Unicode
"ဒီလောက်ထိ ထိခိုက်ထားပြီး သတိပြန်ရလာတာ အံ့သြဖို့တောင်ကောင်းနေပြီ။သူ့ကံကလည်း ကောင်းနေတာကိုဗျာ... သတိပြန်ရလာပြီဆိုပေမဲ့ ဆေးတော့ ပြန်စစ်ရအုံးမယ်နော့် ...
ဒီကလေးလည်းသတိရလာပြီ ဆိုတော့
လူနာ... ခင်ဗျားလည်း ပြည့်ပြည့်ဝဝ အနားယူဖို့ကောင်းပါပြီဗျာ ။ ဒီရက်ပိုင်း ပင်ပန်းခဲ့ပြီ မဟုတ်ဘူးလားဗျ ..."
လူနာကလေးမလေးကို ဆေးပိုက်တွေဖြုတ်ပေး နေရင်း ကျန်တဲ့လူနာတစ်ယောက်ကို ပြောလိုက်ပေမဲ့ သူ့စကားကို ဘယ်သူကမှထောက်ခံမလာပါ။ တိတ်ဆိတ်နေတာမို့ အပြင်များထွက်သွားကျသလား ...လှည့်ကြည့်လိုက်မှ ဆရာဝန်အဖို့ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
သူ့တို့roundလှည့်လာချိန်မှာတောင် နေချင်သလို နေတတ်တဲ့ ဒီ၃ယောက်က အခုတော့အပိုးကျိုးစွာဖြင့်.. ၃ယောက်လုံးက သူတို့လက်နှစ်ဖက်ကိုရှေ့ယှက်၍ တောင့်တောင့်ကြီးတွေရပ်ကာ ရိုရိုကျိုးကျိုး ဖြစ်နေသည်။
"ခင်ဗျားတို့ အဆင်များပြေကျရဲ့လားဗျ"
"ဟုတ်ကဲ့"
"အဲ့တာဆိုထိုင်ကျလေ... ဘယ့်နှယ် မတ်တပ်ကြီးတွေ ဖြစ်နေရလဲ။ထိုင်ပါဗျာ ... ထိုင်ကျပါ။ ကျုပ်ကို အားနာဖို့မလိုပါဘူး"
"ရပါတယ်ဗျာ ကျွန်တော်တို့ကလည်း
ဒေါက်တာကြောင့် အခုလိုရပ်နေတာမဟုတ်ပါဘူး"
"ဒါဆို ! "
ထိုတော့မှ သူ့လူနာကလေးမလေးကို သတိထားမိ၏။ ကလေးမလေးက စူးစူးကြီးကြည့်နေလို့ အဲ့ဒီ ယောကျာ်းရင့်မာကြီး၃ယောက်က အခုလို ဖြစ်နေတာပေါ့လေ။
"သြော် သိပြီ... သိပြီ။ခင်ဗျားတို့ အဆင်ပြေရင် ပြီးတာပါပဲ။ကျုပ်ကြောင့်လားလို့ sorryဗျာ"
"ဟုတ်ကဲ့ ရပါတယ်ဗျ"
ကလေးမလေးသတိရလာမှ တဗျဗျဖြစ်နေတဲ့ မင်းသန့်ပြုံးမောင်ဆိုသူကြောင့် ဒေါက်တာစိုးလင်း ပါးစပ်အဟောင်းသားဖြစ်နေသည်။ဒီ၃ယောက်နဲ့နေရင် သူလည်း စိတ်ကျန်းမာရေးဆေးရုံရောက်ဖို့သာ ရှိတော့တာပဲ။
အခုမှ အခုထူးဆန်းတာတော့မဟုတ်ပါဘူး။ ဆေးရုံစတတ်လာကတည်းက အဖေ၂ယောက်ဖြစ်နေလို့ ထူးဆန်းခဲ့တာ။
"ဒါနဲ့ခင်ဗျ"
"ဟုတ်ကဲ့"
"ခင်ဗျားတို့က ဒီကလေးမလေးအဖေဆိုတော့ဗျာ သူ့အမေကရော"
"ကျုပ်တို့၃ယောက်စလုံး မိန်းမမရသေးဘူး"
"ဟင် ! အဲ့တာဆို ဒီကလေးမလေးက"
"ကျုပ်တို့သမီး"
"အမေမရှိပဲ၃ယောက်လုံးရဲ့သမီးလား။မွေးစား ထားတာလား... အဲ့တာဆို ခင်ဗျားတို့ကအဖေပေါ့"
"၃ယောက်လုံးကမွေးစားထားတာလည်းမှန်တယ်။ ဒါပေမဲ့ ဒီလူနာကတော့အဖေမဟုတ်ဘူး"
"ဒါဆို ဦးလေးပေါ့"
"ဦးလေးမဟုတ်ဘူး အန်ကယ်"
မင်းသန့်ပြုံးမောင်ကြောင့် ရှင်းနေရင်းပင်လည်နေတာမို့ ဒေါက်တာစိုးလင်း ခေါင်းကုတ်ကာ စိတ်ရှုပ်ရပြီ။သူ့ဆေးရုံကို ဘယ်လိုလူတွေရောက်လာကျမှန်းလဲမသိ။
ကြာကြာဆက်နေရင်တော့ ဒီလူတွေကျေးဇူးနဲ့ သူပဲစိတ်ကျန်းမာရေးဆေးရုံရောက်တော့မည်။
"ဒါဆို ... လူနာကို နောက်တစ်ချိန်roundလှည့်မှ ထပ်စစ်မယ်ဗျ။ ခွင့်ပြုပါအုံး"
"ဟုတ်ကဲ့ဒေါက်တာ"
ခေါင်းတရမ်းရမ်းနဲ့ ဒေါက်တာထွက်သွားသည်
နှင့် သူတို့၃ယောက်လုံး တကြော့ပြန် တိတ်ဆိတ်ကာ ငြိမ်သက်သွားကျ၏။
ကုတင်ထိပ်ကနံရံကို လျော့လျော့လေးမှီထိုင်ကာ သူတို့ကိုကြည့်နေတဲ့ မီးငယ်ဆီက ဘာစကားမှ ထွက်မလာသေးပေမဲ့ ၃ယောက်လုံးရင်ထဲမှာ စိုးရိမ်မှုကအပြည့်ရှိနေသည်။
မီးငယ်သတိရလာလာခြင်း သူတို့ကိုလူလိမ်လို့ ပြောခဲ့သလို အခုကြည့်နေတဲ့အကြည့်တွေကလည်း တရားခံကိုကြည့်နေတဲ့အကြည့်မျိုးတွေပါ။မီးငယ်သာ အတိတ်ကိုပြန်မှတ်မိတာဆိုရင် .... ခေါင်းကို ထိခိုက်မိတာမို့ ဒါပဲဖြစ်ဖို့များတယ်။
"အန်ကယ်တို့"
"အင်း" "ဗျာ ! " "မီးငယ် ! "
စီရင်ချက်ချမည်ကိုစောင့်ဆိုင်းနေသည့်အလား ၃ယောက်စလုံးက ပြိုင်တူထူးလာကျ၏။
"ရေချယ့်ကို ဘာပြောစရာရှိလဲ"
ပြောစရာမရှိသည့်နှယ် အကုန်လုံးက တိတ်ဆိတ်နေလျက်....
