ်ကြည့်လိုက်တော့မှ အသားလည်းညံ့တာပဲ "
ဖုန်းဖန်းသိုက်ကလည်း သခင်မကြီးအား ဂရုမစိုက်တော့ဘဲ အင်္ကျီများကိုသာ သွားကြည့်နေလေ၏။
သခင်မကြီးက အိပ်ရာထဲမှနေ အော်ဟစ်နေသည်။ " သူတို့နှစ်ယောက်ကို အပြင်ကို ဆွဲထုတ်သွားကြစမ်း ! ဆွဲထုတ်သွားကြစမ်း ! "
အထိန်းတော်ကျောက်က ဟန်ရှီကို ပြောသည်။ " ကိုယ်လုပ်တော်ဟန် စတုတ္ထသခင်မလေးကို ပြန်ခေါ်သွားပါတော့ ၊ သခင်မကြီးက ပင်ပန်းနေပါပြီ "
ထိုအချိန်တွင် စကားတစ်ခွန်း ၀င်မပြောခဲ့သည့် ဖုန်းချန်းယွီကလည်း ထရပ်ပြီး အင်္ကျီများကို သွားကြည့်သည်။ ထို့နောက် သူမ၏အစေခံ ယီလင်းအား " ဒိအင်္ကျီတွေအားလုံး ငါလိုချင်တယ် ၊ အကုန် ယူလာခဲ့လိုက် " ဟုခိုင်းစေသည်။
ယီလင်းက နာခံကာ အင်္ကျီများကို ယူမည်ပြင်လိုက်သော်ငြား ဖုန်းဖန်းသိုက်က လှမ်းဆွဲ၍တားသည်။ " မမကြီး အားလုံးအတူတူ နန်းတွင်းထဲ၀င်ကြရမှာလေ ၊ ပြီးတော့ အင်္ကျီကလည်း သုံးထည်ရှိတဲ့ဟာကို ဘာလုပ်ဖို့ အကုန်ယူသွားမှာလဲ "
ဖုန်းချန်းယွီက နှာမှုတ်ကာ ပြန်ဖြေသည်။ " ဘာလို့လဲဆိုတော့ ငါက ဖုန်းမိသားစုက တရား၀င်သမီးမို့လို့လေ ! "
" ဪ ! " ဖုန်းဖန်းသိုက်က ဖုန်းချန်းယွီကို နှစ်ပြားမတန်သလို ကြည့်ကာပြန်ပြောသည်။ " အမြဲတမ်း ဒီဟာကိုပဲ ပြောနေတာပဲ ၊ ဖွားဖွား ! " ခုနတုန်းက သခင်မကြီးအား ဒေါသထွက်အောင် လုပ်ခဲ့သူက သူမ မဟုတ်သလို ဖုန်းဖန်းသိုက်က ပြောနေလေ၏။ " မဟုတ်မှလွဲရော ဖွားဖွားက ဖန်းသိုက်ကို အိမ်နေရင်းအ၀တ်တွေနဲ့ပဲ နန်းတွင်းကို ၀င်သွားစေချင်နေတာလား ၊ ဖန်းသိုက်က ကိုယ်လုပ်တော်ဖွားသမီးပဲမို့ သိပ်တော့ဂရုမစိုက်ပေမယ့် တကယ်တမ်း မျက်နှာပျက်ရမှာက ဖုန်းမိသားစုပါ ၊ ဒါက မမကြီးကြောင့်ဆိုတာကို ဖွားဖွားလည်းသိနေတော့ ပြီးမှ ဖန်းသိုက်ကို အပြစ်လာမတင်ပါနဲ့နော်
သခင်မကြီးက ဖန်းသိုက်၏မျက်နှာကို မကြည့်ချင်တော့သဖြင့် မျက်လုံးများကို မှိတ်လိုက်လေသည်။ သို့ပါသော်လည်း ဖန်းသိုက်နှင့် ချန်းယွီကို ယှဥ်ပါက သခင်မကြီးက ဖုန်းချန်းယွီကို ပိုပြီးကြည့်မရဖြစ်နေတာဖြစ်၏။
သို့ဖြစ်၍ သခင်မကြီးက " တစ်ယောက်ကို တစ်စုံကျပဲ ၊ ဘယ်သူကမှ ပိုမယူရဘူး " ဟုဆိုသည်။
" ဖွားဖွားကို ကျေးဇူးတင်ပါတယ် " ဖုန်းဖန်းသိုက်က ၀မ်းသာအားရ ပြန်ဖြေပြီးနောက် အစ်ိမ်းနုရောင်အင်္ကျီကို ဆွဲယူလိုက်လေသည်။ " ဘယ်လိုပဲကြည့်ကြည့် သုံးစုံလုံးက ရိုးလွန်းနေတယ် ၊ ဒါပေမယ့်လည်း အိမ်တော်မှာ ကွယ်လွန်သွားတဲ့သူရှိနေတာဆိုတော့ ဒါလည်းရပါတယ်လေ ! မမကြီးလိုတော့ အမေ့ရဲ့နာရေးပြီးပြီးချင်း အနီရောင်၀တ်တဲ့သူမျိုး မဖြစ်ချင်ပါဘူး " ဟုပြောပြီးနောက်တွင် ဖုန်းဖန်းသိုက်က ဟန်ရှိီကိုဆွဲ၍ ပြန်သွားတော့သည်။
ဖုန်းချန်းယွီမှာ ဒေါသကြောင့် မျက်နှာကြီးဖြူနေပြီဖြစ်သည်။ သူမ အမုန်းဆုံးသူက သခင်မကြီးပင် ၊ အဲ့ခွေးမက သူမကို သခင်မကြီးအားကိုးနဲ့ အနိုင်ယူသွားတာဖြစ်သည်။ သို့ဖြစ်၍ ဖုန်းကျင်းယွမ်က သူမအား အနာဂတ်ကောင်းကောင်း ရှာပေးနိုင်ဖို့ကိုသာ မျှော်လင့်နေရတော့သည်။ လအနည်းငယ်ကြာပြီးနောက်တွင် သူမသည် ဆယ့်ငါးနှစ်ပြည့်တော့မည်ဖြစ်၍ မင်္ဂလာပွဲက်ိစ္စများကိုလည်း ဆွေးနွေးရတော့မှာဖြစ်သည်။ သူမ ပျော်ပျော်ရွှင်ရွှင်နဲ့ ဂုဏ်ယူရမည့်နေ့ ရောက်လာသည်နှင့်သူမကို ဒုက္ခပေးခဲ့သူများအားလုံးကို အသေဆိုးနှင့်ကြုံရအောင် လုပ်ပစ်မှာဖြစ်သည် !
