HUSBAND:Daddy

By DaffodilHnaung

2.4M 94.9K 9.8K

"အခုဘဝတင်မကဘူး နောင်သံသရာအဆက်ဆက်ထိ မီးငယ်နဲ့ပဲ ... " ဦးထင်လင်းသိုက် (Htin Lin Thike) #Slow romance#... More

Character's Biography
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Part - 32
Part - 33
Part - 34
Part - 35
Part - 36
Part - 37
Part - 38
Part - 39
Part - 41
Part - 42
Part - 43
Part - 44
Part - 45
Part - 46
Part - 47
Part - 48
Part - 49
Part - 50
Part - 51
Part - 52
Part - 53
Part - 54
Part - 55
Part - 56
Part - 57
Part - 58
Part - 59
Part - 60
Part - 61
Part - 62
Part - 63
Part - 64
Part - 65
Part - 66
Part - 67
Part - 68
Part - 69
Part - 70
Part - 71
Part - 72
Part - 73
Part - 74
Part - 75
Part - 76
Part - 77
Part - 78
Part - 79
Part - 80
Part - 81
Part - 82
Part - 83
Part - 84
Part - 85
Part - 86
Final Part
Physical Book & Letter
Book Details & Preorder

Part - 40

23.6K 1K 144
By DaffodilHnaung

Unicode

"အန်ကယ့်ဘဝကို အရက်ကပဲကယ်နိုင်တော့မှာ။ မီးငယ်ရာ သမီးပဲစဉ်းစားကြည့်စမ်း…သမီး
အန်ကယ်နဂါးက စက်ရက်လိုက်တဲ့လူကြီး။ အသည်းနှလုံးမရှိတဲ့လူ  ၊ ခံစားတတ်တဲ့ နှလုံးသားမရှိဘူးကွ။ဘာတဲ့ စိတ်ပျက်တယ်တဲ့ ဘယ်လောက်ပဲ စိတ်ဆိုးဆိုး အေ့…အခုလိုကြီးတော့ ပြောစရာလား ။ ဒီမှာ ဘယ်လောက်ခံစားသွားရလဲ သူမသိဘူး။ဘယ်သိပါ့မလဲ နှလုံးသားမှ ... အေ့ နှလုံးသားမှမရှိတာကို"

"ရက်စက်တာဟုတ်ဘူးလားဟင်"

"အဲ့ကောင်က စက်ရက်တာမီးငယ်ရ ။ နှလုံးသားမရှိတာ"

"ရက်စက်တာပါဆို"

"စက်ရက်တာပါဆို မီးငယ်ရာ"

"ရက်စက်တာလို့ "

မီးဖိုခန်းထဲရှိ မူးပြီးရစ်နေတဲ့အမူးသမားနဲ့ မမူးပဲရစ်နေတဲ့ မီးငယ်ကို ဂုဏ်နဂါးမှာ ခါးထောက်ပြီးသာ ကြည့်နေလိုက်တော့သည်။ သူနဲ့လင်းသိုက်ကို မီးဖိုခန်းထဲ အလာမခံပဲ မီးငယ်ကိုသာဆွဲခေါ်ထားကာ ဒင်းက ပေါက်ကရတွေပြောနေတာ။

"အဲ့ဒီကောင် တရားသလား…ဟမ် မီးငယ် စဉ်းစားကြည့် ။ အန်ကယ်က သူ့ကို ချစ်လို့လည်းစရသေးတယ်။ဒါကို ငါ-ိုးကောင်က စိတ်ပျက်တယ်တဲ့"

"ဟိုက် ဟိုက် အန်ကယ်နဂါးက မတရားတာပေါ့"

"အဲ့မှာကြည့် ကလေးတောင်နားလည်တယ် အဲ့ဒီငတုံးက မသိဘူး။ဘယ်သိမလဲ နှလုံးသားမှမရှိတာကို… အသည်းနှလုံးမရှိတဲ့ ဂုဏ်နဂါး … ရက်စက်တဲ့ဂုဏ်နဂါး"

"အန်ကယ် မူးနေပြီလားဟင်။မူးရင် အိပ်တော့လေ"

"မမူးဘူး ။ မမူးဘူးနော်။အန်ကယ် လုံးဝမှ မမူးဘူးသိလား သမီး"

ပြောရင်းဖြင့်ပင် မင်းသန့်ပြုံးမောင်ရဲ့ ခေါင်းက စားပွဲနဲ့မိတ်ဆက်သွားလေပြီ။သို့သော် ဆတ်ခနဲပြန်ထလာကာ…

"အန်ကယ့်ကို အမူးသမားကြီး၊လူရမ်းကားကြီး ၊ လူဆိုးကြီးလို့ မီးငယ်ထင်နေပြီလား အေ့"

"မထင်ပါဘူးအန်ကယ်ရဲ့"

"အန်ကယ်က ကြေကွဲနေလို့ပါကွာ။ အဲ့ကောင်က စိတ်ပျက်တယ်တဲ့ သူမို့ပြောထွက်တယ်ကွာ
ဟား … ဟား ရေခဲတုံး ။ သူ့နှလုံးသားကို ရေခဲတိုက်ထဲထည့်ထားတာ။ဟာ ဒါနဲ့ မီးငယ်
မီးငယ်လေးက နေမကောင်းသေးဘူးမလား သွား…သွားနားတော့ ကလေး။ အန်ကယ်က
လူဆိုးကြီး အန်ကယ့်နားမနေနဲ့ သွား မီးငယ် သွား"

"ဟင့်အင်း မနားချင်သေးပါဘူး။ အန်ကယ်ပြောလေ အန်ကယ်ပြောသမျှ နားထောင်ပေးမယ်လေ"

"ကြည့်စမ်း အန်ကယ့်မှာ မီးငယ်ပဲရှိတော့တယ်။ ဟိုကောင် ဂုဏ်နဂါးက နှလုံးသားမရှိတဲ့ကောင် ထင်လင်းသိုက်ဆိုတဲ့ကောင်ကရော ဘာဆန်းသလဲ။အလကား…သူလည်း နှလုံးသားကမွေးကတည်းက ပါမလာဘူး ။ ချစ်တတ်တဲ့နှလုံးသားမရှိတဲ့ အလကားကောင်တွေ အိမ်မှာ ရေခဲတောင်ကြီးနှစ်ခု ယှဉ်ရောက်နေပြီ"

ဧည့်ခန်းထဲမှာထိုင်ကာ သတင်းစာဖတ်နေရင်း အလကားနေသူ့ကိုပါဆွဲထည့်နေတဲ့ အမူးသမားမင်းသန့်ကြောင့် ထင်လင်းသိုက်သဘောကျကာရယ်မိသည်။

ဂုဏ်နဂါးကိုကြည့်တော့ သူ့မျက်နှာကြီးက
ဆူပုတ်ကာ လက်ပိုက်ထား၍ မီးဖိုခန်းဘက်သာ ကြည့်နေ၏။

"နဂါး … မင်းနဲ့ပြဿနာလား"

"အလကားပါကွာ။အဲ့ကောင် ဘယ်ရည်စားနဲ့ ပြတ်ပြီး အသည်းကွဲလာတာလဲမသိဘူး။ အဲ့တာကို ငါ့ဆီတရားခံရှာနေတာ။ သူ့ဟာသူ မူးလဲေ-သတာအရေးမကြီးဘူး။နေမကောင်းတဲ့ ကလေးကို ဘာကိစ္စဆွဲထားမှန်းမသိဘူး။
ခဏနေဆို ဆေးတိုက်ပြီးအိပ်ခိုင်းရမဲ့ဟာကို
အဲ့ဒီကလေးလေးကလည်းလေ အမူးသမားပြောတာကို လိုက်နားထောင်နေ ဘယ်လိုသားအဖတွေမှန်းကိုမသိဘူး"

