"ဟင်!......ရှင်...."
"မင်းက ဒီမှာ ဘာလာလုပ်နေတာလဲ"
မျက်လုံးအဝိုင်းသားနှင့် သူမနားသို့ တိုးကပ်ရင်းမေးလိုက်သည်။သူမမျက်ဝန်းထဲမှ အားငယ်မှု၊ဝမ်းနည်းမှုတို့ကိုပါ အထင်းသားမြင်နေရ၏။
"ဟို.....သခင်လေးအတွက် ထမင်းချိုင့်လာပို့တာပါ"
"ဟုတ်လား။ကိုကြီးရော......."
"သခင်လေးက အခုလေးတင်ပဲအပြင်သွားပါတယ်။"
ခေါင်းလေးကိုကျိုးကျမတက်ငုံ့ထားကာ တစ်ရိုတစ်သေပြန်ဖြေနေသော သူမလေးကို ပြုံးကာကြည့်နေမိသည်။
"အဲဒါဆို ထမင်းကရော....."
"ဟို....ဟို...အောက်ထပ်က ဝန်ထမ်းတွေကို ကျွေးလိုက်ပါတဲ့။"
စကားမရှိစကားရှာပြောရင်းမှ သူ့အတွက်အခွင့်ကောင်းအား တွေ့လိုက်သည်မို့ မျက်နှာတစ်ခုလုံးဝင်းလက်သွားရ၏။
"ကိုယ်စားမယ်ဆိုရင်ရော......"
"ရှင်!......."
ခြင်းတောင်းကိုကိုင်ထားသော လက်ကလေးတို့အား ကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။သူ့အတွက်တကူးတကချက်လာပေးသော ဟင်းတွေက အခုတော့ အခြားသူအတွက်ဖြစ်ချေတော့မည်။ကံကြမ္မာရယ် အနက်ကို တစ်ခါလောက် မျက်နှာသာပေးပါလား။
"ဟိတ်!......ဘာတွေစဉ်းစားနေတာလဲ။စားလို့မရလို့လား"
"ဟို....ဟို....သခင်လေးကလေ ခွင့်ပြု....."
"ကိစ္စမရှိဘူးရတယ်။ဒီမှာလာထိုင်လေ.....လာ"
မျက်နှာချင်းဆိုင် ဆိုဖာနေရာအား ရည်ညွှန်းပြောဆိုလိုက်သည်မို့ သူမက မချင့်မရဲ ဝင်ထိုင်ကာ ထမင်းပြင်ပေးလေသည်။ကပိုကရိုကျနေသောဆံနွယ်တို့က မျက်နှာလှလှအား ကွယ်လိုက်ပျောက်လိုက် လုပ်နေသည်။အထင်းသားမြင်နေရသော သူမမျက်တောင်ရှည်ကော့ကော့တို့က ဂန္တဝင်ဆန်လွန်းလှသည်။
"အစ်ကိုလေး.....ရပါပြီရှင့်"
"ဟမ်!.....ဘယ်လို.....ဘယ်လိုခေါလိုက်တယ်"
"အစ်ကို.....အစ်ကိုလေး"
"ကျစ်.....မင်းအသက်ဘယ်လောက်လဲ။"
"ရှင်!....."
"အသက်လို့...."
"၁၈ ပါ"
"ဒါဆို ကိုယ့်ထက် နှစ်နှစ်ပဲငယ်တယ်။အဲ့လောက်ကြီးမလိုပါဘူး။အစ်ကို ဆိုရပြီလေ"
"ဒါပေမယ့် စံအိမ်.....စည်းကမ်းက ရှိသေးတာမို့"
မျက်နှာငယ်လေးနှင့် ဆိုလာသော သူမကို ထမင်းစားနေရာမှ ဂရုဏာသက်စွာကြည့်မိသည်။စံအိမ်ကို ကြောက်နေပုံလည်း ရသည်မို့
"စည်းကမ်း...?.....ဘာတွေလဲ"
"ဟို.....ကိုယ့်အလုပ်ရှင်တွေကို နာမည်နဲ့ခေါခွင့်မရှိပါဘူး။တစ်ရိုတစ်သေနဲ့ခေါရပါမယ် မဟုတ်ရင်.....ကြိမ်ဒဏ် ၅၀ ပါ"
"ဟမ်!.....အဲ့လိုတွေရော ရှိတာလား။"
သူလုံးဝမှင်သက်မိပါသည်။အဲ့လောက်ထိစံအိမ်က စည်းကမ်းကြီးရသလား။ဒါဟာ ကိုကြီးအမိန့်မဟုတ်ရင် ဘယ်သူ့အမိန့်ဖြစ်ပါဦးမလဲ။
"ဟုတ်ပါတယ်။စံအိမ်မှာက တစ်ခုခုဆို ကြိမ်ဒဏ်နဲ့ပဲသွား......"
