Unicode
Chapter 29-သမားရိုးကျ(ပုံမှန်)မဟုတ်တဲ့ မီးသီး
ကြော်ငြာဆိုင်းဘုတ်ပေါ်ကနေ ဖန်းဟယ်က ဘယ်ညာလှည့်ကြည့်လိုက်တယ်။ သူမြင်ရတာအကုန်က ဖုတ်ကောင်တွေရဲ့ ခေါင်းတွေကြီးပဲ။ ပြီးတော့ စိတ်စွမ်းအင်ဗီဇပြောင်းဖုတ်ကောင်က အဲ့ခေါင်းတွေအလယ်မှာ ညပ်နေတယ်။အဲ့တာက ဖန်းဟယ်ရဲ့ ထက်မြက်တဲ့အမြင်အာရုံကြောင့်သာမဟုတ်ရင် မြင်ရဖို့ တော်တော်ခက်လိမ့်မယ်။
ဖန်းဟယ်က ဖုတ်ကောင်တွေကိုသတ်နေတဲ့လီကျန်းကို ကြည့်လိုက်တယ် ။
"လီကျန်း မင်းအဲ့စိတ်စွမ်းအင်ဖုတ်ကောင်ကို အမိဖမ်းနိုင်လား"
လီကျန်းသာ အဲ့ကောင်ကို ဖိချနိုင်ရင် ဖုတ်ကောင်ကိုဆွဲထုတ်ရတာ ပိုလွယ်လိမ့်မယ်။
လီကျန်းက ဖန်းဟယ်ရဲ့အသံကို ဖုတ်ကောင်တွေရဲ့အော်သံတွေကြားမှာ ကြားလိုက်ရတယ်။ ဖုတ်ကောင်အုပ်ကို ရိုက်ထုတ်ရင်းနဲ့ သူက ဖန်းဟယ်ကိုမော့ကြည့်လိုက်ပြီး သူ့ခေါင်းကိုငြိမ့်ပြလိုက်တယ်။
ဖုတ်ကောင်တွေအများကြီးပဲ။ အဲ့စိတ်စွမ်းအင်ဗီဇပြောင်းဖုတ်ကောင်က အသုံးမကျပဲ သူများနောက်မှာပုန်းနေဖို့ပဲသိတာ။ ရိုးရှင်းပြီး အရိုင်းဆန်ကြမ်းတမ်းတဲ့ ဖုတ်ကောင်အုပ်နဲ့ဝန်းရံထားတယ်။ အဲ့တာက အဲ့ဒီဖုတ်ကောင်ကို အရင်လူတွေလို ဖမ်းဆီးပြီး ဖုတ်ကောင်အုပ်ထဲက ဆွဲထုတ်ဖို့ရာ လီကျန်းကိုခက်ခဲစေတယ်။
ဖန်းဟယ်က ဖုတ်ကောင်ကို သူ့ရဲ့ ကြောင်မျက်လုံးလေးနဲ့ စိုက်ကြည့်နေတယ်။ သူ အဲ့ဒီဖုတ်ကောင်ရဲ့ သလင်းအမြုတေကိုရမှဖြစ်မယ်။
ဖန်းဟယ်ရဲ့ကြောင်လက်လေးတွေက ရုတ်တရက် တက်ကြွလာပြီး ဖိအားပြင်းလာတယ်။ပြီးတော့ ကြော်ငြာဆိုင်းဘုတ်ပေါ်က ခုန်ချလိုက်တယ်။ ပြီးတော့ သူဖုတ်ကောင်တစ်ကောင်ရဲ့ခေါင်းပေါ်ကို တက်နင်းလိုက်တယ်။ ပြီးတော့ဆက်တိုက်ဖုတ်ကောင်တွေခေါင်းပေါ်က နင်းသွားပြီး စိတ်စွမ်းအင်ဗီဇပြောင်းဖုတ်ကောင်ဆီသွားလိုက်တယ်။
"ဟယ်-မြောင်"
လီကျန်းရဲ့အသံက သူနောက်ကရုတ်တရက်ထွက်လာတယ်။
ဖန်းဟယ်က လှည့်မကြည့်ခဲ့ဘူး။ သူဗီဇပြောင်းဖုတ်ကောင်ကိုမြင်ပြီး သူ့ရဲ့ကြောင်လက်လေးကို ထုတ်ကာ တိုက်ခိုက်တော့မယ့်အချိန်မှာပဲ ပတ်လည်ကဖုတ်ကောင်တွေက ချက်ချင်းရပ်သွားတယ်။သူတို့က ရုတ်တရက် နောက်လှည့်လိုက်ကြပြီး သူတို့ကြားတဲ့ရောက်နေတဲ့ ဗီဇပြောင်းဖုတ်ကောင်ကို ဝင်တိုက်နေကြတာကို ဖန်းဟယ်မြင်လိုက်ရတယ်။
ဖန်းဟယ်က ထွက်ပေါက်လုပ်ချင်တယ်။ စိတ်စွမ်းအင်ဗီဇပြောင်းဖုတ်ကောင်က ဒီသာမန်ဖုတ်ကောင်တွေရဲ့ တိုက်ခိုက်တာကိုခံနေရပြီး မြင်တောင်မမြင်ရဘူး။
သူလည်း ဒီဖုတ်ကောင်တွေရဲ့ ဆုတ်ဖြဲတာကို ခံရတော့မယ့်ပုံပေါက်နေတာမို့ ဖန်းဟယ်တိုးထွက်သွားဖို့ကြံလိုက်ပြီး လမ်းဘေးမီးတိုင်ပေါ်ကိုတက်လိုက်တယ်။ ဖုတ်ကောင်တွေက တွန်းတိုက်နေပြီး စိတ်စွမ်းအင်ဖုတ်ကောင်ကိုဝိုင်းတိုက်နေကြတာကို သူကြောင်ကြည့်နေမိတယ်။ ဒီစိတ်စွမ်းအင်ဗီဇပြောင်းဖုတ်ကောင်ရဲ့ တုံ့ပြန်ချက်တွေက အရမ်းနှေးတယ်။ ဒါပေမယ့်သူရဲ့ ရှောင်ကွင်းပုံနဲ့ ပုန်းခိုပုံတွေက အံ့ဩစရာပဲ။
ဟိုဘက်မှာတော့ လီကျန်းမျက်မှောင်ကြုတ်ကြည့်နေတယ်။ ဒီကြောင်ရိုင်းလေးကတော့။ သူ့ရဲ့ မပြောင်းလဲတဲ့မျက်လုံးတွေက နေကာမျက်မှန်အောက်ကနေ ပတ်လည်ကဖုတ်ကောင်တွေကိုလိုက်ကြည့်နေတယ်။ ပြီးတော့ဖန်းဟယ်ဆီသွားတဲ့လမ်းတစ်လျှောက်က ဖုတ်ကောင်တွေကို တိုက်ခိုက်သွားတယ်။ သူကရူးသွပ်နေတဲ့ လယ်ထွန်စက်တစ်ခုလိုပဲ ဖုတ်ကောင်တွေကို ရိတ်သိမ်းနေသလို အကုန်ပစ်ထုတ်ပစ်လိုက်တယ်။
ဖန်းဟယ်က လီကျန်းရဲ့ အဲ့ပုံစံကိုကြည့်ပြီး သူ့ကြောင်နားရွက်လေးတွေ တွန့်သွားတယ်။ အာ... လီကျန်းက သူ့ကိုစိတ်ပူနေတာလား။
သူကမြန်ပါတယ်။ ဒီဖုတ်ကောင်တွေက သူ့ကိုမထိခိုက်စေနိုင်လို့ အန္တရာယ်မရှိပါဘူး။
အဲ့တာကိုစဉ်းစားဖို့အချိန်မရှိပဲ ဖန်းဟယ်က ကြောင်လက်လေးတွေကိုထုတ်ပြီး ထပ်တိုက်လိုက်တယ်။ဒီတစ်ခါ သူလေဓားတွေကိုမသုံးတော့ဘူး။အဲ့အစား သူတစ်လောကမှသင်ထားတဲ့ လေပွေကိုသုံးပြီး တစ်ခြားအကောင်တွေပေါ်ကိုတက်နေတဲ့ ဖုတ်ကောင်တွေကို ဆွဲထည့်ပြီး မွှေပစ်လိုက်တယ်။
