"ဘယ်လို.......ကားaccident?....ဟို...နေရာကိုအတိအကျလေးပြောပြပေးပါလားရှင်"
ကျဆင်းလာသောမျက်ရည်တို့ကို ကပြာကယာသုတ်လိုက်ပြီး တစ်ဖက်မှအမျိုးသမီးကိုမေးလိုက်၏။အနီးနားရှိသောစာအုပ်ကိုရှာယူကာ နေရာအတိအကျကို မှတ်ထားလိုက်လေတော့သည်။
"ကျေဇူးပါရှင်"
ဒီထက်ပိုပြီးပြောမနေတော့ပဲ ဖုန်းကိုခပ်မြန်မြန်ချကာ ဒေါ်သက်ကို ခေါခလိုက်သည်။
"ဒေါ်သက်....ဒေါ်သက်!!"
"ဟုတ်ကဲ့မမလေး။"
အဝတ်စုတ်ကိုကိုင်ရင်း ပြေးထွက်လာသောဒေါသက်အားမောင်တို့ဖြစ်စဉ် ဖြူသိသမျှကိုပြောပြလိုက်သည်။
"အခုပဲဖြူလိုက်သွားမယ်။အဲတော့ အိမ်ကိုသေချာဂရုစိုက်ပေးပါ ဒေါ်သက်....ဘယ်လောက်ကြာမယ်မှန်းလည်း အတိအကျမသိတာမို့ စိတ်ချပါရစေ။"
"စိတ်ချပါမမလေး...ဒေါ်သက်သေချာဂရုစိုက်ပေးပါ့မယ်။"
ချာခနဲလှည့်ထွက်ရင်း အခန်းထဲသို့ပြန်ဝင်ကာ ပြင်ဆင်စရာရှိသည်များပြင်ဆင်ပြီး ကားကို တရကြမ်းမောင်းထွက်ခဲ့သည်။ခလွန်နက်ကို ရှင်းပြစ်ရန် လွယ်ကူသွားပေမယ့် မောင်......သူမသိပ်ချစ်သော မောင်ကိုတော့ အဆုံးအရှုံးမခံချင်ပါ။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
"အား.....ကျွတ်..ကျွတ်"
တစ်ဆစ်ဆစ်နာကျင်နေသော ခေါင်းကို လက်ဖြင့် ကိုင်လိုက်သောအခါ လက်ကပါ နာကျင်လာရသည်။မျက်လုံးအစုံကိုအားယူ၍ဖွင့်လျုက်လျှင် မျက်နှာကျက်ဖြူဖြူကိုသာ မြင်တွေ့ရ၏။
"Boss သတိရလာပြီ။ကြည်ပြာ ဆရာဝန်သွားခေါဦး..."
မပီမသကြားလိုက်ရသော အသံသည် မန်နေဂျာဇေယျာ၏ အသံထင်ပါသည်။ဘေးဘီကိုသေချာလှည့်ကြည့်လိုက်တော့ တကယ်ပဲ သူ၏မန်နေဂျာပါလေ။
"ဇေယျာ....ငါဘာဖြစ်တာလဲ...လမ်းဆုံ..ဟုတ်တယ်။လမ်းဆုံမှာ ကုန်တင်ကားတစ်စီးကားရှေ့ကို ကွေ့လာတယ်။ပြီးတော့...ပြီးဝော့ ကျစ်!..."
"စိတ်ကိုအေးအေးထားပါBoss..အခုအဲဒီကုန်တင်ကားနဲ့ accidentဖြစ်ထားတာပါ။ဒီနေ့နဲ့ဆို Boss သတိမရတာ လေးရက်ရှိပါပြီ။"
"မော်ကွန်း.....ခလွန်နက်နဲ့ေဇာ်မမရော...သူတို့ကရော ဘယ်မှာလဲ။"
"ဇော်မမက နေရာမှာတင် ဆုံးသွားပါတယ်။ေမာ်ကွန်းက ခြေထောက် ထိထားလို့ ဘေးအခန်းမှာနားနေပါတယ်။ခလွန်နက်ကတော့ အခုထိ သတိမရသေးပါဘူး။စဖြစ်တုန်းက ကားကမီးလောင်သွားခဲ့တာပါ Boss"
"ဘယ်လို မီးလောင်တာ!...."
