ရွှေပေါင်လုံးကြီးကို ဖက်ထားမယ်

Von MayBerry_115

34.9K 5.3K 141

Myanmar translation of Holding Onto My Man. Alternative names: 抱住我的男人 Author: Hong Yao Yao, 红妖妖 Source: jjwx... Mehr

descriptions
chapter~> 1 (arc 1)
chapter~> 2
chapter~>3
chapter~4
chapter~>5
chapter~>6
chapter~>7
chapter~>8
chapter~>9
chapter~>10
chapter~>11
chapter~>12
chapter~>13
chapter~>14
chapter~>16 (arc-2)
chapter~>17
chapter~> 18
chapter~>19
chapter~>20
chapter ~> 21
chapter~>22
chapter~>23
chapter~> 24
chapter~> 25
chapter~26.1
chapter~>26.2 (arc 3)
chapter~>23.1

chapter~>15

1.3K 199 2
Von MayBerry_115


နျဲ့မိသားစုသည် ဩဇာကြီးမားသောကြောင့် ကိစ္စများကို လျင်မြန်စွာ ဖော်ထုတ်နိုင်ခဲ့သည်။

ဗီလာတွင် ပါတီကျင်းပကြသူအများစုမှာ ချမ်းသာပြီး အင်အားကြီးမားသော လူကုန်ထံမိသားစုများမှ သခင်လေးနှင့် သခင်မလေးများ ဖြစ်ကြသည်။ ဒီလိုပါတီမျိုးက လူသိများတဲ့ ကိစ္စတစ်ခုဖြစ်ပြီး အဖမ်းခံရရင်တောင် ရဲစခန်းမှာ တစ်ညထိန်းသိမ်းခံရရုံနဲ့ ပြီးသွားမှာပါ။

သို့သော်လည်း နျဲ့ချင်းချန်၏ကြားဝင်မှုကြောင့် ထိုကိစ္စကို လွယ်လွယ်ကူကူ ဖြေရှင်းလို့မရတော့ချေ။

နျဲ့ချင်းချန်သည် အထက်တန်းလွှာအသိုင်းအဝန်းတွင် လူသိများသည်။ သူသည် အသိုင်းအဝန်းကြားတွင် ဆိုးရွားလှသော ဒေါသကြောင့် နာမည်ကြီးသော်လည်း အလွန်စီးပွားရေးအမြင်ရှိသူ ဖြစ်သည်။ သူ နျဲ့မိသားစုကို ဦးဆောင်သည့်အချိန်မှစ၍ နျဲ့မိသားစုသည် တရုတ်နိုင်ငံစီးပွားရေး၏ အသက်သွေးကြောတစ်ဝက်ဟု ဆိုနိုင်သည်။

ထို့အပြင် နျဲ့မိသားစု၏အမျိုးသမီးကြီးသည် မယုံနိုင်လောက်အောင် သြဇာကြီးမားသော စစ်တပ်နှင့် နိုင်ငံရေးမိသားစုမှ မွေးဖွားလာခဲ့သည်။ ယခုအချိန်တွင် နျဲ့ချင်းချန်က တစ်စုံတစ်ယောက်ကို စစ်ဆေးမေးမြန်းရန်အတွက် ချုပ်နှောင်ထားချင်သည်ဆိုပါက လူအနည်းငယ်သာ ငြင်းဆန်ရဲပေလိမ့်မည်။

နျဲ့မိသားစု၏ညွှန်ကြားချက်အောက်တွင် မာနကြီးသော သခင်လေးနှင့်သခင်မလေးများအားလုံးက လိမ်လိမ်မာမာနှင့် ပူးပေါင်းကာ မေးသမျှမေးခွန်းများကို ဖြေပေးကြသည်။ ထိုနေ့တွင် ဝူကျန်းကျန်းသည် လုရုံချင်းကို ဗီလာသို့ခေါ်လာသောအခါ ဖုံးကွယ်မထားခဲ့ပေ။ ထို့ကြောင့် ဝူကျန်းကျန်းသည် လျင်မြန်စွာ ဖော်ထုတ်ခံလိုက်ရသည်။

အခြားတစ်ဖက်တွင် နန်လီချန်သည်လည်း အခြေအနေကို ရိုးရိုးသားသား ရှင်းပြလာခဲ့သည်။

ကုပိုင်၏ယခင်အရိပ်အ‌ခြေပြမှုဖြင့် နန်လီချန်သည် ကိစ္စတစ်ခုလုံးကို သူ့ဦးနှောက်ထဲတွင် လျင်မြန်စွာချိတ်ဆက်နိုင်ခဲ့ပြီး ၎င်းက အလွန်ယုတ္တိရှိလှသည်။

ဝူကျန်းကျန်းက လုရုံချင်းကို ဘာလို့ အရမ်းမုန်းနေရတာလဲ သူ မသိပေမယ့် ဝူကျန်းကျန်းက လုရုံချင်းကို လှည့်စားခဲ့တာတော့ အမှန်ပဲ။ လုရုံချင်းရဲ့နောက်မှာ နျဲ့မိသားစုရှိတယ်။ တစ်ခုခု မှားယွင်းသွားရင် သူ ဒုက္ခရောက်လိမ့်မယ်။

ဒါကြောင့် ကိစ္စတွေ ဖော်ထုတ်မခံရ‌စေဖို့ *ကောက်ကျစ်တဲ့ယုန်ကို သတ်ပြီးရင် အမဲလိုက်ခွေးကို ချက်စားတယ်ဆိုတာ သဘာဝကျပါတယ်။ မူးယစ်ဆေးကိုသုံး၍ အမှုဆင်ပြီး သူ့ကို ထောင်ထဲပို့မယ်။ ပြီးရင် အချုပ်ခန်းထဲမှာ သူ့ကို သတ်ပစ်ဖို့ နည်းလမ်းရှာလိမ့်မယ်။


[ *ကောက်ကျစ်တဲ့ယုန်ကို သတ်ပြီးရင် အမဲလိုက်ခွေးကို ချက်စားတယ်~> တစ်စုံတစ်ယောက်ကို အသုံးချပြီးတာနဲ့ စွန့်ပစ်လိုက်တာကို ဆိုလိုတာပါ ]


ဒါဆို အရမ်းစိတ်ချရပြီလေ။ ကိစ္စတွေ ဖော်ထုတ်ခံရမှာ ကြောက်နေစရာမလိုတော့ဘူး။ ထောင်ထဲမှာ လူတစ်ယောက်ကို သတ်ရတာ အရမ်းလွယ်ပြီး ရိုးရှင်းတယ်!


သူ မသေချင်သေးဘူး။ ဆေးရုံတက်နေတဲ့ သူ့အဖေကြောင့်သာမက  သူကိုယ်တိုင်လည်း မသေချင်သေးဘူး။

သူသည် စီးပွားရေးလောကတွင် အတန်ကြာ ရောနှောနေထိုင်ခဲ့သောကြောင့် သူ ငတုံးမဟုတ်ပေ။ ဝူကျန်းကျန်းနှင့် အပေးအယူလုပ်စဉ်က သူသည် အရန်အစီအစဉ်အနေဖြင့် သက်သေအ‌ထောက်အထားအားလုံးကို ချန်ထားခဲ့သည်။ ယခု အခင်းဖြစ်ပွားပြီးသည့်နောက် သူ၏ပြစ်မှုများကို လျှော့ချရန် အရာအားလုံးနှင့် သက်သေအားလုံးကို ဖော်ထုတ်ခဲ့သည်။


နျဲ့ချင်းချန် သူ့ဝန်ခံချက်ကို ဖတ်လိုက်‌သောအခါ သူ့ခန္ဓာကိုယ်ထဲရှိ ဖိအားများက အနိမ့်ဆုံးနေရာသို့ ကျဆင်းသွားသည်။

မုဒိမ်းမှုနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် လူပေါင်းများစွာ လိင်ဆက်ဆံစေမှု။ ဒါတွေက လုရုံချင်းကို ဝူကျန်းကျန်း လုပ်ချင်တဲ့အရာတွေပဲ!

ဤအစီအစဥ်များ အောင်မြင်သွားပါက နောက်ပိုင်းတွင် လူငယ်လေး မည်သို့ဖြစ်နေမည်ကို သူ တွေးကြည့်လို့ပင် မရနိုင်ပေ။ ဖြူစင်ပြီး အကျင့်စာရိတ္တကောင်းမွန်သော ကောင်လေးက ညစ်ညမ်းရိုင်းစိုင်းသွားမည်ကို သူ စိတ်ကူးယဉ်ကြည့်လို့တောင် မရပေ။

နျဲ့ချင်းချန်၏ ဒေါသ၏ အကျိုးဆက်မှာ ပြင်းထန်လှသည်။ သုံးရက်အတွင်းမှာ ဝူမိသားစု ဒေဝါလီခံသွားရသည်။

ဝူကျန်းကျန်းနှင့် စေ့စပ်ထားသူဖြစ်သောကြောင့် ဖုဇီရွှမ်သည် သူမအတွက်
ရပ်တည်ပေးရန်မှတပါး ရွေးချယ်စရာမရှိပေ။ သူ နျဲ့ချင်းချန်ကို သွားတွေ့သောအခါ နျဲ့ချင်းချန်သည် တင်ပြချက်တစ်ခုကို အေးစက်စက် ပစ်ပေးလာသည်။

" အချက်အလက်တွေကို မင်းကိုယ်တိုင်ပဲ ကြည့်လိုက်တော့..."

ဖိုင်တွဲထဲတွင် လုရုံချင်းနှင့်ပတ်သက်သော အချက်အလက်များသာမက ဝူကျန်းကျန်း၏ သူမရန်သူတွေအပေါ် 
လက်စားချေသည့် လုပ်ငန်းစဉ်နှင့်နည်းလမ်းများလည်း ပါရှိသည်။

ဖတ်ပြီးသည်နှင့် ဖုဇီရွှမ်၏မျက်နှာသည် ဖြူ‌ရော်သွားသည်။ သူ ဘာမှမပြောဘဲ တိတ်တဆိတ် လှည့်ထွက်လာခဲ့သည်။

သူ့နှလုံးသားထဲက နူးညံ့ကြင်နာတတ်တဲ့ မိန်းကလေးက ဒါတွေအားလုံးကို လုပ်ခဲ့တယ်ဆိုတာ သူ မယုံနိုင်ဘူး...