"ဘယ်လို....ကြိမ်ဒဏ်နဲ့သွားတာ...ထပ်ရှိသေးတာလား"
"ဟုတ်ကဲ့။အမြဲတမ်းအလုပ်ရှင်သစ်တစ်ယောက်ရောက်လာရင် ခေါင်းငုံ့ထားရတာလည်း စည်းကမ်းတွေထဲကတစ်ခုပါ။အလုပ်ရှင်က စိတ်မထင်တဲ့ချိန်ကြည့်မိမယ်ဆိုရင်လည်း ကြိမ်ဒဏ်ခံရပါတယ်။"
ဒီလိုကြောက်စရာကောင်းလွန်းတဲ့ စည်းကမ်းတွေနဲ့စံအိမ်မှာ သူ့ရင်ခုန်သံနတ်သမီးက ရှိနေပါသတဲ့လား။ကိုယ်မင်းကို ခေါထုတ်သွားမယ်။
"တောင်းပန်ပါတယ်။အနက်က တိုင်တောတာမျိုး၊မဟုတ်ရပါဘူးရှင်၊ဒီတိုင်းပဲပြောပြရုံပါ။တောင်းပန်ပါတယ်။"
ခေါင်းငိုက်စိုက်ကျသွားသော သူ့ကိုကြည့်ကာ ထပ်တလဲလဲတောင်းပန်မိသည်။သူမ မှားသွားပြီလား။
"မဟုတ်တာ။ကိုယ်နားလည်ပါတယ်။ဒါနဲ့....မင်းကိုယ်တိုင်ချက်ထားတာလား..."
ဟင်းခွက်ကိုမြှောက်ကာပြောလိုက်တော့ ဝောာက်ပတဲ့မျက်ဝန်းတို့ကို ရုတ်တရက်မြင်လိုက်ရပြီး ပုန်ပျောက်ကွယ်သွားပြန်သည်။စတွေ့ကတည်းက သေအောင် သဘောကျခဲ့ရတာအဲ့မျက်ဝန်းလေးတွေကိုပဲ။
"ဟုတ်ပါတယ်။"
"ကောင်းလိုက်တာ။မာမီ့လက်ရာအတိုင်းပဲ.....ဒီနေ့မင်းလေးကျေးဇူးကြောင့် ဗိုက်ဝသွားပြီ။ကျေးဇူးတင်ပါတယ်။"
"ရပါတယ်ရှင်"
ထမင်းချိုင့်ကိုဆင့်နေရင်း အနက်စိတ်ထဲမှာတွေးမိသည်က ဒီကျေးဇူးစကားကိုသူသာပြောရင် ထခုန်မိမတက်ကိုပျော်မိမှာ ထင်တယ်။
"အခုအိမ်ပြန်တော့မှာမလား။လိုက်ပို့ပေးမယ်"
"ရပါတယ်ရှင့်၊အနက်ကိုယ့်ဘာသာကိုယ်ပဲ......"
"လာပါ ကြိမ်ဒဏ်တော့မမိဘူးမလား"
"မမိပါဘူး....ဒါပေမယ့်..."
"အဲဒါဆိုလာ..."
ခြင်းတောင်းကိုကိုင်သွားရင်း အနက်လက်ကိုပဲတစ်ဆက်ထဲဆွဲခေါသွားသည်မို့ ကြောင်နနနှင့်ပါလာရသည်။
"ဟို.....ခြင်းတောင်းက အနက်ကိုင်ပါ့မယ်။"
"ရပါတယ်ကွာ။ဒီလောက်ကား အကျယ်ကြီးမှာကိုင်နေစရာမလိုပါဘူး"
မင်းကို ဒီခြင်းတောင်းလေးကိုင်ပြီး အလေးမခံစေချင်တာစေတနာပါ။ဒီနေ့ကစပြီး မင်းဟာကိုယ့်ရဲ့မဟေသီလောင်းပဲ။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
"သမီး ဖြူ....."
"ရှင် မာမီ......"
"မာမီစိတ်ချမယ်နော်သမီး....သမီးငယ်လေးကိုတွေ့အောင်ရှာပြီး ပြန်ခေါလာခဲ့ပေးပါ။"
"စိတ်ချပါမာမီရယ်။ဖြူသေချာပေါက်ရှာပြီး မာမီရှေ့ကိုခေါလာခဲ့ပေးမယ်"
မာမီက မျက်ရည်တွေဝေ့နေသော မျက်လုံးများနှင့် သူမကိုကြည့်ကာ သူမပါးကို ခပ်ဖွဖွနမ်းလေသည်။
မာမီနှင့်ဒယ်ဒီကို အနွေးထွေးဆုံးပွေ့ဖက်နှုတ်ဆက်ရင်း ကားပေါသို့တက်ကာ မောင်ရှိရာ အရပ်သို့ ထွက်ခွာလာခဲ့သည်။ပြင်ဦးလွင်မှာပဲ ညီမလေးဖြစ်သူရှိနေသည်ဟု ကြားသိရတာမို့ မာမီေရာဒယ်ဒီပါ အပူတစ်ပြင်းရှာခိုင်းခြင်းပင်။
မမြင်ရသေးသော ညီမလေးအတွက် ကြိုတင်စိတ်မကောင်းဖြစ်မိသည်မှာ တောင်ပံဖြူ။အိတ်ထဲမှ ပစ်စတိုအသေးလေးအား ကြည့်ကာ နှုတ်ခမ်းလှုပ်ရုံမျှ ပြုံးမိသည်။ညီမရှိတော့ရော ဘာလုပ်ရမှာလဲ။ငါ့ဆီကနေ မာမီအချစ်တွေရော၊ဒယ်ဒီ့အချစ်တွေပါ လုယူသွားမယ့်သူပဲ၊အသက်ရှင်နေတော့ရော ဘာထူးမှာလဲ အဟင်းဟင်း.....။
"ဟယ်လိုမောင်......"
