လျင်မြန်သောခြေလှမ်းတို့ဖြင့် တက်လာသည်က မပြေးရုံတမယ်ဆိုတာ မြင်သူတိုင်းသိမှာပါလေ။လှေကားတို့ကို မမောနိုင်မပန်းနိုင် ဆင်းလာမိရင်း နောက်ဆုံးတွင် သူမ လဲကျရာနေရာသို့ ရောက်လာခဲ့၏။
လှေကားပေါ၌ ခွေခွေလေးလဲကျနေသော သူမသည် ပိုးဟပ်ဖြူလေးကဲ့သို့ ဖြူဖတ်ဖြူရော် ဖြစ်နေလေသည်။သူ့ထံမှ အပြုံးတစ်ပွင့်ခုန်ထွက်လာကာ ဘေး၌ရှိသော မန်နေဂျာဇေယျာအား လှမ်းပြောလိုက်သည်။
"ဇေယျာ....သူ့ကိုဆေးရုံလိုက်ပို့ပေးလိုက် ။မမျိုးကိုပါခေါသွား။ပြီးရင် အိမ်ကိုပြန်ပို့လိုက်"
"ဟုတ်ကဲ့ပါ Boss"
ဘေးမှ ဝန်ထမ်းမလေးများနှင့်ဝိုင်းကာ သယ်သွားသည့် သူမကိုဖျတ်ခနဲကြည့်လိုက်မိသည်။ဂါဝန်လေးဝတ်ထားသည်မို့ ခြေသလုံးတို့မှာ နီရဲနေ၏။အခုထိ မသက်သာသေးပဲကိုး။အဟွန်း.......။
"ကိုကြီး....ဘာတွေဖြစ်နေတာလဲ"
သူ့အနောက်ပါးမှ ထွက်ပေါလာသော မော်ကွန်း။ကြည့်ရတာ လှေကားအတိုင်းဆင်းလာရလို့ မောနေသည်ထင်ပါရဲ့။
"ဘာမှမဖြစ်ပါဘူးကွာ။ဝန်ထမ်းတစ်ယောက်မူးလဲလို့။ကဲလာ.....အပေါပြန်တက်ရအောင်။မင်းနဲ့ ဆွေးနွေးစရာအကြောင်းတွေရှိသေးတယ်"
"Liftနဲ့ပဲ တက်မယ်လေ။ဒီတိုင်းဆို ကျွန်ဝောာ်သေလိမ့်မယ်"
"အဟားဟား.....အေးပါကွာ ငါလည်း မေ့သွားလို့ပါ"
ကြောက်ရွံ့သည့်ဟန်နှင့်ပြောလိုက်သည့် မော်ကွန်းအား သူကြည့်ကာရယ်မိ၏။ဒီကောင်လေးဟာ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်နေတက်သူပီပီ ပုံစံကလည်း ခပ်သန့်သန့်ပေမို့ ကောင်မလေးတွေလည်း ဝိုင်းဝိုင်းလေးနေမှာမှန်း သူသိပြီးသားပါလေ။
သို့သော် သူငယ်ချင်းတွေနဲ့ အပျော်လွန်နေသည့်ေမာ်ကွန်းအား လေးလေးမိုးမှ မနိုင်လွန်းလို့ သူ့ထံလွှဲအပ်လိုက်ပြီဖြစ်သည်။မင်းဝောာ့ တွေ့ကြသေးတာပေါ့ မော်ကွန်းရာ။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
မှုန်ဝါးဝါးသာ မြင်နေရသည့် မျက်နှာကြက်ကို အားယူကာ က်ြည့လိုက်၏။ဒါ အဆောင်ကို ပြန်ရောက်ေနတာပဲ။
"ဟယ်....အနက်"
သူမဘေးမှ အားတက်သရော် ခေါလိုက်သော မမနီအား ခပ်ယဲ့ယဲ့ပြုံးကာကြည့်မိသည်။
"ညည်းအတွက်တော့ စိတ်မကောင်းဘူးအနက်ရယ်။သခင်လေးရောက်လာမှပဲ ဒီလိုတွေဖြစ်နေတာ။သခင်လေးကလည်း အဲ့လိုရက်စက်တက်မှန်း မမလည်းအခုမှပဲသိဝော့တယ်။သူ့ရုပ်ရည်နဲ့မှ မလိုက်။"
"မမနီကလည်း.....ကြားသွားရင် မကောင်းဘူးနော်။ပြီးတော့ သူကရက်စက်တယ်ရယ်လို့လည်း မဟုတ်ပါဘူးမမရယ်။ဒီတိုင်းပဲ အပြစ်ပေးတာနေမှာပါ။အနက်ကလည်း အနက်ပဲလေ။အလွဲလွဲအချော်ချော်နဲ့........."
