"ဦး ဦး ငယ့်ကို ထားမသွားပါနဲ့ ဦး"
ဘေးမှာ အိပ်ပျော်နေတဲ့ ဦးက ငယ့်ရဲ့ ခေါ်သံကြောင့်နိုးလာသည်။ကြည့်လိုက်တော့ အိပ်ရင်းယောင်နေတယ် ထင်သည်။မျက်လုံးများကို စုံမှိတ်ရင်း အော်နေတဲ့ငယ်..
"ငယ် ဘာဖြစ်တာလဲ ငယ် ထပါအုံး"
ဦးက ပုခုံးကို လှုပ်နှိုးလိုက်တာကြောင့် ငယ့်မျက်လုံးများ ပွင့်လာသည်။"ဦး"ဆိုပီး ခေါ်လိုက်ရင်း ဘေးမှ ဦးကို တင်းကျပ်နေအောင် ဆွဲဖက်ထားလိုက်သည်။
"ဦး ငယ့်ကို ထားမသွားရဘူးနော် ဟင့်ဟင့်"
"ထားမသွားပါဘူး ကိုယ် ကတိပေးတယ်နော် ငယ်"
"ကတိနော် အ့ဆို"
"ကဲ ကတိပါကွာ မငိုနဲ့တော့ ခေါင်းတွေကိုက်နေမယ် ပြန်လှဲနေလိုက်နော်"
ငယ့်ရဲ့ ပါးပြင်ပေါ်မှ မျက်ရည်များကို သုပ်ပေးပီး အိပ်ရာပေါ်ကို ပြန်လှဲပေးထားလိုက်သည်။ငယ်က ဦးကို နားမလည်နိုင်သည့် အကြည့်များနှင့် စိုက်ကြည့်နေသည်။
"ဦး"
"ဗျာ"
"ငယ့်ကို ရှင်းမပြတော့ဘူးလား"
"ဟုတ်ပါပီ ကိုယ်ပြောပြမယ် သူနဲ့ ကိုယ်က လန်ဒန်မှာ ကျောင်းတက်တုန်းက ခင်ခဲ့တာ ပြောရရင် အဖွဲ့လိုက်လုပ်ရတဲ့ project ကြောင့် ကိုယ်အစက သူ့ကို စိတ်မဝင်စားခဲ့ဘူး project ပြီးတော့ သူ့က ကိုယ်ဆီလာပီး ရင်းနှီးချင်တယ်တဲ့
အဲ့တုန်းကလဲ မြန်မာလူမျိုးဆိုလို့ သူနဲ့ ကိုယ်ပဲရှိတာမို့ တော်တော်ရင်းနှီးခဲ့တယ် ဒါပေမယ့် မကြာပါဘူး သူက ကိုယ့်ကို သဘောကျနေတယ် ဆိုပီး လာပြောတယ်။ကိုယ်ငြင်းခဲ့တယ်
ပြန်လာတော့ ဒယ်ဒီက company မှာ ဝင်လုပ်ခိုင်းတာနဲ့ company ကို ဝင်တော့ သူနဲ့ ထပ်ဆုံဖြစ်ခဲ့တယ်။သူက ဒယ်ဒီရဲ့ ရှယ်ယာဝင် သမီးတဲ့။အ့မို့ လာနှုတ်ဆက်တာတဲ့။အဲ့မှာ ဒယ်ဒီကလဲ အတင်းတွေ ရင်းနှီးအောင် လုပ်တယ်။ အပြင် ခဏ ခဏ ထွက်ခိုင်းတယ်။
မာမီကလဲ သူ့ကို တော်တော်သဘောကျတယ်။အိမ်ကို လာလည်ရင် မာမီနဲ့ အမြဲအဖော်ပြုပေးတယ်။ကိုယ်လဲ တစ်နေ့ပီး တစ်နေ့ သံယောဇဉ်တွယ်လာတယ်။တစ်ခါတစ်လေ သူပြုံးရင် အရမ်းသဘောကျရတယ်။