"လူလိမ်တွေ ။ တကယ့်ကိုပဲ"
ဒီလောက်ဆို မီးငယ်သတိရသွားပြီမှန်း ဂုဏ်နဂါးသိလိုက်ပြီမို့ မျက်ရည်ကဝဲတတ်လာရပြီ။
မီးငယ်သာ အလုံးစုံမှတ်မိပြီး သိသွားခဲ့ရင်တော့ ... သူတို့ကိုသာ မုန်းသွားမယ်ဆို ရင်တွေကွဲကုန်တော့မှာပဲ။
"ဦးထင်လင်းသိုက်"
"ကိုယ်ရှိတယ်မီးငယ်"
"ရေချယ့်ကို ဘာပြောစရာရှိလဲ"
"ကိုယ် ... "
မီးငယ်သာသိနေခဲ့ပြီဆိုရင် သူမလိမ်ပါဘူး။
ဒီအခြေအနေကို မမျှော်လင့်ခဲ့ပေမဲ့ မီးငယ်သာ မေးလာခဲ့ရင်တော့ အမှန်အတိုင်းဖြေပေးပြီး
မီးငယ်ပေးတဲ့ အပြစ်ကိုခံယူဖို့ဆုံးဖြတ်ထားသည်။
"ပြောလေ ဦးထင်လင်းသိုက်။ ရေချယ့်ကို ဘာတွေလိမ်ထားတာလဲ"
"ကိုယ် ... မီးငယ်ကို"
"လိမ်ခဲ့တယ်မလား။အန်ကယ့်လို လိမ်တာ
မကြိုက်တဲ့လူက လိမ်ခဲ့တာလေ၊ရေချယ်ငယ်ငယ်က အန်ကယ်သင်ပေးထားတာမှတ်မိပါသေးတယ်။မလိမ်ရဘူး ၊ ရေချယ်လိမ်မိတဲ့အခါတိုင်း အန်ကယ်က အပြစ်ပေးခဲ့တာပါ"
မှန်နေတာမို့ ထင်လင်းသိုက်ခေါင်းငြိမ့်ပြမိသည်။
"ဦးမင်းသန့်ပြုံးမောင်"
"ဗျာ "
"ရေချယ့်ကို ဘာပြောစရာရှိလဲ"
"အန်ကယ်မသိဘူး။မီးငယ်အပြစ်ပေးသမျှပဲ ခံမှာ"
"ဦးဂုဏ်နဂါး ။ ရေချယ့်ကို ဘာပြောစရာရှိလဲ"
"အန်ကယ်ကလေ ... "
ပြောနေရင်း လက်ခုံပေါ်ကျလာတဲ့ မျက်ရည်စက်ကြောင့် ဂုဏ်နဂါးဆက်မပြောနိုင်တော့။
"ရေချယ်ကအနိုင်ကျင့်နေတာလည်းမဟုတ်ပဲ
အန်ကယ်ငိုပြန်ပြီ"
"အန်ကယ်မငိုပါဘူး။မျက်ရည်က သူ့ဟာသူကျတာ"
အဲ့ဒီမျက်ရည်တွေကလည်း မီးငယ်နဲ့မှ။ ဟိုတယ်ကြီးကိုသာမကပဲ ဟိုတယ်ခွဲများစွာကို ဦးဆောင်နေတဲ့ သူ့လိုလူက ဒီကလေးနဲ့မှ မျက်ရည်လွယ်နေတာပါ။
"ကောင်းပြီ။အကုန်လုံးက ဆက်လိမ်နေကျအုံးမှာပေါ့။ ဒါဆို ရေချယ်ပဲမေးမယ်။ဦးထင်လင်းသိုက် ရေချယ့်ဖေဖေနာမည်က
ဂျွန်(John)တစ်လုံးထဲဟုတ်ရဲ့လား"
"Edan Johnပါမီးငယ်"
"မေမေကရော"
"ယူကီကိုပါ ကိုယ်မလိမ်ခဲ့ပါဘူး"
"ဒါဆို ဖေဖေ့နာမည်ကို John(ဂျွန်)လို့ ဘာဖြစ်လို့ လိမ်ခဲ့တာလဲ"
"နောက်ကြောင်းတွေပြန်ရှာဖို့လွယ်မှာဆိုးလို့ ။ ဒါပေမဲ့ မီးငယ် ..."
"ရေချယ်မေးတာပဲဖြေပါ"
နာခံစွာဖြင့် တိတ်ဆိတ်သွားတဲ့အန်ကယ်တို့ ၃ယောက်စလုံးကိုကြည့်ရင်း ရေချယ်မျက်ရည်ဝဲလာသည်။
"အန်ကယ်တို့ ... အန်ကယ်တို့က လူလိမ်တွေ ဟင့်"
မျက်နှာလေးအုပ်ကာငိုချလိုက်သည်နှင့် ၃ယောက်လုံး ပြာယာခတ်သွားပေမဲ့ ထင်လင်းသိုက်ကတော့ မီးငယ်ဘေးသွားကာ ငိုနေတဲ့ကလေးကိုဖက်ထားသည်။
"တောင်းပန်ပါတယ် ... မီးငယ်ကျေနပ်တဲ့အထိ တောင်းပန်မှာမို့ မငိုပါနဲ့မီးငယ်ရယ်"
"လူလိမ်တွေ"
"ဟုတ်တယ် ကိုယ်တို့ကလူလိမ်တွေ။ မငိုပါနဲ့မီးငယ်ရယ်"
"ရေချယ့်ကို မိဘမဲ့ဂေဟာကခေါ်လာတာမဟုတ်ပဲ သူများတွေအသ-တ်ခံရတဲ့နေရာကနေ
ကယ်လာရတာလို့ပြောရင် ဘာဖြစ်မှာမို့လဲ။
အစကတည်းက ပြောပြခဲ့ရင် အခုလောက်ထိ စိတ်မကောင်းဖြစ်မှာမဟုတ်ဘူး"
မီးငယ်စကားကြောင့် နဂါးနဲ့မင်းသန့်ကိုကြည့်တော့ သူတို့ကလည်း နားမလည်စွာခေါင်းခါပြလာသည်။
"အဲ့လောက်ခက်ခက်ခဲခဲနဲ့ခေါ်ပြီး မွေးစားခဲ့ရမှန်းသိရင် ရေချယ်အခုလောက်ဆိုးခဲ့မိမှာမဟုတ်ဘူး"
"မီးငယ် ! မီးငယ်အခုပြောနေတာတွေက"
"ဟုတ်တယ် ။ ရေချယ်အားလုံးမှတ်မိပြီ။
ရေချယ်တို့မိသားစုကလူတွေအသ-တ်ခံရတဲ့နေရာကနေ အန်ကယ်သန့်နဲ့ အန်ကယ်နဂါးက ခေါ်လာပေးတာ။အဲ့တာကိုဘာလို့ မိဘမဲ့ဂေဟာက ခေါ်လာတယ်လို့လိမ်တာလဲ။ခက်ခက်ခဲခဲခေါ်ခဲ့ရတာကို ရေချယ်သိသွားရင် ဟင့် ... အန်ကယ်တို့ကို အားနာမှာဆိုးလို့လား။အဲ့ဒီအကြောင်းတွေ ရေချယ်သိမှာဆိုးလို့ ဖေဖေ့နာမည်ကိုပါ လိမ်ခဲ့တာလား"
"မီးငယ် ! "
"မေမေနဲ့ဖေဖေအုတ်ဂူကိုတောင် အန်ကယ်ခေါ်ခဲ့ဖူးတာကြီးကိုလို့"
ထိုတော့မှ မီးငယ်သတိရခဲ့တာဆိုပေမဲ့ နောက်ကွယ်က အကြောင်းအရင်းအမှန်ကိုတော့မသိမှန်း သူတို့ သိလိုက်ရသည်။သည်တော့မှ မင်းသန့်ကာရယ်ကာ ကုတင်အစွန်းမှာလာထိုင်၍....