ဒီတိုက်ခိုက်တဲ့ပုံစံက ပိုစွမ်းအားကြီးတယ်လို့ယူဆရတယ်။ ဖန်းဟယ်က ခဏတောင်ရပ်မနေဘူး။ ပထမဆုံးအကြိမ်အဖြစ် သူဒီစွမ်းအားက မလုံလောက်ဘူးလို့ ခံစားလိုက်ရတယ်။ ဖန်းဟယ်က အရှေ့ကိုကြည့်ပြီး ဘေးကိုပါလှည့်ကြည့်လိုက်တယ်။ ဒါကသူအထင်မှားနေတာများလားလို့ထင်လာမိတယ်။ ပတ်လည်ကဖုတ်ကောင်တွေက အရင်ထက် ပိုပြီးကျဲပါးလာသလားလို့။
သာမန်ဖုတ်ကောင်တွေမှာတော့ အသားစိမ်းစားချင်တဲ့ဗီဇပဲရှိပြီး ဗီဇပြောင်းတွေမှာတော့ သူ့တို့စွမ်းအားတိုးတက်အောင်လို့ သလင်းအမြုတေတွေကို စုပ်ယူတတ်တဲ့အကျင့်ရှိတယ်။ အဲ့တော့ လီကျန်းက ဖုတ်ကောင်တစ်ပိုင်းဖြစ်နေပေမယ့် သာမန်ဖုတ်ကောင်တွေက သူတို့နဲ့ တူညီတဲ့အသက်ရှူပုံတွေကြောင့် ပုံမှန်အားဖြင့်မတိုက်ခိုက်ကျဘူး ။ ပြီးတော့ဖန်းဟယ်ရဲ့ သက်ရှိကြောင်တစ်ကောင်ရဲ့ တည်ရှိမှုကြောင့်ပဲ ဆွဲဆောင်ခံကြရတယ်။
အခုတော့စိတ်စွမ်းအင်ဗီဇပြောင်းဖုတ်ကောင်ရဲ့ ထိန်းချုပ်မှုကြောင့် သူတို့ရဲ့ ဦးတည်ချက်က လီကျန်းပဲ။ ဒါပေမယ့်ဒီအချိန်မှာတော့ ဖုတ်ကောင်တွေက သိသိသာသာ ရှုံးနေသလိုပဲလို့ ဖန်းဟယ်ထင်တယ်။ ဖန်းဟယ်က သူ့ရဲ့ အမြန်နှုန်းကိုလျှော့ချလိုက်တော့ ဒီဖုတ်ကောင်တွေရဲ့ ဦးတည်ရာက ဖန်းဟယ်ဖြစ်လာတယ်။
ဒီရုတ်တရက်ပြောင်းလဲမှုက လီကျန်းရဲ့တိုက်ခိုက်မှုကို ပိုထိရောက်စေပြီး သူ့ကို ဖုတ်ကောင်အုပ်ကို အမြန်ဖြတ်သွားစေပြီး ဗီဇပြောင်းဖုတ်ကောင်ဆီကို အမြန်ရောက်သွားစေတယ်။
လီကျန်းက တိုက်ခိုက်ဖို့ကို တန်းမသွားဘဲ သူ့လက်ကိုမြှောက်ပြီး ဖန်းဟယ်ရဲ့ အသက်ရှူသံကို ကာလိုက်တယ်။ ပတ်လည်က ဖုတ်ကောင်တွေက ဖန်းဟယ်-မြောင်ရဲ့ အသက်ရှူသံကိုရှာမရတော့ဘူး။
ဦးတည်ရာပျောက်သွားတော့ သူတို့က ရပ်ကုန်ကြတယ်။
ဖန်းဟယ်က အပေါ်က ကျလာပြီး လီကျန်းရဲ့ပုခုံးပေါ်မှာ ထိုင်လိုက်တယ်။ ဖန်းဟယ်ထပ်တွေ့လိုက်တာက လီကျန်းရဲ့ စိတ်စွမ်းအင်က အရမ်းထူးဆန်းနေတယ်။ သူက ဖန်းဟယ်ကို အဝေးကနေတောင်မှ ဖုတ်ကောင်တွေရဲ့ခံစားမှုကို ဖြတ်တောက်ပစ်နိုင်တယ်။ ပြီးတော့ လီကျန်းက အဲ့တာကို သူကိုယ်တိုင်အတွက်တော့ သိပ်သုံးပုံမရဘူး။
လီကျန်းက သူ့လက်ကိုမြှောက်လိုက်ပြီး စုပုံထားတဲ့ဖုတ်ကောင်အုပ်ရဲ့ လည်ပင်းတွေကို ဆွဲချိုးပစ်လိုက်ပြီး အဝေးကိုပစ်ထုတ်လိုက်တယ်။ နောက်ဆုံးတော့ အလယ်က ဗီဇပြောင်းဖုတ်ကောင်နှစ်ကောင်ပဲ ကျန်တော့တယ်။
အထဲကအခြေအနေတွေကိုကြည့်ဖို့ဖန်းဟယ်က သူ့ကြောင်မျက်လုံးလေးကို စွေကြည့်လိုက်တယ်။ ဖုတ်ကောင်တွေအများကြီးရဲ့တိုက်ခိုက်တာကို ခံရပြီးတော့ စိတ်စွမ်းအင်ဖုတ်ကောင်က သူ့ရဲ့လည်ပင်းကျိုးသွားခဲ့တယ်။ ဘယ်သူသိမှာလဲ။ ခုန်နိုင်ရုံပဲရှိတဲ့ ဖုတ်ကောင်တွေက ဗီဇပြောင်းဖုတ်ကောင်ကို ဒီလောက်ထိဖြစ်သွားစေမယ်လို့ ။ပြီးတော့ အဲ့ဒီဗီဇပြောင်း ဖုတ်ကောင်က လန့်သွားခဲ့တယ်။
သို့သော်လည်း ဖန်းဟယ် ဒီဗီဇပြောင်းဖုတ်ကောင်အပေါ် အထင်အရမ်းကြီးလွန်းသွားမိတယ်ထင်ပါတယ်။ ဒီဖုတ်ကောင်ရဲ့ ဦးနှောက်က သူ့ကိုယ်သူ တိုက်ခိုက်ခံရတာကနေ ဘယ်လိုလွတ်အောင်လုပ်ရမလဲ သိသေးတယ်။ ဒါပေမယ့်ကြည့်ရတာ အဲ့ဒီဖုတ်ကောင်က မျိုးနွယ်တူဆီကနေ အသတ်ခံရခါနီးဖြစ်လာတာတောင် မပြေးသေးဘူးပဲ။
လီကျန်းက သူ့လက်ကိုမြှောက်လိုက်ပြီး စိတ်စွမ်းအင်ဗီဇပြောင်းဖုတ်ကောင်ရဲ့ ခေါင်းကိုချေမွပစ်လိုက်တယ်။ အထဲကနေ အနက်ရောင်သလင်းအမြူတေလေးထွက်လာတယ်။ ဖန်းဟယ်က သူ့ခေါင်းကိုရှေ့တိုးကြည့်လိုက်တယ်။အဲ့တာက ပထမအဆင့်သလင်းအမြုတေပဲ ။ ဒီသလင်းအမြုတေကိုသာ နေရာလွတ်နဲ့ပေါင်းလိုက်ရင် ဘယ်လိုဖြစ်သွားမလဲ။ ဖန်းဟယ်က ဒီသလင်းအမြုတေ နေရာလွတ်ထဲကိုယူသွားခံရမှာကို စောင့်နေလိုက်တယ်။
အခုစိတ်စွမ်းအင်ဗီဇပြောင်းဖုတ်ကောင်ကိုဖြေရှင်းပြီးသွားပြီ။ ကျန်တဲ့ အမြန်နှုန်းဗီဇပြောင်းဖုတ်ကောင်ကလည်း ဖုတ်ကောင်တွေတက်နင်းတာခံရပြီး မြေပေါ်ကနေ အခုထိမထနိုင်သေးဘူး။ တော်သေးတယ်၊ သေတဲ့အထိ အနင်းမခံလိုက်ရလို့။