ဖုဇီရွှမ်သည် ဝူကျန်းကျန်းနှင့် စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်သည်။ ဤသတင်းကို ဝူကျန်းကျန်း ကြားသောအခါတွင် နောက်ထပ်ထိုးနှက်ချက်တစ်ခုကို ခံစားလိုက်ရသည်။ သူမမျက်နှာမှာ မလိုမုန်းတီးစိတ်များ ပြည့်နှက်နေ၏။

" ဘာလို့လဲ။ ရှင် ဘာလို့ ကျွန်မနဲ့စေ့စပ်ပွဲကို ဖျက်လိုက်ရတာလဲ။ သူတို့အားလုံးက အပြစ်ရှိပြီး အပြစ်ပေးခံရဖို့ ထိုက်တန်တယ်။ သူတို့အားလုံး သေဖို့ ထိုက်တန်တယ်။ ဇီရွှမ် ရှင် သိပါတယ်။အဲဒီမိန်းမပျက် ဝူရှောင်းရှောင်းက ကျွန်မကို ထောင်ချောက်ဆင်တာ ရှင် သိပါတယ်။ ဇီရွှမ် ကျွန်မကို ကူညီပေးမယ်လို့ ရှင် ပြောခဲ့တယ်လေ။ ကျွန်မကို ထောက်ပံ့ပေးမယ်ဆို...ကျွန်မကို ဒုက္ခပေးခဲ့တဲ့ အဲဒီတိရစ္ဆာန်ကောင်တွေအားလုံးကို ကျွန်မခံစားရသလို ခံစားရစေချင်တယ်။ ကျွန်မ ပိုင်တဲ့အရာအားလုံးကို ပြန်ယူချင်တယ်! "

ဖုဇီရွှမ်သည် သူမ၏အနည်းငယ် ရူးသွပ်နေသော အမူအရာကို ကြည့်ကာ သူ့နှလုံးသား နာကျင်သွားသည်။

ဒီမိန်းကလေးက အိမ်မှာ ပင်ပန်းဆင်းရဲပြီး ခက်ခဲကြမ်းတမ်းတဲ့အခြေအနေမျိုး ရှိခဲ့တယ်ဆိုတာ သူ သိသည်။ ဝူကျန်းကျန်းက မိသားစုအတွင်းရှိ တရားမဝင်ကလေး‌များကို ဖြေရှင်းရန် နည်းလမ်းများစွာကို အသုံးပြုခဲ့ကြောင်းလည်း သူ သိသည်။

ဤအရာများကို သူ ဂရုမစိုက်ခဲ့ချေ။ များစွာနာကျင်ခံစားခဲ့ရသော ဒီကောင်မလေးကို သူ သနားမိသည်။ သူမပတ်ဝန်းကျင်ရှိ လူတိုင်းက သူမကို အမဲဖြတ်ရန် စောင့်ကြည့်နေကြသည်။

သို့သော် သူမကို ကာကွယ်ပေးမည်ဟု သူ ပြောခဲ့သည်။ သူမသည် ပျော်ရွှင်သော ဘဝကို ဖြတ်သန်းရန်သာ လိုအပ်ရုံသာ။ ထိုလူများကို သူမ ဘာကြောင့် တိုက်ခိုက်ခဲ့သည်ကို သူ နားလည်နိုင်ပေမယ့်...

" ကျန်းကျန်း၊ မင်းညီမနဲ့ မင်းကို ဒုက္ခပေးကြတဲ့အဲဒီလူတွေကို လက်တုံ့ပြန်တာကို ကိုယ် နားလည်ပေးနိုင်တယ်။ ဒါပေမယ့် လုရုံချင်းကရော။ အခြားသူတွေက ဘာလို့လဲ။ "

" သူတို့လည်း အပြစ်ရှိလို့ အဲဒါနဲ့ တန်တယ်! "

ဝူကျန်းကျန်းသည် သူမ၏အရင်ဘဝက ကိစ္စရပ်များကို မရှင်းပြနိုင်ပေ။ ထို့ကြောင့် သူမက အော်ဟစ်ငိုယိုနေရုံသာ တတ်နိုင်သည်။

" သေချာလား။ ကျန်းကျန်း၊ သေချာစဉ်းစားကြည့်ပါဦး... "

ဖုဇီရွှမ် သက်ပြင်းချလိုက်မိသည်။စာရင်းထဲမှာ အမှန်တကယ် အပြစ်ရှိတဲ့သူတွေပါပေမယ့် ဘာမှမသက်ဆိုင်တဲ့လူတွေလည်း ရှိသည်။ ဝူကျန်းကျန်း တွေဝေသွားခဲ့သည်.....

စေ့စပ်ပွဲ ဖျက်သိမ်းပြီးနောက် ဖုဇီရွှမ် ထွက်သွားခဲ့သည်။ ၎င်းက ဝူကျန်းကျန်းအတွက် ဝူမိသားစု ဒေဝါလီခံတာထက် ပိုကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်သည်။ ယခင်ဘဝနှင့် လက်ရှိဘဝ၏ပုံရိပ်များက ရောထွေးနေပြီး သူမကို ဒုက္ခရောက်စေခဲ့သည်။

ဝူမိသားစု ဒေဝါလီခံခြင်းက သုမအတွက် တစ်ခုတည်းသော အဆုံးသတ်မဟုတ်ပေ။ လက်စားချေရာတွင် သူမသည် တရားမဝင်နည်းလမ်းပေါင်းများစွာကို အသုံးပြုခဲ့သည်။ ဆေးမှု၊ ပြန်ပေးဆွဲမှု၊ မုဒိမ်းမှုနှင့် လူသတ်မှုတို့သည် လူပေါင်းများစွာ၏အသက်များ ပါဝင်ပတ်သက်နေခဲ့သည်။ အစိုးရသည် နောက်ပိုင်း သေဒဏ်မပေးတော့သည့်အတွက် သူမသည် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရသည်။

ထောင်ထဲရှိ နေ့ရက်များက မလွယ်ကူလှပေ။ ညတိုင်း သူမ၏အချုပ်ခန်းထဲရှိ အမျိုးသမီးအကျဉ်းသားများက သူမအား ရိုက်နှက်ကြသည်။ သူမခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာမရှိသည့်နေရာ မရှိပေ။

သူမ၏အကျဉ်းခန်းထဲရှိ အမျိုးသမီး အကျဉ်းသားများ၏ ခေါင်းဆောင်သည် သူမ လက်စားချေခဲ့သောလူများထဲမှ တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ထောင်ထဲတွင် သူမ၏ဘဝသည် ပို၍ပင် ခက်ခဲလာခဲ့သည်။

ထောင်ထဲတွင် ရက်အနည်းငယ်ကြာပြီးနောက် သူမက ပြိုလဲလုနီးပါးဖြစ်နေပြီ။အရင်ဘဝတွင် သူမသည် အိမ်ခြေရာမဲ့ ဖြစ်ခဲ့စဉ်က ထောင်ထဲမှာ အကြာကြီး နေဖို့မပြောနှင့်။ ဒီလောက်ဒုက္ခမရောက်ခဲ့ပေ။

ပြန်လည်မွေးဖွားလာချိန်မှာ သူမ၏ကျက်သရေရှိပြီး စွဲမက်ဖွယ်ပုံရိပ်အကြောင်း တွေးမိသည်။ ထို့နောက် သူမကိုယ်ပေါ်ရှိ ညစ်ပတ်ပြီး အကျည်းတန်သော ထောင်၀တ်စုံကို ငုံကြည့်လိုက်သည်။ သူမ အရမ်းဝမ်းနည်းနေခဲ့သည်။ ဘုရားသခင်က သူမကို ဒုတိယအကြိမ်အခွင့်အရေးပေးပြီးမှ ဘာကြောင့်ဒီလိုလုပ်ရသလဲဆိုတာ သူမ နားမလည်ခဲ့ဘူး...


သူမ၏သတင်းကို ကြားသောအခါ ကုပိုင်သည် ခပ်ဖျော့ဖျော့သာ ပြုံးလိုက်သည်။ ပြန်လည်မွေးဖွားခြင်းသည် ဘုရားသခင်ထံမှ လက်ဆောင်ဖြစ်သော်ငြား အနာဂတ်တွင် အလားတူအမှားမျိုး ထပ်ခါထပ်ခါလုပ်နေမည်ဆိုပါက၊ ငရဲသွားမလား၊ ကောင်းကင်ဘုံကိုသွားမလားဆိုတာက သူမ၏ ကိုယ်ပိုင်လုပ်ရပ်များပေါ်တွင်သာ မူတည်သည်။

ဆိုရိုးစကားတစ်ခုရှိသည် :
' *ဘုရားသခင်က မိုးကို ယူဆောင်လာပြီး လူတွေက ဘေးအန္တရာယ်ကို ယူဆောင်လာသည်.... '

[ * ~> အန္တရာယ်ကို ရှောင်ချင်လို့ဆိုပြီး မကောင်းတာတွေ မလုပ်ဖို့ လူတွေကို သတိပေးတာပါ ]


နန်လီချန်သည် ကြံရာပါတစ်ယောက်ဖြစ်သောကြောင့် သဘာဝအတိုင်း မလွတ်မြောက်နိုင်ပေ။ နျဲ့ချင်းချန်၏ဒေါသအောက်တွင် သူလည်း ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခံရသည်။