တစ်နေ့ကျ မာမီနဲ့ ဒယ်ဒီ ကားaccident ဖြစ်ပီး ဆုံးသွားတယ်။မေရီက သူ့မွေးနေ့လာခဲ့ပါဆိုလို့ သူ့ဆီ အသွားမှာ ဖြစ်သွားခဲ့တာ။ကိုယ်လဲ စိတ်လွတ်နေတဲ့အချိန်ဆိုတော့ သူ့ကို အပြစ်တင်မိပီး စကားများခဲ့ကြတယ်။အကြီးအကျယ်ပါပဲ
အဲ့နေ့ကတည်းကပဲ မေရီကို မတွေ့တော့တာ။သူအိမ်သွားတော့လဲ လန်ဒန်ကို ပြန်သွားပီတဲ့။တစ်ခါက သူမြန်မာနိုင်ငံကို ပြန်ရောက်နေတယ် ကြားလို့ ကိုယ် သူ့အိမ်သွားရှာပေမယ့် အဲ့မှာ မနေဘူးတဲ့ သူ့တို့ကလဲ မေရီနေတဲ့ လိပ်စာမပေးဘူး။ကိုယ်သူ့ကို တောင်းပန်ချင်တယ်။အ့မို့ အမြဲလိုလို လိုက်ရှာနေမိတာလေ
ကဲ ခုနားလည်ပီလားဟင် စိတ်ဆိုးဦးမှာလား ကိုယ့်ကို"
"သိမှ မသိတာ အ့လိုမှန်း သိရင် ပြောမနေဘူး"
"ဟုတ်ပါပီ ငယ် ကိုယ့်ကို တကယ်မုန်းတာလား"
"မုန်းပါဘူး အ့တုန်းက စိတ်တိုနေလို့ ပြောလိုက်တာ"
"မမုန်းရင်..."
"မမုန်းရင် မမုန်းဘူးပေါ့"
"ငယ်ကကွာ သိရဲ့သားရဲ့"
"ခ်ခ် စချင်လို့ ချစ်တယ် ချစ်တယ် ဟုတ်ပီလား"
"ဘယ်သူ့ကို ချစ်လဲ"
"ဟောဒီက ဦးခန့်မင်းထည် ကို"
"ဘယ်လောက်ကြီး ချစ်လဲ"
"အများရီး အများရီး ချစ်တယ်"
"ဘယ်ထဲက ချစ်လဲ"
"ဟာ ဦးက ငယ့်ကို ကလေးများ မှတ်နေလား"
"အဟားဟား စချင်လို့ပါကွာ ဟောဒီက ကလေးလေးကို"
ညနေရောက်တော့ ဆရာဝန်က သက်သာပီဆိုတာတဲ့ ငယ်လဲ ဆေးရုံကနေ ဆင်းလာခဲ့သည်။အိမ်ရောက်တော့
"အမလေး ငယ်ငယ်ရယ် ဒေါ်ဒေါ်ဖြင့် သီဟပြောသံ ကြားတော့ လန့်လိုက်ကွယ် သက်ရော သက်သာရဲ့လား ဆရာဝန်က ဘာပြောလဲ"
"ခုတော့ ကောင်းသွားပါပီတဲ့ အစားကို ပုံမှန်နဲ့ များများစားပေးတဲ့ အားနည်းသွားတာတဲ့"
"ဪ အေးအေး တော်သေးတယ်ကွယ် ဒေါ်ဒေါ် ဆန်ပြုတ်ကြိုထားတယ် သိလား မနက်ဖြန်ကျရင် အားရှိတာလေးတွေ ချက်ကျွေးမယ်နော်"
"ဟုတ်ကဲ့ ဒေါ်ဒေါ် ပြန်တော့မလို့ မို့လား နောက်ကျနေပီ "
"အေးအေး ငယ်ငယ်ကို တွေ့ချင်လို့ စောင့်နေတာ ပိန်သွားလိုက်တာနော်။ ဒေါ်ဒေါ် ပြန်ပြီနော်"
"ဟုတ် ဂရုစိုက်ပြန်နော် "
ဒေါ်ဒေါ် ထွက်သွားတာနဲ့ ဆိုဖာပေါ် ကိုပစ်လှဲလိုက်တော့သည်။ငယ့်အတွက် ဦးက ဒေါ်ဒေါ်ပြုတ်ထားတဲ့ ဆန်ပြုတ်ကို ယူလာသည်။