ဂုဏ်နဂါးရဲ့ဒေါသက မီးငယ်ဆီကိုပါ ရောက်လာတော့မည်မို့ ထင်လင်းသိုက် ခေါင်းသာခါမိတော့သည်။ဒီရက်ပိုင်း မီးငယ်သူ့ကို ခဏခဏလာပြောသည်…အန်ကယ်နဂါးနဲ့ အန်ကယ်သန့်ကို မင်္ဂလာဆောင်ပေးလိုက်ရအောင် အန်ကယ်သန့်က အန်ကယ်နဂါးကို ချစ်နေပြီတဲ့။ အခုအခြေအနေက ဘာလည်းဆိုတာ ထင်လင်းသိုက်လိုက်မမှီနိုင်တော့ပါ။

"ဟေ့ကောင် အဲ့တာက ဘယ်ကိုလဲ"

ထိုစဉ် မီးဖိုခန်းထဲကနေထွက်လာတဲ့ မင်းသန့်ကို အော်ပြန်၏။

"မပြောဘူး နှလုံးသားမရှိတဲ့သူ အေ့ သူနဲ့ စကားမပြောဘူး"

"အေး မပြောလည်းနေ။မင်းမပြောရင်လည်း ကလေးကိုခေါ်မသွားနဲ့ ထားခဲ့။ဆေးတိုက်ပြီး အိပ်ခိုင်းတော့မှာ"

"မင်းကလေးလား"

"နေမကောင်းသေးတဲ့ကလေးမို့ ပြောနေတာကွ"

"သွား ဘာမှလာမပြောနဲ့ ဒါငါ့သမီး"

"သူကများ အမူးပါးဝလို့ "

"ဟိုလေ အန်ကယ်။ရေချယ် အန်ကယ်သန့်နဲ့
ခြံထဲခဏလိုက်သွားအုံးမယ်။ခုနကျမှ
ဆေးသောက်မယ်လေနော်"

ရန်ဖြစ်တော့မည့်ကြား မျက်နှာငယ်လေးဖြင့် သူတို့ကိုကြည့်ကာ ခွင့်တောင်းနေတဲ့မီးငယ်ကို ဂုဏ်နဂါးလည်းမနိုင်ပါ။ထင်လင်းသိုက်ကို ကြည့်လိုက်တော့လည်း သူမဟုတ်သလို မျက်နှာလွဲသွားသည်။မလိုက်နဲ့လို့ ပြောပြန်ရင်လည်း မီးငယ်က စိတ်တော်ညိုးအုံးမှာ ဒါတင်ဘယ်ကမလဲ ဟိုးအမူးပါးကလည်း သူ့ကိုရစ်အုံးမှာ။

"နော်လို့အန်ကယ် ။ ခဏလေးပဲသွားထိုင်ကျမှာကို"

"အေး သွားကျ။သွား… တစ်ယောက်မှကို ပြောမကောင်းဘူး"

"ခင်ဗျားကရော ဘာများကောင်းလို့လဲ။ အလကားလူ…"

မင်းသန့်ပြုံးမောင်ရဲ့စကားကို ဂုဏ်နဂါးဘာမှ
မတုံ့ပြန်နိုင်တော့ပါ။သူ့ကို တော်တော်လေးကို
မကျေနပ်နေပုံရသည့် အမူးပါးက မျက်ထောက်နီကြီးဖြင့်ကြည့်သွားတာ မီးငယ်ကိုဆွဲပြီး
ခြံထဲဆင်းသွားပြန်၏။

"ထင်လင်းသိုက်"

"အင်း"

"မင်း မီးငယ်ကိုခေါ်ထားအုံးမှပေါ့ကွာ အိပ်ချိန်ရောက်နေပြီကွ"

"အင်း"

"ဘောကိုအင်းနေ။တစ်ချက်မတားပဲနဲ့များ"

"ထားလိုက်ပါ။ကိုယ်တို့တားရတာမှ မဟုတ်ပဲ"

"စိတ်ပျက်လိုက်တာကွာ"

"အဲ့ဒီစကားကြောင့် မင်းသန့်အခုလိုဖြစ်သွားတာ"

"ခွေးကောင် မင်းကပါရောပြီးစမနေနဲ့ ။ ကလေးလည်းမဟုတ်တော့ဘူး"

"မင်းကရော"

"စိတ်ပျိုကိုယ်နုလေကွာ"

"အဟွန်း ! "

"ရယ်မနေနဲ့ ခဏနေဟိုဟာလေးကိုခေါ်နော်။ အပြင်ကလေကအေးကအေးပါပြီနဲ့ ပိုဖျားသွားရင် ခက်မယ်"

"အင်း ကိုယ်သိပါတယ်"

"အလိုတအားလိုက်တာကိုကွာ"

အလိုမလိုက်လို့မှ မဖြစ်ပဲလို့ သူမပြောလိုက်ရတာတောင် ဂုဏ်နဂါးက တောက်တခေါက်ခေါက်ဖြင့် ပန်းအိုးထိုးနေသည်။

::::::::::::

အန်ကယ်၂ယောက်ရဲ့ မသွားစေချင်တဲ့ မျက်နှာတွေကို လျစ်လျူရှူကာ ခြံထဲကဒန်းမှာ
အန်ကယ်သန့်နဲ့အတူတူထိုင်နေ၏။တစ်ချက် တစ်ချက်ဝှေ့လာတဲ့ လေထုအေးအေးက
ကျောထဲစိမ့်အောင်ချမ်းပေမဲ့ အန်ကယ်သန့်ကို တစ်ယောက်ထဲပစ်မထားနိုင်ပါဘူး။ ရေချယ့်ကိုအလိုလိုက်ပြီး စိတ်ညစ်တာပြောသမျှ နားထောင်ပေးတဲ့အန်ကယ့်အတွက် အန်ကယ်စိတ်ညစ်နေချိန်မှာလည်း ရေချယ်ကအဖော်ပြုပေးမည်သာ။

"မီးငယ်နားထောင်နော် အန်ကယ်သီချင်းဆိုမလို့"

"ဟိုက် ဘာသီချင်းဆိုမှာလဲဟင်"

"ဟိုသီချင်းလေးကွာ အဆိုတော်ဝေလရဲ့ နဂါးလေးစိမ်းတယ် ဆိုတဲ့သီချင်း"

"ဟင် ! "

အဆိုတော်ဝေလဟာ အန်ကယ်သန့်ကြိုက်တဲ့ အဆိုတော်မို့ ငယ်ငယ်ထဲက သူ့သီချင်းတွေ နားထောင်ဖူးပေမဲ့ နဂါးလေးစိမ်းတယ် ဆိုတဲ့ သီချင်းကတော့ တစ်ခါမှမကြားဖူးပါ။

"သိလားမီးငယ် နဂါးလေးစိမ်းတယ် ဆိုတာလေ"

"သီချင်းနာမည်ကတစ်မျိုးလေးနော်"

"ဆိုပြမယ် နားထောင်မှာလား"

"ဟိုက်"

"အဟမ်း … နားထောင်"
🎶🎶
ဒီလူကို ပစ်ပြီးတော့ ရွှေဘုံနန်းစံနေတော့
ဘင်ဂျိုကိုင်ပြီး မင်းအိမ်ရှေ့အဆွေးဇာတ်ထုတ်ခင်းမယ် 🎶🎶

ထွက်လာတဲ့သီချင်းသံကြောင့် ရေချယ့်မျက်နှာလေးမဲ့သွားကာ…

"ခဏ အန်ကယ် ခဏလေး"