ဖန်းဟယ်က သူ့ကြောင်သွားလေးကိုယက်လိုက်တယ်။ နောက်ထပ် ပထမအဆင့်သလင်းအမြုတေရှိလာရင်လည်း ပိုကောင်းတာပဲ။
ဒါပေမယ့်ဖန်းဟယ်က လီကျန်းဘာမှမလုပ်တာကို မြင်လိုက်ရတယ်။ သူက သူ့ရဲ့ကြောင်လက်လေးကို ဆန့်ထုတ်ပြီး ကိုယ်တိုင်လုပ်မလို့ကြံလိုက်တော့ မြေပြင်ပေါ် က ဖုတ်ကောင်က ရုတ်တရက်ထလာပြီး လီကျန်းရှေ့မှာ ဒူးထောက်လိုက်တယ်။
ဖန်းဟယ်က သူ့စွမ်းအားကိုပြန်ရုတ်သိမ်းလိုက်ပြီး လေထဲကိုပစ်ထုတ်လိုက်တယ်။ မြောင်းးးး ဒါက ဘယ်လိုအခြေအနေကြီးလဲ။
ဖန်းဟယ်က လီကျန်းကိုမေးမလိုလုပ်လိုက်တဲ့အခါ အရှေ့မှာ ဒူးထောက်နေတဲ့ဖုတ်ကောင်က ထလာတယ် ။ပြီးတော့ အဲ့ဒါက မြေပေါ်ကျနေတဲ့ ကားတံခါးအပျက်တစ်ခုကိုကောက်မလိုက်ပြီး ကျန်တဲ့ဖုတ်ကောင်အုပ်ဘက်ကို ပစ်လိုက်တယ်။ ပြီးတော့ထင်မထားစွာပဲ စပြီး မျိုးနွယ်တူတွေကို သတ်ဖြတ်တော့တယ်။
ဖန်းဟယ်ရဲ့ကြောင်လက်လေးက သူ့နှဖူးကို ဖိထားပြီး သူ့ကိုယ်သူ စိတ်ငြိမ်စေလိုက်တယ်။ လီကျန်းက ညီငယ်လေးလက်ခံမလို့ လုပ်ထားတာလား။
ဒါပေမယ့် လီကျန်းကဖုတ်ကောင်တွေကိုထိန်းချုပ်နိုင်မှတော့ ဘာလို့ဘေးက ဖုတ်ကောင်တွေက လီကျန်းရဲ့ထိန်းချုပ်မှုအောက်မှာ မရှိတာလဲ။ လီကျန်းရဲ့စွမ်းအင်က စိတ်စွမ်းအင်ဗီဇပြောင်းဖုတ်ကောင်အပေါ် ဘယ်လိုလုပ်မဖိနှိပ်နိုင်တာလဲ။
အဓိကအချက်ကတော့ လီကျန်းရဲ့ စိတ်စွမ်းအင်က အဲ့စိတ်စွမ်းအင်ဗီဇပြောင်းဖုတ်ကောင်နဲ့မတူတာပဲ။
အဲ့ဗီဇပြောင်းဖုတ်ကောင်ရဲ့ စိတ်စွမ်းအင်က တခြားဖုတ်ကောင်တွေရဲ့ အမူအရာတွေကို တိုက်ရိုက်ထိန်းချုပ်ပစ်လိုက်တာ ။ အဲ့တော့ ဖုတ်ကောင်တွေမှာ တူညီတဲ့အမူအရာပေါ်လာတာပဲ။ အဲ့ဒီဖုတ်ကောင်က မျိုးတူတွေကိုထိန်းချုပ်လိုက်ပြီး ဒီဖုတ်ကောင်တွေအတွက်ကတော့ သာမန်ပဲ လီကျန်းဆီကိုပဲ တိုက်ရိုက်တိုးဝင်လာကြလိမ့်မယ်။
လီကျန်းရဲ့ စိတ်စွမ်းအင်ကတော့ကွဲပြားနေတယ်။သူ့စွမ်းအင်ထိန်းချုပ်မှုကို နှစ်မျိုးခွဲလို့ရတယ် ။သက်ရှိတွေအပါအဝင် ပစ္စည်းအမျိုးမျိုးကို လေထဲမှာထိန်းချုပ်တာ။ တခြားတစ်ခုကကျတော့ စိတ်ကိုထိန်းချုပ်တာ။ အဲ့တာနဲ့ မှတ်ဉာဏ်ဖျောက်တာအပြင် အသိစိတ်ကို ပြောင်းလဲပစ်တာမျိုးလဲ လုပ်နိုင်တယ်။
အဲ့တော့ ဖုတ်ကောင်တွေကိုထိန်းချုပ်တာကလည်း အတူတူပဲ။ ဒါပေမယ့်လီကျန်းထိန်းချုပ်တာကတော့ ဖုတ်ကောင်တွေရဲ့ သဘာဝအသိစိတ်ကိုပဲ။ အဲ့တာက သူတို့ရဲ့ အသိစိတ်ကတစ်ဆင့် အမူအရာတွေကိုထိန်းပစ်တာ။
အဲ့တာကကွဲပြားတယ်။ လီကျန်းသာဖုတ်ကောင်တွေအများကြီးကို ထိန်းချုပ်နိုင်ရင် အဲ့တာက စစ်တပ်တစ်ခုရှိတာနဲ့ ညီမျှတယ် ။ ပြီးတော့စစ်သားတိုင်းက သူ့အမိန့်ကိုနာခံလိမ့်မယ်။ အဲ့တော့သူတို့က အမှီအခိုကင်းပြီး သီးခြားဖြစ်လာလိမ့်မယ်။
ဘယ်လိုဖြစ်ဖြစ် သာမန်ဖုတ်ကောင်တွေက အခု အနိမ့်ဆုံးမှာပဲ။ သူတို့ရဲ့ ဗီဇအသိစိတ်က သေးငယ်ပြီး ကြမ်းတမ်းတယ်။ အဲ့တော့လီကျန်းက သူတို့ကို ခဏပဲထိန်းနိုင်သေးတယ် ။ ဒါပေမယ့် ဗီဇပြောင်းဖုတ်ကောင်ကတော့ ကွဲပြားတယ်။ ဗီဇပြောင်းဖုတ်ကောင်မှာ သူ့ရဲ့စွမ်းအင်ကိုတိုးမြှင့်ဖို့အတွက် တူညီတဲ့ သလင်းအမြုတေတွေကိုစုရမယ်ဆိုတဲ့ အသိစိတ်ရှိပြီးသားမို့ လီကျန်းက ဒီအမြန်နှုန်းဗီဇပြောင်းဖုတ်ကောင်ကိုထိန်းချုပ်နိုင်တယ်။
ဖန်းဟယ်ရဲ့ ရှုပ်ထွေးနေတဲ့အကြည့်အောက်မှာပဲ လီကျန်းက ဖုတ်ကောင်အုပ်ဆီ ပြေးဝင်သွားလိုက်တယ်။
ဒီသာမန်ဖုတ်ကောင်တွေမှာ သားကောင်သာမရှိရင် သူတို့က အရှုံးပဲ။ အဲ့တာက ဖြေရှင်းဖို့အတွက် အရမ်းမြန်တယ်။ ဖန်းဟယ်က ရှုပ်ရှက်ခတ်နေတဲ့နေရာကို ကြည့်လိုက်တယ်။ ဝန်ခံဖို့ မလိုလားပေမယ့်လည်း အမြန်နှုန်းစွမ်းအင်ဖုတ်ကောင်ရဲ့ပူးပေါင်းမှုက သူတို့ကိုဖုတ်ကောင်တွေ သတ်ရာမှာတော်တော်မြန်သွားစေတယ်။
ဒါ့အပြင် ဒီအမြန်နှုန်းဗီဇပြောင်းဖုတ်ကောင်က တော်တော်သာမန်မဟုတ်တဲ့ သန့်ရှင်းတဲ့ဖုတ်ကောင်ပဲ။ ပြီးတော့အဲ့တာက မျက်လုံးကို အတော်ကျေနပ်စေတယ်။ အဲ့တာက လူတွေကို နေရာတကာမှာ လိုက်ကိုက်နေတဲ့ ကြမ်းတမ်းတဲ့ဗီဇပြောင်းဖုတ်ကောင်တွေလို မဟုတ်ဘူး။