မျက်ရည်တို့ဝေ့သီနေသော မျက်ဝန်းလဲ့လဲ့တို့နှင့် အားယူ၍ပြုံးကာ သူမကိုစကားဆိုလာသော အနက်အား ဂရုဏာဒေါသလေးတော့ သက်မိသည်။ဘယ်နှယ့်....ကိုယ့်ကို ဒီလောက်လုပ်ရက်တဲ့သူကို ရက်စက်တယ်လို့တောင် မမြင်ပဲ။ကိုယ့်ကိုကိုယ်သာအပြစ်ဖို့နေရသလားကွယ်။
"ဟို....အနက်လေ ဘယ်လိုလုပ်အိမ်ကိုပြန်ရောက်တာလဲဟင်"
"ရုံးကမန်နေဂျာဆိုတဲ့လူနဲ့ အမျိုးသမီးတစ်ယောက်လာပို့ပေးတာ။"
သူမမျှော်မှန်းထားသောအဖြေထွက်မလာပြန်ပါ။အမှန်ဆို ဇာတ်ကားတွေထဲကလို သူကပွေ့ချီပြီး ပြန်ပို့တာတို့ ၊သူမသတိရလာတဲ့အထိဘေးမှာစောင့်ပေးဝာာတို့.......။အို! ငါဘာတွေ လျှောက်တွေးနေမိပါလိမ့်။သူက အနက်အပေါဒီလောက် အေးစက်နေတာ၊ပြီးဝောာ့ အခြေအနေချင်းကလည်း တူမှမတူပဲ။ကိုယ့်အတွေးနှင့်ကိုယ် ခေါင်းလေးကို ဖြေးညှင်းသွာ ခါလိုက်သည်။
"ဘာဖြစ်လို့လဲအနက်....ခေါင်းကိုက်လို့လား"
"ရှင် မဟုတ်ပါဘူး။ဒီတိုင်းပဲ ဟင်းဟင်း...မမနီလည်း နားတော့လေ။တော်ကြာအထဲက ကလေးလေးလည်း ပင်ပန်းနေပါ့မယ်။နော်"
"ဟုတ်ပါပြီ။အနက်တစ်ခုခုဆို မိဇော် ကို ခေါနော်။မမကိုလည်း ခေါလိုက်လို့ရတယ်သိလား အနက်"
"စိတ်ချပါမမနီရာ.."
သူမက ပြုံးတုံ့တုံ့နှင့်ပြောခိုက်မှ မမနီက ခေါင်းကို ခပ်ဖွဖွပွတ်ကာ ထွက်သွားလေ၏။
သူပေးတဲ့ဒဏ်ရာပဲ။မကျေနပ်စရာအကြောင်းမရှိပါဘူး။
သူမထပ်ကာ တွေးမိပြန်၏။ရှင်က တကယ်ပဲရက်စက်တက်သူလား။မဟုတ်ပါစေနဲ့လို့ အနက်ဆုတောင်းပါတယ်။မျက်ရည်စက်တို့က တစ်ပေါက်ပြီးတစ်ပေါက် ခေါင်းအုံးလေးပေါသို့ ခိုဆင်းသွားလေ၏။
သူမဆုတောင်းတို့သည် ပြည့်မည်မဟုတ်မှန်းသာ သိလျှင် တောင်းမိသည့် သူမကိုယ်သူမ အပြစ်တင်မိမည်သာဖြစ်၏။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
တစ်နေကုန်နီးပါးအခန်းထဲတွင်နားနေပြီးမှ အလုပ်လုပ်ရမည်ဆိုသောအသိက ဖြတ်ခနဲဝင်လာသည်မို့ အားယူ၍ထကာ စံအိမ်ကြီးဘက်သို့လျှောက်လာခဲ့သည်။
"အနက်!...."