"ငယ် ဒါလေး ထသောက်လိုက်အုံးနော်"
"ငယ်အိပ်ချင်တယ်"
"သောက်ပြီးရင် အိပ်လေနော် ထ"
ငယ်က ထထိုင်လိုက်ပီး ဦးက ဂရုတစိုက် ကျွေးသည်။ဆေးသောက်ဖို့ရာအတွက်လည်း ရေအဆင်သင့်နှင့် သေချာ တိုက်သည်။ငယ့်မှာ ကလေးလေးတစ်ယောက်လိုပင်။
"ငယ် အိပ်လို့ရပီလား"
"ငယ် အိပ်မယ်ဆိုလဲ အခန်းထဲ သွားအိပ် ဆိုဖာပေါ်တော့ မအိပ်နဲ့လေ"
"တော်ပီ အပေါ်တက်ဖို့ရာ ခြေထောက်တွေက လှုပ်မရတော့ဘူး"
ဦးက ငယ့်ကို ရုတ်တရက် ပွေ့ကာချီလိုက်သည်။
"အမလေး လန့်လိုက်တာ ဘာလုပ်တာလဲ"
"ဟော သူပဲ ချီခိုင်းပီးတော့"
"ဟင် ပြောမိလို့လား"
"ခြေထောက်တွေက အားမရှိတော့ဘူးဆို"
"ဟုတ်တယ်လေ ချီလို့မှ မပြောမိတာ"
"ငယ်က သွယ်ဝိုက်ပီး ပြောလိုက်တာမဟုတ်ဘူးလား"
"သွယ်လဲမသွယ်ဘူး ဝိုက်လဲမဝိုက်ဘူး ဟွန့် ဖယ်"
"မဖယ်ပါဘူး ဒီလို တင်းကျပ်နေအောင် ပွေ့ထားမှာ"
ဦးက ငယ့်ကို တင်းကျပ်နေအောင် ပွေ့ဖက်ထားလိုက်တော့ ငယ်ရဲ့ ခန္ဓာကိုယ်လေးမှာ ဦးရဲ့ ရင်ခွင်ထဲ ပျောက်သွားရှာသည်။ငယ်လဲ ရုန်းနေရာက ရုန်းမရတာနှင့် ငြိမ်သွားတော့သည်။ငယ် ငြိမ်သွားတော့မှ ဦးက အပေါ်ထပ်ကို ချီသွားကာ သူ့ရဲ့ အခန်းထဲသို့ ဝင်သွားသည်။
ငယ့်ကို ကုတင်ပေါ် တင်လိုက်ပီး အပေါ်မှ အုပ်မိုးလိုက်သည်။ငယ်ရဲ့ အပေါ်မှ စိုက်ကြည့်နေသည့် ဦးကြောင့် ရှက်လာရသည်။
"ဘာ ဘာလုပ်မလို့လဲ ငယ်ညနေကမှ ဆေးရုံက ဆင်းလာတာနော် အားမရှိဘူး"
"ကိုယ်က ဘာလုပ်နေလို့လဲ"
"...မသိဘူး သွား အိပ်တော့မယ်"
ဦးကို တွန်းဖယ်လိုက်ပြီး ကျောပေးကာ ဘေးစောင်းအိပ်နေသည့် ငယ့်ကို "goodnight kiss"
ဆိုကာ နဖူးပြင်လေးကို နူးညံ့စွာ အနမ်းတစ်ချက်ခြွေလိုက်ရင်း ငယ့်ကို ရင်ခွင်ထဲ ဖက်တွယ်ကာ အိပ်ပျော်သွားတော့သည်။
"ဦး ဦး ငယ့္ကို ထားမသြားပါနဲ႔ ဦး"
ေဘးမွာ အိပ္ေပ်ာ္ေနတဲ့ ဦးက ငယ့္ရဲ့ ေခၚသံေၾကာင့္ႏိုးလာသည္။ၾကၫ့္လိုက္ေတာ့ အိပ္ရင္းေယာင္ေနတယ္ ထင္သည္။မ်က္လံုးမ်ားကို စံုမိွတ္ရင္း ေအာ္ေနတဲ့ငယ္..