"ဟုတ်ပါတယ်။Boss ကိုလည်း ခလွန်နက်ဆိုတဲ့ မိန်းကလေးက ကားထဲကနေ ဆွဲထုတ်ထားပုံရပါတယ်။အဲဒါကြောင့်မို့ ဘာမှသိပ်မထိခိုက်ထားတာပါ။ပြီးဝော့ တစ်ဖက်ကကားသမားကိစ္စကိုလည်း သေချာရှင်းထားလိုက်ပါပြီ။"
ဆက်ပြောမည့်စကားတို့ကို မကြားချင်တော့သည်မို့ မျက်လုံးတို့ကို မှိတ်ထားလိုက်သည်။သူနှိပ်စက်မိခဲ့တဲ့ မိန်းကလေးဟာ သူ့ကိုကယ်သည်တဲ့လား။မင်းအပေါမှာ ကိုယ်တကယ် မကောင်းေပးခဲ့ဘူး။
ဆရာဝန်မလာခင် သူ့စိတ်တို့က သူမကိုသွားကြည့်ရန်သာ ပြင်းပြနေသည်။ဘယ်လိုအခြေနေရှိပါသလဲ။ဒဏ်ရာတွေဘာတွေရော ရှိနေမလား။
"ငါ့ကို ခလွန်နက်ဆီလိုက်ပို့"
"ဟုတ်...ဟုတ်ကဲ့ပါ"
ဇေယျာက သူ့ကိုထူမကာ ကုတင်ပေါကနေအသာဆင်းစေပြီး တွဲထားပေးလေသည်။ကိုယ့်မှာ မင်းပေးတဲ့အသက်ပဲရှိခဲ့တာလား။
အခန်းတို့ကို အနည်းငယ်ဖြတ်ကျော်ခဲ့ပြီး စောင့်သူမရှိသော သူမအခန်းလေးထဲသို့ရောက်လာခဲ့သည်။အောက်ဆီဂျင်တန်းလန်းနှင့် သူမမျက်နှာလေးသည် အရင်ကကဲ့သို့မဟုတ်ပဲ ဖြူဖျော့နေ၏။လက်ဖမိုးနှင့် ခေါင်းတို့တွင် ပတ်တီးဖြူဖြူတို့က နေရာယူထားသည်။
မခိုင်းစေပါပဲနှင့် မျက်ရည်က ပေါက်ခနဲကျသွားရသည်။အသက်တောင်စွန့်ရဲတဲ့မိန်းကလေးကို သူဘာလို့နှိပ်စက်နေခဲ့မိတာလဲ။ကိုယ်တောင်းပန်ပါတယ်။တောင်းပန်ပါတယ်ကွာ။သူမမကြားနိုင်သည့်စကားများအား စိတ်ထဲတွင်အထပ်ထပ်ပြောနေမိသည်။
ဒီနေ့ရောဆို သူမသတိမရတာ ဆယ်ရက်ခန့်ရှိပြီ။ဆေးရုံမှဆင်းရန်ပြင်ဆင်ထားပေမယ့် သူမရှိနေသေးသည်မို့ ဘာမှမပြင်ဆင်သေး။သူမအခန်းလေးထဲသို့ နေ့စဉ်သွားနေမိသောသူ့ကို အခြားသူတွေဘယ်လိုထင်မလဲ မပြောတက်ပါ။ဂရုလည်းမစိုက်ပါ။အခုလည်း သူရောက်လာပြန်သည်။ဖြူဖတ်ဖတ်နှင့် ပိုပို၍ပိန်ချုံးလာသည်ဟု သူထင်သည်။သတိရပါတော့ကွာ။မှားသမျှအပြစ်တွေကိုတောင်းပန်ပါတယ်။သတိရလာပေးပါတော့ကွာ။
သူမ၏ လက်ဖမိုးလေးအား ခပ်ဖော့ဖော့ကိုင်ကာ ရင်ထဲမှတောင်းဆိုမိ၏။
"အင့်...."
လှုပ်ခတ်လာသော လက်ချောင်းရှည်သွယ်သွယ်တို့က သတိရလာပါပြီဟု ပြောနေလေသည်။ဝမ်းသာမှုနှင့်အတူ ဆရာဝန်ကိုပြေးခေါဖို့ပင်မေ့ေနလေသည်။
"ခလွန်နက်...."
"ဟင်...!!"