ခပ်လှမ်းလှမ်းမှခေါ်လိုက်သော မဇော်အသံကြောင့် သူမခေါင်းလေးလည်ကာ ကြည့်လိုက်၏။
"ခဏနေ.....သခင်လေးတို့ပြန်လာတော့မှာတဲ့။အဲဒါသခင်လေးနဲ့အတူပါလာမည့် လူအတွက်အခန်းလာကူပြင်ပေးဦး"
"ဟုတ်.....ဟုတ်"
ခြေထောက်ကိုအားယူ၍ထော့်နဲ့နဲ့ဖြင့် လျှောက်သွားလိုက်သည်။သူမဆိုသည်မှာ ခိုင်းဖို့၊စွန့်ပစ်ခံရဖို့များ မွေးဖွားလာခဲ့သလား။
မဇော်နှင့်အတူ စံအိမ်ကြီးထဲဝင်ကာ ဒုတိယထပ်သို့တက်လာခဲ့သည်။မေဇာ်အနောက်မှ ခပ်ဖြေးဖြေးလိုက်ရင်း သူမအမြဲကြည့်မိရာ အခန်းလေးရှေ့တွင် ထပ်ငေးမိပြန်သည်။အချစ်ရဆုံးသော မိန်းကလေးအတွက်တဲ့။မျက်ရည်တို့ဝေ့သီကာ နှုတ်ခမ်းတို့က အလိုလိုပြုံးရိပ်သမ်းသွားရ၏။အနက်မဟုတ်တာတော့ သေချာမှာပါ။
ရံဖန်ရံခါများတွင် စိတ်ကူးယဉ်ကောင်းလွန်းသော ကိုယ့်ကိုကိုယ် ဒေါသဖြစ်မိပြန်သည်။အနက်ဟာ တကယ့်ကို ရူးနေတဲ့လူအတိုင်းပဲ အခြေနေတွေ ကွာလွန်းတဲ့သူါကို ချစ်မိနေတာများလား။သေချာပါတယ်အနက်သူ့ကိုချစ်မိနေပြီဆိုတာ။
ဝောက်ပြောင်ကာ သန့်ရှင်းသပ်ရပ်လွန်းသော အခန်းလေးထဲတွင် လိုလေသေးမရှိအောင် ပြင်ဆင်နေရ၏။အရှင်သခင်အဖြသ်မွေးလာတော့လဲ ကံကောင်းလိုက်ကြတာနော်။
"အနက်.....သခင်လေးရဲ့ ချစ်သူအကြောင်းကြားဖူးလားဟင်"
ဂွမ်းစောင်လေးအား အသပ်ရပ်ဆုံးဖြစ်အောင် ခေါက်နေစဉ်မေးလိုက်သော မသက်၏စကားကြောင့် သူမရင်တို့အား မီးစနှင့်တို့လိုက်သကဲ့သို့ ပူလောင်သွားရသည်။
"ဟင့်အင်း"
"နင်ကလည်း အနက်ကရောက်တာမှမကြာသေးတာဘယ်လိုလုပ်သိမှာလဲ"
မေထွး၏အပြောကို ခေါင်းတညိတ်ညိတ်ဖြင့် မသက်ကထောက်ခံလေ၏။
"ဒီလိုအနက်ရဲ့။လွန်ခဲ့တဲ့ လေးနှစ်လောက်က သခင်လေးမှာ တအားလှတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်ဟဲ့။နာမည်ကလည်ူလှလူလည်းလှတယ်။အဲ.....နာမည်ကဘာပါလိမ့်"
"တောင်ပံဖြူ......"