"ငယ္ ဘာျဖစ္တာလဲ ငယ္ ထပါအံုး"
ဦးက ပုခံုးကို လႈပ္ႏိႈးလိုက္တာေၾကာင့္ ငယ့္မ်က္လံုးမ်ား ပြင့္လာသည္။"ဦး"ဆိုပီး ေခၚလိုက္ရင္း ေဘးမွ ဦးကို တင္းက်ပ္ေနေအာင္ ဆဲြဖက္ထားလိုက္သည္။
"ဦး ငယ့္ကို ထားမသြားရဘူးေနာ္ ဟင့္ဟင့္"
"ထားမသြားပါဘူး ကိုယ္ ကတိေပးတယ္ေနာ္ ငယ္"
"ကတိေနာ္ အ့ဆို"
"ကဲ ကတိပါကြာ မငိုနဲ႔ေတာ့ ေခါင္းေတြကိုက္ေနမယ္ ျပန္လွဲေနလိုက္ေနာ္"
ငယ့္ရဲ့ ပါးျပင္ေပၚမွ မ်က္ရည္မ်ားကို သုပ္ေပးပီး အိပ္ရာေပၚကို ျပန္လွဲေပးထားလိုက္သည္။ငယ္က ဦးကို နားမလည္ႏိုင္သၫ့္ အၾကၫ့္မ်ားႏွင့္ စိုက္ၾကၫ့္ေနသည္။
"ဦး"
"ဗ်ာ"
"ငယ့္ကို ရွင္းမျပေတာ့ဘူးလား"
"ဟုတ္ပါပီ ကိုယ္ေျပာျပမယ္ သူနဲ႔ ကိုယ္က လန္ဒန္မွာ ေက်ာင္းတက္တုန္းက ခင္ခဲ့တာ ေျပာရရင္ အဖဲြ႔လိုက္လုပ္ရတဲ့ project ေၾကာင့္ ကိုယ္အစက သူ႔ကို စိတ္မဝင္စားခဲ့ဘူး project ၿပီးေတာ့ သူ႔က ကိုယ္ဆီလာပီး ရင္းႏွီးခ်င္တယ္တဲ့
အဲ့တုန္းကလဲ ျမန္မာလူမ်ိဳးဆိုလို႔ သူနဲ႔ ကိုယ္ပဲရိွတာမို႔ ေတာ္ေတာ္ရင္းႏွီးခဲ့တယ္ ဒါေပမယ့္ မၾကာပါဘူး သူက ကိုယ့္ကို သေဘာက်ေနတယ္ ဆိုပီး လာေျပာတယ္။ကိုယ္ျငင္းခဲ့တယ္
ျပန္လာေတာ့ ဒယ္ဒီက company မွာ ဝင္လုပ္ခိုင္းတာနဲ႔ company ကို ဝင္ေတာ့ သူနဲ႔ ထပ္ဆံုျဖစ္ခဲ့တယ္။သူက ဒယ္ဒီရဲ့ ရွယ္ယာဝင္ သမီးတဲ့။အ့မို႔ လာႏႈတ္ဆက္တာတဲ့။အဲ့မွာ ဒယ္ဒီကလဲ အတင္းေတြ ရင္းႏွီးေအာင္ လုပ္တယ္။ အျပင္ ခဏ ခဏ ထြက္ခိုင္းတယ္။
မာမီကလဲ သူ႔ကို ေတာ္ေတာ္သေဘာက်တယ္။အိမ္ကို လာလည္ရင္ မာမီနဲ႔ အၿမဲအေဖာ္ျပဳေပးတယ္။ကိုယ္လဲ တစ္ေန့ပီး တစ္ေန့ သံေယာဇဉ္တြယ္လာတယ္။တစ္ခါတစ္ေလ သူႃပံုးရင္ အရမ္းသေဘာက်ရတယ္။
တစ္ေန့က် မာမီနဲ႔ ဒယ္ဒီ ကားaccident ျဖစ္ပီး ဆံုးသြားတယ္။ေမရီက သူ႔ေမြးေန့လာခဲ့ပါဆိုလို႔ သူ႔ဆီ အသြားမွာ ျဖစ္သြားခဲ့တာ။ကိုယ္လဲ စိတ္လြတ္ေနတဲ့အခ်ိန္ဆိုေတာ့ သူ႔ကို အျပစ္တင္မိပီး စကားမ်ားခဲ့ၾကတယ္။အႀကီးအက်ယ္ပါပဲ