"အင်း ဆိုတာကောင်းလို့လားမီးငယ်"

"အဲ့တာ ဝေလရဲ့ ခင်လေးစိမ်းတယ် မဟုတ်ဘူးလားဟင်"

"ဟုတ်တယ်လေ။ဒါပေမဲ့ အန်ကယ်က
ခင်လေးအတွက်ဆိုတာမဟုတ်ဘူးလေ။ ဂုဏ်နဂါးအတွက်ဆိုတာ…အဲ့တာကြောင့်မို့ နဂါးလေးစိမ်းတယ်"

"ဟင် အဲ့လိုလည်းရတာလား"

"ရတာပေါ့ကွာ ဆက်ဆိုပြမယ် နားထောင်"

"ဟိုက်"

🎶🎶🎶

ဒီလူကို ပစ်ပြီးတော့ ရွှေဘုံနန်းစံနေတော့
ဘင်ဂျိုကိုင်ပြီး မင်းအိမ်ရှေ့ အဆွေးဇာတ်ထုတ်ခင်းမယ်…
နဂါးလေးအတွက် မောင်ငိုမယ် ဟေ့…

"ခွီး ခဏ ခဏလေးအန်ကယ်"

"ဘာတုန်းမီးငယ်ရာ။ဒီမှာ အမှန်အကန်ကြေကွဲနေတာလို့"

"ဟား ဟား နဂါးလေးတဲ့။ဟီး ဆက်ဆို ဆက်ဆို"

နဂါးလေးဆိုတဲ့နေရာမှာ ထရယ်မိကာ တော်တော်နဲ့ မျက်နှာပိုးမသတ်နိုင်ပါ။

"မရယ်နဲ့နော်မီးငယ် အန်ကယ်ဆက်ဆိုပြမယ်"

"ဟိုက် ဟိုက်"

🎶🎶🎶

(   -   )  = harmony

ဒီလူကို ပစ်ပြီးတော့ ရွှေဘုံနန်းစံနေတော့
ဘင်ဂျိုကိုင်ပြီး မင်းအိမ်ရှေ့ အဆွေးဇာတ်ထုတ်ခင်းမယ်
နဂါးလေးအတွက် မောင်ငိုမယ်…(ငိုကွယ်)
ဟေ့ (ဟေ့ /harmony)
ဓာတ်ရှင်မင်းသားကြီးအိုက်တင်မျိုးနဲ့…

ဒီမောင်ရင်ကျိုးတော့ အကြိမ်ကြိမ်ကိုက်နေတာပေါ့
ဒါကိုနဂါးလေး သိလျက်အဝေး ပြေးထွက်လို့သွားပြီ
အနာဂတ်တွေ…ပျက်ကုန်ပြီ (ပျက်ကုန်ပြီ)

တစ်ပါးဆီနှုတ်ခမ်းဆီပါးပြင်အပ်သွားတယ်
(အပ်သွားတယ်)
အာ့ အာ့ (အာ့ အာ့)  နဂါးလေးရယ် မင်းဟာသိပ်စိမ်းတယ် (သိပ်စိမ်းတယ်)

ဟိုးအတိတ်ကဇာတ်လမ်းလေး 🎶
အခုထက်ထိ မမေ့ဘူးဟေ့ 🎶
I love you Never Leave You
မင်းပြောခဲ့သော ဒီစကားလေး (ရေ့ ဟေးးး)

မောင့်ဘဝရဲ့ နဂါးလေး
တခြားအရပ်သို့ သူအလင်းပေး
သြော် အခုတော့ လမိုက်ညတွေ ဆက်တိုက်ဖြစ်လို့ မှောင်သွားပြီ (မှောင်သွားပြီ)

ဘိုကေညှပ်ထားတော့ အပျိုတွေကကြွေတာပေါ့
ဒါပေမယ့်လည်း အို နဂါးလေးရယ်(ဂါးဂါးရယ်)
မင်းမှ မင်းပဲကွယ် (မင်းပဲကွယ်)

ရင်နာနာနဲ့ငါ ပြောချင်တယ်
အရင်တုန်းကတော့ မောင့်ကိုအချစ်ဆုံးတဲ့ အာ့ အာ့
အခုများကျတော့ သူစိမ်းလိုနင်သတ်မှတ်(သတ်မှတ်)
ဟိုးအတိတ်ကဇာတ်လမ်းလေး
အခုထက်ထိ မမေ့ဘူးဟေ့
I love you Never Leave You
မင်းပြောခဲ့သော ဒီစကားလေး(ဒီစကားလေး)

မောင့်ဘဝရဲ့ နဂါးလေး
တခြားအရပ်သို့ သူအလင်းပေး
သြော် အခုတော့ လမိုက်ညတွေ ဆက်တိုက်ဖြစ်လို့ မှောင်သွားပြီ (မှောင်သွားပြီ)    🎶🎶🎶

မင်းသန့်ပြုံးမောင်ရဲ့ အဆီအငေါ်မတည့်တဲ့ သီချင်းဆိုသံနဲ့အတူ ဟာမိုနီလိုက်ပေးနေတဲ့
မီးငယ်အသံတို့က နားထဲကျယ်လောင်စွာဖြင့်
ကန့်လန်ကြီးတိုးဝင်လာတာမို့ ဂုဏ်နဂါးမျက်နှာကြီး ထူပူလာသည်။ဒီနားမှာသာ
ကျွင်းတူးပြီး လှဲသေဖို့ပဲကောင်းတယ်
ဂုဏ်နဂါးရယ် ရှက်လိုက်တာ။

"အဟမ်း "

"မင်း ! ခွေးကောင် မင်းကပါ"

ထင်လင်းသိုက်ကပါ ပါးစပ်ကိုလက်အုပ်ပြီး ရယ်နေတာမို့ ဂုဏ်နဂါးအငွေ့ပျံချင်စိတ် ပေါက်နေ၏။လူကပါပူထူကာ အရည်ပျော်ချင်ပြီ။

"အဲ့ဒီကောင် အရှက်ကိုမရှိဘူး"

" မီးငယ်က ဂါးဂါးရယ်တဲ့"

"တော် တော် ရှက်ရတဲ့အထဲ မင်းကပါလိုက်စမနေနဲ့"

"မင်းကိုအားနာပေမဲ့ ကိုယ်တကယ်ရယ်ချင်တာ ဘယ်လိုတောင်ပေါက်ကရနိုင်လိုက်သလဲ"

"အေး ရယ် … ရယ်ရင်းလည်း ေ-သသွားပြန်အုံးမယ်။ဟိုကလေးလေးကလည်း မတားပဲ
ဟာမိုနီတောင်လိုက်ပေးနေသေးတယ်။
ဟိုသူတောင်းစားကလည်း နဂါးလေးရယ်နဲ့
ဆိုလို့ကောင်းနေတာ…ဘောကိုနဂါး"

"ကလေးက ဘာသိအုံးမှာလဲ"

"ဘာသိမှာလဲဟုတ်လား ပေါက်ကရဆိုတဲ့နောက် ဟာမိုနီလိုက်ပေးဖို့ သိတယ်လေ… အမယ် အတိုင်အဖောက်ကို ညီလို့"

ပါးစပ်ကဗျစ်တောက်ဗျစ်တောက်ပြောကာ လက်ကခါးကိုထောက်၍ ဧည့်ခန်းထဲ ခေါက်တုံ့ခေါက်ပြန်လျှောက်နေတဲ့
ဂုဏ်နဂါးက ခြံထဲတကြည့်ကြည့်ရှိနေ၏။