ဘယ်လိုဖြစ်ဖြစ် ဖုတ်ကောင်တွေက အသားစားတွေပဲ။ သူတို့က ဗုံးတစ်လုံးနဲ့ ပြဿနာတက်တော့မှာမဟုတ်ဘူးလား။
ဖန်းဟယ်က ခဏလောက် တွေးလိုက်တယ်။ ပြီးတော့ သူက နေရာလွတ်ထဲကိုဝင်ပြီး ကြက်တစ်ကောင်ဖမ်းကာ ပစ်ပေးလိုက်ကာ ဖုတ်ကောင်က ကြက်ကိုစားနေတာကိုကြည့်လိုက်တယ်။ အဲ့တာကဘယ်လောက်ကြည့်ရဆိုးနေပါစေပေါ့။ ဖန်းဟယ်သိချင်တာက သူ့ရဲ့မွေးမြူရေးနေရာကို ချဲ့ပြီးတော့မွေးမြူရေးတိရစ္ဆာန်တွေကို ပိုစုသင့်လားလို့။
ဒါပေမယ့် အဲ့လိုဆိုရင်တောင် ဖုတ်ကောင်က လူသားစားနေတုန်းပဲမလား။ အဲ့တာက သက်ရှိဖြစ်နေသရွေ့တော့ သူ့မျက်လုံးထဲမှာအတူတူပဲ(အစာဖြစ်နေမှာ)။ အဲ့တော့ သူတို့ဆီမှာ မွေးမြူရေးတိရစ္ဆာန်တွေလုံလောက်ရင်တောင်မှ လီကျန်းလူသားမစားအောင် သူထိန်းနိုင်ပါမလား။
"မြှောင်- ဝေါင်း"
လီကျန်း~~
ဖန်းဟယ်က လီကျန်းဆီက အထည်ပြုမှုကိုလိုချင်နေတဲ့အချိန် ကံမကောင်းစွာပဲ စကားပြောနိုင်တာက ရပ်တန့်သွားတယ်။ သူ့ရဲ့နဂါးသွဲ့ကျောက်လိုမျက်လုံးလေးက ဝမ်းနည်းမှုတွေနဲ့ ပြည့်နှက်လာပြီးတော့ သူ့လက်သည်းလေးကို ဒေါသတကြီးဝေ့ယမ်းလိုက်ကာ သူ့ရဲ့ဘေးက ကြော်ငြာဆိုင်းဘုတ်ကို ဆွဲဖြဲလိုက်တယ်။ မြောင်~~~~ အချိန်အတိအကျကို ကံဆိုးတာပဲ။သူ လီကျန်းကို စကားပြောချင်သေးတယ်လို့။
နှစ်ခါလောက်ကြိုးစားကြည့်ပြီးနောက်မှာ ဖန်းဟယ်က မြောင်ဆိုတဲ့ အော်သံလေးတွေပဲ ထွက်လာနိုင်တော့တယ်။ သူစိတ်ညစ်သွားပြီး သူ့ရဲ့ခေါင်းလေးကို လီကျန်းရဲ့လည်ပင်းမှာ တိုးဝှေ့လိုက်တယ်။ ပြီးမှ ဆက်စိတ်ညစ်ရအောင်။
ဒီတစ်ခါတော့ ကုသရေးစွမ်းအင်အများအပြားစုမိလိုက်တယ်။ တစ်နာရီလောက်ကြာသွားပြီးတဲ့နောက်မှာ လီကျန်းရပ်သွားပြီး ဖန်းဟယ်ရဲ့ နားရွက်လေးကို သူ့လက်ချောင်းနဲ့ ပွတ်သပ်ပေးလိုက်ကာ သူ့ရဲ့ နဂိုပုံစံကို ပြန်ရောက်သွားတယ်။
ဖန်းဟယ်က လီကျန်းရဲ့ဂုတ်ပိုးပေါ်မှာကပ်နေရာကနေ နောက်ကိုလှည့်ကြည့်လိုက်တယ်။အမြန်နှုန်းဗီဇပြောင်းဖုတ်ကောင်က လီကျန်းရဲ့ ထိန်းချုပ်မှုကို လုံးဝခံနေရပြီး သူတို့နောက် သိပ်မဝေးတဲ့နေရာကနေ လိုက်လာတယ်။
ဒီဖုတ်ကောင်က စိတ်စွမ်းအင်ဗီဇပြောင်းဖုတ်ကောင်ရဲ့ ထိန်းချုပ်တာကို ခံခဲ့ရတာမဟုတ်လား။ ဖန်းဟယ် မထိန်းနိုင်ပဲတွေးလိုက်မိတယ်။ ဒါက အားကိုးရာမဲ့သွားတဲ့ ခံစားချက်မျိုးများလား။
ငါတို့နောက်ကိုမလိုက်နဲ့တော့လို့ ဖန်းဟယ် တကယ်ပြောလိုက်ချင်မိတယ်။ ငါ့မှာလဲ ခံစားချက်တွေရှိတယ် ။ အညစ်အကြေးကျုံးအရာရှိက ဒီကြောင်သခင်လေးရဲ့အပိုင်လို့။ ဘယ်ကိုလိုက်တွယ်ကပ်နေတာလဲ။ မင်းက သမားရိုးကျ(ပုံမှန်)မဟုတ်တဲ့မီးသီးလား။
သို့သော်လည်း ဖုတ်ကောင်က ဖန်းဟယ်ရဲ့ကြောင်မျက်လုံးထဲက မကျေနပ်နေတဲ့ ခံစားချက်ကို သတိမထားမိဘဲ ဆက်လိုက်လာတယ်။
ဒီလမ်းကိုကျော်သွားပြီးတဲ့နောက်မှာ လမ်းမကြီးက တစ်ဖန်ပြန်ပွင့်သွားပြီ။ အဲ့နောက် လီကျန်းကနေရာလွတ်ထဲက ကားတစ်စီးထုတ်လိုက်တယ်။ ဒီတစ်ခါတော့ လီကျန်းက ကားကို ချောချောမွေ့မွေ့နဲ့ စပြီး အမြန်မောင်းထွက်လိုက်တယ်။
ဖန်းဟယ်က ကားထိုင်ခုံရဲ့ ခေါင်းနေရာကိုကိုင်ပြီး နောက်ကိုကြည့်လိုက်တယ် ။သူတစ်ကယ်ကြီး စိတ်ပျက်သွားတယ်။ ဒါက အမြန်နှုန်းဗီဇပြောင်းဖုတ်ကောင်ပဲ။ သူတို့ကားဘယ်လောက်မြန်မြန် ဖုတ်ကောင်ကအနောက်ကနေ ပြေးလိုက်လာနိုင်တယ်။ သူဖယ်ချထားချင်ခဲ့ရင်တောင် သူမလုပ်နိုင်ဘူး။
အရှိန်လျော့ရတဲ့ အကွေ့တစ်ချို့ကိုကျော်ပြီးနောက်တော့ ဗီဇပြောင်းဖုတ်ကောင်က ကားကိုယ်ထည်တစ်ခုကို ဝင်တိုက်သွားပြီးတော့ မလှုပ်တော့ဘူး။
ဖုတ်ကောင်ပျောက်သွားတာကိုကြည့်ပြီး ဖန်းဟယ်တွေးလိုက်တယ်။ တကယ်လို့ အဲ့ဒီဖုတ်ကောင်က ဆေးကြောပြီး ပုံစံပြောင်းသွားခဲ့ရင် သူပြောစရာမလိုတော့ဘူး ။ ဟုတ်တယ်မလား။
Translator - Neon_light_25
