Lovely little Wifey !!🔞 warn...
By ivy_romance
418K 4.2K 101
Daddy type မို့ roလဲ ro ကြမ်းလဲကြမ်းပါမယ်နော် 🌚🔞 warning 18+မို့ 18အထက်‌တွေ ဖတ်ပေးနော်.. ...Author/Writer b... More
Lovely little Wifey PART-1
Lovely little Wifey PART-2
Lovely little Wifey PART-3
Lovely little Wifey Part-4
Lovely little Wifey Part-5
Lovely little Wifey Part-6
Lovely little Wifey Part-7
Lovely little Wifey Part-8
Lovely little Wifey Part-9🔞🔞
Lovely little Wifey Part-10
Lovely little Wifey Part-11🔞🔞
🙏🏻❣️
Lovely little Wifey Part-12
Lovely little Wifey Part-13
Lovely little Wifey Part-14🔞🔞
Lovely little Wifey Part-15
🥺🙏🏻❣️
Lovely little Wifey Part-17
Lovely little Wifey Part-18(final)
Lovely little Wifey Part-16
10.1K 124 2
By ivy_romance
ငယ့်နာမည်ကို ခေါ်သံနှင့် အတူ လက်ပေါ်က နွေးထွေးမူးကို ခံစားလိုက်ရသည်။မျက်လုံးဖွင့်ကြည့်လိုက်တော့ ဦး...
ဦးကို ချက်ချင်း ထဖက်လိုက်ချင်ပေမယ့်လဲ ခေါင်းထဲက ရီဝေပီး ကိုက်ခဲနေတာကြောင့် ငယ် မထနိုင်ခဲ့။ဦး သိနေတယ် ထင်သည်။ငယ့်ကို ပွေ့ချီကာ အခန်းထဲ ခေါ်သွားပေးသည်။
မွေ့ရာပေါ်မှာ အိပ်ပျော်နေသည့် ငယ့်ရဲ့ နဖူးပြင်ကို တစ်ချက်နမ်းကာ စောင်ခြုံပေးပီး ဦး ထွက်သွားသည်။ခနကြာတော့ ငယ်နိူးလာသည်။ခေါင်းထဲမှာတော့ ရီဝေဝေပင်။နာရီကြည့်လိက်တော့ မနက်3နာရီ ရှိပီ။
"ဦး..."
"ဟင် ငယ် အိပ်မပျော်လို့လား ခေါင်းကိုက်နေသေးလား"
ငယ်က အခန်းတံခါးနားမှ ခေါင်းယမ်းပြရင်း အခန်းထဲသို့ ဝင်လာခဲ့သည်။
"ခုထိ အလုပ်မပီးသေးတာလား"
အလုပ်ထိုင်ခုံမှာ ထိုင်နေတဲ့ ဦးရဲ့ ပေါင်ပေါ်မှာ ဦးနဲ့ မျက်နှာချင်းဆိုင် ထိုင်လိုက်ပီး ပုခုံးပေါ်ကို ငယ်ရဲ့ မေးလေးတင်ကာ မေးလိုက်သည်။ဦးကလဲ ငယ့်ကို ပြန်ဖက်ထားပီး
"အွန်း ခနနေပီးပီ "
"ငယ်နဲ့ စကားပြောဖို့ အားလား"
"ကဲ ပြော ဘာပြောချင်လဲ"
"ဦး ငယ့်ကို ဖုံးကွယ်ထားတာ ရှိလား"