အဲ့ေန့ကတည္းကပဲ ေမရီကို မေတြ့ေတာ့တာ။သူအိမ္သြားေတာ့လဲ လန္ဒန္ကို ျပန္သြားပီတဲ့။တစ္ခါက သူျမန္မာႏိုင္ငံကို ျပန္ေရာက္ေနတယ္ ၾကားလို႔ ကိုယ္ သူ႔အိမ္သြားရွာေပမယ့္ အဲ့မွာ မေနဘူးတဲ့ သူ႔တို႔ကလဲ ေမရီေနတဲ့ လိပ္စာမေပးဘူး။ကိုယ္သူ႔ကို ေတာင္းပန္ခ်င္တယ္။အ့မို႔ အၿမဲလိုလို လိုက္ရွာေနမိတာေလ
ကဲ ခုနားလည္ပီလားဟင္ စိတ္ဆိုးဦးမွာလား ကိုယ့္ကို"
"သိမွ မသိတာ အ့လိုမွန္း သိရင္ ေျပာမေနဘူး"
"ဟုတ္ပါပီ ငယ္ ကိုယ့္ကို တကယ္မုန္းတာလား"
"မုန္းပါဘူး အ့တုန္းက စိတ္တိုေနလို႔ ေျပာလိုက္တာ"
"မမုန္းရင္..."
"မမုန္းရင္ မမုန္းဘူးေပါ့"
"ငယ္ကကြာ သိရဲ့သားရဲ့"
"ခ္ခ္ စခ်င္လို႔ ခ်စ္တယ္ ခ်စ္တယ္ ဟုတ္ပီလား"
"ဘယ္သူ႔ကို ခ်စ္လဲ"
"ေဟာဒီက ဦးခန႔္မင္းထည္ ကို"
"ဘယ္ေလာက္ႀကီး ခ်စ္လဲ"
"အမ်ားရီး အမ်ားရီး ခ်စ္တယ္"
"ဘယ္ထဲက ခ်စ္လဲ"
"ဟာ ဦးက ငယ့္ကို ကေလးမ်ား မွတ္ေနလား"
"အဟားဟား စခ်င္လို႔ပါကြာ ေဟာဒီက ကေလးေလးကို"
ညေနေရာက္ေတာ့ ဆရာဝန္က သက္သာပီဆိုတာတဲ့ ငယ္လဲ ေဆးရံုကေန ဆင္းလာခဲ့သည္။အိမ္ေရာက္ေတာ့
"အမေလး ငယ္ငယ္ရယ္ ေဒၚေဒၚျဖင့္ သီဟေျပာသံ ၾကားေတာ့ လန႔္လိုက္ကြယ္ သက္ေရာ သက္သာရဲ့လား ဆရာဝန္က ဘာေျပာလဲ"
"ခုေတာ့ ေကာင္းသြားပါပီတဲ့ အစားကို ပံုမွန္နဲ႔ မ်ားမ်ားစားေပးတဲ့ အားနည္းသြားတာတဲ့"
"ဪ ေအးေအး ေတာ္ေသးတယ္ကြယ္ ေဒၚေဒၚ ဆန္ျပဳတ္ႀကိဳထားတယ္ သိလား မနက္ျဖန္က်ရင္ အားရိွတာေလးေတြ ခ်က္ကၽြေးမယ္ေနာ္"
"ဟုတ္ကဲ့ ေဒၚေဒၚ ျပန္ေတာ့မလို႔ မို႔လား ေနာက္က်ေနပီ "
"ေအးေအး ငယ္ငယ္ကို ေတြ့ခ်င္လို႔ ေစာင့္ေနတာ ပိန္သြားလိုက္တာေနာ္။ ေဒၚေဒၚ ျပန္ၿပီေနာ္"
"ဟုတ္ ဂရုစိုက္ျပန္ေနာ္ "