ထိုသတင်းကြားသောအခါ ကုပိုင် ရဲစခန်းကို သွားခဲ့သည်။

ထောင်ဧည့်တွေ့ခန်းတွင် မှန်ကိုဖြတ်ပြီး နန်လီချန်ကို တွေ့လိုက်သည်။ ရက်အနည်းငယ်သာ ရှိသေးသော်လည်း အမျိုးသားနတ်ဘုရားသည် သူ၏ရောင်ဝါကို ဆုံးရှုံးခဲ့ပြီး မျက်တွင်းချောင်ကျနေသည်။

"တောင်းပန်ပါတယ် …"

နန်လီချန်က ကုပိုင်ကို အပြစ်ရှိစိတ်ဖြင့် ကြည့်လာသည်။

ကုပိုင်က ဘာမှမပြောပေ။ သူက သူ့ကို အလွန်တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သည်။ သူ၏မျက်လုံးများတွင် နားမလည်နိုင်သော ဝမ်းနည်းပူ‌ဆွေးမှု ရှိနေသဖြင့် နန်လီချန်သည် ပို၍ပင် အပြစ်ရှိသလို ခံစားလာရသည်။

" ခင်ဗျား လုံချင်းကို တကယ်ကြိုက်ခဲ့လား... "

ခဏကြာသည်အထိ ကုပိုင်က သူ့ကို စိုက်ကြည့်နေခဲ့သည်။ သူ့မျက်လုံးများက ပြုံးနေပုံရသော်လည်း ဝမ်းနည်းနေပုံပေါ်သည်။ နန်လီချန်၏နားထဲသို့ သူ၏အသံဖျော့ဖျော့လေး ဝင်လာသောအခါ သူ့နှလုံးသားကို ဆယ်ပေါင်တူကြီးဖြင့် ထုရိုက်လိုက်သလိုပင်။

နန်လီချန် ပါးစပ်ဟလိုက်သည်။ သူ တစ်ခုခု ပြောချင်ပုံရသော်လည်း အသံထွက်မလာခဲ့ပေ။

သူက ကောင်လေးကို ကြည့်ပြီး ညင်သာစွာ ပြုံးလိုက်ပုံရသည်။ သူ၏အပြုံးသည် ယခင်အတိုင်း ဖြူစင်နေသော်လည်း ဤဖြူစင်မှုတွင် ဝမ်းနည်းမှုအရိပ်အယောင်များ ထပ်ပေါင်းပါဝင်နေသည်။

လူတွေ့ချိန် ပြည့်သွားသောအခါ လူငယ်လေး ထွက်ခွာသွားခဲ့သည်။

ညဘက်တွင် ဆေးရုံမှ ဖုန်း‌ခေါ်ဆိုမှုတစ်ခု ရရှိခဲ့သည်။ ၎င်းမှာ သူ့အဖေ၏အားနည်းနေသော အသံဖြစ်သည်။

" သား‌လေး၊ ကျောက်ကပ်အစားထိုး ရှာတွေ့ပြီ။ ကူညီပေးတဲ့သူက လူကောင်းလေးတစ်ယောက်ပါ။ သူက သားရဲ့သူငယ်ချင်းလို့ ပြောတယ်။ သူက သား ပိုက်‌ဆံရှာဖို့ အရမ်းဝေးတဲ့နေရာကို သွားနေပြီး တော်တော်ကြာမှ ပြန်လာမယ်လို့ ပြောတယ်။ အဖေ့ကို ဂရုစိုက်ဖို့ သား သူ့ကို မှာသွားတယ်လို့ ပြောတယ်။ သား၊ မင်း ဘာလို့ ဒီလောက်မြန်မြန်ကြီး ထွက်သွားရတာလဲ။ အဖေ့ကိုတောင် မပြောသွားဘူး... "

" ဟားဟား၊ သား၊ သူက သား ပြောပြောနေတဲ့ အရမ်းထူးခြားတဲ့ကောင်လေးဆိုတာလား။ သူ ပြုံးလိုက်တဲ့အခါ အရမ်းလှတဲ့ မျက်လုံးလေးတွေရှိပြီး အရမ်းလည်း ရှက်တတ်တယ်ဆိုတဲ့တစ်ယောက်လေ။ သား၊ အဖေ အကုန်သိပါတယ်။ သား အဖေ့ကို ဖုံးကွယ်ထားစရာမလိုဘူး။ ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် အရေးမကြီးဘူး။ သား သဘောကျသရွေ့ အဖေ ကန့်ကွက်မှာ မဟုတ်ဘူး။ အဖေ့မှာ အချိန်သိပ်မရှိတော့ဘူး။ သား ပျော်နေတာကိုပဲ အဖေ မြင်ချင်တယ်။ သားကို အဖေ ဒုက္ခဖြစ်စေခဲ့ပြီ။ သား စိတ်ချလို့ရပြီ။ အဖေ နေပြန်ကောင်းလာတော့မှာပါ။ အဲဒီကလေးကလည်း သားကို ကြိုက်နေတယ်ဆိုတာ အဖေ ပြောနိုင်တယ်... "


" …. "

ဖုန်းကို တွေဝေစွာ ဆုပ်ကိုင်ထားရင်း နန်လီချန် စကားတစ်ခွန်းမှ မပြောနိုင်ပေ။သူ့နှလုံးသားက နာကျင်လွန်းလို့ ကြေမွသွားသလို ခံစားရသည်။ နာကျင်မှုက
သည်းမခံနိုင်လောက်စရာပင်…

*****

ထောင်မှ ထွက်လာပြီးနောက် ကုပိုင်သည် နျဲ့အိမ်တော်သို့ ပြန်သွားခဲ့သည်။ အကြောင်းမှာ ရွှေပေါင်ကြီးနျဲ့၏အမိန့်ကြောင့် ဖြစ်သည်။

ရွှေပေါင်လုံးကြီးနျဲ့က သူ့ကို ဘာလို့ ခေါ်တာလဲဆိုတာ သူ အနည်းနှင့်အများ မှန်းဆနိုင်ပါသည်။


ထို့ကြောင့် သူ အိမ်ပြန်ရောက်လာသောအခါ နျဲ့ချင်းချန် ပစ်ပေးလာသော ဖိုင်တစ်ခုကိုတွေ့တော့ ဖွင့်တောင်မကြည့်ဘဲ ဘေးချထားလိုက်သည်။ ထို့နောက် သူသည် စားပွဲပေါ်မှကိတ်မုန့်တစ်ခုကို သဘာဝကျကျပင် ယူစားပြီး ခေါင်းညိတ်ပြလိုက်သည်။

" ဟုတ်ပါတယ်၊ ကျွန်တော် ဝန်ခံပါတယ်။ ခင်ဗျား မြင်တဲ့အတိုင်းပဲ။ ကျွန်တော် ဝူကျန်းကျန်းရဲ့အကြံအစည်ကို သိနေခဲ့တာကြာပါပြီ။ ဒါကြောင့် ကျွန်တော် ဟိုးအရင်တည်းက ကြိုတင်ကာကွယ်မှုတွေ လုပ်ထားခဲ့တယ်။ ကျွန်တော် အဲဒါကို တမင်လုပ်ခဲ့တာ.. "

စကားပြောရင်း ကုပိုင်သည် စိတ်အခြေအနေကောင်းပုံမရသည့် နျဲ့ချင်းချန်ကို ကြည့်လိုက်သည်။ သူ မျက်လုံးမှေးမှိတ်တဲ့အထိ ပြုံးလိုက်ရာ အနည်းငယ် ဖြူစင်သွားပုံပေါ်သည်။

" ဒါကြောင့် အစ်ကိုကြီး ခင်ဗျား ထင်တာမှန်တယ်။ အစကနေ အဆုံးထိ ကျွန်တော် ပြောင်းလဲဖို့ ဘယ်တုန်းကမှ မစဉ်းစားဖူးဘူး။ မင်းမျှော်လင့်ထားတဲ့ နာခံမှုရှိတဲ့ ညီလေး...အဲဒါက စိတ်ပျက်စရာဖြစ်သွားမှာစိုးတယ်... "


သူ ခိုးကြောင်ခိုးဝှက်လုပ်ခဲ့သော အရာအားလုံးကို နျဲ့ချင်းချန် ရှာတွေ့သွားခြင်းကို သူ လုံးဝမအံ့ဩချေ။ အမှန်တော့ နျဲ့ချင်းချန်က သူ၏'တကယ့်မျက်နှာအစစ်'ကို တွေ့ပြီး သူ့ကို နျဲ့အိမ်တော်က ကန်ထုတ်မှာကို သူ မစောင့်နိုင်အောင်ပင်။

လွန်ခဲ့တဲ့ရက်အနည်းငယ်က သူ့ဖင်ကိုစိုက်ကြည့်နေသော နျဲ့ချင်းချန်၏အကြည့်ကြောင့် သူတကယ်ကို ကြောက်ရွံ့နေခဲ့သည်။ သံသယဖြစ်စရာမလိုအောင်ပင် သူသာ နျဲ့အိမ်တော်မှာ ဆက်နေပါက သူ့ဂန္ဓမာပန်းကို ထိန်းသိမ်းနိုင်မှာ မဟုတ်ဘူး!