ထိုမေးခွန်းကြောင့် ဦးအနည်းငယ် တုန်လှုပ်သွားသည်။
"ဘာလို့လဲ ငယ်"
"ငယ် မေးတာကို ဖြေပါ...မေးခွန်းတွေ ပြန်မမေးနဲ့"
ငယ့်ရဲ့ အသံအနေအထားတွင် ဒေါသများပါလာသည်ကို ဦးသတိမိပါသည်။
"ငယ် မနက်ကျောင်းရှိတယ်မလား သွားအိပ်တော့ မနက်ခေါင်းမူးနေမယ်"
"ဦး စကားလမ်းကြောင်း မလွှဲနဲ့ ငယ် မေးတာကို ဖြေ"
"ငယ်က ဘာကို ဖြေစေချင်တာလဲကွာ"
"ဘာလဲ မေးတာကို မဖြေချင်တာလား မဖြေနိုင်တာလား"
"ငယ် ဘာဖြစ်နေလဲ အဲ့လောက်ထိ မသိချင်ပါနဲ့ကွာ"
ပေါင်ပေါ်ထိုင်နေရာက ငယ် ချက်ချင်း ထရပ်လိုက်ကာ
"ဪ...မသိချင်ပါနဲ့တဲ့လား..ငယ်လဲ အ့လောက် ဦးခန့်မင်းထည်ရဲ့ ‌အကြောင်းတွေ မသိချင်ပါနဲ့ ငယ်နဲ့ ပတ်သက်နေတဲ့ ကိစ္စမို့ သိချင်တာ"
"ဘာကိစ္စလဲ ငယ်နဲ့ ဘာတွေပတ်သက်နေလို့လဲ"
"မသိဘူးပေါ့ ရတယ်လေ ဦးမပြောမှတော့ ငယ်ပြောပြမယ် မေရီဆိုတဲ့ အရင်က ရည်းစားဟောင်း အကြောင်းမပြောပြချင်ဘူးလား"
"ငယ် ဘယ်လိုသိတာလဲ"
"တကယ်လို့ ငယ်သာမသိခဲ့ရင် ဦးကိုယ်တိုင်ပြောပြဖို့ စိတ်ကူးရော ရှိရဲ့လား"
"ကိုယ် ရှင်းပြမယ် ငယ်"
"ဘာကို ရှင်းပြမှာလဲ အဲ့မေရီဆိုတဲ့ အမျိုးသမီးနဲ့ ရုပ်ချင်းဆင်နေတဲ့ ငယ်သွေးသျှန်ကို အစားထိုးအဖြစ်ခေါ်ထားတယ် ဆိုတာလား"
"အ့လို မဟုတ်ဘူး ငယ် ထင်ရာ လျှောက်မတွေးနဲ့"
"ငယ် ထင်ရာ လျှောက်တွေးတာ မဟုတ်ဘူး ဦးသေချာ စဉ်းစားကြည့်ပေါ့ ငယ်နဲ့ စတွေ့တွေ့ချင်း မေရီလို့ခေါ်တယ် လူကြားသူကြားထဲလဲ အဲ့မေရီ ဟုတ်မဟုတ် သိချင်တာနဲ့ ငယ့်အရှက်ကို မကြည့်ဘဲ ဆွဲလားရမ်းလား လုပ်သေးတယ် ပီး ဦးအခန်းကို ပထမဆုံး ငယ်ဝင်လာတော့ စားပွဲပေါ်မှာ ထောင်ထားတဲ့ဓာတ်ပုံကို ချက်ချင်းမှောက်အုပ်လိုက်တယ် အဲ့ဓာတ်ပုံက သူ့ရဲ့ဓာတ်ပုံမို့လား"
"ဟုတ်တယ် သူ့ဓာတ်ပုံဟုတ်တယ် ဒါမယ့် ငယ်ထင်သလို မဟုတ်ဘူး"
"အ့ဆို ငယ့်ကို ဘာလို့ အိမ်ခေါ်လာလဲ ပြောလေ"
"အစကတော့ ဟုတ်တယ် မေရီနဲ့ တူလို့ ခေါ်လာတာ ဒါမယ့် ကိုယ် ငယ့်ကို တကယ်ချစ်တာပါကွာ"