"မီးငယ်ရာ .... တကယ်ရင်ထိတ်အောင်လုပ်တာပဲ။ အန်ကယ်တို့ကလေ မီးငယ်လေးစိတ်ဆိုးပြီထင်တာ"
"ဟင့်အင်း မဆိုးပါဘူး။ အန်ကယ်တို့ ရေချယ့်ကို အများကြီးချစ်မှန်းသိပါတယ်"
"အေးပေါ့ကွာ အန်ကယ်တို့က ဒီသမီးလေးကို သိပ်ချစ်ကျတာ ဟား .. ဒါလေးမှမချစ်ရင် ဘယ်သူ့သွားချစ်ရမှာလဲ"
"အန်ကယ့်ရည်းစားတွေရှိတယ်လေ"
"ဟား ကြည့်စမ်း ဒီကလေး"
အသည်းယားစွာဖြင့် မီးငယ်ပါးအိအိလေးကို ညစ်ရင်း မင်းသန့်အခုမှပဲဟင်းချနိုင်တော့သည်။ဟုတ်တာပေါ့ စိုးရိမ်လွန်ပြီး မတွေးလိုက်မိတာ...မီးငယ်က အဲ့အကြောင်းတွေ ဘယ်လိုလုပ်ပြီးသိမှာလဲ။
"အန်ကယ်သိုက်"
"ကိုယ်ရှိတယ်။ပြောလေကလေး"
"ဟီး"
"ဝမ်းနည်းနေလား"
"ဟင့်အင်း ... အန်ကယ်တို့က ရေချယ့်ကိုချစ်တာပဲ။ ဒါပေမဲ့လေ ရေချယ်သိချင်တယ်"
"အင်း"
"ရေချယ့်ဖိုးဖိုးနဲ့ဖွားဖွား အခုအသက်ရှိသေးလားဟင်"
"ကိုယ်တို့မသိဘူး"
ထိုနှစ်ယောက်လုံးက ထွက်ပြေးသွားကျသည်။
ဒါပေမဲ့ ထင်လင်းသိုက်သိထားသည်က Lightစံအိမ်မှာ အမွေဆက်ခံသူမရှိတော့လို့ မီးငယ်ကိုလိုက်ရှာနေဆဲ... ဒါဆို ဒီအခြေအနေက မီးငယ်အဖိုးနဲ့အဖွား မရှိတော့လို့ပဲဖြစ်မှာပေါ့ ။ သို့သော် Light စံအိမ်ဟာအခြေအနေမှန်ကို ထုတ်ပြခဲ့ရိုးမရှိ ...ဥပမာ - မီးငယ်ရဲ့မေမေဟာ သမီးအရင်း ဖြစ်နေပါလျက် ၊ သူ့ဆီချဥ်းကပ်လာချိန်မှာ မွေးစားသမီးလို့ အမည်ခံခဲ့သလိုမျိုးပေါ့။
တကယ့် အစစ်အမှန်ဆိုတာရှားတဲ့ Lightရဲ့ မိသားစုရာဇဝင်ကို သူတို့အတွင်းလူတွေသာ
တိတိကျကျသိလိမ့်မည်။
"အန်ကယ်"
သူ့ပါးကိုနမ်းလာတဲ့မီးငယ်ကြောင့် အတွေးတွေကို ရပ်လိုက်သည်။ပြုံးပြနေတဲ့ မီးငယ်မျက်နှာလေးကို ဖွဖွကိုင်လျက်....
"ကိုယ်ရှိတယ်နော်"
"ရေချယ်ကမှတ်မိပြီဆိုပေမဲ့ တိတိကျကျတော့ မဟုတ်ပါဘူးလေ။ငယ်ငယ်လေးဆိုတော့..."
"အဲ့ဒီတုန်းက ကလေးပိစိသေးသေးလေးကို ခေါ်လာခဲ့တာပဲ"
"အဟိ ... အခုကရော"
"အခုလည်းကလေးလေးပါပဲ။မီးငယ် သိထားရမှာက မီးငယ်မှာကိုယ်တို့ရှိတယ်...ဘာကိစ္စရှိရှိ ကိုယ်တို့ရှိတယ်"
"ဟိုက် ။ အဲ့တာဆို စိတ်မကောင်းမဖြစ်တော့ဘူး"
"ဆိုးလို့ရတယ် ... အခုထပ်ပိုပြီး..မြတ်နိုးတာမို့၊
တန်ဖိုးထားတာမို့ ၊ကလေးလေးဖြစ်နေဆဲမို့ ကိုယ်တို့ရှေ့ဟန်ဆောင်စရာမလိုဘူး။
သိတယ်မလား။ ကိုယ့်အတွက် မီးငယ်ကသာ
ပထမဦးစားပေးပဲဆိုတာ"
"ဟိုက် ... အန်ကယ့်ကိုချစ်တယ်။ ထူးထူးဆန်းဆန်း စကားတွေအများကြီးပြောနေတာပဲ"
ရင်ခွင်ထဲတိုးဝင်ကာဖက်တွယ်လာသည့် အကောင်သေးသေးလေးကို ပြန်လည်ဖက်တွယ်ထားရင်း သူ့ရင်ထဲ ကြည်နူးမှုကအပြည့်။မုန်းမသွားဘူးဆိုရင်ပဲ သူ့အတွက်လုံလောက်နေပါပြီလေ။
"အန်ကယ်နဂါး မငိုနဲ့တော့လေ ရေချယ့်နားလာ"
"မီးငယ်လေး ! "
"အင်းလို့ လာပါဆို"
သူမခေါ်သည့်အတိုင်းသွားလိုက်တော့ မီးငယ်ရဲ့ လက်နွေးနွေးလေးတွေက ဂုဏ်နဂါးရဲ့မျက်ရည်တွေကို သုတ်ပေးလာသည်။
"အန်ကယ်က ရေချယ့်ထပ်အရင်ငိုနေတော့တာပဲ။ ကလေးလေးကျလို့..."