5မိနစ်လောက်ကြာတော့မှ သီချင်းသံရော အသံတွေက တိတ်သွားသည်။15မိနစ်လောက် ထပ်အကြာမှာ ထွက်ကြည့်လိုက်တော့ နှစ်ယောက်သားက အိပ်ပျော်နေပြီ။ မင်းသန့်ပခုံးပေါ် မီးငယ်က ခေါင်းမှီထားကာ ပါးစပ်ကလေးဟလို့ အိပ်နေရှာသည်။

"သူများကို အသံနဲ့နှိပ်စက်ပြီး သူတို့က အိပ်နိုင်သေးတယ် … တရားကျဖို့ကောင်းတဲ့ ဟာလေးတွေ"

အိမ်ထဲမှာသတိမထားမိပေမဲ့ အပြင်ရောက်မှ အေးစက်နေတဲ့လေကိုခံစားမိတာကို မီးငယ်ကို စိတ်ပူကာ လက်ကလေးတွေကို စမ်းကြည့်တော့ အေးစက်နေလေပြီ။

"နဂါး မင်း သူ့ကိုနိုးခဲ့တော့။ကိုယ် မီးငယ်ကို ခေါ်သွားလိုက်မယ်"

"မနိုးဘူး ပစ်ထားမှာဒီမှာပဲ။သူ့ဖာသာ လေဖြတ်ချင်ဖြတ်"

"ကလေးက အေးစက်နေပြီ"

"ဟင်"

ထိုတော့မှ အလန့်တကြားဖြင့် မင်းသန့်လက်တွေကို သွားစမ်းပြန်၏။ ဂုဏ်နဂါးလည်း ဘယ်လိုဖြစ်နေမှန်းမသိ။

သို့လျှင်ပဲ မင်းသန့်ပခုံးပေါ်က မီးငယ်ခေါင်းကို ထင်လင်းသိုက်က အသာဆွဲယူကာ နိုးသွားမှာ
ဆိုးတဲ့အတွက် သူ့ပခုံးပေါ်မှီတင်ကာ ပွေ့ချီလိုက်ရင်း မီးငယ်အခန်းဆီ ခပ်မြန်မြန်လေးသာသွားလိုက်သည်။

ထိုစဉ် သက်ပြင်းတချချဖြင့် ဒေါသထွက်နေသူက ဂုဏ်နဂါးသာ… ဒန်းပေါ်တစ်ယောက်ထဲ အိပ်ကျန်နေခဲ့တဲ့ အမူးသမားကို တွဲလည်းမခေါ်ချင်။သို့သော် ပစ်ထားပြန်ရင်လည်း မတော်လို့ လေဖြတ်သွားရင် ဒါကြီးကို သူပဲပြုစုရမှာမို့ မတတ်သာသည့်အဆုံး ပခုံးကိုကိုင်လှုပ်လိုက်၏။

"မင်းသန့်ပြုံးမောင် … ထစမ်း အထဲဝင်အိပ်
ဟေ့ … ဟေ့ကောင်မင်းသန့်"

"ဟင် ဟင် ဘာလဲကွာ"

"အောင်မာ မင်းကများပြန်အော်ရတယ်လို့ အိမ်ထဲဝင်အိပ်ဖို့ပြောနေတာ… မင်းမအေးဘူးလား"

"ဟာ မောင့်နဂါးလေး။အေးတယ်လေ မောင့်နဂါးလေးကဖက်ထားပေးမှာပါလား"

"ဒီခွေးကောင်။ဘောမို့ ဖက်ထားပေးရမှာလားကွ"

"အဲ့တာဆို မောင့်ကိုပွေ့"

" ဘောကိုပွေ့ရမှာလား။မင်းဖာသာ သောက်တာ ထပြီး ကိုယ့်အခန်းကိုယ်သွားအိပ်"

"ဒီခြေထောက်တွေက လမ်းမလျှောက်နိုင်တော့ဘူး"

သူ့ခြေထောက်ကိုပုတ်ပြကာ မျက်နှာငယ်လေးနဲ့ ကြည့်နေပြန်သည်။

" လမ်းမလျှောက်နိုင်ရင် တရွတ်တိုက်ဆွဲသွား"

"ဒီမှာပဲ အိပ်လိုက်တော့မယ်။ ငါ- ိုးကောင်က မောင့်ကိုလည်းမချစ်ဘူး"

"ချစ်ချင်စရာကို "

တကယ်ပင် သူမခေါ်မချင်း အထဲဝင်ဖို့မမြင်တဲ့ မင်းသန့်ပြုံးမောင်ကို သူကပဲအလျော့ပေးကာ ကျောပေါ် နေရာပေးကာ ချီပိုးခဲ့ရပြန်သည်။

ဒီတစ်ကောင်မိန်းမမရမချင်းကတော့ သူ့ဒဏ်ခံရပေအုံးမည်။

::::::::::

မီးငယ်နဖူးကချွေးထွက်သမျှကို သုတ်ပေးရင်း ဓာတ်ဆားရည်ကိုလည်း တိုက်ရသေးသည်။ ဆေးသောက်မကြောက်တဲ့မီးငယ်က ဓာတ်ဆားကိုတော့ ကြောက်တာမို့ မသောက်ချင်ဖြစ်ကာ
ငိုမဲ့မဲ့ဖြင့်…

ဧည့်ခန်းမှာ ၄ယောက်လုံးရှိနေကာ ဂုဏ်နဂါးဟာ မတ်တပ်ရပ်လက်ပိုက်၍ ခေါက်တုံံ့ခေါက်ပြန့် လျှောက်နေ၏။ဆန့်ကျင်ဘက်အနေနဲ့ မင်းသန့်က လည်ပင်းကို ကျိုးကျမတတ်ငုံ့ထားသည်။ မနေ့ညက အအေးပြန်မိပြီး အဖျားပြန်တတ်လာတဲ့ မီးငယ်ကတော့ သူ့ရင်ခွင်ထဲမှီကာ ငိုမဲ့မဲ့လေးရှိနေသည်။

"မင်းတို့…"

"ဟင့် "

ဂုဏ်နဂါးပါးစပ်ဟလိုက်တာနဲ့ မီးငယ်ငိုသံက ထွက်လာသည်။

"မဟုတ်သေးပါဘူးကွာ အန်ကယ်ကမီးငယ်ကိုဆူနေလို့လား"

"ဆူတော့မှာကြီးကို"

"မီးငယ်ကိုမဆူဘူး ဒီကောင်မင်းသန့်ကိုဆူမှာ"

" ဟိုက် "

ထိုတော့မှ အငိုတိတ်သွားတဲ့မီးငယ်က ထင်လင်းသိုက်ကို ရယ်ပြနေပြန်တယ်။ တတ်လည်းတတ်နိုင်တဲ့ဟာလေးတွေ။

:      : To Be Continue Part - 40

A/N = ယခုအပိုင်းတွင်းပါသော သီချင်းသည် မူရင်းသီဆိုသူအား ပြက်ရယ်ပြုလိုစိတ် အလျဉ်းမရှိပါ။

    Zawgyi

"အန္ကယ့္ဘဝကို အရက္ကပဲကယ္နိုင္ေတာ့မွာ။ မီးငယ္ရာ သမီးပဲစဥ္းစားၾကည့္စမ္း…သမီး အန္ကယ္နဂါးက စက္ရက္လိုက္တဲ့လူႀကီး။ အသည္းႏွလုံးမရွိတဲ့လူ  ၊ ခံစားတတ္တဲ့ ႏွလုံးသားမရွိဘူးကြ။ဘာတဲ့ စိတ္ပ်က္တယ္တဲ့ ဘယ္ေလာက္ပဲ စိတ္ဆိုးဆိုး ေအ့…အခုလိုႀကီးေတာ့ ေျပာစရာလား ။ ဒီမွာ ဘယ္ေလာက္ခံစားသြားရလည္း သူမသိဘူး ဘယ္သိပါ့မလည္း ႏွလုံးသားမွ ေအ့ ႏွလုံးသားမွမရွိတာကို"