အင်္ကျီတစ်စုံကို ဆွဲယူလိုက်ပြီး သခင်မကြီးကိုပင် နှုတ်ဆက်စကားမပြောတော့ဘဲ ဖုန်းချန်းယွီက ယီလင်းနှင့်အတူ ပြန်သွားတော့သည်။
သို့ဖြစ်၍ အခန်းတွင်း၌ ကျန်နေခဲ့သည့် သခင်မလေးမှာ ရှန်းရုန်တစ်ယောက်သာဖြစ်တော့သည်။
မြို့စွန်မှာနေခဲ့ရသည့် ဖုန်းဖန်းသိုက်က မပြောင်းလဲသွားသည့်အပြင် ယခင်ကထက် ပိုဆိုးလာမည်ဟု ဖုန်းရှန်းရုန် မထင်ထားခဲ့ပါ။ ထို့အပြင် ဖုန်းချန်းယွီသည်လည်း ကြာပန်းဖြူလေးလိုပင် ဟန်ဆောင်မပြနိုင်တော့ချေ ။ ဖုန်းမိသားစုသည် တဖြည်းဖြည်းနှင့် သူမ မုန်းသည်ထက် မုန်းတီးလာမိသောနေရာ ဖြစ်လို့လာနေပေသည်။
" ဖွားဖွား " ဖုန်းရှန်းရုန် သခင်မကြီး၏ဘေးသို့ လျှောက်သွား၍ ခေါ်လိုက်သည်။ " ကျန်းမာလာဖို့က အရေးအကြီးဆုံးပါ ၊ ကြားမကောင်းတဲ့စကားတွေကိုတော့ ... မကြားချင်ယောင်ပဲ ဆောင်နေလိုက်ပါ "
သခင်မကြီးက မျက်ရည်များ၀ဲနေရင်း သက်ပြင်းရှည်ကြီး ချလိုက်သည်။ ဖုန်းရှန်းရုန်ကို ကြည့်လိုက်သည့်အခါတွင် ဖုန်းယွိဟန်နှင့် ခပ်ဆင်ဆင်တူသည့် အရိပ်အယောင်များကို သူမ မြင်လိုက်ရသလိုပင် ။
" အရင်တုန်းက ညည်းရဲ့ဒုတိယအစ်မက ညည်းကို အကောင်းဆုံးဆက်ဆံပေးခဲ့တာ ၊ ဒီတစ်အိမ်တော်လုံးမှာလည်း သိတတ်နားလည်တဲ့သူက ညည်းပဲရှိတယ် ... စိတ်မပူနဲ့ အားဟန်ကြောင့်ပဲဖြစ်ဖြစ် ဖွားဖွားက ပိုပြီးကောင်းကောင်း ဆက်ဆံပေးပါ့မယ် ၊ ဒီတစ်ခေါက်ကတော့ တကယ်ကိုအချိန်မရှိတော့လို့ အင်္ကျီတွေကို သေချာမပြင်ပေးနိုင်တာ ၊ ပွဲတော်ကပြန်လာတော့မှာပဲ ဖွားဖွားက သိုလှောင်ရုံထဲက အကောင်းဆုံးပိတ်စကိုထုတ်ပြီး အင်္ကျီအသစ်ချုပ်ပေးမယ် "
ရှန်းရုန် ထိုအရာများကို ဂရုမစိုက်ပါ ၊ ဖုန်းယွိဟန်၏အကြောင်းပါလာသဖြင့် ၀မ်းနည်းလာမိခြင်းသာရှိသည်။ " ကျေးဇူးတင်ပါတယ် ဖွားဖွား"
ဖုန်းရှန်းရုန် ပြန်တော့မည်အလုပ်တွင် အစေခံလေးတစ်ယောက်က အခန်းတွင်းသို့ ၀င်လာလေသည်။ သူမ၏လက်ထဲတွင် ဗန်းတစ်ခုကိုကိုင်လာပြီး သပ်သပ်ရပ်ရပ်ထုပ်ပိုးထားသည့် အထုပ်တစ်ခုပါလာသည်။
အစေခံလေးက သခင်မကြီးနှင့် ဖုန်းရှန်းရုန်ကို ပြောလာသည်။ " ချွင်းနန်းတော်က အစေခံတစ်ယောက် ရောက်လာပြီး အ၀တ်တစ်စုံ လာပို့ပေးသွားပါတယ် ၊ တတိယသခင်မလေးအတွက်လို့ ပြောပါတယ် "
*******
ရွင္တို႔မင္းသားေတြက တစ္ခ်က္ေလးၿငိမ္ၿငိမ္ မေနႏိုင္ၾကဘူးလား
ဟန္ရွီ၏ ၀မ္းနည္းေနသည့္ အမူအရာႏွင့္ယွဥ္ပါက ဖန္းသိုက္၏ အျပဳအမူက သိပ္ေတာ့မေကာင္းေခ် ။ ဟန္ရွီအား မတူသလိုမတန္သလို တြန္းပင္တြန္းထုတ္လိုက္ေသးေလသည္။ ထို႔ေနာက္ ေမးခ်ီကာ တံခါးမႀကီးကေန၀င္ရန္ျပင္ေနၿပီး သူမကိုၾကည့္ရန္ ေရာက္လာၾကသူမ်ားကို ျမင္သည့္အခါ ရပ္သြားေလ၏။
ဖုန္းဖန္းသိုက္က ေမးကိုခ်ီထားၿပီး ကိုယ့္ကိုယ္ကို အထင္ႀကီးေနဟန္ျဖင့္ ထိုသူမ်ားကို ျပန္ၾကည့္ၿပီး ဖုန္းခ်န္းယြီကိုျမင္သည့္အခါ မ်က္လံုးလွန္ကာ ႏွာေခါင္းရႈံ႔လိုက္ေလသည္။ ဖုန္းခ်န္းယြီအား ႏႈတ္ဆက္မည့္ အရိပ္အေယာင္လည္း မရိွေပ ။
