ရင်းနှီးနေသောအသံကို ကြားလိုက်ရ၍ ဖုန်းယွိဟန်၏မျက်နှာထက်တွင် ဆွဲဆောင်မှုရှ်ိသော အပြုံးလေးတစ်ခု ဖြစ်ထွန်းလာသည်။ ထိုအသံကြောင့်ပင် ပုမိသားစု၀င်များ၏ နှလုံးမှာ မဟူရာချောက်နက်ထဲသို့ ပြုတ်ကျသွားသလို ခံစားလိုက်ကြရသည် ။
မင်းသားကိုး ရွှမ်ထျန်းမင် ရောက်လာတာလား ?
အမတ်ပု၏ သေဆုံးမှုမှာ မင်းသားကိုး၏ ကြင်ယာတော်မယ်တော်နှင့် တိုက်ရိုက်သက်ဆိုင်နေတာဖြစ်၍ မင်းသားကိုးက ၀မ်းနည်းကြောင်းပြရန် ရောက်လာလိမ့်မည်ဟု ပုမိသားစုသည် လုံး၀ မမျှော်လင့်ထားခဲ့ကြပေ ။ မည်သူပဲလာလာ မင်းသားကိုးကတော့ လာ၍မဖြစ်ပေ ။
သို့သော်လည်း ထုံးစံအတိုင်း လိုက်မလုပ်တတ်သူကတော့ အမြဲတမ်းရှိနေဆဲပင်ဖြစ်သည်။ မလာသင့်ဘူးဟု ထင်ထားကြပါက ပို၍ပင် လာခဲ့ပေလိမ့်မည် ။
ပုပိုင်ချီမှာ ရွေးချယ်စရာမရှိသဖြင့် ပုမိသားစု၀င်များကို ဦးဆောင်ကာ ရထားလုံးရှိရာသို့ ဦးတိုက်၍ ကြိုဆိုလိုက်ရတော့သည်။ " အရှင်မင်းသားယွီကို နှုတ်ခွန်းဆက်လို့ ကြိုဆိုပါတယ် "
ရထားလုံးထက်မှ ၀ှီးလ်ချဲတစ်ခုက ထွက်လာပြီး ရွှမ်ထျန်းမင်က ထို၀ှီးလ်ချဲထက်တွင် သူ့မူပိုင်သင်္ကေတများဖြစ်သော ခရမ်းရောင်၀တ်စုံနှင့် ရွှေရောင်မျက်နှာဖုံးကို ၀တ်ဆင်ထားကာ ထိုင်နေလေ၏။ ၀ှီးလ်ချဲဆင်းလာပြီးနောက်တွင်မူ အရောင်ဖျော့ကိုသာ ၀တ်ဆင်ထားသော လူငယ်လေးတစ်ယောက် ဆင်းလာလေသည် ။ အခြားသူမဟုတ်ပါဘဲ မင်းသားခုနစ် ရွှမ်ထျန်းဟွာသာ ဖြစ်ပေသည် ။
ပုပိုင်ချီမှာ တစ်ဖန်ကြိုဆိုစကား ဆိုရပြန်သည်။ " မင်းသားချွင်း သက်တော်ရာကျော်ရှည်ပါစေ "
ပုမိသားစုကလည်း နောက်ကနေ သံပြိုင်လိုက်အော်ကြလေသည် ။ သခင်မကြီးပုမှာ နှလုံးက ရင်ဘတ်ထဲမှ ပေါက်ထွက်လာတော့မလို ခံစားနေရပြီး မသိစိတ်မှ ခံစားနေမှုအရ ထိုမင်းသားနှစ်ပါးရောက်လာခြင်းက ရိုးရိုးရှင်းရှင်း ၀မ်းနည်းကြောင်းပြသရန် မဖြစ်နိုင်ဟု ထင်နေမိသည် ။
ထိုအချိန်တွင် ပုပိုင်ချီကမူ စကားစလိုက်ပြီဖြစ်သည်။ " အရှင့်သားနှစ်ပါးက ပုအိမ်တော်ကို ကြွလာပြီး ဆုတောင်းပေးတာက ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါပဲ "
ရွှမ်ထျန်းမင်က မျက်မှောင်ကြုံ့သွားကာ နားမလည်ဟန်ဖြင့် " ဟမ်? " ဟုပြန်မေးသည်။
ဖုန်းယွိဟန် ထိုမြင်ကွင်းအား ပျော်ပျော်ကြီး ကြည့်နေမိသည် ။ ရွှမ်ထျန်းမင်က ၀တ်နေကြဖြစ်သော ခရမ်းရောင်ပိုးထည်အင်္ကျီကိုသာ ၀တ်ဆင်လာတာဖြစ်၍ ထိုအပြင်အဆင်သည် ၀မ်းနည်းကြောင်းပြရန် လာရောက်သူနှင့် လုံး၀မတူပေ ။ ပုမိသားစုကလည်း ဖုန်းချန်းယွီလိုပင် ကမ္ဘာကြီးက သူတို့ကိုသာ ဗဟိုပြု၍ လှည့်ပတ်နေတာဟု ထင်နေသည့်ပုံပင် ။
ရွှမ်ထျန်းမင်၏ ပြန်မေးသံကြောင့် ပုပိုင်ချီက တောင့်တင်းသွားလေ၏။ ရွှမ်ထျန်းမင်၏ ဆိုလိုရင်းကို နားမလည်သော်ငြား ပြန်လည်းမမေးရဲသဖြင့် ထိုနေရာတွင်သာ တုပ်တုပ်မလှုပ်ဘဲ တိတ်တဆိတ်ရပ်နေရလေသည် ။
ရွှမ်ထျန်းဟွာက ၀င်ရှင်းပြလာသည်။ " အမတ်ပု(ပုပိုင်ချီ) အထင်မှားနေပါပြိီ ၊ ကိုယ်တော်နဲ့ ညီတော်ကိုးက မြို့တော်အပြင်က စစ်တန်းလျားကိုသွားနေရင်း ဒီလမ်းကနေ ဖြတ်သွားရုံပါ ၊ ခယ်မလေးက သခင်မကြီးဖုန်းနဲ့အတူ ၀မ်းနည်းကြောင်းပြဖို့အတွက် ဒီကိုလာတယ်လို့ကြားလို့ ကိုယ်တော်တို့က သူမကို လာတွေ့တာပါ "
လျှာက်ိုရှည်လွန်းတယ်ဟု ကိုယ့်ကိုယ်ကို တိတ်တဆိတ်ကျိန်ဆဲလိုက်ရင်း ပုပိုင်ချီမှာ ချွေးစေးများပြန်လာတော့သည် ။ သူ ပြောမိတာများလေ အမှားများများ လုပ်မိလေ ဖြစ်နေလေ၏။
ရွှမ်ထျန်းမင်ကလည်း ထူးဆန်းသည့် အငွေ့အသက်များပါသော မူပိုင်လေသံဖြင့် စကားဆိုလာတော့သည် ။ " ကိုယ်တော်လာခဲ့လို့ တော်သေးတာပေါ့ ၊ မဟုတ်ရင် ခင်ဗျားတို့က ကိုယ်တော့်ရဲ့ ဟန်ဟန်လေးကို သေတဲ့အထိ အနိုင်ကျင့်ကြမလို့လား " ပြောပြီးနောက်တွင် လက်ကမ်းပေးလာသဖြင့် ဖုန်းယွိဟန်လည်း လျှောက်သွားလိုက်ပြီး လက်ဆန့်ကာ သူမ၏လက်လေးများကို ထိုလူ၏လက်ဖ၀ါးကြီးထဲသို့ ထည့်ပေးလိုက်တော့သည်။ ရွှမ်ထျန်းမင်က ကြင်ယာတော်ပုအား လှမ်းမေးသည်။ " ပုပိုင်ဖျင်း ၊ ခင်ဗျားက ဒီအတိုင်းလှဲနေရတာကို စိတ်ကုန်နေလို့ မျက်လုံးမှိတ်ပြီး လှဲနေချင်တာများလား "
ဖုန်းယွိဟန် အော်ရယ်မိတော့မလို ဖြစ်သွား၍ အမြန်ခေါင်းကိုငုံ့ကာ ကြိတ်ရယ်လိုက်ရသည် ။ သူမကမှ အနည်းနှင့်အများ ပုမိသားစုအား ဂုဏ်သိက္ခာလေး နည်းနည်းလောက် ချန်ထားခဲ့ပေးသေးသည် ။
မျက်လုံးမှိတ်ပြီး လှဲနေတယ်ဆိုတာက လူသေကိုပြောနေတာလေ မဟုတ်ဘူးလား ။
ကြီးမြတ်လှပါချည်ရဲ့ဆိုသော တော်၀င်ကြင်ယာတော်ခေါင်းဆောင်မှာ ရွှမ်ထျန်းမင်၏စကားကြောင့် ပြောစရာစကား မဲ့သွားလေတော့သည်။ " ဆန္ဒရှိရင် ကိုယ်တော် ဖြည့်ဆည်းပေးနိုင်တယ်နော် "
ပိုပိုင်ဖျင်း၏မျက်နှာထက်တွင် ကြောက်ရွံ့မှုများ အထင်းသားပေါ်လာတော့သည် ။ အရှင်မင်းကြီး၏ ချစ်မြတ်နိုးခြင်းခံရသည်ဟူသော ကြင်ယာတော်အား ရွှမ်ထျန်းမင်က ကြာပွတ်တစ်ချက်အဝှေ့တွင် ဇီ၀ိန်ခြွေပေးခဲ့သည်ကို သူမ မှတ်မ်ိနေသေးသည် ။ ရွှမ်ထျန်းမင်သည် မျက်တောင်တစ်ချက် မခတ်ဘဲ ကြာပွတ်ကိုရမ်းခဲ့တာဖြစ်၍ ရက်စက်လွန်းသည့် မြင်ကွင်းဟုဆိုရပေမည် ။