Editor - Kimhsuyoon99
Zawgyi
Chapter 29-သမားရိုးက်(ပုံမွန္)မဟုတ္တဲ့ မီးသီး
ေၾကာ္ျငာဆိုင္းဘုတ္ေပၚကေန ဖန္းဟယ္က ဘယ္ညာလွည့္ၾကည့္လိုက္တယ္။ သူျမင္ရတာအကုန္က ဖုတ္ေကာင္ေတြရဲ႕ ေခါင္းေတြႀကီးပဲ။ ၿပီးေတာ့ စိတ္စြမ္းအင္ဗီဇေျပာင္းဖုတ္ေကာင္က အဲ့ေခါင္းေတြအလယ္မွာ ညပ္ေနတယ္။အဲ့တာက ဖန္းဟယ္ရဲ႕ ထက္ျမက္တဲ့အျမင္အာ႐ုံေၾကာင့္သာမဟုတ္ရင္ ျမင္ရဖို႔ ေတာ္ေတာ္ခက္လိမ့္မယ္။
ဖန္းဟယ္က ဖုတ္ေကာင္ေတြကိုသတ္ေနတဲ့လီက်န္းကို ၾကည့္လိုက္တယ္ ။
"လီက်န္း မင္းအဲ့စိတ္စြမ္းအင္ဖုတ္ေကာင္ကို အမိဖမ္းနိုင္လား"
လီက်န္းသာ အဲ့ေကာင္ကို ဖိခ်နိဳင္ရင္ ဖုတ္ေကာင္ကိုဆြဲထုတ္ရတာ ပိုလြယ္လိမ့္မယ္။
လီက်န္းက ဖန္းဟယ္ရဲ႕အသံကို ဖုတ္ေကာင္ေတြရဲ႕ေအာ္သံေတြၾကားမွာ ၾကားလိုက္ရတယ္။ ဖုတ္ေကာင္အုပ္ကို ရိုက္ထုတ္ရင္းနဲ႕ သူက ဖန္းဟယ္ကိုေမာ့ၾကည့္လိုက္ၿပီး သူ႕ေခါင္းကိုၿငိမ့္ျပလိုက္တယ္။
ဖုတ္ေကာင္ေတြအမ်ားႀကီးပဲ။ အဲ့စိတ္စြမ္းအင္ဗီဇေျပာင္းဖုတ္ေကာင္က အသုံးမက်ပဲ သူမ်ားေနာက္မွာပုန္းေနဖို႔ပဲသိတာ။ ရိုးရွင္းၿပီး အရိုင္းဆန္ၾကမ္းတမ္းတဲ့ ဖုတ္ေကာင္အုပ္နဲ႕ဝန္းရံထားတယ္။ အဲ့တာက အဲ့ဒီဖုတ္ေကာင္ကို အရင္လူေတြလို ဖမ္းဆီးၿပီး ဖုတ္ေကာင္အုပ္ထဲက ဆြဲထုတ္ဖို႔ရာ လီက်န္းကိုခက္ခဲေစတယ္။
ဖန္းဟယ္က ဖုတ္ေကာင္ကို သူ႕ရဲ႕ ေၾကာင္မ်က္လုံးေလးနဲ႕ စိုက္ၾကည့္ေနတယ္။ သူ အဲ့ဒီဖုတ္ေကာင္ရဲ႕ သလင္းအျမဳေတကိုရမွျဖစ္မယ္။
ဖန္းဟယ္ရဲ႕ေၾကာင္လက္ေလးေတြက ႐ုတ္တရက္ တက္ႂကြလာၿပီး ဖိအားျပင္းလာတယ္။ၿပီးေတာ့ ေၾကာ္ျငာဆိုင္းဘုတ္ေပၚက ခုန္ခ်လိဳက္တယ္။ ၿပီးေတာ့ သူဖုတ္ေကာင္တစ္ေကာင္ရဲ႕ေခါင္းေပၚကို တက္နင္းလိုက္တယ္။ ၿပီးေတာ့ဆက္တိုက္ဖုတ္ေကာင္ေတြေခါင္းေပၚက နင္းသြားၿပီး စိတ္စြမ္းအင္ဗီဇေျပာင္းဖုတ္ေကာင္ဆီသြားလိုက္တယ္။
"ဟယ္-ေျမာင္"
လီက်န္းရဲ႕အသံက သူေနာက္က႐ုတ္တရက္ထြက္လာတယ္။
ဖန္းဟယ္က လွည့္မၾကည့္ခဲ့ဘူး။ သူဗီဇေျပာင္းဖုတ္ေကာင္ကိုျမင္ၿပီး သူ႕ရဲ႕ေၾကာင္လက္ေလးကို ထုတ္ကာ တိုက္ခိုက္ေတာ့မယ့္အခ်ိန္မွာပဲ ပတ္လည္ကဖုတ္ေကာင္ေတြက ခ်က္ခ်င္းရပ္သြားတယ္။သူတို႔က ႐ုတ္တရက္ ေနာက္လွည့္လိုက္ၾကၿပီး သူတို႔ၾကားတဲ့ေရာက္ေနတဲ့ ဗီဇေျပာင္းဖုတ္ေကာင္ကို ဝင္တိုက္ေနၾကတာကို ဖန္းဟယ္ျမင္လိုက္ရတယ္။
ဖန္းဟယ္က ထြက္ေပါက္လုပ္ခ်င္တယ္။ စိတ္စြမ္းအင္ဗီဇေျပာင္းဖုတ္ေကာင္က ဒီသာမန္ဖုတ္ေကာင္ေတြရဲ႕ တိုက္ခိုက္တာကိုခံေနရၿပီး ျမင္ေတာင္မျမင္ရဘူး။
သူလည္း ဒီဖုတ္ေကာင္ေတြရဲ႕ ဆုတ္ၿဖဲတာကို ခံရေတာ့မယ့္ပုံေပါက္ေနတာမို႔ ဖန္းဟယ္တိုးထြက္သြားဖို႔ႀကံလိုက္ၿပီး လမ္းေဘးမီးတိုင္ေပၚကိုတက္လိုက္တယ္။ ဖုတ္ေကာင္ေတြက တြန္းတိုက္ေနၿပီး စိတ္စြမ္းအင္ဖုတ္ေကာင္ကိုဝိုင္းတိုက္ေနၾကတာကို သူေၾကာင္ၾကည့္ေနမိတယ္။ ဒီစိတ္စြမ္းအင္ဗီဇေျပာင္းဖုတ္ေကာင္ရဲ႕ တုံ႕ျပန္ခ်က္ေတြက အရမ္းႏွေးတယ္။ ဒါေပမယ့္သူရဲ႕ ေရွာင္ကြင္းပုံနဲ႕ ပုန္းခိုပုံေတြက အံ့ဩစရာပဲ။
ဟိုဘက္မွာေတာ့ လီက်န္းမ်က္ေမွာင္ၾကဳတ္ၾကည့္ေနတယ္။ ဒီေၾကာင္ရိုင္းေလးကေတာ့။ သူ႕ရဲ႕ မေျပာင္းလဲတဲ့မ်က္လုံးေတြက ေနကာမ်က္မွန္ေအာက္ကေန ပတ္လည္ကဖုတ္ေကာင္ေတြကိုလိုက္ၾကည့္ေနတယ္။ ၿပီးေတာ့ဖန္းဟယ္ဆီသြားတဲ့လမ္းတစ္ေလွ်ာက္က ဖုတ္ေကာင္ေတြကို တိုက္ခိုက္သြားတယ္။ သူက႐ူးသြပ္ေနတဲ့ လယ္ထြန္စက္တစ္ခုလိုပဲ ဖုတ္ေကာင္ေတြကို ရိတ္သိမ္းေနသလို အကုန္ပစ္ထုတ္ပစ္လိုက္တယ္။
ဖန္းဟယ္က လီက်န္းရဲ႕ အဲ့ပုံစံကိုၾကည့္ၿပီး သူ႕ေၾကာင္နား႐ြက္ေလးေတြ တြန႔္သြားတယ္။ အာ... လီက်န္းက သူ႕ကိုစိတ္ပူေနတာလား။
သူကျမန္ပါတယ္။ ဒီဖုတ္ေကာင္ေတြက သူ႕ကိုမထိခိုက္ေစနိုင္လို႔ အႏၱရာယ္မရွိပါဘူး။
အဲ့တာကိုစဥ္းစားဖို႔အခ်ိန္မရွိပဲ ဖန္းဟယ္က ေၾကာင္လက္ေလးေတြကိုထုတ္ၿပီး ထပ္တိုက္လိုက္တယ္။ဒီတစ္ခါ သူေလဓားေတြကိုမသုံးေတာ့ဘူး။အဲ့အစား သူတစ္ေလာကမွသင္ထားတဲ့ ေလေပြကိုသုံးၿပီး တစ္ျခားအေကာင္ေတြေပၚကိုတက္ေနတဲ့ ဖုတ္ေကာင္ေတြကို ဆြဲထည့္ၿပီး ေမႊပစ္လိုက္တယ္။