"အန်ကယ်ကကြောက်လို့ပါကွာ"
"ဟင် ! ဘာကိုလဲ"
"မီးငယ်မုန်းသွားမှာကို"
"ဟင်းနော် မဟုတ်တာ။အခုလိုပြန်မှတ်မိတော့ 'ဟာ ငါ့အန်ကယ်တွေက ငါ့ကိုအဲ့လောက်ချစ်တာ'ဆိုပြီး အန်ကယ်တို့ကိုပိုတောင်ချစ်သေးတယ်"
"မီးငယ်ရယ်"
ထပ်ငိုကာ ဖက်ဖို့ပြင်နေတဲ့အန်ကယ့်ကြောင့် လက်ကလေးကာက...
"ဟီး အန်ကယ်သန့်ကိုသွားဖက်နော်။ ရေချယ့်ကိုက အန်ကယ်သိုက်ဖက်ထားပြီ"
"ဟာ ! ရတာမှ သိပ်ရ အန်ကယ်ပဲဖက်ထားလိုက်မယ်နော်"
"သွားစမ်းပါ ပူကပူပါပြီနဲ့"
"ဟား "
ဖက်ဖို့ပြင်နေတဲ့မင်းသန့်ဆီကရှောင်ထွက်ရင်း ဆေးရုံခန်းထဲမှာ ရယ်သံတို့ပျံ့လွင့်သွားလေသည်။
တော်သေးတာပေါ့။ သူတို့အဖိုးတန်လေးက သတိပြန်ရလာပြီလေ။
:::::::::::::
"ဝမ်းသာပါတယ် အစ်ကို။ ဒါဆို ကျွန်တော်အလုပ်လေးရှိသေးလို့"
"ဟုတ်ပြီကိုဇေး ။ ဒါဆို မင်းအားရင် လာတွေ့နိုင်ပါတယ်"
"ကျေးဇူးတင်ပါတယ်အစ်ကို"
မီးငယ်သတိရလာပြီဆို တဲ့အကြောင်း ဖုန်းဆက်ပေးလာတဲ့အစ်ကိုကြောင့် လီယိုဇေးဝမ်းသာသွားရသည်။ တော်သေးတာပေါ့ ... သတိရလာလို့ တကယ်ပဲ ရင်ပူအောင်လုပ်နိုင်တဲ့ကလေးမလေး။
ဒီနေ့တော့ ကောင်တာက ပန်းအိုးကို နှင်းဆီပန်းအဝါပဲ ထိုးဖို့ရည်ရွယ်ရင်း ... ကျူးလစ်ဝါတွေကို ပြန်ချထားလိုက်သည်။ မနေ့ကမှ ရောက်လာတဲ့ကျူးလစ်ဝါတွေကို တစ်ချက်ပြုံးကြည့်လိုက်ရင်း.....
"Sorryကွာ ဘေဘီတို့။ဒီနေ့တော့ နှင်းဆီဝါတွေပေါ့။သူမက နှင်းဆီဝါတွေကြိုက်တာလေ"
အနည်းငယ်ရွှင်ပြလာတဲ့စိတ်နဲ့အတူ နှင်းဆီဝါတွေကို နမ်းရှိုက်လိုက်၏။ကျူးလစ်ဝါတွေက စိုက်ရခက်တာမို့ သီးသန့်မှန်လုံခန်းမှာသာ အအေးဓာတ်ပေးကာ စိုက်ရသည်မလား ... တယုတယပျိုးရတဲ့ သူ့ရဲ့ကျူးလစ်ဝါ တွေကို
ဒီနေ့တော့ နေရာမပေးနိုင်သေးပါ။
မမီအကြောင်းသိပြီး အိမ်လည်းမပြန်ပဲ ဆိုင်အပေါ်ထပ်ကအခန်းမှာသာ အိပ်နေခဲ့တာကြာပြီမို့ ပန်းအိုးထိုးပြီးရင်တောင် သူလုပ်စရာက ကော်ဖီနှပ်ဖို့နဲ့၊ ကိတ်ဖုတ်ဖို့ပဲရှိလိမ့်မည်။
အစ်ကိုလင်းသိုက်ကလာခဲ့ဖို့ခေါ်ပေမဲ့ သူ့ရဲ့မနှင်းဆီက သူ့ကိုမြင်ရင် စိတ်အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်တာမို့ မနက်ဖြန်မှပဲ အမွှာ၃ယောက်ကိုဖုန်းဆက်မေးပြီး သူတို့နဲ့လိုက်သွားတော့မည်။
hello kittyချစ်သူလေးအတွက် ကိတ်မှာ hello kittyလေးတွေပုံဖော်ပေးရမယ်၊ပြီးတော့ သူမကြိုက်တဲ့ နှင်းဆီဝါပန်းစည်း။ကိုယ်ပေးနိုင်တာ ဒါပဲရှိတာပါလား။ အများကြီး ... နောက်ထပ် အများကြီး ပေးချင်ပေမဲ့
ပေးသင့်သလောက်သာ။
"ဒီလောက်ဆိုလုံလောက်ပါပြီ။ ရေချယ်လင်းသိုက်ကို ချစ်နေရတာနဲ့တင် လုံလောက်နေခဲ့ပါပြီ"
: To Be Continue Part - 49
Zawgyi
အပိုင္း (၄၈)
"ဒီေလာက္ထိ ထိခိုက္ထားၿပီး သတိျပန္ရလာတာ
အံ့ၾသဖို႔ေတာင္ေကာင္းေနၿပီ။သူ႕ကံကလည္း ေကာင္းေနတာကိုဗ်ာ... သတိျပန္ရလာၿပီဆိုေပမဲ့ ေဆးေတာ့ ျပန္စစ္ရအုံးမယ္ေနာ့္ ... ဒီကေလးလည္းသတိရလာၿပီ ဆိုေတာ့ လူနာ... ခင္ဗ်ားလည္း ျပည့္ျပည့္ဝဝ အနားယူဖို႔ေကာင္းပါၿပီဗ်ာ ။ ဒီရက္ပိုင္း ပင္ပန္းခဲ့ၿပီ မဟုတ္ဘူးလားဗ် ..."