ပို၍ကြောက်စရာကောင်းသည်က အရှင်မင်းကြီးက တစ်ခွန်းလေးတောင် ဆူပူကြိမ်းမောင်းခြင်း မပြုခဲ့ခြင်းပင် ။ ထိုချစ်ခင်ခံရပါသည်ဟူသော ကြင်ယာတော်အား ချက်ချင်းပင် ဆွဲထုတ်သွားကာ မြေမြှုပ်ခိုင်းခဲ့ပြီး ယခင်က ချစ်ခင်ခဲ့ဖူးသည်ဆိုသည်က တိမ်များလေလွင့်၍ ပြယ်သွားသည်ထက်ပင် လျင်လျင်မြန်မြန် ပျောက်ကွယ်သွားခဲ့လေသည် ။ ထိုကြင်ယာတော်၏ ၄၅ယောက်သော မိသားစု၀င်များအားလုံးပင် အသက်ဆုံးရှုံးခဲ့ရတာဖြစ်သည်။
အရှင်မင်းကြီး၏ စိတ်ထဲတွင် မိန်းမများနှင့် သားများ၏တန်ဖိုးက မတူညီသည်ကို သူမ သိသည် ။ အထူးသဖြင့် သားသမီးမရှိသော သူမလိုမိန်းမမျိုးသည် ပို၍ပင် တန်ဖိုးနည်းနေပေလိမ့်မည် ။
ပုမိသားစု၀င်များမှာ အသံတစ်သံ မထွက်ရဲကြ ။ အသံထွက်သွားမည်စိုး၍ ကလေးများ၏ပါးစပ်ကိုပင် အုပ်ထားကြလေသည်။ ထိုဘေးဒုက္ခနတ်ဘုရားအား စိတ်အနှောင့်အယှက် ဖြစ်စေမည့် စကားများကို ပြောမိသွားကြမည်စိုး၍ ဖြစ်ပေသည် ။
သို့ပါသော်လည်း ဘေးဒုက္ခနတ်ဘုရားကမူ သူတို့အား တစ်ချက်လေးပင် အဖက်မလုပ်ပါဘဲ အနာဂတ်ဇနီးလောင်းလေးနှင့် စကားပြောခြင်းကိုသာ စိတ်နှစ်ထားလေသည်။ သို့သော်လည်း စကားလုံးများကတော့ နူညံ့နေခြင်း မရှိပေ ။ " ဒုတိယအဆင့်အမတ်တစ်ယောက် သေတာကို မင်းက ဘာအကြောင်းနဲ့ ရောက်လာပြီး၀မ်းနည်းကြောင်းပြနေရတာလဲ "
" နည်းနည်းပါးပါး စာနာကြောင်း ပြမလို့ပေါ့ "
" မင်းအဖေက ပထမအဆင့်အမတ်လေ ပြီးတော့ လက်ရှိတာ၀န်ထမ်းဆောင်နေတဲ့ အမတ်ချုပ်တစ်ယောက်လေ ၊ အဲ့ဒါကို ဘာလို့ မင်းအဖေက ဒုတ်ိယအဆင့်အမတ်လေးတစ်ယောက်ကို စာနာပြနေရတာလဲ "
" ရှင် အဲ့လိုပြောလို့မရဘူးလေ ၊ သူတို့နှစ်ယောက်လုံးက ခမည်းတော်ရဲ့ အမတ်တွေပဲလေ ၊ ဒါကြောင့် သူတို့က ပူးပူးပေါင်းပေါင်းနဲ့ သဟဇာတဖြစ်အောင် နေဖို့လိုတယ်လေ ! "
" လူကဖြင့် သေနေပြီကို မင်းအဖေက ဘယ်သူနဲ့ ပေါင်းသင်းပြီး သဟဇာတဖြစ်အောင် နေချင်နေတာလဲ ၊ ဘာလဲ ဖုန်းကျင်းယွမ်ကလည်း အသက်ရှင်ရတာ ကြာနေပြီမို့လို့ မရှင်ချင်တော့လို့လား "
ဖုန်းယွိဟန် ရွှမ်ထျန်းမင်အား အကြည့်စူးစူးတစ်ချက် ပေးလိုက်တော့သည်။ " လူအများကြီးရှေ့မှာ စကားပြောနေတာနော် ၊ စကားကိုကြည့်ပြော "
" အင်းပါ ... မင်းတို့မိသားစုက ပုမိသားစုကို မျက်နှာသာပေးနေပေမယ့် သူတို့က အရှက်မရှိလို့ မလိုချင်ကြမှတော့ အထဲထိ၀င်မနေနဲ့တော့ ၊ အိမ်ပြန်ပြီး ဟော်ယီလေးကို သွားယူကြရအောင် ၊ ကိုယ် မင်းကို စစ်တန်းလျားကို အလည်လိုက်ပြပေးမယ် "
ထိုနှစ်ဦးမှာ အပြင်လူများရှိမနေသကဲ့သို့ စကားပြောနေကြတာဖြစ်ပြီး ယင်းစကား၀ိုင်းမှနေ သတင်းတော်တော်များများကို သိလိုက်ရကြလေ၏။ အထူးသဖြင့် နောက်ဆုံးပိုင်းပင် ဖြစ်ချေသည် ။ ဖုန်းယွိဟန်၏လက်ထဲတွင် ဟော်ယီလေး ရှိနေသည်ကို သိသွားသောအခါ ပုမိသားစု၀င်များသည် အံ့အားသင့်သွားကြတော့သည် ။
ပုနင်ရှန်းကမူ ပို၍ပင် မခံချိမခံသာ ဖြစ်သွားတော့သည် ။
မြှားပစ်ပြိုင်ပွဲကြောင့် ဖုန်းယွိဟန်သည် ဇာမဏီဆံထိုးကို ပိုင်ဆိုင်ခွင့်ရခဲ့ရုံတင်မကဘဲ ဟောယီလေးကဲ့သို့သော ရတနာကိုပါ လက်၀ယ်ရသွားခဲ့လေသည်။
သခင်မကြီးပုက သူမအား စိုက်ကြည့်နေသဖြင့် ပုနင်ရှန်းမှာ ခေါင်းကိုသာ ငုံ့ထားလိုက်မိသည်။ သူမ မရှုမလှ ရှုံးသွားခဲ့သည်ကို သူမကိုယ်တိုင်လည်း သိပေသည် ။
" အခုတော့ မဟုတ်သေးဘူး " ဖုန်းယွိဟန်က ရွှမ်ထျန်းမင်၏လက်ကို လွှဲကာဆော့နေရင်းဖြင့် ပြန်ဖြေသည်။ " ရောက်လာမှတော့ အထဲ၀င်ပြီး အမွှေးတိုင်ပူဇော်သွားလိုက်ဦးမယ် ၊ အဲ့နေ့တုန်းက အမတ်ပုက ကျွန်မမျက်စိရှေ့မှာတင် ဆုံးသွားတာဆိုတော့ ဒီလောက်တော့လုပ်ပေးမှ ကျွန်မလည်း စိတ်အေးရမှာပေါ့ "
" အဲ့ဒါဆိုလည်း ရတယ်လေ " ရွှမ်ထျန်းမင်၏ အကြည့်များက တစ်ချက်လေးပင် နေရာရွေ့သွားခြင်းမရှိဘဲ အနာဂတ်ဇနီးလောင်းလေးထံတွင်သာ ကပ်နေလေ၏။ " ဒါပေမယ့် အထဲကို၀င်မယ်ဆိုရင် တော်၀င်မျိုးနွယ်ရဲ့ အရှိန်အ၀ါကိုတော့ မလျော့စေနဲ့နော် ၊ မဟုတ်ရင် ကိုယ်မျက်နှာပျက်ရလိမ့်မယ် ၊ ပြီးတော့ ခမည်းတော်ကို ပိုပြီးတော့တောင် မျက်နှာပျက်စေလို့ မဖြစ်ဘူး ! "
" ကျွန်မ သိပါတယ် " ဖုန်းယွိဟန်လည်း ပြုံးပြကာ နာနာခံခံပဲ ပြန်ဖြေပေးလိုက်သည်။
ဤကဲ့သို့ နာခံနေသည့်ဟန်မှာ ရှားလွန်းသဖြင့် ရွှမ်ထျန်းမင် လက်ဆန့်ထုတ်ကာ ထိုကောင်မလေးအား ခေါင်းကို ခပ်ဖွဖွ ပုတ်ပေးလိုက်မိသည် ။ ပုနင်ရှန်းက ၀င်မေးလာသည် ။ " အရှင့်သား ၊ ဒုတိယသခင်မလေးဖုန်းကို မောက်မာတယ်လို့ မထင်မိဘူးလား "
ရွှမ်ထျန်းမင်က ဒေါသထွက်သွားခြင်းလည်း မရှိသလို ပြန်လည်းမငြင်းပါဘဲ အမေးစကားသာ ပြန်ဆိုလာသည်။ " ကိုယ်တော်က သူမလေးကို အဲ့လိုဖြစ်အောင် ထားရတာကို ပျော်တယ်လေ ၊ ဘာလဲ မင်းက မကျေနပ်လို့လား "
ပုနင်ရှန်း၏ မျက်နှာထက်တွင် မနာလိုအားကျနေသော အကြည့်များ ပေါ်လာတော့သည်။ သူမတို့နှစ်ယောက်လုံးသည် မင်းသားများနှင့် စေ့စပ်ထားကြတာဖြစ်သော်လည်း ဘာလို့ စတုတ္ထမင်းသားက သူမအား မင်းသားကိုးမှ ဖုန်းယွိဟန်အပေါ် ကောင်းပေးသလောက် မကောင်းပေးရတာလဲ ။
ပုနင်ရှန်းက မကျေမနပ် ဖြစ်နေလေ၏ !