မသက်ဝင်ထောက်ပေးလိုက်မှ ယောင်နနနှင့် မထွေးကဆက်ပြောပြသည်။
"အေးဟုတ်တယ်။အဲ့ တောင်ပံဖြူဆိုတဲ့ မိန်းကလေးကလေ။ဆံပင်ကြီးကလည်း အရှည်ကြီးပဲ။ခြေသလုံးကျော်ကျော်လောက်ရှိမယ်ထင်တယ်။အသားလေးကလည်း ဝါဝင်းနေတာပဲ။သူ့မျက်နှာပေါက်ကလေ သေချာကြည့်ရင် နင်နဲ့တူတယ်အနက်ရဲ့။"
ဘုရားရေ! သူ့ချစ်သူက သူမနှင့်တူသည်တဲ့လား။မဖြစ်နိုင်ပါချေ။သူမက မသက်တို့ပြောသလို တောင်ပံဖြူဆိုတဲ့ မိန်းကလေးလောက်လှသူလည်း မဟုတ်ပါလေ။
"အေးဟဲ့။နင်ပြောမှသေချာကြည့်မိတယ်။ဟုတ်သားတော့။အနက်နဲ့ညီအစ်မလို့ပြောရင်တောင်ယုံလောက်တယ်။ဟယ်.....ဟုတ်ပါ့"
မသက်က သူမကိုစေ့စေ့ကြည့်ကာပြောပြန်သည်။ထိုစကားတွေကတော့ သူမအဖို့ လှောင်ရယ်သံလိုပါ။ကိုယ့်မိဘေတာင်ဘယ်သူမှန်းမသိတာ မောင်နှမတွေဆို ဝေးပေါ့။ပြီးတော့ အနက်က အားလုံးရဲ့အပယ်ခံဖြစ်ခဲ့တာပါ။
"တီ!.....တီ!.."
ပြတင်းပေါက်မှတစ်ဆင့် မြင်လိုက်ရသော ကားတို့ကြောင့် သူမအံ့အားသင့်သွားရသည်။ဒါ....ဒါသူမကို မနက်က လိုက်ပို့ပေးတဲ့ သူရဲ့ကားပဲ။သို့သော် မသေချာသေးတာမို့ စိတ်ကိုအရင် ငြိမ်စေလိုက်သည်။အနက် အမြင်မှားကောင်းမှားနိုင်ပါသည်လေ။
သူမတို့အလုပ်သမားတွေအကုန် အောက်သို့ပြန်ဆင်းကာ စံအိမ်ကြီး၏ အိမ်အပေါက်ဝတွင် တန်းစီရပ်ကာ ခေါင်းကို ကျိုးကျမတက်ငုံ့ထားရပြန်သည်။ဒါဟာလည်း စံအိမ်ကြီးရဲ့ စည်းကမ်းတစ်ခုပဲမဟုတ်လား။
"ကဲ....အားလုံးဒီကိုခဏအာရုံစိုက်။ဒါကျွန်တော့်ညီဝမ်းကွဲပဲ။လွန့်မော်ကွန်းတဲ့။ဒီမှာ နေမယ့်သူပဲမို့ တလေးတစားဆက်ဆံပေးဖို့ မျှော်လင့်ပါတယ်။"
"ဟုတ်ကဲ့ပါသခင်လေး"
အားလုံးက တစ်ပြိုင်နက်ထဲ ပြန်ဖြေလိုက်ကြကာ ခေါင်းတို့ကိုလည်း အလျှိုလျှိုပြန်ငုံ့သွား၏။သေချာပါတယ်။သူ....သူက အနက်ကို ကူညီပေးခဲ့သူပဲ။
"နေဦး....ဟိုတစ်ယောက်"
အားလုံးက ပြန်ေမာ့ကြည့်လိုက်စဉ်သူက အနက် နားသို့ စွေ့ခနဲရောက်ရှိလာသည်။
Part-6..........................