"ရက္စက္တာဟုတ္ဘူးလားဟင္"

"အဲ့ေကာင္က စက္ရက္တာမီးငယ္ရ ။ ႏွလုံးသားမရွိတာ"

"ရက္စက္တာပါဆို"

"စက္ရက္တာပါဆို မီးငယ္ရာ"

"ရက္စက္တာလို႔ "

မီးဖိုခန္းထဲရွိ မူးၿပီးရစ္ေနတဲ့အမူးသမားနဲ႕ မမူးပဲရစ္ေနတဲ့ မီးငယ္ကို ဂုဏ္နဂါးမွာ ခါးေထာက္ၿပီးသာ ၾကည့္ေနလိုက္ေတာ့သည္။ သူနဲ႕လင္းသိုက္ကို မီးဖိုခန္းထဲ အလာမခံပဲ မီးငယ္ကိုသာဆြဲေခၚထားကာ ဒင္းက ေပါက္ကရေတြေျပာေနတာ။

"အဲ့ဒီေကာင္ တရားသလား…ဟမ္ မီးငယ္ စဥ္းစားၾကည့္ ။ အန္ကယ္က သူ႕ကို ခ်စ္လို႔လည္းစရေသးတယ္။ဒါကို ငါ-ိုးေကာင္က စိတ္ပ်က္တယ္တဲ့"

"ဟိုက္ ဟိုက္ အန္ကယ္နဂါးက မတရားတာေပါ့"

"အဲ့မွာၾကည့္ ကေလးေတာင္နားလည္တယ္ အဲ့ဒီငတုံးက မသိဘူး။ဘယ္သိမလည္း ႏွလုံးသားမွမရွိတာကို… အသည္းႏွလုံးမရွိတဲ့ ဂုဏ္နဂါး … ရက္စက္တဲ့ဂုဏ္နဂါး"

"အန္ကယ္ မူးေနၿပီလားဟင္။မူးရင္ အိပ္ေတာ့ေလ"

"မမူးဘူး ။ မမူးဘူးေနာ္။အန္ကယ္ လုံးဝမွ မမူးဘူးသိလား သမီး"

ေျပာရင္းျဖင့္ပင္ မင္းသန႔္ၿပဳံးေမာင္ရဲ႕ ေခါင္းက စားပြဲနဲ႕မိတ္ဆက္သြားေလၿပီ။သို႔ေသာ္ ဆတ္ခနဲျပန္ထလာကာ…

"အန္ကယ့္ကို အမူးသမားႀကီး၊လူရမ္းကားႀကီး ၊ လူဆိုးႀကီးလို႔ မီးငယ္ထင္ေနၿပီလား ေအ့"

"မထင္ပါဘူးအန္ကယ္ရဲ႕"

"အန္ကယ္က ေၾကကြဲေနလို႔ပါကြာ။ အဲ့ေကာင္က စိတ္ပ်က္တယ္တဲ့ သူမို႔ေျပာထြက္တယ္ကြာ
ဟား … ဟား ေရခဲတုံး ။ သူ႕ႏွလုံးသားကို ေရခဲတိုက္ထဲထည့္ထားတာ။ဟာ ဒါနဲ႕ မီးငယ္ မီးငယ္ေလးက ေနမေကာင္းေသးဘူးမလား သြား…သြားနားေတာ့ ကေလး။ အန္ကယ္က
လူဆိုးႀကီး အန္ကယ့္နားမေနနဲ႕ သြား မီးငယ္ သြား"

"ဟင့္အင္း မနားခ်င္ေသးပါဘူး။ အန္ကယ္ေျပာေလ အန္ကယ္ေျပာသမွ် နားေထာင္ေပးမယ္ေလ"

"ၾကည့္စမ္း အန္ကယ့္မွာ မီးငယ္ပဲရွိေတာ့တယ္။ ဟိုေကာင္ ဂုဏ္နဂါးက ႏွလုံးသားမရွိတဲ့ေကာင္ ထင္လင္းသိုက္ဆိုတဲ့ေကာင္ကေရာ ဘာဆန္းသလည္း။အလကား…သူလည္း ႏွလုံးသားကေမြးကတည္းက ပါမလာဘူး ။ ခ်စ္တတ္တဲ့ႏွလုံးသားမရွိတဲ့ အလကားေကာင္ေတြ အိမ္မွာ ေရခဲေတာင္ႀကီးႏွစ္ခု ယွဥ္ေရာက္ေနၿပီ"

ဧည့္ခန္းထဲမွာထိုင္ကာ သတင္းစာဖတ္ေနရင္း အလကားေနသူ႕ကိုပါဆြဲထည့္ေနတဲ့ အမူးသမားမင္းသန႔္ေၾကာင့္ ထင္လင္းသိုက္သေဘာက်ကာရယ္မိသည္။

ဂုဏ္နဂါးကိုၾကည့္ေတာ့ သူ႕မ်က္ႏွာႀကီးက ဆူပုတ္ကာ လက္ပိုက္ထား၍ မီးဖိုခန္းဘက္သာ ၾကည့္ေန၏။

"နဂါး … မင္းနဲ႕ျပႆနာလား"

"အလကားပါကြာ။အဲ့ေကာင္ ဘယ္ရည္စားနဲ႕ ျပတ္ၿပီး အသည္းကြဲလာတာလည္းမသိဘူး။ အဲ့တာကို ငါ့ဆီတရားခံရွာေနတာ။ သူ႕ဖာသာ မူးလဲေ-သတာအေရးမႀကီးဘူး။ေနမေကာင္းတဲ့ ကေလးကို ဘာကိစၥဆြဲထားမွန္းမသိဘူး။ ခဏေနဆို ေဆးတိုက္ၿပီးအိပ္ခိုင္းရမဲ့ဟာကို အဲ့ဒီကေလးေလးကလည္းေလ အမူးသမားေျပာတာကို လိုက္နားေထာင္ေန ဘယ္လိုသားအဖေတြမွန္းကိုမသိဘူး"

ဂုဏ္နဂါးရဲ႕ေဒါသက မီးငယ္ဆီကိုပါ ေရာက္လာေတာ့မည္မို႔ ထင္လင္းသိုက္ ေခါင္းသာခါမိေတာ့သည္။ဒီရက္ပိုင္း မီးငယ္သူ႕ကို ခဏခဏလာေျပာသည္…အန္ကယ္နဂါးနဲ႕ အန္ကယ္သန႔္ကို မဂၤလာေဆာင္ေပးလိုက္ရေအာင္ အန္ကယ္သန႔္က အန္ကယ္နဂါးကို ခ်စ္ေနၿပီတဲ့။ အခုအေျခအေနက ဘာလည္းဆိုတာ ထင္လင္းသိုက္လိုက္မမွီနိုင္ေတာ့ပါ။

"ေဟ့ေကာင္ အဲ့တာက ဘယ္ကိုလည္း"

ထိုစဥ္ မီးဖိုခန္းထဲကေနထြက္လာတဲ့ မင္းသန႔္ကို ေအာ္ျပန္၏။

"မေျပာဘူး ႏွလုံးသားမရွိတဲ့သူ ေအ့ သူနဲ႕ စကားမေျပာဘူး"

"ေအး မေျပာလည္းေန။မင္းမေျပာရင္လည္း ကေလးကိုေခၚမသြားနဲ႕ ထားခဲ့။ေဆးတိုက္ၿပီး အိပ္ခိုင္းေတာ့မွာ"

"မင္းကေလးလား"