ရွှမ်ထျန်းမင်နှင့် ရွှမ်ထျန်းဟွာက အကြာကြီး ဆက်မနေတော့ဘဲ ဖုန်းယွိဟန်ကို နှုတ်ဆက်ပြီးနောက်တွင် ရထားလုံးပေါ်သို့ ပြန်တက်သွားကြတော့သည်။
အားလုံးလည်း ဒူးထောက်လိုက်ကြရကာ ထွက်ခွာသွားသော မင်းသားနှစ်ပါးကို လိုက်ပို့လိုက်ကြရသည် ။ ရထားလုံးက စထွက်သွားပြီဆ်ိုမှသာ ပုမိသားစု၀င်များမှာ သက်ပြင်းချရဲကြလေသည် ။
သို့သော်လည်း ထွက်ခွာနေပြီဖြစ်သော ရထားလုံးပေါ်မှ ရွှမ်ထျန်းမင်၏အသံကို ကြားလိုက်ကြရပြန်သည်။ " ပုမိသားစု၀င်တွေ ပြီးသွားရင် ဖုန်းအိမ်တော်ကိုသွားပြီး ကွယ်လွန်သွားတဲ့ သခင်မကို ၀ပ်တွားပြီး ဂါ၀ရသွားပြုဖို့ မမေ့ကြနဲ့နော် ၊ အိမ်တော်တံခါး၀ကနေစပြီး အထိမ်းအမှတ်ကျောက်တိုင်အထိ ၀ပ်တွားပြီး ဒူးထောက်သွားကြ ၊ တစ်လှမ်းလေးတောင် မလျော့ကြစေနဲ့ "
ထိုစကားအဆုံးတွင် ရွှမ်ထျန်းဟွာ၏အသံကိုလည်း ကြားလိုက်ကြရပေသည် ။ ပုနင်ရှန်းကို ရည်ရွယ်၍ ပြောလာခြင်း ဖြစ်သည်။ " မိန်းကလေးတွေက အရမ်းကြီး ရန်လိုနေရင် မကောင်းပေမယ့် တစ်ခါတစ်ရံကြရင် ချုပ်တည်းထားလေလေ ဆုံးရှုံးဖို့လွယ်လေလေ ဖြစ်လာလိမ့်မယ် "
ပုနင်ရှန်းက ခေါင်းကိုသာ ငုံ့ထားပြိီး ရွှမ်ထျန်းမင်က ဖုန်းယွိဟန်အား ဘယ်လောက်ထိ အလိုလိုက်ဆက်ဆံပေးသည် ဆိုသောအကြောင်းများကိုသာ တွေးနေလေ၏။ ပိုတွေးမိလေလေ ပို၍မကျေမနပ်ဖြစ်လာလေ ဖြစ်နေလေသည် ။
ကြင်ယာတော်ခေါင်းဆောင် ပုပိုင်ဖျင်းမှာမူ ယခင်နှင့်မတူတော့ဘဲ မာန်လျှော့လိုက်ရပြီဖြစ်သည်။ ထမ်းစင်ပေါ်တွင် ပက်လက်လှဲနေရင်း ကောင်းကင်ကိုသာ အသက်မဲ့နေသော မျက်၀န်းများဖြင့် ငေးနေလေ၏။
အကျေနပ်ဆုံးဖြစ်နေသူမှာ သခင်မကြီးဖုန်းဟု ဆိုရပေမည် ။ သူမက မူလတွင် မင်းသားကိုးက ဖုန်းအိမ်တော်ကိုသာ ပစ်မှတ်ထားနေတာဖြစ်သည်ဟု ထင်နေခဲ့တာဖြစ်သည်။ ယခုမှသာ မင်းသားကိုးက ဖုန်းယွိဟန်အား ဆိုးဆိုး၀ါး၀ါး ဆက်ဆံသည့် မည်သူ့ကိုမဆို အလွတ်မပေးတာဖြစ်ကြောင်းကို သိလိုက်ရလေသည်။ ပုမိသားစုဆိုတော့ရော ဘာဖြစ်လဲ ။ ကြင်ယာတော်ခေါင်းဆောင်ဆိုတော့ရော ဘာအကြောင်းလဲ ။ နောက်ဆုံးမှာ သူတို့လည်း စိတ်ညှင်းပန်းခံရပြီး စကားတစ်ခွန်းတောင် ပြန်မပြောနိုင်ဘဲ ကျန်ခဲ့ရတာပဲ မဟုတ်ဘူးလား ။
သခင်မကြီး ထိုသို့တွေးမိသဖြင့် ဖုန်းယွိဟန်က ဖုန်းမိသားစုအတွက် အများကြီး လုပ်ပေးထားတာပဲဟု သဘောပေါက်သွားကာ ဆွဲခေါ်၍ ချီးမွမ်းစကားပြောပေးလိုက်ချင်သော်လည်း လှည့်ကြည့်လိုက်သည့်အခါတွင် ထွက်ခွာသွားသော ရထားလုံးကိုကြည့်ကာ ရှက်ရိပ်သန်းနေသော ဖုန်းချန်းယွီကိုသာ တွေ့လိုက်ရလေသည်။
ဖုန်းချန်းယွီ၏ ခံစားချက်များအကြောင်းကို ဖုန်းကျင်းယွမ် ပြောပြခဲ့ဖူးသည်အား သူမ သတိရသွားမိသည် ။ သခင်မကြီးလည်း စိတ်ကို လျှော့ထားလိုက်ရပြီး ဖုန်းချန်းယွီအား လက်မှဆွဲ၍ခေါ်လိုက်မှသာ ထိုကောင်မလေးက အသိပြန်ကပ်လာလေသည်။
ယခုအချိန်ကြမှ ကြင်ယာတော်ခေါင်းဆောင်က ဖုန်းချန်းယွီကို သတိထားမိသွားပြီး အပြစ်ရှာလာမည်ဟု ဘယ်သူကမှ မမျှော်လင့်ထားခဲ့ကြပေ ။ ဖုန်းချန်းယွီ၏ မျက်နှာကို အကြာကြီး စိုက်ကြည့်နေပြီးနောက်တွင် " ဖုန်းမိသားစုကလူတွေ အကုန်လုံးက အတင့်ရဲလွန်းတဲ့ သူတွေချည်းပဲလား " ဟူ၍ မေးလာလေသည်။
သမီးဖြစ်သူ၏ စကားကြောင့် သခင်မကြီးပုမှာ အကြည့်တစ်ချက် လှမ်းပေးရင်း ဟန့်လိုက်ကာ တိုးတိုးလေး သတိပေးလိုက်ရသည် ။ " ညည်းအဖေက မရှိတော့ဘူးနော် ၊ ပြဿနာ ထပ်ရှာမနေနဲ့ "
ပုပိုင်ဖျင်းက လက်မခံချင် ။ " အမေ ဖုန်းမိသားစုက ပထမသခင်မလေးက တော်၀င်အမိန့်တော်ကို ဆန့်ကျင်နေတာလေ ! "
ထိုစကားများကို အံ့အားသင့်သွားကြသော်လည်း ဘာကိုဆိုလိုနေသည်ကိုမူ တစ်ယောက်ကမှ နားမလည်ကြပေ ။
သို့သော်လည်း ဖုန်းယွိဟန်ကမူ ခပ်ဖွဖွပြုံးကာ ကြင်ယာတော်ပုကို ကြည့်နေသော်လည်း စကား၀င်မပြောပေ ။ သခင်မကြီးဖုန်း နှလုံးမဖောက်လာသည်အထိ အခြေအနေမဆိုးသေးသရွေ့ သူမကတော့ ဘေးကနေသာ ရပ်ကြည့်နေမှာဖြစ်သည်။ ဧကရီ၏ အမိန့်ထဲတွင် ဖုန်းချန်းယွီအား အိမ်တော်မှထွက်ကာ ဘယ်နေရာသို့သွားသွား အနက်ရောင်ပါးနီကို လိမ်းပြီးမှ ထွက်ရမည်ဟု ပြောထားခဲ့လေသည် ။ သို့သော်လည်း ယနေ့တွင်မူ ...