ေဒၚေဒၚ ထြက္သြားတာနဲ႔ ဆိုဖာေပၚ ကိုပစ္လွဲလိုက္ေတာ့သည္။ငယ့္အတြက္ ဦးက ေဒၚေဒၚျပဳတ္ထားတဲ့ ဆန္ျပဳတ္ကို ယူလာသည္။
"ငယ္ ဒါေလး ထေသာက္လိုက္အံုးေနာ္"
"ငယ္အိပ္ခ်င္တယ္"
"ေသာက္ၿပီးရင္ အိပ္ေလေနာ္ ထ"
ငယ္က ထထိုင္လိုက္ပီး ဦးက ဂရုတစိုက္ ကၽြေးသည္။ေဆးေသာက္ဖို႔ရာအတြက္လည္း ေရအဆင္သင့္ႏွင့္ ေသခ်ာ တိုက္သည္။ငယ့္မွာ ကေလးေလးတစ္ေယာက္လိုပင္။
"ငယ္ အိပ္လို႔ရပီလား"
"ငယ္ အိပ္မယ္ဆိုလဲ အခန္းထဲ သြားအိပ္ ဆိုဖာေပၚေတာ့ မအိပ္နဲ႔ေလ"
"ေတာ္ပီ အေပၚတက္ဖို႔ရာ ေျခေထာက္ေတြက လႈပ္မရေတာ့ဘူး"
ဦးက ငယ့္ကို ရုတ္တရက္ ေပြ့ကာခ်ီလိုက္သည္။
"အမေလး လန႔္လိုက္တာ ဘာလုပ္တာလဲ"
"ေဟာ သူပဲ ခ်ီခိုင္းပီးေတာ့"
"ဟင္ ေျပာမိလို႔လား"
"ေျခေထာက္ေတြက အားမရိွေတာ့ဘူးဆို"
"ဟုတ္တယ္ေလ ခ်ီလို႔မွ မေျပာမိတာ"
"ငယ္က သြယ္ဝိုက္ပီး ေျပာလိုက္တာမဟုတ္ဘူးလား"
"သြယ္လဲမသြယ္ဘူး ဝိုက္လဲမဝိုက္ဘူး ဟြန႔္ ဖယ္"
"မဖယ္ပါဘူး ဒီလို တင္းက်ပ္ေနေအာင္ ေပြ့ထားမွာ"
ဦးက ငယ့္ကို တင္းက်ပ္ေနေအာင္ ေပြ့ဖက္ထားလိုက္ေတာ့ ငယ္ရဲ့ ခႏၶာကိုယ္ေလးမွာ ဦးရဲ့ ရင္ခြင္ထဲ ေပ်ာက္သြားရွာသည္။ငယ္လဲ ရုန္းေနရာက ရုန္းမရတာႏွင့္ ၿငိမ္သြားေတာ့သည္။ငယ္ ၿငိမ္သြားေတာ့မွ ဦးက အေပၚထပ္ကို ခ်ီသြားကာ သူ႔ရဲ့ အခန္းထဲသို႔ ဝင္သြားသည္။
ငယ့္ကို ကုတင္ေပၚ တင္လိုက္ပီး အေပၚမွ အုပ္မိုးလိုက္သည္။ငယ္ရဲ့ အေပၚမွ စိုက္ၾကၫ့္ေနသၫ့္ ဦးေၾကာင့္ ရွက္လာရသည္။
"ဘာ ဘာလုပ္မလို႔လဲ ငယ္ညေနကမွ ေဆးရံုက ဆင္းလာတာေနာ္ အားမရိွဘူး"
"ကိုယ္က ဘာလုပ္ေနလို႔လဲ"
"...မသိဘူး သြား အိပ္ေတာ့မယ္"
ဦးကို တြန္းဖယ္လိုက္ၿပီး ေက်ာေပးကာ ေဘးေစာင္းအိပ္ေနသၫ့္ ငယ့္ကို "goodnight kiss"
ဆိုကာ နဖူးျပင္ေလးကို ႏူးညံ့စြာ အနမ္းတစ္ခ်က္ႁခြေလိုက္ရင္း ငယ့္ကို ရင္ခြင္ထဲ ဖက္တြယ္ကာ အိပ္ေပ်ာ္သြားေတာ့သည္။