ဖုန္းခ်န္းယြီ ခ်က္ခ်င္းပင္ ဟန္ရွီကို လွမ္းၾကည့္လိုက္မိသည္။ ဖုန္းထံုခရိုင္မွာ ျဖစ္ပ်က္ခဲ့သည္မ်ားကို ဖုန္းဖန္းသိုက္အား ဟန္ရွီက ျပန္ေျပာျပထားၿပီးေလာက္ၿပီဟု သူမ သိေနသည္ ။
အိမ္ေတာ္ထဲ၀င္လာသည့္ ဟန္ရွီကလည္း ဖုန္းခ်န္းယြီ၏အၾကည့္မ်ားေၾကာင့္ ခ်က္ခ်င္းျပန္ေျပာသည္။ " ပထမသခင္မေလး ဘာအေၾကာင္းမွလည္း မရိွဘဲနဲ႔ ကြၽန္မကို ဘာလို႔ဒီလိုစိုက္ၾကည့္ေနရတာပါလဲ " သမ္ီးျဖစ္သူ အိမ္ေတာ္ျပန္ေရာက္လာၿပီျဖစ္၍ ဟန္ရွီ၏အသံက ခပ္မာမာျပန္ျဖစ္လာသည္။
ဖုန္းခ်န္းယြီ ေဒါသမ်ား တစ္လိပ္လိပ္ ထြက္လာေတာ့သည္။ " ေလာကႀကီးက ဘာေတျြဖစ္ကုန္တာလဲ ၊ ငါက ဖုန္းမိသားစုက တရား၀င္သမီးျဖစ္ၿပီး နင္က ကိုယ္လုပ္ေတာ္တစ္ေယာက္ေလ ၊ ငါ့ကို ဒီိလိုျပန္ေျပာရဲေနတာလား "
" ကြၽန္မက ဘယ္လိုေျပာလိုက္လို႔လဲ " ဟန္ရွီက ျပန္ေမးသည္။ " ပထမသခင္မေလးက တရား၀င္သမီးဆိုတာ အမွန္ပါပဲ ၊ ဒါေပမယ့္ အေၾကာင္းအရင္းမရိွဘဲ လူေတြကို ဒီလိုဝါးစားေတာ့မလို စိုက္ၾကည့္ေနလို႔မရဘူးေလ ၊ ကြၽန္မက စတုတၴသခင္မေလးကို အိမ္ေတာ္ထဲ ျပန္ေခၚလာေပးရံုပဲရိွေသးတာ ၊ ဘာစကားမွေတာင္ မေျပာရေသးတာကို ပထမသခင္မေလးက ဘာလို႔ေဒါသထြက္ေနရတာလဲ ၊ ဘာလဲ ကြၽန္မက ေဒါသေျဖဖို႔ ပစၥည္းတစ္ခုမို႔လို႔လား "
ဖုန္းခ်န္းယြီ၏ မ်က္ႏွာထားက ထိန္းမရေအာင္ ပ်က္ေနေလၿပီ ။ " နင္ဘာလုပ္ထားလဲ နင့္ဘာသာပဲ သိမွာေပါ့ ! ငါမသ္ိဘူးလို႔ ထင္မေနနဲ႔ ! "
" ကြၽန္မက ဘာလုပ္ထားလို႔လဲ ၊ တကယ္ပဲ ဘာေတြမ်ား လုပ္ထားလို႔လဲ " ဟန္ရွီက အသံျမႇင့္ကာ ေအာ္ေျပာသည္။ " အားလံုးပဲ နားေထာင္ၾကည့္ၾကစမ္းပါ ၊ ကြၽန္မက ဘာေတြကို လုပ္ထားလို႔လဲ ၊ ပထမသခင္မေလးရဲ့ အဆင့္အတန္းကျမင့္လို႔ ကြၽန္မတို႔က လက္ခံေပးရမွာ မွန္ေပမယ့္ အေၾကာင္းအရင္းမရိွဘဲ ျပႆနာရွာေနရင္ေတာ့ ကိစၥေတြကို ရွင္းရွင္းလင္းလင္းျဖစ္ေအာင္ လုပ္ရပါလိမ့္မယ္ ၊ ပထမသခင္မေလးက ကြၽန္မကို တစ္ခုခုလုပ္ထားတယ္လို႔ စြပ္စြဲေနမွေတာ့ ပထမသခင္မေလးပဲ ရွင္းေအာင္ေျပာၾကည့္ပါ ၊ အားလံုးၾကားေအာင္ ေျပာျပလိုက္ပါ ၊ ကြၽန္မလုပ္ခဲ့တာသာမွန္တယ္ဆိုရင္ ၀န္ခံပါ့မယ္ ၊ မဟုတ္ဘဲ အျပစ္ကင္းတဲ့သူကို စြပ္စြဲေနတာဆိုရင္ေတာ့ ကြၽန္မလည္း သခင္ႀကီးနဲ႔ သခင္မႀကီးကို အေၾကာင္းၾကားၿပီး တရားမ်ွတမႈ ရွာခိုင္းရပါလိမ့္မယ္ ! "
ဖုန္းခ်န္းယြီ ေၾကာက္ဒူးတုန္လာမိသည္။ သူမက ဘယ္လို ေျပာရမွာလဲ ၊ ထိုကိစၥက အိမ္ေတာ္ထဲ၌ တားျမစ္ထားသည့္ကိစၥျဖစ္ၿပီး အိပ္မက္ျဖစ္ပါေစဟု သူမ အၿမဲဆုေတာင္းေနခဲ့ရေသာ အေၾကာင္းလည္းျဖစ္ေပသည္ ။ ယခု ဟန္ရွီက သူမကို ထုတ္ေျပာေစခ်င္ေနတာကို သူမက ဘယ္လိုလုပ္ၿပီး ထုတ္ေျပာလို႔ရမွာလဲ ။
ရႈံးသြားသည္ကို လက္ခံၿပီး ဖုန္းခ်န္းယြီ မ်က္ႏွာလႊဲလိုက္ေတာ့သည္။