ဘယ်လိုပဲဖြစ်ဖြစ် မစ်ရှင် ပြီးသွားခဲ့ပြီ။ အဆိုးဆုံးမှ သူ ဤကမ္ဘာတွင် နေထိုင်သော နေ့ရက်များကို စွန့်လွှတ်ပြီး ကြယ်ဟင်းလင်းပြင်ဆီ ပြန်သွားကာ နောက်ကမ္ဘာတစ်ခုသို့ သွားမည်ဖြစ်သည်။

နျဲ့ချင်းချန်ကို နောက်ဆုံးတစ်ခေါက် နမ်းလိုက်တုန်းက သူ့စိတ်ဝိညာဉ်က အလွန်သက်သောင့်သက်သာ ခံစားရသော်လည်း ဤလူသည် အရာအားလုံးကို လွှမ်းမိုးနိုင်ပြီး သူ၏ဝိညာဉ်ကို မျိုချလိုက်သကဲ့သို့ ထိုကြောက်မက်ဖွယ်ခံစားချက်ကို သူ မမေ့ပေ။ 

သူ့အလိုလိုသိစိတ်က အန္တရာယ်ကို ခံစားမိသည်။


နျဲ့ချင်းချန်သည် လိုလိုလားလား ဝန်ခံလာသည့် ကုပိုင်ကို ကြည့်လိုက်သည်။ အခုတလော သူ့ခံစားချက်တွေက ဘယ်နှစ်ကြိမ်လောက် ပြောင်းလဲသွားလဲ သူ မသိတော့ပေ။

သူ၏ ပြဿနာရှာတတ်ပြီး မနှစ်မြို့ဖွယ်ကောင်းသော ညီလေးက ပြောင်းလဲသွားပြီဟု သူ အစက ထင်ခဲ့သည်။ သူက နာခံမှုရှိပြီး အကျင့်စာရိတ္တကောင်းမွန်လာပြီဟု သူ ထင်ခဲ့သည်။ သူ၏ဖြူစင်ပြီး ကြည်လင်သောမျက်လုံးများက နှစ်သက်ဖွယ်ကောင်းလှသည်။ ဤလူငယ်လေးက အလွန်အပြစ်ကင်းပြီး ဖြူစင်သည်။


အဆုံးတွင် သူ ဝူကျန်းကျန်းကို စုံစမ်းလိုက်သောအခါ နောက်ထပ်စာရွက်စာတမ်းတစ်ခု ရရှိခဲ့သည်။ ဤစာရွက်စာတမ်းက သူ့မျက်နှာကို ပြင်းပြင်းထန်ထန် ဖြတ်ရိုက်လိုက်သဖြင့် သူ သတိပြန်မလည်နိုင်သေးပေ။

" အဲဒီတုန်းက ကလပ်မှာ ငါ့ကို အကောင်းမြင်စေချင်လို့ တမင်သက်သက် ကြိုးစားခဲ့တာလား "


နျဲ့ချင်းချန်က ဖြေးဖြေးချင်း ပြောလာသည်။ သူ့အသံတွင် ဖိနှိပ်ထားသော ဒေါသသံများ ပါနေသည်။

" ဟုတ်တယ်! " 

ကုပိုင် မြန်မြန် ခေါင်းညိတ်လိုက်သည်။

" ပြီးတော့ မင်း အဲဒါကိုလည်း ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပေါ့။ မင်း ငါ့ကို တစ်ချိန်လုံး အသုံးချနေတာလား။ "


ကုပိုင်သည် သေခြင်းတရားကို လက်ယပ်ခေါ်နေသည်။

" ဟုတ်တယ်။ ကျွန်တော် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ။ ကျွန်တော် ဝူကျန်းကျန်းကို မနိုင်တာကြောင့် ခင်ဗျားကို အကူအညီတောင်းဖို့ပဲ တတ်နိုင်တယ်။ ဒါပေမယ့် အစ်ကိုကြီးက ကျွန်တော့်ကို အရမ်းမုန်းနေတာလေ။ ကျွန်တော် လိမ်မာ‌ချင်ယောင်မဆောင်ရင် အစ်ကိုကြီးက ကျွန်တော့်ကို ကူညီမှာမို့လို့လား။ "

" အဲဒီညကရော။ အဲဒီညက အဝေးပြေးလမ်းမပေါ်မှာ မင်း တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာလား။ "

ထိုယောက်ျား၏စကားလုံးများမှာ သွားကြားထဲမှ မနည်းညစ်ထုတ်ထားသလိုပင်။

ကုပိုင်သည် ထိုယောက်ျား၏ တဖြည်းဖြည်း ပျက်ယွင်းလာသော အမူအရာကိုကြည့်လိုက်သည်။ သူ တံတွေးမမျိုချဘဲ မနေနိုင်ပေ။ သူ ထပ်ပြီးခေါင်းညိတ်မပြရဲတော့ပေ။ သူ တိုးညှင်းစွာ ပြောလိုက်သည်။


" အဲဒီည...အဲဒီညက အစ်ကိုကြီးပဲ... " ကျွန်တော့်ကို အတင်းနမ်းလာတာလေ!

သူ စကားဆုံးအောင် မပြောနိုင်ခဲ့ပေ။ အကြောင်းမှာ သူ့ရှေ့ကလူက ရှေ့ကိုင်းပြီး သူ့ကို ဖိလိုက်သောကြောင့် ဖြစ်သည်။ ထိုနေ့ကလို အတင်းအကျပ်အနမ်းက တဖန်ရောက်လာပြန်သည်။


" အာ့…"

အသက်ရှူကျပ်တဲ့ခံစားချက်က ကုပိုင်ကို ထိတ်လန့်စေသည်။ နေရာအနှံ့ ဗြောင်းဆန်အောင် မွှေနှောက်နေတဲ့ အစွမ်းထက်လှတဲ့လျှာကို ခုခံရန် သူ့လျှာကို ရွှေ့လိုက်သည်။

မထင်မှတ်ပဲ ဒီလုပ်ရပ်က သူ့နှုတ်ခမ်းများကို ဖိအား ပိုတိုးလာစေသည်။ နျဲ့ချင်းချန်၏ခွန်အားကြောင့် သူ မလွတ်မြောက်နိုင်ဘဲ ညည်းညူသံများသာ ထုတ်လွှတ်နိုင်ခဲ့သည်။

သူ၏ခုခံမှုအားလုံးကို လုံးဝထိန်းချုပ်ထားပြီး သူ့စိတ်ဝိညာဉ်ကို အာဟာရဖြည့်တင်းခြင်း၏ သက်တောင့်သက်သာခံစားမှုသည် သူ၏ကျိုးကြောင်းဆီလျော်မှုကို တဖြည်းဖြည်း ချေမှုန်းပစ်လိုက်သည်။ ကုပိုင် မျက်လုံးဖွင့်လိုက်သည်။ သူ့စိတ်က ရှုပ်ထွေးနေပြီး သူ ပျော်သင့်လား၊ ငြင်းဆန်သင့်လား‌ ရှုပ်ထွေးနေသဖြင့် နောက်ဆုံး ရုန်းကန်မှုတစ်ခု လုပ်လိုက်သည်။


သူက ဒီကမ္ဘာမှာ ဖြတ်လျှောက်လေးတစ်ယောက်ပါ။ သူ အများကြီး ငြိတွယ်နေမိရင် သူ လက်လွှတ်နိုင်ပါ့မလား? သူ လုပ်နိုင်ပါ့မလား? ကုပိုင်ကို ကောင်းကောင်းသိတဲ့လူတွေက သူ့မှာ နှလုံးသားမရှိဘူးလို့ ပြောကြတယ်....

သို့သော်လည်း အဆုံးမှာ နျဲ့ချင်းချန်၏ ပြင်းပြင်းထန်ထန် စုပ်နမ်းလာမှုအောက်တွင် ကုပိုင်မှာ ရုန်းကန်ရန် ခွန်အားမရှိပေ။

သူ့လက်ကို မြှောက်လိုက်ပြီး နျဲ့ချင်းချန်၏ခေါင်းကို ကိုင်ကာ သူ့အနီးသို့ ဆွဲယူလိုက်သည်။


----------------

Zawgyi

ႏ်ဲ႕မိသားစုသည္ ဩဇာႀကီးမားေသာေၾကာင့္ ကိစၥမ်ားကို လ်င္ျမန္စြာ ေဖာ္ထုတ္ႏိုင္ခဲ့သည္။

ဗီလာတြင္ ပါတီက်င္းပၾကသူအမ်ားစုမွာ ခ်မ္းသာၿပီး အင္အားႀကီးမားေသာ လူကုန္ထံမိသားစုမ်ားမွ သခင္ေလးႏွင့္ သခင္မေလးမ်ား ျဖစ္ၾကသည္။ ဒီလိုပါတီမ်ိဳးက လူသိမ်ားတဲ့ ကိစၥတစ္ခုျဖစ္ၿပီး အဖမ္းခံရရင္ေတာင္ ရဲစခန္းမွာ တစ္ညထိန္းသိမ္းခံရ႐ုံနဲ႔ ၿပီးသြားမွာပါ။

သို႔ေသာ္လည္း ႏ်ဲ႕ခ်င္းခ်န္၏ၾကားဝင္မႈေၾကာင့္ ထိုကိစၥကို လြယ္လြယ္ကူကူ ေျဖ႐ွင္းလို႔မရေတာ့ေခ်။

ႏ်ဲ႕ခ်င္းခ်န္သည္ အထက္တန္းလႊာအသိုင္းအဝန္းတြင္ လူသိမ်ားသည္။ သူသည္ အသိုင္းအဝန္းၾကားတြင္ ဆိုး႐ြားလွေသာ ေဒါသေၾကာင့္ နာမည္ႀကီးေသာ္လည္း အလြန္စီးပြားေရးအျမင္႐ွိသူ ျဖစ္သည္။ သူ ႏ်ဲ႕မိသားစုကို ဦးေဆာင္သည့္အခ်ိန္မွစ၍ ႏ်ဲ႕မိသားစုသည္ တ႐ုတ္ႏိုင္ငံစီးပြားေရး၏ အသက္ေသြးေၾကာတစ္ဝက္ဟု ဆိုႏိုင္သည္။

ထို႔အျပင္ ႏ်ဲ႕မိသားစု၏အမ်ိဳးသမီးႀကီးသည္ မယုံႏိုင္ေလာက္ေအာင္ ၾသဇာႀကီးမားေသာ စစ္တပ္ႏွင့္ ႏိုင္ငံေရးမိသားစုမွ ေမြးဖြားလာခဲ့သည္။ ယခုအခ်ိန္တြင္ ႏ်ဲ႕ခ်င္းခ်န္က တစ္စုံတစ္ေယာက္ကို စစ္ေဆးေမးျမန္းရန္အတြက္ ခ်ဳပ္ေႏွာင္ထားခ်င္သည္ဆိုပါက လူအနည္းငယ္သာ ျငင္းဆန္ရဲေပလိမ့္မည္။