"ေနမေကာင္းေသးတဲ့ကေလးမို႔ ေျပာေနတာကြ"

"သြား ဘာမွလာမေျပာနဲ႕ ဒါငါ့သမီး"

"သူကမ်ား အမူးပါးဝလို႔ "

"ဟိုေလ အန္ကယ္။ေရခ်ယ္ အန္ကယ္သန႔္နဲ႕ ၿခံထဲခဏလိုက္သြားအုံးမယ္။ခုနက်မွ ေဆးေသာက္မယ္ေလေနာ္"

ရန္ျဖစ္ေတာ့မည့္ၾကား မ်က္ႏွာငယ္ေလးျဖင့္ သူတို႔ကိုၾကည့္ကာ ခြင့္ေတာင္းေနတဲ့မီးငယ္ကို ဂုဏ္နဂါးလည္းမနိုင္ပါ။ထင္လင္းသိုက္ကို ၾကည့္လိုက္ေတာ့လည္း သူမဟုတ္သလို မ်က္ႏွာလြဲသြားသည္။မလိုက္နဲ႕လို႔ ေျပာျပန္ရင္လည္း မီးငယ္က စိတ္ေတာ္ညိုးအုံးမွာ ဒါတင္ဘယ္ကမလည္း ဟိုးအမူးပါးကလည္း သူ႕ကိုရစ္အုံးမွာ။

"ေနာ္လို႔အန္ကယ္ ။ ခဏေလးပဲသြားထိုင္က်မွာကို"

"ေအး သြားက်။သြား… တစ္ေယာက္မွကို ေျပာမေကာင္းဘူး"

"ခင္ဗ်ားကေရာ ဘာမ်ားေကာင္းလို႔လည္း။ အလကားလူ…"

မင္းသန႔္ၿပဳံးေမာင္ရဲ႕စကားကို ဂုဏ္နဂါးဘာမွ မတုံ႕ျပန္နိုင္ေတာ့ပါ။သူ႕ကို ေတာ္ေတာ္ေလးကို မေက်နပ္ေနပုံရသည့္ အမူးပါးက မ်က္ေထာက္နီႀကီးျဖင့္ၾကည့္သြားတာ မီးငယ္ကိုဆြဲၿပီး ၿခံထဲဆင္းသြားျပန္၏။

"ထင္လင္းသိုက္"

"အင္း"

"မင္း မီးငယ္ကိုေခၚထားအုံးမွေပါ့ကြာ အိပ္ခ်ိန္ေရာက္ေနၿပီကြ"

"အင္း"

"ေဘာကိုအင္းေန။တစ္ခ်က္မတားပဲနဲ႕မ်ား"

"ထားလိုက္ပါ။ကိုယ္တို႔တားရတာမွ မဟုတ္ပဲ"

"စိတ္ပ်က္လိုက္တာကြာ"

"အဲ့ဒီစကားေၾကာင့္ မင္းသန႔္အခုလိုျဖစ္သြားတာ"

"ေခြးေကာင္ မင္းကပါေရာၿပီးစမေနနဲ႕ ။ ကေလးလည္းမဟုတ္ေတာ့ဘူး"

"မင္းကေရာ"

"စိတ္ပ်ိဳကိုယ္ႏုေလကြာ"

"အဟြန္း ! "

"ရယ္မေနနဲ႕ ခဏေနဟိုပစၥေယာေလးကို ေခၚေနာ္။ အျပင္ကေလကေအးကေအးပါၿပီနဲ႕ ပိုဖ်ားသြားရင္ ခက္မယ္"

"အင္း ကိုယ္သိပါတယ္"

"အလိုတအားလိုက္တာကိုကြာ"

အလိုမလိုက္လို႔မွ မျဖစ္ပဲလို႔ သူမေျပာလိုက္ရတာေတာင္ ဂုဏ္နဂါးက ေတာက္တေခါက္ေခါက္ျဖင့္ ပန္းအိုးထိုးေနသည္။

::::::::::::

အန္ကယ္၂ေယာက္ရဲ႕ မသြားေစခ်င္တဲ့ မ်က္ႏွာေတြကို လ်စ္လ်ဴရႉကာ ၿခံထဲကဒန္းမွာ အန္ကယ္သန႔္နဲ႕အတူတူထိုင္ေန၏။တစ္ခ်က္ တစ္ခ်က္ေဝွ႕လာတဲ့ ေလထုေအးေအးက ေက်ာထဲစိမ့္ေအာင္ခ်မ္းေပမဲ့ အန္ကယ္သန႔္ကို တစ္ေယာက္ထဲပစ္မထားနိုင္ပါဘူး။ ေရခ်ယ့္ကိုအလိုလိုက္ၿပီး စိတ္ညစ္တာေျပာသမွ် နားေထာင္ေပးတဲ့အန္ကယ့္အတြက္ အန္ကယ္စိတ္ညစ္ေနခ်ိန္မွာလည္း ေရခ်ယ္ကအေဖာ္ျပဳေပးမည္သာ။

"မီးငယ္နားေထာင္ေနာ္ အန္ကယ္သီခ်င္းဆိုမလို႔"

"ဟိုက္ ဘာသီခ်င္းဆိုမွာလည္းဟင္"

"ဟိုသီခ်င္းေလးကြာ အဆိုေတာ္ေဝလရဲ႕ နဂါးေလးစိမ္းတယ္ ဆိုတဲ့သီခ်င္း"

"ဟင္ ! "

အဆိုေတာ္ေဝလဟာ အန္ကယ္သန႔္ႀကိဳက္တဲ့ အဆိုေတာ္မို႔ ငယ္ငယ္ထဲက သူ႕သီခ်င္းေတြ နားေထာင္ဖူးေပမဲ့ နဂါးေလးစိမ္းတယ္ ဆိုတဲ့ သီခ်င္းကေတာ့ တစ္ခါမွမၾကားဖူးပါ။

"သိလားမီးငယ္ နဂါးေလးစိမ္းတယ္ ဆိုတာေလ"

"သီခ်င္းနာမည္ကတစ္မ်ိဳးေလးေနာ္"

"ဆိုျပမယ္ နားေထာင္မွာလား"

"ဟိုက္"

"အဟမ္း … နားေထာင္"
🎶🎶
ဒီလူကို ပစ္ၿပီးေတာ့ ေ႐ႊဘုံနန္းစံေနေတာ့
ဘင္ဂ်ိဳကိုင္ၿပီး မင္းအိမ္ေရွ႕အေဆြးဇာတ္ထုတ္ခင္းမယ္ 🎶🎶

ထြက္လာတဲ့သီခ်င္းသံေၾကာင့္ ေရခ်ယ့္မ်က္ႏွာေလးမဲ့သြားကာ…

"ခဏ အန္ကယ္ ခဏေလး"

"အင္း ဆိုတာေကာင္းလို႔လားမီးငယ္"

"အဲ့တာ ေဝလရဲ႕ ခင္ေလးစိမ္းတယ္ မဟုတ္ဘူးလားဟင္"

"ဟုတ္တယ္ေလ။ဒါေပမဲ့ အန္ကယ္က ခင္ေလးအတြက္ဆိုတာမဟုတ္ဘူးေလ။ ဂုဏ္နဂါးအတြက္ဆိုတာ…အဲ့တာေၾကာင့္မို႔ နဂါးေလးစိမ္းတယ္"

"ဟင္ အဲ့လိုလည္းရတာလား"

"ရတာေပါ့ကြာ ဆက္ဆိုျပမယ္ နားေထာင္"

"ဟိုက္"