ဒီတိုက္ခိုက္တဲ့ပုံစံက ပိုစြမ္းအားႀကီးတယ္လို႔ယူဆရတယ္။ ဖန္းဟယ္က ခဏေတာင္ရပ္မေနဘူး။ ပထမဆုံးအႀကိမ္အျဖစ္ သူဒီစြမ္းအားက မလုံေလာက္ဘူးလို႔ ခံစားလိုက္ရတယ္။ ဖန္းဟယ္က အေရွ႕ကိုၾကည့္ၿပီး ေဘးကိုပါလွည့္ၾကည့္လိုက္တယ္။ ဒါကသူအထင္မွားေနတာမ်ားလားလို႔ထင္လာမိတယ္။ ပတ္လည္ကဖုတ္ေကာင္ေတြက အရင္ထက္ ပိုၿပီးက်ဲပါးလာသလားလို႔။
သာမန္ဖုတ္ေကာင္ေတြမွာေတာ့ အသားစိမ္းစားခ်င္တဲ့ဗီဇပဲရွိၿပီး ဗီဇေျပာင္းေတြမွာေတာ့ သူ႕တို႔စြမ္းအားတိုးတက္ေအာင္လို႔ သလင္းအျမဳေတေတြကို စုပ္ယူတတ္တဲ့အက်င့္ရွိတယ္။ အဲ့ေတာ့ လီက်န္းက ဖုတ္ေကာင္တစ္ပိုင္းျဖစ္ေနေပမယ့္ သာမန္ဖုတ္ေကာင္ေတြက သူတို႔နဲ႕ တူညီတဲ့အသက္ရႉပုံေတြေၾကာင့္ ပုံမွန္အားျဖင့္မတိုက္ခိုက္က်ဘဴး ။ ၿပီးေတာ့ဖန္းဟယ္ရဲ႕ သက္ရွိေၾကာင္တစ္ေကာင္ရဲ႕ တည္ရွိမႈေၾကာင့္ပဲ ဆြဲေဆာင္ခံၾကရတယ္။
အခုေတာ့စိတ္စြမ္းအင္ဗီဇေျပာင္းဖုတ္ေကာင္ရဲ႕ ထိန္းခ်ဳပ္မႈေၾကာင့္ သူတို႔ရဲ႕ ဦးတည္ခ်က္က လီက်န္းပဲ။ ဒါေပမယ့္ဒီအခ်ိန္မွာေတာ့ ဖုတ္ေကာင္ေတြက သိသိသာသာ ရႈံးေနသလိုပဲလို႔ ဖန္းဟယ္ထင္တယ္။ ဖန္းဟယ္က သူ႕ရဲ႕ အျမန္ႏႈန္းကိုေလွ်ာ့ခ်လိဳက္ေတာ့ ဒီဖုတ္ေကာင္ေတြရဲ႕ ဦးတည္ရာက ဖန္းဟယ္ျဖစ္လာတယ္။
ဒီ႐ုတ္တရက္ေျပာင္းလဲမႈက လီက်န္းရဲ႕တိုက္ခိုက္မႈကို ပိုထိေရာက္ေစၿပီး သူ႕ကို ဖုတ္ေကာင္အုပ္ကို အျမန္ျဖတ္သြားေစၿပီး ဗီဇေျပာင္းဖုတ္ေကာင္ဆီကို အျမန္ေရာက္သြားေစတယ္။
လီက်န္းက တိုက္ခိုက္ဖို႔ကို တန္းမသြားဘဲ သူ႕လက္ကိုျမႇောက္ၿပီး ဖန္းဟယ္ရဲ႕ အသက္ရႉသံကို ကာလိုက္တယ္။ ပတ္လည္က ဖုတ္ေကာင္ေတြက ဖန္းဟယ္-ေျမာင္ရဲ႕ အသက္ရႉသံကိုရွာမရေတာ့ဘူး။
ဦးတည္ရာေပ်ာက္သြားေတာ့ သူတို႔က ရပ္ကုန္ၾကတယ္။
ဖန္းဟယ္က အေပၚက က်လာၿပီး လီက်န္းရဲ႕ပုခုံးေပၚမွာ ထိုင္လိုက္တယ္။ ဖန္းဟယ္ထပ္ေတြ႕လိုက္တာက လီက်န္းရဲ႕ စိတ္စြမ္းအင္က အရမ္းထူးဆန္းေနတယ္။ သူက ဖန္းဟယ္ကို အေဝးကေနေတာင္မွ ဖုတ္ေကာင္ေတြရဲ႕ခံစားမႈကို ျဖတ္ေတာက္ပစ္နိုင္တယ္။ ၿပီးေတာ့ လီက်န္းက အဲ့တာကို သူကိုယ္တိုင္အတြက္ေတာ့ သိပ္သုံးပုံမရဘူး။
လီက်န္းက သူ႕လက္ကိုျမႇောက္လိုက္ၿပီး စုပုံထားတဲ့ဖုတ္ေကာင္အုပ္ရဲ႕ လည္ပင္းေတြကို ဆြဲခ်ိဳးပစ္လိုက္ၿပီး အေဝးကိုပစ္ထုတ္လိုက္တယ္။ ေနာက္ဆုံးေတာ့ အလယ္က ဗီဇေျပာင္းဖုတ္ေကာင္ႏွစ္ေကာင္ပဲ က်န္ေတာ့တယ္။
အထဲကအေျခအေနေတြကိုၾကည့္ဖို႔ဖန္းဟယ္က သူ႕ေၾကာင္မ်က္လုံးေလးကို ေစြၾကည့္လိုက္တယ္။ ဖုတ္ေကာင္ေတြအမ်ားႀကီးရဲ႕တိုက္ခိုက္တာကို ခံရၿပီးေတာ့ စိတ္စြမ္းအင္ဖုတ္ေကာင္က သူ႕ရဲ႕လည္ပင္းက်ိဳးသြားခဲ့တယ္။ ဘယ္သူသိမွာလဲ။ ခုန္နိုင္႐ုံပဲရွိတဲ့ ဖုတ္ေကာင္ေတြက ဗီဇေျပာင္းဖုတ္ေကာင္ကို ဒီေလာက္ထိျဖစ္သြားေစမယ္လို႔ ။ၿပီးေတာ့ အဲ့ဒီဗီဇေျပာင္း ဖုတ္ေကာင္က လန႔္သြားခဲ့တယ္။
သို႔ေသာ္လည္း ဖန္းဟယ္ ဒီဗီဇေျပာင္းဖုတ္ေကာင္အေပၚ အထင္အရမ္းႀကီးလြန္းသြားမိတယ္ထင္ပါတယ္။ ဒီဖုတ္ေကာင္ရဲ႕ ဦးႏွောက္က သူ႕ကိုယ္သူ တိုက္ခိုက္ခံရတာကေန ဘယ္လိုလြတ္ေအာင္လုပ္ရမလဲ သိေသးတယ္။ ဒါေပမယ့္ၾကည့္ရတာ အဲ့ဒီဖုတ္ေကာင္က မ်ိဳးႏြယ္တူဆီကေန အသတ္ခံရခါနီးျဖစ္လာတာေတာင္ မေျပးေသးဘူးပဲ။
လီက်န္းက သူ႕လက္ကိုျမႇောက္လိုက္ၿပီး စိတ္စြမ္းအင္ဗီဇေျပာင္းဖုတ္ေကာင္ရဲ႕ ေခါင္းကိုေခ်မြပစ္လိုက္တယ္။ အထဲကေန အနက္ေရာင္သလင္းအျမဴေတေလးထြက္လာတယ္။ ဖန္းဟယ္က သူ႕ေခါင္းကိုေရွ႕တိုးၾကည့္လိုက္တယ္။အဲ့တာက ပထမအဆင့္သလင္းအျမဳေတပဲ ။ ဒီသလင္းအျမဳေတကိုသာ ေနရာလြတ္နဲ႕ေပါင္းလိုက္ရင္ ဘယ္လိုျဖစ္သြားမလဲ။ ဖန္းဟယ္က ဒီသလင္းအျမဳေတ ေနရာလြတ္ထဲကိုယူသြားခံရမွာကို ေစာင့္ေနလိုက္တယ္။
အခုစိတ္စြမ္းအင္ဗီဇေျပာင္းဖုတ္ေကာင္ကိုေျဖရွင္းၿပီးသြားၿပီ။ က်န္တဲ့ အျမန္ႏႈန္းဗီဇေျပာင္းဖုတ္ေကာင္ကလည္း ဖုတ္ေကာင္ေတြတက္နင္းတာခံရၿပီး ေျမေပၚကေန အခုထိမထနိုင္ေသးဘူး။ ေတာ္ေသးတယ္၊ ေသတဲ့အထိ အနင္းမခံလိုက္ရလို႔။