" ကြင်ယာတော်မယ်မယ် ကျေးဇူးပြုပြီး ချန်းယွီ ရှင်းပြတာကို နားထောင်ပေးပါ ! " ဖုန်းချန်းယွိီက လျင်သူဖြစ်၍ ချက်ချင်းဒူးထောက်လိုက်လေသည် ။ " ချန်းယွီက အမိန့်တော်ကို ဆန့်ကျင်တာ မဟုတ်ရပါဘူး ၊ ဒါပေမယ့် ဒီနေ့က အမတ်ပုရဲ့ နာရေးဖြစ်လို့ ချန်းယွီက အဖြူရောင်နာရေး၀တ်စုံကို၀တ်ပြီး ပန်းအဖြူရောင်ကိုတောင် ပန်ထားခဲ့သေးတာပါ ၊ ပါးနီဆိုးဖို့ လုံး၀ကို မသင့်တော်တာမို့လို့ နည်းနည်းလေးတောင် ဆိုးထားတာမရှိပါဘူး ၊ မယ်မယ် စစ်ဆေးခိုင်းလို့ရပါတယ် "
ပုပိုင်ဖျင်းက ပြန်ပြောမည်အလုပ်တွင် သခင်မကြီးပုက ဖြတ်ပြောလိုက်လေသည်။ " ပထမသခင်မလေးဖုန်းရဲ့ ကြင်နာမှုကို ကျွန်မ နားလည်ပါပြီ ၊ အားလုံးပဲ ကျေးဇူးပြုပြီး အိမ်တော်ထဲကို ၀င်ခဲ့ကြပါ ၊ ပိုင်ချီက တောင်းပန်တဲ့အနေနဲ့ လက်ဖက်ရည်နဲ့ ဧည့်ခံပါလိမ့်မယ် " ပြောပြီးနောက်တွင် သခင်မကြပုက ပုပိုင်ဖျင်းအား သတိပေးသလို လှမ်းကြည့်နေလေ၏။
ပုပိုင်ဖျင်းသည် ငတုံးတစ်ယောက် မဟုတ်သဖြင့် ဘယ်အချိန်တွင် ရပ်ရမည်ကိုတော့ သေချာသိပေသည်။ မည်သို့ပင်ဆိုဆို ဖုန်းမိသားစုသည် ပုမိသားစုထက် ပို၍အဆင့်အတန်းမြင့်ပေသည် ။ ကြင်ယာတော်ခေါင်းဆောင်တစ်ပါးဖြစ်သည့် သူမ ရှိနေလျှင်တောင် သူမသည် သားသမီးမရှိသူတစ်ယောက်သာဖြစ်၍ ခဏဝာာ ချစ်ခင်ခံရသော ကြင်ယာတော်များနှင့် ဘယ်လိုများ ကွာခြားမှာတဲ့လဲ ။ အမှန်အတိုင်းပြောရပါက ပုမိသားစု မှီခိုနေရသည့်လူမှာ ပုပိုင်ချီ၏ တစ်ဦးတည်းသောသား ပုကုံးသာဖြစ်ပေသည်။
ပုပိုင်ဖျင်း ထမ်းစင်ပေါ်တွင်သာ ကူကယ်ရာမဲ့စွာ လှဲနေလိုက်ပြီး မိန်းမစိုးများကို အချက်ပြကာ အိမ်တော်ထဲသို့ ၀င်သွားလိုက်တော့သည်။
ဖုန်းမိသားစုကလည်း နောက်မှလိုက်၀င်လာလေသည်။ ဖုန်းရှန်းရုန်က နောက်ဆုံးတွင်ရှိနေပြီး လက်ဖ၀ါးများ၌ ချွေးများစို့နေလေ၏။ သူမထံတွင် သတ္တိလေး နည်းနည်းလောက်ဖြစ်ဖြစ် ပိုရှိသင့်နေပြီဟု ထင်မိသည်။ ဒုတိယအစ်မ၏ နောက်သို့လိုက်ကာ အပြင်ထွက်တိုင်း တစ်ခေါက်လေးတောင် အေးအေးချမ်းချမ်း ဖြစ်ခဲ့ဖူးခြင်းမရှိသဖြင့် သည်အတိုင်းသာ ဆက်ဖြစ်နေပါက သူမ အကြောက်လွန်ပြီး သေသွားပေလိမ့်မည် ။
ကြင်ယာတော်ပုအား ကြိုဆိုရန် အားလုံးထွက်လာကြတာဖြစ်၍ ခန်းမဆောင်ထဲ၌ ကျန်နေခဲ့သည်က အစေခံများသာ ဖြစ်သည်။ သို့သော်လည်း ထိုအစေခံများက စက္ကူစများ မီးရှို့ပေးခြင်းကို မရပ်လိုက်ကြသဖြင့် ခန်းမဆောင်ထဲတွင် ထိုအနံ့များဖြင့် ပြည့်လို့နေသည် ။
သို့ဖြစ်၍ ပြန်၀င်လာသောအခါတွင် ပုမိသားစု၀င်များသည် အစေခံများ၏နေရာတွင် ပြန်၀င်လိုက်ကြပြီး မီးဆက်ရှို့ပေးနေကြတော့သည်။ သခင်မကြီးဖုန်းက မြေးသုံးယောက်နှင့်အတူ အမွှေးတိုင်ပူဇော်ပြီးနောက် ခွက်ထဲတွင် စိုက်ထားလိုက်လေသည်။ အားလုံးက အဆင်ပြေနေသည်ဟု ထင်ရသော်လည်း ဖုန်းယွိဟန်က အမွှေးတိုင်ကို စိုက်လိုက်တော့မည့်အချိန်တွင် ကလေးတစ်ယောက်က သူမကို ၀င်တိုက်လိုက်သဖြင့် အမွှေးတိုင်သည် သူမလက်ထဲမှ ပြုတ်ကျသွားပြီး စက္ကူစလေးကို မီးစွဲသွားစေသဖြင့် မီးတောက်များထလာတော့သည်။
ပုမိသားစုက အစေခံတစ်ယောက်က အမြန်ပဲပြေးလာပြီး မီးလာငြှိမ်းလိုက်လေသည်။ ပုပိုင်ချီက ထိုကလေးကို ဆူတော့သည်။ " ဒီနေရာကို ဘယ်နေရာထင်နေလို့ လျှောက်ပြေးနေရတာလဲ "
ကလေးလေးက လန့်သွားပြီး အော်ငိုတော့သည် ။ ဖုန်းယွိဟန်ကမူ စိတ်ထဲမထားဘဲ ပြန်၍ပြုံးသာပြုံးပြလိုက်သည်။ " ကလေးပဲဟာ ဘယ်နားလည်ပါ့မလဲ ၊ အမတ်ပု(ပုပိုင်ချီ) သူ့ကိုမဆူပါနဲ့တော့ ၊ ဒါပေမယ့် ကလေးတွေကို သေချာတော့ ဂရုစိုက်သင့်ပါတယ် ၊ အထူးသဖြင့် ဒီလိုနေရာမျိုးမှာဆိုရင်ပေါ့ ၊ ခုနက ၀င်တိုက်သွားတာက အမွှေးတိုင်လေးတစ်ချောင်းပဲမို့ တော်သေးတာပေါ့ မတော်လို့ မိီးလင်းဖိုသာဆိုရင် ပြဿနာတော့ တက်တော့မှာပဲ ၊ အားဟန်တို့အမေရဲ့ နာရေးတုန်းက ၀မ်းနည်းခြင်းခန်းမဆောင်ဆိုရင် အခုလိုပဲ မီးလောင်ရာကနေစပြီး ပြာကျသွားတာလေ ၊ ဟူး ...ပြောပြရရင် သူမရဲ့ ရုပ်အလောင်းပါ မီးထဲပါသွားတော့တာပါပဲ "
" သခင်မလေးဖုန်း ကျေးဇူးပြုပြီး စကားကိုဆင်ခြင်ပေးပါ ! " သခင်မကြီးပုက ဒေါသထွက်လာတော့သည်။
သို့သော်လည်း ဖုန်းယွိဟန်ကမူ စိတ်မဆိုးဘဲ ပြန်ပြုံးပြလာလေသည်။ " ဒီအကြောင်းတွေက တကယ်ပဲ နားမခံသာစရာတွေဆိုတော့ သခင်မကြီးကပဲ အားဟန်ကို ခွင့်လွှတ်ပေးပါနော် "
ဖုန်းယွိဟန် အမွှေးတိုင်ကို သေချာလေးစိုက်လိုက်ပြီးနောက်တွင် ဘေးသို့ကပ်ကာ သခင်မကြီးကိုစောင့်ရန် ပြင်လိုက်သော်လည်း သူမကို ၀င်တိုက်ခဲ့သော ကလေးက ခြေထိုးခံလိုက်သဖြင့် ဖုန်းယွိဟန်မှာ အနည်းငယ် ဟန်ချက်ပျက်ပြီး ယိုင်သွားတော့သည် ။ သို့သော်လည်း တစ်စုံတစ်ယောက်က သူမ၏လက်မောင်းမှ ဆုပ်ကိုင်ကာ ထိန်းပေးလိုက်ပြီး ခေါင်းထက်မှနေ ဒေါသသံနည်းနည်းပါသည့် " သတိထား " ဟူ၍ ပြောသံက်ို ကြားလိုက်ရလေသည် ။
*******
ဘာလို႔ ဒုတိယအဆင့္ အမတ္ေလးတစ္ေယာက္ကို စာနာျပေနတာလဲ
ရင္းႏွီးေနေသာအသံကို ၾကားလိုက္ရ၍ ဖုန္းယြိဟန္၏မ်က္ႏွာထက္တြင္ ဆြဲေဆာင္မႈရွ္ိေသာ အၿပံဳးေလးတစ္ခု ျဖစ္ထြန္းလာသည္။ ထိုအသံေၾကာင့္ပင္ ပုမိသားစု၀င္မ်ား၏ ႏွလံုးမွာ မဟူရာေခ်ာက္နက္ထဲသို႔ ျပဳတ္က်သြားသလို ခံစားလိုက္ၾကရသည္ ။
မင္းသားကိုး ရႊမ္ထ်န္းမင္ ေရာက္လာတာလား ?