လူနာကေလးမေလးကို ေဆးပိုက္ေတြျဖဳတ္ေပး ေနရင္း က်န္တဲ့လူနာတစ္ေယာက္ကို ေျပာလိုက္ေပမဲ့ သူ႕စကားကို ဘယ္သူကမွေထာက္ခံမလာပါ။ တိတ္ဆိတ္ေနတာမို႔ အျပင္မ်ားထြက္သြားက်သလား ...လွည့္ၾကည့္လိုက္မွ ဆရာဝန္အဖို႔ ပါးစပ္အေဟာင္းသား ျဖစ္သြားရသည္။
သူ႕တို႔roundလွည့္လာခ်ိန္မွာေတာင္ ေနခ်င္သလို ေနတတ္တဲ့ ဒီ၃ေယာက္က အခုေတာ့အပိုးက်ိဳးစြာျဖင့္.. ၃ေယာက္လုံးက သူတို႔လက္ႏွစ္ဖက္ကိုေရွ႕ယွက္၍ ေတာင့္ေတာင့္ႀကီးေတြရပ္ကာ ရိုရိုက်ိဳးက်ိဳး ျဖစ္ေနသည္။
"ခင္ဗ်ားတို႔ အဆင္မ်ားေျပက်ရဲ႕လားဗ်"
"ဟုတ္ကဲ့"
"အဲ့တာဆိုထိုင္က်ေလ... ဘယ့္ႏွယ္ မတ္တပ္ႀကီးေတြ ျဖစ္ေနရလည္း။ထိုင္ပါဗ်ာ ... ထိုင္က်ပါ။ က်ဳပ္ကို အားနာဖို႔မလိုပါဘူး"
"ရပါတယ္ဗ်ာ ကြၽန္ေတာ္တို႔ကလည္း
ေဒါက္တာေၾကာင့္ အခုလိုရပ္ေနတာမဟုတ္ပါဘူး"
"ဒါဆို ! "
ထိုေတာ့မွ သူ႕လူနာကေလးမေလးကို သတိထားမိ၏။ ကေလးမေလးက စူးစူးႀကီးၾကည့္ေနလို႔ အဲ့ဒီ ေယာက်ာ္းရင့္မာႀကီး၃ေယာက္က အခုလို ျဖစ္ေနတာေပါ့ေလ။
"ေၾသာ္ သိၿပီ... သိၿပီ။ခင္ဗ်ားတို႔ အဆင္ေျပရင္ ၿပီးတာပါပဲ။က်ဳပ္ေၾကာင့္လားလို႔ sorryဗ်ာ"
"ဟုတ္ကဲ့ ရပါတယ္ဗ်"
ကေလးမေလးသတိရလာမွ တဗ်ဗ်ျဖစ္ေနတဲ့ မင္းသန့္ၿပဳံးေမာင္ဆိုသူေၾကာင့္ ေဒါက္တာစိုးလင္း ပါးစပ္အေဟာင္းသားျဖစ္ေနသည္။ဒီ၃ေယာက္နဲ႕ေနရင္ သူလည္း စိတ္က်န္းမာေရးေဆး႐ုံေရာက္ဖို႔သာ ရွိေတာ့တာပဲ။
အခုမွ အခုထူးဆန္းတာေတာ့မဟုတ္ပါဘူး။ ေဆး႐ုံ
စတတ္လာကတည္းက အေဖ၂ေယာက္ျဖစ္ေနလို႔ ထူးဆန္းခဲ့တာ။
"ဒါနဲ႕ခင္ဗ်"
"ဟုတ္ကဲ့"
"ခင္ဗ်ားတို႔က ဒီကေလးမေလးအေဖဆိုေတာ့ဗ်ာ သူ႕အေမကေရာ"
"က်ဳပ္တို႔၃ေယာက္စလုံး မိန္းမမရေသးဘူး"
"ဟင္ ! အဲ့တာဆို ဒီကေလးမေလးက"
"က်ဳပ္တို႔သမီး"
"အေမမရွိပဲ၃ေယာက္လုံးရဲ႕သမီးလား။ေမြးစား ထားတာလား... အဲ့တာဆို ခင္ဗ်ားတို႔ကအေဖေပါ့"
"၃ေယာက္လုံးကေမြးစားထားတာလည္းမွန္တယ္။ ဒါေပမဲ့ ဒီလူနာကေတာ့အေဖမဟုတ္ဘူး"
"ဒါဆို ဦးေလးေပါ့"
"ဦးေလးမဟုတ္ဘူး အန္ကယ္"
မင္းသန့္ၿပဳံးေမာင္ေၾကာင့္ ရွင္းေနရင္းပင္လည္ေနတာမို႔ ေဒါက္တာစိုးလင္း ေခါင္းကုတ္ကာ စိတ္ရႈပ္ရၿပီ။သူ႕ေဆး႐ုံကို ဘယ္လိုလူေတြေရာက္လာက်မွန္းလည္း
မသိ။
ၾကာၾကာဆက္ေနရင္ေတာ့ ဒီလူေတြေက်းဇူးနဲ႕ သူပဲစိတ္က်န္းမာေရးေဆး႐ုံေရာက္ေတာ့မည္။
"ဒါဆို ... လူနာကို ေနာက္တစ္ခ်ိန္roundလွည့္မွ ထပ္စစ္မယ္ဗ်။ ခြင့္ျပဳပါအုံး"
"ဟုတ္ကဲ့ေဒါက္တာ"
ေခါင္းတရမ္းရမ္းနဲ႕ ေဒါက္တာထြက္သြားသည္ႏွင့္ သူတို႔၃ေယာက္လုံး တေၾကာ့ျပန္ တိတ္ဆိတ္ကာ ၿငိမ္သက္သြားက်၏။
ကုတင္ထိပ္ကနံရံကို ေလ်ာ့ေလ်ာ့ေလးမွီထိုင္ကာ သူတို႔ကိုၾကည့္ေနတဲ့ မီးငယ္ဆီက ဘာစကားမွ ထြက္မလာေသးေပမဲ့ ၃ေယာက္လုံးရင္ထဲမွာ စိုးရိမ္မႈကအျပည့္ရွိေနသည္။
မီးငယ္သတိရလာလာျခင္း သူတို႔ကိုလူလိမ္လို႔ ေျပာခဲ့သလို အခုၾကည့္ေနတဲ့အၾကည့္ေတြကလည္း တရားခံကိုၾကည့္ေနတဲ့အၾကည့္မ်ိဳးေတြပါ။မီးငယ္သာ အတိတ္ကိုျပန္မွတ္မိတာဆိုရင္ .... ေခါင္းကို ထိခိုက္မိတာမို႔ ဒါပဲျဖစ္ဖို႔မ်ားတယ္။
"အန္ကယ္တို႔"
"အင္း" "ဗ်ာ ! " "မီးငယ္ ! "
စီရင္ခ်က္ခ်မည္ကိုေစာင့္ဆိုင္းေနသည့္အလား ၃ေယာက္စလုံးက ၿပိဳင္တူထူးလာက်၏။
"ေရခ်ယ့္ကို ဘာေျပာစရာရွိလည္း"
ေျပာစရာမရွိသည့္ႏွယ္ အကုန္လုံးက တိတ္ဆိတ္ေနလ်က္....