ထိုအခ်ိန္တြင္ ဖုန္းဖန္းသိုက္က ဖုန္းခ်န္းယြီကိုၾကည့္ကာ ရုတ္တရက္ ထရယ္သည္။ " မမႀကီး မေတြ့ရတာေတာင္ ၾကာၿပီေနာ္ ၊ အသားအရည္ကလည္း အရင္ကထက္ေတာင္ ပိုလွလာတာပဲ ! က်စ္စ္ က်စ္စ္ ဒီပါးေလးေတြကို ၾကည့္ပါၪီး ... ဘယ္လိုမ်ား ထိန္းသိမ္းထားတာလဲ ၊ ေရေတြေတာင္ ၫွစ္ထုတ္လို႔ ရေလာက္တယ္ "
ထိုစကားမ်ားက အမွန္တကယ္တြင္ ဘာမွထူးျခားေနျခင္းမရိွဘဲ အျခားသခင္မေလးမ်ားသာဆိုပါက ခ်ီးမြမ္းစကားဟု သတ္မွတ္လိုက္ၾကမွာျဖစ္သည္။ သို႔ေသာ္လည္း ဖုန္းခ်န္းယြီကမူ အျခားေသာ အဓိပၸာယ္မ်ားရိွေနသည္ဟု ယူဆသြားေတာ့သည္။ သူမ ဘယ္လိုပင္ နားေထာင္ေနပါေစ ဖုန္းဖန္းသိုက္က သူမ၏အားနည္းခ်က္အား ရန္စကာဆြေပးေနျခင္းဟုသာ ထင္ေနေလ၏။
" ဟန္ရွီ ! " ဖုန္းခ်န္းယြီ အံတင္းတင္းႀကိတ္ကာ ေခၚလိုက္သည္။ " အေဖက အိမ္ေတာ္ကလူေတြအားလံုးကို ပါးစပ္ပိတ္ထားၿပီးသြားၿပီ ၊ နင္ ဒီေလာက္ေတာင္ ယုတ္မာၿပီး ျဖန္႔ပစ္ခ်င္ေနတယ္ဆိုရင္ ငါ ေသခ်ာေပါက္ အေဖ့ကို ျပန္ေျပာရလိမ့္မယ္ ၊ အေဖက ေသခ်ာေပါက္ ငါ့ဘက္ကပဲ ရိွေနမွာ ! "
ေျပာၿပီးေနာက္တြင္ ဖုန္းခ်န္းယြီ လွည့္ထြက္လာလိုက္ေသာ္လည္း ဟန္ရွီ၏ျပန္ေအာ္သံကို ၾကားလိုက္ရျပန္သည္။ " ႀကိဳက္တဲ့လူကို ႀကိဳက္သလို ေျပာျပလိုက္ ! လုပ္ခ်င္တိုင္းလုပ္ခဲ့ၿပီးမွ တစ္ျခားသူေတြကိုပါ နင္နဲ႔အတူဆြဲခ်ခ်င္ေနတာလား ၊ ငါ့ဖင္ႀကီးကိုပဲ တရား၀င္သမီးလို႔ ေျပာေနလိုက္ ! "
ဟန္ရွီက ထိုသို႔ဆဲဆိုေနသျဖင့္ ခ်န္ရွီႏွင့္ပင္ ခပ္ဆင္ဆင္ျဖစ္ေနသည္။ သို႔ျဖစ္၍ အန္းရွီက ရွန္းရုန္ကိုလက္ဆြဲကာ ျပန္၀င္သြားသလို က်င္းက်န္႔ကလည္း ဆက္ေနလိုစိတ္မရိွေတာ့ေခ် ။
ဖုန္းဖန္းသိုက္က ရပ္ၾကည့္ေနၿပီးမွ ဟန္ရွီထံ လွည့္ၾကည့္သည္။ " အိမ္ေတာ္မွာ သမီး မရိွေတာ့တာ ၾကာေနၿပီဆိုေပမယ့္လည္း အေမက ဒံုရင္းကဒံုရင္းပဲ ၊ ဒီေလာက္ အိမ္ေတာ္အႀကီးႀကီးထဲမွာေတာင္ ဘာလို႔ အေပါင္းအေဖာ္ တစ္ေယာက္ေလးေတာင္ မရိွရတာလဲ ၊ ဒီအတိုင္းဆို ဘယ္လိုလုပ္ အဆင္ေျပပါ့မလဲ ၊ ေနာင္တစ္စံုတစ္ရာျဖစ္လာရင္ ကူညိေပးမယ့္သူက ဘယ္ကေရာက္လာမွာလဲ "
သို႔ေသာ္လည္း ဟန္ရွီက ထိုသို႔မျမင္ေပ ။ " အေပါင္းအေဖာ္ရိွေတာ့ေရာ ဘာထူးလို႔လဲ ၊ ေယာင္ရွီက အန္းရွီနဲ႔ တစ္တြဲတြဲျဖစ္ေနတာကို ျမင္တယ္မလား ၊ ဒါေပမယ့္ ဖုန္းယြိဟန္ ေဘးႀကံဳေတာ့ အန္းရွီကကူေျပာေပးလည္း ဘာအေၾကာင္းထူးသြားလို႔လဲ "
ဖန္းသိုက္လည္း ထိုသည္ကမွန္သည္ဟု ထင္မိသည္။ ဖုန္းမိသားစုမ်ားၾကားရိွ ဆက္ဆံေရးက ယိုင္နဲ႔နဲ႔သာရိွၾကတာျဖစ္၍ ကိုယ့္အားကိုသာ ကိုယ္ကိုးၾကရမွာျဖစ္သည္။ အျခားလူမ်ားထံမွ အကူအညီကို ေမ်ွာ္လင့္ေန၍ မရေခ် ။