အမတ္ပု၏ ေသဆံုးမႈမွာ မင္းသားကိုး၏ ၾကင္ယာေတာ္မယ္ေတာ္ႏွင့္ တိုက္ရိုက္သက္ဆိုင္ေနတာျဖစ္၍ မင္းသားကိုးက ၀မ္းနည္းေၾကာင္းျပရန္ ေရာက္လာလိမ့္မည္ဟု ပုမိသားစုသည္ လံုး၀ မေမ်ွာ္လင့္ထားခဲ့ၾကေပ ။ မည္သူပဲလာလာ မင္းသားကိုးကေတာ့ လာ၍မျဖစ္ေပ ။
သို႔ေသာ္လည္း စာအုပ္ႀကီးအတိုင္း လိုက္မလုပ္တတ္သူကေတာ့ အၿမဲတမ္းရိွေနဆဲပင္ျဖစ္သည္။ မလာသင့္ဘူးဟု ထင္ထားၾကပါက ပို၍ပင္ လာခဲ့ေပလိမ့္မည္ ။
ပုပိုင္ခ်ီမွာ ေရြးခ်ယ္စရာမရိွသျဖင့္ ပုမိသားစု၀င္မ်ားကို ၪီးေဆာင္ကာ ရထားလံုးရိွရာသို႔ ၪီးတိုက္၍ ႀကိဳဆိုလိုက္ရေတာ့သည္။ " အရွင္မင္းသားယြီကို ႏႈတ္ခြန္းဆက္လို႔ ႀကိဳဆိုပါတယ္ "
ရထားလံုးထက္မွ ဝွီးလ္ခ်ဲတစ္ခုက ထြက္လာၿပီး ရႊမ္ထ်န္းမင္က ထိုဝွီးလ္ခ်ဲထက္တြင္ သူ႔မူပိုင္သေကၤတမ်ားျဖစ္ေသာ ခရမ္းေရာင္၀တ္စံုႏွင့္ ေရႊေရာင္မ်က္ႏွာဖံုးကို ၀တ္ဆင္ထားကာ ထိုင္ေနေလ၏။ ဝွီးလ္ခ်ဲဆင္းလာၿပီးေနာက္တြင္မူ အေရာင္ေဖ်ာ့ကိုသာ ၀တ္ဆင္ထားေသာ လူငယ္ေလးတစ္ေယာက္ ဆင္းလာေလသည္ ။ အျခားသူမဟုတ္ပါဘဲ မင္းသားခုနစ္ ရႊမ္ထ်န္းဟြာသာ ျဖစ္ေပသည္ ။
ပုပိုင္ခ်ီ တစ္ဖန္ႀကိဳဆိုစကား ဆိုရျပန္သည္။ " မင္းသားခြၽင္း သက္ေတာ္ရာေက်ာ္ရွည္ပါေစ "
ပုမိသားစုကလည္း ေနာက္ကေန သံၿပိဳင္လိုက္ေအာ္ၾကေလသည္ ။ သခင္မႀကီးပုမွာ ႏွလံုးက ရင္ဘတ္ထဲမွ ေပါက္ထြက္လာေတာ့မလို ခံစားေနရၿပီး မသိစိတ္မွ ခံစားေနမႈအရ ထိုမင္းသားႏွစ္ပါးေရာက္လာျခင္းက ရိုးရိုးရွင္းရွင္း ၀မ္းနည္းေၾကာင္းျပသရန္ မျဖစ္ႏိုင္ဟု ထင္ေနမိသည္ ။
ထိုအခ်ိန္တြင္ ပုပိုင္ခ်ီကမူ စကားစလိုက္ၿပီျဖစ္သည္။ " အရွင့္သားႏွစ္ပါးက ပုအိမ္ေတာ္ကို ႂကြလာၿပီး ဆုေတာင္းေပးတာက ကြၽန္ေတာ္တို႔အတြက္ ဂုဏ္ယူစရာပါပဲ "
ရႊမ္ထ်န္းမင္က မ်က္ေမွာင္ႀကံဳ႔သြားကာ နားမလည္ဟန္ျဖင့္ " ဟမ္? " ဟုျပန္ေမးသည္။
ဖုန္းယြိဟန္ ထိုျမင္ကြင္းအား ေပ်ာ္ေပ်ာ္ႀကီး ၾကည့္ေနမိသည္ ။ ရႊမ္ထ်န္းမင္က ၀တ္ေနၾကျဖစ္ေသာ ခရမ္းေရာင္ပိုးထည္အက်ႌကိုသာ ၀တ္ဆင္လာတာျဖစ္၍ ထိုအျပင္အဆင္သည္ ၀မ္းနည္းေၾကာင္းျပရန္လာသူႏွင့္ လံုး၀မတူေပ ။ ပုမိသားစုကလည္း ဖုန္းခ်န္းယြီလိုပင္ ကမ႓ာႀကီးက သူတို႔ကိုသာ ဗဟိုျပဳ၍ လွည့္ပတ္ေနတာဟု ထင္ေနသည့္ပံုပင္ ။
ရႊမ္ထ်န္းမင္၏ ျပန္ေမးသံေၾကာင့္ ပုပိုင္ခ်ီက ေတာင့္တင္းသြားေလ၏။ ရႊမ္ထ်န္းမင္၏ ဆိုလိုရင္းကို နားမလည္ေသာ္ျငား ျပန္လည္းမေမးရဲသျဖင့္ ထိုေနရာတြင္သာ တုပ္တုပ္မလႈပ္ဘဲ တိတ္တဆိတ္ရပ္ေနေလ၏။
ရႊမ္ထ်န္းဟြာက ၀င္ရွင္းျပလာသည္။ " အမတ္ပု(ပုပိုင္ခ်ီ) အထင္မွားေနပါၿပီ ၊ ကိုယ္ေတာ္နဲ႔ ညီေတာ္ကိုးက ၿမိဳ႔ေတာ္အျပင္က စစ္တန္းလ်ားကိုသြားေနရင္း ဒီလမ္းကေန ျဖတ္သြားရံုပါ ၊ ခယ္မေလးက သခင္မႀကီးဖုန္းနဲ႔အတူ ၀မ္းနည္းေၾကာင္းျပဖို႔အတြက္ ဒီကိုလာတယ္လို႔ၾကားလို႔ ကိုယ္ေတာ္တို႔က သူမကို လာေတြ့တာပါ "
လ်ွာက္ိုရွည္လြန္းတယ္ဟု ကိုယ့္ကိုယ္ကို တိတ္တဆိတ္က်ိန္ဆဲလိုက္ရင္း ပုပိုင္ခ်ီမွာ ေခြၽးေစးမ်ားျပန္လာေတာ့သည္ ။ သူ ေျပာမိတာမ်ားေလ အမွားမ်ားမ်ား လုပ္မိေလ ျဖစ္ေနေလ၏။
ရႊမ္ထ်န္းမင္ကလည္း ထူးဆန္းသည့္ အေငြ့အသက္မ်ားပါေသာ မူပိုင္ေလသံျဖင့္ စကားဆိုလာေတာ့သည္ ။ " ကိုယ္ေတာ္လာခဲ့လို႔ ေတာ္ေသးတာေပါ့ ၊ မဟုတ္ရင္ ခင္ဗ်ားတို႔က ကိုယ္ေတာ့္ရဲ့ ဟန္ဟန္ေလးကို ေသတဲ့အထိ အႏိုင္က်င့္ၾကမလို႔လား ။ " ေျပာၿပီးေနာက္တြင္ လက္ကမ္းေပးလာသျဖင့္ ဖုန္းယြိဟန္လည္း ေလ်ွာက္သြားၿပီး လက္ဆန္႔ကာ သူမ၏လက္ေလးမ်ားကို ထိုလူ၏လက္ဖဝါးႀကီးထဲသို႔ ထည့္ေပးလိုက္ေတာ့သည္။ ရႊမ္ထ်န္းမင္က ၾကင္ယာေတာ္ပုအား လွမ္းေမးေလသည္။ " ပုပိုင္ဖ်င္း ၊ ခင္ဗ်ားက ဒီအတိုင္းလွဲေနရတာကို စိတ္ကုန္ေနလို႔ မ်က္လံုးမိွတ္ၿပီး လွဲေနခ်င္တာမ်ားလား "
ဖုန္းယြိဟန္ ေအာ္ရယ္မိေတာ့မလို ျဖစ္သြား၍ အျမန္ေခါင္းကိုငံု႔ကာ ႀကိတ္ရယ္လိုက္ရသည္ ။ သူမကမွ အနည္းႏွင့္အမ်ား ပုမိသားစုအား ဂုဏ္သိကၡာေလး နည္းနည္းေလာက္ ခ်န္ထားခဲ့ေပးေသးသည္ ။
မ်က္လံုးမိွတ္ၿပီး လွဲေနတယ္ဆိုတာက လူေသကိုေျပာေနတာေလ မဟုတ္ဘူးလား ။
ႀကီးျမတ္လွပါခ်ည္ရဲ့ဆိုေသာ ေတာ္၀င္ၾကင္ယာေတာ္ေခါင္းေဆာင္မွာ ရႊမ္ထ်န္းမင္၏စကားေၾကာင့္ ေျပာစရာစကား မဲ့သြားေလေတာ့သည္။ " ဆႏၵရိွရင္ ကိုယ္ေတာ္ ျဖည့္ဆည္းေပးႏိုင္တယ္ေနာ္ "
ပိုပိုင္ဖ်င္း၏မ်က္ႏွာထက္တြင္ ေၾကာက္ရြံ႔မႈမ်ား အထင္းသားေပၚလာေတာ့သည္ ။ အရွင္မင္းႀကီး၏ ခ်စ္ျမတ္ႏိုးျခင္းခံရသည္ဟူေသာ ၾကင္ယာေတာ္အား ရႊမ္ထ်န္းမင္က ၾကာပြတ္တစ္ခ်က္အေဝ႔ွတြင္ ဇီဝိန္ေႁခြေပးခဲ့သည္ကို သူမ မွတ္မ္ိေနေသးသည္ ။ ရႊမ္ထ်န္းမင္သည္ မ်က္ေတာင္တစ္ခ်က္ မခတ္ဘဲ ၾကာပြတ္ကိုရမ္းခဲ့တာျဖစ္၍ ရက္စက္လြန္းသည့္ ျမင္ကြင္းဟုဆိုရေပမည္ ။