"လူလိမ္ေတြ ။ တကယ့္ကိုပဲ"
ဒီေလာက္ဆို မီးငယ္သတိရသြားၿပီမွန္း ဂုဏ္နဂါးသိလိုက္ၿပီမို႔ မ်က္ရည္ကဝဲတတ္လာရၿပီ။မီးငယ္သာ အလုံးစုံမွတ္မိၿပီး သိသြားခဲ့ရင္ေတာ့ ... သူတို႔ကိုသာ မုန္းသြားမယ္ဆို ရင္ေတြကြဲကုန္ေတာ့မွာပဲ။
"ဦးထင္လင္းသိုက္"
"ကိုယ္ရွိတယ္မီးငယ္"
"ေရခ်ယ့္ကို ဘာေျပာစရာရွိလည္း"
"ကိုယ္ ... "
မီးငယ္သာသိေနခဲ့ၿပီဆိုရင္ သူမလိမ္ပါဘူး။ ဒီအေျခအေနကို မေမွ်ာ္လင့္ခဲ့ေပမဲ့ မီးငယ္သာ ေမးလာခဲ့ရင္ေတာ့ အမွန္အတိုင္းေျဖေပးၿပီး မီးငယ္ေပးတဲ့ အျပစ္ကိုခံယူဖို႔ဆုံးျဖတ္ထားသည္။
"ေျပာေလ ဦးထင္လင္းသိုက္။ ေရခ်ယ့္ကို ဘာေတြလိမ္ထားတာလည္း"
"ကိုယ္ ... မီးငယ္ကို"
"လိမ္ခဲ့တယ္မလား။အန္ကယ့္လို လိမ္တာ မႀကိဳက္တဲ့လူက လိမ္ခဲ့တာေလ၊ေရခ်ယ္ငယ္ငယ္က အန္ကယ္သင္ေပးထားတာမွတ္မိပါေသးတယ္။မလိမ္ရဘူး ၊ ေရခ်ယ္လိမ္မိတဲ့အခါတိုင္း အန္ကယ္က အျပစ္ေပးခဲ့တာပါ"
မွန္ေနတာမို႔ ထင္လင္းသိုက္ေခါင္းၿငိမ့္ျပမိသည္။
"ဦးမင္းသန့္ၿပဳံးေမာင္"
"ဗ်ာ "
"ေရခ်ယ့္ကို ဘာေျပာစရာရွိလည္း"
"အန္ကယ္မသိဘူး။မီးငယ္အျပစ္ေပးသမွ်ပဲ ခံမွာ"
"ဦးဂုဏ္နဂါး ။ ေရခ်ယ့္ကို ဘာေျပာစရာရွိလည္း"
"အန္ကယ္ကေလ ... "
ေျပာေနရင္း လက္ခုံေပၚက်လာတဲ့ မ်က္ရည္စက္ေၾကာင့္ ဂုဏ္နဂါးဆက္မေျပာနိုင္ေတာ့။
"ေရခ်ယ္ကအနိုင္က်င့္ေနတာလည္းမဟုတ္ပဲ
အန္ကယ္ငိုျပန္ၿပီ"
"အန္ကယ္မငိုပါဘူး။မ်က္ရည္က သူ႕ဖာသာက်တာ"
အဲ့ဒီမ်က္ရည္ေတြကလည္း မီးငယ္နဲ႕မွ။ ဟိုတယ္ႀကီးကိုသာမကပဲ ဟိုတယ္ခြဲမ်ားစြာကို ဦးေဆာင္ေန တဲ့ သူ႕လိုလူက ဒီကေလးနဲ႕မွ မ်က္ရည္လြယ္ေနတာပါ။
"ေကာင္းၿပီ။အကုန္လုံးက ဆက္လိမ္ေနက်အဳံးမွာေပါ့။ ဒါဆို ေရခ်ယ္ပဲေမးမယ္။ဦးထင္လင္းသိုက္ ေရခ်ယ့္ေဖေဖနာမည္က ဂြၽန္(John)တစ္လုံးထဲဟုတ္ရဲ႕လား"
"Edan Johnပါမီးငယ္"
"ေမေမကေရာ"
"ယူကီကိုပါ ကိုယ္မလိမ္ခဲ့ပါဘူး"
"ဒါဆို ေဖေဖ့နာမည္ကို John(ဂြၽန္)လို႔ ဘာျဖစ္လို႔ လိမ္ခဲ့တာလည္း"
"ေနာက္ေၾကာင္းေတြျပန္ရွာဖို႔လြယ္မွာဆိုးလို႔ ။ ဒါေပမဲ့ မီးငယ္ ..."
"ေရခ်ယ္ေမးတာပဲေျဖပါ"
နာခံစြာျဖင့္ တိတ္ဆိတ္သြားတဲ့အန္ကယ္တို႔ ၃ေယာက္စလုံးကိုၾကည့္ရင္း ေရခ်ယ္မ်က္ရည္ဝဲလာသည္။
"အန္ကယ္တို႔ ... အန္ကယ္တို႔က လူလိမ္ေတြ ဟင့္"
မ်က္ႏွာေလးအုပ္ကာငိုခ်လိဳက္သည္ႏွင့္ ၃ေယာက္လုံး ျပာယာခတ္သြားေပမဲ့ ထင္လင္းသိုက္ကေတာ့ မီးငယ္ေဘးသြားကာ ငိုေနတဲ့ကေလးကိုဖက္ထားသည္။
"ေတာင္းပန္ပါတယ္ ... မီးငယ္ေက်နပ္တဲ့အထိ ေတာင္းပန္မွာမို႔ မငိုပါနဲ႕မီးငယ္ရယ္"
"လူလိမ္ေတြ"
"ဟုတ္တယ္ ကိုယ္တို႔ကလူလိမ္ေတြ။ မငိုပါနဲ႕မီးငယ္ရယ္"
"ေရခ်ယ့္ကို မိဘမဲ့ေဂဟာကေခၚလာတာမဟုတ္ပဲ သူမ်ားေတြအသ-တ္ခံရတဲ့ေနရာကေန ကယ္လာရတာလို႔ေျပာရင္ ဘာျဖစ္မွာမို႔လည္း။အစထဲက ေျပာျပခဲ့ရင္ အခုေလာက္ထိ စိတ္မေကာင္းျဖစ္မွာမဟုတ္ဘူး"
မီးငယ္စကားေၾကာင့္ နဂါးနဲ႕မင္းသန့္ကိုၾကည့္ေတာ့ သူတို႔ကလည္း နားမလည္စြာေခါင္းခါျပလာသည္။
"အဲ့ေလာက္ခက္ခက္ခဲခဲနဲ႕ေခၚၿပီး ေမြးစားခဲ့ရမွန္းသိရင္ ေရခ်ယ္အခုေလာက္ဆိုးခဲ့မိမွာမဟုတ္ဘူး"
"မီးငယ္ ! မီးငယ္အခုေျပာေနတာေတြက"
"ဟုတ္တယ္ ။ ေရခ်ယ္အားလုံးမွတ္မိၿပီ။
ေရခ်ယ္တို႔မိသားစုကလူေတြအသ-တ္ခံရတဲ့ေနရာ
ကေန အန္ကယ္သန့္နဲ႕ အန္ကယ္နဂါးက ေခၚလာေပးတာ။အဲ့တာကိုဘာလို႔ မိဘမဲ့ေဂဟာက ေခၚလာတယ္လို႔လိမ္တာလည္း။ခက္ခက္ခဲခဲေခၚခဲ့ရတာကို ေရခ်ယ္သိသြားရင္ ဟင့္ ... အန္ကယ္တို႔ကို အားနာမွာဆိုးလို႔လား။အဲ့ဒီအေၾကာင္းေတြ ေရခ်ယ္သိမွာဆိုးလို႔ ေဖေဖ့နာမည္ကိုပါ လိမ္ခဲ့တာလား"
"မီးငယ္ ! "
"ေမေမနဲ႕ေဖေဖအုတ္ဂူကိုေတာင္ အန္ကယ္ေခၚခဲ့ဖူးတာႀကီးကိုလို႔"
ထိုေတာ့မွ မီးငယ္သတိရခဲ့တာဆိုေပမဲ့ ေနာက္ကြယ္က အေၾကာင္းအရင္းအမွန္ကိုေတာ့မသိမွန္း သူတို႔ သိလိုက္ရသည္။သည္ေတာ့မွ မင္းသန့္ကာရယ္ကာ ကုတင္အစြန္းမွာလာထိုင္၍....