" ဟုတ္သားပဲ " ဟုဆိုကာ ဟန္ရွီက ဖုန္းဖန္းသိုက္၏ေဘးသို႔ ကပ္ေျပာသည္။ " အေမ သမီးကို ေျပာျပထားတဲ့ကိစၥကို ဘယ္သူ႔ကိုမွ ျပန္ေျပာလို႔မျဖစ္ဘူးေနာ္ ၊ ဒီိကိစၥသာ ေပါက္ၾကားသြားမယ္ဆိုရင္ ဖုန္းခ်န္းယြီတစ္ေယာက္တည္း ပ်က္စီးသြားမွာမဟုတ္ဘဲ သမီးအေဖပါ အတူပ်က္စီးသြားလိမ့္မယ္ ၊ အဲ့လိုျဖစ္သြားရင္ အေမတို႔ မွီခိုလို႔ရမယ့္သူ မရိွေတာ့ဘဲ ျဖစ္သြားလိမ့္မယ္ "
ဖုန္းဖန္းသိုက္က " သမီးက အဲ့ေလာက္လည္း မတံုးပါဘူး ၊ ဖုန္းခ်န္းယြီကေတာ့ ... အဟက္ ! " ဟူ၍ ထေအာ္ကာ မ်က္လံုးလွန္၍ အိမ္ေတာ္တြင္းသို႔ ၀င္သြားေလသည္။
ဟန္ရွီ ေနာက္မွေန လိုက္သြားလိုက္ေသာ္ျငား သြားေနသည့္လမ္းကမွားေနသျဖင့္ သတ္ိေပးလိုက္သည္။ " ရႈးယၿခံ၀င္းကို အရင္သြားရမွာေလ ၊ အခုမွ အိမ္ေတာ္ကို ျပန္ေရာက္လာတာဆိုေတာ့ သခင္မႀကီးကိုအရင္ဆံုး ဂါ၀ရျပဳဖို႔ သြားရမွာေပါ့ "
" မသြားဘူး " ဖုန္းဖန္းသိုက္က ခ်က္ခ်င္းျပန္ျငင္းသည္။ " ဒီမနက္က အေစာႀကီးထထားရတာ ၊ ၿပီးေတာ့ အထုပ္ေတြလည္း ျပင္ရေသးတယ္ ဒါ့အျပင္ကို တစ္လမ္းလံုး လွည္းထဲမွာ ထိုင္လာရေသးတဲ့ဟာကို မသြားႏိုင္ဘူး ၊ အေစခံကိုေျပာၿပီး ခ်ိဳးေရျပင္ခိုင္းထားလိုက္ ၊ ေရခ်ိဳးၿပီးရင္ အိပ္ၪီးမယ္ ၊ ႏိုးမွ သြားေတြ့မယ္ ! " ဟုဆိုကာ ေျခလွမ္းမ်ားကို သုတ္ေျခတင္လိုက္ေလသည္။
သူမသမီးက အိမ္ေတာ္မွ ထြက္မသြားခင္ကထက္ပင္ ပို၍ေမာက္မာရိုင္းစိုင္းလာသည္ဟု ဟန္ရွီထင္မိသည္။ သခင္မႀကီးအား ေဒါသထြက္ေအာင္ လုပ္မိမည္စိုးေသာ္လည္း ဖုန္းမိသားစုက ဆက္ဆံပံုမ်ားအတိုင္းသာဆိုပါက ဖန္းသိုက္က ယခုလိုလုပ္ေနတာကလည္း မွန္တာပဲဟု သူမ ေတြးမိသည္။
စိတ္ထဲ၌ ေသာင္မတင္ေရမက် ျဖစ္ေနေသာ္လည္း သားအမ္ိႏွစ္ေယာက္မွာ ကိုယ္ပိုင္ၿခံ၀င္းသို႔ ျပန္ေရာက္သြားၾကေတာ့သည္။ ဟန္ရွီ ဖန္းသိုက္အား ေရခ်ိဳးၿပီး အနားယူဖို႔ ကူညီေပးလိုက္ၾကရန္ အေစခံမ်ားကို ခိုင္းလိုက္ၿပီး ရႉးယၿခံ၀င္းကိုလည္း လူလႊတ္၍ အေျခအေနၾကည့္ခိုင္းလိုက္သည္။ သခင္မႀကီးက အိပ္ေနဆဲဟု သိလိုက္ရမွသာ သူမ သက္ျပင္းခ်လိုက္ႏိုင္သည္။
ဖန္းသိုက္က တစ္ေရးအိပ္လိုက္သည္မွာ ညစာစားခ်ိန္ထိပင္ျဖစ္သည္။ သူမ ႏိုးလာသည့္အခါတြင္ ၀တ္စားျပင္ဆင္ခိုင္းၿပီး ဟန္ရွီက ရႈးယၿခံ၀င္းသို႔ ဆြဲေခၚလာသည္။
သူမတို႔ေရာက္သြားခ်ိန္တြင္ ဖုန္းခ်န္းယြီႏွင့္ ဖုန္းရွန္းရုန္က သခင္မႀကီး၏ ခုတင္ေဘးတြင္ ထိုင္ေနၾကသည္။ အေစခံမ်ားက ေဆာင္းရာသီအ၀တ္မ်ားကို ျပင္ဆင္ေနၾကေလသည္ ။
ဖုန္းဖန္းသိုက္ ၀င္သြားလိုက္သည္ႏွင့္ ေဆးနံ႔ကို ေထာင္းခနဲရလိုက္သည္။ သခင္မႀကီးက ေဆးရည္မ်ားကို အခ်ိန္အၾကာႀကီး ေသာက္ေနရတာျဖစ္၍ ေဆးနံ႔မ်ားက ျပင္းလြန္းေလသည္။ ေဆးပလာစတာအနံ႔မ်ားပါ ေရာသြားသည့္အခါတြင္ ေဆးနံ႔မ်ားက မခံႏိုင္စရာ အေျခအေနထိ ေရာက္လို႔ေနသည္ ။
" ဒါက ဘာနံ႔ႀကီးလဲ " ဖုန္းဖန္းသိုက္က မေက်မနပ္ေျပာသည္။ " အန္ခ်င္စရာႀကီး "
ဟန္ရွီ တံေတာင္ျဖင့္တြတ္ကာ သတိေပးလိုက္သည္။ " သခင္မႀကီးရဲ့ ခါးကိုက္ေရာဂါက ျပန္ျဖစ္ေနတာ "