ႏ်ဲ႕မိသားစု၏ၫႊန္ၾကားခ်က္ေအာက္တြင္ မာနႀကီးေသာ သခင္ေလးႏွင့္သခင္မေလးမ်ားအားလုံးက လိမ္လိမ္မာမာႏွင့္ ပူးေပါင္းကာ ေမးသမွ်ေမးခြန္းမ်ားကို ေျဖေပးၾကသည္။ ထိုေန႔တြင္ ဝူက်န္းက်န္းသည္ လု႐ုံခ်င္းကို ဗီလာသို႔ေခၚလာေသာအခါ ဖုံးကြယ္မထားခဲ့ေပ။ ထို႔ေၾကာင့္ ဝူက်န္းက်န္းသည္ လ်င္ျမန္စြာ ေဖာ္ထုတ္ခံလိုက္ရသည္။

အျခားတစ္ဖက္တြင္ နန္လီခ်န္သည္လည္း အေျခအေနကို ႐ိုး႐ိုးသားသား ႐ွင္းျပလာခဲ့သည္။

ကုပိုင္၏ယခင္အရိပ္အ‌ေျချပမႈျဖင့္ နန္လီခ်န္သည္ ကိစၥတစ္ခုလုံးကို သူ႕ဦးေႏွာက္ထဲတြင္ လ်င္ျမန္စြာခ်ိတ္ဆက္ႏိုင္ခဲ့ၿပီး ၎က အလြန္ယုတၱိ႐ွိလွသည္။

ဝူက်န္းက်န္းက လု႐ုံခ်င္းကို ဘာလို႔ အရမ္းမုန္းေနရတာလဲ သူ မသိေပမယ့္ ဝူက်န္းက်န္းက လု႐ုံခ်င္းကို လွည့္စားခဲ့တာေတာ့ အမွန္ပဲ။ လု႐ုံခ်င္းရဲ႕ေနာက္မွာ ႏ်ဲ႕မိသားစု႐ွိတယ္။ တစ္ခုခု မွားယြင္းသြားရင္ သူ ဒုကၡေရာက္လိမ့္မယ္။

ဒါေၾကာင့္ ကိစၥေတြ ေဖာ္ထုတ္မခံရ‌ေစဖို႔ *ေကာက္က်စ္တဲ့ယုန္ကို သတ္ၿပီးရင္ အမဲလိုက္ေခြးကို ခ်က္စားတယ္ဆိုတာ သဘာဝက်ပါတယ္။ မူးယစ္ေဆးကိုသုံး၍ အမႈဆင္ၿပီး သူ႕ကို ေထာင္ထဲပို႔မယ္။ ၿပီးရင္ အခ်ဳပ္ခန္းထဲမွာ သူ႕ကို သတ္ပစ္ဖို႔ နည္းလမ္း႐ွာလိမ့္မယ္။

[ *ေကာက္က်စ္တဲ့ယုန္ကို သတ္ၿပီးရင္ အမဲလိုက္ေခြးကို ခ်က္စားတယ္~> တစ္စုံတစ္ေယာက္ကို အသုံးခ်ၿပီးတာနဲ႔ စြန္႔ပစ္လိုက္တာကို ဆိုလိုတာပါ ]

ဒါဆို အရမ္းစိတ္ခ်ရၿပီေလ။ ကိစၥေတြ ေဖာ္ထုတ္ခံရမွာ ေၾကာက္ေနစရာမလိုေတာ့ဘူး။ ေထာင္ထဲမွာ လူတစ္ေယာက္ကို သတ္ရတာ အရမ္းလြယ္ၿပီး ႐ိုး႐ွင္းတယ္!

သူ မေသခ်င္ေသးဘူး။ ေဆး႐ုံတက္ေနတဲ့ သူ႕အေဖေၾကာင့္သာမက  သူကိုယ္တိုင္လည္း မေသခ်င္ေသးဘူး။

သူသည္ စီးပြားေရးေလာကတြင္ အတန္ၾကာ ေရာေႏွာေနထိုင္ခဲ့ေသာေၾကာင့္ သူ ငတုံးမဟုတ္ေပ။ ဝူက်န္းက်န္းႏွင့္ အေပးအယူလုပ္စဥ္က သူသည္ အရန္အစီအစဥ္အေနျဖင့္ သက္ေသအ‌ေထာက္အထားအားလုံးကို ခ်န္ထားခဲ့သည္။ ယခု အခင္းျဖစ္ပြားၿပီးသည့္ေနာက္ သူ၏ျပစ္မႈမ်ားကို ေလွ်ာ့ခ်ရန္ အရာအားလုံးႏွင့္ သက္ေသအားလုံးကို ေဖာ္ထုတ္ခဲ့သည္။

ႏ်ဲ႕ခ်င္းခ်န္ သူ႕ဝန္ခံခ်က္ကို ဖတ္လိုက္‌ေသာအခါ သူ႕ခႏၶာကိုယ္ထဲ႐ွိ ဖိအားမ်ားက အနိမ့္ဆုံးေနရာသို႔ က်ဆင္းသြားသည္။

မုဒိမ္းမႈႏွင့္ မူးယစ္ေဆးဝါးသုံးစြဲမႈႏွင့္ လူေပါင္းမ်ားစြာ လိင္ဆက္ဆံေစမႈ။ ဒါေတြက လု႐ုံခ်င္းကို ဝူက်န္းက်န္း လုပ္ခ်င္တဲ့အရာေတြပဲ!

ဤအစီအစဥ္မ်ား ေအာင္ျမင္သြားပါက ေနာက္ပိုင္းတြင္ လူငယ္ေလး မည္သို႔ျဖစ္ေနမည္ကို သူ ေတြးၾကည့္လို႔ပင္ မရႏိုင္ေပ။ ျဖဴစင္ၿပီး အက်င့္စာရိတၱေကာင္းမြန္ေသာ ေကာင္ေလးက ညစ္ညမ္း႐ိုင္းစိုင္းသြားမည္ကို သူ စိတ္ကူးယဥ္ၾကည့္လို႔ေတာင္ မရေပ။

ႏ်ဲ႕ခ်င္းခ်န္၏ ေဒါသ၏ အက်ိဳးဆက္မွာ ျပင္းထန္လွသည္။ သုံးရက္အတြင္းမွာ ဝူမိသားစု ေဒဝါလီခံသြားရသည္။

ဝူက်န္းက်န္းႏွင့္ ေစ့စပ္ထားသူျဖစ္ေသာေၾကာင့္ ဖုဇီ႐ႊမ္သည္ သူမအတြက္
ရပ္တည္ေပးရန္မွတပါး ေ႐ြးခ်ယ္စရာမ႐ွိေပ။ သူ ႏ်ဲ႕ခ်င္းခ်န္ကို သြားေတြ႕ေသာအခါ ႏ်ဲ႕ခ်င္းခ်န္သည္ တင္ျပခ်က္တစ္ခုကို ေအးစက္စက္ ပစ္ေပးလာသည္။

" အခ်က္အလက္ေတြကို မင္းကိုယ္တိုင္ပဲ ၾကည့္လိုက္ေတာ့..."

ဖိုင္တြဲထဲတြင္ လု႐ုံခ်င္းႏွင့္ပတ္သက္ေသာ အခ်က္အလက္မ်ားသာမက ဝူက်န္းက်န္း၏ သူမရန္သူေတြအေပၚ 
လက္စားေခ်သည့္ လုပ္ငန္းစဥ္ႏွင့္နည္းလမ္းမ်ားလည္း ပါ႐ွိသည္။

ဖတ္ၿပီးသည္ႏွင့္ ဖုဇီ႐ႊမ္၏မ်က္ႏွာသည္ ျဖဴ‌ေရာ္သြားသည္။ သူ ဘာမွမေျပာဘဲ တိတ္တဆိတ္ လွည့္ထြက္လာခဲ့သည္။

သူ႕ႏွလုံးသားထဲက ႏူးညံ့ၾကင္နာတတ္တဲ့ မိန္းကေလးက ဒါေတြအားလုံးကို လုပ္ခဲ့တယ္ဆိုတာ သူ မယုံႏိုင္ဘူး...

ဖုဇီ႐ႊမ္သည္ ဝူက်န္းက်န္းႏွင့္ ေစ့စပ္ပြဲကို ဖ်က္သိမ္းလိုက္သည္။ ဤသတင္းကို ဝူက်န္းက်န္း ၾကားေသာအခါတြင္ ေနာက္ထပ္ထိုးႏွက္ခ်က္တစ္ခုကို ခံစားလိုက္ရသည္။ သူမမ်က္ႏွာမွာ မလိုမုန္းတီးစိတ္မ်ား ျပည့္ႏွက္ေန၏။

" ဘာလို႔လဲ။ ႐ွင္ ဘာလို႔ ကြၽန္မနဲ႔ေစ့စပ္ပြဲကို ဖ်က္လိုက္ရတာလဲ။ သူတို႔အားလုံးက အျပစ္႐ွိၿပီး အျပစ္ေပးခံရဖို႔ ထိုက္တန္တယ္။ သူတို႔အားလုံး ေသဖို႔ ထိုက္တန္တယ္။ ဇီ႐ႊမ္ ႐ွင္ သိပါတယ္။အဲဒီမိန္းမပ်က္ ဝူေ႐ွာင္းေ႐ွာင္းက ကြၽန္မကို ေထာင္ေခ်ာက္ဆင္တာ ႐ွင္ သိပါတယ္။ ဇီ႐ႊမ္ ကြၽန္မကို ကူညီေပးမယ္လို႔ ႐ွင္ ေျပာခဲ့တယ္ေလ။ ကြၽန္မကို ေထာက္ပံ့ေပးမယ္ဆို...ကြၽန္မကို ဒုကၡေပးခဲ့တဲ့ အဲဒီတိရစၧာန္ေကာင္ေတြအားလုံးကို ကြၽန္မခံစားရသလို ခံစားရေစခ်င္တယ္။ ကြၽန္မ ပိုင္တဲ့အရာအားလုံးကို ျပန္ယူခ်င္တယ္! "

