Footprint of kiss(အနမ်းခြေရာ)
By Astraea876
37.7K 835 10
(Normal) အိမ်ကြီးရှင်အရှင်သင်ခင်နဲ့ အစေခံ ကောင်မလေးတို့ရဲ့ အချစ်အကြောင်း၊အစ်မဖြစ်သူရဲ့ ကောက်ကျစ်မှုတွေကြားက အ... More
Intro
( Part-1)
(Part-2)
(Part-3)
(Part-4)
(Part-5)
(Part-7)
(Part-8)
(Part-9)
(Part-10)
(Part-11)
(Part-12)
(Part-13)
(Part-14)
(Part-15)
(Part-16)
(Part-17)
(Part-18)Final
(Part-6)
1.7K 43 0
By Astraea876
"မင်း....ဟိုကောင်မလေးမလား။ကျွန်တော်နဲ့အတူ ကိုကြီးကုမ္ပဏီကို လိုက်ရှာပေးခဲ့တဲ့တစ်‌ေယာက်မဟုတ်လား"
‌သူ့ရှေ့မှကောင်မလေးအား မော်ကွန်းစေ့စေ့ကြည့်ကာ မေးမိသည်။တကယ်ပါ။သူ့ရဲ့ရင်ခုန်သံလေး အစစ်က သူရှေ့မှာ‌ေရာက်နေလေရဲ့။
"မော်ကွန်း.....မင်းကလည်း ဘာမဟုတ်တဲ့ သူတစ်ယောက်ကို မေးနေစရာလိုလို့လား။အပေါတက်ပြီးသွားနားချေတော့လေ"
ကိုကြီးက အနည်းငယ် တင်းမာ‌ကာ ပြောလိုက်သောကြောင့် သူမထံမှ ဘာတုံ့ပြန်သံမှ မကြားရပဲ အပေါသို့သာ တက်ခဲ့သည်။လတ်စသတ်တော့ မင်းလေးက အလုပ်သမားဖြစ်မေတာကိုး။
သူ့ထံမှကြားလိုက်ရသောစကား။ဘာမဟုတ်တဲ့သူ...။အင်းလေ။တကယ်ပဲအနက်ဟာ ဘာမှမဟုတ်တဲ့သူတစ်ယောက်ပါ။နာကျင်လွန်းပါတယ်ရှင်ရယ်။တကယ်ပဲ အနက်နာကျင်ရပါတယ်။တစ်ခါလောက်တော့ နားလည်စေချင်တယ်။အနက်ရှင့်ကို သိပ်ချစ်မိသွားတဲ့အကြောင်း။
"မင်းက မော်ကွန်းနဲ့အတူ လာတာလား ကုမ္ပဏီကို။"
အလုပ်သမားတစ်ချို့ မီးဖိုချောင်နှင့် ကူးကာသွားလာ‌ေနသေးသည်မို့ သူမစိတ်ကိုတင်းထားရသည်။သူမက အမြဲ လွဲချော်နေတက်သူမဟုတ်လား။
"ဟုတ်ပါတယ် သခင်လေး။အနက် သူနဲ့အတူ......"
"သူနဲ့လို့ပြောရအောင် မင်းနဲ့ အဆင့်အတန်းချင်းတူလို့လား။ဟမ်..."