".........."
"ဖြူအခုထွက်လာနေပြီမောင်ရဲ့....နောက် တစ်နာရီလောက်ဆိုရောက်မယ်ထင်တယ်။"
".........."
"အင်းပေါ့။ရပါတယ်။အိမ်ကနေပဲစောင့်နေပါ။ရောက်ရောက်ချင်းမောင့်ကိုပဲ အရင်ဆုံးတွေ့ချင်တယ်နော်....ok..."
"..........."
"ကောင်းပါပြီရှင်"
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
ချစ်ရသူပြန်လာမည့်လမ်းအား အကောင်းဆုံးဖြစ်ကာကြိုနေချင်သည်။ခြံဝမှ အိမ်လမ်းတစ်လျှောက်ကော်ဇောနီကြီးခင်းကာ ပန်းအချို့ကြဲထားသည်။အခန်းကို အလှပဆုံးဖြစ်အောင် ပြင်ဆင်ခိုင်းထားပြီး ဖြူ့အကြိုက်ဖြစ်မည်လို့တော့ မျှော်လင့်မိပါ၏။ဖြူဆိုသည့်အတိုင်း အဖြူရောင်များနှင့်သာ ပတ်ဝန်းကျင်ကို ပြင်ဆင်ပေးထားသည်။သူ့နှလုံးခုန်သံမှာ တစ်ချက်တစ်ချက် ဒိန်းခနဲ။
ပြုံးပျော်နေသော သူ့ကိုကြည့်ကာ အနက်မှာလည်းပျော်ရသည်။သူစိတ်ချမ်းသာရင် အနက်မှာလည်း စိတ်ချမ်းသာရသည်မဟုတ်လား။ဖြူ တဲ့။သူကိုယ်တိုင်ရွေးချယ်ထားသော မိန်းကလေးဆိုသော သူမအား အနက်တွေ့ချင်လှပါသည်။ကံကောင်းလှသော မိန်းကလေးမဟုတ်လား။
"တီ တီ!......"
ခြံထဲသို့ကားဖြူဖြူလေးဝင်လာသည်နှင့် အားလုံးက ခေါင်းငုံ့ကြရပြန်သည်။
လွန်ခဲ့သော လေးနှစ်ကကဲ့မဟုတ်ပဲ အနည်းငယ်ပြောင်းလဲသွားသော ဖြူအား အံ့အားသင့်မိသည်။ဆံနွယ်ရှည်တို့မှာ ပခုံးသာသာ သာရှိ၍ မျက်နှာတွင် ကာလာစုံခြယ်သထားသည်။
"မောင်....အရမ်းလွမ်းနေခဲ့တာ.."
သူ့ဆီသို့ လက်နှစ်ဖက်ဆန့်လျက်ဝင်လာသောဖြူအား အလိုက်သင့်လေး ပြန်၍ရင်ခွင်ထဲတွင် ဖက်ထားမိသည်။ဖြူဟာ သိပ်ပြောင်းလဲသွားတာပဲ။အရင်ကဆို သူ့ဘက်က ဖက်မိရင်တောင် မျက်စောင်းလေးထိုးကာကြည့်သောဖြူက နိုင်ငံခြားမှာပဲအနေကြာခဲ့လို့လား။
"နေကောင်းတယ်နော် ဒေါသက်"
"ဟုတ်ကဲ့ကောင်းပါတယ်မမလေး"
"အားလုံးဒီကိုခဏအာရုံစိုက်မယ်။ဒါက ကျွန်တော်ရဲ့ ဇနီးလောင်းပဲ။တောင်ပံဖြူတဲ့။ဘယ်လိုခေါရမယ်ဆိုတာတော့ သိပြီးသားပါနော််။"
"ဟင်!....."
ရုတ်တရက် လူပများကြားမှ လည်တိုင်တွင် အနက်ကွက်ကလေးပါသော မိန်းကလေးအား တွေ့လိုက်ရသည်။ဒါမာမီပြောတဲ့ မိန်းကလေးများလား။
"ဟိတ်!....မင်းနာမည်ဘယ်လိုခေါလဲ"
"ရှင် အနက်...အနက်ကိုမေးတာလား"
"အင်း။ဟုတ်တယ်"
"ခ...ခလွန်နက်ပါမမလေး"
"ဟင်!......."
Part-8..............................