ဖုဇီ႐ႊမ္သည္ သူမ၏အနည္းငယ္ ႐ူးသြပ္ေနေသာ အမူအရာကို ၾကည့္ကာ သူ႕ႏွလုံးသား နာက်င္သြားသည္။

ဒီမိန္းကေလးက အိမ္မွာ ပင္ပန္းဆင္းရဲၿပီး ခက္ခဲၾကမ္းတမ္းတဲ့အေျခအေနမ်ိဳး ႐ွိခဲ့တယ္ဆိုတာ သူ သိသည္။ ဝူက်န္းက်န္းက မိသားစုအတြင္း႐ွိ တရားမဝင္ကေလး‌မ်ားကို ေျဖ႐ွင္းရန္ နည္းလမ္းမ်ားစြာကို အသုံးျပဳခဲ့ေၾကာင္းလည္း သူ သိသည္။

ဤအရာမ်ားကို သူ ဂ႐ုမစိုက္ခဲ့ေခ်။ မ်ားစြာနာက်င္ခံစားခဲ့ရေသာ ဒီေကာင္မေလးကို သူ သနားမိသည္။ သူမပတ္ဝန္းက်င္႐ွိ လူတိုင္းက သူမကို အမဲျဖတ္ရန္ ေစာင့္ၾကည့္ေနၾကသည္။

သို႔ေသာ္ သူမကို ကာကြယ္ေပးမည္ဟု သူ ေျပာခဲ့သည္။ သူမသည္ ေပ်ာ္႐ႊင္ေသာ ဘဝကို ျဖတ္သန္းရန္သာ လိုအပ္႐ုံသာ။ ထိုလူမ်ားကို သူမ ဘာေၾကာင့္ တိုက္ခိုက္ခဲ့သည္ကို သူ နားလည္ႏိုင္ေပမယ့္...

" က်န္းက်န္း၊ မင္းညီမနဲ႔ မင္းကို ဒုကၡေပးၾကတဲ့အဲဒီလူေတြကို လက္တုံ႔ျပန္တာကို ကိုယ္ နားလည္ေပးႏိုင္တယ္။ ဒါေပမယ့္ လု႐ုံခ်င္းကေရာ။ အျခားသူေတြက ဘာလို႔လဲ။ "

" သူတို႔လည္း အျပစ္႐ွိလို႔ အဲဒါနဲ႔ တန္တယ္! "

ဝူက်န္းက်န္းသည္ သူမ၏အရင္ဘဝက ကိစၥရပ္မ်ားကို မ႐ွင္းျပႏိုင္ေပ။ ထို႔ေၾကာင့္ သူမက ေအာ္ဟစ္ငိုယိုေန႐ုံသာ တတ္ႏိုင္သည္။

" ေသခ်ာလား။ က်န္းက်န္း၊ ေသခ်ာစဥ္းစားၾကည့္ပါဦး... "

ဖုဇီ႐ႊမ္ သက္ျပင္းခ်လိုက္မိသည္။စာရင္းထဲမွာ အမွန္တကယ္ အျပစ္႐ွိတဲ့သူေတြပါေပမယ့္ ဘာမွမသက္ဆိုင္တဲ့လူေတြလည္း ႐ွိသည္။ ဝူက်န္းက်န္း ေတြေဝသြားခဲ့သည္.....

ေစ့စပ္ပြဲ ဖ်က္သိမ္းၿပီးေနာက္ ဖုဇီ႐ႊမ္ ထြက္သြားခဲ့သည္။ ၎က ဝူက်န္းက်န္းအတြက္ ဝူမိသားစု ေဒဝါလီခံတာထက္ ပိုႀကီးမားေသာ ထိုးႏွက္ခ်က္တစ္ခု ျဖစ္သည္။ ယခင္ဘဝႏွင့္ လက္႐ွိဘဝ၏ပုံရိပ္မ်ားက ေရာေထြးေနၿပီး သူမကို ဒုကၡေရာက္ေစခဲ့သည္။

ဝူမိသားစု ေဒဝါလီခံျခင္းက သုမအတြက္ တစ္ခုတည္းေသာ အဆုံးသတ္မဟုတ္ေပ။ လက္စားေခ်ရာတြင္ သူမသည္ တရားမဝင္နည္းလမ္းေပါင္းမ်ားစြာကို အသုံးျပဳခဲ့သည္။ ေဆးမႈ၊ ျပန္ေပးဆြဲမႈ၊ မုဒိမ္းမႈႏွင့္ လူသတ္မႈတို႔သည္ လူေပါင္းမ်ားစြာ၏အသက္မ်ား ပါဝင္ပတ္သက္ေနခဲ့သည္။ အစိုးရသည္ ေနာက္ပိုင္း ေသဒဏ္မေပးေတာ့သည့္အတြက္ သူမသည္ ေထာင္ဒဏ္ တစ္သက္တစ္ကြၽန္း ခ်မွတ္ခံခဲ့ရသည္။

ေထာင္ထဲ႐ွိ ေန႔ရက္မ်ားက မလြယ္ကူလွေပ။ ညတိုင္း သူမ၏အခ်ဳပ္ခန္းထဲ႐ွိ အမ်ိဳးသမီးအက်ဥ္းသားမ်ားက သူမအား ႐ိုက္ႏွက္ၾကသည္။ သူမခႏၶာကိုယ္တစ္ခုလုံး ဒဏ္ရာမ႐ွိသည့္ေနရာ မ႐ွိေပ။

သူမ၏အက်ဥ္းခန္းထဲ႐ွိ အမ်ိဳးသမီး အက်ဥ္းသားမ်ား၏ ေခါင္းေဆာင္သည္ သူမ လက္စားေခ်ခဲ့ေသာလူမ်ားထဲမွ တစ္ေယာက္ ျဖစ္သည္။ ထို႔ေၾကာင့္ ေထာင္ထဲတြင္ သူမ၏ဘဝသည္ ပို၍ပင္ ခက္ခဲလာခဲ့သည္။

ေထာင္ထဲတြင္ ရက္အနည္းငယ္ၾကာၿပီးေနာက္ သူမက ၿပိဳလဲလုနီးပါးျဖစ္ေနၿပီ။အရင္ဘဝတြင္ သူမသည္ အိမ္ေျခရာမဲ့ ျဖစ္ခဲ့စဥ္က ေထာင္ထဲမွာ အၾကာႀကီး ေနဖို႔မေျပာႏွင့္။ ဒီေလာက္ဒုကၡမေရာက္ခဲ့ေပ။

ျပန္လည္ေမြးဖြားလာခ်ိန္မွာ သူမ၏က်က္သေရ႐ွိၿပီး စြဲမက္ဖြယ္ပုံရိပ္အေၾကာင္း ေတြးမိသည္။ ထို႔ေနာက္ သူမကိုယ္ေပၚ႐ွိ ညစ္ပတ္ၿပီး အက်ည္းတန္ေသာ ေထာင္၀တ္စုံကို ငုံၾကည့္လိုက္သည္။ သူမ အရမ္းဝမ္းနည္းေနခဲ့သည္။ ဘုရားသခင္က သူမကို ဒုတိယအႀကိမ္အခြင့္အေရးေပးၿပီးမွ ဘာေၾကာင့္ဒီလိုလုပ္ရသလဲဆိုတာ သူမ နားမလည္ခဲ့ဘူး...

သူမ၏သတင္းကို ၾကားေသာအခါ ကုပိုင္သည္ ခပ္ေဖ်ာ့ေဖ်ာ့သာ ျပဳံးလိုက္သည္။ ျပန္လည္ေမြးဖြားျခင္းသည္ ဘုရားသခင္ထံမွ လက္ေဆာင္ျဖစ္ေသာ္ျငား အနာဂတ္တြင္ အလားတူအမွားမ်ိဳး ထပ္ခါထပ္ခါလုပ္ေနမည္ဆိုပါက၊ ငရဲသြားမလား၊ ေကာင္းကင္ဘုံကိုသြားမလားဆိုတာက သူမ၏ ကိုယ္ပိုင္လုပ္ရပ္မ်ားေပၚတြင္သာ မူတည္သည္။

ဆို႐ိုးစကားတစ္ခု႐ွိသည္ :
' *ဘုရားသခင္က မိုးကို ယူေဆာင္လာၿပီး လူေတြက ေဘးအႏၲရာယ္ကို ယူေဆာင္လာသည္.... '

[ * ~> အႏၲရာယ္ကို ေ႐ွာင္ခ်င္လို႔ဆိုၿပီး မေကာင္းတာေတြ မလုပ္ဖို႔ လူေတြကို သတိေပးတာပါ ]

နန္လီခ်န္သည္ ၾကံရာပါတစ္ေယာက္ျဖစ္ေသာေၾကာင့္ သဘာဝအတိုင္း မလြတ္ေျမာက္ႏိုင္ေပ။ ႏ်ဲ႕ခ်င္းခ်န္၏ေဒါသေအာက္တြင္ သူလည္း ေထာင္ဒဏ္ တစ္သက္တစ္ကြၽန္းခ်မွတ္ခံရသည္။

ထိုသတင္းၾကားေသာအခါ ကုပိုင္ ရဲစခန္းကို သြားခဲ့သည္။

ေထာင္ဧည့္ေတြ႕ခန္းတြင္ မွန္ကိုျဖတ္ၿပီး နန္လီခ်န္ကို ေတြ႕လိုက္သည္။ ရက္အနည္းငယ္သာ ႐ွိေသးေသာ္လည္း အမ်ိဳးသားနတ္ဘုရားသည္ သူ၏ေရာင္ဝါကို ဆုံး႐ႈံးခဲ့ၿပီး မ်က္တြင္းေခ်ာင္က်ေနသည္။