အဆင့်အတန်း ဟုတ်တာပေါ့။အနက်နဲ့ ကွာခြားလွန်းတဲ့အခြေနေမှာ ရှိနေသူ‌တွေပဲ။
"တောင်းပန်ပါတယ်သခင်လေး။နောက်ကို ဆင်ခြင်ပါ့မယ်"
"ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်မင်းကို။နောက်တစ်ခါဆိုမလွယ်ဘူး။ဪ....ပြီးတော့ နောက်နေ့တွေမှာ ကုမ္ပဏီကိုလာပြီး ထမင်းချိုင့်ပို့ပါ။ငါအပြင်စာမစားချင်ဘူး။‌ဒေါ်သက်.... ဒေါ်သက်"
"လာပါပြီ သခင်လေး"
မီးဖို‌ခန်းထဲမှ ဝရုန်းသုန်းကားပြေးထွက်လာသော ‌ဒေါ်သက်အား အလိုမကျစွာကြည့်လိုက်သည်။ဘယ်တော့မှ တစ်ခါခေါရုံနဲ့ မရပါလား။
"ကျွန်တော် ကုမ္ပဏီသွားရင် နေ့လယ်ပိုင်းတွေမှာ သူ့ကိုထမင်းချိုင့်ပို့ခိုင်းလိုက်ပါ။သူချက်ထားတဲ့ဟင်းနဲ့ သူကိုယ်တိုင်လာပို့ပါစေ။ကျွန်တော်သေချာမှာထားတယ်နော်"
"ဟုတ်ကဲ့....စိတ်ချပါသခင်လေး"
သူမကို တစ်ချက်ဝေ့ကြည့်ပြီး စံအိမ်ထဲသို့ ဝင်သွားသော သူ့ကျောပြင်ကို မရဲတရဲကြည့်နေမိသည်။အနက်အဖို့ ကောင်းကံသည့်နေ့ပင်။အနက်ရဲ့ လက်ရာနှင့် သူ့ကို ပြင်ဆင်ပေးရမည်။ဟုတ်တယ်။ချစ်ရသူအတွက်ကိုယ်တိုင်လုပ်ပေးရတာ ဘယ်လောက်ပျော်စရာကောင်းသလဲ။
"ညည်းကြားတဲ့အတိုင်းပဲ။သခင်လေးအတွက် ချက်ရမယ့်ဟင်းတွေ အခုကတည်းက တစ်ခါတည်းပြောမယ်။လိုက်ခဲ့....."
"ဟုတ်"
စိတ်တို့က ပေါ့ပါးစွာဖြင့် ကြီးသကါနောက်သို့ လိုက်ခဲ့သည်။ပျော်လိုက်တာနော်။ပျော်လိုက်တာ။သူ့အတွက် အနက်ကိုယ်တိုင် ပြင်ဆင်ပေးရမှာ ဆိုတာအိမ်မက်များ မက်လို့နေသလား။
"သခင်လေးက ကြက်သားနဲ့မတည့်ဘူး။ငါးခြောက်၊ငါးပိရေကျို၊အနံ့အသက်ဆိုးတာတွေဆို မကြိုက်ဘူး။ဟင်းထဲကိုမဆလာထည့်ချက်တာလဲ မကြိုက်ဘူး။သခင်လေးကြိုက်တာက အသီးအရွက်ကြော်တာတို့၊ချက်တာတို့။မစားတဲ့အသီးအရွက်ကတော့ မရှိသလောက်ပဲ။ချဉ်‌‌ေပါင်ဟင်းရည်ကို အကြိုက်ဆုံး။ကျန်တာစားတယ်။မှတ်မိမလား"
"ဟုတ်ကဲ့ ကြီးသက်။"
"ဪ....မေ့တော့မလို့၊သခင်လေးက ထမင်းစားပြီး အမြဲအချိုတည်းတက်တယ်နော်။ကော်ဖီလေးလည်း တစ်ခါတစ်လေ သောက်တယ်။"
"ဟုတ်ကဲ့ကြီးသက်"
ခေါင်းတညိမ့်ညိမ့်နှင့် သေချာမှတ်နေဟန်ရှိသော အနက်ကို ‌ဒေါ်သက်ကြည့်ကာ သနားမိသည်။ဒီကလေးမလေးဟာ ငယ်ငယ်ကတည်းက မိဘမဲ့ဂေဟာမှာနေခဲ့ရသူလို့လည်းနီနီအမေ မမွန် မဆုံးခင်က ပြောဖူးသည်။တကယ်လည်း သနားစရာကောင်းသည့်ကလေးမလေးပါ။ထိုကလေးမလေးကိုမှ သခင်လေးက ဘာလို့ရက်စက်ရပါသလဲဆိုတာ သူမလည်း စဉ်းစားလို့မရ။အရင်က သိတဲ့ သခင်လေးက ဒီလိုမှ မဟုတ်ပဲ။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