"ဦးကို ငယ်က ဘယ်လိုယုံရမှာလဲ သူ့ရဲ့ ဓာတ်ပုံတွေ သူ့ရဲ့ စာတွေတောင် ရှိနေသေးတာ ငယ့်ကို သူ့နေရာမှာ အစားထိုးတာ မဟုတ်ဘူးဆိုတာ ဘယ်လိုယုံရမှာလဲ"
"မဟုတ်ဘူး ငယ် အစားထိုးတာ မဟုတ်ဘူးနော် ငယ် မငိုပါနဲ့ကွာ"
"ငယ့်ကို မထိနဲ့ အမြဲတမ်း ငယ့်ဘဝမှာ ငယ်ချစ်ရတဲ့သူတွေကို ဘယ်တော့မှ မပိုင်ဆိုင်ရဘူး ငယ်သိတယ်"
"ငယ် ကိုယ်က ငယ့်အပိုင်လေကွာ ငယ် ဘာတွေပြောနေလဲ"
"မုန်းတယ် ဦးကို မုန်းတယ် အဟင့်ဟင့်"
ဦးရဲ့ ထိန်းချုပ်ထားတဲ့ ရင်ခွင်ကို တွန်းကာ ‌ငယ် ပြေးထွက်လာခဲ့သည်။ငယ့်အခန်းထဲမှာပဲ လော့ချကာ ခုတင်ဘေးတွေ ထိုင်ငိုနေသည်။
"ဒေါက် ဒေါက် ဒေါက် ငယ် ငယ် ခနထွက်ခဲ့ပါအုံး ကိုယ် ရှင်းပြမယ် နော် ငယ် ဒေါက် ဒေါက်"
ဦးရဲ့ အော်ခေါ်နေတဲ့ ဆူညံ‌သံတွေကို ကြားရပေမယ့်လဲ ရင်ဘတ်ထဲက ဒါဏ်ရာ ပိုပိုနာလာသည်။ငယ် မငိုချင်ပေမယ့်လဲ မျက်ရည်များမှာ ထိန်းထားဖို့ ခက်ခဲနေသည်။
"ဒေါက် ဒေါက် ငယ် ငယ် ဟာကွာ ကျစ် သီဟ သီဟ"
ခန့်မင်းထည် ငယ့်အခန်းတံခါးကို ထုနေကတည်းက သီဟနိုးနေတာမို့ ချက်ချင်း ထကာ အပြေးလာရတော့သည်။
"ဟုတ် ဆရာ"
"အခန်းသော့ယူခဲ့ သွား မြန်မြန်"
"ဟုတ်""
"ငယ် ငယ် "
ခန့်မင်းထည် ဆက်တိုက် ခေါ်နေပေမယ့်လဲ အထဲမှ ငိုနေသည့် အသံမှလွှဲ၍ ကျန်တဲ့ အသံမကြားရ။တဖြည်းဖြည်းနဲ့ ငယ်ရဲ့ငိုနေသည့် အသံကိုပင် မကြားရတော့
"ငယ် ငယ် ပြန်ထူးပါအုံး ငယ် ငယ်ရေ သီဟကလဲ ကြာလိုက်တာကွာ သီဟ သီဟ"
"လာပီ ဆရာ လာပီ ဒီမှာ သော့"
"ကြာလိုက်ကွာ မင်းကလဲ"
ချက်ချင်း အခန်းလော့ကို ဖွင်းပီး ဝင်လိုက်တော့ ကုတင်ဘေးတွင် ခွေလဲကျနေသည့် ငယ့်ကို တွေ့လိုက်ရတာမို့ သွေးပျတ်မတတ်ဖြစ်သွားသည်။
"ငယ်! ငယ် ငယ် ထပါအုံး ငယ် သီဟ ခုဆေးရုံသွားမယ် ကားပြင်"
ငယ်ကို့ ပွေ့ချီကာ အောက်ထပ်ကို အပြေးဆင်းပီး ကားထဲ ချက်ချင်းတန်းဝင်သွားတော့သည်။ကိုသီဟာလဲ ခါတိုင်းထက် အရှိန်မြှင့်ကာ မြန်နိုင်သလောက် မြန်မြန် မောင်းတော့သည်။ဦးက လမ်းတစ်လျှောက်လုံး ငယ့်ကို ရင်ခွင်ထဲပွေ့ထကာ စိတ်ထဲတွင် ကိုယ့်ကိုကိုယ်သာ အပြစ်တင်နေမိသည်။