သူမမျက်လုံးထဲတွင် မြင်လိုက်ရသောပုံရိပ်အားမယုံနိုင်။သူမ၏ သခင်လေးသည် ဝမ်းသာမှုများပြည့်လျှံကာ နွေးထွေးသော မျက်ဝန်းအစုံနှင့် သူမကိုငုံ့ကြည့်နေလေသည်။
"မင်းသတိရလာပြီ။သက်သာရဲ့လား။အဆင်မပြေတဲ့နေရာ၊နာနေတဲ့နေရာတွေရော ရှိလား"
"ဟင့်အင်း။မရှိပါဘူး သခင်လေး"
သူမ၏ တောက်ပနေသော မျက်ဝန်းတို့ကို ပြန်မြင်ရသောအခါ ရင်ထဲတွင် လှုပ်ခတ်သွားသော ခံစားမှုက ဘာနှင့်မှမတူ။
"မင်းဒီမှာ ခဏနေဦး။ဆရာဝန်သွားခေါလိုက်ဦးမယ်။"
"ဟုတ်ကဲ့"
အရင်ကနဲ့မတူပဲ နူးညံ့စွာပြောလာသော သူ့ကြောင့် အနက်ရင်ခုန်သံတို့က ဝုန်းဒိုင်းကြဲလာပါသည်။ပြောင်းလဲသွားခဲ့တာလား။ဟန်ဆောင်နေတာလား အနက်တွေးမနေတော့ပဲ သူ့ဂရုစိုက်မှုတို့မှာပင် ကျေနပ်သည်။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
ဆေးရုံကနေ ဆင်းရတော့မည်ဖြစ်၍ အနင်အပျော်ကြီးမပျော်နိုင်တော့ပါ။စံအိမ်သည် အနက်ကို ထိတ်လန့်ဖွယ်ရာများနှင့်သာ ပြည့်နှက်စေခဲ့သည်။ဆေးရုံတက်နေစဉ်ကာလအတွင်း မျက်နှာတစ်ချက်အပျက်မခံဘဲ ဂရုစိုက်ပေးခဲ့သော သူ့ကို အနက်တိုး၍ချစ်လာမိသည်ထင်ပါရဲ့။ပြောင်းလဲသွားသော သူ့အကြည့်၊အပြောအဆိုကစ အနက်ကျေနပ်နေမိသည်။
"အနက်...ပြင်ဆင်ပြီးရင် သွားရအောင် မော်ကွန်းစောင့်နေပြီ။ "
"ဟုတ်ကဲ့"
သူမနားလေးတွင်ရှိကသော အခိုက်အတန့်တစ်ခုချင်းစီကို သူမြတ်နိုးမိလာသည်။အရင်လိုမဟုတ်ပဲ ပေါ့ပါးစွာ သူမနှင့် နေထိုင်ရသောဤခဏတာသည်သူ့အတွက် တကယ့်ကိုပျော်စရာပါ။ဟာသတွေကိုလည်း သူရယ်စေရန် တမင်ပြောတက်သောသူမသည် သူ့အပေါ နည်းနည်းမျှပင် စိတ်ခုနေခြင်းမရှိခဲ့သည်လား။
"အနက်လာ...."
မော်ကွန်းကမ်းပေးသောလက်ကိုကိုင်၍ ပြုံးကာ ကားပေါကိုတက်နှင့်သော သူမကိုကြည့်ရင် သူအကျော်တို့တစ်စစီပျောက်ရပြန်သည်။ဒီခံစားချက်မျိုး သူမခံစားဖူးပါ။မော်ကွန်းသည် သူမနှင့် အရင်းတနှီးနေတာကိုလည်း သူ မကြိုက်။
"ဒုန်း....!"
ကားတံခါးကိုဆောင့်ပိတ်လိုက်သော သူ့ကိုကြည့်ကာအနက်လန့်သွားမိသည်။ခုနကမှပြုံးပြုံးရွှင်ရွှင်ကို ဘာထဖြစ်တာပါလိမ့်။လက်ဖမိုးမှ ဒဏ်ရာလေးအားငုံ့ကြည့်မိတော့ အာရုံတို့က ဝေဝါးဝါးဖြစ်သွားသည်။
သူ့ကိုအပြင်ထုတ်ပေးနိုင်ခဲ့ပေမယ့် မမဇော်ကိုတော့ အနက်မကယ်ပေးနိုင်ခဲ့ပါလား။အင်းပေါ့ ထိုစဉ်က အနက်အာရုံမှာသူသာ ကြီးစိုးနေခဲ့တာကိုး။
"ကလင်!...ကလင်!.."
ဖုန်းသံကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားသူက သူရယ်ပါလေ။
"ဖြူ...ပြော.."
"........."
"အင်း။အခုပြန်လာနေပြီဖြူရဲ့။လမ်းမှာ....."
"........."
"ပြောလို့ရပါတယ်ဗျာ"
"........."
"ရပါတယ်ဖြူရယ်။အန်ကယ့်ကိုပဲသေချာဂရုစိုက်ပေးလိုက်ပါ။ကိုယ်က ဘာမှမဖြစ်ဘူး။အဆင်ပြေတယ်ဟုတ်ပြီလား"
"........."
"ကောင်းပါပြီဗျာ။ဂရုစိုက်နော်။သိပ်ချစ်...."
အလွမ်းတွေတစ်သီကြီးနှင့်ဖုန်းပြောနေသော သူ့ကိုကြည့်ကာ သူမစိတ်တို့က နွမ်းလျနေသည်။ဖြူဆိုတဲ့မိန်းကလေးကို သူမအားကျမိပါသည်။ဘာမဟုတ်တဲ့အနက်တောင် သူ့ရဲ့ဂရုစိုက်မှုလေးတွေရနေတာ။သူအချစ်ရဆုံးမိန်းကလေးသာဆို ဘယ်လောက်ပျော်နေလိုက်မလဲ။
ေန့စဉ်ရက်တိုင်း တစ်ရက်မှဖုန်းဆက်မပျက်တဲ့ မမဖြူသည်လည်း သူ့ကိုဘယ်လောက်ချစ်ကြောင်းပေါလွင်နေသည်မဟုတ်လား။အတွေးတို့ကိုရှည်လျားစွာ ဆွဲဆန့်နေမိပြီး ပြတင်းပေါင်ကိုသာအကြည့်ပို့ထားလိုက်သည်။အနက်မှာ မိဘတွေရှိနေမယ်ဆိုရင်...........
Part-10...............................