မနက်စောစောထကာ ချက်ပြုတ်ပြင်ဆင်ထားသည်မို့ ဟင်းတို့ကကျက်ခါနီးနေလေပြီ။ဝက်သားကို ဆီပြန်ချက်ကာ အချိုလေးမို့ သူကြိုက်မည်ထင်ပါရဲ့။ချဉ်ပေါင်ဟင်းရည်ကို အနေအတော်ဖြစ်သည်နှင့် ပလတ်ပေါက်ကို ဖြုတ်လိုက်သည်။ခရမ်းချဉ်သီးသုပ်ကလေးကို ဘူးလေးနှင့် သပ်သပ်ထည့်လိုက်ပြီး ချိုင့်နှင့်အတူတွဲကာ ခြင်းတောင်းလေးထဲသို့  ထည့်လိုက်သည်။ကော်ဖီဘူးကို ခြင်းဘေးတွင် ကပ်ထည့်ကာ လက်ကိုင်ပဝါလေးပါ ထည့်လိုက်၏။
ဒီလောက်ဆိုရင်တော့ အဆင်ပြေမှာပါလေ။အနက်ရေ.....ဒီတစ်ခါတော့ မလွဲပါစေနဲ့ဝောာ့ဟု ကိုယ့်ကိုကိုယ်သတိပေးနေမိသည်။
အချိန်အားဖြင့်နေ့လယ် 11:00 နာရီခန့်ရှိပြီမို့ ခြင်း‌ေတာင်းလေးကို ကိုင်ကာထွက်လာခဲ့သည်။လမ်းလျှောက်စေချင်သော သူ့စေတနာကြောင့် အိမ်ကနေ စောစောထွက်ရမည်မဟုတ်ပါလား။နှုတ်ခမ်းအစုံက ကွေးညွတ်ကာ သူမအတွက် သာယာသော‌ေန့တစ်နေ့ဖြစ်လို့နေသည်။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
လက်မှ နာရီကိုကြည့်ကာ နှုတ်ခမ်းညိုညိုတို့က လွန့်ခနဲ ပြုံးသွားသည်။ပထမဆုံးသူမယူလာမယ့်နေလည်စာ စားရမည်မဟုတ်ပါလား။ထို့အတူ အာရုံထဲ၌ သူမအား မြင်ယောင်လာမိသည်။ဖြူနှင့်တူလွန်းသော သူမ မျက်နှာအား တစ်ခါတစ်ခါ ငေး‌‌ေမာနေမိတာ သူကိုယ်တိုင်က လွဲပြီး ဘယ်သူသိဦးမှာလဲ။
ထူထဲလှသော မျက်ခုံးတို့က ရိတ်သင်ခြင်း ဆွဲထားခြင်းမရှိ။နှုတ်ခမ်းထူထူတို့က အမြဲခပ်ဟဟ ဖြစ်နေကာ တစ်ခုခုဆို ကွေးနေအောင် ပြုံးသွားတာလေးကစ သူသတိထားမိသည်။နှာတံစင်းစင်းလေးက အဆုံးမှာလုံးသွားတာလေးကလည်း ဖြူနှင့်တူလွန်းသည်။မတူသည်မှာ မျက်ဝန်းတို့။ဖြူမျက်ဝန်းတို့က အညိုဘက်သန်းနေပြီး အမြဲ လျှို့ဝှက်ချက်တို့‌ပြည့်နေတက်သည်။သူမကတော့
နက်မှောင်နေတာမျိုးဖြစ်ပြီး အမြဲတောက်ပ‌ေနသည်မှာ သူသဘောကျမိတဲ့အရာဆိုမမှား။
"ကလင်!....ကလင်!"
သူ့ဟန်းဖုန်းလေးမှ ဖုန်းသံကြောင့်အတွေးတို့က ကြက်ပျောက်ငှက်ပျောက် ပျောက်သွားရချေပြီ။
"ဟယ်လို"
တစ်ဖက်မှ ဖုန်းသံကြောင့် သူ့ရင်ခုန်သံတို့က အမြန်ရထားခုတ်မောင်းသွားသည့်နှယ်။ဒါဟာ ဖြူမှ ဖြူအစစ်ပါလေ။
"မောင်....ဖြူ့ကို မေ့နေပြီလားဟင်"
ချိုသာလွန်းသော ဖြူ့အသံအား သူမကြားရသည်မှာ ကြာခဲ့လေပြီမဟုတ်လား။လေးနှစ် အင်း.... လေးနှစ်ရှိသွားပြီ။
"မောင်ဖြူကို စိတ်ဆိုးနေတာလားဟင်။ဖြူတောင်းပန်ပါတယ်မောင်ရယ်။"
"ရပါတယ်။မောငစိတ်မဆိုးပါဘူး။အခု ဖြူအဲမှာ‌ေနရတာအဆင်ပြေရဲ့လား။"