ပို၍ေၾကာက္စရာေကာင္းသည္က အရွင္မင္းႀကီးက တစ္ခြန္းေလးေတာင္ ဆူပူႀကိမ္းေမာင္းျခင္း မရိွခဲ့ျခင္းပင္ ။ ထိုခ်စ္ခင္ခံရပါသည္ဟူေသာ ၾကင္ယာေတာ္အား ခ်က္ခ်င္းပင္ ဆြဲထုတ္သြားကာ ေျမျမႇဳပ္ခိုင္းခဲ့ၿပီး ယခင္က ခ်စ္ခင္ခဲ့ဖူးသည္ဆိုသည္က တိမ္မ်ားေလလြင့္၍ ျပယ္သြားသည္ထက္ပင္ လ်င္လ်င္ျမန္ျမန္ ေပ်ာက္ကြယ္သြားခဲ့ေလသည္ ။ ထိုၾကင္ယာေတာ္၏ ၄၅ေယာက္ေသာ မိသားစု၀င္မ်ားအားလံုးပင္ အသက္ဆံုးရႈံးခဲ့ရတာျဖစ္သည္။
အရွင္မင္းႀကီး၏ စိတ္ထဲတြင္ မိန္းမမ်ားႏွင့္ သားမ်ား၏တန္ဖိုးက မတူညီသည္ကို သူမ သိသည္ ။ အထူးသျဖင့္ သားသမီးမရိွေသာ သူမလိုမိန္းမမ်ိဳးသည္ ပို၍ပင္ တန္ဖိုးနည္းေနေပလိမ့္မည္ ။
ပုမိသားစု၀င္မ်ားမွာ အသံတစ္သံ မထြက္ရဲၾက ။ အသံထြက္မည္စိုး၍ ကေလးမ်ား၏ပါးစပ္ကိုပင္ အုပ္ထားၾကေလသည္။ ထိုေဘးဒုကၡနတ္ဘုရားအား စိတ္အေနွာင့္အယွက္ ျဖစ္ေစမည့္ စကားမ်ားကို ေျပာမိသြားၾကမည္စိုး၍ ျဖစ္ေပသည္ ။
သို႔ပါေသာ္လည္း ေဘးဒုကၡနတ္ဘုရားကမူ သူတို႔အား တစ္ခ်က္ေလးပင္ အဖက္မလုပ္ပါဘဲ အနာဂတ္ဇနီးေလာင္းေလးႏွင့္ စကားေျပာျခင္းကိုသာ စိတ္ႏွစ္ထားေလသည္။ သို႔ေသာ္လည္း စကားလံုးမ်ားကေတာ့ ႏူညံ့ေနျခင္း မရိွေပ ။ " ဒုတိယအဆင့္အမတ္တစ္ေယာက္ ေသတာကို မင္းက ဘာအေၾကာင္းနဲ႔ ေရာက္လာၿပီး ၀မ္းနည္းေၾကာင္းျပေနရတာလဲ "
" နည္းနည္းပါးပါး စာနာေၾကာင္း ျပမလို႔ေပါ့ "
" မင္းအေဖက ပထမအဆင့္အမတ္ေလ ၊ လက္ရိွတာ၀န္ထမ္းေဆာင္ေနတဲ့ အမတ္ခ်ဳပ္တစ္ေယာက္ေလ ၊ အဲ့ဒါကို ဘာလို႔ မင္းအေဖက ဒုတ္ိယအဆင့္အမတ္ေလးတစ္ေယာက္ကို စာနာျပေနရတာလဲ "
" ရွင္ အဲ့လိုေျပာလို႔မရဘူးေလ ၊ သူတို႔ႏွစ္ေယာက္လံုးက ခမည္းေတာ္ရဲ့ အမတ္ေတြပဲေလ ၊ ဒါေၾကာင့္ သူတို႔က ပူးပူးေပါင္းေပါင္းနဲ႔ သဟဇာတျဖစ္ေအာင္ ေနဖို႔လိုတယ္ေလ ! "
" လူကျဖင့္ ေသေနၿပီကို မင္းအေဖက ဘယ္သူနဲ႔ ေပါင္းသင္းၿပီး သဟဇာတျဖစ္ေအာင္ ေနခ်င္ေနတာလဲ ၊ ဘာလဲ ဖုန္းက်င္းယြမ္ကလည္း အသက္ရွင္ရတာ ၾကာေနၿပီမို႔လို႔ မရွင္ခ်င္ေတာ့လို႔လား "
ဖုန္းယြိဟန္ ရႊမ္ထ်န္းမင္အား အၾကည့္စူးစူးတစ္ခ်က္ ေပးလိုက္ေတာ့သည္။ " လူအမ်ားႀကီးေရ႔ွမွာ စကားေျပာေနတာေနာ္ ၊ စကားကိုၾကည့္ေျပာ "
" အင္း ... မင္းတို႔မိသားစုက ပုမိသားစုကို မ်က္ႏွာသာေပးေနေပမယ့္ သူတို႔က အရွက္မရိွလို႔ မလိုခ်င္ၾကမွေတာ့ အထဲထိ၀င္မေနနဲ႔ေတာ့ ၊ အိမ္ျပန္ၿပီး ေဟာ္ယီေလးကို သြားယူၾကရေအာင္ ၊ ကိုယ္ မင္းကို စစ္တန္းလ်ားကို အလည္လိုက္ျပေပးမယ္ "
ထိုႏွစ္ၪီးမွာ အျပင္လူမ်ားရိွမေနသကဲ့သို႔ စကားေျပာေနၾကတာျဖစ္ၿပီး ယင္းစကားဝိုင္းမွေန သတင္းေတာ္ေတာ္မ်ားမ်ားကို သိလိုက္ရၾကေလ၏။ အထူးသျဖင့္ ေနာက္ဆံုးပိုင္းပင္ ျဖစ္ေခ်သည္ ။ ဖုန္းယြိဟန္၏လက္ထဲတြင္ ေဟာ္ယီေလး ရိွေနသည္ကို သိသြားေသာအခါ ပုမိသားစု၀င္မ်ားသည္ အံ့အားသင့္သြားၾကေတာ့သည္ ။
ပုနင္ရွန္းကမူ ပို၍ပင္ မခံခ်ိမခံသာ ျဖစ္သြားေတာ့သည္ ။
ျမႇားပစ္ၿပိဳင္ပြဲေၾကာင့္ ဖုန္းယြိဟန္သည္ ဇာမဏီဆံထိုးကို ပိုင္ဆိုင္ခြင့္ရခဲ့ရံုတင္မကဘဲ ေဟာယီေလးကဲ့သို႔ေသာ ရတနာကိုပါ လက္၀ယ္ရသြားခဲ့ေလသည္။
သခင္မႀကီးပုက သူမအား စိုက္ၾကည့္ေနသျဖင့္ ပုနင္ရွန္းမွာ ေခါင္းကိုသာ ငံု႔ထားလိုက္မိသည္။ သူမ မရႈမလွ ရႈံးသြားခဲ့သည္ကို သူမလည္း သိေပသည္ ။
" အခုေတာ့ မဟုတ္ေသးဘူး " ဖုန္းယြိဟန္က ရႊမ္ထ်န္းမင္၏လက္ကို လႊဲကာေဆာ့ေနရင္းျဖင့္ ျပန္ေျဖသည္။ " ေရာက္လာမွေတာ့ အထဲ၀င္ၿပီး အေမႊးတိုင္ပူေဇာ္သြားလိုက္ၪီးမယ္ ၊ အဲ့ေန့တုန္းက အမတ္ပုက ကြၽန္မမ်က္စိေရ႔ွမွာတင္ ဆံုးသြားတာဆိုေတာ့ ဒီေလာက္ေတာ့လုပ္ေပးမွ ကြၽန္မလည္း စိတ္ေအးရမွာေပါ့ "
" အဲ့ဒါဆိုလည္း ရတယ္ေလ " ရႊမ္ထ်န္းမင္၏ အၾကည့္မ်ားက တစ္ခ်က္ေလးပင္ ေနရာေရြ့သြားျခင္းမရိွဘဲ အနာဂတ္ဇနီးေလာင္းေလးထံတြင္သာ ကပ္ေနေလ၏။ " ဒါေပမယ့္ အထဲကို၀င္မယ္ဆိုရင္ ေတာ္၀င္မ်ိဳးႏြယ္ရဲ့ အရိွန္အဝါကိုေတာ့ မေလ်ာ့ေစနဲ႔ေနာ္ ၊ မဟုတ္ရင္ ကိုယ္မ်က္ႏွာပ်က္ရလိမ့္မယ္ ၊ ၿပီးေတာ့ ခမည္းေတာ္ကို ပိုၿပီးေတာ့ေတာင္ မ်က္ႏွာပ်က္ေစလို႔ မျဖစ္ဘူး ! "
" ကြၽန္မ သိပါတယ္ " ဖုန္းယြိဟန္လည္း ၿပံဳးျပကာ နာနာခံခံပဲ ျပန္ေျဖေပးလိုက္သည္။
ဤကဲ့သို႔ နာခံေနသည့္ဟန္မွာ ရွားလြန္းသျဖင့္ ရႊမ္ထ်န္းမင္ လက္ဆန႔္ထုတ္ကာ ထိုေကာင္မေလးအား ေခါင္းကို ခပ္ဖြဖြ ပုတ္ေပးလိုက္မိသည္ ။ ပုနင္ရွန္းက ၀င္ေမးလာသည္ ။ " အရွင့္သား ၊ ဒုတိယသခင္မေလးဖုန္းကို ေမာက္မာတယ္လို႔ မထင္မိဘူးလား "
ရႊမ္ထ်န္းမင္က ေဒါသထြက္သြားျခင္းလည္း မရိွသလို ျပန္လည္းမျငင္းပါဘဲ အေမးစကားသာ ျပန္ဆိုလာသည္။ " ကိုယ္ေတာ္က သူမေလးကို အဲ့လိုျဖစ္ေအာင္ ထားရတာကို ေပ်ာ္တယ္ေလ ၊ ဘာလဲ မင္းက မေက်နပ္လို႔လား "
ပုနင္ရွန္း၏ မ်က္ႏွာထက္တြင္ မနာလိုအားက်ေနေသာ အၾကည့္မ်ား ေပၚလာေတာ့သည္။ သူမတို႔ႏွစ္ေယာက္လံုးသည္ မင္းသားမ်ားႏွင့္ ေစ့စပ္ထားၾကတာျဖစ္ေသာ္လည္း ဘာလို႔ မင္းသားေလးက သူမအား မင္းသားကိုးမွ ဖုန္းယြိဟန္အေပၚ ေကာင္းေပးသေလာက္ မေကာင္းေပးရတာလဲ ။
ပုနင္ရွန္းက မေက်မနပ္ ျဖစ္ေနေလ၏ !