ဆေးရုံ ရောက်ရောက်ချင်း ငယ့်ကို emergency အရင်‌လုပ်ပေးပီးမှ vipလူနာခန်းသို့ ပြောင်းရွှေ့ခဲ့သည်။
"ဆရာ ကလေး ဘယ်လိုနေလဲ"
"ကောင်းပါတယ် အားနည်းနေတာ ထမင်းသိပ်မစားဘူးထင်တယ် လူက တော်တော်အားပျတ်နေတာကို ဖိအားတွေပေးတော့ ခံနိုင်ရည်မရှိဖြစ်သွားတာပါ စိတ်မပူပါနဲ့ အားဆေးသွင်းပေးထားတယ် မနက် ဒါမှမဟုတ် နေ့လည်လောက်ကျ နိုးလာမှာပါ"
"ဟုတ်ကဲ့ ကျေးဇူးပါ ဆရာ ကျေးဇူးပါ"
ဆရာဝန် ထွက်သွားတော့မှ လူနာခန်းထဲသို့ ဝင်လာကာ ငယ့်ဘေးတွင် ထိုင်ရင် ငယ့်ကဲ့ မျက်နှာသေးသေးလေးကို ထိကိုင်ရင်း ကြည့်နေမိသည်။
~ငယ်ရယ် ကိုယ်အလုပ်တွေများနေတာကြောင့် ငယ့်ကို ဂရုမစိုက်မိတာ ခွင့်လွှတ်ပါကွာ ကိစ္စကလဲ ငယ်ထင်သလိုမဟုတ်ပါဘူး ငယ် ကိုယ် ငယ့်ကို တကယ်ချစ်တာပါ ကိုယ့်အသက်ထက်ကို ပိုမြတ်နိုးတာပါ ငယ် ယုံအောင် ဘယ်လို သက်သေပြရမလဲ~
အိပ်ရာပေါ်မှာ နှစ်ခြိုက်စွာ အိပ်နေသည့် ငယ့်ရဲ့ နှုတ်ခမ်းများမှာ သွေးအားမရှိတာကြောင့် ဖြူဖွေးနေသည်။ငယ်ရဲ့ သိသိသာသာ ကျသွားတဲ့ မျက်နှာလေးကို ခန့်မင်းထည် တစ်ညလုံး ထိုင်နေသည်။
...ငယ့်ကို အရမ်းချစ်တယ် အရမ်းလဲ မြတ်နိုးတယ် မြတ်နိုးလွန်းလို့ ငယ့်တစ်ယောက်ထဲကိုပဲ တန်ဖိုးထားတာပါ ငယ် ယုံပေးပါ...
"ဦး..."
"အွန်း ခနနေပီးပီ "
"ကဲ ပြော ဘာပြောချင်လဲ"
"ဘာလို့လဲ ငယ်"
"ငယ် ဘယ်လိုသိတာလဲ"
"ကိုယ် ရှင်းပြမယ် ငယ်"
"ဟုတ် ဆရာ"
"ဟုတ်""
"ငယ် ငယ် "
"ကြာလိုက်ကွာ မင်းကလဲ"
"ဆရာ ကလေး ဘယ်လိုနေလဲ"
"ကောင်းပါတယ် အားနည်းနေတာ ထမင်းသိပ်မစားဘူးထင်တယ် လူက တော်တော်အားပျတ်နေတာကို ဖိအားတွေပေးတော့ ခံနိုင်ရည်မရြှိဖစ်သွားတာပါ စိတ်မပူပါနဲ့ အားဆေးသွင်းပေးထားတယ် မနက် ဒါမှမဟုတ် နေ့လည်လောက်ကျ နိုးလာမှာပါ"
Continue Reading
You'll Also Like
871K 108K 181
Story is available in both unicode and zawgi.This is not my own creation. I'm just having fun translation. I give full credit to original author and...
2.2M 148K 104
Doctor Handsome & Medical Student
946K 81.1K 89