" အဲ့လိုဆိုရင္ေတာင္ တစ္ခန္းလံုးက ေဆးဆိုင္လိုအနံ႔ထြက္ေနဖို႔ လိုလို႔လား ! " ဖုန္းဖန္းသိုက္၏ မေက်နပ္ခ်က္မ်ားက အဆံုးသတ္သြားျခင္းမရိွေပ ။ သခင္မႀကီး၏ ခုတင္ေဘးသို႔ေရာက္မွသာ ၿပံဳးလိုက္ၿပီး ခါးၫြတ္ကာ သခင္မႀကီးကို ႏႈတ္ဆက္ေလသည္။ " ဖန္းသိုက္ ဖြားဖြားကို ဂါ၀ရျပဳပါတယ္ ၊ ဖြားဖြား ေနေကာင္းပါရဲ့လား "
သခင္မႀကီးက မ်က္ေမွာင္ႀကံဳ႔ကာ ဖုန္းဖန္းသိုက္ကို လွည့္ၾကည့္သည္။ " ကန္းေနတာလား ၊ ငါသာ ေနေကာင္းရင္ ဒီိလိုအိပ္ရာထဲ လဲေနပါ့မလား "
အဆူခံလိုက္ရသျဖင့္ ဖုန္းဖန္းသိုက္က စိတ္ဆ္ိုးသြားေတာ့သည္။ " ဖန္းသိုက္က ဒီအတိုင္း ေမးလိုက္တာပါ ၊ ဖြားဖြားက ဒီလိုျပန္ေျပာဖ္ို႔အထိ လိုလို႔လား "
" ဘာေျပာလိုက္တယ္ " သခင္မႀကီး ကိုယ့္နားကိုယ္ပင္ မယံုႏိုင္ေတာ့ေခ် ။ " ျပန္ေျပာလိုက္စမ္းပါ ? "
ဖုန္းဖန္းသိုက္က အတည္ျပန္ေျပာေတာ့မည္ လုပ္လိုက္ေသာ္လည္း ဟန္ရွီက ဆိတ္ဆြဲကာ ၀င္ဖ်န္ေျဖသည္။ " ဖန္းသိုက္က သခင္မႀကီးကို အရမ္းလြမ္းေနတယ္လို႔ ေျပာတာပါ "
" ငါ နားမကန္းေသးဘူးဟဲ့ ! " သခင္မႀကီးက ေဒါသူပုန္ထကာ ထေအာ္သည္။ " နင္တို႔ သားမိႏွစ္ေယာက္ ငါ့ေရ႔ွမွာ လာဟန္ေဆာင္ျပေနဖို႔ မလိုဘူး ၊ ငါ့ေက်ာက မေကာင္းေပမယ့္ ငါ့နားေတြကေတာ့ အေကာင္းႀကီးရိွေသးတယ္ ! "
ထိုသို႔ေအာ္ၿပီးေနာက္ သခင္မႀကီးက ေဒါသထြက္ထြက္ျဖင့္ ထထိုင္ဖို႔လုပ္သည္ ။ အထိန္းေတာ္ေက်ာက္က ေဘးမွေန တစ္ဖြဖြေျပာရင္း တားေနေလ၏။ " သခင္မႀကီး ထလို႔မျဖစ္ပါဘူး ၊ ေဒါသလည္း ထြက္လို႔မျဖစ္ပါဘူး ၊ အခုမွ ခါးကသက္သာရံုရိွေသးတာပါ ထပ္ၿပီး အဆစ္လြဲသြားပါလိမ့္မယ္ ! "
ဖုန္းရွန္းရုန္ကလည္း ၀င္ေျပာသည္။ " ဖြားဖြား ေနမေကာင္းေနတာကေန ျပန္သက္သာလာဖို႔က အေရးအႀကီးဆံုးပါ ၊ စတုတၴညီမက အခုမျွပန္ေရာက္လာတာပါ ၊ ေနာက္မွေျပာရင္လည္း အခ်ိန္ေတြ အမ်ားႀကီးရိွပါေသးတယ္ ! " ေျပာရင္းျဖင့္ ဖုန္းဖန္းသိုက္အား ဆက္မေျပာေတာ့ရန္ တားေပးဖို႔ ဟန္ရွီအား မ်က္စပစ္ျပေနေလသည္။
သို႔ေသာ္လည္း ဟန္ရွီက ဖုန္းရွန္းရုန္အား လ်စ္လ်ူရႈလိုက္ၿပီး အက်ႌကိုင္ထားေသာ အေစခံမ်ားကိုသာ ၾကည့္လိုက္ေလသည္။ "အိုးးး ! ဒါေတြက အသစ္၀ယ္လာတဲ့ အက်ႌေတြလား ၊ က်စ္စ္ က်စ္စ္ ေတာ္ေတာ္ေလးေတာ့ ေကာင္းေပမယ့္ အသင့္ခ်ဳပ္ထားတဲ့ အ၀တ္ေတြက ကိုယ္တိုင္ခ်ဳပ္ထားတာေလာက္ေတာ့ မေကာင္းဘူးပဲ ၊ အနီးကပ္ၾကည့္လိုက္ေတာ့မွ အသားလည္းညံ့တာပဲ "
ဖုန္းဖန္းသိုက္ကလည္း သခင္မႀကီးအား ဂရုမစိုက္ေတာ့ဘဲ အက်ႌမ်ားကိုသာ သြားၾကည့္ေနေလ၏။
သခင္မႀကီးက အိပ္ရာထဲမွေန ေအာ္ဟစ္ေနသည္။ " သူတို႔ႏွစ္ေယာက္ကို အျပင္ကို ဆြဲထုတ္သြားၾကစမ္း ! ဆြဲထုတ္သြားၾကစမ္း ! "
အထိန္းေတာ္ေက်ာက္က ဟန္ရွီကို ေျပာသည္။ " ကိုယ္လုပ္ေတာ္ဟန္ စတုတၴသခင္မေလးကို ျပန္ေခၚသြားပါေတာ့ ၊ သခင္မႀကီးက ပင္ပန္းေနပါၿပီ "