"အဟင်း....ဖြူက အခုပဲပြောဝော့မလို့။‌မနက်ဖြန်မနက်‌ေလာက်ဆိုရင် ဖြူပြန်လာတော့မယ်။အခု ကြီးကြီးတို့အိမ်မှာ ။‌ဘယ်လိုလဲ မောင်အံ့ဩသွားတယ်မလား"
ရယ်သံလေးစွက်ကာပြောနေသော ချစ်ရသူကြောင့် သူမှာ အံ့အားသင့်ရပြန်ပါသည်။သူမျှော်လင့်နေသော နေ့လေးက ရောက်ရှိလာချေပြီ။
"ဖြူပြန်လာတဲ့အခါကျရင် မင်္ဂလာဆောင်အတွက် ‌စဉ်းစားပြီး လာခဲ့မှာပါမောင်။"
ဖြူပြောခဲ့သော စကားတို့က ပြန်ကြားယောင်က အလိုလိုပြုံးမိသည်။
"အံ့ဩတာပေါ့ ဖြူရဲ့။မောင်လာကြိုမယ်လေဖြူ။ဘယ်အချိန်လောက်လဲ။"
"အင်......နေ့လယ်ပိုင်းလောက်ဖြစ်မယ်။ဖြူတစ်ခေါက်ပြန်ဖုန်းဆက်မယ်လေ။လောလောဆယ် အန်တီထက်ဆီမှာ မောင့်အတွက် ပစ္စည်းလေးပို့ပေးထားတယ်။အဲ့ဒါ မောင်သွားယူကြည့်လိုက်ပါလား"
"အင်းပေါ့။ဖြူပို့ပေးထားဝာပဲ။သွားယူရမှာပေါ့။"
"အာ့ကြောင့် မောင့်ကို ချစ်နေရတာ။ဘိုင့်ဘိုင့်နော်။love you...."
"Love you ပါဗျာ"
"ဒေါက်....ဒေါက်"
တံခါးခေါက်သံကြောင့် ဖုန်းကိုကြည့်ကာပြုံးနေရင်းမှ ပြန်တည်လိုက်သည်။
"ဝင်ခဲ့ပါ။"
သူခွင့်ပြုချက်အဆုံး ဝင်လာတဲ့သူမကြောင့် နှုတ်ခမ်းတို့က ထပ်မံပြုံးမိပြန်ပါသည်။
"ထမင်းချိုင့် လာပို့တာပါသခင်...."
"အောက်ထပ်မှာ နေလယ်စာဆင်းစားမယ့် ဝန်ထမ်းတွေရှိတယ်။သူတို့ကိုပဲ ကျွေးလိုက်တော့။ငါအခု အရေးကြီး ကိစ္စနဲ့ အပြင်သွားစကာရှိတယ်။ပြီးတာနဲ့ ပြန်လိုက်တော့...."
သူမစကားမဆုံးခင်မှာပြောလာသောစကားသံတို့က ညှင်သာမှုတော့ရှိမနေပါ။သူ့အတွက်ဆိုပြီး ပြင်ဆင်လာခဲ့တာတွေကို သူများကျွေးပစ်ရမည်လား။ဘာစကားမှထပ်မပြောနိုင်ပဲ ဆို့နင့်နေသည်။
ကုတ်အကျီကို ဟန်ပါပါ ထပ်ဝတ်လိုက်ကာ ရုံးခန်းပြင်သို့ထွက်သွားလေသည်။တကယ်ဆို အနက်မှားတာပါ။ဒီထက်စောစောလေးလာခဲ့ရင် သူစားဖြစ်ချင် စားဖြစ်မှာ။အ‌ေတွးတို့နှင့်အတူ ကိုယ့်ကိုကိုယ် ကျိန်ဆဲနေမိသည်။
အနောက်သို့ လှည့်လိုက်စဉ် သူမမှာ တစ်ခုခုနှင့်ဝင်တိုက်မိလေ၏။
"ဟင်!....ရှင်......"
Part-7............................
Continue Reading
You'll Also Like
3.2K 192 10
ဆယ်ကျော်သက်အချစ်ဆိုတာမျိုးက ပြိုးပြိုးပြက်ပြက်ကလေး လင်းလက်နေတဲ့ ကြယ်လေးတစ်ပွင့်နဲ့ တူတယ်။ ပြီးတော့ ကြောင်​တောင်တောင်အဖြစ်အပျက်လေးတွေလည်း ကြုံရနိုင်တာ...
80.1K 1.6K 22
"မ" မသိဘူးလား ကျုပ်က မရဲ့ မူပိုင်ခင်ပွန်းလေ "မ" ကိုကျုပ်ပိုင်သလို ကျုပ်ကိုလဲ" မ" ပိုင်တယ်
444K 16.6K 45
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
1.2M 64.9K 51