🎶🎶🎶

ဒီလူကို ပစ္ၿပီးေတာ့ ေ႐ႊဘုံနန္းစံေနေတာ့
ဘင္ဂ်ိဳကိုင္ၿပီး မင္းအိမ္ေရွ႕ အေဆြးဇာတ္ထုတ္ခင္းမယ္…
နဂါးေလးအတြက္ ေမာင္ငိုမယ္ ေဟ့…

"ခြီး ခဏ ခဏေလးအန္ကယ္"

"ဘာတုန္းမီးငယ္ရာ။ဒီမွာ အမွန္အကန္ေၾကကြဲေနတာလို႔"

"ဟား ဟား နဂါးေလးတဲ့။ဟီး ဆက္ဆို ဆက္ဆို"

နဂါးေလးဆိုတဲ့ေနရာမွာ ထရယ္မိကာ ေတာ္ေတာ္နဲ႕ မ်က္ႏွာပိုးမသတ္နိုင္ပါ။

"မရယ္နဲ႕ေနာ္မီးငယ္ အန္ကယ္ဆက္ဆိုျပမယ္"

"ဟိုက္ ဟိုက္"

🎶🎶🎶

(   -   )  = harmony

ဒီလူကို ပစ္ၿပီးေတာ့ ေ႐ႊဘုံနန္းစံေနေတာ့
ဘင္ဂ်ိဳကိုင္ၿပီး မင္းအိမ္ေရွ႕ အေဆြးဇာတ္ထုတ္ခင္းမယ္
နဂါးေလးအတြက္ ေမာင္ငိုမယ္…(ငိုကြယ္)
ေဟ့ (ေဟ့ /harmony)
ဓာတ္ရွင္မင္းသားႀကီးအိုက္တင္မ်ိဳးနဲ႕…

ဒီေမာင္ရင္က်ိဳးေတာ့ အႀကိမ္ႀကိမ္ကိုက္ေနတာေပါ့
ဒါကိုနဂါးေလး သိလ်က္အေဝး ေျပးထြက္လို႔သြားၿပီ
အနာဂတ္ေတြ…ပ်က္ကုန္ၿပီ (ပ်က္ကုန္ၿပီ)

တစ္ပါးဆီႏႈတ္ခမ္းဆီပါးျပင္အပ္သြားတယ္
(အပ္သြားတယ္)
အာ့ အာ့ (အာ့ အာ့)  နဂါးေလးရယ္ မင္းဟာသိပ္စိမ္းတယ္ (သိပ္စိမ္းတယ္)

ဟိုးအတိတ္ကဇာတ္လမ္းေလး 🎶
အခုထက္ထိ မေမ့ဘူးေဟ့ 🎶
I love you Never Leave You
မင္းေျပာခဲ့ေသာ ဒီစကားေလး (ေရ႕ ေဟးးး)

ေမာင့္ဘဝရဲ႕ နဂါးေလး
တျခားအရပ္သို႔ သူအလင္းေပး
ေၾသာ္ အခုေတာ့ လမိုက္ညေတြ ဆက္တိုက္ျဖစ္လို႔ ေမွာင္သြားၿပီ (ေမွာင္သြားၿပီ)

ဘိုေကညွပ္ထားေတာ့ အပ်ိဳေတြကေႂကြတာေပါ့
ဒါေပမယ့္လည္း အို နဂါးေလးရယ္(ဂါးဂါးရယ္)
မင္းမွ မင္းပဲကြယ္ (မင္းပဲကြယ္)

ရင္နာနာနဲ႕ငါ ေျပာခ်င္တယ္
အရင္တုန္းကေတာ့ ေမာင့္ကိုအခ်စ္ဆုံးတဲ့ အာ့ အာ့
အခုမ်ားက်ေတာ့ သူစိမ္းလိုနင္သတ္မွတ္(သတ္မွတ္)
ဟိုးအတိတ္ကဇာတ္လမ္းေလး
အခုထက္ထိ မေမ့ဘူးေဟ့
I love you Never Leave You
မင္းေျပာခဲ့ေသာ ဒီစကားေလး(ဒီစကားေလး)

ေမာင့္ဘဝရဲ႕ နဂါးေလး
တျခားအရပ္သို႔ သူအလင္းေပး
ေၾသာ္ အခုေတာ့ လမိုက္ညေတြ ဆက္တိုက္ျဖစ္လို႔ ေမွာင္သြားၿပီ (ေမွာင္သြားၿပီ)    🎶🎶🎶

မင္းသန႔္ၿပဳံးေမာင္ရဲ႕ အဆီအေငၚမတည့္တဲ့ သီခ်င္းဆိုသံနဲ႕အတူ ဟာမိုနီလိုက္ေပးေနတဲ့ မီးငယ္အသံတို႔က နားထဲက်ယ္ေလာင္စြာျဖင့္
ကန႔္လန္ႀကီးတိုးဝင္လာတာမို႔ ဂုဏ္နဂါးမ်က္ႏွာႀကီး ထူပူလာသည္။ဒီနားမွာသာကြၽင္းတူးၿပီး လွဲေသဖို႔ပဲေကာင္းတယ္ ဂုဏ္နဂါးရယ္ ရွက္လိုက္တာ။

"အဟမ္း "

"မင္း ! ေခြးေကာင္ မင္းကပါ"

ထင္လင္းသိုက္ကပါ ပါးစပ္ကိုလက္အုပ္ၿပီး ရယ္ေနတာမို႔ ဂုဏ္နဂါးအေငြ႕ပ်ံခ်င္စိတ္ ေပါက္ေန၏။လူကပါပူထူကာ အရည္ေပ်ာ္ခ်င္ၿပီ။

"အဲ့ဒီေကာင္ အရွက္ကိုမရွိဘူး"

" မီးငယ္က ဂါးဂါးရယ္တဲ့"

"ေတာ္ ေတာ္ ရွက္ရတဲ့အထဲ မင္းကပါလိုက္စမေနနဲ႕"

"မင္းကိုအားနာေပမဲ့ ကိုယ္တကယ္ရယ္ခ်င္တာ ဘယ္လိုေတာင္ေပါက္ကရနိုင္လိုက္သလည္း"

"ေအး ရယ္ … ရယ္ရင္းလည္း ေ-သသြားျပန္အုံးမယ္။ဟိုကေလးေလးကလည္း မတားပဲ ဟာမိုနီေတာင္လိုက္ေပးေနေသးတယ္။ ဟိုသေတာင္းစားကလည္း နဂါးေလးရယ္နဲ႕ ဆိုလို႔ေကာင္းေနတာ…ေဘာကိုနဂါး"

"ကေလးက ဘာသိအုံးမွာလည္း"

"ဘာသိမွာလည္းဟုတ္လား ေပါက္ကရဆိုတဲ့ေနာက္ ဟာမိုနီလိုက္ေပးဖို႔ သိတယ္ေလ… အမယ္ အတိုင္အေဖာက္ကို ညီလို႔"

ပါးစပ္ကဗ်စ္ေတာက္ဗ်စ္ေတာက္ေျပာကာ လက္ကခါးကိုေထာက္၍ ဧည့္ခန္းထဲ ေခါက္တုံ႕ေခါက္ျပန္ေလွ်ာက္ေနတဲ့ ဂုဏ္နဂါးက ၿခံထဲတၾကည့္ၾကည့္ရွိေန၏။

5မိနစ္ေလာက္ၾကာေတာ့မွ သီခ်င္းသံေရာ အသံေတြက တိတ္သြားသည္။15မိနစ္ေလာက္ ထပ္အၾကာမွာ ထြက္ၾကည့္လိုက္ေတာ့ ႏွစ္ေယာက္သားက အိပ္ေပ်ာ္ေနၿပီ။ မင္းသန႔္ပခုံးေပၚ မီးငယ္က ေခါင္းမွီထားကာ ပါးစပ္ကေလးဟလို႔ အိပ္ေနရွာသည္။