ထိုအခ်ိန္တြင္ စကားတစ္ခြန္း ၀င္မေျပာခဲ့သည့္ ဖုန္းခ်န္းယြီကလည္း ထရပ္ၿပီး အက်ႌမ်ားကို သြားၾကည့္သည္။ ထို႔ေနာက္ သူမ၏အေစခံ ယီလင္းအား " ဒိအက်ႌေတြအားလံုး ငါလိုခ်င္တယ္ ၊ အကုန္ ယူလာခဲ့လိုက္ " ဟုခိုင္းေစသည္။
ယီလင္းက နာခံကာ အက်ႌမ်ားကို ယူမည္ျပင္လိုက္ေသာ္ျငား ဖုန္းဖန္းသိုက္က လွမ္းဆြဲ၍တားသည္။ " မမႀကီး အားလံုးအတူတူ နန္းတြင္းထဲ၀င္ၾကရမွာေလ ၊ ၿပီးေတာ့ အက်ႌကလည္း သံုးထည္ရိွတဲ့ဟာကို ဘာလုပ္ဖို႔ အကုန္ယူသြားမွာလဲ "
ဖုန္းခ်န္းယြီက ႏွာမႈတ္ကာ ျပန္ေျဖသည္။ " ဘာလို႔လဲဆိုေတာ့ ငါက ဖုန္းမိသားစုက တရား၀င္သမီးမို႔လို႔ေလ ! "
" ဪ ! " ဖုန္းဖန္းသိုက္က ဖုန္းခ်န္းယြီကို ႏွစ္ျပားမတန္သလို ၾကည့္ကာျပန္ေျပာသည္။ " အၿမဲတမ္း ဒီဟာကိုပဲ ေျပာေနတာပဲ ၊ ဖြားဖြား ! " ခုနတုန္းက သခင္မႀကီးအား ေဒါသထြက္ေအာင္ လုပ္ခဲ့သူက သူမ မဟုတ္သလို ဖုန္းဖန္းသိုက္က ေျပာေနေလ၏။ " မဟုတ္မွလြဲေရာ ဖြားဖြားက ဖန္းသိုက္ကို အိမ္ေနရင္းအ၀တ္ေတြနဲ႔ပဲ နန္းတြင္းကို ၀င္သြားေစခ်င္ေနတာလား ၊ ဖန္းသိုက္က ကိုယ္လုပ္ေတာ္ဖြားသမီးပဲမို႔ သိပ္ေတာ့ဂရုမစိုက္ေပမယ့္ တကယ္တမ္း မ်က္ႏွာပ်က္ရမွာက ဖုန္းမိသားစုပါ ၊ ဒါက မမႀကီးေၾကာင့္ဆိုတာကို ဖြားဖြားလည္းသိေနေတာ့ ၿပီးမွ ဖန္းသိုက္ကို အျပစ္လာမတင္ပါနဲ႔ေနာ္
သခင္မႀကီးက ဖန္းသိုက္၏မ်က္ႏွာကို မၾကည့္ခ်င္ေတာ့သျဖင့္ မ်က္လံုးမ်ားကို မိွတ္လိုက္ေလသည္။ သို႔ပါေသာ္လည္း ဖန္းသိုက္ႏွင့္ ခ်န္းယြီကို ယွဥ္ပါက သခင္မႀကီးက ဖုန္းခ်န္းယြီကို ပိုၿပီးၾကည့္မရျဖစ္ေနတာျဖစ္၏။
သို႔ျဖစ္၍ သခင္မႀကီးက " တစ္ေယာက္ကို တစ္စံုက်ပဲ ၊ ဘယ္သူကမွ ပိုမယူရဘူး " ဟုဆိုသည္။
" ဖြားဖြားကို ေက်းဇူးတင္ပါတယ္ " ဖုန္းဖန္းသိုက္က ၀မ္းသာအားရ ျပန္ေျဖၿပီးေနာက္ အစ္ိမ္းႏုေရာင္အက်ႌကို ဆြဲယူလိုက္ေလသည္။ " ဘယ္လိုပဲၾကည့္ၾကည့္ သံုးစံုလံုးက ရိုးလြန္းေနတယ္ ၊ ဒါေပမယ့္လည္း အိမ္ေတာ္မွာ ကြယ္လြန္သြားတဲ့သူရိွေနတာဆိုေတာ့ ဒါလည္းရပါတယ္ေလ ! မမႀကီးလိုေတာ့ အေမ့ရဲ့နာေရးၿပီးၿပီးခ်င္း အနီေရာင္၀တ္တဲ့သူမ်ိဳး မျဖစ္ခ်င္ပါဘူး " ဟုေျပာၿပီးေနာက္တြင္ ဖုန္းဖန္းသိုက္က ဟန္ရိွီကိုဆြဲ၍ ျပန္သြားေတာ့သည္။
ဖုန္းခ်န္းယြီမွာ ေဒါသေၾကာင့္ မ်က္ႏွာႀကီးျဖဴေနၿပီျဖစ္သည္။ သူမ အမုန္းဆံုးသူက သခင္မႀကီးပင္ ၊ အဲ့ေခြးမက သူမကို သခင္မႀကီးအားကိုးနဲ႔ အႏိုင္ယူသြားတာျဖစ္သည္။ သို႔ျဖစ္၍ ဖုန္းက်င္းယြမ္က သူမအား အနာဂတ္ေကာင္းေကာင္း ရွာေပးႏိုင္ဖို႔ကိုသာ ေမ်ွာ္လင့္ေနရေတာ့သည္။ လအနည္းငယ္ၾကာၿပီးေနာက္တြင္ သူမသည္ ဆယ့္ငါးႏွစ္ျပည့္ေတာ့မည္ျဖစ္၍ မဂၤလာပြဲက္ိစၥမ်ားကိုလည္း ေဆြးေနြးရေတာ့မွာျဖစ္သည္။ သူမ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ဂုဏ္ယူရမည့္ေန့ ေရာက္လာသည္ႏွင့္သူမကို ဒုကၡေပးခဲ့သူမ်ားအားလံုးကို အေသဆိုးႏွင့္ႀကံဳရေအာင္ လုပ္ပစ္မွာျဖစ္သည္ !