"ေတာင္းပန္ပါတယ္ …"

နန္လီခ်န္က ကုပိုင္ကို အျပစ္႐ွိစိတ္ျဖင့္ ၾကည့္လာသည္။

ကုပိုင္က ဘာမွမေျပာေပ။ သူက သူ႕ကို အလြန္တိတ္ဆိတ္စြာ စိုက္ၾကည့္ေနခဲ့သည္။ သူ၏မ်က္လုံးမ်ားတြင္ နားမလည္ႏိုင္ေသာ ဝမ္းနည္းပူ‌ေဆြးမႈ ႐ွိေနသျဖင့္ နန္လီခ်န္သည္ ပို၍ပင္ အျပစ္႐ွိသလို ခံစားလာရသည္။

" ခင္ဗ်ား လုံခ်င္းကို တကယ္ႀကိဳက္ခဲ့လား... "

ခဏၾကာသည္အထိ ကုပိုင္က သူ႕ကို စိုက္ၾကည့္ေနခဲ့သည္။ သူ႕မ်က္လုံးမ်ားက ျပဳံးေနပုံရေသာ္လည္း ဝမ္းနည္းေနပုံေပၚသည္။ နန္လီခ်န္၏နားထဲသို႔ သူ၏အသံေဖ်ာ့ေဖ်ာ့ေလး ဝင္လာေသာအခါ သူ႕ႏွလုံးသားကို ဆယ္ေပါင္တူႀကီးျဖင့္ ထု႐ိုက္လိုက္သလိုပင္။

နန္လီခ်န္ ပါးစပ္ဟလိုက္သည္။ သူ တစ္ခုခု ေျပာခ်င္ပုံရေသာ္လည္း အသံထြက္မလာခဲ့ေပ။

သူက ေကာင္ေလးကို ၾကည့္ၿပီး ညင္သာစြာ ျပဳံးလိုက္ပုံရသည္။ သူ၏အျပဳံးသည္ ယခင္အတိုင္း ျဖဴစင္ေနေသာ္လည္း ဤျဖဴစင္မႈတြင္ ဝမ္းနည္းမႈအရိပ္အေယာင္မ်ား ထပ္ေပါင္းပါဝင္ေနသည္။

လူေတြ႕ခ်ိန္ ျပည့္သြားေသာအခါ လူငယ္ေလး ထြက္ခြာသြားခဲ့သည္။

ညဘက္တြင္ ေဆး႐ုံမွ ဖုန္း‌ေခၚဆိုမႈတစ္ခု ရ႐ွိခဲ့သည္။ ၎မွာ သူ႕အေဖ၏အားနည္းေနေသာ အသံျဖစ္သည္။

" သား‌ေလး၊ ေက်ာက္ကပ္အစားထိုး ႐ွာေတြ႕ၿပီ။ ကူညီေပးတဲ့သူက လူေကာင္းေလးတစ္ေယာက္ပါ။ သူက သားရဲ႕သူငယ္ခ်င္းလို႔ ေျပာတယ္။ သူက သား ပိုက္‌ဆံ႐ွာဖို႔ အရမ္းေဝးတဲ့ေနရာကို သြားေနၿပီး ေတာ္ေတာ္ၾကာမွ ျပန္လာမယ္လို႔ ေျပာတယ္။ အေဖ့ကို ဂ႐ုစိုက္ဖို႔ သား သူ႕ကို မွာသြားတယ္လို႔ ေျပာတယ္။ သား၊ မင္း ဘာလို႔ ဒီေလာက္ျမန္ျမန္ႀကီး ထြက္သြားရတာလဲ။ အေဖ့ကိုေတာင္ မေျပာသြားဘူး... "

" ဟားဟား၊ သား၊ သူက သား ေျပာေျပာေနတဲ့ အရမ္းထူးျခားတဲ့ေကာင္ေလးဆိုတာလား။ သူ ျပဳံးလိုက္တဲ့အခါ အရမ္းလွတဲ့ မ်က္လုံးေလးေတြ႐ွိၿပီး အရမ္းလည္း ႐ွက္တတ္တယ္ဆိုတဲ့တစ္ေယာက္ေလ။ သား၊ အေဖ အကုန္သိပါတယ္။ သား အေဖ့ကို ဖုံးကြယ္ထားစရာမလိုဘူး။ ေယာက်္ားေလးပဲျဖစ္ျဖစ္ မိန္းကေလးပဲျဖစ္ျဖစ္ အေရးမႀကီးဘူး။ သား သေဘာက်သေ႐ြ႕ အေဖ ကန္႔ကြက္မွာ မဟုတ္ဘူး။ အေဖ့မွာ အခ်ိန္သိပ္မ႐ွိေတာ့ဘူး။ သား ေပ်ာ္ေနတာကိုပဲ အေဖ ျမင္ခ်င္တယ္။ သားကို အေဖ ဒုကၡျဖစ္ေစခဲ့ၿပီ။ သား စိတ္ခ်လို႔ရၿပီ။ အေဖ ေနျပန္ေကာင္းလာေတာ့မွာပါ။ အဲဒီကေလးကလည္း သားကို ႀကိဳက္ေနတယ္ဆိုတာ အေဖ ေျပာႏိုင္တယ္... "

" …. "

ဖုန္းကို ေတြေဝစြာ ဆုပ္ကိုင္ထားရင္း နန္လီခ်န္ စကားတစ္ခြန္းမွ မေျပာႏိုင္ေပ။သူ႕ႏွလုံးသားက နာက်င္လြန္းလို႔ ေၾကမြသြားသလို ခံစားရသည္။ နာက်င္မႈက
သည္းမခံႏိုင္ေလာက္စရာပင္…

*****

ေထာင္မွ ထြက္လာၿပီးေနာက္ ကုပိုင္သည္ ႏ်ဲ႕အိမ္ေတာ္သို႔ ျပန္သြားခဲ့သည္။ အေၾကာင္းမွာ ေ႐ႊေပါင္ႀကီးႏ်ဲ႕၏အမိန္႔ေၾကာင့္ ျဖစ္သည္။

ေ႐ႊေပါင္လုံးႀကီးႏ်ဲ႕က သူ႕ကို ဘာလို႔ ေခၚတာလဲဆိုတာ သူ အနည္းႏွင့္အမ်ား မွန္းဆႏိုင္ပါသည္။

ထို႔ေၾကာင့္ သူ အိမ္ျပန္ေရာက္လာေသာအခါ ႏ်ဲ႕ခ်င္းခ်န္ ပစ္ေပးလာေသာ ဖိုင္တစ္ခုကိုေတြ႕ေတာ့ ဖြင့္ေတာင္မၾကည့္ဘဲ ေဘးခ်ထားလိုက္သည္။ ထို႔ေနာက္ သူသည္ စားပြဲေပၚမွကိတ္မုန္႔တစ္ခုကို သဘာဝက်က်ပင္ ယူစားၿပီး ေခါင္းညိတ္ျပလိုက္သည္။

" ဟုတ္ပါတယ္၊ ကြၽန္ေတာ္ ဝန္ခံပါတယ္။ ခင္ဗ်ား ျမင္တဲ့အတိုင္းပဲ။ ကြၽန္ေတာ္ ဝူက်န္းက်န္းရဲ႕အၾကံအစည္ကို သိေနခဲ့တာၾကာပါၿပီ။ ဒါေၾကာင့္ ကြၽန္ေတာ္ ဟိုးအရင္တည္းက ႀကိဳတင္ကာကြယ္မႈေတြ လုပ္ထားခဲ့တယ္။ ကြၽန္ေတာ္ အဲဒါကို တမင္လုပ္ခဲ့တာ.. "

စကားေျပာရင္း ကုပိုင္သည္ စိတ္အေျခအေနေကာင္းပုံမရသည့္ ႏ်ဲ႕ခ်င္းခ်န္ကို ၾကည့္လိုက္သည္။ သူ မ်က္လုံးေမွးမွိတ္တဲ့အထိ ျပဳံးလိုက္ရာ အနည္းငယ္ ျဖဴစင္သြားပုံေပၚသည္။

" ဒါေၾကာင့္ အစ္ကိုႀကီး ခင္ဗ်ား ထင္တာမွန္တယ္။ အစကေန အဆုံးထိ ကြၽန္ေတာ္ ေျပာင္းလဲဖို႔ ဘယ္တုန္းကမွ မစဥ္းစားဖူးဘူး။ မင္းေမွ်ာ္လင့္ထားတဲ့ နာခံမႈ႐ွိတဲ့ ညီေလး...အဲဒါက စိတ္ပ်က္စရာျဖစ္သြားမွာစိုးတယ္... "

သူ ခိုးေၾကာင္ခိုးဝွက္လုပ္ခဲ့ေသာ အရာအားလုံးကို ႏ်ဲ႕ခ်င္းခ်န္ ႐ွာေတြ႕သြားျခင္းကို သူ လုံးဝမအံ့ဩေခ်။ အမွန္ေတာ့ ႏ်ဲ႕ခ်င္းခ်န္က သူ၏'တကယ့္မ်က္ႏွာအစစ္'ကို ေတြ႕ၿပီး သူ႕ကို ႏ်ဲ႕အိမ္ေတာ္က ကန္ထုတ္မွာကို သူ မေစာင့္ႏိုင္ေအာင္ပင္။

လြန္ခဲ့တဲ့ရက္အနည္းငယ္က သူ႕ဖင္ကိုစိုက္ၾကည့္ေနေသာ ႏ်ဲ႕ခ်င္းခ်န္၏အၾကည့္ေၾကာင့္ သူတကယ္ကို ေၾကာက္႐ြံ႕ေနခဲ့သည္။ သံသယျဖစ္စရာမလိုေအာင္ပင္ သူသာ ႏ်ဲ႕အိမ္ေတာ္မွာ ဆက္ေနပါက သူ႕ဂႏၶမာပန္းကို ထိန္းသိမ္းႏိုင္မွာ မဟုတ္ဘူး!