ရႊမ္ထ်န္းမင္ႏွင့္ ရႊမ္ထ်န္းဟြာက အၾကာႀကီး ဆက္မေနေတာ့ဘဲ ဖုန္းယြိဟန္ကို ႏႈတ္ဆက္ၿပီးေနာက္တြင္ ရထားလံုးေပၚသို႔ ျပန္တက္သြားၾကေတာ့သည္။
အားလံုးလည္း ဒူးေထာက္လိုက္ၾကရကာ ထြက္ခြာသြားေသာ မင္းသားႏွစ္ပါးကို လိုက္ပို႔လိုက္ၾကရသည္ ။ ရထားလံုးက စထြက္သြားၿပီဆ္ိုမွသာ ပုမိသားစု၀င္မ်ားမွာ သက္ျပင္းခ်ရဲၾကေလသည္ ။
သို႔ေသာ္လည္း ထြက္ခြာေနၿပီျဖစ္ေသာ ရထားလံုးေပၚမွ ရႊမ္ထ်န္းမင္၏အသံကို ၾကားလိုက္ၾကရျပန္သည္။ " ပုမိသားစု၀င္ေတြ ၿပီးရင္ ဖုန္းအိမ္ေတာ္ကိုသြားၿပီး ကြယ္လြန္သြားတဲ့ သခင္မကို ၀ပ္တြားၿပီး ဂါ၀ရသြားျပဳဖို႔ မေမ့ၾကနဲ႔ေနာ္ ၊ အိမ္ေတာ္တံခါး၀ကေနစၿပီး အထိမ္းအမွတ္ေက်ာက္တိုင္အထိ ၀ပ္တြားၿပီး ဒူးေထာက္သြားၾက ၊ တစ္လွမ္းေလးေတာင္ မေလ်ာ့ေစနဲ႔ေနာ္ "
ထိုစကားအဆံုးတြင္ ရႊမ္ထ်န္းဟြာ၏အသံကိုလည္း ၾကားလိုက္ၾကရေပသည္ ။ ပုနင္ရွန္းကို ရယ္ရြယ္၍ ေျပာလာျခင္း ျဖစ္သည္။ " မိန္းကေလးေတြက အရမ္းႀကီး ရန္လိုေနရင္ မေကာင္းေပမယ့္ တစ္ခါတစ္ရံၾကရင္ ခ်ဳပ္တည္းထားေလေလ ဆံုးရႈံးဖို႔လြယ္ေလေလ ျဖစ္လာလိမ့္မယ္ "
ပုနင္ရွန္းက ေခါင္းကိုသာ ငံု႔ထားၿပိး ရႊမ္ထ်န္းမင္က ဖုန္းယြိဟန္အား ဘယ္ေလာက္ထိ အလိုလိုက္ဆက္ဆံေပးသည္ ဆိုေသာအေၾကာင္းမ်ားကိုသာ ေတြးေနေလ၏။ ပိုေတြးမိေလေလ ပို၍မေက်မနပ္ျဖစ္လာေလ ျဖစ္ေနေလသည္ ။
ၾကင္ယာေတာ္ေခါင္းေဆာင္ ပုပိုင္ဖ်င္းမွာမူ ယခင္ႏွင့္မတူေတာ့ဘဲ မာန္ေလ်ွာ့လိုက္ရၿပီျဖစ္သည္။ ထမ္းစင္ေပၚတြင္ ပက္လက္လွဲေနရင္း ေကာင္းကင္ကိုသာ အသက္မဲ့ေနေသာ မ်က္၀န္းမ်ားျဖင့္ ေငးေနေလ၏။
အေက်နပ္ဆံုးျဖစ္ေနသူမွာ သခင္မႀကီးဖုန္းဟု ဆိုရေပမည္ ။ သူမက မူလတြင္ မင္းသားကိုးက ဖုန္းအိမ္ေတာ္ကိုသာ ပစ္မွတ္ထားေနတာျဖစ္သည္ဟု ထင္ေနခဲ့တာျဖစ္သည္။ ယခုမွသာ မင္းသားကိုးက ဖုန္းယြိဟန္အား ဆိုးဆိုးဝါးဝါး ဆက္ဆံသည့္ မည္သူ႔ကိုမဆို အလြတ္မေပးတာျဖစ္ေၾကာင္းကို သိလိုက္ရေလသည္။ ပုမိသားစုဆိုေတာ့ေရာ ဘာျဖစ္လဲ ။ ၾကင္ယာေတာ္ေခါင္းေဆာင္ဆိုေတာ့ေရာ ဘာအေၾကာင္းလဲ ။ ေနာက္ဆံုးမွာ သူတို႔လည္း စိတ္ၫွင္းပန္းခံရၿပီး စကားတစ္ခြန္းေတာင္ ျပန္မေျပာႏိုင္ဘဲ က်န္ခဲ့ရတာပဲ မဟုတ္ဘူးလား ။
သခင္မႀကီး ထိုသို႔ေတြးမိသျဖင့္ ဖုန္းယြိဟန္က ဖုန္းမိသားစုအတြက္ အမ်ားႀကီး လုပ္ေပးထားတာပဲဟု သေဘာေပါက္သြားကာ ဆြဲေခၚ၍ ခ်ီးမြမ္းစကားေျပာေပးလိုက္ခ်င္ေသာ္လည္း လွည့္ၾကည့္လိုက္သည့္အခါတြင္ ထြက္ခြာသြားေသာ ရထားလံုးကိုၾကည့္ကာ ရွက္ရိပ္သန္းေနေသာ ဖုန္းခ်န္းယြီကို ေတြ့လိုက္ရေလသည္။
ဖုန္းခ်န္းယြီ၏ ခံစားခ်က္မ်ားအေၾကာင္းကို ဖုန္းက်င္းယြမ္ ေျပာျပခဲ့ဖူးသည္အား သူမ သတိရသြားမိသည္ ။ သခင္မႀကီးလည္း စိတ္ကို ေလ်ွာ့ထားလိုက္ရၿပီး ဖုန္းခ်န္းယြီအား လက္မွဆြဲေခၚလိုက္မွသာ ထိုေကာင္မေလးက အသိျပန္ကပ္လာေလသည္။
ယခုအခ်ိန္ၾကမွ ၾကင္ယာေတာ္ေခါင္းေဆာင္က ဖုန္းခ်န္းယြီကို သတိထားမိသြားၿပီး အျပစ္ရွာလာမည္ဟု ဘယ္သူကမွ မေမ်ွာ္လင့္ထားခဲ့ၾကေပ ။ ဖုန္းခ်န္းယြီ၏ မ်က္ႏွာကို အၾကာႀကီး စိုက္ၾကည့္ေနၿပီးေနာက္တြင္ " ဖုန္းမိသားစုကလူေတြ အကုန္လံုးက အတင့္ရဲလြန္းတဲ့ သူေတြခ်ည္းပဲလား " ဟူ၍ ေမးလာေလသည္။
သမီးျဖစ္သူ၏ စကားေၾကာင့္ သခင္မႀကီးပုမွာ အၾကၫ့္တစ္ခ်က္ လွမ္းေပးရင္း ဟန္႔လိုက္ကာ တိုးတိုးေလး သတိေပးလိုက္ရသည္ ။ " ညည္းအေဖက မရိွေတာ့ဘူးေနာ္ ၊ ျပႆနာ ထပ္ရွာမေနနဲ႔ "
ပုပိုင္ဖ်င္းက လက္မခံခ်င္ ။ " အေမ ဖုန္းမိသားစုက ပထမသခင္မေလးက ေတာ္၀င္အမိန္႔ေတာ္ကို ဆန႔္က်င္ေနတာေလ ! "
ထိုစကားမ်ားကို အံ့အားသင့္သြားၾကေသာ္လည္း ဘာကိုဆိုလိုေနသည္ကိုမူ တစ္ေယာက္ကမွ နားမလည္ၾကေပ ။
သို႔ေသာ္လည္း ဖုန္းယြိဟန္ကမူ ခပ္ဖြဖြၿပံဳးကာ ၾကင္ယာေတာ္ပုကို ၾကည့္ေနေသာ္လည္း စကား၀င္မေျပာေပ ။ သခင္မႀကီးဖုန္း ႏွလံုးမေဖာက္လာသည္အထိ အေျခအေနမဆိုးေသးသေရြ့ သူမကေတာ့ ေဘးကေနသာ ရပ္ၾကည့္ေနမွာျဖစ္သည္။ ဧကရီ၏ အမိန္႔ထဲတြင္ ဖုန္းခ်န္းယြီအား အိမ္ေတာ္မွထြက္ကာ ဘယ္ေနရာသို႔သြားသြား အနက္ေရာင္ပါးနီကို လိမ္းၿပီးမွ ထြက္ရမည္ဟု ေျပာထားခဲ့ေလသည္ ။ သို႔ေသာ္လည္း ယေန့တြင္မူ ...