"သူမ်ားကို အသံနဲ႕ႏွိပ္စက္ၿပီး သူတို႔က အိပ္နိုင္ေသးတယ္ … တရားက်ဖိဳ႕ေကာင္းတဲ့ ဟာေလးေတြ"

အိမ္ထဲမွာသတိမထားမိေပမဲ့ အျပင္ေရာက္မွ ေအးစက္ေနတဲ့ေလကိုခံစားမိတာကို မီးငယ္ကို စိတ္ပူကာ လက္ကေလးေတြကို စမ္းၾကည့္ေတာ့ ေအးစက္ေနေလၿပီ။

"နဂါး မင္း သူ႕ကိုနိုးခဲ့ေတာ့။ကိုယ္ မီးငယ္ကို ေခၚသြားလိုက္မယ္"

"မနိုးဘူး ပစ္ထားမွာဒီမွာပဲ။သူ႕ဖာသာ ေလျဖတ္ခ်င္ျဖတ္"

"ကေလးက ေအးစက္ေနၿပီ"

"ဟင္"

ထိုေတာ့မွ အလန႔္တၾကားျဖင့္ မင္းသန႔္လက္ေတြကို သြားစမ္းျပန္၏။ ဂုဏ္နဂါးလည္း ဘယ္လိုျဖစ္ေနမွန္းမသိ။

သို႔လွ်င္ပဲ မင္းသန႔္ပခုံးေပၚက မီးငယ္ေခါင္းကို ထင္လင္းသိုက္က အသာဆြဲယူကာ နိုးသြားမွာ
ဆိုးတဲ့အတြက္ သူ႕ပခုံးေပၚမွီတင္ကာ ေပြ႕ခ်ီလိုက္ရင္း မီးငယ္အခန္းဆီ ခပ္ျမန္ျမန္ေလးသာသြားလိုက္သည္။

ထိုစဥ္ သက္ျပင္းတခ်ခ်ျဖင့္ ေဒါသထြက္ေနသူက ဂုဏ္နဂါးသာ… ဒန္းေပၚတစ္ေယာက္ထဲ အိပ္က်န္ေနခဲ့တဲ့ အမူးသမားကို တြဲလည္းမေခၚခ်င္။သို႔ေသာ္ ပစ္ထားျပန္ရင္လည္း မေတာ္လို႔ ေလျဖတ္သြားရင္ ဒါႀကီးကို သူပဲျပဳစုရမွာမို႔ မတတ္သာသည့္အဆုံး ပခုံးကိုကိုင္လႈပ္လိုက္၏။

"မင္းသန႔္ၿပဳံးေမာင္ … ထစမ္း အထဲဝင္အိပ္
ေဟ့ … ေဟ့ေကာင္မင္းသန႔္"

"ဟင္ ဟင္ ဘာလည္းကြာ"

"ေအာင္မာ မင္းကမ်ားျပန္ေအာ္ရတယ္လို႔ အိမ္ထဲဝင္အိပ္ဖို႔ေျပာေနတာ… မင္းမေအးဘူးလား"

"ဟာ ေမာင့္နဂါးေလး။ေအးတယ္ေလ ေမာင့္နဂါးေလးကဖက္ထားေပးမွာပါလား"

"ဒီေခြးေကာင္။ေဘာမို႔ ဖက္ထားေပးရမွာလားကြ"

"အဲ့တာဆို ေမာင့္ကိုေပြ႕"

" ေဘာကိုေပြ႕ရမွာလား။မင္းဖာသာ ေသာက္တာ ထၿပီး ကိုယ့္အခန္းကိုယ္သြားအိပ္"

"ဒီေျခေထာက္ေတြက လမ္းမေလွ်ာက္နိုင္ေတာ့ဘူး"

သူ႕ေျခေထာက္ကိုပုတ္ျပကာ မ်က္ႏွာငယ္ေလးနဲ႕ ၾကည့္ေနျပန္သည္။

" လမ္းမေလွ်ာက္နိုင္ရင္ တ႐ြတ္တိုက္ဆြဲသြား"

"ဒီမွာပဲ အိပ္လိုက္ေတာ့မယ္။ ငါ- ိုးေကာင္က ေမာင့္ကိုလည္းမခ်စ္ဘူး"

"ခ်စ္ခ်င္စရာကို "

တကယ္ပင္ သူမေခၚမခ်င္း အထဲဝင္ဖို႔မျမင္တဲ့ မင္းသန႔္ၿပဳံးေမာင္ကို သူကပဲအေလ်ာ့ေပးကာ ေက်ာေပၚ ေနရာေပးကာ ခ်ီပိုးခဲ့ရျပန္သည္။

ဒီတစ္ေကာင္မိန္းမမရမခ်င္းကေတာ့ သူ႕ဒဏ္ခံရေပအုံးမည္။

::::::::::

မီးငယ္နဖူးကေခြၽးထြက္သမွ်ကို သုတ္ေပးရင္း ဓာတ္ဆားရည္ကိုလည္း တိုက္ရေသးသည္။ ေဆးေသာက္မေၾကာက္တဲ့မီးငယ္က ဓာတ္ဆားကိုေတာ့ ေၾကာက္တာမို႔ မေသာက္ခ်င္ျဖစ္ကာ ငိုမဲ့မဲ့ျဖင့္…

ဧည့္ခန္းမွာ ၄ေယာက္လုံးရွိေနကာ ဂုဏ္နဂါးဟာ မတ္တပ္ရပ္လက္ပိုက္၍ ေခါက္တုံံ့ေခါက္ျပန႔္ ေလွ်ာက္ေန၏။ဆန႔္က်င္ဘက္အေနနဲ႕ မင္းသန႔္က လည္ပင္းကို က်ိဳးက်မတတ္ငုံ႕ထားသည္။ မေန႕ညက အေအးျပန္မိၿပီး အဖ်ားျပန္တတ္လာတဲ့ မီးငယ္ကေတာ့ သူ႕ရင္ခြင္ထဲမွီကာ ငိုမဲ့မဲ့ေလးရွိေနသည္။

"မင္းတို႔…"

"ဟင့္ "

ဂုဏ္နဂါးပါးစပ္ဟလိုက္တာနဲ႕ မီးငယ္ငိုသံက ထြက္လာသည္။

"မဟုတ္ေသးပါဘူးကြာ အန္ကယ္ကမီးငယ္ကိုဆူေနလို႔လား"

"ဆူေတာ့မွာႀကီးကို"

"မီးငယ္ကိုမဆူဘူး ဒီေကာင္မင္းသန႔္ကိုဆူမွာ"

" ဟိုက္ "

ထိုေတာ့မွ အငိုတိတ္သြားတဲ့မီးငယ္က ထင္လင္းသိုက္ကို ရယ္ျပေနျပန္တယ္။ တတ္လည္းတတ္နိုင္တဲ့ဟာေလးေတြ။

:      : To Be Continue Part - 40

A/N = ယခုအပိုင္းတြင္းပါေသာ သီခ်င္းသည္ မူရင္းသီဆိုသူအား ျပက္ရယ္ျပဳလိုစိတ္ အလ်ဥ္းမရွိပါ။

   

Continue Reading

You'll Also Like

267K 9.6K 40
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
109K 9.1K 33
အညိွဳးအေတးၾကီးလြန္းတ့ဲ Kim Jong In^ လိုခ်င္တာကို မရရေအာင္ ယူတတ္တ့ဲ Park Chan Yeol^ အခ်စ္န့ဲအိမ္ေထာင္ေရးၾကား ျဗာမ်ားေနတ့ဲ Byun Baekkie^ ခ်စ္တတ္လြန္းတ့...
1.5M 65K 76
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...