"မီးငယ္ရာ .... တကယ္ရင္ထိတ္ေအာင္လုပ္တာပဲ။ အန္ကယ္တို႔ကေလ မီးငယ္ေလးစိတ္ဆိုးၿပီထင္တာ"
"ဟင့္အင္း မဆိုးပါဘူး။ အန္ကယ္တို႔ ေရခ်ယ့္ကို အမ်ားႀကီးခ်စ္မွန္းသိပါတယ္"
"ေအးေပါ့ကြာ အန္ကယ္တို႔က ဒီသမီးေလးကို သိပ္ခ်စ္က်တာ ဟား .. ဒါေလးမွမခ်စ္ရင္ ဘယ္သူ႕သြားခ်စ္ရမွာလည္း"
"အန္ကယ့္ရည္းစားေတြရွိတယ္ေလ"
"ဟား ၾကည့္စမ္း ဒီကေလး"
အသည္းယားစြာျဖင့္ မီးငယ္ပါးအိအိေလးကို ညစ္ရင္း မင္းသန့္အခုမွပဲဟင္းခ်နိဳင္ေတာ့သည္။ဟုတ္တာေပါ့ စိုးရိမ္လြန္ၿပီး မေတြးလိုက္မိတာ...မီးငယ္က အဲ့အေၾကာင္းေတြ ဘယ္လိုလုပ္ၿပီးသိမွာလည္း။
"အန္ကယ္သိုက္"
"ကိုယ္ရွိတယ္။ေျပာေလကေလး"
"ဟီး"
"ဝမ္းနည္းေနလား"
"ဟင့္အင္း ... အန္ကယ္တို႔က ေရခ်ယ့္ကိုခ်စ္တာပဲ။ ဒါေပမဲ့ေလ ေရခ်ယ္သိခ်င္တယ္"
"အင္း"
"ေရခ်ယ့္ဖိုးဖိုးနဲ႕ဖြားဖြား အခုအသက္ရွိေသးလားဟင္"
"ကိုယ္တို႔မသိဘူး"
ထိုႏွစ္ေယာက္လုံးက ထြက္ေျပးသြားက်သည္။
ဒါေပမဲ့ ထင္လင္းသိုက္သိထားသည္က Lightစံအိမ္မွာ အေမြဆက္ခံသူမရွိေတာ့လို႔ မီးငယ္ကိုလိုက္ရွာ ေနဆဲ... ဒါဆို ဒီအေျခအေနက မီးငယ္အဖိုးနဲ႕အဖြား မရွိေတာ့လို႔ပဲျဖစ္မွာေပါ့ ။ သို႔ေသာ္ Light စံအိမ္ဟာအေျခအေနမွန္ကို ထုတ္ျပခဲ့ရိုးမရွိ ...ဥပမာ - မီးငယ္ရဲ႕ေမေမဟာ သမီးအရင္း ျဖစ္ေနပါလ်က္ ၊ သူ႕ဆီခ်ဥ္းကပ္လာခ်ိန္မွာ ေမြးစားသမီးလို႔ အမည္ခံခဲ့သလိုမ်ိဳးေပါ့။တကယ့္ အစစ္အမွန္ဆိုတာရွားတဲ့ Lightရဲ႕ မိသားစုရာဇဝင္ကို သူတို႔အတြင္းလူေတြသာ
တိတိက်က်သိလိမ့္မည္။
"အန္ကယ္"
သူ႕ပါးကိုနမ္းလာတဲ့မီးငယ္ေၾကာင့္ အေတြးေတြကို ရပ္လိုက္သည္။ၿပဳံးျပေနတဲ့ မီးငယ္မ်က္ႏွာေလးကို ဖြဖြကိုင္လ်က္....
"ကိုယ္ရွိတယ္ေနာ္"
"ေရခ်ယ္ကမွတ္မိၿပီဆိုေပမဲ့ တိတိက်က်ေတာ့ မဟုတ္ပါဘူးေလ။ငယ္ငယ္ေလးဆိုေတာ့..."
"အဲ့ဒီတုန္းက ကေလးပိစိေသးေသးေလးကို ေခၚလာခဲ့တာပဲ"
"အဟိ ... အခုကေရာ"
"အခုလည္းကေလးေလးပါပဲ။မီးငယ္ သိထားရမွာက မီးငယ္မွာကိုယ္တို႔ရွိတယ္...ဘာကိစၥရွိရွိ ကိုယ္တို႔ရွိတယ္"
"ဟိုက္ ။ အဲ့တာဆို စိတ္မေကာင္းမျဖစ္ေတာ့ဘူး"
"ဆိုးလို႔ရတယ္ ... အခုထပ္ပိုၿပီး။ျမတ္နိုးတာမို႔။
တန္ဖိုးထားတာမို႔ ။ ကေလးေလးျဖစ္ေနဆဲမို႔ ကိုယ္တို႔ေရွ႕ဟန္ေဆာင္စရာမလိုဘူး။သိတယ္မလား။ ကိုယ့္အတြက္ မီးငယ္ကသာပထမဦးစားေပးပဲဆိုတာ"
"ဟိုက္ ... အန္ကယ့္ကိုခ်စ္တယ္။ ထူးထူးဆန္းဆန္း စကားေတြအမ်ားႀကီးေျပာေနတာပဲ"
ရင္ခြင္ထဲတိုးဝင္ကာဖက္တြယ္လာသည့္ အေကာင္ေသးေသးေလးကို ျပန္လည္ဖက္တြယ္ထားရင္း သူ႕ရင္ထဲ ၾကည္ႏူးမႈကအျပည့္။မုန္းမသြားဘူးဆိုရင္ပဲ သူ႕အတြက္လုံေလာက္ေနပါၿပီေလ။
"အန္ကယ္နဂါး မငိုနဲ႕ေတာ့ေလ ေရခ်ယ့္နားလာ"
"မီးငယ္ေလး ! "
"အင္းလို႔ လာပါဆို"
သူမေခၚသည့္အတိုင္းသြားလိုက္ေတာ့ မီးငယ္ရဲ႕ လက္ေႏြးေႏြးေလးေတြက ဂုဏ္နဂါးရဲ႕မ်က္ရည္ေတြကို သုတ္ေပးလာသည္။
"အန္ကယ္က ေရခ်ယ့္ထပ္အရင္ငိုေနေတာ့တာပဲ။ ကေလးေလးက်လိဳ႕..."