ဖန္းဟယ္က သူ႕ေၾကာင္သြားေလးကိုယက္လိုက္တယ္။ ေနာက္ထပ္ ပထမအဆင့္သလင္းအျမဳေတရွိလာရင္လည္း ပိုေကာင္းတာပဲ။
ဒါေပမယ့္ဖန္းဟယ္က လီက်န္းဘာမွမလုပ္တာကို ျမင္လိုက္ရတယ္။ သူက သူ႕ရဲ႕ေၾကာင္လက္ေလးကို ဆန႔္ထုတ္ၿပီး ကိုယ္တိုင္လုပ္မလို႔ႀကံလိုက္ေတာ့ ေျမျပင္ေပၚ က ဖုတ္ေကာင္က ႐ုတ္တရက္ထလာၿပီး လီက်န္းေရွ႕မွာ ဒူးေထာက္လိုက္တယ္။
ဖန္းဟယ္က သူ႕စြမ္းအားကိုျပန္႐ုတ္သိမ္းလိုက္ၿပီး ေလထဲကိုပစ္ထုတ္လိုက္တယ္။ ေျမာင္းးးး ဒါက ဘယ္လိုအေျခအေနႀကီးလဲ။
ဖန္းဟယ္က လီက်န္းကိုေမးမလိုလုပ္လိုက္တဲ့အခါ အေရွ႕မွာ ဒူးေထာက္ေနတဲ့ဖုတ္ေကာင္က ထလာတယ္ ။ၿပီးေတာ့ အဲ့ဒါက ေျမေပၚက်ေနတဲ့ ကားတံခါးအပ်က္တစ္ခုကိုေကာက္မလိုက္ၿပီး က်န္တဲ့ဖုတ္ေကာင္အုပ္ဘက္ကို ပစ္လိုက္တယ္။ ၿပီးေတာ့ထင္မထားစြာပဲ စၿပီး မ်ိဳးႏြယ္တူေတြကို သတ္ျဖတ္ေတာ့တယ္။
ဖန္းဟယ္ရဲ႕ေၾကာင္လက္ေလးက သူ႕ႏွဖူးကို ဖိထားၿပီး သူ႕ကိုယ္သူ စိတ္ၿငိမ္ေစလိုက္တယ္။ လီက်န္းက ညီငယ္ေလးလက္ခံမလို႔ လုပ္ထားတာလား။
ဒါေပမယ့္ လီက်န္းကဖုတ္ေကာင္ေတြကိုထိန္းခ်ဳပ္နိုင္မွေတာ့ ဘာလို႔ေဘးက ဖုတ္ေကာင္ေတြက လီက်န္းရဲ႕ထိန္းခ်ဳပ္မႈေအာက္မွာ မရွိတာလဲ။ လီက်န္းရဲ႕စြမ္းအင္က စိတ္စြမ္းအင္ဗီဇေျပာင္းဖုတ္ေကာင္အေပၚ ဘယ္လိုလုပ္မဖိႏွိပ္နိုင္တာလဲ။
အဓိကအခ်က္ကေတာ့ လီက်န္းရဲ႕ စိတ္စြမ္းအင္က အဲ့စိတ္စြမ္းအင္ဗီဇေျပာင္းဖုတ္ေကာင္နဲ႕မတူတာပဲ။
အဲ့ဗီဇေျပာင္းဖုတ္ေကာင္ရဲ႕ စိတ္စြမ္းအင္က တျခားဖုတ္ေကာင္ေတြရဲ႕ အမူအရာေတြကို တိုက္ရိုက္ထိန္းခ်ဳပ္ပစ္လိုက္တာ ။ အဲ့ေတာ့ ဖုတ္ေကာင္ေတြမွာ တူညီတဲ့အမူအရာေပၚလာတာပဲ။ အဲ့ဒီဖုတ္ေကာင္က မ်ိဳးတူေတြကိုထိန္းခ်ဳပ္လိုက္ၿပီး ဒီဖုတ္ေကာင္ေတြအတြက္ကေတာ့ သာမန္ပဲ လီက်န္းဆီကိုပဲ တိုက္ရိုက္တိုးဝင္လာၾကလိမ့္မယ္။
လီက်န္းရဲ႕ စိတ္စြမ္းအင္ကေတာ့ကြဲျပားေနတယ္။သူ႕စြမ္းအင္ထိန္းခ်ဳပ္မႈကို ႏွစ္မ်ိဳးခြဲလို႔ရတယ္ ။သက္ရွိေတြအပါအဝင္ ပစၥည္းအမ်ိဳးမ်ိဳးကို ေလထဲမွာထိန္းခ်ဳပ္တာ။ တျခားတစ္ခုကက်ေတာ့ စိတ္ကိုထိန္းခ်ဳပ္တာ။ အဲ့တာနဲ႕ မွတ္ဉာဏ္ေဖ်ာက္တာအျပင္ အသိစိတ္ကို ေျပာင္းလဲပစ္တာမ်ိဳးလဲ လုပ္နိုင္တယ္။
အဲ့ေတာ့ ဖုတ္ေကာင္ေတြကိုထိန္းခ်ဳပ္တာကလည္း အတူတူပဲ။ ဒါေပမယ့္လီက်န္းထိန္းခ်ဳပ္တာကေတာ့ ဖုတ္ေကာင္ေတြရဲ႕ သဘာဝအသိစိတ္ကိုပဲ။ အဲ့တာက သူတို႔ရဲ႕ အသိစိတ္ကတစ္ဆင့္ အမူအရာေတြကိုထိန္းပစ္တာ။
အဲ့တာကကြဲျပားတယ္။ လီက်န္းသာဖုတ္ေကာင္ေတြအမ်ားႀကီးကို ထိန္းခ်ဳပ္နိုင္ရင္ အဲ့တာက စစ္တပ္တစ္ခုရွိတာနဲ႕ ညီမွ်တယ္ ။ ၿပီးေတာ့စစ္သားတိုင္းက သူ႕အမိန႔္ကိုနာခံလိမ့္မယ္။ အဲ့ေတာ့သူတို႔က အမွီအခိုကင္းၿပီး သီးျခားျဖစ္လာလိမ့္မယ္။
ဘယ္လိုျဖစ္ျဖစ္ သာမန္ဖုတ္ေကာင္ေတြက အခု အနိမ့္ဆုံးမွာပဲ။ သူတို႔ရဲ႕ ဗီဇအသိစိတ္က ေသးငယ္ၿပီး ၾကမ္းတမ္းတယ္။ အဲ့ေတာ့လီက်န္းက သူတို႔ကို ခဏပဲထိန္းနိုင္ေသးတယ္ ။ ဒါေပမယ့္ ဗီဇေျပာင္းဖုတ္ေကာင္ကေတာ့ ကြဲျပားတယ္။ ဗီဇေျပာင္းဖုတ္ေကာင္မွာ သူ႕ရဲ႕စြမ္းအင္ကိုတိုးျမႇင့္ဖို႔အတြက္ တူညီတဲ့ သလင္းအျမဳေတေတြကိုစုရမယ္ဆိုတဲ့ အသိစိတ္ရွိၿပီးသားမို႔ လီက်န္းက ဒီအျမန္ႏႈန္းဗီဇေျပာင္းဖုတ္ေကာင္ကိုထိန္းခ်ဳပ္နိုင္တယ္။
ဖန္းဟယ္ရဲ႕ ရႈပ္ေထြးေနတဲ့အၾကည့္ေအာက္မွာပဲ လီက်န္းက ဖုတ္ေကာင္အုပ္ဆီ ေျပးဝင္သြားလိုက္တယ္။
ဒီသာမန္ဖုတ္ေကာင္ေတြမွာ သားေကာင္သာမရွိရင္ သူတို႔က အရႈံးပဲ။ အဲ့တာက ေျဖရွင္းဖို႔အတြက္ အရမ္းျမန္တယ္။ ဖန္းဟယ္က ရႈပ္ရွက္ခတ္ေနတဲ့ေနရာကို ၾကည့္လိုက္တယ္။ ဝန္ခံဖို႔ မလိုလားေပမယ့္လည္း အျမန္ႏႈန္းစြမ္းအင္ဖုတ္ေကာင္ရဲ႕ပူးေပါင္းမႈက သူတို႔ကိုဖုတ္ေကာင္ေတြ သတ္ရာမွာေတာ္ေတာ္ျမန္သြားေစတယ္။
ဒါ့အျပင္ ဒီအျမန္ႏႈန္းဗီဇေျပာင္းဖုတ္ေကာင္က ေတာ္ေတာ္သာမန္မဟုတ္တဲ့ သန႔္ရွင္းတဲ့ဖုတ္ေကာင္ပဲ။ ၿပီးေတာ့အဲ့တာက မ်က္လုံးကို အေတာ္ေက်နပ္ေစတယ္။ အဲ့တာက လူေတြကို ေနရာတကာမွာ လိုက္ကိုက္ေနတဲ့ ၾကမ္းတမ္းတဲ့ဗီဇေျပာင္းဖုတ္ေကာင္ေတြလို မဟုတ္ဘူး။