အက်ႌတစ္စံုကို ဆြဲယူလိုက္ၿပီး သခင္မႀကီးကိုပင္ ႏႈတ္ဆက္စကားမေျပာေတာ့ဘဲ ဖုန္းခ်န္းယြီက ယီလင္းႏွင့္အတူ ျပန္သြားေတာ့သည္။
သို႔ျဖစ္၍ အခန္းတြင္း၌ က်န္ေနခဲ့သည့္ သခင္မေလးမွာ ရွန္းရုန္တစ္ေယာက္သာျဖစ္ေတာ့သည္။
ၿမိဳ႔စြန္မွာေနခဲ့ရသည့္ ဖုန္းဖန္းသိုက္က မေျပာင္းလဲသြားသည့္အျပင္ ယခင္ကထက္ ပိုဆိုးလာမည္ဟု ဖုန္းရွန္းရုန္ မထင္ထားခဲ့ပါ။ ထို႔အျပင္ ဖုန္းခ်န္းယြီသည္လည္း ၾကာပန္းျဖဴေလးလိုပင္ ဟန္ေဆာင္မျပႏိုင္ေတာ့ေခ် ။ ဖုန္းမိသားစုသည္ တျဖည္းျဖည္းႏွင့္ သူမ မုန္းသည္ထက္ မုန္းတီးလာမိေသာေနရာ ျဖစ္လို႔လာေနေပသည္။
" ဖြားဖြား " ဖုန္းရွန္းရုန္ သခင္မႀကီး၏ေဘးသို႔ ေလ်ွာက္သြား၍ ေခၚလိုက္သည္။ " က်န္းမာလာဖို႔က အေရးအႀကီးဆံုးပါ ၊ ၾကားမေကာင္းတဲ့စကားေတြကိုေတာ့ ... မၾကားခ်င္ေယာင္ပဲ ေဆာင္ေနလိုက္ပါ "
သခင္မႀကီးက မ်က္ရည္မ်ားဝဲေနရင္း သက္ျပင္းရွည္ႀကီး ခ်လိုက္သည္။ ဖုန္းရွန္းရုန္ကို ၾကည့္လိုက္သည့္အခါတြင္ ဖုန္းယြိဟန္ႏွင့္ ခပ္ဆင္ဆင္တူသည့္ အရိပ္အေယာင္မ်ားကို သူမ ျမင္လိုက္ရသလိုပင္ ။
" အရင္တုန္းက ညည္းရဲ့ဒုတိယအစ္မက ညည္းကို အေကာင္းဆံုးဆက္ဆံေပးခဲ့တာ ၊ ဒီတစ္အိမ္ေတာ္လံုးမွာလည္း သိတတ္နားလည္တဲ့သူက ညည္းပဲရိွတယ္ ... စိတ္မပူနဲ႔ အားဟန္ေၾကာင့္ပဲျဖစ္ျဖစ္ ဖြားဖြားက ပိုၿပီးေကာင္းေကာင္း ဆက္ဆံေပးပါ့မယ္ ၊ ဒီတစ္ေခါက္ကေတာ့ တကယ္ကိုအခ်ိန္မရိွေတာ့လို႔ အက်ႌေတြကို ေသခ်ာမျပင္ေပးႏိုင္တာ ၊ ပြဲေတာ္ကျပန္လာေတာ့မွာပဲ ဖြားဖြားက သိုေလွာင္ရံုထဲက အေကာင္းဆံုးပိတ္စကိုထုတ္ၿပီး အက်ႌအသစ္ခ်ဳပ္ေပးမယ္ "
ရွန္းရုန္ ထိုအရာမ်ားကို ဂရုမစိုက္ပါ ၊ ဖုန္းယြိဟန္၏အေၾကာင္းပါလာသျဖင့္ ၀မ္းနည္းလာမိျခင္းသာရိွသည္။ " ေက်းဇူးတင္ပါတယ္ ဖြားဖြား"
ဖုန္းရွန္းရုန္ ျပန္ေတာ့မည္အလုပ္တြင္ အေစခံေလးတစ္ေယာက္က အခန္းတြင္းသို႔ ၀င္လာေလသည္။ သူမ၏လက္ထဲတြင္ ဗန္းတစ္ခုကိုကိုင္လာၿပီး သပ္သပ္ရပ္ရပ္ထုပ္ပိုးထားသည့္ အထုပ္တစ္ခုပါလာသည္။
အေစခံေလးက သခင္မႀကီးႏွင့္ ဖုန္းရွန္းရုန္ကို ေျပာလာသည္။ " ခြၽင္းနန္းေတာ္က အေစခံတစ္ေယာက္ ေရာက္လာၿပီး အ၀တ္တစ္စံု လာပို႔ေပးသြားပါတယ္ ၊ တတိယသခင္မေလးအတြက္လို႔ ေျပာပါတယ္ "
*******