"အန္ကယ္ကေၾကာက္လို႔ပါကြာ"
"ဟင္ ! ဘာကိုလည္း'
"မီးငယ္မုန္းသြားမွာကို"
"ဟင္းေနာ္ မဟုတ္တာ။အခုလိုျပန္မွတ္မိေတာ့ 'ဟာ ငါ့အန္ကယ္ေတြက ငါ့ကိုအဲ့ေလာက္ခ်စ္တာ'ဆိုၿပီး အန္ကယ္တို႔ကိုပိုေတာင္ခ်စ္ေသးတယ္"
"မီးငယ္ရယ္"
ထပ္ငိုကာ ဖက္ဖို႔ျပင္ေနတဲ့အန္ကယ့္ေၾကာင့္ လက္ကေလးကာက...
"ဟီး အန္ကယ္သန့္ကိုသြားဖက္ေနာ္။ ေရခ်ယ့္ကိုက အန္ကယ္သိုက္ဖက္ထားၿပီ"
"ဟာ ! ရတာမွ သိပ္ရ အန္ကယ္ပဲဖက္ထားလိုက္မယ္ေနာ္"
"သြားစမ္းပါ ပူကပူပါၿပီနဲ႕"
"ဟား "
ဖက္ဖို႔ျပင္ေနတဲ့မင္းသန့္ဆီကေရွာင္ထြက္ရင္း ေဆး႐ုံခန္းထဲမွာ ရယ္သံတို႔ပ်ံ့လြင့္သြားေလသည္။
ေတာ္ေသးတာေပါ့။ သူတို႔အဖိုးတန္ေလးက သတိျပန္ရလာၿပီေလ။
:::::::::::::
"ဝမ္းသာပါတယ္ အစ္ကို။ ဒါဆို ကြၽန္ေတာ္အလုပ္ေလးရွိေသးလို႔"
"ဟုတ္ၿပီကိုေဇး ။ ဒါဆို မင္းအားရင္ လာေတြ႕နိုင္ပါတယ္"
"ေက်းဇူးတင္ပါတယ္အစ္ကို"
မီးငယ္သတိရလာၿပီဆို တဲ့အေၾကာင္း ဖုန္းဆက္ေပးလာတဲ့အစ္ကိုေၾကာင့္ လီယိုေဇးဝမ္းသာသြားရသည္။ ေတာ္ေသးတာေပါ့ ... သတိရလာလို႔ တကယ္ပဲ ရင္ပူေအာင္လုပ္နိုင္တဲ့ကေလးမေလး။
ဒီေန႕ေတာ့ ေကာင္တာက ပန္းအိုးကို ႏွင္းဆီပန္းအဝါပဲ ထိုးဖို႔ရည္႐ြယ္ရင္း ... က်ဴးလစ္ဝါေတြကို ျပန္ခ်ထားလိုက္သည္။ မေန႕ကမွ ေရာက္လာတဲ့က်ဴးလစ္ဝါေတြကို တစ္ခ်က္ၿပဳံးၾကည့္လိုက္ရင္း.....
"Sorryကြာ ေဘဘီတို႔။ဒီေန႕ေတာ့ ႏွင္းဆီဝါေတြေပါ့။
သူမက ႏွင္းဆီဝါေတြႀကိဳက္တာေလ"
အနည္းငယ္႐ႊင္ျပလာတဲ့စိတ္နဲ႕အတူ ႏွင္းဆီဝါေတြကို နမ္းရွိုက္လိုက္၏။က်ဴးလစ္ဝါေတြက စိုက္ရခက္တာမို႔ သီးသန့္မွန္လုံခန္းမွာသာ အေအးဓာတ္ေပးကာ စိုက္ရသည္မလား ... တယုတယပ်ိဳးရတဲ့ သူ႕ရဲ႕က်ဴးလစ္ဝါ ေတြကို ဒီေန႕ေတာ့ ေနရာမေပးနိုင္ေသးပါ။
မမီအေၾကာင္းသိၿပီး အိမ္လည္းမျပန္ပဲ ဆိုင္အေပၚထပ္ကအခန္းမွာသာ အိပ္ေနခဲ့တာၾကာၿပီမို႔ ပန္းအိုးထိုးၿပီးရင္ေတာင္ သူလုပ္စရာက ေကာ္ဖီႏွပ္ဖို႔နဲ႕၊ ကိတ္ဖုတ္ဖို႔ပဲရွိလိမ့္မည္။
အစ္ကိုလင္းသိုက္ကလာခဲ့ဖို႔ေခၚေပမဲ့ သူ႕ရဲ႕မႏွင္းဆီက သူ႕ကိုျမင္ရင္ စိတ္အေႏွာင့္အယွက္ျဖစ္မွာ စိုးရိမ္တာမို႔ မနက္ျဖန္မွပဲ အမႊာ၃ေယာက္ကိုဖုန္းဆက္ေမးၿပီး
သူတို႔နဲ႕လိုက္သြားေတာ့မည္။
hello kittyခ်စ္သူေလးအတြက္ ကိတ္မွာ hello kittyေလးေတြပုံေဖာ္ေပးရမယ္၊ၿပီးေတာ့ သူမႀကိဳက္တဲ့ ႏွင္းဆီဝါပန္းစည္း။ကိုယ္ေပးနိုင္တာ ဒါပဲ
ရွိတာပါလား။ အမ်ားႀကီး ... ေနာက္ထပ္ အမ်ားႀကီး ေပးခ်င္ေပမဲ့ ေပးသင့္သေလာက္သာ။
"ဒီေလာက္ဆိုလုံေလာက္ပါၿပီ။ ေရခ်ယ္လင္းသိုက္ကို ခ်စ္ေနရတာနဲ႕တင္ လုံေလာက္ေနခဲ့ပါၿပီ"
: To Be Continue Part - 49