ဘယ္လိုျဖစ္ျဖစ္ ဖုတ္ေကာင္ေတြက အသားစားေတြပဲ။ သူတို႔က ဗုံးတစ္လုံးနဲ႕ ျပႆနာတက္ေတာ့မွာမဟုတ္ဘူးလား။
ဖန္းဟယ္က ခဏေလာက္ ေတြးလိုက္တယ္။ ၿပီးေတာ့ သူက ေနရာလြတ္ထဲကိုဝင္ၿပီး ၾကက္တစ္ေကာင္ဖမ္းကာ ပစ္ေပးလိုက္ကာ ဖုတ္ေကာင္က ၾကက္ကိုစားေနတာကိုၾကည့္လိုက္တယ္။ အဲ့တာကဘယ္ေလာက္ၾကည့္ရဆိုးေနပါေစေပါ့။ ဖန္းဟယ္သိခ်င္တာက သူ႕ရဲ႕ေမြးျမဴေရးေနရာကို ခ်ဲ့ၿပီးေတာ့ေမြးျမဴေရးတိရစ္ဆာန္ေတြကို ပိုစုသင့္လားလို႔။
ဒါေပမယ့္ အဲ့လိုဆိုရင္ေတာင္ ဖုတ္ေကာင္က လူသားစားေနတုန္းပဲမလား။ အဲ့တာက သက္ရွိျဖစ္ေနသေ႐ြ႕ေတာ့ သူ႕မ်က္လုံးထဲမွာအတူတူပဲ(အစာျဖစ္ေနမွာ)။ အဲ့ေတာ့ သူတို႔ဆီမွာ ေမြးျမဴေရးတိရစ္ဆာန္ေတြလုံေလာက္ရင္ေတာင္မွ လီက်န္းလူသားမစားေအာင္ သူထိန္းနိုင္ပါမလား။
"ျမႇောင္- ေဝါင္း"
လီက်န္း~~
ဖန္းဟယ္က လီက်န္းဆီက အထည္ျပဳမႈကိုလိုခ်င္ေနတဲ့အခ်ိန္ ကံမေကာင္းစြာပဲ စကားေျပာနိုင္တာက ရပ္တန့္သြားတယ္။ သူ႕ရဲ႕နဂါးသြဲ႕ေက်ာက္လိုမ်က္လုံးေလးက ဝမ္းနည္းမႈေတြနဲ႕ ျပည့္ႏွက္လာၿပီးေတာ့ သူ႕လက္သည္းေလးကို ေဒါသတႀကီးေဝ့ယမ္းလိုက္ကာ သူ႕ရဲ႕ေဘးက ေၾကာ္ျငာဆိုင္းဘုတ္ကို ဆြဲၿဖဲလိုက္တယ္။ ေျမာင္~~~~ အခ်ိန္အတိအက်ကိဳ ကံဆိုးတာပဲ။သူ လီက်န္းကို စကားေျပာခ်င္ေသးတယ္လို႔။
ႏွစ္ခါေလာက္ႀကိဳးစားၾကည့္ၿပီးေနာက္မွာ ဖန္းဟယ္က ေျမာင္ဆိုတဲ့ ေအာ္သံေလးေတြပဲ ထြက္လာနိုင္ေတာ့တယ္။ သူစိတ္ညစ္သြားၿပီး သူ႕ရဲ႕ေခါင္းေလးကို လီက်န္းရဲ႕လည္ပင္းမွာ တိုးေဝွ႕လိုက္တယ္။ ၿပီးမွ ဆက္စိတ္ညစ္ရေအာင္။
ဒီတစ္ခါေတာ့ ကုသေရးစြမ္းအင္အမ်ားအျပားစုမိလိုက္တယ္။ တစ္နာရီေလာက္ၾကာသြားၿပီးတဲ့ေနာက္မွာ လီက်န္းရပ္သြားၿပီး ဖန္းဟယ္ရဲ႕ နား႐ြက္ေလးကို သူ႕လက္ေခ်ာင္းနဲ႕ ပြတ္သပ္ေပးလိုက္ကာ သူ႕ရဲ႕ နဂိုပုံစံကို ျပန္ေရာက္သြားတယ္။
ဖန္းဟယ္က လီက်န္းရဲ႕ဂုတ္ပိုးေပၚမွာကပ္ေနရာကေန ေနာက္ကိုလွည့္ၾကည့္လိုက္တယ္။အျမန္ႏႈန္းဗီဇေျပာင္းဖုတ္ေကာင္က လီက်န္းရဲ႕ ထိန္းခ်ဳပ္မႈကို လုံးဝခံေနရၿပီး သူတို႔ေနာက္ သိပ္မေဝးတဲ့ေနရာကေန လိုက္လာတယ္။
ဒီဖုတ္ေကာင္က စိတ္စြမ္းအင္ဗီဇေျပာင္းဖုတ္ေကာင္ရဲ႕ ထိန္းခ်ဳပ္တာကို ခံခဲ့ရတာမဟုတ္လား။ ဖန္းဟယ္ မထိန္းနိုင္ပဲေတြးလိုက္မိတယ္။ ဒါက အားကိုးရာမဲ့သြားတဲ့ ခံစားခ်က္မ်ိဳးမ်ားလား။
ငါတို႔ေနာက္ကိုမလိုက္နဲ႕ေတာ့လို႔ ဖန္းဟယ္ တကယ္ေျပာလိုက္ခ်င္မိတယ္။ ငါ့မွာလဲ ခံစားခ်က္ေတြရွိတယ္ ။ အညစ္အေၾကးက်ဳံးအရာရွိက ဒီေၾကာင္သခင္ေလးရဲ႕အပိုင္လို႔။ ဘယ္ကိုလိုက္တြယ္ကပ္ေနတာလဲ။ မင္းက သမားရိုးက်(ပုံမွန္)မဟုတ္တဲ့မီးသီးလား။
သို႔ေသာ္လည္း ဖုတ္ေကာင္က ဖန္းဟယ္ရဲ႕ေၾကာင္မ်က္လုံးထဲက မေက်နပ္ေနတဲ့ ခံစားခ်က္ကို သတိမထားမိဘဲ ဆက္လိုက္လာတယ္။
ဒီလမ္းကိုေက်ာ္သြားၿပီးတဲ့ေနာက္မွာ လမ္းမႀကီးက တစ္ဖန္ျပန္ပြင့္သြားၿပီ။ အဲ့ေနာက္ လီက်န္းကေနရာလြတ္ထဲက ကားတစ္စီးထုတ္လိုက္တယ္။ ဒီတစ္ခါေတာ့ လီက်န္းက ကားကို ေခ်ာေခ်ာေမြ႕ေမြ႕နဲ႕ စၿပီး အျမန္ေမာင္းထြက္လိုက္တယ္။
ဖန္းဟယ္က ကားထိုင္ခုံရဲ႕ ေခါင္းေနရာကိုကိုင္ၿပီး ေနာက္ကိုၾကည့္လိုက္တယ္ ။သူတစ္ကယ္ႀကီး စိတ္ပ်က္သြားတယ္။ ဒါက အျမန္ႏႈန္းဗီဇေျပာင္းဖုတ္ေကာင္ပဲ။ သူတို႔ကားဘယ္ေလာက္ျမန္ျမန္ ဖုတ္ေကာင္ကအေနာက္ကေန ေျပးလိုက္လာနိုင္တယ္။ သူဖယ္ခ်ထားခ်င္ခဲ့ရင္ေတာင္ သူမလုပ္နိုင္ဘူး။
အရွိန္ေလ်ာ့ရတဲ့ အေကြ႕တစ္ခ်ိဳ႕ကိုေက်ာ္ၿပီးေနာက္ေတာ့ ဗီဇေျပာင္းဖုတ္ေကာင္က ကားကိုယ္ထည္တစ္ခုကို ဝင္တိုက္သြားၿပီးေတာ့ မလႈပ္ေတာ့ဘူး။
ဖုတ္ေကာင္ေပ်ာက္သြားတာကိုၾကည့္ၿပီး ဖန္းဟယ္ေတြးလိုက္တယ္။ တကယ္လို႔ အဲ့ဒီဖုတ္ေကာင္က ေဆးေၾကာၿပီး ပုံစံေျပာင္းသြားခဲ့ရင္ သူေျပာစရာမလိုေတာ့ဘူး ။ ဟုတ္တယ္မလား။
Translator - Neon_light_25
Editor - Kimhsuyoon99