ဘယ္လိုပဲျဖစ္ျဖစ္ မစ္႐ွင္ ၿပီးသြားခဲ့ၿပီ။ အဆိုးဆုံးမွ သူ ဤကမ႓ာတြင္ ေနထိုင္ေသာ ေန႔ရက္မ်ားကို စြန္႔လႊတ္ၿပီး ၾကယ္ဟင္းလင္းျပင္ဆီ ျပန္သြားကာ ေနာက္ကမ႓ာတစ္ခုသို႔ သြားမည္ျဖစ္သည္။

ႏ်ဲ႕ခ်င္းခ်န္ကို ေနာက္ဆုံးတစ္ေခါက္ နမ္းလိုက္တုန္းက သူ႕စိတ္ဝိညာဥ္က အလြန္သက္ေသာင့္သက္သာ ခံစားရေသာ္လည္း ဤလူသည္ အရာအားလုံးကို လႊမ္းမိုးႏိုင္ၿပီး သူ၏ဝိညာဥ္ကို မ်ိဳခ်လိုက္သကဲ့သို႔ ထိုေၾကာက္မက္ဖြယ္ခံစားခ်က္ကို သူ မေမ့ေပ။ 

သူ႕အလိုလိုသိစိတ္က အႏၲရာယ္ကို ခံစားမိသည္။

ႏ်ဲ႕ခ်င္းခ်န္သည္ လိုလိုလားလား ဝန္ခံလာသည့္ ကုပိုင္ကို ၾကည့္လိုက္သည္။ အခုတေလာ သူ႕ခံစားခ်က္ေတြက ဘယ္ႏွစ္ႀကိမ္ေလာက္ ေျပာင္းလဲသြားလဲ သူ မသိေတာ့ေပ။

သူ၏ ျပႆနာ႐ွာတတ္ၿပီး မႏွစ္ၿမိဳ႕ဖြယ္ေကာင္းေသာ ညီေလးက ေျပာင္းလဲသြားၿပီဟု သူ အစက ထင္ခဲ့သည္။ သူက နာခံမႈ႐ွိၿပီး အက်င့္စာရိတၱေကာင္းမြန္လာၿပီဟု သူ ထင္ခဲ့သည္။ သူ၏ျဖဴစင္ၿပီး ၾကည္လင္ေသာမ်က္လုံးမ်ားက ႏွစ္သက္ဖြယ္ေကာင္းလွသည္။ ဤလူငယ္ေလးက အလြန္အျပစ္ကင္းၿပီး ျဖဴစင္သည္။

အဆုံးတြင္ သူ ဝူက်န္းက်န္းကို စုံစမ္းလိုက္ေသာအခါ ေနာက္ထပ္စာ႐ြက္စာတမ္းတစ္ခု ရ႐ွိခဲ့သည္။ ဤစာ႐ြက္စာတမ္းက သူ႕မ်က္ႏွာကို ျပင္းျပင္းထန္ထန္ ျဖတ္႐ိုက္လိုက္သျဖင့္ သူ သတိျပန္မလည္ႏိုင္ေသးေပ။

" အဲဒီတုန္းက ကလပ္မွာ ငါ့ကို အေကာင္းျမင္ေစခ်င္လို႔ တမင္သက္သက္ ႀကိဳးစားခဲ့တာလား "

ႏ်ဲ႕ခ်င္းခ်န္က ေျဖးေျဖးခ်င္း ေျပာလာသည္။ သူ႕အသံတြင္ ဖိႏွိပ္ထားေသာ ေဒါသသံမ်ား ပါေနသည္။

" ဟုတ္တယ္! " 

ကုပိုင္ ျမန္ျမန္ ေခါင္းညိတ္လိုက္သည္။

" ၿပီးေတာ့ မင္း အဲဒါကိုလည္း ရည္႐ြယ္ခ်က္႐ွိ႐ွိ လုပ္ခဲ့တာေပါ့။ မင္း ငါ့ကို တစ္ခ်ိန္လုံး အသုံးခ်ေနတာလား။ "

ကုပိုင္သည္ ေသျခင္းတရားကို လက္ယပ္ေခၚေနသည္။

" ဟုတ္တယ္။ ကြၽန္ေတာ္ ရည္႐ြယ္ခ်က္႐ွိ႐ွိ လုပ္ခဲ့တာ။ ကြၽန္ေတာ္ ဝူက်န္းက်န္းကို မႏိုင္တာေၾကာင့္ ခင္ဗ်ားကို အကူအညီေတာင္းဖို႔ပဲ တတ္ႏိုင္တယ္။ ဒါေပမယ့္ အစ္ကိုႀကီးက ကြၽန္ေတာ့္ကို အရမ္းမုန္းေနတာေလ။ ကြၽန္ေတာ္ လိမ္မာ‌ခ်င္ေယာင္မေဆာင္ရင္ အစ္ကိုႀကီးက ကြၽန္ေတာ့္ကို ကူညီမွာမို႔လို႔လား။ "

" အဲဒီညကေရာ။ အဲဒီညက အေဝးေျပးလမ္းမေပၚမွာ မင္း တမင္ရည္႐ြယ္ၿပီး လုပ္ခဲ့တာလား။ "

ထိုေယာက်္ား၏စကားလုံးမ်ားမွာ သြားၾကားထဲမွ မနည္းညစ္ထုတ္ထားသလိုပင္။

ကုပိုင္သည္ ထိုေယာက်္ား၏ တျဖည္းျဖည္း ပ်က္ယြင္းလာေသာ အမူအရာကိုၾကည့္လိုက္သည္။ သူ တံေတြးမမ်ိဳခ်ဘဲ မေနႏိုင္ေပ။ သူ ထပ္ၿပီးေခါင္းညိတ္မျပရဲေတာ့ေပ။ သူ တိုးညႇင္းစြာ ေျပာလိုက္သည္။

" အဲဒီည...အဲဒီညက အစ္ကိုႀကီးပဲ... " ကြၽန္ေတာ့္ကို အတင္းနမ္းလာတာေလ!

သူ စကားဆုံးေအာင္ မေျပာႏိုင္ခဲ့ေပ။ အေၾကာင္းမွာ သူ႕ေ႐ွ႕ကလူက ေ႐ွ႕ကိုင္းၿပီး သူ႕ကို ဖိလိုက္ေသာေၾကာင့္ ျဖစ္သည္။ ထိုေန႔ကလို အတင္းအက်ပ္အနမ္းက တဖန္ေရာက္လာျပန္သည္။

" အာ့…"

အသက္႐ွဴက်ပ္တဲ့ခံစားခ်က္က ကုပိုင္ကို ထိတ္လန္႔ေစသည္။ ေနရာအႏွံ႔ ေျဗာင္းဆန္ေအာင္ ေမႊေႏွာက္ေနတဲ့ အစြမ္းထက္လွတဲ့လွ်ာကို ခုခံရန္ သူ႕လွ်ာကို ေ႐ႊ႕လိုက္သည္။

မထင္မွတ္ပဲ ဒီလုပ္ရပ္က သူ႕ႏႈတ္ခမ္းမ်ားကို ဖိအား ပိုတိုးလာေစသည္။ ႏ်ဲ႕ခ်င္းခ်န္၏ခြန္အားေၾကာင့္ သူ မလြတ္ေျမာက္ႏိုင္ဘဲ ညည္းညဴသံမ်ားသာ ထုတ္လႊတ္ႏိုင္ခဲ့သည္။

သူ၏ခုခံမႈအားလုံးကို လုံးဝထိန္းခ်ဳပ္ထားၿပီး သူ႕စိတ္ဝိညာဥ္ကို အာဟာရျဖည့္တင္းျခင္း၏ သက္ေတာင့္သက္သာခံစားမႈသည္ သူ၏က်ိဳးေၾကာင္းဆီေလ်ာ္မႈကို တျဖည္းျဖည္း ေခ်မႈန္းပစ္လိုက္သည္။ ကုပိုင္ မ်က္လုံးဖြင့္လိုက္သည္။ သူ႕စိတ္က ႐ႈပ္ေထြးေနၿပီး သူ ေပ်ာ္သင့္လား၊ ျငင္းဆန္သင့္လား‌ ႐ႈပ္ေထြးေနသျဖင့္ ေနာက္ဆုံး ႐ုန္းကန္မႈတစ္ခု လုပ္လိုက္သည္။

သူက ဒီကမ႓ာမွာ ျဖတ္ေလွ်ာက္ေလးတစ္ေယာက္ပါ။ သူ အမ်ားႀကီး ၿငိတြယ္ေနမိရင္ သူ လက္လႊတ္ႏိုင္ပါ့မလား? သူ လုပ္ႏိုင္ပါ့မလား? ကုပိုင္ကို ေကာင္းေကာင္းသိတဲ့လူေတြက သူ႕မွာ ႏွလုံးသားမ႐ွိဘူးလို႔ ေျပာၾကတယ္....

သို႔ေသာ္လည္း အဆုံးမွာ ႏ်ဲ႕ခ်င္းခ်န္၏ ျပင္းျပင္းထန္ထန္ စုပ္နမ္းလာမႈေအာက္တြင္ ကုပိုင္မွာ ႐ုန္းကန္ရန္ ခြန္အားမ႐ွိေပ။

သူ႕လက္ကို ေျမႇာက္လိုက္ၿပီး ႏ်ဲ႕ခ်င္းခ်န္၏ေခါင္းကို ကိုင္ကာ သူ႕အနီးသို႔ ဆြဲယူလိုက္သည္။

----------------

Weiterlesen

Das wird dir gefallen

125K 16.7K 127
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
189K 29.7K 89
-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်နေတုန်းပဲမို့လေ - Author- Mo Xiao Xian T...
413K 51.3K 200
Book-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...