" ၾကင္ယာေတာ္မယ္မယ္ ေက်းဇူးျပဳျပီး ခ်န္းယြီ ရွင္းျပတာကို နားေထာင္ေပးပါ ! " ဖုန္းခ်န္းယြီက လ်င္သူျဖစ္၍ ခ်က္ခ်င္းဒူးေထာက္လိုက္ေလသည္ ။ " ခ်န္းယြီက အမိန္႔ေတာ္ကို ဆန္႔က်င္တာ မဟုတ္ရပါဘူး ၊ ဒါေပမယ့္ ဒီေန့က အမတ္ပုရဲ့ နာေရးျဖစ္လို႔ ခ်န္းယြီက အျဖဴေရာင္နာေရး၀တ္စံုကို၀တ္ၿပီး ပန္းအျဖဴေရာင္ကိုေတာင္ ပန္ထားခဲ့ေသးတာပါ ၊ ပါးနီဆိုးဖို႔ လံုး၀ကို မသင့္ေတာ္လို႔ နည္းနည္းေလးေတာင္ ဆိုးထားတာမရိွပါဘူး ၊ မယ္မယ္ စစ္ေဆးခိုင္းလို႔ရပါတယ္ "
ပုပိုင္ဖ်င္းက ျပန္ေျပာမည္အလုပ္တြင္ သခင္မႀကီးပုက ျဖတ္ေျပာလိုက္ေလသည္။ " ပထမသခင္မေလးဖုန္းရဲ့ ၾကင္နာမႈကို ကြၽန္မ နားလည္ပါၿပီ ၊ အားလံုးပဲ ေက်းဇူးျပဳျပီး အိမ္ေတာ္ထဲကို ၀င္ခဲ့ၾကပါ ၊ ပိုင္ခ်ီက ေတာင္းပန္တဲ့အေနနဲ႔ လက္ဖက္ရည္နဲ႔ ဧည့္ခံပါလိမ့္မယ္ " ေျပာၿပီးေနာက္တြင္ သခင္မၾကပုက ပုပိုင္ဖ်င္းအား သတိေပးသလို လွမ္းၾကည့္ေနေလ၏။
ပုပိုင္ဖ်င္းသည္ ငတံုးတစ္ေယာက္ မဟုတ္သျဖင့္ ဘယ္အခ်ိန္တြင္ ရပ္ရမည္ကိုေတာ့ ေသခ်ာသိေပသည္။ မည္သို႔ပင္ဆိုဆို ဖုန္းမိသားစုသည္ ပုမိသားစုထက္ ပို၍အဆင့္အတန္းျမင့္ေပသည္ ။ ၾကင္ယာေတာ္ေခါင္းေဆာင္တစ္ပါးျဖစ္သည့္ သူမ ရိွေနလ်ွင္ေတာင္ သူမသည္ သားသမီးမရိွသူတစ္ေယာက္သာျဖစ္၍ ခဏဝာ ခ်စ္ခင္ခံရေသာ ၾကင္ယာေတာ္မ်ားႏွင့္ ဘယ္လိုမ်ား ကြာျခားမွာတဲ့လဲ ။ အမွန္အတိုင္းေျပာရပါက ပုမိသားစု မွီခိုေနရသည့္လူမွာ ပုပိုင္ခ်ီ၏ တစ္ၪီးတည္းေသာသား ပုကံုးသာျဖစ္ေပသည္။
ပုပိုင္ဖ်င္း ထမ္းစင္ေပၚတြင္သာ ကူကယ္ရာမဲ့စြာ လွဲေနလိုက္ၿပီး မိန္းမစိုးမ်ားကို အခ်က္ျပကာ အိမ္ေတာ္ထဲသို႔ ၀င္သြားလိုက္ေတာ့သည္။
ဖုန္းမိသားစုကလည္း ေနာက္မွလိုက္၀င္လာေလသည္။ ဖုန္းရွန္းရုန္က ေနာက္ဆံုးတြင္ရိွေနၿပီး လက္ဖဝါးမ်ား၌ ေခြၽးမ်ားစို႔ေနေလ၏။ သူမ သတၲိေလး နည္းနည္းေလာက္ျဖစ္ျဖစ္ ပိုရိွသင့္ေနၿပီဟု ထင္မိသည္။ ဒုတိယအစ္မ၏ ေနာက္သို႔လိုက္ကာ အျပင္ထြက္တိုင္း တစ္ေခါက္ေလးေတာင္ ေအးေအးခ်မ္းခ်မ္း ျဖစ္ခဲ့ဖူးျခင္းမရိွသျဖင့္ သည္အတိုင္းသာ ဆက္ျဖစ္ေနပါက သူမ အေၾကာက္လြန္ၿပီး ေသသြားေပလိမ့္မည္ ။
ၾကင္ယာေတာ္ပုအား ႀကိဳဆိုရန္ အားလံုးထြက္လာၾကတာျဖစ္၍ ခန္းမေဆာင္ထဲ၌ က်န္ေနခဲ့သည္က အေစခံမ်ားသာ ျဖစ္သည္။ သို႔ေသာ္လည္း ထိုအေစခံမ်ားက စကၠူစမ်ား မီးရိႈ႔ေပးျခင္းကို မရပ္လိုက္ၾကသျဖင့္ ခန္းမေဆာင္ထဲတြင္ ထိုအနံ႔မ်ားျဖင့္ ျပည့္လို႔ေနသည္ ။
သို႔ျဖစ္၍ ျပန္၀င္လာေသာအခါတြင္ ပုမိသားစု၀င္မ်ားသည္ အေစခံမ်ား၏ေနရာတြင္ ျပန္၀င္လိုက္ၿပီး မီးဆက္ရိႈ႔ေပးေနၾကေတာ့သည္။ သခင္မႀကီးဖုန္းက ေျမးသံုးေယာက္ႏွင့္အတူ အေမႊးတိုင္ပူေဇာ္ၿပီးေနာက္ ခြက္ထဲတြင္ စိုက္ထားလိုက္ေလသည္။ အားလံုးက အဆင္ေျပေနသည္ဟု ထင္ရေသာ္လည္း ဖုန္းယြိဟန္က အေမႊးတိုင္ကို စိုက္လိုက္ေတာ့မည့္အခ်ိန္တြင္ ကေလးတစ္ေယာက္က သူမကို ၀င္တိုက္လိုက္သျဖင့္ အေမႊးတိုင္သည္ သူမလက္ထဲမွ ျပဳတ္က်သြားၿပီး စကၠူစေလးကို မီးစြဲသြားေစသျဖင့္ မီးေတာက္မ်ားထလာေတာ့သည္။
ပုမိသားစုက အေစခံတစ္ေယာက္က အျမန္ပဲေျပးလာၿပီး မီးလာၿငႇိမ္းလိုက္ေလသည္။ ပုပိုင္ခ်ီက ထိုကေလးကို ဆူေတာ့သည္။ " ဒီေနရာကို ဘယ္ေနရာထင္ေနလို႔ ေလ်ွာက္ေျပးေနရတာလဲ "
ကေလးေလးက လန္႔သြားၿပီး ေအာ္ငိုေတာ့သည္ ။ ဖုန္းယြိဟန္ကမူ စိတ္ထဲမထားဘဲ ျပန္၍ၿပံဳးသာၿပံဳးျပလိုက္သည္။ " ကေလးပဲဟာ ဘယ္နားလည္ပါ့မလဲ ၊ အမတ္ပု(ပုပိုင္ခ်ီ) သူ႔ကိုမဆူပါနဲ႔ေတာ့ ၊ ဒါေပမယ့္ ကေလးေတြကို ေသခ်ာေတာ့ ဂရုစိုက္သင့္ပါတယ္ ၊ အထူးသျဖင့္ ဒီလိုေနရာမ်ိဳးမွာဆိုရင္ေပါ့ ၊ ခုနက ၀င္တိုက္သြားတာက အေမႊးတိုင္ေလးတစ္ေခ်ာင္းပဲမို႔ ေတာ္ေသးတာေပါ့ မေတာ္လို႔ မီးလင္းဖိုသာဆိုရင္ ျပႆနာေတာ့ တက္ေတာ့မွာပဲ ၊ အားဟန္တို႔အေမရဲ့ နာေရးတုန္းက ၀မ္းနည္းျခင္းခန္းမေဆာင္ဆိုရင္ အခုလိုပဲ မီးေလာင္ရာကေနစၿပီး ျပာက်သြားတာေလ ၊ ဟူး ...ေျပာျပရရင္ သူမရဲ့ ရုပ္အေလာင္းပါ မီးထဲပါသြားေတာ့တာပါပဲ "
" သခင္မေလးဖုန္း ေက်းဇူးျပဳျပီး စကားကိုဆင္ျခင္ေပးပါ ! " သခင္မႀကီးပုက ေဒါသထြက္လာေတာ့သည္။
သို႔ေသာ္လည္း ဖုန္းယြိဟန္ကမူ စိတ္မဆိုးဘဲ ျပန္ၿပံဳးျပလာေလသည္။ " ဒီအေၾကာင္းေတြက တကယ္ပဲ နားမခံသာစရာေတြဆိုေတာ့ သခင္မႀကီး အားဟန္ကို ခြင့္လႊတ္ပါေနာ္ "
ဖုန္းယြိဟန္ အေမႊးတိုင္ကို ေသခ်ာေလးစိုက္လိုက္ၿပီးေနာက္တြင္ ေဘးသို႔ကပ္ကာ သခင္မႀကီးကိုေစာင့္ရန္ ျပင္လိုက္ေသာ္လည္း သူမကို ၀င္တိုက္ခဲ့ေသာ ကေလးက ေျခထိုးခံလိုက္သျဖင့္ ဖုန္းယြိဟန္မွာ အနည္းငယ္ ဟန္ခ်က္ပ်က္ၿပီး ယိုင္သြားေတာ့သည္ ။ သို႔ေသာ္လည္း တစ္စံုတစ္ေယာက္က သူမ၏လက္ေမာင္းမွ ဆုပ္ကိုင္ကာ ထိန္းေပးလိုက္ၿပီး ေခါင္းထက္မွေန ေဒါသသံနည္းနည္းပါသည့္ " သတိထား " ဟူ၍ ေျပာသံက္ို ၾကားလိုက္ရေလသည္ ။
*******